ဒီစာကိုရေးတာ. ကိုယ့်ကိုယ်ကို အားပေးတဲ့အနေနဲ့ပါ။

POST တွေက စိတ်ဓာတ်ကျတဲ့အကြောင်းအရာတွေချည်းပဲဆိုရင်တော့ SORRY ပါ။

စိတ်ထဲမှာတစ်ခုခုကိုလိုလားတောင့်တာချိန်ရောက်မှစာရေးဖြစ်ပါတယ်။

အခုဆို သားဖွားမီးယပ်ဌာနုကိုရောက်လို့..တာဝန်ကျနေပါပြီ။

ကျောင်းသားဘဝကနဲ့.လုပ်ငန်းခွင်နဲ့ကကွာခြားပါတယ်

ကျောင်းသားဘဝတုန်းက..ဘာသာရပ်တစ်ခုအနေနဲ့လေ့လာလို့ပျော်ရွှင်ခဲ့သလောက်.

လုပ်ငန်းခွင်မှာ.ဘာသာရပ်လေ့လာရေးကလျော့နည်းပြီး.လူမှုရေး။ပေါင်းသင်းဆက်ဆံရေးနဲ့ ရုံးအလုပ်တွေမှာ.နစ်မြုပ်နေရတော့.

ကျွန်တော်မပျော်ပါ.

၆လတာ အလုပ်သင်ကာလပြီးဆုံးသွားခဲ့ပြီးနောက်.

အလုပ်သင်ဘဝပြီးလျှင်ဘာလုပ်မယ်ဆိုတာကိုအတန်တန်စဉ်းစားပေမယ့်ကျွန်တော်အဖြေမထုတ်နိုင်သေးပါဘူး.။

ခေါင်းထဲမှာဖြစ်ချင်တာတွေက ရောထွေးနေပါတယ်.

ပန်းတို်င်တစ်ခုကိုတိတိကျကျရှာမတွေ့ပါဘူး.။

ရွယ်တူ..အတန်းတူတွေ..ငွေများများရှာနို်င်နေကြပြီ။

သူတို့လိုချင်တဲ့အရာ.သူတို့ဝါသနာပါတဲ့အရာတွေကို ကိုယ်တိုင်ဝယ်နိုင်နေကြပြီ.။။

ကျွန်တော်နှစ်သက်စွဲလမ်းတဲ့အရာတွေကို.၀ယ်ယူဖို့…အလုပ်သင်လခလေးတွေစုပေမယ့်မပြည့်နိုင်သေးပါ။

တစ်ခါတစ်လေ…အရမ်းကိုလိုချင်လွန်းလို့ရူးမတတ်ဖြစ်ပါတယ်။

ဒါပေမယ့်ကျွန်တော်မဝယ်နိုင်ပါ.

အိမ်ကလည်းကျွန်တော့်ကိုဝယ်မပေးနိုင်တော့ပါ။

၂၀၁၂ ခုနှစ်မှာ..၀န်ထမ်းများလခတိုးရကြပြီး.အဆင်ပြေကြပါတယ်

သာမာန်စီးပွားရေးသမားများက ခေတ်စနစ်အပြောင်းအလဲဒဏ်ကိုတော်တော်ခံရပါတယ်။

ကျွန်တော်တို့အိမ်လည်းအရင်ကလောက်စီးပွားရေးမကောင်းပါ.

မွေးနေ့နီးလာပြီ.

PROFESSIONAL ကင်မရာတစ်လုံးလောက်အရမ်းလိုချင်တယ်. လက်စွမ်းပြချင်နေတာ.လက်ကိုယားလို့.

ဖုန်းကင်မရာနဲ့အာသာဖြေနေခဲ့ရတယ်.

အဲဒီဖုန်းကင်မရာနဲ့ရိုက်တဲ့ပုံက ကျောင်းက ဓာတ်ပုံပြိုင်ပွဲမှာဆုရတယ်.

အဲဒီပုံဆုရတယ်ကြားတုန်းက ၀မ်းသာ..တယ်…၀မ်းလည်းနည်းတယ်.။

၀မ်းနည်းတာက.

ဆုရတဲ့ပုံက …ဖုန်းနဲ့ရိုက်ခဲ့ရလို့.

သီချင်းတွေလုပ်ချင်ခဲ့တယ်

STUDIO ကျွန်တော့်မှာမရှိပါ.

STUDIO မှာသီချင်းသွားတီးခိုင်းဖို့..အတွက် ကျွန်တော်နှမြောပါတယ်.

အိမ်မှာသီချင်းတွေကို ကိုယ်တိုင်တီးပါတယ်။

ကိုယ်တိုင်အသံဖမ်းပါတယ်။

ကျွန်တောာ်ပျော်တယ်….ဒါပေမယ့်ဝမ်းနည်းပါတယ်။

………………………………………၀ါသနာအတွက်ရင်းနှီးမှုတွေပါ

အသက်မွေးဝမ်းကြောင်းအတွက်.ဘယ်လိုလုပ်ငန်းကိုရွေးမလဲကျွန်တော်စဉ်းစားကြည့်ပါတယ်.

ဆရာဝန်လုပ်မလား။

မလုပ်ဘူးလား။

ရွေးစရာနှစ်ခုပဲရှိပါတယ်…အဲဒါလေးကိုကျွန်တော်မရွေးနိုင်သေးပါ.

၁. ဆရာဝန်လုပ်ခဲ့ရင်…ဘယ်အဆင့်ထိရောက်အောင်လုပ်မလဲ.

ဘယ်နယ်ပယ်ထဲကို၀င်မလဲ.

သေချာတာကတော့.ဆရာဝန်လုပ်ငန်းကိုကျွန်တော်စီးပွားဖြစ်လုပ်လိမ့်မည်မဟုတ်ပါ။ ကျွန်တော့်လိုအပ်သောဘဝအတွက်.ဆရာဝန်မဟုတ်သောစီးပွားရေးတစ်ခုတွင်အောင်မြင်နေဖို့လိုပါတယ်.

ဆရာဝန်အလုပ်ကို.ကုသတဲ့ဆရာဝန်.လုပ်မလား.။

SPECIALIST လုပ်မလား.

လူအများစုကိုကယ်နို်င်တဲ့ဆရာဝန်လုပ်မလား.

လူတစ်ဦးချင်းကို ပမာဏကျန်းမာရေးစောင့်ရှောက်ပေးတဲ့သူဖြစ်ချင်လား.

SPECIALIST တစ်ဦးဖြစ်ဖို့..စွမ်းဆောင်လိုစိတ်မရှိပါ.

တာဝန်ချိန်သတ်သတ်မှတ်မှတ်ရှိသောဆရာဝန်တစ်ဦးဖြစ်ချင်ပါတယ်။

ကျွန်တော်မြင်နေရတဲ့ပတ်ဝန်းကျင်မှာ.ဆရာဝန်တွေဘဝက သနားစရာကောင်းပါတယ်.

အလုပ်နဲ့လက်နဲ့မပြတ်လုပ်နေရပါတယ်..အစိုးရဆေးရုံထိုင်. အပြင်ဆေးခန်းထိုင်.

သေကောင်ပေါင်းလဲလူနာတွေနဲ့တွေ့ရင်တောင်…ခံစားချက်မရှိတော့ပါဘူး.

တကယ်လည်းသူတို့အတွက်က မထူးဆန်းပါ.။ကျွန်တော်ဖြစ်ချင်တာတစ်ခုခုကို .သေသေချာချာသတ်မှတ်ထားဖို့တော့လိုနေပြီထင်ပါတယ်။

ကျွန်တော်လူတွေကို.ကယ်ရတာသဘောကျပါတယ်.။

လူတစ်ယောက်ကျွန်တော်တို့ရဲ့စွမ်းဆောင်ချက်နဲ့ရှင်သွားခဲ့ရင်.ပီတိဖြစ်ရပါတယ်.

ကျွန်တော်အဲဒီိလုုိပီတိမစားခဲ့ရတာကြာခဲ့ပါပြီ.. ကိုယ့်ကိုယ်ကိုဆရာဝန်တစ်ဦးဆိုတဲ့စိတ်ပျောက်ဆုံးနေခဲ့တာလည်းကြာခဲ့ပါပြီ.

ဆေးရုံမှာ.လူရာသွင်းမခံရတဲ့အခိုက်တွေရှိပါတယ်.

လူနာတွေရဲ့မလေးမစားဆက်ဆံမှုတွေရှိပါတယ်

၀တ္ထုတွေထဲကဆရာဝန်ဘဝလောက်..အပြင်က ဆရာဝန်တွေဘဝက မလှပမှန်းလည်းသိခဲ့ရပါတယ်

ကျွန်တော့်မှာပို်က်ဆံတွေရှိပြီး..ဖောင်ဒေးရှင်းထောင်ပြီးလူနာတွေကို ကုပစ်လိုက်ချင်ပါတယ်။

လူနာတွေကိုကုဖို့ကျွန်တော့်ကိုကျွန်တော်ယုံကြည်ချက်မရှိသေးပါ.

ကျွန်တော်ဘယ်လိုမှမွေးမြုလို့မရသေးပါ။

တွေးမိနေတာတွေမှာ.အောင်မြင်ချင်စိတ်တွေအရမ်းများနေပါတယ်.

အဆင့်တွေကျော်သွားချင်စိတ်တွေလည်းအရမ်းများနေပါတယ်

အိမ်က မိဘ..မျှော်လင့်ထားတဲ့ အဆင့်ထက်ကိုကျွန်တော်ရောက်ချင်တဲ့အဆင့်ကပိုပါတယ်.

ကျွန်တော်တို့နိုင်ငံကိုတိုးတက်စေချင်ပါတယ်.

လူတွေစိတ်ဓာတ်တိုးတက်စေချင်ပါတယ်.

အခွင့်အလမ်းတွေလာရင်တစ်ဖက်တစ်လမ်းကဝင်ရောက်စွမ်းဆောင်ပြီး..လူလတ်ပိုင်းဘဝမှာ.မြန်မာနိုင်ငံမှာအောင်မြင်ပြီးနိုင်ငံတကာနဲ့ဆက်ဆံရသူတစ်ဥိီးဖြစ်ချင်ပါတယ်.

မြန်မာနိုင်ငံအတွက်.အကျိုုးရှိမယ့်လုပ်ငန်းတွေ.လုပ်ကိုင်ခဲ့တဲ့..သူတစ်ဦးဖြစ်ချင်ပါတယ်.

အသက်ကြီးချိန်..မှာ.ကိုယ်လုပ်ခဲ့တာတွေအတွက်နောင်တမရဘဲ..စိတ်ကူးထဲက..အိမ်လေးမှာငြိမ်းငြိမ်းချမ်းချမ်းနေသွားလိုစိတ်ရှိပါတယ်။

့ကျွန်တော်အလုပ်သင်ပြီးရင်ဖြစ်လာမှာက DR.ပေါက်စ.

ကျွန်တော့်အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့ဘယ်လမ်းကိုဘယ်လိုုလိုက်ရမှန်းမသိဘူး.

ဆရာဝန်ဘဝနဲ့ကျွန်တော့်အိမ်မက်တွေဖြစ်ဖို့ဘယ်လို..ဆက်စပ်ရမလဲ

DAY DREAMER တစ်ယောက်သာဖြစ်ပြီး. NO ACTION,TALK ONLY . ဖြစ်နေမှာကိုလည်းကြောက်တယ်

ဖြစ်ချင်တာတွေအတွက်လမ်းစမပေါ်သေးဘူး.

အဖေက ပြောတယ်.

ဖြစ်ချင်တာတွေများရင်.အဖြစ်နို်င်ဆုံးဟာကိုအရင်လုပ်တဲ့.

ကျွန်တော်ဘာလုပ်ရမှာလဲ.

MBBS နဲ့… နိုင်ငံက လိုအပ်နေတဲ့ HUMAN RESOURCE ကို ကျွန်တော်ဘယ်လိုဖြည့်ပေးရမှာလဲ.

ဒီထက်ပို PROFESSIONAL ကျအောင်လုပ်ရမှာလား.

ူအဲဒီလိုPROFESSIONAL ကျအောင်လုပ်ရင့်ကျွန်တော်ဖြစ်ချင်တဲ့အိမ်မက်တွေအတွက် လမ်းစပေါ်လာမှာလား.

အဖြေ……………………………………………………………………………………………………….

ARTHUR

8.7.2012(12.24AM)