Many Lives, Many Memories.

Category: My Story Page 3 of 6

တစ်ရာဖိုးသုံးပုဒ်

အခုတလော .Facebook မှာ personality test မျိုးလေးတွေ၊ ကိုယ့် profile ဘယ်သူကြည့်လဲဆိုတာတွေ..
ပြောရရင်တော့ quiz လိုမျိုးပေါ့လေ။
 အဲဒါလေးတွေ ပိုပိုခေတ်စားလာတာတွေ့ရတယ်။ ယခင်ကတော့ မြန်မာလိုသိပ်တွေ့လေ့မရှိဘူး။
အခုမြန်မာလိုပိုများလာသလို ပိုပိုပြီးတော့လည်း သုံးလာကြတယ်။
အဲဒါတွေရဲ့သဘောက သုံးမယ်ဆိုလို့ရှိရင် အရင်ဆုံးကိုယ့်facebook အကောင့်နဲ့Login ဝင်ရတယ်။
Login ဝင်ရတဲ့အတွက်ကိုယ့်အကောင့်သူများလက်ထဲပါသွားမလားဆိုတာတော့.. ဘယ်အတိုင်းအတာထိ ကိုယ့်အချက်အလက်တွေကိုသိခွင့်ပြုလဲဆိုတာပေါ်မှာမူတည်ပါတယ်။
အချို့တွေကတော့ ကိုယ့်ရဲ့email နဲ့ profile မှာဖော်ပြထားတဲ့ကိုယ့်ရဲ့basic information တွေတောင်းတယ်။
အချို့ကတော့ public wall post တွေကိုအသုံးပြုခွင့်တောင်းတယ် ။ အချို့တွေက friend list တွေပါတယ်။အချို့ကဓာတ်ပုံတွေပါတယ်။
ဒါတွေကိုအသုံးပြုခွင့်မပေးမှီမှာ Facebook ကနေပြီးတော့ ခွင့်ပြုမှာသေချာလားဆိုပြီး မေးတဲ့မေးခွန်းတစ်ခုပေါ်လာတယ်။
တော်တော်များများကတော့ yes ပဲနှိပ်ပေးလိုက်ကြတာပါပဲ ။ ဘာဘာညာညာတောင်သိပ်ကြည့်မနေတော့ဘူး။
အဲဒီသူတောင်းတဲ့အချက်တွေထဲကတစ်ခုခုကို ခွင့်မပြုရင်တောင် ကိုယ်လိုချင်တဲ့ quizz အဖြေကိုကြည့်လို့မရပါဘူး။
တကယ်လို့အကြောင်းတစ်ခုခုနဲ့ကိုယ့် wall ကနေကိုယ်မသိပါပဲ ..post တွေရှယ်နေတယ်။ post တွေတင်နေတယ်ဆိုရင်တော့ .. အပေါ်မှာပြောခဲ့တဲ့အချက်တွေကို မသိလိုက်မသိဘာသာပဲ ကိုယ်က ခွင့်ပြုပေးခဲ့လို့ဖြစ်နိုင်ပါတယ်။
ဒါဆိုရင် ဘယ်လိုလူတွေက ဒီ လို site တွေ quizzတွေလုပ်ပြီး ကျွန်တော်တို့ ရဲ့ အချက်အလက်တွေကိုရယူနေတာလဲ။ သူတို့တွေကဘယ်သူတွေလဲ။ဘယ်အဖွဲ့အစည်း ကုမ္ပဏီကလဲ။
ဘာကြောင့်သူတို့ဒါမျိုးတွေရယူတာလဲ ဆိုပြီးမေးစရာတွေရှိပါတယ်။
ဘာကြောင့်လဲ လို့အရှင်းဆုံးဖြေရရင်တော့ စီးပွားရေးလုပ်တာပါပဲ။
ကျွန်တော်တို့သိထားနားလည်ထားတဲ့စီးပွားရေးပုံစံတွေနဲ့မတူတာမျိုးပေါ့။
ကျွန်တော်တို့ရဲ့အချက်အလက်တွေကို သဘောရှိကလောဟိ ပေးလိုက်တဲ့သူတွေဟာ ဘယ်လိုလူဘယ်လိုအဖွဲ့အစည်းလဲဆိုတာတောင်မသိရဘူးနော်။
အဲဒါတွေနဲ့သူတို့ဘာလုပ်မလဲလို့လည်းဘယ်သူမှမသိဘူး။
ဒီအင်တာနက်ခေတ်မှာ လူတိုင်းလိုချင်တဲ့အရာတစ်ခုရှိပါတယ်။ အဲဒါကတော့ ကိုယ့်ရဲ့website ကိုလူများများလာစေချင်ကြတာပါ။
အဲဒီလိုလာလို့ဘာဖြစ်လဲလို့မေးစရာရှိပါတယ်။ သူတို့ site ကိုလူများများသိလေလေ ။ သူတို့နောက်ကို ကြော်ငြာတွေလိုက်လေလေပါပဲ။ ကြော်ငြာတွေ များများပြရလေ ပိုက်ဆံရလေလေပါပဲ။
ဒါကြောင့် ကိုယ်ကကြည့်ခတစ်ပြားမှမပေးရပေမယ့် သူတို့က ကြော်ငြာခတွေ အများကြိးရသွားတတ်ကြတာပါ။
ဒါက ကိုယ့်အတွက်သိပ်မထိခိုက်သေးပါဘူး။ အတင်းအဓမ္မ app တွေinstall လုပ်ခိုင်း credit card တွေဖြည့်ခိုင်းတာမှမဟုတ်ရင်ဘာမှကြောက်စရာမရှိပါဘူး။
နောက်တစ်ခုကတော့ ကိုယ့်ရဲ့အချက်အလက်တွေကို ရောင်းစားတာပါ။
ဒီလို သုံးစွဲသူတွေရဲ့အချက်အလက်တွေကို ဝယ်ယူအသုံးချသူတွေလည်းရှိပါတယ်။
စဉ်းစားကြည့်လိုက်ပါ။ ကိုယ်က ကုန်ပစ္စည်းတစ်ခု ထုတ်လုပ်ရောင်းချသူဆိုပါတော့
ဝယ်သူတွေဆီကို အိမ်တံခါးခေါက်ပြီးရောင်းတာက ပို ဝယ်ဖို့အခွင့်အရေးမများဘူးလား။
အဲဒီလိုပဲ ကိုယ့်ရဲ့ email တွေဖုန်းနံပါတ်တွေဆိုတာလည်း ကိုယ့်ရဲ့အွန်လိုင်းမှာရှိတဲ့အိမ်တွေပါ။
အဲဒီအချက်အလက်တွေက စီးပွားရေးသမားတစ်ချို့လက်ထဲရောက်ရင်ခင်ဗျားစိတ်ညစ်စရာကောင်းလောက်အောင်ကို . ဖုန်းတွေဆက် ။ အီးမေးလ်တွေပို့ပြီး ပစ္စည်းရောင်းပါလိမ့်မည်။
ကိုယ်မှမဝယ်တာ ဘာဂရုစိုက်စရာလိုမှာလဲလို့တွေးရင်တွေးမှာပေါ့။
အလုပ်အရမ်းရှုပ်တဲ့သူတွေမှာဆိုရင်တော့ အဲဒီလို အီးမေးလ်တွေ ၊ promotion ဆင်းတဲ့ဖုန်းတွေဟာ တော်တော်ကို စိတ်ရှုပ်စရာကောင်းတာပါ။
ဒါဟာကိုယ့်ရဲ့အခြေခံအချက်အလက်ပဲရှိပါသေးတယ်။ ကိုယ့်မွေးနေ့ဘာ ၊ ကိုယ်ဘယ်လိုလူဆိုတာတွေဆိုတဲ့အချက်အလက်တွေ က အဲဒီလိုသူများလက်ထဲပါသွားရင်တော့ ကိုယ်မသိလိုက်ခင်မှာပဲ
ကိုယ့်ရဲ့အားနည်းချက် ပျော့ကွက်တွေကို သူများတွေကသိနေပြီဖြစ်ပါတယ်။
ဒါကြောင့်လောလောဆယ်မှာတော့ facebook နဲ့google ကြီးကခင်ဗျားအကြောင်းကိုအသိဆုံးပါ။
အင်တာနက်မှာစီးပွားရေးလုပ်ပြီးဝင်ငွေကောင်းနေသူတွေအများကြီးရှိပါတယ်။  ခင်ဗျားမထင်မှတ်ထားလောက်အောင် ရနိုင်ပါတယ်။ ဒါပေမယ့် တစ်ဖက်မှာတော့ .. ဘယ်ပုံဘယ်နည်းနဲ့ ငွေရှာရမလဲသိတတ်ဖို့လိုပါတယ်။ လူပြိန်းကြိုက် website တွေက လူပိုဝင်ပါတယ်. တစ်ရာဖိုးသုံးပုဒ်တွေကို အားပေးတဲ့ပရိတ်သတ်က မနည်းပါ။
ဒါကြောင့်လဲ တစ်ရာဖိုးသုံးပုဒ်websitတွေများများပေါ်လာပြီး အဲဒီ အမှိုက်တွေကနေပဲ ရွှေထုတ်နေကြတာပေါ့။
ဖေဖော်ဝါရီလ ၂၂ ရက် ၂၀၁၇ခုနှစ်..
စာရေးတာတဖြည်းဖြည်းကျဲလာတယ်လို့ခံစားမိတယ်။
တစ်နေ့တစ်နေ့မှာ ဖေ့စ်ဘွတ်ဆိုတာကြီးကကျွန်တော့်အချိန်တွေကိုစားသုံးပစ်နေတယ်လေ။
လူတွေအကျင့်ကခက်တယ်။
မကောင်းတာကိုဆက်လုပ်နေတတ်တာ။
ကျွန်တော် လူမှုကွန်ယက်နွံထဲနစ်နေတာ ၄နှစ်လောက်တောင်ရှိရော့မယ်။
လက်ရှိဘဝမျိုးကကျွန်တော်လိုချင်ခဲ့တဲ့ဘဝလားလို့တွေးမိတယ်.
လုံးဝမဟုတ်ဘူးဆိုတာတော့သေချာတယ်။
နေပြည်တော်ကို ရောက်လာတဲ့သူတွေတိုင်း တစ်ရက်နှစ်ရက်လောက်နေရင် ..မှတ်ချက်ပြုကြတယ်။
အလွန်ပျင်းဖို့ကောင်းတဲ့နေရာတဲ့။
အဲဒီလိုနေရာမှာ ကျွန်တော် ရောက်နေခဲ့တာ လည်း၄နှစ်နီးနီးရှိပြီ။
အခုအချိန်မှာ တစ်ခုတည်းသော ဆန္ဒကတော့ဒီနေရာကနေလွတ်မြောက်ချင်တာပဲ.
အင်္ဂလိပ်စာ ဖြေခဲ့ပြီးပါပြီ။ ရေးတဲ့နေရာကလွဲရင် ကျန်တဲ့နေရာတွေမှာတော့ မျှော်လင့်ထားသလိုရခဲ့ပါတယ်။
အဂင်္လိပ်လိုအရေးအသားသိပ်မကောင်းဘူးဆိုတာသိပေမယ့် အဲလောက်  ထိ ဆိုးဆိုးရွားရွားဖြစ်လိမ့်မယ်လို့တော့မထင်ခဲ့မိဘူး။
စိတ်ဓာတ်တော့တော်တော်ကျသွားခဲ့တယ်။
နိုင်ငံခြားမှာ ကျောင်းသွားတက်မယ်လို့ တွေးနေခဲ့တာလည်းနှစ်နှစ်လောက်ရှိပြီ။ ဒီကြားထဲမှာတဖြေးဖြေးချင်းပြင်ဆင်နေတာပေါ့။ တစ်ချိန်လုံးတွေးခဲ့တာက Health informatics ဆိုတဲ့ ဘာသာရပ်ကိုယူမယ်။
မြန်မာနိုင်ငံမှာအဲဒီဘာသာရပ်ကို ယူတဲ့သူလည်းနည်းသေးတယ်။ ပြီးတော့ လက်ရှိအခြေအနေတွေအရ .. နောင်ကို အရမ်းအရေးပါလာမယ့်နေရာတစ်ခုအဖြစ်လည်းမြင်တယ်။
ဆေးပညာကော နည်းပညာကော ပါဝင်တဲ့အတွက် ကျွန်တော်နဲ့လည်းကိုက်မယ်ဆိုပြီးတွေးလိုက်မိတာကိုး။
ဆရာတွေကလည်း တက်ဖို့အားပေးကြတယ်။
ဒါနဲ့ပဲ အဲဒါတက်မယ်ဆိုပြီးဆုံးဖြတ်လိုက်မိတယ်။
စစဥ်းစားခါစကတော့ .သိပ်များများစားစားမဟုတ်ဘူး။
အနီးဆုံထိုင်းနိုင်ငံမှာကိုပဲ အဲဒီဘာသာရပ်ကိုသင်လို့ရနေတာကိုး။
လက်တလောတက်နေတဲ့သူတွေလည်းရှိတယ်ဆိုတော့အားရှိမိတာပေါ့။
အနည်းဆုံး ကျန်တဲ့တက္ကသိုလ်တွေမှာ ..တက်ခွင့်မရရင်တောင် ထိုင်းမှာတော့တက်နိုင်လောက်မယ်လို့ထင်ခဲ့တယ်။
ဒါပေမယ့် အခုဖေဖော်ဝါရီလမှာ ကျောင်းတွေ တက်ဖို့ .လိုက်ရှာစုံစမ်းတော့ .ထိုင်းမှာ biomedical and health informatics ဘာသာရပ်ကို မသင်တော့ဘူးဆိုပြီးအသံထွက်လာတယ်။
နောက်ပိုင်း အွန်လိုင်း အဝေးသင်အဖြစ် ပြောင်းလိုက်မယ်တဲ့ ။ ဒါကြောင့်လက်ရှိတက်နေတဲ့အတန်းဟာ နောက်ဆုံး batch ဖြစ်သွားမယ်ဆိုပြီးပြောတယ်.။
အဲဒီလို ပြောသံကြားတော့ ကျွန်တော်တော်တော်စိတ်ညစ်သွားခဲ့တယ်။ လမ်းစတစ်ခုပျောက်သွားခဲ့တာကိုး။
ဟိုးအစောတည်းက ကျွန်တော် လျှောက်မယ်လို့ကြံထားခဲ့တဲ့ ဆွီဒင်က တက္ကသိုလ်က လည်း Application fee မသွင်းပဲ ရက်ကျော်သွားတဲ့အတွက် .. လျှောက်ခွင့်မ၇တော့ဘူး။
ဒါတောင် စကော်လာရှစ်ရှာမတွေ့သေးဘူးနော်။
လောလောဆယ်မှာ စကောလားရှစ်နဲ့ကျောင်းတွဲခေါ်တဲ့ နယူးဇီလန်တို့ သြစတေးလျားတို့ကိုလည်းလျှောက်ဖို့မရှိ။ သူတို့ဆီမှာ Health informatics ဆိုတဲ့ ဘာသာ မသင်ကြဘူးလေ။
အချို့ကျတော့လည်း Diploma course တွေပဲရှိတယ်။ နယူးဇီလန်ကတော့ သူတို့စကော်လားရှစ်တွေဟာ ကျန်းမာရေးနဲ့ပတ်သက်ပြီးပေးတာများနေပြီဖြစ်တဲ့အတွက်. အခုထပ်မပေးတော့ဘူးဆိုပြီးအကြောင်းပြန်တယ်။
ဘယ်သူမှကယ်သူ မရှိ. . လမ်းညွှန်ပေးသူမရှိ၊ အားပေးသူမရှိပဲ တစ်ယောက်တည်း ယောင်လည်လည်ဖြစ်နေတော့ ကျွန်တော်တော်တော်ကိုစိတ်ပျက်အားလျော့မိပါတယ်။
နယ်သာလန်က အမ်စတာဒမ်တက္ကသိုလ်မှာ တက်ဖို့ Course ရှာတွေ့တယ်။ Essay ရေးဖို့အတွက် … ဘာသာရပ်အကြောင်းကိုသေချာလိုက်ဖတ်လိုက်လေ့လာတော့ ..ကိုယ်မသိတဲ့အကြောင်းအရာတွေ၊
ဘယ်လိုအကြောင်းမျိုးကိုသင်ရမလဲဆိုတာတွေ. တွေ့ရတော့ ကျွန်တော် ကိုယ့်ကိုယ်ကိုသံသယဝင်လာတယ်။ ငါလိုချင်တာဒါမှဟုတ်ရဲ့လားဆိုပြီးတော့လေ။
ကျွန်တော်ဖြစ်စေချင်တာက ဒီမှာ ကျန်းမာရေးနဲ့ပတ်သက်ပြီး အိုင်တီကုမ္ပဏီတွေပေါ်စေချင်တာ။ Research တွေလုပ်စေချင်တာ။ အီလက်ထရောနစ် ဆေးမှတ်တမ်းစနစ်ကိုအသုံးပြုစေချင်တာ။ အဲဒါတွေကိုဘယ်လိုဖန်တီးရမလဲ ။
ဘာတွေလိုအပ်မလဲ ။ဘယ်လိုရေရှည်တည်တံ့အောင်လုပ်မလဲ၊ ပြဿနာတွေကိုဘယ်လိုဖြေရှင်းရမလဲဆိုတာတွေသိချင်တာ။ ဒါပေမယ့်ဒီဘာသာက ကော ကျွန်တော်လိုချင်တာတွေမျိုးတွေသင်တာဟုတ်ပါ့မလားလို့ပြန်စဉ်းစားမိနေတယ်။
အဖြေတွေ့အောင်လိုက်ရှာတယ်။ အဲဒီကျတော့မှပိုဆိုးတော့ တယ်. Health informatics ,medical informatics, nursing informatics.biohealth .စတာတွေနဲ့ရှုပ်ကုန်တယ်။
ကျွန်တော်လိုချင်တဲ့အပိုင်းကဘယ်ထဲရောက်နေလဲမသိတော့ဘူး။
အက်ဆေးရေးရင် ကျွန်တော် ပြောပြချင်တာကိုထိထိမိမိနဲ့သူတို့ ရဲ့ဘောင်ထဲဝင်အောင် ရေးလိုက်ချင်တာ.။ဖတ်လိုက်တာနဲ့ ထူးခြားနေအောင် . တက်ကြွနေတယ်ဆိုတာပေါ်လွင်အောင်ပေါ့။
ဒါပေမယ့်အဲလိုရေးနေချိန်မှာပြ ကျွန်တော့်စိတ်တွေက ဟိုးအောက်ကိုထိုးဆင်းနေတယ်။ ငါမရရင် ဘယ်လိုလုပ်မလဲ .ဘယ်လိုလုပ်မလဲလို့ပဲတွေးနေမိတယ်။
ဟိုးအရင်က ငါဘာဖြစ်ဖြစ်လုပ်နိုင်တယ်ဆိုတဲ့စိတ်တွေပျောက်ဆုံးနေတယ်။
အဲလိုဖြစ်နေချိန်မှ ကျွန်တော်လက်လျှော့လိုက်တော့မယ် . ငါ့ဟာငါ ဆေးလေးပြန်ကုနေတာကောင်းမလားဆိုပြီးလည်းတွေးမိတယ်။
စောစောကပြောတဲ့ဘာသာရပ်ကိုသင်လိုက်ရင်  ဒီဘက်ကဆရာဝန်ဘဝကိုလုံးဝ လက်လွှတ်လိုက်ရမှာလားဆိုပြီး စိုးရိမ်နေတာလည်းရှိတယ်။
အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော် ဆေးရုံတွေမှာဆေးမကုပေမယ့် .စိတ်ကအမြဲ ဟိုးအရင်ကအချိန်တွေဆီရောက်နေတာလေ။ ဟောက်စ်ဆင်းတုန်းက လူနာတွေရဲ့အားကိုးမှုတွေ၊ သူတို့ကိုကူညီရတဲ့အတွက်ရတဲ့ပီတိတွေ
အဲဒါတွေကို ကျွန်တော် ပြန်တောင့်တမိနေတာ။
အိမ်မက်ထဲမှာတောင် ကျွန်တော် အဲဒီအချိန်တွေဆီပြန်ရောက်နေတယ်။
ဆေးပညာရပ်ဝန်းထဲပြန်သွားချင်။ လူနာတွေနဲထိတွေ့ချင်တဲ့အတွက်. ကျွန်တော်စိတ်ဝင်စားတဲ့ Emergency medicine တို့ Family medicine တို့ကို ဒီပလိုမာယူရင်ကောင်းမလားတောင်တွေးမိနေသေးတယ်။
Emergency medicine ကို ဘွဲ့လွန်တက်နေတဲ့သူငယ်ချင်းတွေကပြောတယ်၊ ဒီပလိုမာက ဘာမှ လုပ်ပိုင်ခွင့်မရှိဘူးတဲ့။
သူတို့ပြောတာလည်း ဟုတ်ပါတယ်၊ ဒီပလိုမာဆိုတာအပြင်က လာတက်တဲ့ကျောင်းသားပဲ။ အစိုးရဆရာဝန်မဟုတ်တော့ ဘယ်လုပ်ပိုင်ခွင့်တူမလဲ။
အပြင်မှာရှိနေတဲ့ ဆရာဝန်တွေအတွက် ဆေးရုံတွေမှာ ပြန်လည်လာရောက်ခွင့် .ပညာသင်ယူခွင့်ရမယ်ဆိုရင်ဘယ်လောက်ကောင်းမလဲတွေးမိတယ်။
ဆေးရုံမှာအသက်ကယ်ရတဲ့ ပီတိနဲ့. အပြင်ဆေးခန်းတွေမှာ ဘာမှ အရေးမကြီးတာတွေကိုလုပ်ပေးရတဲ့ပီတိ ဘယ်တူပါ့မလဲ။
အပြင်လောကမှာက ကျတော့ .ငွေရေးကြေးရေးပိုဆန်တယ်လို့ကျွန်တော်မြင်မိတယ်။
ဒီနေပြည်တော်မှာ များသောအားဖြင့်ကျွန်တော့်အချိန်တွေအားနေတယ်။
သူများတွေ အလုပ်မရှိပဲမနေနို်င်တဲ့နေပြည်တော်မှာ ကျွန်တော်အလုပ်မရှိပဲ ဘယ်လိုနေလဲဆိုတာ စဉ်းစားဖို့တော့ကောင်းလိမ့်မယ်။
ကျွန်တော် .အွန်လိုင်းကနေ. စာတွေဖတ်တယ်။ ဆေးပညာနဲ့ပတ်သက်တာကော .နည်းပညာနဲ့ပတ်သက်တာကော။  Programming language တွေကိုTutorial တွေကြည့်ပြီးကိုယ့်ဘာသာသင်တယ်။
အရင်ကတော့ အင်္ဂလိပ်စာလေ့ကျင့်တာပေါ့။ ပျင်းလာရင်အပြင်ထွက်တယ်။သူငယ်ချင်းတွေနဲ့တွေ့တယ်။တစ်ခါတစ်လေအခမဲ့ဆေးပေးခန်းသွားထိုင်တယ်။
ဒီလိုပဲနေ့တွေကုန်သွားတယ်။
ရင်ထဲမှာတစ်ခုကိုပြင်းပြင်းပြပြတော်င့တနေတယ်။ အမြဲတမ်းအလုပ်တစ်ခု။ ကိုယ့်စိတ်ကို အနားမပေးပဲလုပ်နေလို့ရမယ့်အလုပ်တစ်ခု။
အဖွဲ့အစည်းနဲ့တက်ညီလက်ညီလုပ်လို့ရနေမယ့်အလုပ်တစ်ခု။
ငါတို့တစ်ခုခုကိုအောင်မြင်စွာလုပ်နိုင်လိုက်ပြီဆိုပြီး ရင်ထဲတစ်ခုခုအမြဲကျန်နေမယ့်အလုပ်တစ်ခု..
ကျွန်တော် အရမ်းကိုလုပ်ချင်နေတယ်။ လုပ်ဖို့လည်းအဆင်သင့်ဖြစ်နေတယ်။
ကျောင်းတက်ဖို့ရှာနေတုန်းကို နည်းပညာနဲ့ပတ်သက်တဲ့ကုမ္ပဏီတစ်ခုမှာလုပ်မယ်ဆိုပြိး. ဖန်တီးရာ ကိုလျှောက်ထားတယ်။
ဒါပေမယ့် သူတို့လိုချင်တာနဲ့ကျွန်တော်နဲ့မကိုက်ညီတဲ့အတွက် ဘာမှအကြောင်းမထူးဘူး။
ဘဝကိုနာချင်သမျှနာနေပါစေ။
လိုချင်တာမရသေးသရွေ့ ဖြစ်ချင်တာမဖြစ်သေးသရွေ့။
ဆန္ဒက ပြင်းပြသင့်သလောက်မပြင်းပြသေးလို့ပဲလို့ခံယူတားပါတယ်။
ဘယ်တော့မှအပြောင်းအလဲဖြစ်မလဲ.လို့ ကိုယ့်ကိုယ်ကိုပြင်ဆင်ရင်းစောင့်မျှော်နေပါတယ်၊ ၊ တကယ်ကို ကိုယ့်ရဲ့အစွမ်းတွေပြနိုင်မယ့် အခြေအနေတစ်ခုကိုရောက်ချင်ပါပြီ
၁၂:၀၃ မနက်ခင်း
၂၃ ဖေဖော်ဝါရီ ၂၀၁၇ ခုနှစ်

၂၀၁၇ စတင်ခြင်း

၂၀၁၇ ခုနှစ်ရဲ့ပထမဆုံးဒုတိယအပတ်မှာဖြစ်ပေါ်လာတဲ့ရောက်တတ်ရာရာအတွေးများလို့ရယ်ပဲ .. ခေါင်းစဉ်တပ်လိုက်တော့မယ်။
ဒီနှစ်ကိုကျွန်တော်အများကြီမျှော်လင့်ထားတယ်။
ကြီးကြီးမားမားအပြောင်းလဲတွေဖြစ်ဖို့ပေါ့။
ဒီလထဲမှာပဲ IELTS  စာမေးပွဲဖြေဖို့ရှိသလို .. ကျောင်းလျှောက်ဖို့လည်းရှိတယ်။
တစ်ချိန်တည်းမှာပဲ အလုပ်နဲ့ပတ်သက်တာဆိုလို့ ကျွန်တော့်ရဲ့ကိုယ်ပိုင် Appတွေ ကို အသစ်ပြုလုပ်ဖို့ရှိတယ်။
အလုပ်ကိုတော့ဆက်တိုက်လုပ်နေရတယ်၊
၁လပိုင်း၁ရက်နေ့ကထုတ်လိုက်တဲ့appက ယူနီကုဒ်အသုံးပြုထားတာဆိုတော့ မော်ဒယ်နိမ့်တဲ့ဖုန်းတွေမှာအဆင်မပြေဘူးဆိုတဲ့အသံတွေပြန်ကြားလာရတယ်။
အခုအချိန်အထိ အဲဒီဖောင့်ပြဿနာကို ငြိမ်းချမ်းအောင် မလုပ်နိုင်တာကလည်းစိတ်အနှောင့်အယှက်တစ်ခုပါပဲ၊
ကျွန်တော် ဗေဒင် appတွေထုတ်တယ် ၊ ဒါပေမယ့် ကိုယ်တိုင်အဲဒီလောက် ဗေဒင်ကို ယုံတာမဟုတ်ပါဘူး၊
အစကတော့အပျော်ပဲ ၊ နောက်တော့ .. နှစ်တိုင်း အသစ်ထုတ်ထုတ်ပေးရဖို့က တာဝန်တစ်ခုလိုဖြစ်ဖြစ်လာတယ်၊
ဒါကြောင့် ဒီဇင်ဘာလရောက်ပြီဆိုရင် ကျွန်တော်စပျားတုပ်ပြီလေ။ ဒီနှစ်ကတော့ နည်းနည်းအဆင်ပြေတယ်ပြောရမယ်၊  ဒါပေမယ့် တစ်ဖက်ကလည်းပညာရေး အတွက် လုပ်ရမယ့်အချိန်၊ တစ်ဖက်က လည်းကိုယ့်ဘာသာခိုင်ထားတဲ့အလုပ်တွေကမပြတ်၊ အဲဒီကြားထဲမှာ စိတ်လည်းတော်တော်ညစ်မိတယ်၊
သူများအလုပ်လုပ်ပြီးညစ်ရတာထက်စာရင်တော့သက်သာတာပေါ့၊ ဒါပေမယ့် အားပေးသံလေးတွေတော့ကြားချင်မိတယ်၊
တစ်ကယ်က appတွေလုပ်ပေမယ့် ပိုက်ဆံရလားဆိုတော့လည်း သိပ်မရပါဘူး။
မဖြစ်စလောက်လေးပါပဲ ၊ ဒါတောင်မှ ကြားမှာအခက်အခဲတွေရှိနေတယ်၊
ပထမတစ်ခုကတော့ appထဲမှာပြနိုင်တဲ့ကြော်ငြာနည်းတာ။ နို်င်ငံခြားကဂိမ်းကြော်ငြာ appကြော်ငြာတွေကိုဒီထက်ပိုပြီး ပုံစံမျိုးစံနဲ့ပြနိုင်ရင် အလုပ်ပိုဖြစ်မယ်ဆိုတာသိတယ်၊ ဒါပေမယ့် ကျွန်တော့်ဆီမှာ နည်းပညာအားနည်းနေလို့ ကြော်ငြာSDKတွေကိုစိတ်ကြိုက်အသုံးပြုလို့မရဘူး. တစ်လ၃$ပေးပြီးထည့်ရတဲ့admob service လေးကိုပဲအားကိုးနေရတယ်၊ သူကလည်း banner ကြော်ငြာပေါက်စလေးပဲရတာလေ။ သူများတွေလို interstitial ads, ပုံစံမျိုးစုံနဲ့ဆိုပိုရတာသိတာပေါ့၊ တစ်ချိန်ချိန်တော့ အဲဒီအဆင့်ကိုမြှင့်နိုင်မယ်ထင်တယ်။
နောက်တစ်ခုကတော့ အဲဒီနည်းနည်းလေးရတဲ့ငွေတောင်မှ ကိုယ့်ဆီတိုက်ရိုက်မရောက်ဘူး။
လောလောဆယ်မှာ admob/adsense နဲ့ချိတ်ထားတဲ့အကောင့်နှစ်ခုမှာ တစ်ခုကပျက်သွားတယ်.
ထိုင်းမှာ အခြေချထားတဲ့အကောင့်ပေါ့၊ လက်ထဲမှာကျန်တာဆိုလို့ စင်ကာပူအကောင့်တစ်ခုပဲရှိတော့တယ်။
Google. ရဲ့ပေါ်လစီအရ အကောင့်တစ်ခုကိုနိုင်ငံတစ်ခုအောက်မှာဖွင့်ပြီးရင် နောက်နို်င်ငံကိုလည်းပြောင်းလို့မရဘူး။ currency ကိုလည်း ပြောင်းသတ်မှတ်လို့မရဘူး။
ဒါကြောင့် စင်ကာပူမှာ ပင်မထားတဲ့ ဘဏ်အကောင့်တစ်ခုနဲ့ချိတ်ဖို့လိုကိုလိုလာတယ်။
 မဟုတ်ရင် ကျွန်တော့် ဆီ Google ကဝင်တဲ့ငွေတွေကို ပြန်ထုတ်ယူလို့မရဘူးလေ။
Adsense အကောင့်အောက်မှာပဲ ပိတ်မိနေမှာ။ အဲဒီလိုအခက်အခဲတွေရှိပေမယ့် လည်းဆက်လုပ်နေမိတယ်၊
အခြားနိုင်ငံက လူတွေကျွန်တော်တို့လို အခက်အခဲကြုံရမယ်လို့မထင်ဘူး။ ဘာလို့လဲဆိုတော့
မြန်မာက နိုင်ငံတကာဘဏ်တွေ ငွေကြေးစနစ်တွေတိုက်ရိုက်မရတဲ့ အနည်းငယ်သော နိုင်ငံတွေထဲကတစ်ခုဖြစ်လို့ပဲ ။ ဒါကြောင့် ကျွန်တော်အမြဲမကျေမနပ်ဖြစ်တာတစ်ခုရှိတယ်။ မြန်မာနိုင်ငံမှာ online payment စနစ်တွေလုပ်ကြတယ်။ ဒါပေမယ့် တော်တော်များများက မြန်မာတွေနိုင်ငံခြားမှာပိုသုံးနိုင်ဖြုန်းနိုင်ဖို့ ရည်ရွယ်ထားတာတွေ။ နိုင်ငံခြားက ငွေတွေမြန်မာပြည်ရောက်ဖို့ ရည်ရွယ်ပြီးလုပ်ပေးတဲ့စနစ်သိပ်မရှိဘူး
Western union တို့လိုမျိုး တွေရှိပေမယ့်လည်း ဘာကြောင့်မသိ ..google adsense  က မြန်မာကိုတရားဝင် မဖွင့်ပေးတော့ ချိတ်ဆက်လုပ်ဖို့တွေကအခက်အခဲတွေဖြစ်တယ်။ဒီလိုကိစ္စအရှူပ်အထွေးတွေကြောင့်
ကျွန်တော်ဆုံးရှုံးရတာ နစ်နာခဲ့ရတာတွေအများကြီးရှိတယ်။
ဒါပေမယ့် သင်ခန်းစာကောင်းအတွေ့အကြုံကောင်းတွေလို့ပဲအမြဲသတ်မှတ်ထားပါမယ်။
ဘာလို့လဲဆိုတော့ ကျွန်တော့်လို သင်ခန်းစာရတဲ့သူကအနည်းငယ်ပဲရှိလိမ့်မယ်။ ဒီလိုအလုပ်မျိုးကိုဘယ်သူမှမလုပ်လို့ပေါ့။
တစ်ချိန်လုံးကျွန်တော့်ရဲ့passionက Technology ထဲမှာပဲရှိတယ်ထင်ခဲ့တယ်။ ဒါကြောင့်လည်း Health Informatics လို ကျန်းမာရေးဆေးပညာနဲ့ နည်းပညာ ပေါင်းစပ်တဲ့ဘာသာရပ်ကိုဆက်သင်ဖို့ ဆုံးဖြတ်ခဲ့တာပေါ့။ ဒါပေမယ့် အခုလိုအချိန်မှာ ကျွန်တော်အားမလိုအားမရဖြစ်နေပြန်တယ်။ ကျွန်တော်ရဲ့type က ထိုင်ရာမထ managing လုပ်ချင်နေတာမဟုတ်ဘူး။ Field ထဲမှာဝင်လုပ်ချင်တာ။ကိုယ့်လက်နဲ့ထိတွေ့ပြီးဆေးမကုရတာ။ ကိုယ်တိုင်ခွဲစိတ်ခွင့်မရတာတွေက ကျွန်တော့်ရဲ့ယုံကြည်မှုတွေကိုတစ်စတစ်စ လျော့ပါးစေတယ်။
ငွေအရမ်းရှာချင်နေတာမှန်ပေမယ့် .. အပြင်မှာ ဖျားနာနေသူ၊ စိတ်ဆင်းရဲနေသူ။ နာမကျန်းသူတွေအကြောင်းတွေးမိရင် လက်ရှိလုပ်နေတဲ့အလုပ်တွေကို မနှစ်သက်တဲ့အပြင် ရှက်မိတယ်။
ကိုယ့်ကိုယ်ကိုအားမလိုအားမရ မကျေနပ်ချက်တွေအပြည့်နဲ့ပေါ့။
ကျွန်တော် စိတ်ကူးထားတာအကြိးကြီးဆိုတာမှန်တယ်။ ဒါပေမယ့် အဲဒါတွေလုပ်ဖို့ကော လုံလောက်တဲ့အင်အားရှိလို့လား။ ကိုယ့်ဘာသာတောင်မနည်းရပ်တည်နေရတာလေ။
ဆယ် စက္ကန့်အရူးထခြင်းဆိုတာတော့မဖြစ်ချင်ဘူး။
ကျွန်တော့်ဆီမှာ ဆရာဝန်ဆိုတဲ့စိတ်လေးကျန်နေသေးတယ်။ ဒါပေမယ့် တစ်ခါတစ်လေ ကုသိုလ်ဖြစ်ဆေးခန်းတွေမှာသွားထိုင်တိုင်း ကုသတာအလေ့အကျင့်မရှိတဲ့ကျွန်တော် ကိုယ့်ကိုယ့်ကိုယုံကြည်ချက်မရှိဖြစ်နေတတ်တယ်။ အချို့စာတွေမေ့ကုန်တယ်။ ဆေးdose တွေလည်းအလွတ်မရတော့ဘူးလေ။
စဉ်းစားပုံစဉ်စားနည်းတွေကလည်း စနစ်မကျတော့ဘူး။
တစ်ခါတစ်လေ ကျွန်တော်အရမ်းခွဲစိတ်ချင်တယ်။ ဒါပေမယ့် သင်ပေးခဲ့သော ဆရာမရှိဘူး။ ကိုယ်တိုင်လည်း လုပ်ဖို့မရဲပါဘူး။ ဆေးပညာဆိုတာစမ်းသပ်ဖို့ မဟုတ်ဘူးဆိုတဲ့အချို့သောသူတွေပြောတာကို နားထဲထပ်တလဲလဲကြားယောင်နေတယ်။
ကျွန်တော့်မှာကျန်တာဆိုလို့ လူနာတွေပိုကောင်းအောင် လုပ်ပေးချင်စိတ်ပဲရှိတော့တယ်.
အဲဒီလိုယုံကြည်မှုတွေလျော့လာတိုင်း စာပြန်ဖတ်ဖြစ်တယ်. မြင်နေကျတွေ့နေကျ DMလိုHypertension လိုမျိုးကိုတောင် management လုပ်ဖို့ မဝံ့မရဲဖြစ်နေတာတွေ့တော့ ။ ငါဘာဖြစ်နေတာလည်း။ ငါဘာကို လိုချင်တာလည်း ဆိုတာကို မြင်အောင် တွေ့အောင် ကြိုးစားနေရတယ်.
တစ်ဖက်မှာ နည်းပညာနဲ့ပတ်သက်ရင် အလိုလိုသိစိတ်ရှိတယ်ပြောမလား ။ ဘယ်လိုရှာပြီးဘယ်နေရာကိုကြည့်ရမလဲ ဘာကိုလိုချင်တာလည်းတန်းသိတယ်။
ကျွန်တော် ၆နှစ်တောင်သင်လာခဲ့တဲ့ပညာကိုလည်းအဲဒီလိုဖြစ်စေချင်တယ်။
လူနာကတစ်ခွန်းဟလိုက်တာနဲ့ဘာဆိုတာတန်းသိချင်တယ်။
သိပ်လောဘကြီးလွန်းသွားလား။
ဟုတ်တယ် ဗျ။ ကျွန်တော် ဟိုးအရင်တည်းကအဲဒီလိုဖြစ်ချင်ခဲ့တာ။ ဒါပေမယ့် နေရာတိုင်းမှာ ကျွန်တော့်ထက်ပိုသိနေသူတွေပဲရှိနေတော့ .. ကျွန်တော်ဘာကော်ငမှမဟုတ်ဘူးဆိုတဲ့စိတ်ဝင်သွားတယ်။
ဒါနဲ့ပဲ ကျွန်တော်ဘာမှဆက်လုပ်ဖို့မကြိုးစားတော့တာ။ တစ်ခါတစ်လေမှာတော့ စာဖတ်ဖြစ်တယ်။
ကိုယ့်ရဲ့သက်မွေးဝမ်းကျောင်းလည်းမဟုတ် ။ တစ်ပြားမှလည်း ရနေသောအလုပ်မဟုတ်တော့ ကျွန်တော်ဖတ်လည်း အလကားပဲဆိုတာသိပါတယ်။ ဒါပေမယ့် အဲဒီလိုစာဖတ်နေရရင် ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတယ်။
ကျောင်းပြန်တက်နေရသလိုခံစားရတယ်။
တစ်ဖက်မှာတော့ ငါဖတ်လည်းပြန်သုံးရမှာမှမဟုတ်တာဆိုတဲ့အသိဝင်သွားတော့ကြေကွဲဝမ်းနည်းစိတ်ပေါ်မိတယ်။
ဒီလိုနဲ့ပဲကျွန်တော့်ရဲ့ကိုယ်တွင်းမှာ အယူအဆတွေကတိုက်ပွဲဖြစ်နေတယ်။
အဲဒီတိုက်ပွဲကြားမှာ ကျွန်တော့်ရဲ့အိမ်မက်တွေပျောက်ကွယ်သွားတတ်တယ်.
တစ်ခါတစ်လေကျွန်တော့်ကိုအားပေး ဖို့လိုတယ်ဆိုတာတစ်ခြားကြောင့်တော့မဟုတ်ဘူး။ ကိုယ့်ဘာသာ ပြန်ကုယုလိ့ရတယ်ဆိုတာသိတယ်။ ကိုယ့်ဘာသာလည်းအားပေးနို်င်တယ်ဆိုတာသိတယ်။
ဒါပေမယ့်မတူဘူးဗျ။ အခြားသူကပေးတဲ့အားပေးမှုမှာ ကြင်နာမှု၊နားလည်မှုတွေပါတယ်၊
ကိုယ့်ဘာသာရယူတဲ့ အားပေးမှုမှာ မာနတွေ ၊နာကျင်မှုတွေပါတယ် .ကြာလာတဲ့အခါ .. အဲဒီနှစ်ခုကရတဲ့ရလဒ်ကကွဲပြားသွားတယ်။

နာကျင်စရာအတွေ့အကြုံများ

ဒီတစ်ခေါက်စာကတော့နည်းနည်းလေးရင်လေးမယ်။
သိပ်ပြီးစဉ်းစားမိ တွေးမိတာတွေများလွန်းတော့. .ဘဝကြီးကငြီးငွေ့စရာကြီးဖြစ်လာတယ်။
အရင်ကမမြင်ခဲ့တဲ့အရာလေးတွေမြင်လာတော့ တကယ့်လူ့လောကကြီးက အရှုပ်ထုတ်ကြီးပါလားလို့တွေးမိတယ်။
တကယ်ဆိုရင်ကျွန်တော့်ငယ်ဘဝက သိပ်ပြီးတော့ပြည့်စုံတဲ့ထဲမပါပါဘူး။
အိမ်မှာအကျပ်အတည်းအဖြစ်ခဲ့ဆုံးကတော့ ကျွန်တော် ၉ တန်း၁၀ တန်းလောက်ပေါ့။
မှတ်မိနေသေးတယ်။ အဲဒီအချိန်ကာလ က လူပျိုပေါက်အရွယ်ဆိုတော့ ဝတ်ချင်စားချင်တာလေးတွေရှိလာပြီ။
သူငယ်ချင်းတွေက နာမည်ကြီး brand တချို့ဝတ်နေချိန်မှာ ကျွန်တော်မဝယ်နိုင်ခဲ့ဘူးလေ။
မြို့ထဲမှာရှိတဲ့ အစ်ကို့သူငယ်ချင်းရဲ့အထည်ဆိုင်ကနေ အင်္ကျီ တွေ အကြွေးဝယ်ရတာမှတ်မိနေသေးတယ်။
နာမည်ကြီးဆိုပေမယ့် local made ပါ။ မြင်ဖူးတာဆိုလို့ Tri တို့ Step တို့ Pin. တို့ပေါ့။
ထိုင်းကလာတဲ့ Pin ဝတ်နိုင်ရင် အကောင်ပဲ။
Giordano ဝတ်နိုင်ရင်တော့ မပြောနဲ့တော့ပေါ့။
အဲဒီလိုအကျပ်အတည်းတွေရှိခဲ့ပေမယ့်လည်း သိပ်ပြီးပူပင်ရကောင်းမှန်းမသိခဲ့ဘူး။
ကိုယ့်စာနဲ့ကိုယ်ပဲလုံးပမ်းနေခဲ့တာဆိုတော့လေ။
အိမ်ကစီးပွားရေး အတက်ဘက်ကိုစရောက်လာတာကလည်း နေပြည်တော်ဖြစ်တဲ့အချိန်မှာပေါ့။
ကျွန်တော်ဆယ်တန်းပြီးစအချိန်မှာ စားသောက်ဆိုင်လုပ်ငန်းတစ်ခုစလုပ်ရာကနေ တော်တော်အောင်မြင်လာတယ်။
အမေ့ကိုရှယ်ရာထည့်ချင်သူတွေလည်းပေါခဲ့တယ်။
နေ့စဉ်ရက်ဆက်ဆိုင်က ရတဲ့ဝင်ငွေကလည်းမနည်းတော့ မောရမှန်းပမ်းရမှန်းမသိအလုပ်လုပ်ကြတဲ့ ပျော်စရာကောင်းတဲ့အချိန်တွေပေါ့။
အိမ်မှာလည်းဝန်ထမ်းတွေတော်တော်များများရှိလာတယ်။
ကျွန်တော် မန္တလေးမှာ ကျောင်းစတက်တဲ့အချိန်ရောက်တော့ အိမ်ကလစဉ် ကျွန်တော်မျက်နှာမငယ်ရအောင်ထောက်ပံ့နိုင်နေပြီ။
ဒါကြောင့်လည်း အဆောင်မှာ ၂ယောက်ခန်းကို တစ်ယောက်တည်းနေသူလည်းဖြစ်ခဲ့ပြီး
ဟန်းဖုန်းတစ်လုံး ၂၅ သိန်းကျော်ချိန်မှာ ပထမဆုံးစကိုင်သူလည်းဖြစ်ခဲ့တယ်။
တကယ်တော့ အိမ်က ရသမျှကျွန်တော့်ကိုပို့တယ်ဆိုတာမသိခဲ့ဘူး။
တဖြည်းဖြည်းနဲ့တိုးပွားလာတာက ဆိုင်တစ်ဆိုင်က နေ နှစ်ဆိုင် ၊၃ဆိုင် ဖြစ်လာတယ်။
မန္တလေးမှာလည်း သိန်း၁၀၀ ဝန်းကျင်ရှိတဲ့တိုက်ခန်းတစ်ခန်းဝယ်ထားလိုက်တယ်။
နေပြည်တော် ဥတ္တရသီရိ ၊ဒက္ခိဏသီရိ နဲ့ ကားကြီးဝင်းထဲမှာ နေရာတွေဝယ်ထားလိုက်တယ်။
ဒါပေမယ့် ကျွန်တော်ကျောင်းပြီးခါနီးအချိန်မှာ တဖြည်းဖြည်းနဲ့ အကျဘက်ကို ပြန်ရောက်လာတယ်။
အမေကတော့ပြောတယ်။ အကြွေးတွေအများကြီးရှိတယ်တဲ့။
သိပ်သဘောမပေါက်ခဲ့ဘူး။
ဆိုင်ကဝင်သမျှဝင်ငွေတွေရဲ့ရာခိုင်နှုန်းတော်တော်များများကို အတိုးဆပ်ရတာနဲ့ ကုန်သွားတယ်ပြောတယ်။
အတိုးပေးရတာတွေနဲ့တင် ဘယ်လိုမှအသက်ရှုမချောင်နိုင်တော့ဘူးဆိုတာလည်းနည်းနည်းတော့သိခဲ့တယ်။
ဒါပေမယ့်လည်းဘာအရေးလဲ။
မန္တလေးမှာဆိုတော့ .ကိုယ်နဲ့ဆိုင်တဲ့ကိစ္စကိုပဲ ကိုယ့်ဘာသာ အာရုံစိုက်ခဲ့တယ်။
ဒါပေမယ့်ကျောင်းလည်းပြီးတဲ့အချိန်ရောက်တော့ ဆိုင်တွေပြန်လျှော့လျှော့လာခဲ့တာ။
၁ဆိုင်ပဲကျန်တော့တယ်။
အဲဒီဆိုင်ကလည်းအိမ်မှာဖွင့်ထားတဲ့ဆိုင်ပေါ့။
တကယ်တမ်းဆို်ရင် သူ့ဟာနဲ့သူလူဝင်တဲ့ဆိုင်ပါ။
ဒါပေမယ့်အတိုးပေးရလောက်အောင် အလျင်မမှီနိုင်တော့ အမေလဲအိပ်ရာထဲလဲပေါ့။
ငှားထားတဲ့ဆိုင်လည်းပြန်အပ်၊ ကားဝင်းထဲကဆိုင်လည်းရောင်းလိုက်ပေမယ့် အကြွေးတွေကတော့ ရှိမြဲရှိဆဲပါပဲ။
ကျွန်တော်ကျောင်းပြီးတဲ့အချိန်မှာ အမေက မန္တလေးကအိမ်ရောင်းမလားမေးတဲ့အတွက်
ကျွန်တော်လည်းစိတ်ပျက်နေတဲ့အချိန်မို့ရောင်းမယ်ပြောလိုက်တယ်။
တန်ဖိုးကတော့ နှစ်ဆပြန်ရခဲ့တယ်။
အဲဒီကရတဲ့ငွေတွေနဲ့ကျွန်တော်ဖုန်းကတ်အရောင်းအဝယ်လုပ်ခဲ့သေးတယ်။
ဒါပေမယ့်နည်းနည်းပါ ။  ငွေတွေအိမ်ကိုပေးထားပေမယ့် ကျန်တဲ့ငွေတွေ ဘယ်လိုကုန်သွားလဲကျွန်တော်မသိခဲ့ဘူး
ကျွန်တော်စပြီးသိခဲ့တာက ကျွန်တော့်မိဘတွေက ငွေကြေးကိုကောင်းကောင်းစီမံမခန့်ခွဲတတ်။
စီးပွားရေးကို ကောင်းကောင်းမလုပ်ဆောင်တတ်ဖူးဆိုတာကိုပဲ။
ရှိသမျှပိုင်ဆိုင်သမျှတွေရောင်းတာတောင် အကြွေးတွေကမကြေနိုင်ပဲ အတိုးစာလောက်ပဲရှိတဲ့အခါ
နောက်ဆုံး ဘိုးဘွားပိုင်ခြံကြီးကိုရောင်းဖို့ဖြစ်လာတယ်။
ဒါပေမယ့် တကယ်ခြံကြီးရောင်းထွက်သွားတဲ့အချိန်ရောက်တော့ ကျွန်တော်တို့မှာပိုင်ဆိုင်တာများများစားစားမကျန်တော့ဘူး။
မန္တလေးမှာအခိုင်အမာယူထားတဲ့နေရာတွေလည်းမရှိတော့ဘူး။
ကျွန်တော်နှမြောမိတာက တကယ်လို့ ကျောင်းတက်ချိန်တည်းကအချို့ နေရာတွေကိုဝယ်ခဲ့မယ်ဆိုရင်အခုအချိန်မှာ တော်တော်ကိုအဆင်ပြေနေလောက်ပြီလို့။
ဒါပေမယ့် နေပြည်တော်ကိုပဲရွေးထားခဲ့တော့ အိမ်ခြံမြေစျေးကျတဲ့အချိန်နဲ့တိုးပြီး
တစ်ဒုက္ခက နှစ်ဒုက္ခဖြစ်သွားခဲ့တယ်။
အဲဒီအဖြစ်အပျက်တွေကိုကျွန်တော်မြင်ပြီးသင်ခန်းစာကောင်းကောင်းတစ်ခုရသွားခဲ့တယ်။
ကိုယ်မနို်င်တဲ့အကြွေးကိုမယူဖို့။ သူများတွေကပေးထားတိုင်းလည်းမလိုအပ်ရင်လက်မခံဖို့။
ကိုယ့်ဆီမှာ ခိုင်မာတဲ့ စီးပွားရေး ဝင်ငွေကောင်းတဲ့စီးပွားရေးမရှိဘဲ အတိုးအများကြီးမပိစေဖို့ပေါ့၊
နောက်ပြိးဆုံးဖြတ်ချက်ချတဲ့အခါ ခံစားချက်မပါဖို့လည်း သင်ခန်းစာရခဲ့တယ်။
မန္တလေးအိမ်ကိုရောင်းမယ်ဆိုတုန်းက ကျွန်တော် ဘေးအိမ်ကိုမကြည်တဲ့ခံစားချက်ပါခဲ့မိတာကိုး။
ဆိုင်ဖွင့်ထားတဲ့ခြံကိုလည်းရောင်းလိုက်ပြီ အကြွေးတွေလည်းကြေပြီဖြစ်သလို လုပ်နေတဲ့စီးပွားရေးတွေလည်းပျောက်သွားခဲ့ပါပြီ။
ပုံမှန်ငွေဝင်နေသောလမ်းလည်းမရှိတော့ဘူးပေါ့။
ဆိုင်ကအလုပ်သမားတွေလည်းအားလုံးဖရိုဖရဲဖြစ်ကုန်တယ်။
ကျွန်တော် အဲဒါတွေမြင်ပြီးစိတ်မကောင်းထပ်ဖြစ်ရပြန်တယ်။
လုပ်ငန်းတစ်ခုဖျက်တဲ့အခါ ကိုယ်တစ်ယောက်တည်းသဘောနဲ့မလုပ်သင့်ကြောင်း
ဒါကိုမှီခိုနေသော ဝန်ထမ်းတွေအတွက်ကြည့်သင့်ကြောင်းကိုပေါ့လေ။
အစပိုင်းကတော့အပူအပင်သိပ်မရှိဘူးပေါ့။ လက်ကျန်ငွေလေးနဲ့ ရောင်းလိုက်တဲ့နေရာဘေးမှာ အိမ်တစ်လုံးပြန်ဆောက်ထားလိုက်တယ်။
ပြန်ကုပ်မိအောင်လို့ပေါ့။ အဲဒါကတော့ ကောင်းတဲ့စိတ်ကူးပါ။
တစ်ချိန်ချိန် ကျရင် စျေးတက်ရင်တက်သွားနို်င်တယ်လေ။
မိသားစုအားလုံးကတော့ ဥတ္တရသီရိပြောင်းသွားခဲ့တယ်။
လက်ထဲရှိတဲ့ငွေတွေနဲ့ခိုင်မာတဲ့စီးပွားနောက်တစ်ခုကိုမစတည်ခဲ့တော့ တဖြည်းဖြည်းနဲ့လုံးပါးပါးသွားတယ်။
အိမ်မှာ အစ်ကို့အတွက် ဆိုင်တည်ထားပေးပေမယ့် တကယ်ကဖြစ်မြောက်တာမဟုတ်ပါဘူး။
နောက်ဆုံး မှာတော့ အမေ က အဘိုးရဲ့လယ်တွေပြန်လုပ်မယ်ဆိုပြိးဖြစ်သွားတယ်။
အဘိုးကတော့ မလုပ်စေချင်ခဲ့ဘူး။ အမေ့တစ်သက်လုံးအဘိုးက လယ်ထဲပေးဆင်းခဲ့တာမဟုတ်ဘူး။
မြို့မှာပဲထားခဲ့တာလေ။
ဒါပေမယ့် အမေက လုပ်ချင်လွန်းတဲ့အခါ ကျန်တဲ့သူတွေကလိုက်ဖြည့်ဆည်းပေးရတယ်။
ဒီနှစ်ထဲမှာ တောင်သူလုပ်ငန်းကကောင်းလှတာလည်းမဟုတ်လှပါဘူး။
ပြောင်းလုပ်တဲ့အခါ အလုပ်သမားခတွေ ချေးငှားရတာတွေ၊စက်ပစ္စည်းဖိုးတွေနဲ့
လူပင်ပန်းပြီး လုပ်ရတာရှုံးတဲ့အခါ အမေ တော်တော်စိတ်ဓာတ်ကျသွားပုံရတယ်။
ဒီလိုတွေဖြစ်ပျက်နေတဲ့အခါကျွန်တော် စိတ်မကောင်းဘူး။
တာဝန်မကျေသလိုအပြစ်ရှိသလိုလည်းခံစားရတယ်။
ဖြစ်ချင်နေတာက အရမ်းချမ်းသာချင်မိတယ်။ အမေတို့ကြုံခဲ့တာမျိုးတွေ မှာ ကိုယ့်ဘက်ကမရှုံးရအောင်
စီးပွားရေးပညာကိုသိချင်တတ်ချင်မိတယ်။
တစ်ဖက်မှာကလည်း လုံးဝငွေကြေးကိုမကြည့်ဘက်လုပ်ချင်နေတဲ့စိတ်တစ်ခုရှိတယ်။
စိတ်ကူးယဥ်လွန်းတယ်ဆိုမလား။ လောကကြီးကောင်းဖို့ ပိုကောင်းမွန်တာတွေဖြစ်လာဖို့ လုပ်မယ်ဆိုတဲ့စိတ်ရှိတယ်။
အဲဒီနှစ်ခုကသဟဇာတမဖြစ်ဘူး။
လက်တွေ့ဘဝနဲ့အိမ်မက်လိုကွာဟလွန်းတယ်။
ကျွန်တော်ကျင်လည်နေသော ပတ်ဝန်းကျင်၊ ပေါင်းသင်းနေသောသူတွေနဲ့တွေးခေါ်တာတွေက
ကျွန်တော်အမှန်တကယ်နေထိုင်သော ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ် ခဲ့ဘူး။
အချို့အခွင့်အရေးတွေရခဲ့ပေမယ့် ဘာကြောင့်စွန့်လွှတ်ခဲ့တာလည်းကျွန်တော်ကိုယ့်ကိုယ်ကို နားမလည်တော့ဘူး။
ဒီဘဝကလည်းလွတ်ချင်တယ်။ နောက်ထပ်အဆင့်တစ်ခုကိုလှမ်းချင်တယ်။
လောလောဆယ်မှာအိမ်ကိုမကြည့်နိုင်ပေမယ့်ကိုယ့်ကိုယ်ကိုခို်င်မာအောင်တည်ဆောက်ပြီး
အိမ်ကိုပြန်လည်စောင့်ရှောက်နိုင်ချင်တယ်။
ဘာတွေလုပ်ရမလည်း ဘာတွေလုပ်ဖို့လိုမလဲကျွန်တော်မတွေးတတ်တော့ဘူး၊
နေ့စဉ်နေ့တိုင်းစိတ်တွေကတက်လိုက်ကျလိုက်ဖြစ်နေတာအရူးတစ်ယောက်လိုပါပဲ။
တခါတလေ ဟိုးအောက်ဆုံးဆင်းသွားတဲ့စိတ်တွေကို အကောင်းဖက်ကလှည့်စဉ်းစားပေးရတယ်။
အနည်းဆုံးတော့ တစ်မိသားစုလုံးကျန်းကျန်းမာမာရှိနေသေးတယ်ဆိုတာမျိုး။
စားရမဲ့သောက်ရမဲ့မဖြစ်သေးဘူးဆိုတာမျိုး။
အကြွေးတွေ ဝိုင်းမနေသေးဘူးဆိုတာမျိုး။
ဘာမှမရှိပေမယ့် မဆင်းရဲဘူးဆိုတာမျိုးတွေနဲ့ပေါ့။
အဲဒီလို ကိုယ့်ရဲ့တန်းကိုလျှော့စဉ်းစားရင် စိတ်သက်သာရာရေပေမယ့်
လူတွေကြားထဲတိုးဝင်တဲ့အခါ ထိမိရှမိတဲ့ မာနလေးတွေ၊ ဂုဏ်တုဂုဏ်ပြိုင်တွေနဲ့ကြုံရင်
ဘယ်လောက်ပဲအားတင်းနေပေမယ့် ကျွန်တော် စိတ်ဓာတ်ကျမိတယ်။
ဒါတွေဟာ အစစ်အမှန်မဟုတ်ဘူးလို့ ဖြေတွေးပေမယ့်
လက်တွေ့မှာလူ တွေကိုးကွယ် တာက ဂုဏ်တွေဖြစ်နေခဲ့တယ်လေ။
ကြားဖူးတဲ့ဘဝတွေလောက်မခက်ခဲမပင်ပန်းသေးပေမယ့်
လက်တွေ့ကြုံနေရတဲ့အခြေအနေတွေ အဖြစ်အပျက်တွေကလည်း တစ်သက်မေ့မရတဲ့သင်ခန်းစာတွေပါပဲ။
ဒီအရွယ်မှာဒီလိုကြုံရတာ ကောင်းသော အတွေ့အကြုံလို့ပဲကျွန်တော်မှတ်ယူထားတယ်.
ကျွန်တော်တို့ငယ်ငယ်က ကြီးလာရင် ရောဂါပြီးအောင်ဆိုပြီး မသေနိုင်လောက်တဲ့
ရောဂါပိုးနည်းနည်းကိုခန္ဓာကိုယ်ထဲထည့်ပြီး ကာကွယ်ဆေးထိုးလေ့ရှိကြတယ်လေ။
ဒီလိုပဲ ပေါ့ ကျွန်တော်ကာကွယ်ဆေးထိုးခံနေရတယ်လို့ပဲ မှတ်ယူထားပါတယ်။
နောင်တစ်ချိန်အလားတူအဖြစ်အပျက်တွေ မကြုံဖူးလို့ဘယ်ပြောနိုင်မလဲ.
အမှန်တွေ အကောင်းတွေကြည့် ကြုံနေခဲ့ရင် ဘယ်မှာ ကြံ့ခိုင်တဲ့သူဖြစ်ပါ့မလဲ။
ဒါကြောင့် ကြံ့ခိုင်တဲ့သူဖြစ်ဖို့ ကျွန်တော်နာကျင်ရတာတွေထိုက်တန်တယ်လို့ပဲထင်မိပါတယ်.
အာသာ
၄.၁၂.၂၀၁၆
တနင်္ဂနွေနေ့

Dream into action.

In 2013, after I have graduated from university of medicine, I actually didn’t know how to live my life.
I was desperate and hopeless like others fresh graduate. During my gap period, I realized that it was a good time to turn my dreams into action.
That’s why I started to create mobile apps which was my dream. Many people believe that programming is essential to develop software. In my view, it was possible to develop ordinary mobile apps with the help of online development tools.
The first one I made was zodiac app. I made it to test the capability of the tool. Unexpectedly, I found out a way to generate revenue from apps.
As soon as I published the app, it became viral one on Facebook which encouraged me to continue the development.
I was staying in my room every day and nights and figuring out how my app should be look alike.
My next product was mobile health app, called Myanmar Fist Aid.
The idea came from my prior experience of using heath apps during internship in hospitals.
At first, I considered to develop remedy app, but I was worried the accuracy of my treatment since I was not a professional in home remedies.
Then, I switched my idea to just first aid which is more resourceful and easy to find references.
By the time I released my app, I heard many applauses from users.
I am still thinking that it was a golden time with sharp and innovative ideas. I cannot create anymore like this because of not having a strong foundation on the subject.
I have published 6 apps so far on google play.
The one named “Myanmar Zodiac “ hit the 100,000 download in mid -2016.
Others are about 50000+ in average.
Some people would wonder that I could have generated much money from these downloads.
The reality is I couldn’t, because all my earnings were generated from banner ads.
Splash screen ads were not installed by me. It was from the company by which the tool was operated.
Splash screen ads used to generate more money than ordinary banner ads, according to the articles.
I once requested them to allow me to use splash screen ads, but they didn’t allow.
I believe my app is the most downloaded one which used their tool.
I think their revenue must be doubled than mine. If I were able to program myself and the ads installed in apps were all mine, I could have been rich.
With my 3 years of experience on apps, I should have found a small company.
However, I don’t have enough courage to do it.
At least, I should have someone, a closed friend, who are good in managing, along with developers who are easy to communicate.

So, what would be my another destiny.

screen-shot-2016-11-23-at-9-47-46-am

Top downloaded apps between 2015 and 2016. Myanmar First Aid

Situations in Myanmar.

During these 3 days, there were many conflicts and clashes occurred around the country.
Trending topics are a breakout of child rape cases, bomb threat in Yangon super centers, battle in Muse where is the economic zone between China and Myanmar, another one is Rakhine state.
The world shows more interest in Rakhine case. They exaggerated the case as Genocide but it is not . All Myanmar citizens know well what is happening in Rakhine.
We see it as unstable, critical region for Myanmar.
If we lose our eye on the area, it can become easily transformed into a state like ISIS.
There are already terrorists manipulating in the region.
However, many of advocates share fake news to see our government as a bad, corrupted and Genocide government.
The truth behind is already forgotten. I see this is as media war.
Burning down the houses was not done by the soldiers. The government already explained this .It was made by a terrorist group who was trying to use Rakhine as it’s one of the bases.
Because our country is not well developed , poor and receiving grants and support from other donor countries and organizations, that organizations who received their funding from rich Muslim countries want to manipulate our internal affairs .
We will not sell our states to that folks  by hoping the grants.
You can say about human rights if you are living in rich and developed countries , you will think what is happening right now in Rakhine are the worst stories you’ve ever heard.
But it is not.
There are many similar stories like that in other regions.
If you are an outsider , you will see the case from different perceptive because you are not the one who is really suffering.
You will forget easily after shouting out “We need human rights for people in Rakhine”.
Every wise men who have studied the history of Rakhine back from historic time, will not easily say the criticize words. What we see is just the tip of ice-berg, people don’t want to hear the real answer.
What I wish is not to break down the states apart from the Union.
At the same time, to be able to live people peacefully under the power of law.  At this time, the rule of law is hardly practiced, not any steps should not be wrong for the government.
I believe and understand Daw Aung San Suu Kyi lead government .
I still believe she will bring peace and prosperity to all of her children across the country.
However, the situation is the worst within the 1 year of NLD victory.
Though I have full of hope, I’ am a bit afraid of turning wheels like we used to have in the last decades.
Plz, God ! Bless Myanmar.

I believe , I can fly.

3 years after glorious graduation day, the first decision I made was to continue my further study.
So, there were two choices that was where would I study?
If I want to continue my study inside the country, I definitely will have to join the civil service.
My mentors advised me not to join civil service since it was too stressful and too many steps for further study.
I followed their advice.
On 2015 February, I decided to study abroad by applying a scholarship.
Before that time, I used to believe that scholarship was for outstanding students.
I was not an outstanding student in the university, didn’t get high credits either.
But, many people told me not to give up my dream, there were many opportunities if you really wanted to apply the scholarship.
Yes, they were right.
There were so many scholarships awarded every year to Burmese students.
First and foremost, my English language proficiency skill was needed to upgrade urgently.Therefore, I attended some IELTS classes in order to understand about the test.
I realized myself that the weakest ones were writing and speaking.
I tried to improve myself by self-practicing.
During that time, I was researching about scholarship providers and the subjects I might interest.
Fortunately, I met a grateful teacher who can guide a lot of things about scholarship,IELTS and even shared about her countless oversea experiences which has truly inspired to me.
At this time, my situation is not quite satisfactory.
No permanent job, although working part time in one of UN organizations.
I am not sure saying part time is true or not.
Mostly, I work over the internet and nobody sees me in person. That is why I felt like a shadow sometimes.
But, I believe, I will be able to overcome all these obstacles before mid 2017.
I am quite confident that my English is in satisfactory level to take the IELTS test.
I must keep going not to lose my goal.
Meanwhile,I will be seeing my friends and my colleagues who are progressing day by day.
I won’t let the depression overwhelming me .

Finally, I would say..
I believe.. I can fly..

ဆုတောင်း.

ညနေခင်းက တော့ သာယာလှပပြီး တိတ်ဆိတ်ချင်တိတ်ဆိတ်နေလိမ့်မယ်။

ဒါပေမယ့် မိသားစုလေးကတော့ တကျက်ကျက်နဲ့ ငြင်းခုန်နေကြတယ်။

ကျွန်တော် နေသိပ်မကောင်းဘူး။ ဒီနေ့ဆိုဖျားတာ ၃ရက်ရှ်ိပြီ။ Azithromycin သောက်တာ တော့ ဒုတိယနေ့ရှိပြီ။

ဒီနေ့ညတော့ အဖျားပြန်မတက်လောက်တော့ဘူးထင်ပါတယ်။

ဖျားနေတုန်းအားငယ်စိတ် အထီးကျန်စိတ်၊ နဲ့မျှော်လင့်ချက်မဲ့စိတ်ဓာတ်ကျတဲ့စိတ််တွေအားလုံး ပေါင်းစုပြီး ပေါ်လာတယ်။

အားတင်းပြီး တော့ depression ကိုတိုက်ထုတ်တာပါပဲ။ ငါကောင်းအောင်လုပ်နိုင်တယ်လို့ကိုယ့်ကိုယ်ကိုတွေးတာပါပဲ။

နည်းနည်းသက်သာရာရပေမယ့်.. မရေရာသေးတဲ့ရှေ့ရေးနဲ့အလုပ်အကိုင်၊ ပညာရေးနဲ့ အချစ်ရေး စတာတွေက တစ်ခုပြီးတစ်ခုနှိပ်စက်နေဆဲရှိသေးတယ်။ဟိုးအရင်က တောက်ပတဲ့အချိန်တွေကိုပြန်သတိရနေ မိတယ်။

အဲဒီတုန်းက ခင်မင်ခဲ့သူတွေကိုလည်းလွမ်းမိနေတယ်။ ရှေ့ဆက်တိုးဖို့ အားအင်တွေအားလုံးပျောက်ဆုံးနေချိန်မှာ အဲဒီသူငယ်ချင်းတွေဆီက အားပေးသံကြားချင်မိတယ်လေ။

ကိုယ်ကိုတိုင် စိတ်ဓာတ်ကျနေလို့ကိုယ့်အားကို အားပေးနေချိန်မှာ အဖေ့ကိုလည်း counselling လုပ်ပေးဖို့ကြိုးစားနေရတယ်။

အခြားမိဘတွေလို .. အရှိန်အဝါကြီးလည်းမဟုတ်၊ လက်ဖျားငွေသီးနေသူလည်းမဟုတ်၊ သူပိုင်ဆိုင်တာ ရိုးသားမှုတစ်ခုပဲ။

 

ဒီအရွယ်မှာ မိဘတွေကိုအေးအေးဆေးဆေးထားပြီး ငါကရှာဖွေကျွေးသင့်တာလား၊

အဖေနဲ့အမေက ဆက်လက်ပြီး ငါကျောင်းတက်ဖို့ထောက်ပံ့သင့်တာလားငါမသိတော့ဘူး။

အိမ်ကိုနည်းနည်းပါးပါး လိုအပ်တာတွေကူညီဖြည့်ပေးရုံကလွဲပြီး. ငွေကြေးမထောက်ပံ့နိုင်သေးပါဘူး။

အဖေနဲ့အမေ့ဆီက မုန့်ဖိုးမရတာလည်းကြာလှပြီပေါ့။

အရင်က လိုချင်တာမှန်သမျှရတဲ့ဘဝကိုလွမ်းမိတယ်။ အခုတော့ ကိုယ်လုပ်ချင်တဲ့ပစ္စည်းကိုတောင် ကိုယ်ရဲ့စုဆောင်းငွေနဲ့ဝယ်ရမှာဆိုတော့ မနည်းခြစ်ကုတ်ပြီး စုရတာလေ။

အမေနဲ့အဖေ့ကိုလည်းကောင်းကောင်းထားချင်ပေမယ့် ကိုယ့်ဘာသာကိုယ်လမ်းပျောက်နေတုန်းပဲ။

စိတ်ဓာတ်ကို ခိုင်မာဖို့ကြိုးစားပေမယ့်အသည်းပဲမာလာတယ်။

တစ်ခါတစ်ခါကိုယ့်ကိုယ်ကိုအမှောင်ဘက်ကိုရောက်သွားတော့မလားလို့တောင်တွေးမိတယ်။

အနာဂတ်အတွက်ပူတာ၊ပစ္စုပ္ပန်အတွက်ပူတာတွေက လှုပ်မရအောင် ကြိုးတွေနဲ့တုပ်ထားတယ်။

ယခုအချိန်တောင့်တမိတာရှိတယ်။

ကျွန်တော်လမ်းကြောင်းတစ်ခုပေါ် မှန်မှန်ကန်ကန်ရောက်သွားချင်တယ်။

ကျွန်တော့်မှာ ပုံမှန် ငွေဝင်လမ်းကြောင်းတစ်ခုရှိချင်တယ်။

ပညာဆက်သင်ဖို့ခိုင်မာတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်ပေါ်ချင်တယ်။

ကိုယ့်ကို ခွန်အားပေးမယ့်နားလည်ပေးမယ့်ချစ်သူတစ်ဦးလိုချင်တယ်။

မိသားစုမှာလည်းလုံလောက်တဲ့ငွေဝင်လမ်းကြောင်းတစ်ခုရှိချင်တယ်။

 

ဒါတွေတစ်ခုမှမပြည့်မှီသေးဘူးလေ။

မှီစရာလည်း အရိပ်အယောင် တစ်စွန်းတစကိုမမြင်မိသေးဘူး။

 

အာသာ

Sunday

23.10.2016

 

Side effect

​People might want to ask me why didn’t I publish my posts on facebook.

The reason is I just wanted to write freely rather than listening  the feedback from people on my writing.s

Whenever I tend to wrtie on facebook, I confronted a lot of distractions such as, notifications poped up, friend message alerts, newsfeed update and so on.

Beside those, my fingers can’t freely go on its way, my thoughts are like under controlled . I was afraid of somehow , my writings would unintentionally insult someone in my friend list.

Yes, I can not write freely as I wish.

Aa a result, my facebook is mess up with garbage posts day by day instead of strong ,knowledgable posts.

It can be assumed as unproductive.
Most of the time, facebook posts are not really funny though they say it’s fun.

Sometimes, I feel like being lectured by big words,attitude, disciplines, moral ,blah blah…

I have seen most of them already, I don’t need to read again and again.

Besides, crimes, battles, gosspi and advets are everywhere.

I was really pissed of them.
I only have 2000 friends in my list.

I barely knew some of them even though I didn’t accept the requests too easily.

If it was possible, I want to deactivate it for a long time but I can’t.

My pages ,groups and apps need an admin before I quit them all.

So, the only thing I can do is change password which I can’t remember easily and note it down somewhere.

In that way, I couldn’t login my acc effortlessly. 

Whenever I tend to use facebook, unable to login easily will always give me a second thought.
I finished 2 novels, one in english and one in burmese while I was off from fb.

Another english novel is reading in progress.

And I have time to practise a lot of english lessons including reading and listening.

I have a plan to sit a test in december , wanna get high score but the result is still unsatisfactory.

Especially speaking and writing is still bad.My targeted bandscore is overall 7 , individual not less than 6.5.

I know my reading and listening bandscore could not be lower than 6.5, writing is actually incompetent even though I used to practise on this blog.

Ah!

11:05am already.

I should off to bed.

Sleeping late at night usually makes me dizzy in next morning.

Good Night.

p.s I know non of my friend from facebook would be reading this, I will still writing..

It’s fun.

Better than writing in my notebook.
Arthur

9.10.2016

မြန်မာနိုင်ငံရဲ့ E-government အခြေအနေ

မနေ့ကတော့ အမေရိကန်သမ္မတက လက်ကျန်ရှိနေတဲ့ ဆန်ရှင်တွေအားလုံးဖယ်ရှားလိုက်ပြီလို့ကြားမိတယ်။
ဖေ့စ်ဘွတ်ကသိတာတော့မဟုတ်ပါဘူး။ အဖေပြောတာနဲ့ ပဲ Google မှာသတင်းခေါက်ကြည့်လိုက်တာ .
ဟုတ်တယ်.. ခရိုနီတွေ စစ်ဗိုလ်ချုပ်တွေအားလုံးကို ဆန်ရှင်ပိတ်ထားတာကနေဖယ်ပေးလိုက်ပြီ။
ဦးသန်းရွှေတို့ ၊ဦးတေဇတို့ စတီဗင်လောတို့ပါပါတယ်။

ထားပါတော့. တကယ်တမ်းပြောချင်တာကဒီနေ့ MICC2 ကို E-government နဲ့ပတ်သက်ပြီးလုပ်တဲ့ပွဲတစ်ခုကိုသွားတက်တာနဲ့ပတ်သက်ပြီးပြောချင်တာ.
ပွဲကတော့မနေ့တည်းကစနေတာ. ဒါပေမယ့် ..သတိလက်လွတ်ဖြစ်သွားတော့ မသွားလိုက်မိဘူး။
မနေ့ကတော့ ယူနီကုဒ်နဲ့ဆိုင်တာတွေပြောတယ်ကြားတယ်။ အဲဒါလေးတွေနားထောင်ကြည့်ချင်တာ.
ဒီနေ့ကတော့ ထိုင်ဝမ်ကနေ လာပြောတာတွေနားထောင်ရတယ်။
တစ်ယောက်ကတော့ သူတို့ အဖွဲ့အစည်းကနေ ထိုင်ဝမ်မှာ E-government ဖြစ်လာဖို့ဘယ်လိုအထောက်အကူပြုခဲ့လဲဆိုတာပြောတယ်။
နောက်တစ်ယောက်ကတော့ smart city အကြောင်းပြောတယ်။
နောက်ဆုံးကတော့ medium and small enterprise တွေအတွက် database စနစ်အကြောင်းပြောပါတယ်။

ပုံမှန်ဆို အဲဒီလိုတွေပြောရင်အိပ်ငိုက်လေ့ရှိတယ်။ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာမို့လားတော့မသိဘူး။ တစ်ချက်မှမသမ်းမိဘူး..

အဲ.. တစ်ခါတော့သမ်းမိတာပေါ့ဗျာ။
သူတို့ဆီမှာ၁၉၉၀ တည်းက infrastructure တွေစတည်နေပြီ။
ဒီမှာတော့ ဘာမှမရှိသေး ။သုညကစရမယ်ဆိုတာ သေချာတယ်။

သူတို့ပြောတဲ့အားလုံးကွန်ပျူတာစနစ်နဲ့ပဲထိန်းချုပ်သွားတဲ့အဆင့်ရောက်ဖို့ ဘယ်လိုသွားရမလဲတောင်မသိဘူး။
အခြေခံတွေတောင်မြန်မာနိုင်ငံမှာမရှိသေးဘူးလေ။
တကယ်ကမရှိတာကရှိအောင်လုပ်လို့ရပါတယ်။
ဒါပေမယ့်.. အချို့ကမရှိတာမဟုတ်ပဲ. ရှိတဲ့ကိစ္စတွေက အရှုပ်ထုတ်ဖြစ်ပြီး သပွတ်အူလယ်နေတာ.
ကြည့်ုလိုက်ရင်တော့အားကျစရာကြီးတွေပေါ့…
ဘာမဆို စက္ကူမပါဘဲလုပ်တဲ့အတွက် ..ကာဗွန်သုံးတာလည်းလျှော့ပြီးသာဖြစ်မယ်။
တစ်ခုခုမှတ်ပုံတင်ချင်တာ ပြောင်းလဲချင်တာရှိရင်.. တစ်ရုံးဝင်တစ်ရုံးထွက်သွားစရာမလိုတော့ဘူး။
တစ်နေရာမှာ ပြင်ဆင်လိုက်တာနဲ့အားလုံးအလိုအလျောက်ပြောင်းပြီးသွားဖြစ်သွားတယ်။
ဘတ်စ်ကားဘယ်အချိန်ရောက်မလဲ ..ဘယ်နေရာမှာလမ်းပိတ်နေသလဲစတာတွေကအစ.
မီတာဆောင်တာ. ယာဉ်မောင်းလိုင်စင်မှတ်ပုံတင်တာ.စတာတွေအဆုံးပေါ့.

မြန်မာနိုင်ငံအစိုးရရဲ့ ပုံစံကြည့်ရတာ နည်းပညာကို အားသွန်ခွန်စိုက်လိုက်ချင်ပုံမပေါ်ဘူး။
၈၀ ခုနှစ်လောက်မှာကျန်နေခဲ့သလိုပဲ။
E-government ဆိုပြီးသာပြောနေတာ ဘယ်အစိုးရရုံး. ဘယ်ဝန်ကြီးဌာနကြည့်ကြည့် အိုင်တီဌာနရှိလားမေးရင်မရှိတာများတယ်။
ရှိတယ်ပဲထားဦးတော့.. သူတို့လုပ်တတ်တာဘာမှမရှိဘူး။
ဝန်ကြီးဌာန website တွေဆိုလဲ.. ရုပ်ပျက်ဆင်းပျက်ပဲဖြစ်နေတာတွေအများကြီးပဲ..
သမ္မတရုံး အပါအဝင်ပေါ့.
တစ်ခုခုလုပ်လိုက်ရင်ပျက်သွားမှာကြောက်တာ မလုပ်ရဲတွေနဲ့ ဘယ်လိုများ E-government ကိုသွားကြမလဲတောင်မသိဘူး။
လောလောဆယ်တော့ ဖေ့စ်ဘွတ်ကြီးကိုပဲအားကိုးနေတယ်။

ဒီလိုစနစ်စနစ်တွေတည်ဆောက်မယ်ဆိုလို့ရှိရင်.. အခြေခံလိုအပ်ချက်တွေရှိတယ်.
ပထမဆုံးကတော့လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်ပေါ့။
အခုတော့အဲဒီအဆင့်တော့ရောက်နေပါပြီ။
ပြီးရင်တော့ ဘယ်သူတွေကဦးဆောင်လုပ်မလဲဆိုတာ သတ်မှတ်ရမယ်။
ဟိုဌာန ကမိုလို့ဆွဲထည့်တာ ဒီဌာနက မိုလို့ဆွဲထည့်တာဆိုတာ မဖြစ်သင့်ဘူး.
အဲဒီလိုဆွဲထည့်တွေ များရင် လူသာများပွဲမစည်ဖြစ်တတ်တယ်။
တကယ်တတ်ကျွမ်းသောသူ .. ကိုယ့်နယ်ပယ်မှာကိုယ်ကျွမ်းကျင်တဲ့သူတွေပါဝင်သင့်တယ်။
အဲဒီတော့ အဲဒီလူတွေအားလုံးကို ထိန်းကွပ်နိုင်ဖို့ သူတို့အားလုံးပေါ်အာဏာ ညောင်းသောသူတစ်ယောက်ကတော့ရှိရတယ်။
အဖွဲ့အစည်းတစ်ခုဖွဲ့လိုက်ပြီးတော့ ထိပ်ဆုံးကလူက ဘာမှမသိပဲ နောက်က လူတစ်ယောက်စနှစ်ယောက်စ က အကုန်လုပ်နေရင်လည်းမဖြစ်ဘူး။
အောက်ကလူကအားလုံးသိတယ် ။ဒါပေမယ့်ဆုံးဖြတ်ပိုင်ခွင့်က အပေါ်လူမှာရှိတော့ အဲဒီလူဆီရောက်အောင်လုပ်ရသေးတယ်။
နားလည်အောင်ရှင်းပြရသေးတယ်။
အပေါ်ဆုံးလူကအရမ်းလုပ်နေပြီး အောက်ကမပါရင်လည်း သေဖို့ပဲရှိတယ်။

အပေါ်ကော အောက်ကော အပေးအယူမျှဖို့လိုတယ်။
အဖွဲ့အစည်းများလူများဖို့မလိုပါဘူး။ ကျစ်ကျစ်လစ်လစ်နဲ့အလုပ်လုပ်နိုင်ဖို့ အစွမ်းအစရှိတဲ့လူတွေနဲ့ဖွဲ့မယ်။
လိုအပ်ရင်လိုအပ်သလို အကူအညီရနိုင်မယ့်သူတွေကိုအရန်ထားမယ်။
သူတို့တွေက ဆုံးဖြတ်ချက်ချတဲ့နေရာတကာမှာတော့ပါမှာမဟုတ်ဘူး။ ဒါပေမယ့် လိုအပ်သလိုတိုင်ပင်ပေးမယ်။ ကူညီပေးမယ်။ ဒါမျိုးတွေလုပ်ပေးဖို့လိုတယ်။

လုပ်မယ်ဆိုတဲ့အဖွဲ့ရှိပြီဆိုရင်.
လုပ်မယ့်အဆင့်တွေတဆင့်ပြီးတဆင့် စဉ်းစားရတော့မယ်။
အချို့ဟာတွေက တစ်ခုပြီးမှ တစ်ခုလုပ်ရမှာဖြစ်ပေမယ့်
အချို့ကတော့ ပြိုင်တူ စတင်ထားလို့ရတယ်.

စနစ်ြကီးတစ်ခုစတည်ဆောက်မယ်ဆိုရင်
လိုမှာက ေငွ၊ နည်းပညာ၊ လူပေါ့
အရင်ဆုံးကတော့ ဘာလုပ်မယ်ဆိုတဲ့ပေါ်လစီချရမယ်။
အဲဒီထဲမှာ ဘာနည်းစနစ်ကိုသုံးမလဲ။
ဘယ်လောက်ေငွသုံးမလဲ။

အဆင့်တစ်ခုနဲ့တစ်ခုဘယ်လိုချိတ်ဆက်မလဲ။
ဘာတွေလုပ်လိုက်ရင်ဘာတွေကောင်းသွားမလဲလိုက်တွက်ချက်ဖို့လိုတယ်။ဒါမှ ဘာတွေအဓိကထားလုပ်မလဲ သိလိမ့်မယ်
ဘက်ဂျက်ကိုတွက်ကြည့်ရမယ်။ ဘယ်အဆင့်ဆိုဘယ်လောက် ကုန်မလဲ။
တစ်ခုခုတည်ဆောက်ပြီးတော့မှ နောက်ပိုင်းအဆင့်မြှင့်မယ်စနစ်တွေနဲ့ မကိုက်ညီလို့ ပြန်ဖျက်ပစ်ရတယ်ဆိုတာမျိုမဖြစ်ရအောင် သေချာစဉ်းစားဖို့လိုတယ်။
မဟုတ်ရင် ဘက်ဂျက်တွေဖြုန်းတီးသလိုဖြစ်မယ်။

စံစနစ်ဆိုတာတွေလည်းပါလာတော့မယ်။
အဲဒါနဲ့အတူ ဥပဒေတွေလာမယ်။
အခြားနိုင်ငံတွေမှာဒီပြဿနာရှိမရှိတော့မသိဘူး. မြန်မာနိုင်ငံမှာတော့စံပြဿနာကတော်တော်စိတ်ညစ်ဖို့ကောင်းပါတယ်။
အရင်ဆုံးအစိုးရကလိုက်နာရမယ်။ပြီးတော့ ပုဂ္ဂလိက ကုမ္ပဏီတွေ၊ မီဒီယာတွေ ၊နောက်ဆုံးမှ ပြည်သူပေါ့.
အစိုးရကိုယ်တိုင်ကိုယ်က ယောင်ဝါးဝါးဖြစ်နေတယ်။
ဘာစံကိုလိုက်နာလို့လိုက်နာရမှန်းမသိ.ကြေညာချက်တွေစွတ်ထုတ်ပြီးအောက်က ဝန်ထမ်းတွေက လိုက်မှမလုပ်ကြတာ။

အချက်အလက်သိမ်းဆည်းတဲ့နေရာ ဒေတာဘေ့စ်တွေ အများကြီးလိုလာမယ်။ စတိုခန်းလို့ပေါ့။
သူတို့က ရန်သူမျိုးငါးပါး ဒဏ်က ခံနိုင်ရည်ရှိရမယ်။
လျှပ်စစ်အချိန်ပြည့်ရရမယ်။ တစ်ခုခုဖြစ်ခဲ့ရင် အရန်အချက်အလက်တွေပြန်ယူလို့ရရမယ်။ အလွယ်တကူထိုးဖောက်ဝင်ရောက်လို့မရရဘူး.
တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့အချက်အလက်တွေသိမ်းဆည်းရမယ့်နေရာလေ၊
အရေးကြီးတာပေါ့ ။
လူတွေရဲ့ကိုယ်ရေးအချက်အလက်တွေ၊ေငွကြေးအချက်အလက်၊ကျန်းမာရေးအချက်အလက်၊ မြို့ပြအချက်အလက်၊မော်တော်ယာဉ်အချက်အလက်စတာတွေအားလုံးရှိနေမယ့်နေရာ။
ဒါတွေကို လက်ရှိသိမ်းထားတဲ့ စာရွက်စနစ်တွေကနေ ကွန်ပျူတာထဲထည့်သွင်းလို့ရတဲ့စနစ်ပြောင်းရမယ်။
အဲဒီထည့်သွင်းတဲ့နေရာမှာ လည်းစနစ်ရှိတယ်လေ။တစ်ယောက်ကိုထည့်နည်းတစ်မျိုးစီထည့်နေရင် ဘယ်လိုပြန်ရှာလို့ရတော့မှာလဲ။
ဒီအချက်အလက်တွေကပြန်ရှာရမှာပြန်သုံးရမှာ ဒါကြောင့် .ထည့်သွင်းတာမှာကော ၊ ကူးပြောင်းရာမှာကော ၊ ပြန်သုံးချတာကောမှာ တပြေးညီစနစ်တစ်ခုတည်းဖြစ်ဖို့လိုတယ်။
ဒီနေရာမှာ မြန်မာစာစနစ်ကိုသုံးမလား၊အင်္ဂလိပ်စာစနစ်ကိုသုံးမလား။
နှစ်မျိုးသုံးမယ်ဆိုရင်ကော ဘယ်အတိုင်းအတာအထိမြန်မာလိုသုံးမလဲ ဘယ်လောက်အထိ အင်္ဂလိပ်လိုသုံးမလဲစဉ်းစားဖို့လိုပြီ။
ကုဒ်နံပါတ်တွေဆိုရင်အင်္ဂလိပ်လိုသုံးလို့ရတာပေါ့။
အသေးစိတ်အချက်အလက်တွေဆိုရင်တော့ မြန်မာလိုသုံးလေ။
နာမည်၊အသက်၊လိပ်စာ၊ စတာတွေပေါ့။

အချက်အလက်သိမ်းဆည်းတဲ့နေရာတွေပြီးရင် တစ်ခုနဲ့တစ်ခုချိတ်ဆက်ပေးဖို့ကလည်းလိုလာပြီ။
အဲဒါက အင်တာနက်ပေါ့။
အင်တာနက်လိုင်းကအများကြီးပိုကောင်းဖို့လိုတယ်။
လုံခြုံစိတ်ချရဖို့လိုတယ်။ အားအားရှိလိုင်းကျနေရင်တော့ E-government ဘယ်လိုမှလုပ်မရဘူး။
မြန်မာနိုင်ငံက အကျယ်ကြီးပဲ.. လူတွေကလည်းတစ်နေရာတည်းစုနေတာမဟုတ်ဘူး
ဒီတော့ ဆေးရုံ၊ရဲစခန်း၊ နဲ့ရုံးတွေမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့တစ်ပြေးညီရဖို့ဆိုဘယ်လိုလုပ်မလဲ။
တစ်နိုင်ငံလုံးမဖြန့်ကျက်နိုင်ရင်တောင် မြို့ကြီးတွေမှာစမယ် ဆိုရင်လည်းရသေးတယ်။
ဒါပေမယ့်.. စောစော ကဝေးလံခေါင်ဖျားတဲ့နေရာမှာဖြစ်တဲ့ကိစ္စတွေကိုဘယ်လိုဖြေရှင်းမလဲစဉ်းစားဖို့လိုတယ်။
ဥပမာ.. မြို့ကြီးတွေမှာ ကလေးမွေးတာတွေ၊ ဆေးရုံမှာကုသမှုခံယူတာတွေအတွက်က ဒီ E-government စနစ်ထဲမှာပါဝင်တဲ့အတွက် မှတ်တမ်းရှိပေမယ့်.
အခြားနေရာမှာ ကုသခဲ့တဲ့သူတွေအတွက်တော့မှတ်တမ်းကပျောက်နေမယ်။
စနစ်ထဲကိုမဝင်တာရှိနေနိုင်တယ်။
ဒါတွေအားလုံးကအသေးစိတ်စဉ်းစားရမှာတွေပါ။ အရင်ဆုံးတော့ အရေးကြီးတာတွေအရင်လုပ်တာပေါ့။
ကျန်တာတွေက ဖြေးဖြေးချင်းအဖြေရှာလို့ရတယ်။
အရေးအကြီးဆုံးကတော့ အစိုးရက E-government ကြီးကဒါကြီးပါဆိုပြီး ပစ္စည်းထိုးရောင်းတဲ့ပွဲစားတွေရဲ့လှည့်ကွက်ထဲမမိဖို့ပဲ။
စနစ်ကြီးတစ်ခုလုံးဘယ်လိုအလုပ်လုပ်လဲသိဖို့လိုမယ်။
မိမိနိုင်ငံသားတွေ လုပ်တတ်ဖို့လိုမယ်။
နိုင်ငံသားပညာရှင်တွေ ရဲ့အကူအညီကိုအလေးထားဖို့လိုတယ်။
တစ်ဦးတစ်ယောက်ရဲ့လက်ဝါးကြီးအုပ်တာ။
သုံးစားမရတဲ့ဟာတွေနဲ့ အချဉ်ရိုက်ခံရတာ မခံမိဖို့ပဲ။
အထင်သေးတာတော့မဟုတ်ပါဘူး။
ခံရပေါင်းများလို့ သိနေပြီလေ။

စိတ်ကူးပေါက်ရင်ပေါက်သလိုရေးပါဦးမယ်။

 

အာသာ

8.10.2016

နေပြည်တော်

Page 3 of 6

Powered by WordPress & Theme by Anders Norén