Many Lives, Many Memories.

Category: House Officer

ပထမနေ့ သားဖွားဆောင် ညဂျူတီ

27.8.2012

Location Central Women Hospital.
(Evernote ထဲ ရေးခဲ့သော notes အပိုင်းအစလေးများ..)
Photo credit: Google
ပထမနေ့ သားဖွားဆောင် ညဂျူတီ

မိုးတောင်စင်စင်လင်းပြီ။
ပြူတင်းပေါက်နားက ငှက်လေးတွေလည်းအိပ်ရာနိုးလို့ ဆူညံနေပြီ။
ကျွန်တော်တော့တစ်ညလုံးမအိပ်ရသေးပါ။
ည၂နာရီလောက်မှာ ခွဲမွေးရတဲ့ လူနာနှစ်ယောက်ရှိတာ ဆာဂျင်အကူလုပ်ပေးနေရတယ်။

ညကလည်းမွေးတဲ့ လူနာတွေ ရှိတာကူပေးနေတယ်။

သူငယ်ချင်းအလုပ်သင်ဆရာဝန်နှစ်ယောက်ကတော့ ကလေးမွေးပေးနေတယ်။

မွေးကင်းစကလေးရဲ့ စူးရှရှ ငိုသံက စောင့်နေတဲ့ မိဘဆွေမျိုးတွေအတွက်ကော ကျွန်တော်တို့အတွက်ကော
သာယာ ပျော်ရွှင်စေတဲ့ အရာလေးပါပဲ

အခန်းထဲမှာ ပူလောင်အိုက်စက်နေတဲ့အတွက် ပြူတင်းပေါက်နားမှာ လေညှင်းလေးများရမလားရပ်နေမိတယ်။

ယောက်ကျားလေးမွေးတယ်တော်ရေ့ဆိုတဲ့ အသံနဲ့
ဆူဆူညံညံပျော်ရွှင်နေတဲ့ မိသားစုကို ကြည့်ရတာ
အိပ်ချင်စိတ်လည်းပျောက်
အပျော်တွေပါကူးစက်ရောက်လာတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလည်း ကျွန်တော်တို့လည်း
ဒီလို လူပေါက်စလေးတွေပဲလေ
ခြေကားယား လက်ကားယားနဲ့ ယက်ကန်ယက်ကန် ဘဝကနေ အခုကျွန်တော်တို့ရဲ့မိခင်လိုမျိုးအမျိုးသမီးတွေကို ပြန် စောင့်ရှောက်နေရပြီ။

မမွေးသေးတဲ့မိခင်တွေနားမှာ တစ်ညလုံးထိုင်ခုံတစ်လုံးနဲ့ ထိုင်ပြီး
မွေးဖို့ ဘယ်လောက်လိုသေးလဲ ဗိုက်ကို နာရီဝက်တစ်ခါစမ်းပေးနေတဲ့
သူငယ်ချင်း အလုပ်သင်လေးတွေအပေါ် အမေတွေ ဘယ်လိုများ သဘောထားကြမလဲ သိချင်စမ်းပါတယ်။

ဆရာဝန်တွေကို လူနာဆီက ပိုက်ဆံတွေ အတင်းယူတယ် ပြောကြသူတွေ
လကုန်ခါနီးပြီ
အိပ်ထဲတစ်ထောင်ပင်ပြည့်အောင်မရှိ
အိမ်ကို လှမ်းမှာရတဲ့ အကြောင်းတွေကောသိပါ့မလား။

လူနာအတွက် အချိုရည် နဲ့မုန့်ဝယ်ခိုင်းတာကို
ခပ်စိမ်းစိမ်းအကြည့်နဲ့ မကြည်သလိုကြည့်ခံရတာ

ကျွန်တော်တို့သောက်ဖို့ ရေတစ်ဗူးများပိုမှာ မိဖူးသလားဗျာ။

တစ်ခါတစ်လေ အဓိပ္ပါယ်မရှိဘူးခံစားမိပေမယ့်
တစ်ခါတစ်လေတော့အဓိပ္ပါယ်အရှိဆုံးအလုပ်ဆိုတာ ငြင်းလို့မရပါဘူး။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

၈နာရီမထိုးခင်မှာဂျူတီထွက်ခဲ့တယ်..အိမ်လည်းရောက်ရော…OTနံ့တွေနံစော်နေတဲ့ဝတ်စုံကိုမလဲနိုင်ပဲ Dream bed ပေါ်မှာအိပ်ပျော်သွားခဲ့တယ်

အိမ်မက်တွေကလည်းကယောက်ကယက်..

ဖြစ်ချင်တာတွေပဲသိတယ်..။
လမ်းကရှာလို့မတွေ့…
ဟိုးတစ်နေ့က Steve Job ရေးတဲ့စာလေးတစ်ကြောင်းကတော့ခေါင်းထဲမှာမှတ်မိနေတယ်.
ကိုယ်တစ်ကယ်ဖြစ်ချင်တာအရာကိုရောက်အောင်သွားတဲ့….
လက်ရှိအလုပ်နဲ့ပဲမကျေနပ်နဲ့တဲ့…….ကိုယ်ဖြစ်ချင်တဲ့အရာကိုလုပ်နေရပြီဆိုရင်…စိတ်ကအလိုလိုသိလိမ့်မယ်တဲ့

အိမ်မက်ထဲဟိုရောက်လိုက်ဒီရောက်လိုက်ပေါ့..
တစ်ခေါက်ပြန်နိုးတော့..နေ့လည်၁နာရီထိုးနေပြီ.
ဗိုက်ကလည်းဆာ..တယ်.
ထမင်းသွားစားမလို့…ပိုက်ဆံကိုစမ်းလိုက်တော့တစ်ထောင်ပဲရှိတယ်.
တစ်နေ့လုံးမှတစ်ထောင်နဲ့ဘယ်လိုစားရပါ့။

ဘဏ်စာအုပ်ထဲမှာရှိနေသေးလို့တော်သေးတယ်။
ခေါင်းကမူးပြီး…အိပ်ရေးမဝတဲ့ဒဏ်က….ဘာက်ိုမှကောင်းကောင်းမတွေးနိုင်ဘူး.။.

CBဘဏ်ကိုပိုက်ဆံသွားထုတ်တယ်။
ဘဏ်ရှေ့မှာဆိုင်ကယ်ထိုးရင်စဉ်းစားနေမိတယ်။
တစ်နေ့ငါကောဒီလိုဘဏ်ကြီးရဲ့အစုရှယ်ယာဝင်တစ်ယောက်မဖြစ်လာနိုင်ဘူးလားဆိုပြီးတော့.

ကိုယ့်အတွေးနဲ့ကိုယ်ကတော့ကျေနပ်စရာပါပဲ၊။
ဖြစ်ချင်လာတဲ့အိမ်မက်တွေထဲမှာ…ကိုယ့်ကိုယ်ကိုတိုးတက်အောင်လုပ်ပြီး…ကိုယ့်နိုင်ငံအတွက်လုပ်ပေးချင်တာလည်းပါတယ်.

Time loop

September..2. 2012

Last night, I was working till 4 am.
I was upgrading my phone os to the latest version.
Playing with the gadgets is my hobby. Maybe I have nothing else to do. Since I don’t have any strings to be attached, I don’t need to hang out with my girlfriend.
Sometimes, I wonder how it would be like having a girlfriend. But, I know It can’t happen that easily.
So, the 23-year-old young life is still enjoyable with modern tech things.
Well, I have successfully upgraded the to latest OS version.
The feeling that I solved something and getting a new experience on mobile tech is pretty good.

In this early morning, one of my friend from the hospital came to me and requested help for his phone.
I haven’t washed the face yet when I was testing on his device. It took me an hour to solve. Then, his phone was ok.
On the last weekend of August, I was assigned for the night shift at the central woman hospital.
They were really tough days.
Although I was free the whole day, it’s hard to say that I was being free. Because of sleep deprivation, I was drowsy and never wanted to leave the bed.No matter what I tried to sleep, I couldn’t. That day sleeping made the whole body fatigue and physically tired.
So, I didn’ like it.
I was unhappy. Days were alone .and nights were alone…
No one to care about me………..No one to care about my appetite.Damn! I miss my home. And want to have a girl who can take me out of this lonely life.

But now, I have to spend my boring days on the mobile, and surfing net.
It is a virtual life.
There are many friends in my account…
They look friendly and kind but, virtual friends can’t be like a real one. Sigh.!!

Reading for my blog would be a good habit for me.

Good night. Friends.
Oh. sorry, It’s the” good morning”.
I will treat you all if I have a real girlfriend who cares me in real life.

 

Arthur..

ဓာတ်မတည့်သော

ကျွန်တော်လည်းသာမာန် လူငယ်တစ်ယောက်ပါပဲ။
သာမာန်လူငယ်တစ်ယောက်လို အချစ်ကိုတောင့်တမိပါတယ်။

ဒါပေမယ့် ကျွန်တော် အချစ်အကြောင်းတွေးမိရင်ကြည်နူးရမယ့်အစား
မွန်းကျပ်လာတယ်။

ကျွန်တော်က အချစ်နဲ့ ဓာတ်မတည့်သော သူလေများလား

ရွေးချယ်မှု

ဒီစာကိုရေးတာ. ကိုယ့်ကိုယ်ကို အားပေးတဲ့အနေနဲ့ပါ။

POST တွေက စိတ်ဓာတ်ကျတဲ့အကြောင်းအရာတွေချည်းပဲဆိုရင်တော့ SORRY ပါ။

စိတ်ထဲမှာတစ်ခုခုကိုလိုလားတောင့်တာချိန်ရောက်မှစာရေးဖြစ်ပါတယ်။

အခုဆို သားဖွားမီးယပ်ဌာနုကိုရောက်လို့..တာဝန်ကျနေပါပြီ။

ကျောင်းသားဘဝကနဲ့.လုပ်ငန်းခွင်နဲ့ကကွာခြားပါတယ်

ကျောင်းသားဘဝတုန်းက..ဘာသာရပ်တစ်ခုအနေနဲ့လေ့လာလို့ပျော်ရွှင်ခဲ့သလောက်.

လုပ်ငန်းခွင်မှာ.ဘာသာရပ်လေ့လာရေးကလျော့နည်းပြီး.လူမှုရေး။ပေါင်းသင်းဆက်ဆံရေးနဲ့ ရုံးအလုပ်တွေမှာ.နစ်မြုပ်နေရတော့.

ကျွန်တော်မပျော်ပါ.

၆လတာ အလုပ်သင်ကာလပြီးဆုံးသွားခဲ့ပြီးနောက်.

အလုပ်သင်ဘဝပြီးလျှင်ဘာလုပ်မယ်ဆိုတာကိုအတန်တန်စဉ်းစားပေမယ့်ကျွန်တော်အဖြေမထုတ်နိုင်သေးပါဘူး.။

ခေါင်းထဲမှာဖြစ်ချင်တာတွေက ရောထွေးနေပါတယ်.

ပန်းတို်င်တစ်ခုကိုတိတိကျကျရှာမတွေ့ပါဘူး.။

ရွယ်တူ..အတန်းတူတွေ..ငွေများများရှာနို်င်နေကြပြီ။

သူတို့လိုချင်တဲ့အရာ.သူတို့ဝါသနာပါတဲ့အရာတွေကို ကိုယ်တိုင်ဝယ်နိုင်နေကြပြီ.။။

ကျွန်တော်နှစ်သက်စွဲလမ်းတဲ့အရာတွေကို.၀ယ်ယူဖို့…အလုပ်သင်လခလေးတွေစုပေမယ့်မပြည့်နိုင်သေးပါ။

တစ်ခါတစ်လေ…အရမ်းကိုလိုချင်လွန်းလို့ရူးမတတ်ဖြစ်ပါတယ်။

ဒါပေမယ့်ကျွန်တော်မဝယ်နိုင်ပါ.

အိမ်ကလည်းကျွန်တော့်ကိုဝယ်မပေးနိုင်တော့ပါ။

၂၀၁၂ ခုနှစ်မှာ..၀န်ထမ်းများလခတိုးရကြပြီး.အဆင်ပြေကြပါတယ်

သာမာန်စီးပွားရေးသမားများက ခေတ်စနစ်အပြောင်းအလဲဒဏ်ကိုတော်တော်ခံရပါတယ်။

ကျွန်တော်တို့အိမ်လည်းအရင်ကလောက်စီးပွားရေးမကောင်းပါ.

မွေးနေ့နီးလာပြီ.

PROFESSIONAL ကင်မရာတစ်လုံးလောက်အရမ်းလိုချင်တယ်. လက်စွမ်းပြချင်နေတာ.လက်ကိုယားလို့.

ဖုန်းကင်မရာနဲ့အာသာဖြေနေခဲ့ရတယ်.

အဲဒီဖုန်းကင်မရာနဲ့ရိုက်တဲ့ပုံက ကျောင်းက ဓာတ်ပုံပြိုင်ပွဲမှာဆုရတယ်.

အဲဒီပုံဆုရတယ်ကြားတုန်းက ၀မ်းသာ..တယ်…၀မ်းလည်းနည်းတယ်.။

၀မ်းနည်းတာက.

ဆုရတဲ့ပုံက …ဖုန်းနဲ့ရိုက်ခဲ့ရလို့.

သီချင်းတွေလုပ်ချင်ခဲ့တယ်

STUDIO ကျွန်တော့်မှာမရှိပါ.

STUDIO မှာသီချင်းသွားတီးခိုင်းဖို့..အတွက် ကျွန်တော်နှမြောပါတယ်.

အိမ်မှာသီချင်းတွေကို ကိုယ်တိုင်တီးပါတယ်။

ကိုယ်တိုင်အသံဖမ်းပါတယ်။

ကျွန်တောာ်ပျော်တယ်….ဒါပေမယ့်ဝမ်းနည်းပါတယ်။

………………………………………၀ါသနာအတွက်ရင်းနှီးမှုတွေပါ

အသက်မွေးဝမ်းကြောင်းအတွက်.ဘယ်လိုလုပ်ငန်းကိုရွေးမလဲကျွန်တော်စဉ်းစားကြည့်ပါတယ်.

ဆရာဝန်လုပ်မလား။

မလုပ်ဘူးလား။

ရွေးစရာနှစ်ခုပဲရှိပါတယ်…အဲဒါလေးကိုကျွန်တော်မရွေးနိုင်သေးပါ.

၁. ဆရာဝန်လုပ်ခဲ့ရင်…ဘယ်အဆင့်ထိရောက်အောင်လုပ်မလဲ.

ဘယ်နယ်ပယ်ထဲကို၀င်မလဲ.

သေချာတာကတော့.ဆရာဝန်လုပ်ငန်းကိုကျွန်တော်စီးပွားဖြစ်လုပ်လိမ့်မည်မဟုတ်ပါ။ ကျွန်တော့်လိုအပ်သောဘဝအတွက်.ဆရာဝန်မဟုတ်သောစီးပွားရေးတစ်ခုတွင်အောင်မြင်နေဖို့လိုပါတယ်.

ဆရာဝန်အလုပ်ကို.ကုသတဲ့ဆရာဝန်.လုပ်မလား.။

SPECIALIST လုပ်မလား.

လူအများစုကိုကယ်နို်င်တဲ့ဆရာဝန်လုပ်မလား.

လူတစ်ဦးချင်းကို ပမာဏကျန်းမာရေးစောင့်ရှောက်ပေးတဲ့သူဖြစ်ချင်လား.

SPECIALIST တစ်ဦးဖြစ်ဖို့..စွမ်းဆောင်လိုစိတ်မရှိပါ.

တာဝန်ချိန်သတ်သတ်မှတ်မှတ်ရှိသောဆရာဝန်တစ်ဦးဖြစ်ချင်ပါတယ်။

ကျွန်တော်မြင်နေရတဲ့ပတ်ဝန်းကျင်မှာ.ဆရာဝန်တွေဘဝက သနားစရာကောင်းပါတယ်.

အလုပ်နဲ့လက်နဲ့မပြတ်လုပ်နေရပါတယ်..အစိုးရဆေးရုံထိုင်. အပြင်ဆေးခန်းထိုင်.

သေကောင်ပေါင်းလဲလူနာတွေနဲ့တွေ့ရင်တောင်…ခံစားချက်မရှိတော့ပါဘူး.

တကယ်လည်းသူတို့အတွက်က မထူးဆန်းပါ.။ကျွန်တော်ဖြစ်ချင်တာတစ်ခုခုကို .သေသေချာချာသတ်မှတ်ထားဖို့တော့လိုနေပြီထင်ပါတယ်။

ကျွန်တော်လူတွေကို.ကယ်ရတာသဘောကျပါတယ်.။

လူတစ်ယောက်ကျွန်တော်တို့ရဲ့စွမ်းဆောင်ချက်နဲ့ရှင်သွားခဲ့ရင်.ပီတိဖြစ်ရပါတယ်.

ကျွန်တော်အဲဒီိလုုိပီတိမစားခဲ့ရတာကြာခဲ့ပါပြီ.. ကိုယ့်ကိုယ်ကိုဆရာဝန်တစ်ဦးဆိုတဲ့စိတ်ပျောက်ဆုံးနေခဲ့တာလည်းကြာခဲ့ပါပြီ.

ဆေးရုံမှာ.လူရာသွင်းမခံရတဲ့အခိုက်တွေရှိပါတယ်.

လူနာတွေရဲ့မလေးမစားဆက်ဆံမှုတွေရှိပါတယ်

၀တ္ထုတွေထဲကဆရာဝန်ဘဝလောက်..အပြင်က ဆရာဝန်တွေဘဝက မလှပမှန်းလည်းသိခဲ့ရပါတယ်

ကျွန်တော့်မှာပို်က်ဆံတွေရှိပြီး..ဖောင်ဒေးရှင်းထောင်ပြီးလူနာတွေကို ကုပစ်လိုက်ချင်ပါတယ်။

လူနာတွေကိုကုဖို့ကျွန်တော့်ကိုကျွန်တော်ယုံကြည်ချက်မရှိသေးပါ.

ကျွန်တော်ဘယ်လိုမှမွေးမြုလို့မရသေးပါ။

တွေးမိနေတာတွေမှာ.အောင်မြင်ချင်စိတ်တွေအရမ်းများနေပါတယ်.

အဆင့်တွေကျော်သွားချင်စိတ်တွေလည်းအရမ်းများနေပါတယ်

အိမ်က မိဘ..မျှော်လင့်ထားတဲ့ အဆင့်ထက်ကိုကျွန်တော်ရောက်ချင်တဲ့အဆင့်ကပိုပါတယ်.

ကျွန်တော်တို့နိုင်ငံကိုတိုးတက်စေချင်ပါတယ်.

လူတွေစိတ်ဓာတ်တိုးတက်စေချင်ပါတယ်.

အခွင့်အလမ်းတွေလာရင်တစ်ဖက်တစ်လမ်းကဝင်ရောက်စွမ်းဆောင်ပြီး..လူလတ်ပိုင်းဘဝမှာ.မြန်မာနိုင်ငံမှာအောင်မြင်ပြီးနိုင်ငံတကာနဲ့ဆက်ဆံရသူတစ်ဥိီးဖြစ်ချင်ပါတယ်.

မြန်မာနိုင်ငံအတွက်.အကျိုုးရှိမယ့်လုပ်ငန်းတွေ.လုပ်ကိုင်ခဲ့တဲ့..သူတစ်ဦးဖြစ်ချင်ပါတယ်.

အသက်ကြီးချိန်..မှာ.ကိုယ်လုပ်ခဲ့တာတွေအတွက်နောင်တမရဘဲ..စိတ်ကူးထဲက..အိမ်လေးမှာငြိမ်းငြိမ်းချမ်းချမ်းနေသွားလိုစိတ်ရှိပါတယ်။

့ကျွန်တော်အလုပ်သင်ပြီးရင်ဖြစ်လာမှာက DR.ပေါက်စ.

ကျွန်တော့်အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့ဘယ်လမ်းကိုဘယ်လိုုလိုက်ရမှန်းမသိဘူး.

ဆရာဝန်ဘဝနဲ့ကျွန်တော့်အိမ်မက်တွေဖြစ်ဖို့ဘယ်လို..ဆက်စပ်ရမလဲ

DAY DREAMER တစ်ယောက်သာဖြစ်ပြီး. NO ACTION,TALK ONLY . ဖြစ်နေမှာကိုလည်းကြောက်တယ်

ဖြစ်ချင်တာတွေအတွက်လမ်းစမပေါ်သေးဘူး.

အဖေက ပြောတယ်.

ဖြစ်ချင်တာတွေများရင်.အဖြစ်နို်င်ဆုံးဟာကိုအရင်လုပ်တဲ့.

ကျွန်တော်ဘာလုပ်ရမှာလဲ.

MBBS နဲ့… နိုင်ငံက လိုအပ်နေတဲ့ HUMAN RESOURCE ကို ကျွန်တော်ဘယ်လိုဖြည့်ပေးရမှာလဲ.

ဒီထက်ပို PROFESSIONAL ကျအောင်လုပ်ရမှာလား.

ူအဲဒီလိုPROFESSIONAL ကျအောင်လုပ်ရင့်ကျွန်တော်ဖြစ်ချင်တဲ့အိမ်မက်တွေအတွက် လမ်းစပေါ်လာမှာလား.

အဖြေ……………………………………………………………………………………………………….

ARTHUR

8.7.2012(12.24AM)

House Officer

Image

Perfect girl

After my house officer life,
I have to build a new road for me and my family.
I have to build a new business in my hometown.

I already consider which type of business I would do.
My family is not rich.

Just an ordinary family.
I need cash to do.

I have been named as a doctor.
I love it.
I want to be a real doctor who can care on the patient.
A real doctor doesn’t mean that I will sink my whole life into this.

I will have to do other job for my economy.
That is I don’t expert too much from my patient.
To live my life I need a strong background bussiness.

I have to seed it.
I love medicine and I love patient.
Sometime I feel very sad for the vacant of my love.
I want to share my thoughts .
I need to care and I want to pay back.
To implement and combine two teams.
I dare not hope such type of dream with the girls near me.
I dare not share it.

I have a weakness.
I have the ability and power that can’t show up.
That ability can only be born by cheerful person.

A perfect girl is not a perfect one.
She is the one who can change her partner to better. Guy. . .

Pick a lock my brave

I just finished the watching of mission impossible (ghost protocol)

That movie is really attractive and
Fantastic.

It makes me some dreams and imagination.

Usually, I am frightened on new protocol.
Although admire on adventuring,
Difficult to behave physically.

I want to giveup that coward habit.
If I really want to be exciting.

image

ng in my future, I have to pick a lock of my brave

I don’t want to get regret. .
Sometimes I am still missing.

I won’t want to back walk.
It is like a lying myself.

2012ပြည်ထောင်စုနေ့

ဖေဖေရေ…..

ဒီနေ့က… ပြည်ထောင်စုနေ့တဲ့…
သားတော့.. မန္တလေးပြည်သူ့ဆေးရုံကြီးထဲက အသည်းအထူးကုဌာနမှာတာဝန်ကျနေတယ်..

ဒီနေ့မနက်..ဗထူးကွင်းထဲ့..အလေးပြုသံတွေ ဘင်ခရာသံတွေကြောင့်အိပ်ရာကနိုးခဲ့တယ်…

လူလတ်ပိုင်းအစပြုနေပြီဖြစ်တဲ့..အသက်မှာ..ကလေးစိတ်တွေက သိပ်မကုန်ချင်သေးဘူး.ဖေဖေရာ..

အိမ်ကိုခဏပြန်လာနေချင်တယ်…
ဒါပေမယ့်ခွင့်ယူလို့ကမဖြစ်ဘူး….
သားလုပ်ချင်စိတ်ရှိနေတာတွေကို အကောင်အထည်ပေါ်အောင်…လမ်းစပေးတဲ့ဖေဖေ..
သားလုပ်တာတွေဘယ်လောက်မကောင်းပဲ..ညံ့ဖျင်းနေပါစေ…ဖေဖေကတော့သားရဲ့ထာဝရပရိတ်သတ်ပါ..

ကောင်းတာတွေကို ရှာကြံချိီးကျုးပေးတဲ့အခါတိုင်.း..စိတ်ထဲကနေကြိတ်ပြီးကျေးဇူးတင်နေပါတယ်…ဖေဖေ

အစွမ်းအစဆိုတာ……လုပ်နိုင်တဲ့အစွမ်းလည်းရှိရမယ်..အစပြုထားတာလည်းရှိရမယ်လို့..ဖေဖေအမြဲတမ်းပြောတယ်…

အစွမ်းရှိတယ်လို့ကိုယ့်ကိုယ်ကိုယုံကြည်လာအောင်.. ပျိုးထောင်းပေးနိုင်ခဲ့ပါတယ်..

လုပ်နိုင်ခွင့်တွေရှိရက်နဲ့.အခုသား.မလုပ်နိုင်ဘူး.ဖေဖေ..

တစ်ယောက်တည်းရပ်တည်ရချိန်မှာ….လောကကြီးထဲ…၀င်တိုးဖို့အားတွေလျော့နေပြီ…

ခွန်အားရှိတဲ့စကားတွေမကြားရတာကြာပြီ……………

တက်ကြွမှုတွေကို..ပြန်ရှာဖွေနေတာ..မတွေ့နိုင်ဘူးအဖေရာ……

.
….အရာရာတိုင်းကပြောင်းလဲနေပြီ…
သားတို့နိုင်ငံကောပဲ..

အိမ်ခဏပြန်ချိန်တွေမှာ…..ဖေဖေနဲ့..နိုင်ငံရေး.ဘာသာရေး..စီးပွာရေးစုုံနေအောင်ဆွေးနွေးတာတွေ..သတိရမိတယ်..

တစ်ခါတစ်လေမှာ..သားအဖ..ငြင်းခုန်ကြရင်း..အဖြေမထွက်ခဲ့တာတွေ..
နိုင်ငံရေးမှာ…အယူအဆမတူတာတွေ….

ရွေးကောက်ပွဲတွေ..စလုပ်တော့..အဖေအရမ်းဝင်ချင်နေတာသားသိပါတယ်…
ဒါပေမယ့်အခြေအနေတွေဘယ်လိုလာမယ်မသိသေးတဲ့အတွက်..သားတွေမျက်နှာငဲ့ပါဦးဆိုတဲ့အမေ့စကားကြောင့်.အဖေ
ငြိမ်နေခဲ့တာ..

အခုတစ်ခေါက်မှာလည်း………အဖေဝင်အရွေးခံချင်တာသားသိပါတယ်..
အဖေ့သွေးထဲစီးဆင်းနေတဲ့ဗီဇကဖျောက်လို့မှမရနိုင်ပဲ..

အဖေ့ရဲ့ဘဝတစ်စိတ်တစ်ပိုင်းကိုနိုင်ငံရေးလောကထဲမြှုပ်နှံထားခဲ့ဖူးတာပဲ..

ဒါပေမယ့်အဖေ..၀င်ပြိုင်ချင်တဲ့မြို့နယ်မှာ..အဖေ.နာမည်မပါတာကိုဂျာနယ်ထဲမှာတွေ့ရတော့သားစိတ်မကောင်းဘူး..

ကိုယ့်ထက်လုပ်နိုင်သူတွေရှိနေချိန်မှာ…….အဖေဝင်မပါတော့ဘူးဆိုတဲ့စကားက…အမြဲတမ်းအမှတ်ရနေစေပါတယ်…

အားရှိတဲ့အဖေ့ဆီက ဆုံးမစကားတွေကြားချင်သေးတယ်..အဖေရာ..

အိမ်ကို လည်းဖုန်းမှန်မှန်မဆက်ဖြစ်တာကြာပြီ..အလုပ်ဝင်တည်းကပဲ….

နောက်မှဆက်ရေးတော.မယ်…

PS… BE HEALTHY AND HAPPY ..DAD

House officer တစ်ယောက်၏ပထမဆုံးဒိုင်ယာရီ

by Nyein Chan Ko Ko (Notes) on Tuesday, January 24, 2012 at 10:23pm

24.1.2012

မနက်ခင်းအိပ်ရာနိုးတော.ရာသီဥတုက သာယာနေသည်.

ကျွန်တော်အိပ်ရာက နိုးရင်..

ပထမဆုံးအလုပ်ချင်ဆုံးအရာက အကြိုက်ဆုံးသီချင်းတစ်ပုဒ်နားထောင်တာနဲ့

ကော်ဖီတစ်ခွက်သောက်တာပဲ.

ဒီနေ့တော့..

Green day ရဲ့ Time of Your Life သီချင်းနားထောင်ဖြစ်တယ်

နာရီက ၈နာရီထိုးဖို့.တာစူနေပြီ..

….

ကော်ဖီက ..မျက်နှာသစ်တုန်းကဖျော်ထားပေမယ့်

အခုထိပုူကျစ်နေဆဲပဲ..

မတတ်နိုင်တော့..

တစ်ကျိုက်လောက်သောက်ပြီး..ချထားခဲ့လိုက်တော့တယ်.

တစ်အိမ်လုံးမှာတစ်ယောက်တည်းဆိုတော့..အိပ်ရာနို်းရင်အဆင်သင့်ရှိနေမယ့်မနက်စာလည်းမရှိပါ..

အိမ်တံခါးလည်းသော.ခတ်ပြီးလို့ဆိုင်ကယ်စက်နှိုးလိုက်တော့..

နှိုးလို့ကမရ…..

သွားပြီ…….

မနေ့ညက…ဂျူတီပြီး ပြန်လာတော့..အိမ်ေ့ရှအရောက်မှာပဲဆိုင်ကယ်ဆီပြတ်သွားတာအမှတ်ရတယ်..

ဆီဆိုင်ထိရောက်အောင်..ဆိုင်ကယ်ကို်တွန်းသွားရတော့မယ်..

အထက်တန်းကျောင်းတစ်ခုအနားမှာရှိလို့….ကျောင်းသွားတဲ့သူတွေနဲ့လမ်းကရှူပ်နေတယ်.

စီးလို့မရတဲ့ဆိုင်ကယ်ကိုတွန်းရင်းနဲ့….ကားလှလှလေးတွေဖြတ်သွားရင်….အားကျတဲ့စိတ်က..ပေါ်မိပြန်တယ်..

ဆီဖြ ည်.ပြီးချိန်မှာတော.နောက်ကျနေပြီ…မနက်စာစားလို့မရတော့ဘူး..

ဗိုက်ဟောင်းလောင်းနဲ့ပဲ…..မန္တလေးဆေးရုံကြီး…ကုသဆောင် ၃ ရှေ.ရောက်တော့.

အရောင်အသွေးစုံတဲ့… ကားလေးတွေက .အသီးသီးနေရာယူပြီးနေပြီ…

နောက်ဆုံးနှစ်အပိုင်း(ခ)က ..ဆေးကျောင်းသားဆေးကျောင်းသူတွေရဲ့ကားလေးတွေပါ..

ပထမနှစ်တည်းက..အိမ်က အမွေပေးထားတဲ့.. ဆိုင်ကယ်အစုတ်လေးကို…ဆိုင်ကယ်စတန်းမှာထိုးခဲ့ပြီး…ward ထဲကို အပြေးတစ်ပိုင်းနဲ့ဝင်ခဲ့တယ်……..

FA ရှိမရှိ အရင်ချောင်းကြည့်ရသေးတယ်..

ပြီးတဲ့နောက်..အလုပ်သင်အခန်းထဲဝင်…..ချိတ်ထားတဲ့ဂျူတီကုတ်ကို လဲပြီး..နားကြပ်ကိုကောက်ကိုင်… ကျွန်တော် တာဝန်ကျတဲ့့ round site က လူနာတွေဘက်ထွက်ခဲ့တယ်.

Admission Day နှစ်ရက်ထပ်လို့….ကုတင်ပြည့်လျှံအောင်ပုံနေခဲ့တဲ့… unit က အခုတော့… ကုတင်အလွတ်တွေမြင်နေရပါပြီ..

အခြေအနေကောင်းတဲ့လူနာတွေကို …Discharge ပေးလိုက်တယ်..

ကျွန်တော်တို့် round site ဘက် က Jail ( အချုပ်) ထဲ မှာအမျိုးသမီးလူနာတစ်ယောက်ရှိတယ်..retro positiveတဲ့

သူ့အတွက် လိုအပ်တာတွေကို ward supply နဲ့ ပဲပေးထားတာ..

senior ဆရာတွေညွှန်ကြားတဲ့အတိုင်း…ဆေးတွေ ရေးပြီးထိုးပေးလိုအပ်တာတွေမှာပြီးတဲ့နောက်..

ပါမောက္ခဆရာကြီးလူနာကြည့်တဲ့နောက်ကို ..စာအုပ်လေးတွေကိုင် ပြီးလိုက်ရတယ်..

အဲဒီနောက်……နေ့လည်.. CME လို့ခေါ်တဲ့.. house officer တွေအတွက် လုပ်ပေးတဲ့ presentation တစ်ခုကို တက်ရတယ်..

အသည်းခြောက်ခြင်းနဲ့.. ဘီပိုး စီ ပိုးအကြောင်းပြောကြတာပါ..

ဆေးကုမဏီတစ်ခုက နေကော်ဖီနဲ့မုန့်ကျွေးတယ်..

ဒီလို်ဆိုတော့လည်း.. house ဘဝကသာယာဖိုု့ကောင်းပါဧ။်…

အလုပ်သင်တွေကမေး..

ဘွဲ့လွန်တက်နေတဲ့ဆရာ/ကျောင်းသားတွေက ဖြေ…နဲ့

ပျော်ဖို့ကောင်းပါသည်..

ဒီလိုနေ့မျိုးက…ညတာဝန်ကျတဲ့ကျွန်တော်တို့လို အလုပ်သင်များအတွက်… ရှားရှားပါးပါးနေ့လို့ပြောလို့ရပါတယ်..

မနက်ခင်းး… morning round ပြီးလျှင် ..ည ၈ နာရိီအထိ ..ကျွန်တော်တို့မှာတာဝန်ချိန်မရှိတော့

ကျန်သောနေ့များဆိုလျှင်..

နားရသော..အချိန်များပြတ်တောင်းပြတ်တောင်းဖြစ်လို့.. ကိုယ်ပိုင်အချိန်ကို ကောင်းကောင်းသုံးခွင့်မရပါ..

ဆေးရုံက ပြန်လာပြီးဆေးတက္ကသိုလ်ရှေ.ဖြတ်တော့..

၄နှစ်နေခဲ့ရတဲ့… UMMကို ….ပြန်သွားချင်စိတ်ပေါ်လာတယ်

ကျော်သွားပြီးမှဆိုင်ကယ် ပြန်ကွေ့ပြီး…ကျောင်းရဲ့ လမ်း ၃၀ ၀င်ပေါက်ကနေဝင်ခဲ့တယ်………………………

ကျွန်တော်တို့ဒီတက္ကသိုလ်ထဲမှာစာမသင်ရတော့တဲ့အချိန်ကစပြီး.

ကျောင်းကြီးက မော်ဒန်ပိုဆန်လာပြီ..

lecture တွေစချိန်ဖြစ်လို့……

ကျောင်းဝင်းထဲမှာ.ကျောင်းထဲဝင်လာသူတွေနဲ့စည်ကားနေတယ်.

ပထမဆုံးအကြိိမ် ကျောင်းတက်စဉ်က …လှမ်းခဲ့ဖူးတဲ့ခြေလှမ်းလို..

အခု..တစ်ကြီမ် လည်း….တွန်.ဆုတ်နေခဲ့တယ်..

အရင်တုန်းကအကြီးတွေကြားမှာအငယ်ဆိုတဲ့စိတ်ရှိပြီး

အခုတော့အငယ်တွေကြားက အကြီးဆိုတဲ့စိတ်က .နေရာယူနေတယ်.

House officer ID card ထုတ် ပြီးချိန်မှာ..အိမ်လည်းမပြန်ချင်သေးဘူး..

lecture ချိန်တွေတိုင်းထိုင်ခဲ့ဖူးတဲ့.. library ရှိတဲ့နားက…အင်္ဂတေ ထိုင်ခုံလေးတွေမှာသွားထိုင်မိတယ်.

သိတဲ့သူများရှိမလားလို့တစ်ချက်ကြည့်မိသေးတယ်..

အားလုံး… အငယ်တွေပါပဲ..

ကျောင်းမှာ..ဖိုးသက်ရှည်လုပ်မယ့်ကျွန်တော့်သူငယ်ချင်းတစ်ချို့တောင်မရှိပါဘူး..

ဘေးနားက…ကျောင်းသားတစ်ယောက်က

စာလည်းမကျက်ချင်ဘူးကွာဆိုပြီးညည်းသံကြားတယ်..

အရင်တုန်းက တော့အဲဒီလိုအသံကြားရင်သိပ်မထူးဆန်းသလိုပါပဲ..

သူဖတ်နေတဲ့စာအုပ်လှမ်းကြည့်လိုက်တော့.. botany ..

သြော်ပထမနှစ်လေးတွေကိုးလို့စိတ်ထဲကပြောမိတယ်.

ဘယ်သွားသွားပါနေကြဖြစ်တဲ့နားကြပ်လေးကိုထုတ်ပြီး…ကို်ယ့်အာရုံနဲ့ကို်ယ်သီချင်းနားထောင်နေတော့တယ်..

မျက်လုံးကတော့ဟို်ကြည့်ဒီကြည့်နဲ့ပေါ့.

library ရှေ့က ဆိုင်ကယ်စတန်းတောင်မရှိတော့ပါလား..

အဲဒီစတန်းမှာ..လက်မှတ်ပျောက်လို့ဆိုင်ကယ်ထုတ်ခွင့်မရတာ..တွေမိုးရွာထဲ..

မိုးကာမပါဘဲ..ပြန်ခဲ့တာတွေအမှတ်ရတယ်…………

အဲဒီခုံမှာထိုင်နေရင်းး sean kingston ရဲ့ why you wanna go ကို နားထောင်နေတယ်..

G3 ကတော့ပျော်ရွှင်စရာနေ့ဆိုပြီးပြန်ဆိုတယ်

tune က မြူးပြီးပျော်စရာပုံစံဖြစ်ပေမယ့်..

တကယ်က လွမ်းဖို့ကောင်းပါတယ်

G3 ပြန်ဆို်တဲ့သီချင်းကတော့ ကျွန်တော်နဲ့တစ်ကယ်ကွက် တိပါပဲ..

(အခုထိယဉ်နေတဲ့.စိတ်ကူးှဆီပြန်ရောက်တိုင်း

ငါ့ရဲ့.. valentine ဟာ ပျော်စရာကြီးပါ…..)

(အခုလိုယဉ်နေတဲ့..စိတ်ကူးဟာပေါ်မလာပဲ…………..

ငါ့ရဲ့ valentine ဟာ အမြဲတမ်းတစ်ယောက်တည်းပါ…..)

May 15( 10:56:26 am )

စိ်တ်ကူးထဲအကြာကြိးရှိနေဖူးတဲ့…..

တစ်ခါသော မေလမိုးရေစက်တွေထဲကကောင်မလေးကို…

ဒီနေ့တွေ့ဦးမလား…စောင်.နေမိတယ်.

အဲဒီတုန်းက…..ကျွန်တော်က.. တတိယနှစ်.

ကျွန်တော် ..medicine CQ ဖြေပြီး….

ကျောင်းထဲက ကန်တင်းမှာ..ရှိနေတုန်း….တွေ့ခဲ့တာပါ..

အဲဒီတုန်းက မိုးကရွာပြီးစ.

ကောင်းကင်က..မည်းနေတုန်းရှိသေးတယ်

သူက..တီရှပ်နဲ့..

မရမ်းရောင်..လုံချည်ဝတ်ထားတယ်

ထီးပါပေမယ့်..မဆောင်းထားဘူး………

ကန်တင်းထဲမှာကျွန်တော်တစ်ယောက်ပဲရှိတယ်..

ကျောင်းသားတွေအပြင်မှာသိပ်မရှိတတ်တဲ့lecture ချိန်ပြီးတော.မိုးလည်းကျနေသေးတော့..လူမရှိဘူး..

ကျွန်တော်အဲဒီလောက်ဖြူစင်တဲ့မျက်နှာအပြင်မှာမမြင်ဖူးဘူး….

ကောင်မလေးတော်တော်များများမှာတွေ့တဲ့…ပုံစံမျိုးသူ့ဆီမှာမမြင်ရဘူး..

ကျွန်တောလက်ထဲမှာရှိတာ.က.. ပထမနှစ်တုန်းက ၀ယ်ထားတဲ့.. 6233 မော်ဒယ် nokia 2 megapixeal ဖုန်းကင်မရာလေးပဲရှိတယ်.

ကန်တင်းရှေ.ကသူဖြတ်လျှော်ကသွားတဲ့ပုံကို ကျွန်တော်ဖုန်းနဲ့ရိုက်ထားတယ်.

ဖုန်းထဲမှာမျက်နှာကို ကောင်းကောင်းမမြင်ရပါဘူး.

အဲဒီအချိန်က………အဖြစ်အပျက်လေးကိုဖုန်းရဲ့ note pad ထဲမှာရေးထားတယ်.

အခုတော့အဲဒီnote လေးရှိဦးမလားပဲ

ကျွန်တော်….သူဘယ် year ကလည်း…ဘယ်ကလည်းဆိုတာစုံစမ်းခဲ့သေးတယ်..

ပထမနှစ်ကမှန်းသိခဲ့ရတယ်….။

ပထမနှစ် DN1 lecture ကို သူငယ်ချင်းနဲ့ယောင်လည်လည်ရောက်သွားတုန်း.

lecture နောက် ကျပြီး ၀င်လာတဲ့သူ့ကို ..ရုတ်တရက်မြင်လိုက်ရလို့.

သူ..မနက်ခင်း

pratical သွားတဲ့..အချိန်တိုင်း..ကျွန်တော်..banyan လို့ခေါ်တဲ့.. ကျောင်းကန်တင်းမှာရှိတယ်..

မနက်မနက်ဆို အဲဒီမှာထိုင်လွန်းလို့ာ

ညောင်ပင်စောင့်လို့တောင်ခေါ်ကြတယ်..

3dr year pharmaco tuto zero.

micro tuto က သွားမဖြေ..

ပေတာတွေလေ

ပထမ test က တစ်ဘာသာမှအခြေအနေမကောင်းဘူး..

တစ်လကျော်နှစ်လနီးပါး..

အဲဒီကန်တင်းမှာမနက်တိုင်းရှိတယ်.

lecture က 8 နာရီစတယ်ထင်တယ်

ဒါပေမယ့်သူဖြတ်သွားပြီး.. ၉ နာရီကျော်မှ အတန်းသွားတက်တယ်..

တစ်ခါတစ်လေအတန်းတက်နေရင်းး role call မကောက်သေးခင်…ထွက်ရင်ထွက်လာတာ..

မနက်သင်တဲ့ ဘာသာတွေက role call တွေ..ဇောက်ထိုးပေါ့ဗျာ.

ပထမတစ်ခေါက်attendance တွေ စာရွက်ကပ်တော့မှ..

…..

ဒီအတိုင်းဆို……ငါတော့…မဖြစ်ချေဘူး.ဆိုပြီး..rolecall တွေပြန်လိုက်ရတယ်.

နောက်ိပိုင်း.PHARMACO.. MIRCO.. PATHO..

TUTORIALတွေက .ဆက်တိုက်လာတယ်.

တစ်ဘာသာဖြေပြီးနောက်တစ်ဘာသာ..

နောက်ဆုံးဘာသာဖြေပြီးရင်..ပထမဘာသာက…CHAPTER နောက်တစ်ခုပြီးလို..ပြန်စစ်..

အဲဒီလို.သံသရာလည်နေရင်း..

TEST ကရောက်လာတာ..နဲ့..TEST အတွက်ပြင်ဆင်…..

ဒီလိုနဲ့ကျွန်တော် BANYAN မရောက်ဖြစ်တော့ဘူူး…

စာကျက်ရင်.ခဏခဏသတိရတယ်..

အတန်းတက်ရင်း..သူ့ပုံတွေဆွဲတယ်…….

ရှေ့ဆုံးတန်းထောင့်မှာထို်င်တာဆိုတော့…..ရှှေ့ခုံက… ROLE CALL ကောက်တဲ့အဒေါ်ကြီးက…ပုံကို လှည်.ကြည့်ရင်း..ပြံူးစိစိနဲ့..

စာအုပ်တွေရဲ့..နောက်ဆုံး.စာမျက်နှာတွေမှာသူ.ပုံတွေရှိတယ်

အဲဒီလို..ဖြစ်နေတာ.စကားသွားမပြောဘူးလားဆိုတော…

ဟုတ်ကဲ့ကျွန်တော်တစ်ခါ ပြောဖူးပါတယ်ခင်ဗျာ..

တစ်ခါတည်းပါ.

သူ့အတွက်လုပ်ဖူးတဲ့သီချင်းတွေရှိတယ်.

ကျွန်တော်စိတ်ထဲရှိတာအားလုံးလုပ်ပါတယ်..

သူနဲ့တိုက်ရိုက်ဆက်သွယ်တာကလွဲလို့….

အရမ်းသတ္တိနည်းလို့……………….

သူကအရမ်းစာတော်တယ်ဗျ…

ကျွန်တော်သိတဲ့အထိတော့အပေါင်းအသင်းတော်တော်နည်းတာ.

နောက်တစ်ခုက…မြန်မာစကားတောင်ပီအောင်မပြောတတ်သေးဘူး…:D

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အဲဒီနောက်တော့

ဖြစ်ချင်တာတွေအားလုံး..အိမ်မက်တွေအဖြစ်.။အမှတ်တရတွေအဖြစ်ပဲ..သိမ်းထားလိုက်ပါတော့တယ်……

သူက..ဖြူဖြူစင်စင်လေး…..

ကျွန်တော်က ကိုယ့်ကိုယ်ကိုတောင်ယုံတဲ့သူမဟုတ်

ခင်မင်ချင်စိတ်ကတော့စိတ်ထဲမှာရှိနေတုန်းပါပဲ….

သူ့ကိုလမ်းလွဲမှာစိုးရိမ်စိတ်ကလည်းစိတ်ထဲမှာရှိနေတုုန်းပါပဲ…

သူ့ကောင်းသတင်းတွေကြားချင်စိတ်က လည်းစိတ်ထဲစိုးမိုးဆဲပါပဲ..

နောက်ဆုံးတစ်ခုက

သူ့အပေါ်ကောင်းနိုင်မယ့်…လိုက်ဖက်တဲ့သူ

တွေ.စေချင်စိတ်ကလည်း…..

ကြီး…စိုး….နေ…ဦး…မှာ..ပါ….ပဲ

လေထဲမှာလွင့်နေတယ်….သီချင်းလေးတစ်ခုကိုတိုးတိုးညည်းပြီးတော.

UM မန္တလေး…..UM မန္တလေး…မဆုံအောင်…အလှမ်းဝေးပြီ…

ပြန်ပြီးတွေ.နေလည်း…

တစ်ခါထပ်ပြီးမရနိုင်တဲ့….

ငါတို့အားလုံးရင်ထဲ…….

အမြဲUM မန္တလေး….

……………………………………………………….

For …………………..and …..my fris from umm

My current life ©Arthur

Combination

Powered by WordPress & Theme by Anders Norén