ရေခြား၊မြေခြားမှာ နေလာတာ ၄လနီးပါးတောင်ရှိတော့မယ်။ အသားကျသလိုလိုရှိပေမယ့် ကိုယ့်ရဲ့ Life ကို ရှာမတွေ့သေးပါဘူး။ ဒီမှာရှိတဲ့ Community တွေနဲ့လည်း အံဝင်ခွင်ကျမဖြစ်သေးဘူး။ ရာသီဥတု ပြောင်းလာတာ ၊အေးလာတာကော၊ အဖော်မဲ့လွမ်းဆွတ်စိတ်ခံစားရတာတွကော သတင်းဆိုးတွေနဲ့ပဲ ပြည့်နှက်နေလို့ နွေးထွေးဖွယ်မရှိတာတွေကောကြောင့် မကျက်တဲ့အနာစိမ်းလို ဖြစ်နေတာပေါ့။
အခုက နိုဝင်ဘာလာထဲရောက်နေပြီ။​မနေ့တနေ့ကပဲ US စံတော်ချိန်တွေ အရွှေ့အပြောင်းဖြစ်တယ်။ Central time က တစ်နာရီ ရှေ့တိုးသွားတယ်။ အရင်က ၆နာရီဆို အခု ၅နာရီဖြစ်သွားတယ်။  ညတွေ ဘက် ဆို အချို့ရက်တွေ -3’C တို့ဘာတို့ထိအေးလေ့ရှိတယ်။ နှင်းတွေတော့ မကျသေးပါဘူး။တစ်ရက်တစ်ရက်ဘယ်လို ကျော်ဖြတ်လဲလို့မေးရင် အိမ်ရာ၉နာရီလောက်မှာနိုးတယ်။ ရေချိုးမျက်နှာသစ်၊ မနက်စာပြင်၊ ကော်ဖီသောက်၊ Fb ကြည့်၊ Message ဖတ်၊ ပြီးတော့ Crypto market ထဲဝင်ပြီးကွိုင်တွေရဲ့အခြေအနေတွေကြည့်။ နောက်တော့မှ စာစဖတ်၊ assignmentလုပ်စရာရှိတာလုပ်၊​စသဖြင့်ပေါ့။ အချို့ရက်တွေက မနက်ခင်းပြေးကြည့်သေးတယ်.အစောပိုင်းက ဟုတ်မလိုလိုနဲ့ .နောက်ရက်တွေ တအားအေးလာတော့ မပြေးနိင်တော့ အဆက်ပြတ်သွားတယ်။စာလုပ်တာပြန်ပြောရရင်. အတန်းတွေက အွန်လိုင်းမှာပေးထာတးဲ့ Lesson တွေကြည့်ကိုယ့်ဟာကိုနားလည်အောင်လုပ်၊​assignment ဖြေစတဲ့ ..အဝေးသင်လိုပုံစံဖြစ်နေတာဆိုတော့ .. ပျင်းဖို့တောင်ကောင်းတယ်. အတန်းဖော်တွေနဲ့လည်းသိပ်ပြီးတော့ interaction မရှိလှဘူး။​ အဲဒီလိုပဲ များသောအားဖြင့် အချိန်တွေကို တစ်ယောက်တည်းကုန်ဆုံးနေရတော့ .. စိတ်ထဲမှာ မပျော်ဘူး။ US ရောက်နေရလို့ ကံကောင်းတယ်လို့လည်းမခံစားရဘူး။ တဖြေးဖြေးနဲ့ လူကြီးတချို့ပြောတာတွေ ကို နားလည်တယ်။ သူတို့တွေဘယ်လောက်ကောင်းတဲ့နေရာမှာ နေရပေမယ့်တကယ်တမ်းကျတော့ ..အဲဒီလောက်မကောင်းတဲ့နေရာမှာ ပဲအဖော်အပေါင်းတွေနဲ့ ပျော်ရတာကိုပိုကြိုက်ကြတာ။တခါတလေကျတွေးမိတယ်​ ။​ဒီလောက်ထိဝေးတဲ့နေရာမဟုတ်ပဲ.. အချိန် ၃၊၄နာရီလောက်ပဲခြားတဲ့နေရာဆိုပိုကောင်းမှာပဲလို့။ အခုကျတော့ ကိုယ့်ဆီမနက်ဆို သူတို့ဆီမှာည။ ဖြစ်နေရော။နေ့ခင်းဘက်အချိန်တွေ ဆို ငေါင်စင်းစင်း အထီးကျန်လွန်းတယ်။ မြန်မာပြည်နဲ့ ဆက်စပ်ပြီးအလုပ်တွေလုပ်ရတာလည်း အဆင်သိပ်မပြေဘူး။ အရှိန်က ရလိုက်မရလိုက်နဲ့ပေါ့။ သူတို့ဆီမှာ အလုပ်စလုပ်တဲ့အချိန်ဆို ကိုယ့်ဆီမှာအိပ်ချိန်ရောက်ပြီ။ အလားတူပဲ ကိုယ့်ဆီမှာ လုပ်လို့အရှိန်ကောင်းနေရင်သူတို့ဘက်မှာ အိပ်နေပြီ။  မြန်မာပြည်ထဲမှာ လွတ်မြောက်နေရာမှာ နေနိုင်တယ်ဆိုရင်..အခုနေ ကိုယ်လုပ်ပေးလို့ရတာတွေ အများကြီးရှိနေမှာပဲ ဆိုတဲ့အတွေးဝင်လာတဲ့ချိန်ဆို ..စိတ်ထဲနေလို့မကောင်းပြန်ဘူး။ ဘယ်လိုပဲ အင်တာနက်တွေရှိနေတယ် အဆက်အသွယ်တွေရှိနေတယ်ဆိုပေမယ့် တကယ်လုပ်တဲ့အခါကျရင်.. ခရီးသိပ်မတွင်တာတွေက ကိုယ်တိုင်ကြုံတွေ့နေရတာကိုး။တခါတလေ..သူငယ်ချင်း ၊အသိမိတ်ဆွေတွေနဲ့ ဝိုင်းထိုင်ပြီးစကားပြောချင်တာ.. အရင်က ရန်ကုန်မြို့ညတွေမှာ ဘားတွေထိုင်ပြီး ငြင်းခဲ့.. ရောက်ရာပေါက်ရာပြောခဲ့ ရယ်မောခဲ့ကြရသလိုမျိုးပေါ့။ အခုကျန်ခဲ့တဲ့သူငယ်ချင်းတစ်စုကလည်း သူတို့ဘာသာ ဆက်လည်ပတ်နေတယ်။ အဆင်မပြေတာတွေရှိနေပေမယ့်. အချင်းချင်း ကြည့်ရှူစရာလူတွေရှိကြတယ်။ဆိုးအတူ ကောင်းအတူတွေပေါ့။သူတို့တွေ.. နေထိုင်နေကြတာတွေကို ပွဲကြည့်ပရိတ်သတ်တစ်ဦးလိုပဲမြင်နေကြည့်နေရကြတယ်။ကိုယ်ပြောတာတွေကလည်း သိပ်ဘောင်မဝင်တော့ဘူး။​ သူတို့ပြောတာတွေလည်း ကိုယ်နဲ့သိပ်မသက်ဆိုင်တော့သလိုဖြစ်လာတာကိုး။ဒါက ပုံမှန်ပါပဲ…လူတွေကကိုယ်ကြုံနေရာတွေကိုရှယ်ပေးချင်တယ်။ ပြောပြချင်တယ်။ တခါတလေကျ အဲဒီ အကြောင်းအရာတွေက လူတော်တော်များများနဲ့ မသက်ဆိုင်ဘူး။  ဒါကြောင့်တူရာတူရာလူတွေပဲစုစုသွားတယ်။ အကြောင်းမျိုးမျိုးကြောင့် တချိိန်က တူခဲ့တဲ့သူတွေလည်း နောင်ကျ ပြန်လည်ကွဲသွားတတ်ကြတာပဲ။နောက်ဆုံး ကိုယ့်ဘာသာ တစ်ဦးတည်း ရှင်သန်ရပ်တည်ရမှာချင်းအတူတူ ဘယ်လိုနည်းနဲ့ ဖြတ်သန်းရမလဲဆိုတာကိုပဲ နည်းလမ်းတွေလိုက်ရှာတော့တယ်။  သူများတွေကို ချစ်တတ်ဖို့ ဆိုရင် ကိုယ့်ကိုယ်ကိုအရင်ချစ်တတ်ဖို့လိုတယ်ဆိုပြီး ပြောလေ့ရှိကြတယ်။ ဒါပေမယ့်လည်း.. အဲလိုမျိုးစာတွေက.. အမျိုးမျိုးရေးနေကြတာဆိုပြီးတော့ သိပ်အယုံအကြည်မရှိချင်သလို စိတ်ကလည်း ပေါ်လာတတ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ်.. ကိုယ်အဆင်ပြေမယ့်နည်းလမ်းကို အရင်ရှာဖို့လိုတယ်ဆိုတာကိုတော့ တွေးမိတယ်။လေ့ကျင့်ခန်းတွေလုပ်ရင် ပိုနေလို့ကောင်းတယ်ဆိုတာကိုလည်း သိထားပါတယ်။​Motivation က အမြဲရှိိနေဖို့သာခက်တာ။ အရင်တုန်းကတော့ အိမ်နားမှာ Gym တစ်ခုရှိတယ်။ တစ်ပတ်မှာ ၆ရက်လောက်သွားဖြစ်တယ်။ အိမ်မှာ ရူးခါနေတာထက် လူတွေကြားထဲသွားနေချင်းက ပိုကောင်းတယ်ဆိုတာ သိလာတာကိုး။ လူကြားထဲရောက်ရင်စကားသာသိပ်မပြောချင်တာ.. သူများတွေ ပြောနေတာကိုလိုက်နားထောင်နေရတာတော့ သဘောကျတယ်။ တခါတလေ အတင်း တွန်းပို့ပေးတဲ့ motivation က အနည်းဆုံးတေ့  Gym က ကောင်မလေးတွေ သွားငမ်းလို့ရတယ်လေ.XD​ လေ့ကျင့်ခန်းလုပ်တော့ ခန္ဓာကိုယ်က ပို alert ဖြစ်တယ်။ တချိန်လုံးကွန်ပျူတာကြည့်နေ၊လုပ်နေပေမယ့် ထိုင်းမှိုင်းနေတယ်ဆိုတာ တွေ လျော့သွားတယ်။ ပိုလည်းစိတ်ကူးတွေရတယ်။
အခုချိန်တော့ Gym ကိုလည်း ဟုတ်တိပတ်တိမရောက်သေးပါဘူး။​ ဟိုတခါက .. ပြေးစက်ပေါ်မှာ Mask တပ်ပြီး ပြေးလိုက်ရင်းက ရုတ်တရက် မေ့လဲမလိုလိုဖြစ်သွားပြီးကတည်း တော်တော်ဆင်ခြင်နေရတယ်။ အဲတုန်းက မျက်လုံးတွေပြာသွားပြီး. မထနိုင်တော့ဘူး။BP ရုတ်တရက်ကျသွားသလားပဲ။​ အဲလိုမျိုး တခါဖြစ်ဖူးတယ်။ လွန်ခဲ့တဲ့ ၁၀နှစ်လောက်ကထင်တာပဲ။ အဲဒီတုန်းက တော့ အိမ်မှာဆိုတော့ကြည့်မယ့်သူတွေရှိတယ်။​ အခုတော့ ဘယ်သူမှမရှိဘူး။ တကယ်သာ သတိလစ်သွားရင်တော့လည်း .အဆောင်ကလူတွေက 911 တော့ခေါ်ပေးလောက်မှာပါ။  အဲချိန်ကတွေးမိတာက ငါ့မှာ ရှိတဲ့ Health insurance က acitve ကောဖြစ်ရဲ့လားမသိဘူးဆိုတာပဲ။ ကိုယ့်ဘာသာ ချောင်တခုမှာ နံရံကိုမှီထိိုင်နေရင်းနဲ့.. အသက်ရှူမှန်အောင်၊​Heart rate ပုံမှန်ပြန်ဖြစ်အောင်၊ သတိမလွတ်အောင် ကြိုးစားနေလိုက်တယ်။ ၁၀ မိနစ်လောက်တော့ကြာသွားတဲ့နောက်မှာ.. ပြာနေတဲ့မျက်လုံးတွေ ပုံမှန်ပြန်ဖြစ်လာတယ်။ Heart rate က ပြန် ပြီးstrong ဖြစ်လာတယ်။​အဲဒီနောက်ပိုင်း.. အလွန်အကျွံတွေ မလုပ်မိဖို့ ပိုသတိပေးဖြစ်သွားတယ်။
ကျနော် ပြောချင်နေတဲ့စကားတွေ အများကြီးဗျ။ မပြောချင်တဲ့အခါ.. တခွန်းမေးတစ်ခွန်းဖြေပဲလုပ်သလောက် ။ ပြောချင်တဲ့အခါဆို .. ကိုယ်ကပဲ ဆက်တိုက်ပြောပြောသွားတာ။ ဟိုးတလောက ဆိုလည်း သိချင်တဲ့သူရှိလို့ မြန်မာပြည်အကြောင်းကိုထိုင်ပြောနေတာ ၂နာရီကျော်ကြာတယ်။ နောက်ဆုံးသူတို့က ရပ်ပါတော့ပြောယူရတဲ့အထိပဲ။..အဲလိုအရပ်ခံခိုင်းရပြီဆိုရင် စိတ်မကောင်းက ဖြစ်တတ်သေးတာ။ ငါတအား စကားပြောမိသွားပြီပဲဆိုပြီးတော့။ နောက်အဲလိုမပြောတာ့ဘူးဆိုပြီး တွေးပြန်ရော.XDအခုနေဆိုရင်တော့ Crypto အကြောင်းပြောဆိုရင်သေချာပေါက်.. အကြာကြီးပြောမိမှာ.. ဟိုးအရင်က Unicode အကြောင်းတို့ ဘာတို့အကြောင်းပြောတဲအ့ခါ. မနားတမ်းပြောနိုင်သလိုမျိုးပဲ။အခြေအနေအချိန်အခါရ.. ကိုယ်ပြောချင်တာတွေ လုပ်ချင်တာတွေကို ဒီအချိန်မှာ မပြောသင့်ဘူးလေဆိုပြီး.. ငြိမ်နေရင်းကနေ. mental health ကပါ လိုက်မကောင်းချင်တော့ဘူးဖြစ်ဖြစ်လာတာ။ဘယ်လိုပဲဖြစ်ဖြစ်.. ချရေးလိုက်ရတာကတော့ ရင်ထဲပိုပေ့ါသွားပါတယ်..Journal ရေးတာက Fb မှာ ကြုံသလိုလျှောက်ပြောနေတာထက်တော့ ကောင်းလိမ့်မယ်လို့ထင်တာပဲ..9 Nov 202110:07 AM