Many Lives, Many Memories.

Category: Final Part II Page 1 of 3

FPII result

See their face…
Full of .hope.
sparkling eyes.
This is the result time..
I was very happy..
very excited.

2nd time of success in my life .

1st time is in 2006 august..
I pass matriculation examination with 4D in B.E.H.S.(1) Pyinmana

The last day of part II (medical student )life

Image</

The last day in child 550 Bedded hospital
After my final examination(child)

Result will be announced on 26.11.2011

၁၁.၁၁.၁၁ အမှတ်တရစကား

ဒီနေ.က နောက်ဆုံးနှစ်စာမေးပွဲ… မီးယပ်ပညာ…ဖြေခဲ.တာပါ.
နောက်ဆုံးစာမေးပွဲပါပဲ

ဒါပေမယ်… လူတွေ.စစ်ဆေးတာကတော.ကျန်သေးတယ်..
ဒီနေ.က

၁၁.၁၁.၁၁

စာမေးပွဲခန်းထဲကနေ၁၁ နာရီမှာထွက်ခဲ.တယ်

အမှတ်တရတစ်ခုခုဖြစ်ချင်ခဲ.တယ်…

မနေ.ညကဆို…ကောင်းကောင်းအိပ်မပျော်နိုင်ဘူး.
စာဖတ်နေလို.တော.မဟုတ်ပါဘူး….
ဒီနေ.က …..နှစ်တစ်ရာမှာတစ်ခါကြံူရတဲ.နေ.လေ

နောက်တစ်ခေါက်ကြံူဖို.ဆို….ဒီသက်တမ်းတစ်လျှောက်မှာမဖြစ်နိုင်တော.ဘူး.

ဒါပေမယ်.ငါ စာမေးပွဲကို..ဒီအချိန်မှာဖြေပြီးခဲ.တာ..တစ်ခုကတော.အမှတ်တရပါ..။

ရေးချင်တာတွေ.ပြောချင်တာတွေကိုအောင်.ထားရတယ်.

တစ်ခါတစ်လေဘဝက ၀မ်းနည်းဖို.ကောင်းသလိုခံစားရတယ်…….ကျောင်းပြီးချိန်မှာခံစားရတဲ. syndrome ပဲလားတော.မသိဘူး

အလိုလိုနေရင်းလွမ်းစရာဖြစ်နေတယ်…
မလွမ်းသင်.တဲ.သူတွေကိုလွမ်းမိနေတယ်.
သတိ်မရသင်.တော.တဲ.သူတွေက.အခုထိခေါင်းထဲက ထုတ်မရခဲ.ဘူး။

ရွယ်တူလူငယ်တွေလိုနေချင်တယ်…
လိုချင်တဲ.ဘဝတိုင်းကတော.မရတာသေချာပါတယ်………….
တစ်ခုလိုချင်ရင်.တစ်ခုကတော.စွန်.လွှတ်ခဲ့ရတာပဲ………..

ဒီနေ့မှာ…..အမှတ်တရဖြစ်ချင်တယ်..
တကယ်တော…ငါဖြတ်သန်းနေတဲ.စက္ကန်.တိုင်းက အမှတ်တရတွေပါပဲ..

ကျောင်းပြီးရင်ဘာလုပ်ရမှာလဲလို.တွေးမိတဲ.အချိန်တွေ..

နောက်ဆိုရင်အဲဒီလိုတွေးချိန်တောင်ရပါ.မလား.

အတွေးများပြီး.အလုပ််မပြီးတဲ.သူမဖြစ်ချင်သလို.
အလုပ်လုပ်ပြီးမတွေးတဲ.သူလည်းမဖြစ်ချင်ဘူး.
…………………………………

နှစ်ခုလုံးဖြစ်ဖို.ဆိုရင်.ငါ …အလယ်အလတ်မှာနေမှရမှာပဲ
..
ပဲစေ.လေးတွေက ..သူ.ထက်အများကြီးပိုမာကြောတဲ.မြေကြီးကို ထိုးခွဲပြီးထွက်နိုင်သလို.

ဖောက်ထွက်ပြီးတွေးတဲ.သူတစ်ယောာက်အမြဲဖြစ်ချင်တယ်..

လမ်းရိုးအတိုင်းလိုက်ရတာကို..ငါမပျော်ဘူး.

ပြီးတော…သူများတွေနောက်ရောက်နေရတဲ.ငါတို.နိုင်ငံကို…… သူများတွေနဲ.တန်းတူ…ပြီးတော.ကျော်တက်နိုင်အောင်…ကြိုးစားကြတဲ…အင်အားတွေထဲ.မှာ.
တစ်ခုအပါအဝင်ဖြစ်ချင်တယ်..

လိုအပ်နေတဲ.စိတ်ဓာတ်တွေ..ချည်.နဲ.နေတဲ.အတွေးအခေါ်တွေကို…ပိုပြီးသိစေချင်တယ်..

ဒါပေမယ်..ငါ.ကိုယ်တိုင်ကော..ဘယ်လောက်များ..လိုုက်နာနိုင်လို.လဲ.
ဒီနိုင်ငံမှာလူဖြစ်ခွင်.ပေးတာ..
ဒီကမ္ဘာမှာလူဖြစ်ခွင်.ပေးတာက..
အလကားတော.မဖြစ်စေရပါဘူး…….
ငါ တတ်နိုင်သလောက်..ငါတွေးခေါ်နိုင်သလောက်ကတော.
သူများတွေကိုကူညီသွားမှာပါ……….

31ရက်နေ. ဖိုင်နယ်ဖြေရတော.မယ်…

စာတွေကများလိုက်တာကွာ..

လေလိုက်..ကျက်လိုက်နဲ..
ဒီရက်တွေကုန်ဖို.ကိုပဲဆုတောင်းနေမိတယ်…………….

အိမ်ကအမေတို.ရောက်လာတယ်.

စားစရာတွေအတွက်ပူစရာမလိုပေမယ်..
စိတ်ရှုတ်နေမိတယ်..

မြန်မြန်ပြီးပါစေတော.စာမေးပွဲ

ရယ္

ဖွင့်ဟချက်

Final စာမေးပွဲရောက်ဖို.တစ်လကျော်လောက်ပဲလိုတော.တယ်……………..ကလေးဆေးပညာ ward မှာသင်ချိန်တည်းက…ခေါင်းထဲကိုစာတွေကောင်းကောင်းမဝင်သလိုပဲ………

ကိစ္စပေါင်းစုံတွေ့နေရတယ်…

စာမေးပွဲနီးလာပြီ….နောက်ဆုံးနှစ်နှုတ်ဆက်ပွဲကစည်စည်ကားကားနဲ.အစည်ကားဆုံးဖြစ်ခဲ့ပါတယ်…ကိုယ်တိုင်ပါ၀င်ခဲ့ရတဲ့အတွက်…..ဖြစ်ပေါ်ရတဲ့ပီတိတွေက….ပင်ပန်းခဲ့တာတွေ..အချိန်တွေ

ငွေတွေကုန်ခဲ့တာတွေအားလုံးမေ့နိုင်ခဲ့တယ်..

အဲဒီနောက်ပိုင်း…ငါ diarrhoea ရနေတာ.ဒီနေ့ကသုံးရက်မြောက်နေ့ပဲ….

ဆေးရုံသင်တန်းတွေလည်းမသွားနိုင်ဘုူး..ဆရာဦးညီမျိုးကျော်သင်တာကောင်းတယ်လို.ပြောတယ်..

ငါသွားတက်ချင်နေမိတယ်…

အခုရကိပိုငိးစိတ်တွေလေမိတာ…..ဘာစာမှလည်းစဉ်းစားလို.မရဘူး….

ကိုယ့်ကိုယ်ကိုအသုံးမကျသလိုခံစားရတယ်…အိမ်မှာနေမကောင်းနေချိန်မှာ…..ရင်ထဲသိ်မ်းထားတဲ.မကျေနပ်ချက်တွေက..အပြင်ကိုထွက်ကျတယ်….

လွမ်းစရာလူတောင်မရှိတဲ့ဘဝ……ကိုယ့်ကိုကိုသနားရမှာလို.လို…အမြင်ကတ်ရမှာလိုလို..နဲ..

ဒွိဟ.အတွေးကြီးကြားမှာ…ငါ..နေရတာတော်တော်ဒုက္ခရောက်တယ်…နေမကောင်းချိန်မှာ..အားပေးတာတွေကြားချင်တယ်..

ဂရုူစိုက်ခံရတာတွေလိုချင်တယ်….

laptop ကလည်းပျက်နေတယ်…

စိတ်ညစ်နေတာ..

ဘာမှလုပ်လို့မရချိန်……………

တစ်ခုခုကို…လိုချင်ပေမယ်..မဖြစ်နိုင်သေးတဲ့အချိ်န်မှာ…ငါစာဘက်ကိုဖိထားဖို.

ပညာရှာတဲ့ဘက်ကို….မျက်နှာမူလိုက်ဖို့………..ငါအကြိမ်ကြိမ်တွေးထားပါတယ်…………

ငါမက်ခဲ့ဖူးတဲ့အိမ်မက်တွေ…အရင်ကလည်းရှိပါတယ်…အခုလည်းရှိနေဆဲပါပဲ..

ငါနောင်လည်းဆက်မက်နေဦးမှာပဲ…

farewell

ဒီနေ.13 sepetmber

15ရက်နေ.ကျရင်… ကလေးဆေးပညာစာမေးပွဲအစမ်းဖြေစရာရှီတယ်….

အမှတ်မယူပေမယ်..မဖြေနို်င်ရင်.. depression ရမှာသေချာတယ်..

နောက်ဆုံးနှူတ်ဆက်ပွဲ..အတွက်.. ကျောင်းကလုပ်တဲ.ပွဲမှာ.model အဖြစ်show လျှောက်/ရမယ်……….

အဲဒီအတွက်.လေ.ကျင်.နေတာ.. တစ်ပတ်ကျော်ပီ.စာလည်းကောင်းကောင်းမလိုက်နိုင်ဘုူး..

သီချင်းလည်းဆိုချင်သေးတယ်.အဲဒီကျောင်းပွဲမှာ…………ကိုယ်ပိုင်သီချင်းကိုဆိုချင်တာ……….ကိုယ်တိုင် arrangement လုပ်နေရတော…စိတ်ဖိစိးတယ်.. ရှီုးအတွက်ဝတ်စုံက ကောင်မလေးတွေအတွက်ပဲ…sponsor ရတယ်..ငါတို.ကကိုယ်.ဘာသာရှာရမှာ..အခုအထိ..ပတ်မရှာရသေးဘူူး.

အဲဒါကလည်းတစ်ချက်…နဲ.မကြာခင်တော.ပြီးတော.မှာ။.ပါ…ပွဲကိုကောင်းကောင်းလေးဖြစ်စေချင်တယ်………

ငါ.တို.လုပ်တဲ.သူတွေဘက်ကချို.ယွင်းချက်ရှိတယ်ဆိုတာမျိုးလည်းမဖြစ်စေချင်ဘူး…တကယ်စိတ်မောတယ်ကွာ………………………..ဟူးးးးးးးးးးးးးးး

နောက်ဆုံးနှစ်

ကျောင်းသားဘဝတွေကုန်တော.မယ်…………………………………………………….

ဒီစာမျက်နှာပေါ်မှာ…….အဆုံးမရှိတဲ.. ကောင်းကင်နဲ.. တောင်တန်းတွေလို.မြင်ယောင်ပြီး………………………………………………အကျယ်ကြီး..အော်ပစ်လိုက်ချင်တယ်…………..

ငါ…………………ဆေးကျောင်းသားဘဝကိုအရမ်းမြတ် နိုးတယ်လို………………….

နောက်တစ်ခုက…………………………………ငါအချစ်ကိုအရမး်တန်ဖိုးထားတတ်တယ်လို့

ငါတန်ဖိုးထားသလောက်ဘယ်တုန်းကမှပြန် မရခဲ့ဖုးဘူး………………………………………………..

အခုအချိန်ထိ…………ငါ့ကိုငါ…………ထိန်းသိမ်းခဲ့တာက………………………………ငါအရမ်းတန်ဖိုးထားတဲ့…………..အချစ်ကိုမျှော်လင့်နေခဲ့လို့ပါ………

မတွေ့ခဲ့ရင်လည်း..ငါ၀မ်းမနည်းပါဘူး………..

အဲဒါ က ငါ့ယုံကြည်ချက်လေ……………………………

အဲဒီတစ်ခုမဖြစ်ခဲ့ရင်တောင်…………ငါယုံကြည်ထားတဲ့..အလုပ်နဲ့………ငါ့ရဲ့ဘဝနောက်ဆုံးချိန်တွေကို………….ဖြတ်သန်းမှာပေါ…….

အဓိဋ္ဌာန်ပြု ကတိသစ္စာ

မြန်မာနိုင်ငံဆရာဝန်များ ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်၌ ရွတ်ဆိုကြရသည့် အဓိဋ္ဌာန်ပြု ကတိသစ္စာ ကမ္ဘာတစ်လွှား ကျော်ကြားထင်ရှားခဲ့သော သမားဟူးရားကြီးများအား သက်သေထား၍ ကျွနု်ပ်သည် ဤ အဓိဋ္ဌာန်ပြု ကတိသစ္စာကို ရွတ်ဆို သစ္စာပြုပါအံ့။

၁။ ကျွနု်ပ်သည် လူသားအားလုံးတို့၏ ကိုယ်၏ကျန်းမာရေး၊ စိတ်၏ချမ်းသာရေးကို အကျွနု်ပ်၏ အရေး ကဲ့သို့ယူဆပါအံ့။

၂။ ကျွနု်ပ်အား ဆေးပညာသင်ကြားပေးခဲ့သော ဆရာသမားများအား မိဘသဖွယ် ရိုသေလေးစား ပါအံ့။

၃။ ကျွနု်ပ်သည် လုပ်ဖော်ကိုင်ဖက် ဆေးပညာရှင်များကို ညီရင်းအစ်ကို မောင်ရင်း နှမကဲ့သို့ လေးစားစွာ ဆက်ဆံပါအ့ံ။

၄။ ကျွနု်ပ်သည် သမားကောင်းတစ်ဦး၏ ကိုယ်ကျင့်တရားနှင့် မွန်မြတ်သည့်ဂုဏ်သိက္ခာ အစဉ်အလာကို ထိန်းသိမ်းပါအံ့။

၅။ ကျွန်ုပ်သည် ဆည်းပူးတတ်မြောက်ထားသော ဆေးပညာဖြင့် ဂီလာနပုဂ္ဂိုလ်များ၏ကျန်းမာရေးကို စေတနာမေတ္တာ ရှေ့ထား၍ လူမျိုး ဘာသာ ဆင်းရဲချမ်းသာမရွေး စွမ်းစွမ်းတမံ စောင့်ရှောက် ကုသပါအံ့။

၆။ ကျွနု်ပ်သည် ဂီလာနပုဂ္ဂိုလ်များအား ကုသနေစဉ် တွေ့မြင်ကြားသိရသည့် လျှို့ဝှက်အပ်သော အတွင်းရေးကိစ္စများကို ဖွင့်ဆိုအပ်သည် တို့မှလွဲ၍ မည်သည့်အခါတွင်မဆို ဖွင့်ဟခြင်းမှ ရှောင်ကြဉ် ပါအံ့။

၇။ ကျွနု်ပ်သည် လူသားတို့အား ဘေးဥပါဒ်ဖြစ်စေတတ်သောဆေး၊ သေစေတတ်သည့် ဆေးများကို ကိုယ်တိုင်ပေးခြင်းမှ သော်လည်း ကောင်း၊ သူတစ်ပါးအား ပေးစေခြင်းမှသော်လည်းကောင်း အခါခပ်သိမ်း ရှောင်ကြဉ်ပါအံ့။

၈။ ကျွနု်ပ်သည် တရားမဝင်သော ကုသခြင်းတို့မှ အမြဲတစေ ရှောင်ကြဉ်ပါအံ့။

၉။ ကျွနု်ပ်သည် ဆည်းပူးတတ်မြောက်ထားသောဆေးပညာဖြင့် လူသားတို့၏ ဘဝနှင့်အသက်ကို တန်ဖိုးထား လေးစားစွာကာကွယ်စောင့် ရှောက်ပါအံ့။

ယခု ကတိသစ္စာပြုသည့်အတိုင်းဆောင်ရွက်ပါသော် အကျွနု်ပ်သည် ကောင်းကျိုးမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံပါစေသား။

UM Mandalay

Mediafire Download link   UM mandalay
4shared Download link     Um mandalay

2011ခုနှစ် .နောက်ဆုံးနှစ် အပို်င်းခ ကျောင်းသားတွေ ဆိုထားတဲ.Um mandalay ဆိုတဲ.. သီချင်းပါ …
အားလုံးအတွက်အမှတ် တရ..ဖြစ်မယ်.သီချင်းလေးပါ

နောက်ဆုံး OG clinic

ဒီနေ့ OG unit 2 အနေနဲ့ clinical presentation တင်ရတယ်

Professor Dr. ဆရာဦးစောကလခူနဲ.တင်ရတာ..
ကိုယ့်ward ထဲက သူငယ်ချင်းတွေတောင် role call ယူပြီးချိန်မှာထပြန် ကုန်ကြတယ်… အော်…

ကိုယ့်အလှည့်တုန်းကလဲဒီလိုပဲလုပ်ထားတာဆိုတော့…အားပေးမယ့်သူကနည်းနည်းလေးပဲရှိတယ်.

မနေ့က ..စောသီရိဟန်ရယ် …စုမွန်နိုင်ရယ် ..ငါရယ် ..ward ထဲသွားပြီး.case ယူထားတာ..သူတို.ယူတယ် case ကို .ငါကတော.ထိုင်နားထောင်တာပေါ.လေ

မနက်စာကမနေ.ကကော.ဒီနေ.ကောလွတ်တယ်.. အိပ်ရာထနောက်ကျတာလည်းပါတာပေါ.လေ.

clinical presentation အတွက်. ငါတို. လုပ်ရမယ်.သူက 10ယောက်လောက်ရှိပေမယ်..3ယောက်ပဲလုပ်သွားတယ်..
ငါက အစက power point လုပ်ပေးမလို့..တစ်ခြားတစ်ယောက်ပြောဆိုတော..ပြောမယ်.သူက မရှိဘူး..ငါ့ကိုပဲနှစ်ခုလုံးလုပ်ခို်င်းတယ်..
သိပ်အပန်းကြီးတာလည်းမဟုတ်တော.ငါပဲရို်က်တာကော။။ ပြောတာကောလုပ်လို်က်တယ် .

စံထွန်းအောင်က တော. ပြောပါ တယ် သူpower point လုပ်ပေးမယ်ဆိုတာကို…သူ့ကို မပြောတော.ပါဘူး

မနေ.ကငါတစ်နေကုန်စိတ် တိုနေတာ.။။။
ညဘက်အေးအေးဆေးဆေးကျမှ… laptop ရှေ.ထိုင် ပြီးအ.လုပ်လုပ်တယ်။
သီချင်လေးအေးအေးနဲ့ … ကော်ဖီတစ်ခွက်ဘေးချ…. များပြားစွာသော power point template တွေထဲက … OG နဲ.ဆိုင်တဲ့ ..လှလှ လေးတစ်ခုယူသုံးပြီးနောက်.

စိတ် တိုနေတာတွေလည်း.တစ်ဖြည်းဖြည်းပျောက်ပြီး.. အလုပ်ထဲစျာန် ၀င် လာတ်ယ ပဲပြောရမလား…
အလုပ်လု်ပရတာပျော်နေတယ် …

တစ်နာရီကျော်လောက်… အလုပ်လုပ်ပြီးတော.. ပြီးလုနီးပါးဖြစ်သွားတယ်….စောသီီရီဟန်ဆီဖုန်းဆက်ပြိီး.သူတို.ရေးပေးထားတဲ.. စာထဲက မရှင်းတာတွေဝိုင်းထားပြီးပြန် မေးတယ် …..အဲဒီနောက် တော.11pmကျော်နေပြီ…. ကြက်ဥတစ်လုံးကြော်စား..ဇာတ်လမ်းတစ်ခွေ ကြည့်ပြီး.အိ်ပ်လို်က်တော။တယ် ။

ဒီနေ.တင်ရတာအဆင်ပြေပါတယ်… အားလုံးရှေမှာထွက်စမ်းရတုန်း..ချွေးအရမး်ထွက်တာကတော… automatic nervous system တွေအလုပ်လုပ်တာပဲလားမသိ.
ဆရာကတောင်ပြောတယ်.. တစ်ယောက်ယောက် တစ်သျှူးပေးလို်က်ပါဦးတဲ.
🙂 ငါ စမး်ခဲ့ရတာအမြတ်ပေါ.ကွာ

တစ်ယောက်တည်းနေရတဲ့ဘဝကကောင်းပါတယ် ..

ဒါပေမယ့်ှုတစ်ခါတစ်လေ… အရမး်ဝမ်းနည်းတယ်။…
ဗိုက်အရမ်းဆာချိန် ….. တစ်ယော်ကတည်းလည်းထမင်းမစားချင်….သူငယ်ချင်းတွေလည်း..ခေါ်မရတဲ့အချိန် …….ငါ အခန်းထဲမှာတစ်ယောက်တည်းပဲ….၀မ်းနည်းလို…….

Page 1 of 3

Powered by WordPress & Theme by Anders Norén