Tuesday, December 11, 2012 at 7:33pm
၁.၁.၂၀၁၂ ခုနှစ်
မနက် ရနာရီ
နှစ်သစ်တစ်ခု၏ပထမဆုံးမနက်ခင်းသည်.. အခြားသောနေ့များနှင့်ဘာများကွာခြားပါသနည်း.။
အေးမြသောဆောင်းမနက်ခင်းတစ်ခု..
ဟိုး…အရှေ့ဘက်တောင်တန်းများဆီမှ…ခပ်ရေးရေးသန်းလာနေသော. အာရုံဦးနေရောင်ခြည်.
တိမ်စိုင်တိမ်ခဲတို့ကိုမတွေ့ရဘဲ..အထပ်လိုက်အထပ်လိုက်နှင့်.. သာယာလှသော…နှစ်သစ်တစ်ခု၏အဖွင့်စာမျက်နှာ.
မန္တလေးမြို့တွင်းပိုင်းနေရာတစ်ခုရဲ့မနက်ခင်းအလှက ယခုကဲ့သို့သာယာတယ်ဆိုတာ..ပထမဆုံးကျွန်တော်မှတ်သားခဲ့ရခြင်းဖြစ်ပါတယ်။
Happy New Year လို့အော်ပြီးတော့လည်း.. မနေ့ညကသောင်းကျန်းခဲ့ပြီးပြီ.။
ယခင်နှစ်တွေကလိုဆိုလျှင်တော့.. အခုအချိန် ကျွန်တော်အိပ်ရာထဲမှာပဲရှိနေခဲ့မှာသေချာသည်။
သို့ရာတွင် ယခုနှစ်က တော့.. မတူတော့…..တာဝန်ဆိုတဲ့စကားလုံးတစ်ခု က ကျွန်တော့်ရဲ့ အိပ်ချိန်တွေကို အစားယူသွားခဲ့တယ်။
မန္တလေးပြည်သူ့ဆေးရုံကြီး
ဖျားနာကုသဆောင်(၃)
“အလုပ်သင်တွေအားလုံးရောက်ပြီလား..”
ပိန်ပိန်ပါးပါး ..အရပ်သိပ်မရှည်သော. အေးအေးဆေးဆေးနေတတ်မည့်ပုံစံနှင့်ဆရာတစ်ယောက်အခန်းထဲဝင်လာသည်။
၀င်လာလာခြင်းပင်ကျွန်တော်မှတ်မိလိုက်သည်.။
နောက်ဆုံးနှစ်အပိုင်း(ခ) စာမေးပွဲ final လက်တွေ့စမ်းသပ်မှု ဖြေဆိုခဲ့ရစဉ်က. ကျွန်တော့်ကို စာစစ်ခဲ့သော ဆရာဖြစ်သည်။
ကျောင်းသားဘဝကပင် ထိုဆရာကိုကျွန်တော်တော်တော်လန့်သည်.။ မရယ်မပြုံးနှင့် သူစာမေးတိုင်း… ကျွန်တော်ဘာဖြေရမည်မှန်း မသိဖြစ်ခဲ့ရသည်။
ဒါပေမယ့်.. ကျွန်တော်တွေးမိသောအဖြေတစ်ခုခုကိုတော့.ပေးခဲ့တာကြည့်ပဲလေ
ထိုအဖြေမှားလားမှန်လားဆိုတာကိုကျွန်တော်လည်းမသိခဲ့ရပါ။ မှားကြောင်းမှန်ကြောင်းအမူအရာကို ထိုဆရာ၏ မျက်နှာတွင် ..ခန့်မှန်းလို့မရသောကြောင့်ဖြစ်ပါသည်။
ယခုသိခဲ့ရသည်က. အဆိုပါဆရာက ကျွန်တော်တိို့အလုပ်သင်ဆရာဝန်တွေကို အဓိက အုပ်ချုပ်မည့် FA ဖြစ်ပါသည်။
ကျွန်တော်တို့ ကို ဆင်းရမည့် ဂျူတီ အချိန်များအကြောင်း. လုပ်ရမည့်အလုပ်တွေအကြောင်း ကို အကျဉ်းချုပ်ရှင်းပြသည်။
ကျွန်တော်တို့လုပ်ရမည့်တာဝန်တွေက များပြားလှသည်။ ကျွန်တော်နားထောင်နေရင်းဖြင့်..ဆက်မမှတ်နိုင်တော့. မနက်က ဘာမှမစားပဲ .. လာခဲ့သဖြင့်.. ခေါင်းကမူးလာသည်။
ထို့နောက်.. ဂျူတီအချိန်ဇယားများခွဲရာမှ. .. ကျွန်တော်အပါအဝင် သူငယ်ချင်း၆ယောက်ပါသည့်အဖွဲ့က night duty စဆင်းရမည်။
ထို့ကြောင့် လောလောဆယ်.. အိမ်ပြန်နားလို့ရပြီဖြစ်သည်။
” မင်းတို့ကို ဒီ senior အစ်ကို တွေက ပစ္စည်းတွေ ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာပြောပြလိမ့်မယ်။
အခု ECG ဆွဲတာရယ်.. RBS ဘယ်လိုဖောက်ရတယ်ဆိုတာတွေ.. ပြပေးလိမ့်မည်.. ကြည့်ထားလိုုက်ကြ”
င်္FA ထွက်သွားပြီးနောက်.. ခပ်ပျော်ပျော်နေတတ်မည့်ပုံစံရှိသော ဂျူတီကုတ်ဝတ်ထားသည့်အစ်ကိုနှစ်ယောက်ရောက်လာသည်။
” ECG ဆွဲတာဘာမှခက်ပါဘူးကွာ.. ငါတို့ပြမယ်.. ဟို၀၀နဲ့ညီလေး မင်းကEC ဆိုတော့. volunteer လုပ်ပေးမလား…”
EC အားလုံးရဲ့ အဖွဲ့ခေါင်းဆောင်အဖြစ်ရွေးချယ်ခံထားရသော ကျွန်တော့်သူငယ်ချင်း…. လူနာစမ်းသပ်ကုတင်လေးပေါ်တက်ပြီး.. အကျင်္ီ လေး ရင်ဘတ်ဖွင့်ပေးရတော့သည်။
“ညာနီညာနက်.ဘယ်ဝါဘယ်စိ်မ်း”
“အနီရောင် အပတ်လေးကို ညာဘက်လက်မှာတပ်တယ်. ..အနက်ကို ညာဘက်ခြေထောက်မှာတပ်တယ်။
ဘယ်ဘက်လက်က အဝါ.. ဘယ်ဘက်ခြေထောက်က အစိမ်း”
“ရင်ဘတ်မှာ ချိတ်တဲ့electrode လေးတွေကတော့.. နေရာသေချာမှတ်ထားလိုက်ကြကွာ ။ဒါက manual ဆွဲရတဲ့စက်ဆိုတော့.. တစ်ခုဆွဲပြီးတိုင်းတစ်ခါ အမှတ်ခြစ်ရတယ်.
auto ရတဲ့စက်ဆိုရင်တော့ ခလုပ်တစ်ချက်နှိပ်ပြီးရင် ပြီးပြီ။”
ကျွန်တော့်သူငယ်ချင်းများရှေ့မှာတိုးဝှေ့ပြီး.. ကြည့်နေကြသည်။ အချို့က မှတ်စုစာအုပ်လေးတွေကိုင်လို့.
ကျွန်တော်ကတော့ နောက်ဆုံံးမှ ကျော်ကြည့်ကြည့်သည်။ ကောင်းကောင်းမမြင်ရ..
နောက်မှ သူငယ်ချင်းတွေပြန်မေးတော့ပါမယ်လေဆိုပြီး… တနေရာသွားထိုင်နေလိုက်တယ်။
ပြီးတော့… RBS သွေးအတွင်းသကြားဓာတ်စစ်တာကို… ဆက်လုပ်ပြနေသည်။
လက်ထိပ်ကုုိအပ်သေးသေးလေးနဲ့ဆက်ခနဲ ဖောက်ပြီး.. အသင့်ရှိသောစက်၏ ထိပ်မှဘုလုံးလေးနဲ့တို့ပေးလိုက်ခြင်းဖြစ်ပါသည်.
ခဏအကြာ စက်လေးပေါ်မှအဖြေပေါ်လာတာကိုဖတ်လိုက်ရုံပဲ
သူငယ်ချင်းတွေက ..အဆိုပါsenior အစ်ကိုများကိုမေးနေသည်။ လုပ်ပုံလုပ်နည်းတွေကို..
စိတ်ဝင်စားမှုနည်းတာပဲလားမသိ..လောလောဆယ်သိချင်စိတ်..မေးချင်စိတ်မရှိ..
ဒါကြောင့် ပြန်လို့ရပြီဆိုတာနှင့်ပြန်လာခဲ့တော့တယ်။
ယနေ့က special sunday တဲ့..
ဘာပြောတာလဲတော့မသိ..ဘူး. မနက်ခင်းဂျူတီစဆင်းရမည့်သူငယ်ချင်းများကတော့.. ဂျူတီအခန်းထဲရောက်နေလေပြီ။
မနက်စာဝင််စားပြီ.း.. အိမ်ပြန်ရောက်သည်နှင့်. အိပ်ရာပေါ်ပစ်လှဲလိုက်တော့သည်။
“Night duty အင်း…
ဘာတွေလုပ်ရမှာလဲမသိဘူး”
ဒီလိုနဲ့ပဲ ည၈နာရီဆိုတဲ့ အချိန်ကိုရောက်ရှိလာပါတော့တယ်.
ဘာတွေယူသင့်မှန်းလည်းမသိခဲ့ဘူး.
အပေါ်လောင်းကုတ်တစ်ထည်အပေါ်ကထပ်ဝတ် stetho နဲ့ duty coat ကို ကိုင်ဆွဲပြီး ဖျားနာဆောင်၃ ကို ထွက်လာခဲ့တယ်.။
စဝင်ဝင်ချင်.း.. ပျားပန်းခပ်မျှ. . လှုပ်ရှားနေတဲ့လူတွေကိုကြည့်ပြီးနည်းနည်းလန့်သွားတယ်.။
ကျွန်တော့်သူငယ်ချင်းတွေလည်း. ဟိုပြေးဒီပြေးနဲ့ပေါ့။
လွယ်အိတ်လေးလွယ်ပြီးကုတ်ချောင်းချောင်းနဲ့ ..duty ခန်းကိုသွားတော့.. သူငယ်ချင်းတစ်ယောက်က.. စိတ်ပျက်လက်ပျက်နဲ့ထိုင်နေပြီး..ပြောတယ်။
” ဟိုဘက်မှာ round နေတယ်.. နင်လိုက်လိုက် ဦး”
“အေးအေး” လို့ပြောပြီး.. ထွက်သာထွက်လာခဲ့တယ်.. ဘာလုပ်ရမယ်မှန်းမသိဘူး..
ဟိုယောင်ယောင်ဒီယောင်ယောင်ဖြစ်နေတုန်း.. အရပ်ရှည်ရှည်နဲ့အစ်မ တစ်ယောက်က .”နင်ကဟောက်စ်အသစ်လား” လို့မေးတယ်။
“ဟုတ်ကဲ့”
“ဒါဆိုငါအပေါ်ထပ်round မလို့လိုက်ခဲ့”
သူကပြောပြောဆိုဆိုနဲ့ထွက်သွားတယ်။ ကျွန်တော်က နောက်က အမှီလိုက်ရတယ်.။
ဆရာဝန်မတွေများ.. ပြောလည်းပြောလုပ်လည်းလုပ်နဲ့..တော်တော်စိတ်မြန်လက်မြန်ရှိကြတာပဲလို့စိတ်ထဲတွေးနေမိတယ်။
အပေါ်ထပ်က Private အခန်းတွေလေ.. ပိုက်ဆံပေးပြီး..နေရတဲ့အခန်းမျိုးတွေပေါ့.
အဲဒီ အတွက် လိုအပ်တဲ့ကုသမှုတွေကို.. အဓိက ကျွန်တော််တို့ ward က ပဲ round ပေးရတယ်။
speciality ပြဖို့လိုတဲ့လူနာတွေကိုတော့အပေါ်ထပ်မှာရှိတဲ့ အသည်းဌာန နဲ့ ရင်ခေါင်းကုသဌာနကလည်းကြည့်ပေးတယ်။
အမှီလိုက်နေတဲ့ ကြားထဲ.. အပေါ်ထပ်အရောက်မှာ.. အဲဒီ အစ်မက ပျောက်သွားတယ်။
ဟိုကြည့်ဒီကြည့်နဲ့ဘယ်သွားရမှန်းမမသိသေးခင်မှာပဲအခန်းတစ်ခန်းထဲက လူနာမှတ်တမ်း Chart တွေတစ်ထပ်ကြီးကိုင်ပြီးထွက်လာပြီးတော့..
“ရော့ဒါတွေကိုင်ခဲ့ ”
ကျွန်တော့်ဆီိ ကို လူနာမှတ်တမ်းChart တွေတစ်ပုံကြီးရောက်လာတော့တယ်။
“ကိုင်ဆိုလဲကိုင်ရုံပေါ့.လေ “ကိုယ့်ဘာသာ တိုးတိုးလေးပြောနေမိတယ်
အခန်းတွေတစ်ခန်းဝင်တစ်ခန်းထွက်… လှည့်ပြီးလူနာကိုစမ်းသပ်နေတယ်..
” ဟို..ဟောက်စ်လေး..နင် chart ဒေါင်းတတ်လား.. ”
“ခင်ဗျာ.. ဘာပြောတာလဲအစ်မ”
“မဒေါင်းတတ်ဘူးနဲ့တူတယ်.
ပေး..ပေး..ငါ့ဘာသာပဲဒေါင်းတော့မယ်”
Chart down တယ်ဆိုတာဘာကိုပြောလဲ ကျွန်တော်တစ်ကယ်မသိပါဘူး.
သူဘာလုပ်နေလည်းကြည့်လိုက်တော့.. .. အခု လက်ရှိစမ်းသပ်လို့ရတဲ့.. တွေ့ရှိချက်တွေကို ..နောက်ဆုံးစာမျက်နှာတစ်နေရာမှာ.. ချရေးနေတာတွေ့တယ်.
သူကတော့ သူ့အလုပ်သူလုပ်နေတယ်…
ကျွန်တော်ကတော့.. သူကို့ Mu3 က ကျွန်တော်တို့ထက် ကြီးတဲ့သူတစ်ယောက်လို့ပဲ.သိတယ်.. ဘာဆိုတာမသိသေးဘူး.
နောက်မှသိတာက … သူတို့က MSC တက်နေတဲ့ ..ဘွဲ့လွန်ကျောင်းသူတွေတဲ့
ပထမနှစ်တွေပေါ့.
အဲဒါကျွန်တော်နည်းနည်း. ..နပ်လာမှသိခဲ့ရတာပါ။
အဲဒီအစ်မက
အလုပ်သင်ဆရာဝန်ဘဝမှာ ပထမဆုံးround လိုက်ခဲ့ရတဲ့ ..Senior တစ်ယောက်ပေါ့။
အပေါ်ထပ်မှာက အခန်းတွေ ..၃၀လောက်ရှိမလားပဲ..
အခန်းတိုင်းက လူနာတွေနဲ့ပြည့်နေတယ်။ .တစ်နာရီနီးပါးလောက်သူ round ပြီးတော့ပြီးသွားတယ်..
“ရပြီ.နင်လုပ်စရာရှိတာဆက်လုပ်တော့”
ကျွန်တော်လည်းအောက်ထပ်ကိုဆင်းလာတော့. သူငယ်ချင်းတွေကပြောတယ်.
‘နင်ဘယ်ရောက်နေတာလဲ… ”
“ERC က နင့်ကိုလှမ်းခေါ်နေတယ်”
“ERC ဆိုတာဘာလဲ..ဘယ်နားကလဲ”
“နင်ကလဲ ERCတောင်မသိဘုူးလား ..အရေးပေါ်လူနာဆောင်လေ
night duty ကျတဲ့သူနှစ်ယောက်လာခိုင်းနေတာ.. အခုတော့.. ရှိတဲ့ သာဂဒိုးနဲ့ စံကြီးလွှတ်လိုက်ပြီ။
အခု ward ထဲမှာ ငါတို့ ကောင်မလေး (၄)ယောက်ရယ်. နင်ရယ် ပဲရှိတာ”
အဖွဲ့ထဲမှာ… စွာတေးလန်ဖြစ်သည့် ဂေါက်သီး ခေါ် လင်းနွေက ပြောသည်.
“အိီး.ငါတော့..သေပါပြီဟာ…နင်တို့ငါ့ကိုယောကျင်္ားလေးဆိုပြီးစွတ်မခိုင်းနဲ့နော်..”
“မရဘူး… ညဆို complaint နင်ပဲရှင်းရမယ် …
ငါတို့က ညကျရင် အိပ်မှာ ..ဟီဟီ ”
သူ့ဟာသူပြောပြီးသဘောကျနေသည့်ဂေါက်သီး ကိုပြန်မပြောတော့..
တကယ်က ကျွန်တော်တို့အဖွဲ့ထဲတွင် ငါးယောက်တည်းမဟုတ်..
လောလောဆယ်တော့
medical ward တွင် extension ဆင်းရသည့်.. House surgeon senior အစ်ကိုများရှိသေးသည်။
ယခုမှကျွန်တော်သိတာက ..မနေ့ကစနေနေ့ .Admission day ခေါ်ကျွန်တော်တို့ရုံမှ လူနာတင်ရက် ကျသည့်နေ့
ယနေ့တနင်္ဂနွေ ကလည်း special sunday ဟုခေါ်သည့်.. ၂ပတ်တစ်ခါ ကျသည့် admission day
ထို့ကြောင့် Admission day နှစ်ရက် ကျသည့်အခေါက်ဖြစ်သောကြောင့် ward ထဲမှာ ..ကုတင်အပို များနှင့်ပါ လူနာများပြည့်လျှံနေသောအချိန်ဖြစ်သည်။
“ညီလေးတို့ FA round နေတာမပြီးသေးဘူးနော်..”
senior အစ်က်ုိတစ်ယောက်က ..တံခါးဝမှလာပြောသည်.
ကျွန်တော် ထပြီး.လိုက်သွားခဲ့သည်။
ထိုRound သည့်နေရာတွင်လိုက်နေသောအစ်ကိုတစ်ယောက်က ကျွန်တော်မြင်ဖူးသလိုရှိသည်။
ကျွန်တော် part2 ဖြစ်စဉ်က
Facebook တွင် …အလွန်တရာမှ နာမည်ကြီးခဲ့သော ဆေးပညာနှင့်မီဒီယာတိုက်ပွဲများတွင် ရှေ့တန်းက တိုက်ပွဲဝင်နေသော ကိုရဲဟုကျွန်တော်သိထားသော. အစ်ကိုကြီး..
သူကလည်း့ကျွန်တော့်ကို မှုန်တေတေနှင့်ကြည့်ပြီး. …”ညီလေး.မင်း က Arthur မဟုတ်လား”
]
“ဟုတ်တယ်အစ်ကို … ကိုရဲမဟုတ်လား… ဒီ မှာ extension ဆင်းနေတာလား ”
“အေး.ကွ medicine မှာ ၃ရက်ဆင်းရဦးမှာ ”
” ဒီနေ့ Jail ရှိတယ်မဟုတ်လား.. Jail ထဲတစ်ယောက်လိုက်ခဲ့ဦးကွာ.. ကျန်တဲ့ House လေးတွေလုပ်စရာရှိတာလုပ်ကြတော့. ”
FA ကပြောပြီးထွက် သွားသည်. Senior အစ်ကိုတစ်ယောက်က လိုက်သွားသည်။
ကိုရဲက .. ကျွန်တော့်ကို
“ညီလေး. မင်းJail ဘယ်နားလဲသိလား.. ”
“Jail က ဘာကြီးလဲအစ်ကို. ..”
“ဟေ. .. jail ပါဆိုကွာ .. လာလိုက်ခဲ့. ၁၀နာရီထိုးသောအခါ လူနာများ အား ဆေးလိုက်ထိုးကြရသည်။
ကျန်သောဂျူတီတူတူကျသူများက မိန်းကလေးများသာဖြစ်သည့်အတွက်ကြောင့်.. Jailထဲသွားရသော..သူရဲကောင်းမှာ..ကျွန်တော်သာဖြစ်ခဲ့ရသည်။
ပထမဆုံးအကြိမ်အချုပ်ထဲရောက်ဖူးခြင်း
Jail ဟုခေါ်သော.. အချုပ်သားများအားကုသမှုပေးသည့်နေရာကား.. mu3 ၏ နောက်ကျောတွင်ရှိသည်.
အပြင်မှာ.. ယူနီဖောင်း ရဲသားတစ်ယောက်ကစောင့်နေသည်.
ကျွန်တော်တို့လာတာမြင်သောအခါ အချုပ်တံခါးကိုဖွင့်ပေးသည်။
အခန်းက.မီးလုံးတစ်လုံးတည်းရှိပြီး.. သံကုတင်၃လုံးကိုတွေ့ရသည်။
တစ်ဖက်ကုတင်မှာလူနာတစ်ယောက်ကထိုင်နေတာကိုတွေ့ရတယ်။
ဆေးထိုးရန်ရှိသည့်လူနာက.. အိပ်ရာပေါ်မှာ
လူကဝဝနှင့်.. အောက်ဆီဂျင်ပိုက်များ..တန်းလန်း…. ဟောဟဲလိုက်နေသည်။
သူ့ဘေးမှာက..အစောင့်တစ်ဦးရှိသည်.။
ကိုရဲက… chart ကိုတစ်ချက်ကြည့်ပြီး.. “သူက lasix ရယ် calcium gluconate ရယ်. glucose ရယ်.. အခုထိုးရမှာကွ..
case ကတော့.. စုံနေတာပဲ.. Renal လည်းမကောင်းဘူး DMက လည်းရှိတယ်..”
“ဦးလေးကြီးဆေးတွေရှိသေးလား… ”
အစောင့်ဦးလေးကြီးဘက်တစ်ချက်လှည့်ကြည့်ရင်းပြောလိုက်သည်။
“ဆေးတွေကတော့ဒီထဲမှာဆရာ ”
“ထိုးဖိုု့ဆေးတွေကျန်သေးတယ်.. နောက်ထပ်မရှိတော့ဘူးလား”
“ကျွန်တော်ကလည်း.အခုမှလာစောင့်ပေးတာဆိုတော့မသိဘူး.ဆရာ”
ကျွန်တော်ကဘေးမှရပ်ကြည့်နေသည်.
ချမ်းအေးသည့်ဇန်နဝါရီလ.. ဆောင်းလေများကြားမှာ..ဂျူတီကုတ်ဖြူဖြူကို၀တ်ပြီးချွေးတွေပြန်နေသည်။
ဘေးကုတင်မှ.. လူနာက..၀င်ပြောသည်.
“ဆေးတွေက…ဟိုအောက်မှာရှိသေးတယ်ဗျာ.. အဲဒါမဟုတ်ဘူး. .အရင်နေ့ကသူတို့အဲဒီထဲကယူတာ..”
ဘေးကုတင်မှ..တပလင်ခွေထိုင်က လူနာစောင့်ကိုဆရာ ၀င်လုပ်နေသည့်.လူနာကို.. ကြည့်ပြီးကျွန်တော်အံသြနေမိသည်။
“ကဲ.. မရှိတော့ရင်လဲဒီဆေးလေးတွေသွားဝယ်လိုက်ပါဗျာ..ကျွန်တော်ရေးပေးလိုက်မယ်
အဲ…ခင်ဗျားလူနာက အပ်တပ်ထားတာလည်းမရှိတော့ပါလား..ဘယ်လိုဖြစ်တာလဲ.”
“အရမ်းနာတယ်ဆိုပြီးဆွဲဖြုတ်ပစ်တာဆရာ… ”
“အင်း..ဒီလိုဆိုနောက်တစ်ခေါက်နာတော့မှာပေါ့ဗျာ..”
“ကဲ အပ်ကတော့ကျွန်တော်တို့ဆီမှာရှိမယ်ထင်တယ်.. လုပ်ပေးလိုက်မယ်.:”
ဂျူတီအခန်းထဲပြန်ပြီး.. CANULA လိုက်ရှာရသည်..
ဲJail ထဲဝင်တော့ .”အား..နာလိုက်တာဆရာရယ်… အား…..”
လူနာ၏လက်တစ်ဖက်စမ်းကြည့်ရင်း
“သူကOedema အရမ်းဆိုးတယ်ကွ.. veinတွေကို ကောင်းကောင်းရှာမရတော့ဘူး..
ပြီးတော့ Tatoo တွေကလည်းရှိသေးတယ်..
စမ်းတော့စမ်းကြည့်ရမှာပဲကွာ.”
ပန်းရောင်Canula လေးကို .ဖောက်ပြီး….အပ်ထိုးမည့်နေရာကိုအရက်ပြန်လေးနှင့်ဆွတ်သည်.
ခြောက်သွားသည့်အချိန်တွင်.. Canula က .လေးကိုစတင်ထိုးတော့သည်.
ကျွန်တော်က သေချာမြင်ရအောင်ဖုန်းထဲမှာပါသည့့်.. Flash light လေးနှင့်ပြထားရသည်။
ညည်းညူနေသည့်..လူနာ၏အသံကိုနားထောင်ရင်း..စိတ်ထဲမှာ.. အပ်ထိုးလို့ရပါစေ.ရပါစေဟုဆုတောင်းနေခဲ့သည်.
ကျွန်တော့်ဘဝတွင်ပထမဆုံးသောလူနာက..အချုပ်ခန်းထဲမှာ Terminal illness နှင့်လူဆိုးကြီးတစ်ဦးဖြစ်နေခဲ့သည်.
နေရာအမျိုးမျိုးပြောင်းစိုက်ပါသော်လည်း.. လူနာကဝခြင်း.. oedema ဟုခေါ်သည့်..သွေးကြောထဲမှာအရည််များ.cells များအပြင်ရောက်နေသည့်အတွက်ကြောင့်…အကြောသေးသေးလေးများကိုမည်ကဲ့သို့မှရှာလို့မရနိုင်အောင်ဖြစ်နေသည်။
လူနာက သူ့အသားကိုအကိုင်မခံနိုင်အောင်ပင်.. sensitive ဖြစ်လွန်းလှသည်။
“ငါတို့စိုက်လို့ကတော့မရဘူး…သူနာပြုဆရာမစိုက်ခိုင်းမှပဲရမယ်ထင်တယ်.
မင်းသူနာပြုကိုသွားပြောလိုက်ကွာ..ဒီဆေးတွေက မနက်မှထိုးလို့မရဘူး… သူ့အခြေအနေနဲ့က အရေးကြီးတယ်ကွ..ချက်ခြင်းထိုးရမယ့်ဆေးတွေ”
ကျွန်တော်သူနာပြုအခန်းဆီရောက်သွားတော့..သူနာပြုဆရာမတစ်ယောက်တွေ့သည်။
“ဆရာမ…. ဂျေးထဲက patient က Canula -စို်က်လို့မရလို့..ကူညီပါဦး.”
“ကျွန်မမအားဘူ:”
“Jail ထဲက ..အဲဒီ.. လူကြိးက..နေ့ခင်းတွေဘက်တောင်စိုက်ရခက်တာ.တစ်ကိုယ်လုံးကလဲယောင်နေသေးတယ်. ညဘက်ဆိုဘယ်လိုစိိုက်ရမလဲတောင်မသိဘူး
စိတ်ညစ်လိုက်တာ
မနက်မှစို်က်ပေးမယ် ”
မာဆတ်ဆတ်နှင့်ပြောလိုက်သော ..လေသံကြောင့် ကျွန်တော်စိတ်ထဲမှာအစာမကြေဖြစ်သွားခဲ့ရသည်။
ဒါပေမယ့်ဘာမှပြန်မပြောဖြစ်ခဲ့တော့..
ဒုတိယပိုင်းဆက်ရန်
Leave a Reply