မနက် ခင်း ၂နာရီ ၁၅ မိနစ်

အိပ်မပျော်နိုင်ဘူး။
စိတ်တွေဟိုရောက်ဒီရောက်….
ဒိန်းဒလိန်းနတ်များနောက်တစ်ခေါက် ဖမ်းစားပြန်လေသလား။
ကွန်ပျူတာထဲ ကနားထောင်မိနေတာက “မေ” သီချင်း
သူမရဲ့ facebook timeline ထဲကို ဝင်ကြည့်ပြီး လွမ်းကာဆွေးသည်။
ရယ်တော့ရယ်ရသည်။
တစ်လောကတင်.. သူမ၏ Timeline ကိုကြည့်တော့ဘယ်လိုမှ မခံစားပါဘဲနဲ့ ခုမှ ဘာဖြစ်နေလဲမသိတော့။
ဘာမှလည်း သွားမရေးချင်မိ။
တိတ်တိတ်လေးပဲ Post တွေလိုက်ဖတ်နေမိသည်။
တစ်နေရာမှာ သူမဖြစ်ချင်တဲ့ Relationship goals 84 ချက်သွားတွေ့သည်.
အရင်တစ်ခေါက်ကမြင်ဖူးပေမယ့် ရှေ့နားလေးပဲကြည့်လိုက်မယ်သည်။ယခုတော့
တစ်ခုချင်း လိုက်ကြည့်မိသည်။
၈၄ ချက်လုံးပြည့်အောင် ဖြည့်ပေးချင်စိတ်လည်းပေါ်မိသည်။
သူမပြောသော မဖြစ်နိုင်ဘူးဆိုတဲ့ အရာ က
တကယ်ဖြစ်နိုင်ခဲ့ရင် ဘာများပြောမလဲသိချင်တယ်။
အင်း…
လောလောဆယ်အရေးကြီးတာက ဒီည အိပ်ပျော်အောင် ဘယ်လိုများ အိပ်ရပါ့မလဲ။