Many Lives, Many Memories.

Category: Student Life Page 1 of 8

Yellow Stone သို့တစ်ခေါက်

Camp ထိုးတာကို နှစ်ခါကြုံဖူးတယ်။ အရင်က ထင်ထားတာက camp ထိုးတယ်ဆိုတာ မြို့ပြနဲ့အဝေးကြီး၊ တောအုပ်ကြီးထဲမှာသွားထိုးကြတာလားပေါ့လေ။

တကယ့်တကယ်ကျတော့ အဲဒီလောက်လူတွေနဲ့ အဝေးကြီးမဟုတ်ပြန် ။​Camp ground တွေကို အွန်လိုင်းကနေ ငှားထားလို့ရတယ်။

တောအုပ်ကြီးထဲမှာ camp ထိုးတဲ့သူတွေ နေလို့ရဖို့ ပြင်ဆင်ပေးထားတဲ့ သီးသန့်နေရာပေါ့။ ဒါကြောင့် ကြုံရာနေရာမှာထိုးနေရတာမျိုးတော့မဟုတ်ဘူး။

တကယ့် adventure ကြိုက်တဲ့သူတွေဆိုရင်တော့ ဘယ်သူမှမပြင်ဆင်ပေးထားတဲ့နေရာကို ကိုယ့်ဘာသာ သွားထိုးရင်လည်းရရင်ရမှာပေါ့။

risk တော့ပိုယူရလိမ့်မယ်။

အခုလို ပြင်ဆင်ပေးထားတဲ့နေရာတွေမှာဆိုရင်တော့ ကိုယ့်လိုပဲတခြားလူတွေလည်းမနီးမဝေးမှာရှီနေလိမ့်မယ်။

Yellostone campground ကိုရောက်တော့ ဘေးမှာ အာရှသားမိသားစုတစုလည်းရှီတယ်။ သူတို့ကြည့်ရတာ ဂျပန်တွေနဲ့ပိုတူတယ်။

အဓိကကတော့ တိတ်တိတ်ဆိတ်ဆိတ် နေတတ်လို့ အဲဒီလို ကောက်ချက်ချမိတာပဲ။

ရောက်ရောက်ချင်းမှာတော့ ကိုယ်နေမယ့် ရွက်ဖျင်တဲလေးတွေကို ကိုယ့်ဘာသာ ပြင်ဆင်ရတယ်။ ရွက်ဖျင်တဲ တခုစာအတွက်အိတ်လေးနဲ့ ထည့်လာတဲ့ စတီးချောင်းတွေ၊ မိုးကာစတွေရှိတယ်။ အဲဒါတွေကို ထုတ်ဆင်ရတာ ပျော်ဖို့ကောင်းသလို စိတ်ညစ်ဖို့လည်းကောင်းပါတယ်။

လုပ်တတ်သွားရင်တော့ တော်တော်မြန်မြန် နဲ့ တဲတလုံးဆောက်လို့ပြီးတယ်။

မြင်ဖူးတဲ့ ရွက်ဖျင်တဲတွေကသေးသေးလေးတွေ၊​ အဲဒီ campround မှာတော့ ဖျင်တဲ အကြီးကြီးတွေကိုပါ ဆောက်ထားကြတာတွေ့တယ်။

မိုးရွာတဲ့တောတွေထဲမှာ ဆိုအဆင်ပြေတာပေါ့။ သယ်ရတာလည်းလွယ်တယ်လေ။

ကိုယ်တွေဖျင်တဲကတော့ တယောက်စာ အိပ်စရာလေးပဲပါတဲ့ tent သေးသေးလေးတွေပါ။

ဒါကြောင့် အိပ်တဲ့အချိန်ကလွဲလို့ ကျန်တဲ့အချိန်တွေကတော့ မီးပုံဘေးနားနဲ့ တခြားနေရာတွေမှာပဲ။

sleeping bag တွေက လည်း အလွယ်တကူသယ်လို့ရတဲ့ အိတ်တလုံးနဲ့လာလေ့ရှိတယ်။

အဲဒီ bag ထဲဝင်နေရင် စောင်လည်းမလိုသလို ၊​နွေးလည်းအတော်နွေးတယ်။

စအိပ်ခါစကတော့ ကျဉ်းကျဉ်းကျပ်ကျပ်မနေတတ်ပေမယ့် နောက်တော့ ကွေးအိပ်လို့ရလောက်အောင်တောင်ကျယ်တယ်။

ခေါင်းအုံးမပါခဲ့တော့ ကိုယ့်လက်ကိုယ် ခံအိပ်ရင်းကနေ နောက်နေ့မနက်ကျ လက်တွေနာ၊​ကျောတွေနာတာတော့ နည်းနည်းပါးပါးရှိတာပေါ့။

မြို့ပေါ်ပဲနေခဲ့တဲ့ မောင်နုတွေကိုး။

မနက်ခင်းဆိုရင် ကိုယ်ထတဲ့အချိန်က သိပ်လည်းမစော၊​သိပ်လည်းနောက်ကျလေ့မရှိပါဘူး။

သူများတွေထက် အစောမနိုးရင်တောင် နောက်ဆုံးမှ ထတဲ့သူတော့လည်းမဟုတ်ဘူး။

နေရောင်ကတော့ စထွက်စပြုနေပြီ၊ စောနိုးတဲ့သူတွေက မီးဖို ထဖိုရတယ်။ ရေနွေးတွေဘာတွေ တည်ထား ၊​ကော်ဖီတွေဖျော်ထားပေါ့လေ။

နေသိပ်မမြင့်ခင်အချိန်ထိက တောထဲမှာ အပင်တွေကြည့်ဆိုတော့ တော်တော်ကိုအေးသေးတယ်။

ဒါကြောင့်မီးလှုံ ၊​ကော်ဖီပူလေးသောက်မှ နေသာထိုင်သာရှိတယ်။

နောက်တော့အားလုံးထလာတဲ့အချိန် မနက်စာစားပြီးတော့ ဒီနေ့သွားမယ့်ခရီးစဉ်ကိုစဉ်းစားကြတယ်။

ပစ္စည်းတွေအားလုံးကိုတော့ တချို့ဟာတွေ tent ထဲထားခဲ့ပြီး တချို့ကို ကားနဲ့ပဲသယ်လာခဲ့ကြတယ်။

ဒီနားတဝိုက်မှာ ဝက်ဝံတွေက အစားအသောက်တွေကိုလာဆွဲလေ့ရှိတဲ့အတွက် အပြင်မှာမထားခဲ့ဖို့ ညွှန်ကြားထားတာရှိတယ်။

ကားလေးနဲ့ ကမ့်ထဲကထွက်လာပြီး လမ်းပေါ်ရောက်ပြီး သိပ်မကြာဘူး လမ်းဘေးမှာ လက်မလေးထောင်ပြီး ကားတားနေတဲ့ ကောင်မလေးတစ်ယောက်နဲ့ ကောင်လေး၃ယောက်တွေ့တယ်။

သူတို့က ကားကြုံစီးချင်လို့ဆိုတဲ့အတွက် လွတ်တဲ့နေရာပေးပြီးကားပေါ်ခေါ်တင်ခဲ့တယ်။ စကားမပြောမိဘူး ၊ အစက အမေရိကန်ထင်တာ၊​နောက်မှ သူတို့က ဂျာမန်တွေတဲ့။

သူတို့ကို လမ်းမှာပြန်ချပေးခဲ့ပြီး. ကိုယ့်ဘာသာ ဆက်ပြီးခရီးထွက်လာကြတယ်။

စစဆုံး မြင်တဲ့နေရာကတော့ မြင်သာအောင်ပြရင် နဂါးပွက်တောင်လိုပဲ။ ဓာတ်ပုံတွေထဲအရမ်းလှတယ်။

ဒါပေမယ့် အပြင်မှာ ပူလွန်း၊ ခေါင်လွန်းတာကြောင့် သိပ် အလှအပကိုမခံစားနိုင်ဘူး။

သူတို့တွေကတော့ နေပူကျဲကျဲထဲမှာ ဘာမှ​အကာအကွယ်မပါပဲ အဲဒီရေတွေဆူပြီး ပန်းထွက်တာကို စောင့်နေကြတယ်။

ထုံးဓာတ်ကြောင့်ပွက်နေသလိုပဲ။ အရောင်မျိုးစုံထွက်တဲ့အတွက် အတော်လှပါတယ်။

အဲဒီနယ်တဝိုက်ကို ပတ်ကြည့်လို့ရဖို့အတွက် လျှောက်လမ်းတံတားတွေလုပ်ပေးထားပြီး အဲဒီပေါ်ကပဲ သွားခွင့်ပြုတယ်။

အောက်ကိုပေးမဆင်းဘူး၊ အောက်မှာ ဂလိုင်တွေရှိတဲ့အတွက် အန္တရာယ်ရှိကြောင်း ပြောထားတယ်။

အပြန်မှာတော့ heat exhaustion ရနေတယ်။ အရေပြားပေါ်က နေထိတဲ့နေရာတိုင်းဟာ ပူကျစ်ပြီး ချွေးလည်းတစ်စက်မှ မထွက်ပဲ . အပူချိန်မြင့်မားတာကိုခံစားရတယ်။

တခြားသူတွေ သွားနေချိန်မှာ ကားထဲပဲနေခဲ့ပြီးတော့ အနားယူနေတော့တယ်။

နောက်ထပ် ရေတံခွန်တွေ၊ တောင်ကြားကနေ စီးဆင်းနေတဲ့ မြစ်တွေဆီကို အပေါ်ကမြင်ရတဲ့နေရာတွေဆီ ရောက်တယ်။ မြင်ကွင်းတိုင်းဟာ သဘာဝအတိုင်းပဲ ။

အဲဒိရှုခင်းကိုပဲ view point ပေါင်းစုံကနေမြင်နိုင်အောင် ပြင်ဆင်ပေးထားကြတယ်။

လမ်းမှာ bison လို့ခေါ်တဲ့ ပြောင်လိုအကောင်တွေကို ကြည့်ဖို့ လမ်းပေါ်မှာ ကားတွေပိတ်နေတယ်။

အဲဒီနေရာက သူတို့စားကျက်လိုမျိုး ထင်ရတယ်။

အချို့ဆိုရင်မှန်ပြောင်းကြီးတွေနဲ့ ကြည့်ကြတယ်။

bison ကတော့ yellowstone မှာ မင်းသားကြီးပဲ။

လမ်းပေါ်မှာလည်း ကားတွေကြားထဲ ဘယ်သူ့မှဂရုမစိုက်ပဲသွားရင်သွားနေတယ်။

လူတွေကို ပုံမှန်အားဖြင့်တော့ရန်မလုပ်ပါဘူး။ တအားမျက်စိနောက်ရင်တော့ လုပ်တဲ့သတင်းတွေလည်းရှိတယ်။

နေစကျချိန်လေးမှာ အပူချိန်လျော့ပြီး အအေးဓာတ်က သိသိသာသာ ကဲလာတယ်။

အဲပြန်လမ်းမှာ နောက်ထပ်အရမ်းလှတဲ့ ရှုခင်းတစ်ခုဆီကို ရောက်တယ်။

ဘေးက သူငယ်ချင်းက ပြောတယ်​ .. ဒီနေရာမှာ အဖွဲ့ထဲပါလာတဲ့ တစ်ယောက်က သူ့ကောင်မလေးကို propose လုပ်လိမ့်မယ်တဲ့။

video ရိုက်ပေးထားပါလားဆိုတော့ ..ကိုယ်တွေကလည်း ဒါမျိုးဆို တအားကူညီချင်တာလေ.. ရိုက်ပေးတာပေါ့။

အဲဒီနားမှာတောင်ကုန်းလေးရှိတယ်။ နောက်မှာ ရေကန်ကြီးနဲ့ . နေဝင်ချိန်က ရေကန်ထဲကိုဝင်သွားတာ ၊ ဘေးမှာ ဘာမှန်းမသိတဲ့ပန်းပင်တွေ အများကြီးပဲ။

ဖြစ်ချင်တော့ secret လုပ်တာလွန်သွားပြီး အဖွဲ့ထဲက တချို့က မသိကြဘူး။ ခပ်ဝေးဝေးမှာရောက်နေတယ်။ နောက်မှလိုက်လာခဲ့တဲ့ အချိန်ကျတော့ သူတို့က တကယ့် ဇာတ်ရှိန်အတက်ဆုံးအချိန်ကိုကျော်သွားပြီ။

သူတို့အတွဲက တွဲလာခဲ့တာ ၁၀နှစ်ရှိပြီ ပြောတယ်။ ကောင်လေးက အရင် စကော်လာနဲ့ဒီကိုရောက်လာခဲ့ပြီး ကောင်မလေးက တစ်နှစ်အကြာမှာ စကော်လာနဲ့ ပဲ ဒီကိုရောက်လာခဲ့တယ်။

တစ်နှစ်ကြာ ဝေးနေခဲ့ပြီးတဲ့နောက် သူတို့က တနေရာတည်းမှာ အတူတူပြန်ဆုံသွားကြပြီ။ နောက် ပြီးတော့ ဒီ yellowstone က သူတို့ရဲ့ အိပ်မက်ထဲက နေရာတစ်ခုပဲလို့ပြောတယ်။

ဒီနေရာမှာ propose လုပ်မယ်ဆိုတဲ့စိတ်ကို ဟိုးအရင်တည်းကရှိခဲ့တာလို့ ပြန်ပြောပြတယ်။

သူတို့အတွဲကြည့်ရတာ အားကျစရာပါ။ ဆုံဆည်းဖို့ ဖြစ်လာရင် ကံကြမ္မာက မဖြစ်ဖြစ်အောင် ဖန်တီးပေးတဲ့အခါတွေ ရှိတတ်တာပဲလို့ တွေးမိတယ်။

အပြန်လမ်းဟာ ပြုံးပျော်ကြလို့။ နေလည်းဝင်ပြီးလို့ လမ်းဘေးတလျှောက်လုံးမှာမြင်နေရတဲ့ ရေကန်ကြီးကလည်း ပုဇွန်ဆီရောင်သမ်းနေပြီ။

ကားခဏရပ်လို့ ခဏ ရေထဲဆင်းကြတယ်။

အောက်ကကျောက်ခဲတွေနဲ့ ချွန်ပြီး ရေကအေးစက်လို့နေတာ၊ ရေအေးအေးနဲ့မျက်နှာသစ်လိုက်တော့ အတန်ငယ် လန်းသွားတယ်။

ကဗျာ ချစ်တဲ့သူနှစ်ယောက်ကတော့ ကန်ရေပြင်ကြီးကို ကြည့်ပြီး ကဗျာရွတ်နေကြတယ်။

ငါကတော့ ကဗျာလည်းမရွတ်တတ်ဘူး၊ ဘာမှလည်းမပြောတတ်တဲ့အတွက် ရှုခင်းကို အမြင်နဲ့ပဲ ရှု့ပြီး. အသက်ကို ပြင်းပြင်းရှုပြီး ပြန်ရှိုက်ထုတ်လိုက်တယ်။

ပြုံးတော့ပြုံးမိနေမှာပဲ..

Aug 17 2022

YellowStone

Arthur

Medical Name Entity Recognition

NER ဆိုတာ Name entity recognition ရဲ့အတိုကောက်ပါ။

သူ့ကို Natural Language Processing (NLP)မှာသုံးတယ်။

NLP ဆိုတာ လက်ရှိလူအများသုံးနေကြတဲ့ Translation တို့၊ Chatbot တို့၊ ဟိုနေ့က နာမည်ကြီးသွားတဲ့ ပုံပြင်ရေးတတ်တဲ့ ChatGPT တို့ကို မွေးဖွားတဲ့ ဘာသာရပ်ပါ။

NER က ဘာလို့အရေးပါလဲဆိုတော့ စာကြောင်းတစ်ကြောင်းမှာ ဘယ်အရာက လူလဲ၊ ဘယ်ဟာက ရက်စွဲလဲ ၊ဘယ်ဟာက အဖွဲ့အစည်းလဲ၊ စသဖြင့် ခွဲသိနိုင်ရင်

နောက်ပိုင်း အလုပ်တွေလုပ်ရအရမ်းမြန်ပါတယ်။ တစ်ခုနဲ့တစ်ခု ဘယ်လို ဆက်နွယ်နေလဲဆိုတာလည်း ရှာလို့ရတယ်။

Medical NER မှာဆိုရင် ရောဂါလက္ခဏာတွေ၊ သုံးတဲ့ ဆေးဝါးတွေ၊ ဖြစ်တဲ့ရောဂါတွေ၊ လုပ်ထားတဲ့ Lab test တွေစတာတွေကို ဆွဲထုတ်ဖို့ ဖြစ်နိုင်ပါတယ်။

အင်္ဂလိပ်စာမှာဆိုရင် ဘယ်ဟာက နာမည် ဘယ်ဟာက အဖွဲ့အစည်း ဘယ်ဟာက ကုမ္ပဏီစသဖြင့် အများကြီးခွဲသိနေပါပြီ။

အဲလို သိဖို့ စကြရတာက လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော် ၃၀ လောက်ကပါ။ စစတုန်းက လူတွေက စာလုံးတွေကို လိုက်ပြီး label တပ်ပေးရတယ်။ အလွန်လည်းလက်ဝင်တယ်။

အခုတော့ အဲဒီလူတွေ label တပ်ခဲ့တဲ့ အရာတွေကို နောက်လူတွေက အသုံးပြုပြီး အလိုအလျောက် entity တွေဆွဲထုတ်နိုင်နေကြပြီ။

Fb က ကိုယ်ပြောတာတွေသိတယ်တို့ ဘာတို့ဆိုတာတွေရဲ့နောက်ကွယ်မှာ NER ရဲ့လက်ချက်တွေလည်း အများကြီးပါတာပေါ့။

ကိုယ့်ဘာသာ

NER model လုပ်ဖို့ ဆိုရင်တော့ အရင်ဆုံး data ရှာရတာပဲ။

ကိုယ့်ဆီမှာ ဒေတာဆက်ကောင်းကောင်းမရှိဘူး။

မြန်မြန်အလုပ်ဖြစ်တဲ့နည်းကတော့ Regular expression သုံးပြီး

keyword တွေလိုက်ရှာ ၊ အဲဒါတွေကို train data အဖြစ်ပြန်သုံးတဲ့ဟာပဲ။

အကောင်းဆုံးကတော့ လူကိုယ်တိုင် တခုချင်း စာလုံးတွေကိုလိုက်ဖတ်။

ဘယ်ဟာက တော့ ရောဂါလက္ခဏာ ၊ ဘယ်ဟာက ဆေး၊ ဘယ်ဟာက ရောဂါ စသဖြင့် ခွဲထုတ်ပေးဖို့ပေါ့လေ။ အဲဒီလို လူအင်အားသုံးထားတဲ့ annotated dataset က quality အကောင်းဆုံးပဲ။

ဒီနေ့ အဲဒီလို Regex သုံးထားတဲ့ dataset နဲ့ Google Colab ပေါ်မှာ train တာ နေ့တဝက်ကျိုးတယ်။

Free version ကတော့ဘယ်လိုမှသုံးလို့မရဘူး။

ခဏလေးနဲ့ Memory ကုန်သွားတယ်။

အဲဒါကြောင့် သူ့ရဲ့ pro service ကိုဝယ် သုံးပြီးဆက် train ရတယ်။

မော်ဒယ်ကတော့ထွက်လာပြီ။

ဆိုးတော့မဆိုးဘူးပဲလို့ ကိုယ့်ဟာကိုယ် တွေးတယ်။

Quality ဘယ်လောက်ကောင်းလဲ ဆိုတာ evaluate လုပ်ဖို့အတွက်ကတော့ စာမဖတ်ရသေးလို့ မလုပ်တတ်သေးဘူး။

ပထမ တဆင့် အောင်မြင်သွားတယ်ဆိုတော့ ၊နောက်ပိုင်း quality ပိုကောင်းအောင် ဘာလုပ်လို့ရမလဲ စဉ်းစားလို့ရတာပေါ့။

မြန်မာလို NER ကိုလည်း ကျောင်းပိတ်ချိန် စမ်းကြည့်ဖို့ တေးထားတယ်။

ပုံ၁က သူများ ဖန်တီးထားတဲ့ dataset ကို train ပြီးရတဲ့ result.

ပုံ၂က ကိုယ့်ဘာသာ ဖန်တီးထားတဲ့ dataset ကို train ပြီးရတဲ့ result

Fall in US

ရေခြား၊မြေခြားမှာ နေလာတာ ၄လနီးပါးတောင်ရှိတော့မယ်။ အသားကျသလိုလိုရှိပေမယ့် ကိုယ့်ရဲ့ Life ကို ရှာမတွေ့သေးပါဘူး။ ဒီမှာရှိတဲ့ Community တွေနဲ့လည်း အံဝင်ခွင်ကျမဖြစ်သေးဘူး။ ရာသီဥတု ပြောင်းလာတာ ၊အေးလာတာကော၊ အဖော်မဲ့လွမ်းဆွတ်စိတ်ခံစားရတာတွကော သတင်းဆိုးတွေနဲ့ပဲ ပြည့်နှက်နေလို့ နွေးထွေးဖွယ်မရှိတာတွေကောကြောင့် မကျက်တဲ့အနာစိမ်းလို ဖြစ်နေတာပေါ့။
အခုက နိုဝင်ဘာလာထဲရောက်နေပြီ။​မနေ့တနေ့ကပဲ US စံတော်ချိန်တွေ အရွှေ့အပြောင်းဖြစ်တယ်။ Central time က တစ်နာရီ ရှေ့တိုးသွားတယ်။ အရင်က ၆နာရီဆို အခု ၅နာရီဖြစ်သွားတယ်။  ညတွေ ဘက် ဆို အချို့ရက်တွေ -3’C တို့ဘာတို့ထိအေးလေ့ရှိတယ်။ နှင်းတွေတော့ မကျသေးပါဘူး။တစ်ရက်တစ်ရက်ဘယ်လို ကျော်ဖြတ်လဲလို့မေးရင် အိမ်ရာ၉နာရီလောက်မှာနိုးတယ်။ ရေချိုးမျက်နှာသစ်၊ မနက်စာပြင်၊ ကော်ဖီသောက်၊ Fb ကြည့်၊ Message ဖတ်၊ ပြီးတော့ Crypto market ထဲဝင်ပြီးကွိုင်တွေရဲ့အခြေအနေတွေကြည့်။ နောက်တော့မှ စာစဖတ်၊ assignmentလုပ်စရာရှိတာလုပ်၊​စသဖြင့်ပေါ့။ အချို့ရက်တွေက မနက်ခင်းပြေးကြည့်သေးတယ်.အစောပိုင်းက ဟုတ်မလိုလိုနဲ့ .နောက်ရက်တွေ တအားအေးလာတော့ မပြေးနိင်တော့ အဆက်ပြတ်သွားတယ်။စာလုပ်တာပြန်ပြောရရင်. အတန်းတွေက အွန်လိုင်းမှာပေးထာတးဲ့ Lesson တွေကြည့်ကိုယ့်ဟာကိုနားလည်အောင်လုပ်၊​assignment ဖြေစတဲ့ ..အဝေးသင်လိုပုံစံဖြစ်နေတာဆိုတော့ .. ပျင်းဖို့တောင်ကောင်းတယ်. အတန်းဖော်တွေနဲ့လည်းသိပ်ပြီးတော့ interaction မရှိလှဘူး။​ အဲဒီလိုပဲ များသောအားဖြင့် အချိန်တွေကို တစ်ယောက်တည်းကုန်ဆုံးနေရတော့ .. စိတ်ထဲမှာ မပျော်ဘူး။ US ရောက်နေရလို့ ကံကောင်းတယ်လို့လည်းမခံစားရဘူး။ တဖြေးဖြေးနဲ့ လူကြီးတချို့ပြောတာတွေ ကို နားလည်တယ်။ သူတို့တွေဘယ်လောက်ကောင်းတဲ့နေရာမှာ နေရပေမယ့်တကယ်တမ်းကျတော့ ..အဲဒီလောက်မကောင်းတဲ့နေရာမှာ ပဲအဖော်အပေါင်းတွေနဲ့ ပျော်ရတာကိုပိုကြိုက်ကြတာ။တခါတလေကျတွေးမိတယ်​ ။​ဒီလောက်ထိဝေးတဲ့နေရာမဟုတ်ပဲ.. အချိန် ၃၊၄နာရီလောက်ပဲခြားတဲ့နေရာဆိုပိုကောင်းမှာပဲလို့။ အခုကျတော့ ကိုယ့်ဆီမနက်ဆို သူတို့ဆီမှာည။ ဖြစ်နေရော။နေ့ခင်းဘက်အချိန်တွေ ဆို ငေါင်စင်းစင်း အထီးကျန်လွန်းတယ်။ မြန်မာပြည်နဲ့ ဆက်စပ်ပြီးအလုပ်တွေလုပ်ရတာလည်း အဆင်သိပ်မပြေဘူး။ အရှိန်က ရလိုက်မရလိုက်နဲ့ပေါ့။ သူတို့ဆီမှာ အလုပ်စလုပ်တဲ့အချိန်ဆို ကိုယ့်ဆီမှာအိပ်ချိန်ရောက်ပြီ။ အလားတူပဲ ကိုယ့်ဆီမှာ လုပ်လို့အရှိန်ကောင်းနေရင်သူတို့ဘက်မှာ အိပ်နေပြီ။  မြန်မာပြည်ထဲမှာ လွတ်မြောက်နေရာမှာ နေနိုင်တယ်ဆိုရင်..အခုနေ ကိုယ်လုပ်ပေးလို့ရတာတွေ အများကြီးရှိနေမှာပဲ ဆိုတဲ့အတွေးဝင်လာတဲ့ချိန်ဆို ..စိတ်ထဲနေလို့မကောင်းပြန်ဘူး။ ဘယ်လိုပဲ အင်တာနက်တွေရှိနေတယ် အဆက်အသွယ်တွေရှိနေတယ်ဆိုပေမယ့် တကယ်လုပ်တဲ့အခါကျရင်.. ခရီးသိပ်မတွင်တာတွေက ကိုယ်တိုင်ကြုံတွေ့နေရတာကိုး။တခါတလေ..သူငယ်ချင်း ၊အသိမိတ်ဆွေတွေနဲ့ ဝိုင်းထိုင်ပြီးစကားပြောချင်တာ.. အရင်က ရန်ကုန်မြို့ညတွေမှာ ဘားတွေထိုင်ပြီး ငြင်းခဲ့.. ရောက်ရာပေါက်ရာပြောခဲ့ ရယ်မောခဲ့ကြရသလိုမျိုးပေါ့။ အခုကျန်ခဲ့တဲ့သူငယ်ချင်းတစ်စုကလည်း သူတို့ဘာသာ ဆက်လည်ပတ်နေတယ်။ အဆင်မပြေတာတွေရှိနေပေမယ့်. အချင်းချင်း ကြည့်ရှူစရာလူတွေရှိကြတယ်။ဆိုးအတူ ကောင်းအတူတွေပေါ့။သူတို့တွေ.. နေထိုင်နေကြတာတွေကို ပွဲကြည့်ပရိတ်သတ်တစ်ဦးလိုပဲမြင်နေကြည့်နေရကြတယ်။ကိုယ်ပြောတာတွေကလည်း သိပ်ဘောင်မဝင်တော့ဘူး။​ သူတို့ပြောတာတွေလည်း ကိုယ်နဲ့သိပ်မသက်ဆိုင်တော့သလိုဖြစ်လာတာကိုး။ဒါက ပုံမှန်ပါပဲ…လူတွေကကိုယ်ကြုံနေရာတွေကိုရှယ်ပေးချင်တယ်။ ပြောပြချင်တယ်။ တခါတလေကျ အဲဒီ အကြောင်းအရာတွေက လူတော်တော်များများနဲ့ မသက်ဆိုင်ဘူး။  ဒါကြောင့်တူရာတူရာလူတွေပဲစုစုသွားတယ်။ အကြောင်းမျိုးမျိုးကြောင့် တချိိန်က တူခဲ့တဲ့သူတွေလည်း နောင်ကျ ပြန်လည်ကွဲသွားတတ်ကြတာပဲ။နောက်ဆုံး ကိုယ့်ဘာသာ တစ်ဦးတည်း ရှင်သန်ရပ်တည်ရမှာချင်းအတူတူ ဘယ်လိုနည်းနဲ့ ဖြတ်သန်းရမလဲဆိုတာကိုပဲ နည်းလမ်းတွေလိုက်ရှာတော့တယ်။  သူများတွေကို ချစ်တတ်ဖို့ ဆိုရင် ကိုယ့်ကိုယ်ကိုအရင်ချစ်တတ်ဖို့လိုတယ်ဆိုပြီး ပြောလေ့ရှိကြတယ်။ ဒါပေမယ့်လည်း.. အဲလိုမျိုးစာတွေက.. အမျိုးမျိုးရေးနေကြတာဆိုပြီးတော့ သိပ်အယုံအကြည်မရှိချင်သလို စိတ်ကလည်း ပေါ်လာတတ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ်.. ကိုယ်အဆင်ပြေမယ့်နည်းလမ်းကို အရင်ရှာဖို့လိုတယ်ဆိုတာကိုတော့ တွေးမိတယ်။လေ့ကျင့်ခန်းတွေလုပ်ရင် ပိုနေလို့ကောင်းတယ်ဆိုတာကိုလည်း သိထားပါတယ်။​Motivation က အမြဲရှိိနေဖို့သာခက်တာ။ အရင်တုန်းကတော့ အိမ်နားမှာ Gym တစ်ခုရှိတယ်။ တစ်ပတ်မှာ ၆ရက်လောက်သွားဖြစ်တယ်။ အိမ်မှာ ရူးခါနေတာထက် လူတွေကြားထဲသွားနေချင်းက ပိုကောင်းတယ်ဆိုတာ သိလာတာကိုး။ လူကြားထဲရောက်ရင်စကားသာသိပ်မပြောချင်တာ.. သူများတွေ ပြောနေတာကိုလိုက်နားထောင်နေရတာတော့ သဘောကျတယ်။ တခါတလေ အတင်း တွန်းပို့ပေးတဲ့ motivation က အနည်းဆုံးတေ့  Gym က ကောင်မလေးတွေ သွားငမ်းလို့ရတယ်လေ.XD​ လေ့ကျင့်ခန်းလုပ်တော့ ခန္ဓာကိုယ်က ပို alert ဖြစ်တယ်။ တချိန်လုံးကွန်ပျူတာကြည့်နေ၊လုပ်နေပေမယ့် ထိုင်းမှိုင်းနေတယ်ဆိုတာ တွေ လျော့သွားတယ်။ ပိုလည်းစိတ်ကူးတွေရတယ်။
အခုချိန်တော့ Gym ကိုလည်း ဟုတ်တိပတ်တိမရောက်သေးပါဘူး။​ ဟိုတခါက .. ပြေးစက်ပေါ်မှာ Mask တပ်ပြီး ပြေးလိုက်ရင်းက ရုတ်တရက် မေ့လဲမလိုလိုဖြစ်သွားပြီးကတည်း တော်တော်ဆင်ခြင်နေရတယ်။ အဲတုန်းက မျက်လုံးတွေပြာသွားပြီး. မထနိုင်တော့ဘူး။BP ရုတ်တရက်ကျသွားသလားပဲ။​ အဲလိုမျိုး တခါဖြစ်ဖူးတယ်။ လွန်ခဲ့တဲ့ ၁၀နှစ်လောက်ကထင်တာပဲ။ အဲဒီတုန်းက တော့ အိမ်မှာဆိုတော့ကြည့်မယ့်သူတွေရှိတယ်။​ အခုတော့ ဘယ်သူမှမရှိဘူး။ တကယ်သာ သတိလစ်သွားရင်တော့လည်း .အဆောင်ကလူတွေက 911 တော့ခေါ်ပေးလောက်မှာပါ။  အဲချိန်ကတွေးမိတာက ငါ့မှာ ရှိတဲ့ Health insurance က acitve ကောဖြစ်ရဲ့လားမသိဘူးဆိုတာပဲ။ ကိုယ့်ဘာသာ ချောင်တခုမှာ နံရံကိုမှီထိိုင်နေရင်းနဲ့.. အသက်ရှူမှန်အောင်၊​Heart rate ပုံမှန်ပြန်ဖြစ်အောင်၊ သတိမလွတ်အောင် ကြိုးစားနေလိုက်တယ်။ ၁၀ မိနစ်လောက်တော့ကြာသွားတဲ့နောက်မှာ.. ပြာနေတဲ့မျက်လုံးတွေ ပုံမှန်ပြန်ဖြစ်လာတယ်။ Heart rate က ပြန် ပြီးstrong ဖြစ်လာတယ်။​အဲဒီနောက်ပိုင်း.. အလွန်အကျွံတွေ မလုပ်မိဖို့ ပိုသတိပေးဖြစ်သွားတယ်။
ကျနော် ပြောချင်နေတဲ့စကားတွေ အများကြီးဗျ။ မပြောချင်တဲ့အခါ.. တခွန်းမေးတစ်ခွန်းဖြေပဲလုပ်သလောက် ။ ပြောချင်တဲ့အခါဆို .. ကိုယ်ကပဲ ဆက်တိုက်ပြောပြောသွားတာ။ ဟိုးတလောက ဆိုလည်း သိချင်တဲ့သူရှိလို့ မြန်မာပြည်အကြောင်းကိုထိုင်ပြောနေတာ ၂နာရီကျော်ကြာတယ်။ နောက်ဆုံးသူတို့က ရပ်ပါတော့ပြောယူရတဲ့အထိပဲ။..အဲလိုအရပ်ခံခိုင်းရပြီဆိုရင် စိတ်မကောင်းက ဖြစ်တတ်သေးတာ။ ငါတအား စကားပြောမိသွားပြီပဲဆိုပြီးတော့။ နောက်အဲလိုမပြောတာ့ဘူးဆိုပြီး တွေးပြန်ရော.XDအခုနေဆိုရင်တော့ Crypto အကြောင်းပြောဆိုရင်သေချာပေါက်.. အကြာကြီးပြောမိမှာ.. ဟိုးအရင်က Unicode အကြောင်းတို့ ဘာတို့အကြောင်းပြောတဲအ့ခါ. မနားတမ်းပြောနိုင်သလိုမျိုးပဲ။အခြေအနေအချိန်အခါရ.. ကိုယ်ပြောချင်တာတွေ လုပ်ချင်တာတွေကို ဒီအချိန်မှာ မပြောသင့်ဘူးလေဆိုပြီး.. ငြိမ်နေရင်းကနေ. mental health ကပါ လိုက်မကောင်းချင်တော့ဘူးဖြစ်ဖြစ်လာတာ။ဘယ်လိုပဲဖြစ်ဖြစ်.. ချရေးလိုက်ရတာကတော့ ရင်ထဲပိုပေ့ါသွားပါတယ်..Journal ရေးတာက Fb မှာ ကြုံသလိုလျှောက်ပြောနေတာထက်တော့ ကောင်းလိမ့်မယ်လို့ထင်တာပဲ..9 Nov 202110:07 AM

I survived but there was a trade off.

လွန်ခဲ့တဲ့ ၆နှစ်ဝန်းကျင်လောက်က ကျနော် စာတွေ အရမ်းကိုရေးဖြစ်တဲ့အချိန်တွေပေါ့။ မြန်မာပြည်၊​နေပြည်တော်မှာနေတယ်။ အိမ်မှာ မိဘတွေက လယ်ထဲသွားတယ်။ အိမ်မှာကျန်နေခဲ့ပြီး အလုပ်မရှိတဲ့ ကျနော်က တနေ့တနေ့ Ted talk တွေကြည့်၊ စာအုပ်တွေဖတ်၊ Youtube တွေကြည့်ပြီး ငြီးငွေ့စရာဘဝကို ဖြတ်သန်းခဲ့တယ်။ ဘာ activity မှလုပ်စရာမရှိတဲ့ နေပြည်တော်လို ခေါင်ခိုက်နေတဲ့နေရာမှာနေနေပေမယ့် ငါ ဒီအခြေအနေက လွတ်အောင်လုပ်မယ်ဆိုတဲ့ စိတ်ကို အမြဲခေါင်းထဲထည့်ထားလို့ ၊ တိုးတက်ချင်စိတ်က အရမ်းရှိတယ်။

အဲဒီနောက်တော့ တကယ်လည်း နေပြည်တော်မှာနေရတဲ့ဘဝက လွတ်မြောက်သွားခဲ့ပါတယ်။ ရန်ကုန်ကို ၂၀၁၇မှာ ရောက်တယ်။

အိမ်မှာနေရင်း လေ့လာခဲ့တာတွေ က အလကားမဖြစ်ခဲ့ဘူး။ အသစ်လိုဖြစ်နေတဲ့ ပတ်ဝန်းကျင်မှာ မြန်မြန်ဆန်ဆန်ပဲ အသားကျ သွားခဲ့တယ်။ အသက်အားဖြင့်တော့ ၂၇ ဝန်းကျင်ပေါ့။

မြန်မာပြည်ကလည်း တဖြည်းဖြည်းနဲ့အခွင့်အလမ်းတွေ ပွင့်လို့ ပျော်ရွှင်စရာ နေ့ရက်တွေဖြစ်လို့နေတယ်။ ရန်ကုန်ရောက်တဲ့အချိန်မှာလည်း University of Amsterdam မှာကျောင်းတက်မယ်ဆိုပြီး online course တွေလေ့လာလို့လေ့လာတယ်။ အခုအချိန်လို onlien course တွေက အရမ်းမကောင်းသေးတော့ ဘယ်လိုလေ့လာရမလဲ သေချာမသိတာနဲ့ အဲဒီကျောင်းမှာ အဆုံးထိ မတက်နိုင်ပဲ drop out ဖြစ်သွားခဲ့တယ်။

၂၀၁၇ ကနေ ၂၀၂၂ ကုန်တော့မယ့်အချိန်အထိ အများကြီးပြောင်းလဲခဲ့ပြီ၊ ကိုယ်မျှော်လင့်ထားတဲ့ အရာတွေကို ရရှိခဲ့ပြီ။ ကိုယ်တချိန်လုံးကြိုးစားခဲ့တဲ့ နိုင်ငံခြားမှာ ကျောင်းတက်မယ်ဆိုတဲ့ အိပ်မက်လည်း ပြည့်စုံသွားပြီ။ နောက် semester တခုပြီးရင် master ဘွဲ့ရတော့မယ်။ မသိနားမလည်ထားတဲ့ကိစ္စတွေတော်တော်များများကိုလည်း အခုနားလည်သွားပြီ။

ဒါပေမယ့် ရင်ထဲမှာဟာလာဟင်းလင်းဖြစ်နေဆဲပဲ။

အရင်လို တက်ကြွတဲ့ စိတ်လေးရှာမတွေ့တော့ဘူး။

အသက်၃၀ ပြည့်သွားတဲ့အချိန်မှာပဲ နိုင်ငံမှာ စစ်တပ်အာဏာသိမ်းတာနဲ့တိုးပြီး. အရာအားလုံးနောက်ပြန်ဆုတ်သွားတယ်။

ကိုယ်က အေးအေးဆေးဆေးကျောင်းတက်နေပေမယ့် လုံခြုံတဲ့နေရာမှာ ရှိနေပေမယ့် ကိုယ့်လို လူတွေ, ကိုယ့်ဆရာတွေ၊ ကိုယ့် ထက်ငယ်တဲ့လူငယ်တွေဟာ၊ ထောင်ထဲမှာ၊ တောထဲမှာ၊ သေတဲ့သူရှင်တဲ့သူနဲ့ အားလုံး တကွဲတပြားစီဖြစ်ကုန်တယ်။

ဒါကြောင့် ပျော်တယ်ဆိုတာကိုလည်း ကောင်းကောင်းမခံစားနိုင်တော့သလို၊ တက်ကြွတဲ့စိတ်ကိုလည်း မွေးမြူလို့မရတော့ဘူး။

ငါတို့လုပ်ခဲ့တဲ့အရာတွေဟာ ဘာမှအရာမထင်ပဲ ဒီလိုမျိုး ကျဆုံးနိုင်ငံတခု ဖြစ်သွားခဲ့ပြီလားဆိုတဲ့စိတ်က အလွန် အားငယ်စေတယ်။

ဒါကြောင့် စာတွေတောင်မတင်ဖြစ်သလို၊ facebookမှာလည်း အရင်လို တက်တက်ကြွကြွမနေတတ်တော့ဘူး။

Midlife crisis ဖြစ်ချိန်မှာ၊ အာဏာသိမ်းတာ၊ ရင်နင့်စရာတွေ နေ့စဉ်ရက်ဆက်မြင်ရတာ၊ ကိုယ်ချစ်ရတဲ့သူတွေနဲ့ခွဲခွာရတာတွေက

ရင်တွင်းဒဏ်ရာတွေကို သာလို့ဆိုးစေတယ်။

မကြာခင်မှာ တော့ တဖြည်းဖြည်းနဲ့နေတတ်သွားလိမ့်မယ်။ အသားကျလိမ့်မယ်လို့ထင်နေပေမယ့်.

အရင်ငယ်ရွယ်စဉ်ကလို ပြန်ဖြစ်မှာတော့မဟုတ်တော့ဘူး။

Arthur.

December 26 2022

မီဝါကီ ( ဝစ်ကွန်ဆင်ပြည်နယ်)

USA.

ပထမနေ့ သားဖွားဆောင် ညဂျူတီ

27.8.2012

Location Central Women Hospital.
(Evernote ထဲ ရေးခဲ့သော notes အပိုင်းအစလေးများ..)
Photo credit: Google
ပထမနေ့ သားဖွားဆောင် ညဂျူတီ

မိုးတောင်စင်စင်လင်းပြီ။
ပြူတင်းပေါက်နားက ငှက်လေးတွေလည်းအိပ်ရာနိုးလို့ ဆူညံနေပြီ။
ကျွန်တော်တော့တစ်ညလုံးမအိပ်ရသေးပါ။
ည၂နာရီလောက်မှာ ခွဲမွေးရတဲ့ လူနာနှစ်ယောက်ရှိတာ ဆာဂျင်အကူလုပ်ပေးနေရတယ်။

ညကလည်းမွေးတဲ့ လူနာတွေ ရှိတာကူပေးနေတယ်။

သူငယ်ချင်းအလုပ်သင်ဆရာဝန်နှစ်ယောက်ကတော့ ကလေးမွေးပေးနေတယ်။

မွေးကင်းစကလေးရဲ့ စူးရှရှ ငိုသံက စောင့်နေတဲ့ မိဘဆွေမျိုးတွေအတွက်ကော ကျွန်တော်တို့အတွက်ကော
သာယာ ပျော်ရွှင်စေတဲ့ အရာလေးပါပဲ

အခန်းထဲမှာ ပူလောင်အိုက်စက်နေတဲ့အတွက် ပြူတင်းပေါက်နားမှာ လေညှင်းလေးများရမလားရပ်နေမိတယ်။

ယောက်ကျားလေးမွေးတယ်တော်ရေ့ဆိုတဲ့ အသံနဲ့
ဆူဆူညံညံပျော်ရွှင်နေတဲ့ မိသားစုကို ကြည့်ရတာ
အိပ်ချင်စိတ်လည်းပျောက်
အပျော်တွေပါကူးစက်ရောက်လာတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလည်း ကျွန်တော်တို့လည်း
ဒီလို လူပေါက်စလေးတွေပဲလေ
ခြေကားယား လက်ကားယားနဲ့ ယက်ကန်ယက်ကန် ဘဝကနေ အခုကျွန်တော်တို့ရဲ့မိခင်လိုမျိုးအမျိုးသမီးတွေကို ပြန် စောင့်ရှောက်နေရပြီ။

မမွေးသေးတဲ့မိခင်တွေနားမှာ တစ်ညလုံးထိုင်ခုံတစ်လုံးနဲ့ ထိုင်ပြီး
မွေးဖို့ ဘယ်လောက်လိုသေးလဲ ဗိုက်ကို နာရီဝက်တစ်ခါစမ်းပေးနေတဲ့
သူငယ်ချင်း အလုပ်သင်လေးတွေအပေါ် အမေတွေ ဘယ်လိုများ သဘောထားကြမလဲ သိချင်စမ်းပါတယ်။

ဆရာဝန်တွေကို လူနာဆီက ပိုက်ဆံတွေ အတင်းယူတယ် ပြောကြသူတွေ
လကုန်ခါနီးပြီ
အိပ်ထဲတစ်ထောင်ပင်ပြည့်အောင်မရှိ
အိမ်ကို လှမ်းမှာရတဲ့ အကြောင်းတွေကောသိပါ့မလား။

လူနာအတွက် အချိုရည် နဲ့မုန့်ဝယ်ခိုင်းတာကို
ခပ်စိမ်းစိမ်းအကြည့်နဲ့ မကြည်သလိုကြည့်ခံရတာ

ကျွန်တော်တို့သောက်ဖို့ ရေတစ်ဗူးများပိုမှာ မိဖူးသလားဗျာ။

တစ်ခါတစ်လေ အဓိပ္ပါယ်မရှိဘူးခံစားမိပေမယ့်
တစ်ခါတစ်လေတော့အဓိပ္ပါယ်အရှိဆုံးအလုပ်ဆိုတာ ငြင်းလို့မရပါဘူး။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

၈နာရီမထိုးခင်မှာဂျူတီထွက်ခဲ့တယ်..အိမ်လည်းရောက်ရော…OTနံ့တွေနံစော်နေတဲ့ဝတ်စုံကိုမလဲနိုင်ပဲ Dream bed ပေါ်မှာအိပ်ပျော်သွားခဲ့တယ်

အိမ်မက်တွေကလည်းကယောက်ကယက်..

ဖြစ်ချင်တာတွေပဲသိတယ်..။
လမ်းကရှာလို့မတွေ့…
ဟိုးတစ်နေ့က Steve Job ရေးတဲ့စာလေးတစ်ကြောင်းကတော့ခေါင်းထဲမှာမှတ်မိနေတယ်.
ကိုယ်တစ်ကယ်ဖြစ်ချင်တာအရာကိုရောက်အောင်သွားတဲ့….
လက်ရှိအလုပ်နဲ့ပဲမကျေနပ်နဲ့တဲ့…….ကိုယ်ဖြစ်ချင်တဲ့အရာကိုလုပ်နေရပြီဆိုရင်…စိတ်ကအလိုလိုသိလိမ့်မယ်တဲ့

အိမ်မက်ထဲဟိုရောက်လိုက်ဒီရောက်လိုက်ပေါ့..
တစ်ခေါက်ပြန်နိုးတော့..နေ့လည်၁နာရီထိုးနေပြီ.
ဗိုက်ကလည်းဆာ..တယ်.
ထမင်းသွားစားမလို့…ပိုက်ဆံကိုစမ်းလိုက်တော့တစ်ထောင်ပဲရှိတယ်.
တစ်နေ့လုံးမှတစ်ထောင်နဲ့ဘယ်လိုစားရပါ့။

ဘဏ်စာအုပ်ထဲမှာရှိနေသေးလို့တော်သေးတယ်။
ခေါင်းကမူးပြီး…အိပ်ရေးမဝတဲ့ဒဏ်က….ဘာက်ိုမှကောင်းကောင်းမတွေးနိုင်ဘူး.။.

CBဘဏ်ကိုပိုက်ဆံသွားထုတ်တယ်။
ဘဏ်ရှေ့မှာဆိုင်ကယ်ထိုးရင်စဉ်းစားနေမိတယ်။
တစ်နေ့ငါကောဒီလိုဘဏ်ကြီးရဲ့အစုရှယ်ယာဝင်တစ်ယောက်မဖြစ်လာနိုင်ဘူးလားဆိုပြီးတော့.

ကိုယ့်အတွေးနဲ့ကိုယ်ကတော့ကျေနပ်စရာပါပဲ၊။
ဖြစ်ချင်လာတဲ့အိမ်မက်တွေထဲမှာ…ကိုယ့်ကိုယ်ကိုတိုးတက်အောင်လုပ်ပြီး…ကိုယ့်နိုင်ငံအတွက်လုပ်ပေးချင်တာလည်းပါတယ်.

Time loop

September..2. 2012

Last night, I was working till 4 am.
I was upgrading my phone os to the latest version.
Playing with the gadgets is my hobby. Maybe I have nothing else to do. Since I don’t have any strings to be attached, I don’t need to hang out with my girlfriend.
Sometimes, I wonder how it would be like having a girlfriend. But, I know It can’t happen that easily.
So, the 23-year-old young life is still enjoyable with modern tech things.
Well, I have successfully upgraded the to latest OS version.
The feeling that I solved something and getting a new experience on mobile tech is pretty good.

In this early morning, one of my friend from the hospital came to me and requested help for his phone.
I haven’t washed the face yet when I was testing on his device. It took me an hour to solve. Then, his phone was ok.
On the last weekend of August, I was assigned for the night shift at the central woman hospital.
They were really tough days.
Although I was free the whole day, it’s hard to say that I was being free. Because of sleep deprivation, I was drowsy and never wanted to leave the bed.No matter what I tried to sleep, I couldn’t. That day sleeping made the whole body fatigue and physically tired.
So, I didn’ like it.
I was unhappy. Days were alone .and nights were alone…
No one to care about me………..No one to care about my appetite.Damn! I miss my home. And want to have a girl who can take me out of this lonely life.

But now, I have to spend my boring days on the mobile, and surfing net.
It is a virtual life.
There are many friends in my account…
They look friendly and kind but, virtual friends can’t be like a real one. Sigh.!!

Reading for my blog would be a good habit for me.

Good night. Friends.
Oh. sorry, It’s the” good morning”.
I will treat you all if I have a real girlfriend who cares me in real life.

 

Arthur..

တစ်လိမ့်လိမ့်ရွေ့သွားတဲ့.ခြေလှမ်းများ

by Nyein Chan Ko Ko (Notes) on Friday, May 18, 2012 at 1:09pm


၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့….မနက်(၆)နာရီ

ပျဉ်းမနားမြို့……..

တစ်ဂျွီဂျွီမြည်နေသံနဲ့……စကားပြောသံ..သတင်းကြေညာသံတွေကြားနေရတယ်..

သေချာတယ်…အဖေ့ရေဒီယိုကနေမှာပဲ။

ဒီနေ့မန္တလေးသွားရမယ်။

ပျဉ်းမနားမြို့လေးကတော့..ဆောင်းတွင်းမြူတွေကြားမှာအိ်ပ်ရေးမဝတဝနဲ့။

လွတ်လပ်ရေးနေ့အခမ်းအနားကိ်ု TV မှာတိုက်ရိုက်လာနေတယ်။

ဒီနေ့က နေပြည်တော်မြို့တော်ခန်းမဖွင့်ပွဲလေ။

အမေကတော့..အလုပ်တွေရှူပ်နေတယ်။

နေပြည်တော်ဖွင့်ပွဲသွားတက်ရမှာမိုလို့။

ငါကတော့ဒီနေ့နေ့လည်ကို်မြန်မြန်ရောက်စေချင်နေမိတယ်.

ငါတက်ရမယ့်တက္ကသိုလ်ကြီးရှိတဲ့.မန္တလေးဆိုတဲ့ရွှေမြို့တော်ကြီးကို်မြန်မြန်ရောက်ချင်နေပြီ။

မနေ့က မှအမေဝယ်ပေးထားတဲ့..အစိမ်းရောင်လက်ဆွဲသေတ္တာကြီးကိုကြည့်ပြီးသဘောတွေကျနေတယ်။

လိုအပ်တာတွေအားလုံးလည်းထည့်ပြီးပြီ။

အကြာကြီးထိတွေ့ကိုင်တွယ်..အဖေါ်ဖြစ်ခဲ့တဲ့.

စာအုပ်တွေ.ကစားစရာတွေ

…ငါရဲ့့ပန်းချီဆွဲတဲ့ပစ္စည်း.

ငါ့ရဲ့ CDကက်ဆက်လေး

အားလုံးကိုနောက်ဆုံးအကြိမ်…ပြန်ကြည့်နေမိတယ်။

မှန်ဘီရိုထဲကဆုတံဆိပ်တွေနဲ့………..မွေးနေ့လက်ဆောင်အရုပ်တွေ…

ဗီရိုတစ်လုံးအပြည့်ရှိတဲ့..ငါ ရဲ့စာအုပ်တွေဂျာနယ်တွေ

ဒါတွေအားလုံးက..ငါ့ကို….သခင်သွားတော့မှာလားဆိုပြီးနှုတ်ဆက်နေသလိုပဲ………………

(နေ့လည်.၁နာရီ.)

ပျဉ်းမနားဘူတာကိုရောက်နေပြီ။

ရထားကတော့မလာသေးဘူး.

အဖေနဲ့ကိုကြီးက လိုက်ပို့တယ်။

အမေကတော့မန္တလေးအထိလိုက်ခဲ့ဦးမှာ.

ဘူတာမှာသူငယ်ချင်းရဲ့အဖေနဲ့အမေတွေ့တယ်.။

ရန်ကုန်ကပြန်လာမယ့်သူငယ်ချင်းကိုလာကြိုတာလို့ပြောတယ်။

မကြာခင်ရန်ကုန်ဘက်ကရထားဝင်လာတယ်။

ငါလည်းရထားပေါ်တက်ခဲ့ပြီး…တဲ့နောက်…ရန်ကုန်ကလာတဲ့သူငယ်ချင်းနှစ်ယောက်ကလာနှုတ်ဆက်တယ်.

သူတို့က..ပျဉ်းမနားပြန်လာပေမယ့်ငါက တော့မန္တလေးကိုရက်အရှည်ကြီူးသွားရတော့မယ်လေ။

ရထားဘီးကစလိမ့်နေပြီ။

ပြူတင်းပေါက်ကမှန်တွေနဲ့မိုလို့…ဘာတွေပြောနေလည်းကောင်းကောင်းမကြားရဘူး.

ဖေဖေကတော့ပြုံးပြီးလက်ပြနေတယ်.

ကိုကြီးက..တော့သူ့ပုံစံအတိုင်း…ပဲ…ရယ်လည်းမရယ်ဘူး.

အဲဒီအချိန်သူတို့ရင်ထဲဘယ်လိုနေမလဲဆိုတာမသိဘူး.။

ဟိုးအရင်တုန်းကတော့.ကိုကြီး..မန္တလေးမှာကျောင်းသွားတက်တာကို..ဒီလိုမျိုးဘူတာမှာလိုက်ပို့ခဲ့ဖူးတယ်

အဲဒီတုန်း.က..ကိုကြီးနဲ့မေမေရထားထဲပါသွားရင်..အရမ်းဝမ်းနည်းပြီးလိုက်ချင်တာ.။

ဥသြရှည်ကြီးဆွဲသံ…………………..

တလိမ်လိမ့့်ဥသြဆွဲသံနဲ့အတူ…ငါချစ်တဲ့မြို့လေးကအဝေးမှာကျန်ခဲ့တယ်။

လမ်းမှာ..အန်ပြီးမူးနေတယ်.

မွေးနေ့လက်ဆောင်ရထားတဲ့ 256 MBပါတဲ့အနက်ရောင် sony mp4 လေးနဲ့ သီချင်းတွေက

နွေးထွေးတဲ့မိသားစုနဲ့ဝေးတဲ့.နေရာမှာ…အားပေးဖော်ဖြစ်မယ်ဆိုတာကောင်းကောင်းမသိတတ်သေးဘူး

အဲဒီတုန်းက နားထောင်နေခဲ့တဲဲဲ့သီချင်းက you were my everything နဲ့ where ‘d u go.

ဘယ်သူဆိုမှန်းမသိပေမယ့်အရမ်းကြိုက်တယ်။

ရထားပေါ်မှာကျောင်းသားတွေအများကြီးပဲ

Harry porter ထဲက ဟော့ဝက်ဒ်ကို ကျောင်းသားတက်ရသလိုမျိိုးပဲ.

ဒီအချိန်ကတက္ကသိိုုုလ်တွေဖွင့်ချိန်လေ.

ညနေ ၆နာရီခွဲ။

မန္တလေးဘူတာကိုဝင်လာခဲ့ပြီ။

အပြင်မှာအေးစိမ့်နေတယ်။

အိမ်မှာတုန်းက…….ညတိုင်းအိ်မ်မက်မက်ခဲ့တဲ့..နယ်မြေ..

တစ်ခါမှမရောက်ဖူးတဲ့.ဆေးတက္ကသိုလ်ကြိးထဲမှာအိမ်မက်ထဲမှာတော့အခေါက်ခေါက်အခါခါလျှောက်သွားနေခဲ့ပါတယ်.

အိမ်မက်တွေ..အပြ်ငရောက်လာခဲ့ပြီ။

မြို့ကြီးက အကြီးကြီးပဲနော်…… …

ဘူတာကြီးရှေ့က လမ်းအတိုင်းလာခဲ့တယ်.

တစ်နေရာရောက်တော့ဝင်းအကျယ်ကြီးနဲ့ရှုပ်ရှက်ခက်နေတဲ့လူတွေတွေ့တယ်။

မန္တလေးပြည်သူ့ဆေးရုံတဲ့..ဆိုင်းဘုတ်အကြီးကြီးတွေ့တယ်

နည်းနည်းဆက်လျှောက်လာတော့….ဆေးတက္ကသိုလ်မန္တလေးတဲ့………အဆောက်အဦးအကြီးကြီး.

သြော်.ငါနေရမယ့်တက္ကသိုလ်ကြီးပါလား………………………………………….

.ဟိုကြည့်ဒီကြည့်နဲ့ 68 လမ်းက ငှားထားတဲ့အိမ်ကိုရောက်ခဲ့ပြီ။

တစ်နေကုန်လညး်ပင်ပန်းနေခဲ့ပြီ။

ကျောင်းက ၈ရက်နေ့စတက်ရမယ်တဲ့ ဒီနေ့က ၅ ရက်နေ့ဆိုတော့ပြင်ဆင်စရာတွေပြင်ဆင်လို့ရပါသေးတယ်။

အားပါးးပါး…ညကတော်တော် အေးတာပဲ..

လာမယ့်ရက်တွေရင်ခုန်ရင်းအိပ်ပျော်သွားခဲ့တယ်။……………….

သြော်…………………………

ဒီမြို့ကြီးက မန္တလေး တဲ့လား။

Arthur (18.5.2012)

Alaungdaw Kathapa national Park

Alaungdaw Kathapa national Park

A real forest is still alive in the middle of Myanmar..

It is called Alaungdaw Katthapa national park.

This is also a religious place for Buddhism .
If you have an idea to visit Myanmar in this holidays, and don’t know where to go, you should consider to go there .
You will love it.

Trip to that place is a bit rough.
If i have chance, I will go again.

for more infromation
http://en.wikipedia.org/wiki/Alaungdaw_Kathapa_National_Park

http://www.tripadvisor.com/Attraction_Review-g641717-d1626561-Reviews-Alaungdaw_Kathapa_National_Park-Monywa_Sagaing_Region.html

Visiting to our High School

high school

high school

I parted from High school 7 years ago.

Then, I studied in Medical school in Mandalay.

Before I went out from my hometown, it was a small town..

The name is Pyinmana..

I have never dream about that my little town would become a capital of our Country Myanamar..

Yes..

Goverment built a new capital based on our small town..

They name it  Nay Pyi Taw..

It is located in central region of Myanmar..

When I was studying in Mandalay, my little town was changed alot..

Before i was gone, people in the town are simple and polite..

The bigger the city, the more people from different area transfed in it..

When i back to the town…………

I don’t feed good and happy.

Today is the homage ceremony to the Teachers at my high school.

I went there for medcial checkup to old teachers…

They are happy in seeing us.

We took this picture at that High school.

You will see the how high school buildings situated in Myanmar,South east Asia..

Sorry For bad english..

The Moat

The Moat

Mandalay Moat

30.10.2012
Myanmar ancient fort ,Moat

Page 1 of 8

Powered by WordPress & Theme by Anders Norén