Many Lives, Many Memories.

Category: 1st MBBS

တစ်လိမ့်လိမ့်ရွေ့သွားတဲ့.ခြေလှမ်းများ

by Nyein Chan Ko Ko (Notes) on Friday, May 18, 2012 at 1:09pm


၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့….မနက်(၆)နာရီ

ပျဉ်းမနားမြို့……..

တစ်ဂျွီဂျွီမြည်နေသံနဲ့……စကားပြောသံ..သတင်းကြေညာသံတွေကြားနေရတယ်..

သေချာတယ်…အဖေ့ရေဒီယိုကနေမှာပဲ။

ဒီနေ့မန္တလေးသွားရမယ်။

ပျဉ်းမနားမြို့လေးကတော့..ဆောင်းတွင်းမြူတွေကြားမှာအိ်ပ်ရေးမဝတဝနဲ့။

လွတ်လပ်ရေးနေ့အခမ်းအနားကိ်ု TV မှာတိုက်ရိုက်လာနေတယ်။

ဒီနေ့က နေပြည်တော်မြို့တော်ခန်းမဖွင့်ပွဲလေ။

အမေကတော့..အလုပ်တွေရှူပ်နေတယ်။

နေပြည်တော်ဖွင့်ပွဲသွားတက်ရမှာမိုလို့။

ငါကတော့ဒီနေ့နေ့လည်ကို်မြန်မြန်ရောက်စေချင်နေမိတယ်.

ငါတက်ရမယ့်တက္ကသိုလ်ကြီးရှိတဲ့.မန္တလေးဆိုတဲ့ရွှေမြို့တော်ကြီးကို်မြန်မြန်ရောက်ချင်နေပြီ။

မနေ့က မှအမေဝယ်ပေးထားတဲ့..အစိမ်းရောင်လက်ဆွဲသေတ္တာကြီးကိုကြည့်ပြီးသဘောတွေကျနေတယ်။

လိုအပ်တာတွေအားလုံးလည်းထည့်ပြီးပြီ။

အကြာကြီးထိတွေ့ကိုင်တွယ်..အဖေါ်ဖြစ်ခဲ့တဲ့.

စာအုပ်တွေ.ကစားစရာတွေ

…ငါရဲ့့ပန်းချီဆွဲတဲ့ပစ္စည်း.

ငါ့ရဲ့ CDကက်ဆက်လေး

အားလုံးကိုနောက်ဆုံးအကြိမ်…ပြန်ကြည့်နေမိတယ်။

မှန်ဘီရိုထဲကဆုတံဆိပ်တွေနဲ့………..မွေးနေ့လက်ဆောင်အရုပ်တွေ…

ဗီရိုတစ်လုံးအပြည့်ရှိတဲ့..ငါ ရဲ့စာအုပ်တွေဂျာနယ်တွေ

ဒါတွေအားလုံးက..ငါ့ကို….သခင်သွားတော့မှာလားဆိုပြီးနှုတ်ဆက်နေသလိုပဲ………………

(နေ့လည်.၁နာရီ.)

ပျဉ်းမနားဘူတာကိုရောက်နေပြီ။

ရထားကတော့မလာသေးဘူး.

အဖေနဲ့ကိုကြီးက လိုက်ပို့တယ်။

အမေကတော့မန္တလေးအထိလိုက်ခဲ့ဦးမှာ.

ဘူတာမှာသူငယ်ချင်းရဲ့အဖေနဲ့အမေတွေ့တယ်.။

ရန်ကုန်ကပြန်လာမယ့်သူငယ်ချင်းကိုလာကြိုတာလို့ပြောတယ်။

မကြာခင်ရန်ကုန်ဘက်ကရထားဝင်လာတယ်။

ငါလည်းရထားပေါ်တက်ခဲ့ပြီး…တဲ့နောက်…ရန်ကုန်ကလာတဲ့သူငယ်ချင်းနှစ်ယောက်ကလာနှုတ်ဆက်တယ်.

သူတို့က..ပျဉ်းမနားပြန်လာပေမယ့်ငါက တော့မန္တလေးကိုရက်အရှည်ကြီူးသွားရတော့မယ်လေ။

ရထားဘီးကစလိမ့်နေပြီ။

ပြူတင်းပေါက်ကမှန်တွေနဲ့မိုလို့…ဘာတွေပြောနေလည်းကောင်းကောင်းမကြားရဘူး.

ဖေဖေကတော့ပြုံးပြီးလက်ပြနေတယ်.

ကိုကြီးက..တော့သူ့ပုံစံအတိုင်း…ပဲ…ရယ်လည်းမရယ်ဘူး.

အဲဒီအချိန်သူတို့ရင်ထဲဘယ်လိုနေမလဲဆိုတာမသိဘူး.။

ဟိုးအရင်တုန်းကတော့.ကိုကြီး..မန္တလေးမှာကျောင်းသွားတက်တာကို..ဒီလိုမျိုးဘူတာမှာလိုက်ပို့ခဲ့ဖူးတယ်

အဲဒီတုန်း.က..ကိုကြီးနဲ့မေမေရထားထဲပါသွားရင်..အရမ်းဝမ်းနည်းပြီးလိုက်ချင်တာ.။

ဥသြရှည်ကြီးဆွဲသံ…………………..

တလိမ်လိမ့့်ဥသြဆွဲသံနဲ့အတူ…ငါချစ်တဲ့မြို့လေးကအဝေးမှာကျန်ခဲ့တယ်။

လမ်းမှာ..အန်ပြီးမူးနေတယ်.

မွေးနေ့လက်ဆောင်ရထားတဲ့ 256 MBပါတဲ့အနက်ရောင် sony mp4 လေးနဲ့ သီချင်းတွေက

နွေးထွေးတဲ့မိသားစုနဲ့ဝေးတဲ့.နေရာမှာ…အားပေးဖော်ဖြစ်မယ်ဆိုတာကောင်းကောင်းမသိတတ်သေးဘူး

အဲဒီတုန်းက နားထောင်နေခဲ့တဲဲဲ့သီချင်းက you were my everything နဲ့ where ‘d u go.

ဘယ်သူဆိုမှန်းမသိပေမယ့်အရမ်းကြိုက်တယ်။

ရထားပေါ်မှာကျောင်းသားတွေအများကြီးပဲ

Harry porter ထဲက ဟော့ဝက်ဒ်ကို ကျောင်းသားတက်ရသလိုမျိိုးပဲ.

ဒီအချိန်ကတက္ကသိိုုုလ်တွေဖွင့်ချိန်လေ.

ညနေ ၆နာရီခွဲ။

မန္တလေးဘူတာကိုဝင်လာခဲ့ပြီ။

အပြင်မှာအေးစိမ့်နေတယ်။

အိမ်မှာတုန်းက…….ညတိုင်းအိ်မ်မက်မက်ခဲ့တဲ့..နယ်မြေ..

တစ်ခါမှမရောက်ဖူးတဲ့.ဆေးတက္ကသိုလ်ကြိးထဲမှာအိမ်မက်ထဲမှာတော့အခေါက်ခေါက်အခါခါလျှောက်သွားနေခဲ့ပါတယ်.

အိမ်မက်တွေ..အပြ်ငရောက်လာခဲ့ပြီ။

မြို့ကြီးက အကြီးကြီးပဲနော်…… …

ဘူတာကြီးရှေ့က လမ်းအတိုင်းလာခဲ့တယ်.

တစ်နေရာရောက်တော့ဝင်းအကျယ်ကြီးနဲ့ရှုပ်ရှက်ခက်နေတဲ့လူတွေတွေ့တယ်။

မန္တလေးပြည်သူ့ဆေးရုံတဲ့..ဆိုင်းဘုတ်အကြီးကြီးတွေ့တယ်

နည်းနည်းဆက်လျှောက်လာတော့….ဆေးတက္ကသိုလ်မန္တလေးတဲ့………အဆောက်အဦးအကြီးကြီး.

သြော်.ငါနေရမယ့်တက္ကသိုလ်ကြီးပါလား………………………………………….

.ဟိုကြည့်ဒီကြည့်နဲ့ 68 လမ်းက ငှားထားတဲ့အိမ်ကိုရောက်ခဲ့ပြီ။

တစ်နေကုန်လညး်ပင်ပန်းနေခဲ့ပြီ။

ကျောင်းက ၈ရက်နေ့စတက်ရမယ်တဲ့ ဒီနေ့က ၅ ရက်နေ့ဆိုတော့ပြင်ဆင်စရာတွေပြင်ဆင်လို့ရပါသေးတယ်။

အားပါးးပါး…ညကတော်တော် အေးတာပဲ..

လာမယ့်ရက်တွေရင်ခုန်ရင်းအိပ်ပျော်သွားခဲ့တယ်။……………….

သြော်…………………………

ဒီမြို့ကြီးက မန္တလေး တဲ့လား။

Arthur (18.5.2012)

ပထမရင်ခုန်သံ

5.2.2007(monday)
xxxxxx
”ပထမနှစ်ကျောင်းသားဘဝ..က အူလည်လည်နဲ.တော်တော် တော. ပျော်ဖို.ကောင်းတယ်..
ဒီ နေ. လည်းကျောင်းသွားရဥိးမယ်…ကျောင်းမှာက ဘာစာမှမလိုက်နိုင်ဘူး။
၁၀တန်.တုန်းကလို.. ဘေးကနေ ကြပ်နေတဲ.သူတွေမရှိတော.ပိုဆိုးတာပေါ.
အင်း….pratical Chemistry Labဝင်ရဦးမယ်။။။။”‘
မောင်Arthurတစ်ယောက်… တစ်နေ. ကမှ.. ပြောင်း.လာသည်. အဆောင် အသစ် ရဲ. ကုတင်သေးသေးလေးပေါ်မှာ.. မှိန်းရင်းစဉ်းစားနေသည်… ။
ဆေးကျောင်းစတက်စဉ်က..သူငယ်ချင်းတစ် ယောက်နှင်. ပေါင်း၍..အိမ်တစ်လုံးငှားထားသည်..နောက်တွင်တော. သူငယ်ချင်းက.. အဆောင်သက်သက်ငှားနေသွားသောအခါ… တစ်ယောက်တည်းလည်း… အိမ်ငှားခပေးဖို.မတတ် နိုင်သဖြင်… နောက်ဆုံး…ငယ်သူငယ်ချင်းများနှင်.အတူ… 75လမ်း..မန္တလေးပြည်.သူ့ဆေးရုံကြီး…အလယ်ဝင်ပေါက်နားတွင်ရှိသည်.. အဆောင်တစ် ခုတွင်နေရာ ရရှိခဲ.ခြင်းဖြစ်သည်။
နံနက်စာကိုကျောင်းနားတွင်ရှိသည်. အချစ်ရွာ.. ကဖေးတွင်စားပြီး… 74လမ်းကျောင်းဝင်ပေါက်မှ… ဝင်ခဲ.သည်။.
ထို.နောက်ဆိုင်ကယ်stand မှ..ပေးလိုက်သည်.. တံဆိပ်လေးကို သေသေချာချာ လွယ်အိပ်တွင်ထည်.ကာ… Chemistry lab 1 ဆီသို. ရင်ကော.၍ချီတက်ခဲ.တော.သည်။
“ဘုန်း”
လွယ်အိတ် ကို. စင်ပေါ်တွင်ပစ်တင် ပြီး..စာအုပ်ကိုထုတ် ကာသတ် မှတ် ထားသည်. ခုံဆီသို.လျှောက်လာခဲ့သည်။ ကျောင်းဖွင်.သည်မှာသိပ်မကြာသေး၍…ခုံနံပါတ် များ… နာမည်နှင်. ပြန် မ စီ ရသေး..
ထိုနှစ် က … မိန်းကလေး အမှတ်မှာ… 496 နှင်.ဖြတ် ၍..400ကျော်နံပါတ် များဖြစ်သည်. ကျွန်တော် တို.အခန်းတွင်သာ.မိန်းကလေးများပါသည်…
ကျန်သည်. အဖွဲ.အားလုံးယောက်ကျားလေးများသာဖြစ်သည်။။
ခုံနံပါတ် ဆီ သို.ရောက်သောအခါ.. ကျွန်တော်.. ဝင်မည်.နေရာတွင်.. ကောင်မလေးတစ် ယောက် ပိတ် ထိုင်ထားသည်ကိုတွေ.၇သည်…
. သူက ခုံနံပါတ် …….
ငယ် စဉ်တည်းက မိန်းကလေးများနှင်.စကားပြောလေ.မရှိသဖြင်…/ရုတ် တရက်.. မပြောရဲ..
……………. ထိုအခါ.. သူက….သူငယ်ချင်းနှင်. စကားပြောနေရာမှ..ခေါင်းမော.ကြည်.သည်။။……………………………………………
. ကျွန်တော် စကားမပြောနိုင်သေးပဲ… သူ.ကို သေချာငေးကြည်နေမိသည်.
စက္ကန်.အတန် ငယ်ကြာသည်အထိ..ဘာမှမပြောသောကြောင်. သူက”ဘာလဲ”ဟူသောပုံစံဖြင်.မေးဆတ် ပြသည်။။
ထိုအခါမှ… အထစ်ထစ်အငေါ.ငေါ.ဖြင်..ငါအထဲဝင်ဦးမယ်ဟုပြောလိုက်သည်။။
သူက “အော် ..အေးအေး “ဆို၍နေရာဖယ်ပေးသည်.။
. .နေရာတွင်ထိုင်ပြီးသည်.နောက်..ကျွန်တော.မှာရင်ခုန်သံမပျောက်သေး…. အအေးဓာတ် မကုန် သေးသည်. ဖေဖော်ဝါရီ လ……. ဂျူတီ ကုတ် ပါးပါးလေးထဲမှာကျွန်တော်တစ်ယောက်တည်း……ချွေးတွေရွှဲနေသည်။ လက်တွေလည်းအေးစက်လို့……….. ….
မကြာမီ ပင်ဆရာမက Titration အကြောင်းသင်သည်.။..
သင်ပုန်းက ကျွန်တော် ထိုင်သည်. အခြမ်းဘက်မှရှိ၍ကျွန်တော်ထိုင်သည်. ဘက် ကို ခေါင်း များစောင်းကြည်.မှသာမြင်နီုင်သည်.။ မကြာမှီ …. စာသင်ပြီး၍လက်တွေ.စလုပ်ရသည်။ ပစ္စည်းများချပေးထား၍..နှစ်ယောက်တစ်တွဲစီ လုပ်ရခြင်းဖြစ်သည်.။
ကျွန်တော်က .စောစော က……..မှကောင်မလေးနှင်.တွဲလုပ်ရခြင်းဖြစ်သည်။
သူက.စာရေး၍ပြီးသွားပြီ .. ကျွန်တော်က မပြီးသေး…
“‘ငါရေးထားလိုက်မယ်.. နင်ဘီကာတွေဆေးထားလိုက်”
တဲ. သူ က ရုတ်တရက်ပြောလာ၍.. ကျွန်တော်က ခေါင်းတစ်ချက်ငြိမ်.ကာ . ဘေစင် ဆီသို. ခွက်သွားဆေးသည်။
ထို.နောက် ..solution များကို. ရောစပ်၍titration လုပ်သည်။ သူလည်း စာရေးတာ ပြီးသွား၍ ကျွန်တော်.ကို.. ဝိုင်းကူသည်.
ကျွန်တော်က အပူပေးနေချိန် မှာသူက နောက် တစ် ခုလုပ်နေသည်။
။ ထိုနေ.က ကျွန်တော်တို.နှစ်ယောက်အရင်ဆုံးပြီးသည်။ သူနှင်. စကား သိပ် မပြောခဲ.ပေမည်…. အတန် ငယ် ရင်းနှီးမှုရရှိခဲ.သည်။
အဆောင်ကိုပြန်ရောက်ချိန်တွင်..Chemistry စာအုပ်ထဲမှသူ.လက်ရေးလေးတွေကို ကြည်.ကာ…. အူမြူးနေခဲ.သည်။
ညဘက်သူငယ်ချင်းများစုံ၍… လက်ဖက်ရည်ဆိုင်ထိုင်တော..
. အရင် က စကားနည်းသည်. ကျွန်တော် က.. စကားတွေအများကြီးပြောလို့နေသည်။
ထို.နောက် အဆောင် ကို အိမ် က ဖုန်းလာ၍ခဏမျှပြောပြီးစောစော အိပ် ရာဝင်ခဲ.သည်.. ။
တစ်ယောက်တည်း ပြုံးကာ.. ခေါင်းအုံးလေးပိုက်၍အိပ်သွားသည်။ 🙂
တစ်ဖက်အခန်းက .. ဟိုကောင်တွေ က.R ဇာနည် ရဲ.လမင်းလေးသီ ချင်းကို ဂစ်တာနှင်.တီ းနေသည်။။
” လမင်းလေး…..ငါလွမ်းနေသည်……….မသိဘူးလား…ခံစားချက်လေးတစ်ခု…………..အနား… မင်း မရှိရင် …….ရုး…ခဲ.ရပြီ ………””
ဒုန်း
အဆောင်မှအန် တီ ကြီး ရဲ. ခြေဆောင့်သံ………………တစ် ဖက် ခန်းမှအသံများတိတ်သွားသည်။။
Wah!!!!!!!မနက် ကျောင်းစောစောသွားရဦးမယ်.ကွာ.. အိပ် ပြီ …………………..
To be continued…………………………………………………………………..
Dr. Pioneer

Powered by WordPress & Theme by Anders Norén