Skip to the content
Arthur's Home

Many Lives, Many Memories.

  • CV
  • Home
  • AI Projects
    • AI Chat
    • Stock Analyzer
    • Moti AI
    • Myanmar OCR
  • Mobile Apps
    • Myanmar First Aid
    • Medical Abidan
    • Sanpyu
    • My OPD
    • Hello Sayarwon
    • Say Kyan App
    • Myanmar Health info
    • Toolkits
      • Download Fb Subtitle
  • Data Products
    • Covid Myanmar Dashboard
      • Covid-19 Network Chart
      • Covid-19 Dataset
    • MMelection Dashboard
      • MM Election Mobile Dashboard
  • Unicode
  • Medium
    • Blog
    • English
  • Classroom
  • Student Life
    • 1st MBBS
    • 2nd MBBS
    • 3rd MBBS
    • Final Part I
    • Final Part II
    • House Officer
    • Master Student
  • CV
  • Home
  • AI Projects
    • AI Chat
    • Stock Analyzer
    • Moti AI
    • Myanmar OCR
  • Mobile Apps
    • Myanmar First Aid
    • Medical Abidan
    • Sanpyu
    • My OPD
    • Hello Sayarwon
    • Say Kyan App
    • Myanmar Health info
    • Toolkits
      • Download Fb Subtitle
  • Data Products
    • Covid Myanmar Dashboard
      • Covid-19 Network Chart
      • Covid-19 Dataset
    • MMelection Dashboard
      • MM Election Mobile Dashboard
  • Unicode
  • Medium
    • Blog
    • English
  • Classroom
  • Student Life
    • 1st MBBS
    • 2nd MBBS
    • 3rd MBBS
    • Final Part I
    • Final Part II
    • House Officer
    • Master Student

သင်္ကြန်

By Arthur Chan

On April 14, 2024

In Blog

သင်္ကြန်မရှိတဲ့ ဒေသမှာ နေလာတာ ၃ နှစ် ကြာလာပြီးတဲ့နောက် ဒီကာလတွေရောက်ရင် အိမ်လွမ်းဆွတ်စိတ်က အရင်ထက်အများကြီးပိုပါတယ်။

ကိုယ်တိုင်ပါဝင် ဆင်နွှဲလို့မရပေမယ့် ဟိုးအရင်က memory တွေ ပြန် ခေါ်ဖို့ ကြိုးစားကြည့်တာလည်း ကိုယ်တိုင် သင်္ကြန်ပြန်ရောက်သွားသလို ခံစားရမယ်ထင်တယ်။

အစောဆုံး သင်္ကြန်နဲ့ပတ်သက်တဲ့ မှတ်ဉာဏ်တွေက ၂၀၀၀ ခုနှစ်ဝန်းကျင်မတိုင်ခင်မှာရှိမယ်ထင်တယ်။

၁၉၉၅ ကနေ ၂၀၀၀ ကြား အဖြစ်အပျက်တော်တော်များများကို မမှတ်မိတော့ဘူး။

အဲဒီအချိန်က ပျဉ်းမနားမှာ မိသားစုတွေအားလုံးစုနေကြတဲ့ တစ်ဧက နီးပါးကျယ်တဲ့ ခြံကြီးရှိတယ်။

အဲဒီမှာ အမေရဲ့ မောင်နှမတွေဖြစ်တဲ့ ဦးလေး အငယ်ရယ် အကြီးရယ်၊ အဖွားရယ်နေကြတယ်။

အဓိက အဆောက်အဦးက နှစ်ခုရှိတယ်။ သက်တမ်းက ၁၀၀ နီးပါးရှိလောက်မယ့် ရှေးတိုက်ကြီးထင်တာပါပဲ။ အုတ်တွေက အတော်ထူတယ်။

အဖွားနဲ့ဦးလေးအငယ်က အပေါ်ထပ် မှာနေတယ်။ ဦးလေးအကြီးမိသားစုကအောက်ထပ်မှာ။

ကျနော်တို့က တစ်ထပ်ပဲပါတဲ့ အုတ်ပါးပါး တိုက်အိမ်သေးသေးလေးမှာနေတယ်။

အဲဒီတိုက်ကလေး က အခုနေ အမြင်နဲ့ ကြည့်လိုက်ရင် အလွန်ကျဉ်းတယ်။ ကျနော်မမွေးခင်က လက်ဖက်ရည်ဆိုင်လေးလည်းဖြစ်ခဲ့ဖူးတယ်ဆိုတယ်။ နောက်ပိုင်းကာလတွေမှာတော့ ကာရာအိုကေဆိုင်၊ စတိုးဆိုင်၊ စားသောက်ဆိုင် အမျိုးမျိုး ပြောင်းလဲခဲ့ဖူးတယ်။

ခြံကြီးထဲမှာပဲ သစ်လုပ်ငန်း၊ ပွဲရုံလုပ်ငန်းနဲ့ လယ်လုပ်ငန်းတွေနဲ့ပတ်သက်ပြီး အဝင်အထွက် ရှိတော့ လူအဝင်အထွက်က အတော်များတယ်။ အမြဲလိုလိုလူမပြတ်ဘူး။ အရမ်းစည်ကားတယ်လို့ဆိုရမှာပေါ့။

အဖိုးက ရွာမှာ သူ့ခေတ်က နာမည်ကြီး စီးပွားရေးသမားတစ်ဦးဆိုတော့ သိသူများတယ်။ နေရာအစုံပတ်သွားရတယ်။

သင်္ကြန်မတိုင်ခင် ကျောင်းပိတ်ကတည်းက ပိုးက ထနေပြီ။ ခွက်အသစ်လေးတွေဝယ်ရတာနဲ့၊

ပန်းကုံးတွေဝယ်ခိုင်း၊ မျက်မှန်ဝယ်ခိုင်း၊ ရေပြွတ်ဝယ်ခိုင်းနဲ့။ လက်နက်တွေစုကြတာ။

အမေနဲ့ ဈေးဝယ်ထွက်တုန်း သင်္ကြန် ကက်ဆက်ခွေသီချင်း ဝယ်တာမှတ်မိတယ်။

နွေရာသီနေ့လည်တွေက ပျင်းရိငြီးငွေ့ဖွယ်ကောင်းပြီး ကလေးတွေမှာ ဆော့စရာ လုပ်စရာမရှိ၊ အဲဒီ အခွေကို သင်္ကြန်မတိုင်ခင် တစ်ချိန်လုံးဖွင့်တာ အလွတ်တွေရကောပဲ။ အိမ်မှာ ဖတ်စရာလည်းကုန်ပြီ၊ ကြည့်စရာလည်း မရှိဘူးဆိုတဲ့ တကယ့်အဲဒီလိုအချိန်။

အဲဒီ ပျင်းရိဖွယ်အချိန်တွေက သင်္ကြန် မတိုင်ခင် တစ်ရက်အလိုရောက်မှ စပြီး အသက်ဝင်လာတယ်။

အကြိုနေ့မနက်စောစောတည်းက မနက်ခင်းထမင်းကို အကြော်နဲ့စားပြီး ရေပက်ဖို့ တာဆူနေပြီ။

မောင်နှမတွေ အိမ်မှာ သင်္ကြန်ရေပက်ကြတာကို ရေးရေးမှတ်မိတယ်။ ကျနော့်မှာရွယ်တူ ဝမ်းကွဲအစ်မတစ်ဦးရှိတယ်။ ၂နှစ်လောက်ငယ်တဲ့ ညီမရှိတယ်။ နောက် နှစ်ဝမ်းကွဲ မောင်နှမတွေရှိတယ်။ သင်္ကြန်ကျရင် အားလုံးအိမ်ကို ရောက်လာကြတယ်။ ကျောက်ရေစည်တွေကို အိမ်မှာရှိတဲ့ သစ်စက်မှာအလုပ်လုပ်တဲ့ ဦးလေးတွေက ရွှေ့ပေးကြတယ်။ မော်တာမရခင်က သူတို့ပဲ ရေဖြည့်ပေးတယ်။

သင်္ကြန်ဆို သူတို့တွေက လည်း လျှောက်လည်ရင်းအိမ်ကို ရောက်လာကြတယ်။ အစ်ကို နဲ့ကဆယ်နှစ်ကွာတော့ ကိုယ်က ကလေး ဖြစ်ပြီး ရေပက်ချိန်ဆို သူက လျှောက်လည်ချင်ပြီ။

ဘေးက အိမ်မှာက စားသောက်ဆိုင်ဆိုတော့ သင်္ကြန်ဆို ကားတွေရပ်နား၊ ဝင်စားကြနဲ့၊ သူတို့တွေကို ကိုယ်တွေကလေးအုပ်စုကလိုက်ပက်၊ ခွက်စောင်းခုတ်တတ်ချင်တယ်ဆိုတော့ ၊ အဲဒီ ဆိုင်လာတဲ့ အစ်ကိုတွေက ကျွဲရိုင်းဘူးကို တမံသလင်း နဲ့ပွတ်ပြီး အပေါ်က အဖုံး ကျွတ်သွားအောင် လုပ်ပေးကြတယ်။ လက်ကသေးတော့ ခွက်စောင်းခုတ်ရင် မနိုင်ပဲ ခွက်နဲ့ ကောက်ပေါက်လိုက်သလို ဖြစ်သွားတာတွေလည်းရှိတာပဲ။

ကလေးတွေဆိုတော့ လူကြီးတွေက စိတ်လည်းမဆိုးနိုင်။

လူပျိုကာလသားတွေက ကလေးတွေဆော့ဖို့ ရေဖြည့်ပေးလိုက်၊ ကောင်မလေးတွေရေသွားလောင်းလိုက်၊ လျှောက်လည်ကြတဲ့အချိန် လူမကြီးတစ်ကြီးတွေက စားဖို့သောက်ဖို့၊ လုပ်ကြတယ်။

အဖေက ထုံးစံအတိုင်း ဥပုသ် စောင့်တယ်။

သင်္ကြန်ဆိုသတိရတာ ပဲကြာဇံ၊ဘာလချောင်ကြော်နဲ့ သရက်ချဉ်သုပ်ကို ထမင်းနဲ့စားရတာပဲ။ နှစ်တိုင်းအဲလိုစားကြတော့ ၊ သင်္ကြန်ဆိုအဲဒါကိုသတိရတယ်.

မုန့်လုံးရေပေါ် တခါတလေ လုံးကြတယ်။ အဲဒီကာလတွေက ပျဉ်းမနား မြို့ဟာ အနီးအနားမှာ အကြီးဆုံးအစည်ဆုံးပေါ့. နေပြည်တော်ဆိုတာ ဆောက်လုပ်ရေးတောင်မစသေးဘူး။

လမ်းမကြီးလို့ဆိုရမယ့် ,နှစ်လမ်းသွားပဲရှိတဲ့ ဗိုလ်ချုပ်လမ်းပေါ်မှာ ဂျစ်ကားတွေဆိုင်ကယ်တွေ၊ ကလေးတွေက ဆိုက်ကားနဲ့ သင်္ကြန်လည်ကြတယ်။ မဏ္ဍာပ်ကြီးတွေလည်းမရှိပါဘူး။ အုံးလက်နဲ့ဆောက်ထားတာ အလွန်ဆုံးပဲ။ အိမ်မှာ အပျိုလူပျိုရှိတဲ့ အိိမ်တွေကတော့ ပိုစည်ကားတာပေါ့။

၂၀၀၀ ခုနှစ် နောက်ပိုင်း ရောက်တော့ သင်္ကြန်အတွက် invest လုပ်ရတာပိုများလာတယ်။ ပလပ်စတစ်ခွက်လေး လောက်နဲ့ မကျေနပ်တော့ဘူး။ မြို့ထဲက တချို့အိမ်တွေမှာ ပိုက်တွေအများကြီးနဲ့ ပက်ကြတာကိုမြင်တော့ အဖေ့ကိုပူဆာတယ်။အဲလို ပိုက်မဝယ်ပေးမချင်း ဂျီတာ တစ်လလောက်ကြာတယ်။

နောက်တော့ သူ့ ရဲ့မိတ်ဆွေအိမ်မှာ ရှိတဲ့ အဲဒီလို ပိုက်မျိုးကို သွားဝယ်လာပေးတယ်။ သူက သံနဲ့လုပ်ထားတော့ တော်တော်လေးတယ်။

အိမ်ကို ရောက်တော့ ပျော်တာဆိုတာ၊ ဒါပေမယ့် မော်တာက ရေထွက်အားမကောင်းတော့၊ သိပ်ပြီး ရေဖိအား မရဘူး။ အချို့ပိုက်တွေကို ခေါက်ပြီးပိတ်ထားမှ တခြားပိုက်တွေကကောင်းတယ်။

ဒါကို မီးသတ်ပိုက် နဲ့ပက်တာတွေမြင်ပြီး မီးသတ်ပိုက် ကိုင်ချင်တယ်လို့ ပြောတယ်။ အဲဒါတော့ မ လိုက်လျောတော့ဘူး။ အိမ်က ရေတွင်းက မီးသတ်ပိုက် တပ်လိုက်ရင် အကုန်ခမ်းခြောက်ပြီး ဒုက္ခများမှာကို။

လူပျိုပေါက်ဖြစ်လာတော့ အစ်မတွေ ကလေးတွေနဲ့ပတ်ရတာကို မကြိုက်တော့ဘူး။ လည်ချင်စိတ်က ပိုများလာပြီ။ အမေက စိတ်မချ၊

အစောပိုင်းတော့ သူစိတ်ချတဲ့ အမြဲကျောင်းလိုက်ပို့နေကျ ဆိုက်ကားဆရာတွေလက်ထဲအပ်ပြီး မောင်နှမတွေကို မြို့ထဲပတ်ပို့ပေးဖို့ ပြောတယ်။ အဲဒိတုန်းကလည်း ပျော်တာ၊ တခြားနေရာတွေမှာ ဘယ်လိုရေပက်တယ်ဆိုတာ မသိဘူးလေ။

နောက်တော့ ဆိုင်ကယ်နဲ့ လိုက်ပို့ပေးတယ် ။

၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ အိမ်က အရမ်းကြီးမစည်ကားတော့ဘူး။ လုပ်ငန်းတွေမရှိတော့ပဲ၊ စတိုးဆိုင်ပေါက်စလေးပဲ ရှိတာဆိုတော့ အဲဒါလည်း သင်္ကြန်တွင်းပိတ်ထားတာများတယ်။

သင်္ကြန်လည်တဲ့အခါ လူကြီးတွေပါတဲ့ကားထဲကို ထည့်ပေးတာမျိုးတော့ အိမ်က စလုပ်နေပြီ။

အဲဒီတုန်းက မှတ်မိတဲ့အကြောင်းအရာတွေကို စာအုပ်ထဲမှာ ချရေးထားသေးတယ်။ အဲဒီစာအုပ်ကပျောက်သွားပြီ။

အဲဒီကစကြားဖူးပြီးအခုထိ ကိုယ့်အတွက် emotional value တစ်ခုဖြစ်တဲ့သီချင်းကတော့ trance သီချင်းတစ်ပုဒ် ဖြစ်တဲ့ အမှတ်တရသင်္ကြန်ပဲ။

၂၀၀၂/၂၀၀၃ လောက်ဝန်းကျင်မှာထင်တာပဲ။

အတက်နေ့ ညနေမှာ အဲဒီသီချင်းကြားရတာကပိုအမှတ်တရဖြစ်စေတယ်။

၂၀၀၄/ ၂၀၀၅ လောက်ရောက်တော့ ကျောင်းဘက်က သူငယ်ချင်းတွေနဲ့ပိုပေါင်းလာပြီ။ သူတို့က ဂျစ်ကားနဲ့ လည်မယ်ဆိုတော့ လိုက်ချင်တယ်။

တော်တော် အတိုက်အခံပြောရပြီး နောက်ကျတော့ အိမ်ကလိုက်လျောတယ်။

၂၀၀၄ မှာ နေပြည်တော်ဆိုတဲ့နာမည်မထွက်သေးဘူး။ မြို့ကဆိုင်ကယ်တွေပိုပေါလာတယ်။ မြန်မာပြည်ထုတ် စက်မှုဇုံဂျစ်တွေပိုပေါလာတယ်။

၂၀၀၆ သင်္ကြန်ကတော့ မြို့မှာ အစည်ဆုံးလို့ပြောရမယ်။ နေပြည်တော်ဆိုပြီး နာမည်ဖြစ်သွားတာပါမယ်။

တီဗီမှာ ပုံမှန် နေ့အပူချိန်တွေ ကြေညာရင် ရန်ကုန်မန္တလေး စပြီး ကြေညာရာကနေ နေပြည်တော် ဆိုပြီး ပျဉ်းမနား မြို့က ဆင်ရုပ်ထုကို စကြေညာ ပြတာကို မှတ်မိနေတယ်။

တခြားမြို့တွေက လာလည်ကြတာတွေရှိတယ်။ သေးသေးကျဉ်းကျဉ်း ဗိုလ်ချုပ်လမ်း လေးဟာ ကားတွေနဲ့ မနိုင်မနင်း ဖြစ်သွားတယ်။

ရေပက်မယ့်သူထက် လည်တဲ့သူကပိုများနေတယ်။ မြို့ဧရိယာက အနည်းငယ်ပိုကျယ်လာတယ်။

ဆယ်တန်းစာမေးပွဲလည်း ဖြေပြီးခါစအချိန်ဆိုတော့ သူငယ်ချင်းတွေ ပိုပျော်ကြတာပေါ့။ ကိုယ်တိုင်လည်း တစ်ကိုယ်တော် ဆိုင်ကယ်နဲ့ လည်တာမျိုး လုပ်တတ်နေပြီ။

အဲဒီကာလက ပျဉ်းမနားသင်္ကြန်ရဲ့ နောက်ဆုံး မှတ်ဉာဏ်တွေဖြစ်လိမ့်မယ်ထင်တယ်။

အဲဒီကာလနောက်ပိုင်းတွေဟာ အရာရာပြောင်းလဲသွားတယ်။ အပြောင်းလဲတွေကမြန်တယ်။မြို့ဟာ

ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေ မြန်ဆန်လာတယ်။

ဆက်သွယ်ရေးတွေ ပိုကောင်း၊ဖုန်းတွေ၊ အင်တာနက်တွေရှိလာပေမယ့်. တစ်မြို့တည်းနေတဲ့ သူတွေနဲ့ ပိုပြီးအဆက်အသွယ်ကျဲပါးလာတယ်။

မူရင်း သင်္ကြန် memory တွေကို မန္တလေး သင်္ကြန်ရဲ့ မှတ်ဉာဏ်တွေက ထပ်ပေါင်း လာစေခဲ့တယ်။

တဖြည်းဖြည်းနဲ့ အရင် အတူတူရှီခဲ့တဲ့ မိသားစုကြီးဟာ အစည်းပြေလာတယ်။

ကိုယ်တိုင်လည်း အဖေအမေဘက်က အမျိုးတွေကို ဘယ်လောက်ပဲမိတ်ဆက်ပေးပေး မမှတ်မိတော့ဘူး။

၂၀၁၄ သင်္ကြန်မှာတော့ အရင်က အမှတ်တရတွေ အကုန်ရှိခဲ့တဲ့ ခြံကြီး မရှိတော့ဘူး။

ကိုယ့်တစ်သက်လုံးရှိခဲ့တဲ့ အိမ်ရှေ့က အသီးမသီးတဲ့လိုက်ချီးပင်ကြီးလည်းမရှိတော့ဘူး။

လူတိုင်း ရေချိုး၊ ရေသုံး လုပ်နေခဲ့တဲ့ ရေတွင်းကို အပေါ်က ပိတ်လိုက်ပြီး ပိုက်လေး တစ်ချောင်းပဲထုတ်ထားတော့တယ်။

ကိုယ်တို့ တစ်သက်လုံး နေခဲ့တဲ့ အိမ်လေးကိုလည်း ဖျက်လိုက်ပြီ။

မိသားစုက တစ်မြို့တည်းရှိိနေပမယ့်လို့ အရင်ကအဆက်အသွယ်လုပ်တဲ့ ဆွေမျိုးတွေနဲ့ အတော်အလှမ်းဝေးတဲ့ နေရာရောက်သွားတော့။

အရင် အိမ်ကို လာလည်ကြဖို့ သူတို့အတွက်မလွယ်တော့ဘူး။

ဒါတွေအားလုံးက ခြံကိုရောင်းလိုက်ပြီး အိမ်ကိုရွေ့လိုက်တဲ့ အချိန်မှာ တစ်ပါတည်းပါသွားတဲ့အရာတွေပါ။

အိမ်တွေ အများကြီးမှာ နေခဲ့ဖူးပေမယ့် ကိုယ့်အိမ်ကို အိမ်မက်မက်ရင် အဲဒီခြံအဟောင်းကိုပဲမက်လေ့ရှိတယ်။

ကိုယ့်ရဲ့ ဇာတိ ချက်ကြွေရာမြေဖြစ်လို့လည်းပါမယ်ထင်တယ်။

အခုကြီးလာတဲ့နောက်ပိုင်း အဖြစ် အပျက် အကြောင်းအရာတစ်ခုချင်းရဲ့နောက်မှာ ရှိနေတဲ့ ငွေကြေးမဟုတ်တဲ့ တန်ဖိုး , emotional ,sentimental value တွေကို ပိုပြီး မြင်တယ်။

ကိုယ်လုပ်နိုင်တဲ့အရာတွေ၊ ဆိုတာ တကယ်တော့ ကိုယ့်မိဘတွေ ခေတ်က လုပ်နိုင်ခဲ့တာတွေကိုမမှိဘူး။

သူတို့ဟာ ကိုယ့်အရွယ်မှာ ဆွေမျိုးတွေကြားမှာ bond တစ်ခုကို ချည်နှောင်ပေးထားနိုင်တယ်။

အလုပ်တွေပေးထားနိုင်ပြီး မိသားစုများစွာကို အဆင်ပြေစေတယ်။

ခက်ခဲတဲ့ကာလတွေဖြစ်ခဲ့ပေမယ့်လို့ community စိတ်ဓာတ်ဆိုတာကို အပြောမဟုတ်ပဲ တကယ် အလုပ်နဲ့သက်သေ ပြခဲ့ကြတယ်။ တစ်ခုခု လိုအပ်တဲ့အခါတိုင်းမှာ ဝိုင်းဝန်း ကြမယ့်သူတွေ အလွန်ပေါတယ်။

တရုတ်နှစ်သစ်ကူးမှာ အဝေးရောက်နေတဲ့ သူတွေဟာ သူတို့မိသားစုတွေဆီရောက်အောင်ပြန်ကြတယ်။

ကျေးဇူးတော်နေ့ ခရစ်စမတ်မှာ မိသားစုတွေ ပြန်စုံစည်းကြတယ်။

သင်္ကြန်ဟာ လည်း မြန်မာတွေအတွက် မိသားစုတွေ၊ ဆွေမျိုးတွေ ပြန်လည်ဆုံဆည်းကြတဲ့ ကာလ တစ်ခုပဲ။

ဒီ tradition က နှစ်ပေါင်း ရာ/ထောင်ချီ ကြာခဲ့ပြီ။ အပူတွေကို ငြိမ်းစေဖို့ ဆိုတဲ့ ရည်ရွယ်ချက်တောင် ပါတယ်လေ။

ဒီကာလတွေ အတွင်းမှာ စစ်ပွဲတွေလည်းမရေမတွက်နိုင်အောင် ဖြစ်ခဲ့မှာပဲ။

ခေတ်စနစ်မျိုးစုံလည်း ကြုံခဲ့မှာပဲ။

ဒါပေမယ့်အခုထိ ရှိနေသးတယ်။

နောင်လည်း ရှိနေဦးမယ်လို့တော့ထင်ပါတယ်။

ထိုင်းကို လူတွေ အများကြီး ရွှေ့သွားတော့ နောက်ဆို သင်္ကြန်ဟာ ထိုင်း ဆောင်ကရန်နဲ့ ပေါင်းစပ်သွားဖို့လည်း ဖြစ်ကောင်းဖြစ်နိုင်ပါသေးတယ်။

အဓိကကတော့ ကိုယ်ဘယ်ရောက်နေနေ ကိုယ့်ဇာတိရဲ့ unique ဖြစ်တဲ့ tradition, sentimental value လေးတွေကို သယ်ယူသွားဖို့၊ နောက်မျိုးဆက်လေးတွေရဲ့ စိတ်ထဲ နှလုံးထဲကို ထည့်ပေးထားနိုင်ဖို့ ကောင်းပါတယ်။ အဲဒီလိုဆိုရင်တော့ ချစ်စရာကောင်းတဲ့ မြန်မာ့ ဓလေ့လေးတွေဟာ တစ်ကမ္ဘာလုံး ပြန့်နှံ့ ပြီးဆက်တည်နေမှာပါ။

Related

MandalayPyinmanathingyan

Previous

လွန်ခဲ့တဲ့ ၁၀နှစ်က..

Next

အိမ်

  • WordPress
  • GitHub
  • LinkedIn
  • YouTube
  • Medium

Medium

  • Building Healthcare AI Between Hope and Constraint
  • Free But Not Cheap
  • Can a Medical AI Run on a Regular Laptop? MedGemma1.5 on My M1 8GB Laptop
  • A Doctor in Myanmar Asked Why We Still Write Notes by Hand. 12 Years Later, He Built the Answer
  • How do we build a cloud EHR?

Recent Posts: Arthur's Home

အိမ်

အခု မီမီဝင်းဖေရဲ့ အမှတ်တရ ဆိုတဲ့သီချင်းရဲ့ remix  ကိုနားထောင်နေရင်းနဲ့ ဟိုးအရင်က အတိတ်တွေကို ပြန်တွေးမိတယ်။ (ဒီသီချင်းကို နားထောင်မိပြီးသတိရမိတဲ့အကြောင်းကဘာရယ်တော့မဟုတ်ပါဘူး၊​ငယ်စဉ်ကာလက အရမ်းကြားဖူးခဲ့တဲ့သီချင်းဖြစ်နေလို့ပဲ) အသက် ၃၀ ကျော်လာတဲ့ ကာလအတွင်းမှာ ဖြစ်ခဲ့တာတွေက အရမ်းများသလိုပဲ။ နေခဲ့တဲ့ နေရာတွေ အိပ်ခဲ့ရတဲ့နေရာတွေကလည်း အရမ်းများတယ်။ တချို့ဟာတွေဆိုသေချာမမှတ်မိတော့ဘူး။ မိဘနဲ့ စအိပ်ရာခွဲအိပ်ခဲ့တာ အသက် ၁၀ နှစ်မပြည့်ခင်ထင်တာပဲ။ အိမ်က အကြီးကြီးမဟုတ်ပါဘူး။ သေးသေးလေး၊ ကိုယ်  မမွေးခင်တုန်းက လက်ဖက်ရည်ဆိုင်ဖွင့်ခဲ့သေးတယ်ဆိုတယ်။ အဲဒီလို ဆိုင်မကျ အိမ်မကျ နေရာလေးမှာပဲ ဟိုနား အခန်းကန့်လိုက် ဒီနားအခန်းကန့်လိုက်နဲ့ လုပ်ပြီး အသက် ၂၀ ကျော်တဲ့အထိ နေလာခဲ့တာ။ ၁၀ နှစ်ကျော်မှာ ဧည့်ခန်းထဲကို ကုတင်ထုတ်ပေးတာကို မှတ်မိသလိုလိုရှိတယ်။ နောက်တော့ အဲဒီနားမှာ လိုက်ကာ လေးတွေကန့်ပေးပြီး […]

သင်္ကြန်

သင်္ကြန်

သင်္ကြန်မရှိတဲ့ ဒေသမှာ နေလာတာ ၃ နှစ် ကြာလာပြီးတဲ့နောက် ဒီကာလတွေရောက်ရင် အိမ်လွမ်းဆွတ်စိတ်က အရင်ထက်အများကြီးပိုပါတယ်။ ကိုယ်တိုင်ပါဝင် ဆင်နွှဲလို့မရပေမယ့် ဟိုးအရင်က memory တွေ ပြန် ခေါ်ဖို့ ကြိုးစားကြည့်တာလည်း ကိုယ်တိုင် သင်္ကြန်ပြန်ရောက်သွားသလို ခံစားရမယ်ထင်တယ်။ အစောဆုံး သင်္ကြန်နဲ့ပတ်သက်တဲ့ မှတ်ဉာဏ်တွေက ၂၀၀၀ ခုနှစ်ဝန်းကျင်မတိုင်ခင်မှာရှိမယ်ထင်တယ်။ ၁၉၉၅ ကနေ ၂၀၀၀ ကြား အဖြစ်အပျက်တော်တော်များများကို မမှတ်မိတော့ဘူး။ အဲဒီအချိန်က ပျဉ်းမနားမှာ မိသားစုတွေအားလုံးစုနေကြတဲ့ တစ်ဧက နီးပါးကျယ်တဲ့ ခြံကြီးရှိတယ်။ အဲဒီမှာ အမေရဲ့ မောင်နှမတွေဖြစ်တဲ့ ဦးလေး အငယ်ရယ် အကြီးရယ်၊ အဖွားရယ်နေကြတယ်။ အဓိက အဆောက်အဦးက နှစ်ခုရှိတယ်။ သက်တမ်းက ၁၀၀ နီးပါးရှိလောက်မယ့် ရှေးတိုက်ကြီးထင်တာပါပဲ။ အုတ်တွေက အတော်ထူတယ်။ အဖွားနဲ့ဦးလေးအငယ်က အပေါ်ထပ် […]

လွန်ခဲ့တဲ့ ၁၀နှစ်က..

လွန်ခဲ့တဲ့ ၁၀နှစ်ကို ပြန်ကြည့်လိုက်ရင် ကိုယ်ရခဲ့တဲ့ အတွေ့အကြုံတွေ၊ အမှတ်တရတွေက မနည်းဘူး။ အပြောင်းအလဲတွေကလည်း ခဏခဏပါပဲ။ အိုင်တီလောက ထဲကို ခြေလှမ်းစလှမ်းခဲ့တာ ၂၀၁၂ လောက်တည်းကလို့ ပြောလို့ရမယ်ထင်တယ်။ အဲဒီတုန်းက မိုဘိုင်းGroup တွေမှာ စပြီး ကူတာတွေလုပ်နေပြီ။ Root ဖောက်၊ မြန်မာစာထည့်ဘာညာပေါ့လေ။ Samsung Galaxy S2 လေးတစ်ခုရှိတာ မျောက်အုန်းသီးရသလိုပဲ။ ၂၀၁၃ လောက်မှာ ဘွဲ့ရပြီးတော့ အိမ်ပြန်နေတယ်။ ကျောင်းနေဘက် သူငယ်ချင်းတွေ ဆေးရုံမှာ၊ ဆေးကုမ္ပဏီမှာ၊ နာမည်ကြီး NGO တွေမှာ လုပ်နေကြတာမြင်တော့ အားကျပေမယ့် ကိုယ်မလုပ်ချင်တဲ့အရာမှန်း သိနေလို့ ဘာမှမလုပ်ဖြစ်ဘူး။ ၆နှစ်လောက် ဝေးကွာနေတဲ့ မိသားစု နဲ့ အေးအေးဆေးဆေးနေတယ်။ MPT ရဲ့လိပ်လိုနှေးတဲ့ internet ကိုလျှောက်၊ ကိုယ့်အတွက် အပိုင်စားရထားတဲ့ […]

Camp in US

Camp in US

US က တိုးတက်တဲ့အပိုင်းတွေ ကတော့ ထူးထွေ ပြောနေစရာမလိုပါဘူး။ ပြည်တွင်းစစ်ပြီးကတည်းက  တစ်ခြားနိုင်ငံတွေကိုသာ သွားစစ်တိုက်နေတာ။ သူ့နိုင်ငံထဲမှာ စစ်မဖြစ်တာကြာခဲ့ပြီ။ ဒါကြောင့် သူတို့လုပ်ချင်တဲ့ အရာအားလုံးကို အသေးစိတ်အထိ အေးအေးဆေးလုပ်ခွင့်ရကြတယ်။ ဆောက်လိုက်၊ အာဏာသိမ်းလို့ပျက်လိုက်၊ စစ်ဖြစ်လို့ ပျက်လိုက်ဆိုတာမရှိဘူး။ ဒါကြောင့် များသောအားဖြင့် သူတို့ရဲ့ အဆောက်အအုံတွေတော်တော်များများ ရဲ့ရာဇဝင်က အနည်းဆုံး  ၁၈၀၀ ကျော် ကာလတွေကတည်းကစပြိး အခုထိဒီတိုင်းထားလေ့ရှိတယ်။ ဒီတစ်ခါရေးဖို့စိတ်ဖြစ်တာက ပြည်နယ်ဥယျာဉ် တွေ ,အမျိုးသားဥယျာဉ် တွေအကြောင်းပါ။ ဒီက ဥယျာဉ်ဆိုတာ ဘလောက်တစ်ခုစာအပြည့် ရှိပြီး​ရေကန်တွေ၊ သစ်ပင်တွေ၊​အနားယူစရာ ပျော်ပွဲစားထိုင်ခုံတန်းတွေပါသလို ကြီးတဲ့အခါ မြို့တစ်ခုစာ ပြည်နယ်တစ်ခုစာအထိ ဥယျာဉ် လို့သတ်မှတ်ထားတာမျိုးလည်းရှိတတ်ပါတယ်။ မနှစ်ကတော့ Yellowstone ကို သွားခဲ့တယ်။ သူက စတုရန်းမိုင် ၃၀၀၀ ကျော် ကျယ်တယ်။ […]

Yellow Stone သို့တစ်ခေါက်

Yellow Stone သို့တစ်ခေါက်

Camp ထိုးတာကို နှစ်ခါကြုံဖူးတယ်။ အရင်က ထင်ထားတာက camp ထိုးတယ်ဆိုတာ မြို့ပြနဲ့အဝေးကြီး၊ တောအုပ်ကြီးထဲမှာသွားထိုးကြတာလားပေါ့လေ။ တကယ့်တကယ်ကျတော့ အဲဒီလောက်လူတွေနဲ့ အဝေးကြီးမဟုတ်ပြန် ။​Camp ground တွေကို အွန်လိုင်းကနေ ငှားထားလို့ရတယ်။ တောအုပ်ကြီးထဲမှာ camp ထိုးတဲ့သူတွေ နေလို့ရဖို့ ပြင်ဆင်ပေးထားတဲ့ သီးသန့်နေရာပေါ့။ ဒါကြောင့် ကြုံရာနေရာမှာထိုးနေရတာမျိုးတော့မဟုတ်ဘူး။ တကယ့် adventure ကြိုက်တဲ့သူတွေဆိုရင်တော့ ဘယ်သူမှမပြင်ဆင်ပေးထားတဲ့နေရာကို ကိုယ့်ဘာသာ သွားထိုးရင်လည်းရရင်ရမှာပေါ့။ risk တော့ပိုယူရလိမ့်မယ်။ အခုလို ပြင်ဆင်ပေးထားတဲ့နေရာတွေမှာဆိုရင်တော့ ကိုယ့်လိုပဲတခြားလူတွေလည်းမနီးမဝေးမှာရှီနေလိမ့်မယ်။ Yellostone campground ကိုရောက်တော့ ဘေးမှာ အာရှသားမိသားစုတစုလည်းရှီတယ်။ သူတို့ကြည့်ရတာ ဂျပန်တွေနဲ့ပိုတူတယ်။ အဓိကကတော့ တိတ်တိတ်ဆိတ်ဆိတ် နေတတ်လို့ အဲဒီလို ကောက်ချက်ချမိတာပဲ။ ရောက်ရောက်ချင်းမှာတော့ ကိုယ်နေမယ့် ရွက်ဖျင်တဲလေးတွေကို ကိုယ့်ဘာသာ ပြင်ဆင်ရတယ်။ ရွက်ဖျင်တဲ တခုစာအတွက်အိတ်လေးနဲ့ […]

  • သင်္ကြန်နဲ့ ကမ်းခြေ
    Date
    April 30, 2018
  • 30+ ရောဂါ
    Date
    June 3, 2016
  • အိမ်
    Date
    July 13, 2024

Powered by WordPress & Theme by Anders Norén

Discover more from Arthur's Home

Subscribe now to keep reading and get access to the full archive.

Continue reading