Tuesday, December 11, 2012 at 7:56pm

ဒုတိယပိုင်း

ကျွန်တော်တို့အလုပ်သင်အဖြစ်တာဝန်မထမ်းဆောင်မီက. . ဆေးတက္ကသိုလ်မန္တလေးတွင်.. ပါမောက္ခချုပ်နှင့်တွေ့ဆုံပွဲမှ…စကားလုံးများကိုပြန်လည်အမှတ်ရမိနေသည်။

ထိုပွဲမှာ..ကျွန်တော်တို့ကို..ဆရာဟု. ပါချုပ်က သုံးနှုံးခေါ်ဝေါ်သွားသည်။

ထိုစဉ်က ရင်ထဲမှာမဖေါ်ပြတတ်သောပီတိလှိုင်းတစ်ခု ဖြတ်သန်းသွားခဲ့ဖူးတယ်

ကျွန်တော်တို့နှင့်ဆက်ဆံရမည့် သူများအပေါ်အတတ်နိုင်ဆုံးစိတ်ရှည်ရန်.. သည်းခံနားလည်ပေးရန်..မှာကြားခဲ့တယ်

ထိုသူများထဲတွင်.ဆရာဝန် အကြီးများ,.သူနာပြုများ, ဆေးရုံမှ ၀န်ထမ်းများ, နောက်ဆုံးအဓိက အကျဆုံးဖြစ်သည့်လူနာများနှင့်ဆက်ဆံရာတွင်.. သဘောထားကြီးကြီးထားရန်..ကိုအဓိက ပြောသွားခဲ့တာကိုကျွန်တော်မမေ့သေး.။

ပထမဆုံးနေ့ ပထမဆုံးအလုပ်ခွင်မှာပင်.. …အခက်အခဲကိုစတင်တွေ့နေရပြီ

ကျွန်တော်ထိုးရမည့်ဆေးထိုးအပ် အကြီး၃ချောင်းနှင့်

ထိုးစရာအကြောရှာမရသော လူနာကြီး….

ဆေးထိုးအပ်ကိုအကြောရှာတွေ့သည်ဆိုဦးတော့.. ဆေးတစ်မျိုးက. ဖြေးဖြေးချင်းထိုးရမည့်ဆေးဖြစ်သည်.။

တစ်ချောင်းချင်းကို.. နေရာမလွဲပဲထိုးရန်ကမဖြစ်နိုင်.။

ဒါနှင့်

လက်ထောက်ဆရာဝန်အစ်မကိုအကူအညီတောင်းကြည့်တော့.. သူကိုယ်တိုင်အပ်လာစိုက်ပေးသည်။

သူလည်းစိုက်လို့မရ… ကျွန်တော်တို့ချွေးဒီးဒီးကျနေချိန်မှာ.. သူနာပြုဆရာမက butterfly ဟုခေါ်သော ယာယီထိုးသည့်အပ်အသေးစားလေးတစ်ခုနှင့်အကြောရှာဖွေပေးသည်။

ထိုအပ်အသေးလေးမှတဆင့် ကျွန်တော်ဆေးထိုးလို့ရခဲ့သည်။

ဂျူတီစဝင်ပြီး.. ၃နာရီပင်မပြည့်သေးခင်. ကျွန်တော်. ခေါင်းတွေပူနေလေပြီ။

လည်ပင်းမှာဆွဲထားသည့်နားကြပ်က.. အလွန်တရာလေးလံသည်ဟုခံစားနေမိသည်။

ဂျူတီခန်းထဲက ကွန်ပျူတာရှေ့တွင်.. ထိုင်ကာ . ကျွန်တော်တွေးငေးနေမိသည်။

အခန်းထဲက white board ပေါ်မှာ ကျွန်တော်နားမလည်သည့်အသုံးအနှုန်းနှင့်.. စာတွေရေးထားတာတွေရှိသည်.

ကျွန်တော့်ရှေ့မှာ. . အင်တာနက်ချိတ်ထားသည့်ကွန်ပျူတာတစ်လုံးရှိသည်။

ဘေးက စားပွဲရှည်ပေါ်မှာ.. စာရွက်စာတမ်းတွေက ပွစိလန်ကျဲနေသည်။

Ecg စက်တွေ.. ဘာမှန်းမသိသေးသည့်.. အောက်ဆီဂျင် မျက်နှာဖုံးပါသည့်စက်လေးတွေ. . .သွေးပေါင်တိုင်းကိရိယာတွေက.. စင်တွေပေါ်မှာ ဖြစ်သလို..စံမြန်းနေသည်။

အခန်းထဲမှာကုတင်က တစ်လုံးတည်းရှိသည်..

ထိုကုတင်တစ်လုံးထဲပေါ်မှာ ကျွန်တော်တို့ HOUSE SURGEON တွေရဲ့ အိတ်တွေ.. ..အသုံးအဆောင်တွေ .နဲ့ပြည့်နေတာ

ညဆိုဘယ်လိုအိပ်ရမလဲလို့ကျွန်တော်စဉ်းစားနေမိတယ်။

senior ၂ယောက်က. ဘေးကခုံပေါ်မှာစကားပြောပြီးရယ်နေကြတယ်။

ကျွန်တော်ကတော့..ပထမဆုံး ညမှာမပျော်နိုင်ပဲ စိတ်ညစ်နေခဲ့တယ်။

“House တွေ CPR လုပ်မယ်!!!!!!!!!!!!”

Senior နောက်တစ်ယောက်

အခန်းဝက နေအော်ပြီး.. ECG စက်တင်ထားတဲ့တွန်းလှည်းကိုတစ်ဂျောင်းဂျောင်းမြည်အောင်..တွန်းသွားသည်။

CPR ဆိုတဲ့အသံကြားတော့.စောစောကဘေးနားမှာစကားပြောပြီးရယ်နေတဲ့အစ်ကိုနှစ်ယောက် ၀ုန်းကနဲထပြီး..အပြေးထွက်သွားကြတယ်။

တစ်ယောက်က ဘေးနားမှာတွေ့တဲ့ ပလပ်စတစ် သေတ္တာလေး (Emergency Box)ကို ကောက်ယူသွားတယ်။

ကျွန်တော်က ..တော့ယောင်နနနဲ့နောက်ကပါသွားခဲ့တယ်.

mu3 ကို အဝင်..ဓာတ်လှေကားနားမှာ… လူနာတင်တွန်းလှည်းတစ်ခုရှိနေတယ်။

ယခုမှ အရေးပေါ်လူနာဌာနကလွှတ်လိုက်ခြင်းဖြစ်ဟန်တူသည်။

အဲဒီပေါ်မှာ.. လူကြီးတစ်ယောက်ကမလှုပ်မယှက်

ဘေးနားမှာ.. လူနာအစောင့်တစ်ချို့တစ်လေကိုတွေ့တယ်။စောင်ထုပ်လေးတွေ..

ခြင်းတောင်းလေးတွေဆွဲကိုင်လို့.

သူတို့မျက်နှာတွေကတော့မကောင်းကြ..

Senior တစ်ယောက်က ကုတင်ပေါ်က လူကြီးရဲ့ရင်ဘတ်ပေါ်က ..နေလက်နှစ်ဖက် ကိုဆန့်ပြီး အားနဲ့ပုံမှန်ဖိပေးနေတယ်.

AS (လက်ထောက်ဆရာဝန်)အစ်မက.. ခေါင်းရင်းဘက်ကနေ. ပြီး..ခေါင်းကိုနောက်ကိုလန်အောင်. လှန်ပြီးလက်နှစ်ဖက်နဲ့ထိန်းပြီးဆွဲပေးထားတယ်။

နောက် တစ်ယောက်က.လူနာရဲ့.ခြေလက်နှစ်ဖက်မှာ ECG က electrode တွေတပ်ပြီးပေါ်လာတဲ့ wave တွေကိုကြည့်နေတယ်။

Oncall လို့ခေါ်တဲ့ ဒီနေ့ညဂျူတီကျတဲ့. အကြီးဆုံးဆရာဝန်အစ်မရောက်လာတယ်။

“မောင်လေးတို့ … Atropine, Adrenaline, Amirodarone တွေစုပ်ထားလိုက်တော့…”

ကျွန်တော်က ထိုဆေးများကိုစာအုပ်ထဲတွင်သာကြားဖူုးသည်။

အပြင်မှာဘယ်လိုပုံစံရှိသည်ဆိုတာကိုတစ်ခါမှမမြင်ဖူးသေး..

Ebox ထဲက ဆေးမျိုးစုံထဲမှာမွှေနှောက်ရှာဖွေရင်း..ရှာမတွေ့ဖြစ်နေသည်။

ဘေးမှာဂျူတီတူသူငယ်ချင်းများကလည်းကူရှာပေးနေသည်။

မကြာမီပင်လိုအပ်သောဆေးများရှာတွေ့သည့်အတွက်.. ဆေးထိုးအပ်နှင့်လိုအပ်သည့်အခါသုံးရန်အဆင်သင့်စုတ်ထားလိုက်ကြသည်။

ဘေးမှက.ရင်ဘတ်ကို… တစ်ယောက်တစ်လှည့်စီဖိပြီး အသက်ကယ် မှုပြုလုပ်နေကြသည်။

ကျွန်တော်စကြည့်မိသည့်အချိန်တည်းက.. ECG မှာ က wave တွေမပေါ်တော့.. flat ပြနေသည်။

ရကောရနိုင်ပါ့မလားလို့တွေးနေမိသည်။

သို့ရာတွင်.. CPR လုပ်နေခြင်းကိုတော့… မရပ်ကြသေးပေ။

ကျွန်တော့်မျက်စိထဲတွင်မြင်မိသည်က..တွန်းလှည်းပေါ်မှလူနာသည်..ကျွန်တော်တို့CPR မလုပ်မီ အစောတည်းကပင်ဆုံးပါးနေခဲ့လေပြီဖြစ်သည်။

သူတို့ဘာကြောင့်ဆက်လုပ်နေကြသည်ကိုကျွန်တော်နားမလည်နိုင်ခဲ့ပါ။

လူနာရှင်မိသားစုကိုတစ်ချက်ကြည့်မိလိုက်သည်။

အမျိုးသမီးတစ်ယောက်ကတိုင်ကိုမှီပြီးငိုနေသည်။

သားဖြစ်ဟန်တူသည့်အမျိုးသားကြီးများကတော့..ဆရာဝန်များ. . အလုပ်လုပ်နေသည်ကိုရီဝေစွာငေးကြည့်နေသည်။

သူတို့မျက်နှာတွင်.. မျှော်လင့်ချက် အနည်းငယ်ကိုမြင်ရသော်လည်း.. စိတ်လျှော့ထားပြီးသားဖြစ်မှန်းသိသာသည်။

တာဝန်ကျဆရာဝန်အစ်မက… လူနာရှင်တွေကိုအကျိုးအကြောင်းရှင်းပြနေသည်။

တုန်ရီသော အသံများဖြင့်. .” ကျွန်တော်တို့ပြန်ခေါ်သွားချင်ပါတယ်ဒေါက်တာ”

ကျွန်တော်က ဘေးမှပြဇာတ်တစ်ပုဒ်ကိုကြည့်နေရသူလိုဖြစ်နေပါသည်။

လူနာ၏မျက်နှာကိုအသေအချာကြည့်မိသည်.။

သူ၏ ဘဝတွင်လည်း.အမှတ်ရစရာများစွာရှိလိမ့်မည်.။

နောက်ဆုံးမျှော်လင့်ချက်အထိ..ကျွန်တော်တို့ကြိုးစားခွင့်ရှိသော်လည်း..သူရဲ့.လောကကြီးထဲမှာ နေချိန်ကားစေ့သွားပြီဖြစ်သည်။

ဇာတ်ကားထဲတွင်တော့.. လူနာဆုံးပါးသွားခဲ့လျှင်. .ပိတ်ဖြူလေးတစ်စ.. မျက်နှာပေါ်အုပ်ကာသွားလေ့ရှိသည်.

ထိုပိတ်ဖြူကား. အပြင်တွင်..မရှိပါ။

ကျွန်တော်တွေ့ရသောလူနာကိုကား.. စောင်ပါးလေးတစ်ထည်ဖြင့်. မျက်နှာကိုဖုံးအုပ်ထားလိုက်လေပြီ။

“ငါရဲ့တာဝန်တွေပြီးဆုံးပြီ. … ငါ့ကိုလွတ်လပ်စွာနေခွင့်ပေးပါတော့လို့ဆိုနေသလိုပင်..”

လို်အပ်သော ကိစ္စရပ်များကို.. ရှင်းပြနေစဉ်.

ကျွန်တော်က .. ECGစက်ကိုဖြုတ်သိမ်းပြီး..အခန်းထဲသို့တွန်းလာခဲ့သည်။

လူနာများကအပြည့်…

ညည်းညူသံတစ်ချို့ကိုကြားနေရသည်။

ကျွန်တော်နားချင်နေပြီ.။ဒါပေမယ့်.နားစရာကုလားထိုင်တစ်လုံးသာရှိသည်။

ကွန်ပျူတာစားပွဲပေါ်မှာ.. မှောက်ကာ အိပ်ချင်နေသည်။

ယမန်နေ့ညက..ပျော်ရွှင်ခဲ့သောအဖြစ်အပျက်များ နှင့်လက်တလောကြံုတွေ့ခဲ့ရသောကိစ္စများသည်..

အဓိပါ္ပယ်ချင်း.ကွာခြားလှပါသည်။

ကျွန်တော်တစ်ညအတွင်းမှာပင်..အသက်အတော်ကြီးသွားသလိုခံစားနေရသည်။

မနေ့ညကအထိ.. ကျွန်တော်ပျော်ပါးနေခဲ့သောလူငယ်တစ်ဦးပဲဖြစ်နေတုန်းရှိသေးသည်။

ယနေ့ည… သေခြင်းတရားကို..မျက်စိရှေ့မှာမြင်နေရပြီ။

ကွန်ပျူတာရှေ့မှာလက်နှစ်ဖက်ကိုခေါင်းအုံုးအဖြစ်ထားပြီးမှောက်ကာအိပ်ဖို့ကြိုးစားသည်။

ကျွန်တော်အိပ်လို့မရပါ။

မနက်၃နာရီကျော်တော့မည်။

ကျွန်တော့်စိတ်တွေကဟိုရောက်လိုက်ဒီရောက်လိုက်.

ဟိုးငယ်ငယ်က.. ကျန်းမာရေးခဏခဏချူချာသော… Arthur ပေါက်စလေးဘဝကိုပြန်ရောက်သွားခဲ့တယ်။

ဆေးထိုးရမှာကို..အသေကြောက်တတ်တဲ့ကောင်လေး.

ထို့ကြောင့်ပင်တော်ရုံတန်ရုံနှင့်ဆေးမထိုးခဲ့ရ။

လည်ချောင်းနာပြီးခဏခဏဖျားတတ်သည်။

ထိုကဲ့သိုု့အချိန်မျိုးရောက်တိုင်း…နယ်မှာရှိသည့်.ဆေးခန်းတစ်ခုဆီသို့ပြေးရစမြဲဖြစ်သည်။

ကလေးဆရာဝန်က သက်သက်မရှိ.။

လူကြီးကုသောဆရာဝန်ကြီးဆီမှာပင်ကျွန်တော်ကုသမှုခံယူခဲ့ရသည်။

ကျွန်တော့်မျက်စိထဲမှာ.. လူခန္ဒာကိုယ်ပုံ ကားချိတ်များချိတ်ထားပြီး အဝါရောင်ဆေးများသုတ်ထားတဲ့အခန်းလေးတစ်ခန်းပုံပေါ်လာတယ်။

ီမီးချောင်းတစ်ချောင်းက.. မျက်နှာကျက်မှာတွဲလွဲချိတ်လျက်သား..

ပန်ကာ အိုကြီးက လည်းဖြေးဖြေးချင်းလည်နေသည်.

ကျွန်တော်က ကုတင်ပေါ်မှာပက်လက်ကလေး.

ဆရာဝန်ကြီးကအမေနှင့်စကားပြောနေသည်..

အခန်းထဲမှာဆရာဝန်ကြီးကိုကူညီပေးသည့်ဆံပင်တိုတိုနှင့်မိန်းကလေးတစ်ယောက်က..ကြွေ ငြုတ်ဆုံထဲဆေးပြားလေးတွေထည့်ထောင်းနေသည်..

ပြီးနောက် ထိုဆေးမှုန့်လေးများကိုဖျော်ပြီးပုလင်းသေးသေးလေးများနှင့်ထည့်ပေးသည်။

အခန်းထောင့်တစ်နေရာမှာရေနွေးအိုးကြီးက ပွက်ပွက်ဆူနေသည်..

ကျွန်တော်အသေကြောက်သော ဆေးထိုးအပ်ကြီးများကို ထို ရေနွေးအိုးကြီးနားတွင်တွေ့ရသည်..

ဆေးခန်းထဲမျက်လုံးကစားနေရင်း ဆရာဝန်ကြီးကိုလည်းမျက်ခြေမပျက်ရဲ

ဘယ်အချိန် ..ထိုဆေးထိုးအပ်ကြီးများသွားယူပြီးထိုးမလဲဟု.. စိုးရိမ်စိတ်ဖြင့်ကြည့်နေမိသည်။

ကျွန်တော်စိတ်ဝင်စားသော အရာများက ငှက်ပျောဖူးပုလင်းသေးသေးလေးများ ထည့်ထားသည့်.စက္ကူကတ်ဖာသေးသေးလေးများ။..

အမေ့ကိုတိုးတိုးလေးကပ်ပြောမိသည်။

“မေမေသား.. အဲဒီဘူးလေးလိုချင်တယ်…”

“သားကဘာလုပ်မလိုု့လဲ…”

“ကစားချင်လို့”

ဆရာဝန်ကြီးကကျွန်တော်ပူဆာနေတာကိုကြားသွားဟန်တူသည်..။

“သားသားလိုချင်ရင်ယူသွားလို််က်ပါအမေရယ်… ဒီမှာဘူးခွံတွေအများကြီးရှိတာပဲ..”

Arthur ပေါက်စလေးသည်.. ဆေးပုလင်းလေးများထည့်သည့်.. ကတ်ဘူးလေးများကို ရင်ဘတ်ထဲ ..ပွေ့့ပိုက်ရင်း..ဆေးခန်းထဲမှာ.. ပြံုးရွှင်စွာထွက်လာသည်..

မေမေကို့တော့သောက်ရမည့်ဆေးတွေအကြောင်းကို… ဆရာကြီး၏အကူမိန်းကလေးမှ.. မှာနေသည်…

သူ့လေသံနားထောင်ရသည်မှာ.သတင်းဖတ်နေသူတစ်ယောက်လိုမျိုးဖြစ်သည်…

အတက်အကျမရှိ..တစ်သမှတ်တည်း..ကြီး.

အဝါရောင်အခန်းသည်တစ်ဖြည်းဖြည်းနှင့်. အစိမ်းရောင်အခန်းအဖြစ်ပြောင်းလဲသွားသည်

အခန်းထဲမှာမီးက လင်းထိန်နေသည်

ကျွန်တော့်ရှေ့မှာ.ငယ်ငယ်က အရမ်းလိုချင်ခဲ့သည့် .. ဆေးပုလင်းထည့်သည့်ကတ်လေးများရှိသည်.

အရမ်းကြောက်ခဲ့သည့်ဆေးထိုးအပ်များလည်းရှိသည်.

သို့သော်… ရေနွေးအိုးကြီးတော့ရှိတော့မှာမဟုတ်..

အားလုံးကတစ်ခါသုံး.. ပလတ်စတစ်များနှင့်ဖြစ်ကုန်ပြီ။

ကျွန်တော့်မြို့မှာကျန်ခဲ့သည့်ဆရာဝန်ကြီးကော… အခုဆိုအသက်ဘယ်လောက်ရှိသွားပြီလဲမသိ..

သူရဲ့ဆေးစပ်တဲ့ကောင်မလေးကော..ဘယ်တွေရောက်သွားပြီလဲမသိ…

ဆရာဝန်ဖြစ်ချင်တယ်လို့တစ်ခါမှလည်းဆုမတောင်းခဲ့မိပါဘူး.

ကျွန်တော်ငယ်ငယ်က ကြံုခဲ့တဲ့. ဆရာဝန်ကြီးတွေကိုလည်း..သူရဲကောင်းကြီးတွေအဖြစ်မထင်ခဲ့မိပါဘူး.

သို့သော်ကံကြမ္မာက ဆန်းကြယ်သည်.။

ကျွန်တော့်ကိုကုသပေးခဲ့သော ဆရာဝန်ကြီးနှင့်တစ်နေရာရာတွင်ပြန်တွေ့လျှင်ပင်..သူပဲ..အံသြလေမလား.

၀မ်းသာလေမလား။

သာမာန်လူဘဝတုန်းက.ဆရာဝန်ဆိုသည်ကိုမြင်ခဲ့သည့်အမြင်နှင့်

ပထမဆုံးဆရာဝန်တစ်ယောက်အဖြစ်သတ်မှတ်ခံရသည့်ညမှာ..ခံစားမိသော.. အမြင်

အပြင်လူများထင်မြင်ကြသည့်..လက်ဖျားငွေသီးသော ဆရာဝန်ကြီးတွေအကြောင်း.

ကျွန်တော်မြင်ရသည့်ဆရာဝန်ရဲ့အလုပ်တွေအကြောင်း.

ဆရာဝန်ဆိုသည်မှာကောင်းကောင်းနေကောင်းကောင်းစား…နားနားနေနေအလုပ်လုပ်ရတဲ့လူတွေလို့ထင်မြင်ခဲ့တဲ့… ငယ်ဘဝအတွေး.. အပြင်လူအတွေး.

ပထမဆုံးမြင်ခဲ့တဲ့.. ဆရာဝန်ပေါက်စလေးတွေ.ရဲ့….ညတိုက်ပွဲ.တွေ

ခန္ဒာကိုယ်ကနုံးချိနေပြီ.။

သူငယ်ချင်းမိန်းကလေးတွေကတော့အိပ်နေကြပြီ။

senior အစ်ကိုများလည်းအိပ်နေကြပြီ။

ကျွန်တော်တစ်ယောက်တည်းကွန်ပျူတာရှေ့မှာလေ..

စိတ်ကအိပ်တစ်ဝက်နိုးတစ်ဝက်..မှေးခနဲအိပ်ပျော်မယ်ကြံရင်ပြန်ပြန်နိုးသွားတတ်တယ်။

ညဂျူတီဆင်းရတယ်ဆိုတာဒီလိုမျိုးလား.။

ငါတစ်နှစ်လုံ.း.. မှလုပ်နိုင်ပါ့မလား။

အခန်းထဲမှာအဲယားကွန်းနှစ်လုံးရှိတယ်…

ကျွန်တော်ကချွေးစေးတွေပြန်နေတယ်…

အတွေးများနဲ့.အိပ်ပျော်ခါနီးမှာ..

“ဒေါက်ဒေါက်….ဒေါက်…. ဆရာ…ဆရာ…..”

အခန်းအပြင်မှတံခါးခေါက်သံကြားရသည်.

အခန်းတံခါးကိုထဖွင့်ပြီး

“ဟုတ်ကဲ့.ဘာဖြစ်လို့လဲခင်ဗျာ”

“ဆရာ.လူနာကခြေတွေလက်တွေအေးစက်နေလို့လာကြည့်ပေးပါဦး ”

နားကြပ်ကိုဆွဲပြီးကျွန်တော်လူနာကုတင်ရှိရာကိုလိုက်သွားခဲ့သည်။

လူနာကအဘိုးအိုတစ်ယောက်.

ကျွန်တော်လာတာမြင်သည့်အခါလူနာစောင့်များက.. ကုတင်ဘေးမှာရှိသည့်ခုံကိုဖယ်ပေးပြီးဝင်လို့ရအောင်လုပ်ပေးသည်။

ခြေထောက်တွေ.လက်တွေကိုင်ကြည့်လိုက်တော့အမှန်ပင်အေးစက်နေသည်။

လူနာသည်ငြိမ်သက်လွန်းသည်ဟုကျွန်တော်ထင်သည်…

သွေးခုန်နှုန်းကိုကိုင်ကြည့်သည်…..ဒါပေမယ့်မရ.

နှလုံးခုန်သံကိုနားထောင်ကြည့်သည်

သေချာအောင်အာရုံစူးစိုက်ပြီး..နားထောင်ကြည့်သည်။

ဒါပေမယ့်. နှလုံးခုန်သံမကြားရ..

အသက်ရှုသံလည်းမကြားရ…..

ကျွန်တော် torch light လေးနှင့် သူငယ်အိမ်ထဲကိုကြည့်ချင်သည်.

ဒါပေမယ့်ကျွန်တော့်ဆီမှာပါမလာခဲ့။

“လူနာအခြေအနေဘယ်လိုရှိလဲ….ဆရာ”

“ခဏလေးဗျာ..ကျွန်တော့်ထက်အကြီးကိုပြောပေးပါမယ်.”

AS အစ်မရှိသည့်အခန်းကိုတံခါးသွားခေါက်သည်…

ခဏအကြာအစ်မထွက်လာသည်..

ကျွန်တော်ကစောစောကလူနာအကြောင်းပြောပြသည်.

ချက်ချင်းပင်..သူလိုက်လာခဲ့သည်..

ကျွန်တော့်ကိုလည်း ECGစက်ယူခဲ့ဖို့ပြောပြီး

ကျန်တဲ့ House တွေကိုလည်း…နှိုးခိုင်းလိုက်သည်.

ကုတင်နားရောက်တော့..အစ်မက Torch light နှင့်မျက်လုံးကိုထိုးကြည့်နေသည်။

“အစ်မ.. ECG တပ်ရဦးမလား”

အစ်မကကခေါင်းရမ်းပြတယ်။

ဒုတိယအကြိမ်… သေခြင်းတရားနှင့်ကြံုခြင်းပင်.

လူနာရှင်များကတည်ငြိမ်သည်။

အော်ဟစ်ငိုယိုသံတွေမကြားရ

တိတ်ဆိတ်စွာဝမ်းနည်းခြင်းက.. ထွက်ခွာသွားသူကို…အကောင်းဆုံးလက်ဆောင်ပေးခြင်းဖြစ်နိုင်ပါတယ်။

အစ်မကတော့ လူနာရှင်တွေကို ..လူနာဆုံးသွားသည့်အကြောင်းပြောပြနေသည်။

မနက်၅နာရီထိုးခါနီးပါပေါ့လား

အချို့စပ်စုတတ်သည့်လူနာစောင့်တွေကဘေးကလာကြည့်နေကြသည်။

သူတို့ကိုကျွန်တော်ရှောင်ရင်းဖြင့်အခန်းထဲပြန်လာခဲ့သည်။

ကျန်သော အလုပ်သင်သူငယ်ချင်းများကနို်းနေပြီ။

“၆နာရီထိုးလျှင် လူနာတွေအားလုံးသွေးပေါင်တိုင်းရမယ်။

ဆေးလိုက်ထိုးရမယ်။”

အခန်းထဲမှာရှိတဲ့ဘေစင်ဆီကိုသွားပြီး…မျက်နှာသစ်လိုက်တယ်..

ဆောင်းတွင်းဆိုတော့ရေက အေးစက်နေသည်..

နည်းနည်းတော့လန်းသွားသလိုရှိသား.

ဒါပေမယ့်မျက်လုံးတွေကျိန်းစပ်နေတာကိုတော့… ဖျောက်ဖျက်လို့မရနိုင်.

တစ်ညလုံးလည်းကောင်းကောင်းမအိပ်ခဲ့ရတော့… အခုဗိုက်က ဆာပြီးအောင့်နေတယ်။

ကျွန်တော့်ဆီမှာဘာဆေးမှလည်းမပါ.. သူငယ်ချင်းတွေကလည်းမယူခဲ့ကြ..

အခန်းထဲမှာရှိလိုရှိငြား..

kermil S လိုက်ရှာကြည့်သည်…..

စားပွဲတစ်နေရာမှာ..sample ပေးထားတဲ့ kermil s တစ်ကတ်တွေ့တယ်.

နှစ်လုံးပဲပါတယ်..

“နင်တို့စားဦးမလား Kremil S ”

“ရတယ်ငါတို့မစားတော့ဘူး.

ကော်ဖီသောက်ဦး………… ရော့”

“အေး..ကျေးဇူး..”

သူနာပြုအခန်းထဲက ရသည့်ရေနွေးနှင့်… တစ်ယောက်တစ်ခွက်ဖျော်နေကြသည်.

ညတည်းက ကော်ဖီထုတ်တွေကိုသယ်လာသည်ပဲကို.

မိန်းကလေးများပီသကြပါသည်…

သူတို့ အတွက် night duty က တကယ့်ကိုပစ္စည်းအစုံအလင်ဖြစ်သည်..

ခေါင်းအုံးပါတယ်.စောင်ပါတယ်..လင်းနွေဆိုရင် မျက်စိမစူးအောင်ကာတဲ့မျက်လုံးဖုံးလေးတောင်ပါသေးတယ်.။

ကော်ဖီနဲ့ဆရာဝန်က…ခွဲမရတဲ့..ညီအစ်ကိုတွေလိုဖြစ်တယ်ဆိုတာ…ကျွန်တော်သဘောပေါက်ခဲ့တယ်.

ကော်ဖီသောက်ပြီးချိန်မှတော်တော်တော့လန်းသွားပြီ။

ဗိုက်ဆာတာပဲသိပ်မပျောက်တတ်သေး..

ဆေးထိုးဖို့ BPတိုင်းဖို့အတွက်.. အကန့်တွေခွဲကြသည်..

အမျိုးသား ဘက်က အကန့်၃ကန့်..အမျိုးသမီးဘက်က ၃ကန့်ရှိသည်.။

တစ်ကန့်ကို် ဘယ်ညာ..၂တန်းရှိသည်..

တစ်တန်းကုုိ ၆ယောက်ဆိုတော့ . ဆေးထိုးရမယ့်သူ.. ၁၂ယောက်အနည်းဆုံးရှိသည်.

ဒါအပိုခုံတွေမပါသေး.

တစ်ရုံလုံး..အပိုတန်းတွေကောဆိုတော့လူနာ ၈၀ ၀န်းကျင်လောက်တော့ရှိတယ်..

ကျွန်တော်တို့…သွေးပေါင်ချိန်တိုင်းကြပြီ။

လူနာတွေအတွက်.ဆေးစထိုးကြပြီ.

(ဇန်နဝါရီလ၂ရက်နေ့)…..

ပြူတင်းပေါက်ကို ဖြတ်သန်းပြီးကျလာသည့်..နေရောင်ခြည်…နုနုလေး..

အိမ်မက်ရှည်ကြီးတစ်ခုမက်နေသလိုကျွန်တော်ခံစားရသည်။

ကျွန်တော်ဆေးရုံကို..အရမ်းကြောက်ခဲ့ဖူးတယ်။

သို့သော်. ကျွန်တော့်ဘဝရဲ့တစ်စိတ်တစ်ပိုုင်းက..ဆေးရုံဖြစ်သွားခဲ့ပြီ.။

မပြင်ဆင်ပဲနဲ့.ဖြတ်သန်းခဲ့ရတဲ့..အလုပ်သင်ဆရာဝန်ဘဝ..ရဲ့ပထမဆုံးညကို..ဘယ်တော့မှမမေ့နိုင်ပါဘူး.

မနက်ဖြန်တွေအတွက်.ပြင်ဆင်ရတော့မယ်။

ရွှေဘုံပေါ်မှာ မာနတွေနဲ့စံမြန်းခဲ့ဖူးတဲ့ပညာတတ်လူငယ်တွေက

လူနာတွေရဲ့… ဝေဒနာနဲ့ယှဉ်တဲ့အခါ.အရှုံးပေးခဲ့ကြရပါတယ်.

ကျွန်တော်တို့ကြောက်တတ်တဲ့စိတ်တွေက.

သူတို့ရဲ့ ရှင်သန်ဖို့အတွက်.ရဲရင့်လာရတယ်။

ကျွန်တော်တို့အင်မတန် ကြောက်ခဲ့တဲ့ရောဂါတွေဟာလည်း

ငါတို့အတွက်မကူးနိုင်လောက်ပါဘူးဆိုတဲ့အသိ…စွဲကပ်သွားတဲ့အထိ..

ပေတေနေခဲ့ကြတယ်.

တကယ်တော့

ကျွန်တော်တို့ဆီမှာ

ဆရာဝန် ဆိုတဲ့နာမည်ရှိနေသရွေ့တော့..မနက်ဖြန်တို်င်းဟာပြင်ဆင်စရာတွေအတိနဲ့ပါပဲဗျာ……………………………….

အာသာ