ကျွန်တော်သဘောကျသော ကောင်မလေးတစ်ယောက်ရှိသည်။

တကယ်တော့ ကျွန်တော်သဘောကျခဲ့ဖူးသော ကောင်မလေးတွေတော်တော်များပါသည်.
တော်တော်များများကကျွန်တော်သဘောကျသောအချိန်တွင် ရည်းစားရှိသွားကြတာများသည်။ အချို့လည်း ယခု ကလေးတောင်ရကုန်ကြလေပြီ။
ကျွန်တော်လည်း အသက် က၂၅ ကျော်လာပြီ။
ဆယ်ကျော်သက်ရင်ခုန်တတ်စအရွယ်တည်းက တစ်ယောက်ပြီးတစ်ယောက် ကြိုက်လာခဲ့တာတွေမနည်းလှတော့ပါ။
တက္ကသိုလ်တက်တော့လည်း စိတ်ကစားတာတွေအများကြီးရှိပါသည်။
တကယ်တန်းကျတော့အချို့ဆိုလျှင် ကျွန်တော်ကြိုက်နေမှန်းသိတောင်သိမသွားလိုက်ကြပါ။
တကယ်လို့ ကျွန်တော်ကြိုက်နေမှန်းသာ သိလျှင် ပြန်ကြိုက်မယ့်သူတွေလည်းရှိခဲ့ပါသည်။
ဒါပေမယ့် ဘာကြောင့်ကျွန်တော် ဖွင့်မပြောဖြစ်ခဲ့တာလည်း နားမလည်ခဲ့ပါ။
ကိုယ်တန်ဖိုးထား သဘောကျတဲ့သူတွေတစ်ယောက်ပြီးတစ်ယောက်ဆုံးရှုံးလာရတာများတော့ ယုံကြည်ချက်ကလည်းကျလာသည်။
အသက်ကြီးလာပေမယ့် လည်းဖွင့်မပြောရဲတတ်တော့ပါ.
တစ်ခါတစ်လေတော့လည်း ကိုယ့်ကိုယ်ကိုသိမ်ငယ်တာဖြစ်သည်။
တကယ်တန်းတော့ ကျွန်တော်ကျောင်းတက်စဉ်က အခြေအနေနှင့်ဆိုလျှင်သိမ်ငယ်စရာသိပ်မရှိခဲ့ပါ။
အိမ်က လောက်လောက်ငှငှထောက်ပံ့နိုင်ခဲ့ပါသည်။
ဆရာဝန်ဖြစ်သွားပြီးသည့်နောက် .တွင်လည်း .. ကျွန်တော်ချစ်သူရှာမတွေ့ခဲ့ပါ။
ကျွန်တော့်အတွက် ဒုတိယအိမ်လိုဖြစ်နေခဲ့သော မန္တလေးမြို့ကခွဲခွာလာရသည့်နောက်မှာ သဘောကျစရာလူများများစားစားမရှိတာလည်းပါမည်ထင်သည်။
ကျွန်တော်သဘောကျသည့်သူများသည်လည်း ကျွန်တော့်ပတ်ဝန်းကျင်မှာမရှိတော့တာဖြစ်မည်ထင်သည်။
တစ်ခါတစ်လေမဟုတ်.. အချိန်တော်တေ်ာများများ အထီးကျန်တာဖြစ်တတ်ပါသည်။
စိတ်ဝင်စားသော ဝါသနာပါရာအလုပ်များကို လုပ်ရင်းကျွန်တော့်ရဲ့အထီးကျန်အချိန်တွေကို ကျော်ဖြတ်နေသည်။
ချစ်သူရည်းစားထားရင်းမှရသည့် အပူကို ကျွန်တော်မခံစားနိုင်တော့ပါ။
တစ်ခါတစ်လေဒီလိုဘဝကအေးချမ်းသည်ထင်သည်။
တစ်ခါတစ်လေတော့လည်း အဓိပ္ပါယ်မဲ့လှသည်။
ရည်မှန်းချက်တစ်ခုကိုရောက်ဖို့ အားပေးမည့်သူ နားလည်ပေးမည့်သူ တစ်ဦးကိုတောင့်တလွန်းလှသည်။
စိတ်ချင်းတူ သဘောထားချင်းတူမည့်သူဆိုတာတကယ်တော့ ရှာတွေ့ဖို့မလွယ်ကူလှပါ။
ကျွန်တော်ထိုသို့သော သူမျိုးကိုသာ လိုချင်နေမိပါတယ်။
၁၀၀ရာခိုင်နှုန်းယုံကြည်ရမယ့်သူကိုပဲလိုချင်တယ်။
ကျွန်တော်လုပ်နေတာတွေကိုနားလည် ယုံကြည်လေးစားတဲ့သူကိုပေါ့.။
ယခုစာသည် ကျွန်တော် ကျောင်းသားဘဝက သဘောကျခဲ့ဖူးသည့်သူတစ်ဦးအတွက်ဖြစ်သည်။
တကယ်တော့ ကျွန်တော်သူမကိုသဘောကျတာ အဆန်းမဟုတ်ပါ။
သူမက ကျောင်းတွင်စတားဖြစ်သည်။ ကျွန်တော့်သူငယ်ချင်းတွေက တော့ သူမအကြောင်း ကျွန်တော်မခံနိုင်အောင်ပြောပြီးစကြသည်။
ဒါပေမယ့် ကျွန်တော် သူတို့ပြောသလို ဖြစ်လိမ့်မယ်ဟု မထင်ရက်ခဲ့ပါ။
ကျောင်းသားဘဝ စာတွေဖတ်လေ့လာပြီးတက်ကြွနေရမည့်အချိန်တွင် ကျွန်တော်တစ်ကိုယ်တည်းအသည်းကွဲနေခဲ့တာများပါသည်။
ဒါပေမယ့် မတန်ပါ။
ကျွန်တော်ကြိုက်နေ သဘောကျနေတာကို သူမသိသွားခဲ့လျှင် ကောင်းပါသေးသည်။
တစ်ခါမှမရိပ်မိပဲ တစ်ယောက်တည်းကြိတ်ခံစားရခြင်းကတော့
ကိုယ်ပူဆွေးရတာတွေအလကားဖြစ်ရကြပါသည်။
တစ်ဖြည်းဖြည်းနဲ့ငယ်ရာကကြီးလာတယ်။
အောင်မြင်မှုတစ်ချို့ကို လက်ဝယ်ရယူနိုင်ပေမယ့် ကျွန်တော်လမ်းတစ်ခုပေါ်ကိုမရောက်သေးပါ။
ကျွန်တော်မျှော်မှန်းတဲ့ဘဝကိုမရောက်သေးပါ။
သူမကို လည်းမေ့နေခဲ့တာကြာပါပြီ။
သို့ပေမယ့် ယခုလပိုင်းအတွင်းသူမ၏လှုပ်ရှားမှုများကိုကြည့်ပြီး တော့ သူမကိုသတိရမိသည်။
ယခင်က သတိရမှုမျိုးနဲ့တော့မတူတော့။
သူမကိုကူညီပေးလိုသည်။ နောက်ကွယ်မှ low profile နှင့်သာနေလိုသည်။ သူမအောင်မြင်တာမြင်လျှင် ပီတိဖြစ်သည်။
သူမ အောင်မြင်တာကိုကြည့်ပြီးကိုယ်လည်း ကြိုးစားလိုသည်။
နီးစပ်ဖို့ဆိုတာကတော့ ကံကြမ္မာနဲ့မြှားနတ်မောင်က မျက်နှာသာပေးဦးမလားဆိုတာ ကိုပဲကြည့်ရမည်ဖြစ်သည်။
လက်ရှိမှာတော့ သူမလျှောက်သည့်လမ်းနှင့် ကျွန်တော်သွားနေသည့်လမ်းကမတူနိုင်ပါ။
တူနေဖို့ကိုဆုတောင်းမိပါသည်။
တစ်နေ့နေ့မှာ သူမနဲ့ပြန်တွေ့ခွင့်ရဖို့လည်း ဆုတောင်းမိပါသည်။
ကျွန်တော်ရေးသော ဒီစာကို သူမသိချင်မှသိလိမ့်မည်။
သူမအကြောင်းရေးတာလို့လည်းသိချင်မှသိလိမ့်မည်။
ယခင်ကသူမအကြောင်းရေးခဲ့တဲ့စာတွေရှိတယ်ဆိုတာကိုလည်းသိချင်မှသိလိမ့်မည်။
ဒါပေမယ့် ဒီစာကတော့ တကယ်ကိုသူမအတွက်ပါပဲ။
သူမက ဒီဇင်ဘာလမှာမွေးသည်။
ကျွန်တော့်ထက်အနည်းငယ်ငယ်သည်။
ကျွန်တော်တို့ကျောင်းမှပဲဖြစ်သည်။
အညာဒေသတစ်နေရာမှဖြစ်ပေမယ့် သူမကတော့ အညာသူနဲ့မတူလှပါ။
ဓာတ်ပုံတစ်ခုကြောင့်နေ့ချင်းညချင်းကိုပဲ သူမလူသိများသူတစ်ဦးဖြစ်သွားသည်။
ကိုယ်ကဘာမှမဆိုင်ပဲ ကြားကနေအူတိုနေလေသည်။
ဒါသူ့ ဘဝနဲ့သူပဲလေ။
အဖြစ်အပျက်ပေါင်းများစွာကြုံဖူးကြားဖူးလာတော့
ဘယ်လိုမျိုးပဲကြုံကြုံ ကိုယ့်ကို မထိခိုက်အောင် ကာကွယ်မယ့်နည်းလမ်းကိုကြိုရှာတတ်တဲ့အကျင့်ဖြစ်နေပြီ။
လွန်ခဲ့တဲ့ ၅နှစ်လောက်က ကျောင်းသားနဲ့ယခု နဲ့တော့မတူတော့ဘူးလို့ထင်ပါတယ်။
ဒါပေမယ့် ကိုယ့်ကိုယ်ကို ယုံကြည်စိတ်နည်းနေစဲပဲ။
ကိုယ်မျှော်လင့်ထားသလိုမဖြစ်မှာလည်းစိုးတယ်။
တစ်ခုခုမှားယွင်းခဲ့ရင် ကိုယ်မနေနိုင်မှာ စိုးတယ်။
ဒါတွေက ကိုယ့်ကိုနောက်ပြန်ဆွဲတဲ့အကြောင်းတွေလေ။
နောက်တစ်ခုက ..
ကိုယ်သိလည်းသိချင်တယ်။
မသိလည်းမသိချင်တဲ့အကြောင်းတွေရှိတယ်။
ဘယ်လိုပဲဖြစ်ဖြစ် … အချစ်ဆိုတာဒုတိယနေရာမှာပဲထားဖို့ ငါဆုံးဖြတ်ထားပြီးသားပါ။
တစ်ခါတစ်လေ တော့ အချစ်ကထွက်ပေါ်လာတတ်တဲ့မခံချင်စိတ်က နေ ကိုယ့်ရဲ့ပန်းတိုင်တွေကိုရောက်စေတယ်ဆိုတဲ့ အယူအဆကိုလည်းလက်ခံထားတယ်။
အချစ်ဆိုတာကို ကိုယ့်ရဲ့လက်တွဲဖော် ခရီးသွားဖော်ပဲဖြစ်စေချင်တယ်။
ကိုယ့်ရဲ့အရှင်သခင်မဖြစ်စေချင်ဘူး။
ကိုယ့်ရဲ့အိမ်မက်တွေကို အချစ်ရှေ့မှာ လဲမပြိုစေချင်ဘူး။
သူငယ်ချင်းအတွဲတွေအဆင်ပြေကြတယ်။
သူတို့ကြည့်ပြီးအားကျမိပါတယ်။
ကိုယ့်အလှည့်ကျတကယ်ကိုကော အဆင်ပြေနိုင်ပါ့မလားဆိုတာ တွေးကြောက်ပြီးတော့ပဲ..
ကိုယ် ချစ်သော်လည်း…. ချစ်ကြောင်းဝန်မခံပဲခပ်ဝေးဝေးမှာ နေလေ့ရှိတယ်။
လူတွေအားလုံးကို အကျိုးပြုမယ်ဆိုတဲ့ကိုယ့်ရဲ့အိမ်မက်သာ
ကိုယ်နဲ့အတူတူရှိနေပြီးတော့လေ။