ဇွန်လ၂ ရက်နေ့
အိပ်ရာက နိုးတည်းက ကောင်းကင်ကကြည်လင်မှုမရှိလှဘူး။ အဖေနဲ့အမေတို့ကတော့ မနက်စောစောတည်းက လယ်ထဲဆင်းသွားပြီထင်တယ်။ ဒီအရွယ်ရောက် အသက်ကြီးတော့မှလယ်အလုပ်ပြန်လုပ်နေတာ။ ပြောလို့လဲမရဘူးလေ.?
အိပ်ချင်မူးတူးအိပ်ရာထ မနက်စာစားပြီးတာလည်း ဆက်အိပ်ချင်နေတုန်းပဲ ။
နေမပွင့်တာရယ် ကော်ဖီမသောက်ရသေးတာရယ်ကြောင့်လဲဖြစ်မယ်ထင်တယ်၊
ဒါနဲ့ကော်ဖီတစ်ခွက် ကောက်ဖျော်ပြီးအလင်းရောင်ရတဲ့နေရာမှာ ထိုင်နေမိတယ်။
သံဃာ့ဆေးရုံမှာ အကူဆင်းပေးနေတာ မေလတစ်လတည်းဆိုတော့ ဒီလမသွားတော့ဘူးလေ။
တကယ်တန်း ထင်ခဲ့တာက လစာနဲ့လုပ်ရမယ်ထင်ခဲ့တာ။ ကျောက်ကပ်ဆေးဖို့လည်း ပြင်ဆင်နေပြီ။ စဖွင့်ဖို့အတွက်ဆရာဝန်နဲ့ ကျောက်ကပ်ဆေးတဲ့သူနာပြုကမရှိသေးဘူးလေ။
စောစာစီးစီးတည်းက ကျောက်ကပ်ဆေးတာကိုမမြင်ဖူးသလို ဆရာဝန်အဖြစ် ဆေးရုံမှာ သွားနေဖို့လည်းစိတ်မဝင်စားခဲ့ပါဘူး။ ဒါပေမယ့် နောက်ဆုံးဆရာဝန်မရှိခင်တစ်လတော့ သွားလုပ်ပေးမယ်ဆိုပြီး လုပ်ဖြစ်ခဲ့တယ် ။
ဆရာကတော့ ငါ့ကိုပျဥ်းမနားမှာပဲထင်ပြီးတော့ ခေါ်တာဖြစ်ပေမယ့် တကယ်တန်းနေ့စဥ် ငါလာရတာက နာရီဝက်လောက်မောင်း ၁၅မိုင်လောက်ဝေးတဲ့ဥတ္တရသီရိက နေ့စဥ်လာရတာပါ။
စလုပ်ပေးခဲ့တည်းက ကူညီတယ်ဆိုပေမယ့် အခမဲ့လို့တော့မထင်ခဲ့ဘူး။
ခဏတဖြုတ်သွားလုပ်ပေးရတာမှမဟုတ်တာပေကိုး။ နေ့စဥ် သွားရတဲ့အတွက် အချိန်၊ ကားဆီဖိုးစတာတွေရှိတယ်လေ။
ဘယ်လောက်ပေးရမယ်လို့လည်းမပြောခဲ့ပါဘူး။ ဒါပေမယ့်မူလသတ်မှတ်ထားတဲ့ လစာက နည်းလွန်းနေတဲ့အတွက် အပြင်ဆရာဝန်တွေ ခေါ်လို့မရမှန်းသိလို့ တိုးပေးဖို့တော့ပြောခဲ့တယ်။
တကယ်တန်းတိုးသွားတဲ့လစာက အဲဒီနေရာမှာ သက်သက်သာသာလုပ်ရတာတွေ၊ လုပ်စရာသိပ်မရှိတာတွေနဲ့ယှဥ်လိုက်တော့ လောလောဆယ်မှာ ဝင်ငွေမရှိတဲ့ ကိုယ်လိုလူကို ပြန်လည်ဆွဲဆောင်နေတာလည်းမဆန်းပါဘူး။ ဒါပေမယ့်ကိုယ်လစာတိုးလိုချင်လို့ မလုပ်ချင်ယောင်ဆောင်တယ်ဖြစ်မှာစိုးလို့ လုံးဝမလုပ်ဖူးလို့ဆုံးဖြတ်ထားလိုက်တယ်။
ကိုယ်မလုပ်ရင် ကိုယ့်ထက် ကျွမ်းကျင် စိတ်ဝင်စား စေတနာထားသူကို ဒီလစာနဲ့ ဒေါင်ဒေါင် မြည် ရွေးနိုင်မယ်လို့ထင်ခဲ့မိတာကိုး။
ဒါပေမယ့်အထင်နဲ့အမြင်လွဲခဲ့တယ်။ ကျန်ခဲ့တဲ့လူနာတွေအတွက် စိတ်သိပ်မချပေမယ့် ကိုယ်မတတ်နိုင်ဘူးလေ။သံယောဇဥ်ဖြတ်ရမှာပေါ့။
အခုတော့ ကျောက်ကပ်ဆေးဌာနလည်း ဖေ့စ်ဘွတ်ကောင်းကျိုး နေရာပေါင်းစုံ ကလူတွေကောင်းကျိူးနဲ့ တော်တော်တော့ အလှူငွေတွေ ရနေပါပြီ။
တစ်ခုပဲစိတ်မကောင်းဖြစ်ခဲ့မိတယ်။ မိမိ အိပ်ကပ်ထဲတစ်ပြားမှမရှိချိန်မှာ မျော်လင့်ချက်သေးသေးလေးနဲ့ ကိုယ်လုပ်မိတဲ့ကိစ္စလေးတွေ က ကိုယ့်အတွက် တပြားမှ မရတဲ့အခါ
ကိုယ် မျှော်လင့်တစ်ကြီးလုပ်ခဲ့တာတွေကို လှောင်ရယ်နေသလိုခံစားရတယ်။
ကိုယ်ရသင့်ရထိုက်တာတွေအများကြီးရှိပါတယ်.
ဝက်ဘ်ဆိုဒ်အလုပ်အပ်ပြီးတော့ လုပ်ငန်းအပြီးသတ်ခါနီးကျမှ အကြောင်းမပြန်တာ။ ကိုယ်စိုက်ထားတဲ့အချိန် ၊လုပ်အားအပြင် ငွေကြေးတွေပါပြန်မရခဲ့။
စောစာစီးစီးအလုပ်ကို အလုပ်နဲ့တူအောင်စာချုပ်စာတန်းနဲ့မလုပ်ခဲ့မိတဲ့ကိုယ့်အမှားလို့ပြောရမယ်။
အားနာလွန်းတတ်တာကိုး။ တောင်းရမှာလည်းအားနာတတ်တယ်.။ ငွေစကားပြောလွန်းတယ်လို့အထင်ခံရမှာလည်းစိုးတယ်။ ဒါတွေကြောင့်ငါခံခဲ့ရတာအများကြီးပဲ။
သူများဆီအပ်ထားတဲ့ငွေကြေး ကိုယ်တကယ်ပြန်ထုတ်မယ်ဆိုတဲ့အချိန် မှာ ထုတ်မရဖြစ်ပြီး စီစဥ်ထားတဲ့အစီအစဥ်တွေကမောက်ကမဖြစ်ကုန်တာလည်းကြုံဖူးတယ်။
ကိုယ်ထင်ထားတာက ကိုယ့်ရဲ့အပ်ထားတဲ့ငွေတွေအားလုံးပြန်ထုတ်နိုင်ရင် ဘဏ်ထဲထည့်ထားပြီးအတိုးနဲ့ ပွားအောင်လုပ်ထားမယ်စဥ်းစားတာကိုး။ ဒါပေမယ့် ထင်ထားတာထက် ၁နှစ်ကျော်နောက်ကျမှ ရတဲ့အပြင် အဲဒီနောက်ကျမှုအတွက်လည်းဘာအတိုးမှ ရခြင်းမရှိပါဘူး။
သူ့အတွက် တော့ ကိုယ့်ငွေဒီလောက်ကဒီလောက်ပဲဖြစ်ပေမယ့် ကိုယ့်အတွက် တော့ ငွေပမာဏများများစားစား ကို ဘာအတိုးမှမရပဲ သူများဆီရောက်နေတာ ရင်နာစရာ ဇာတ်လမ်းတစ်ပုဒ်ဖြစ်နေရတာပေ့ါ ။
ဒါတွေအိမ်ကလည်းမသိဘူး။ ဘယ်သူမှလည်းမသိဘူး။
ဖြစ်ခဲ့သမျှ အကြောင်းကိုယ့်ရဲ့စီမံခန့်ခွဲမှု ညံ့လို့လို့ပဲသုံးသပ်တယ်.။ ဒီလို စိတ်မျိုးနဲ့ ဘယ်လိုစီးပွားရေးလုပ်မလဲလို့တွေးမိပြီးအားငယ်စိတ်ကလည်းမကြာမကြာဝင်တတ်တယ်။
ရသင့်ရထိုက်တာကိုသူ့အလိုလိုမတောင်းပဲရပြီးကိုယ်ပျော်ရာကိုလုပ်နေချင်တာလေ၊
ကိုယ့်အတွက်လည်းကျန်အောင်လုပ်ချင်တယ်. လူတွေအကျိုးရှိတာလည်းဖြစ်စေချင်တယ်။
မင်းဘာတွေဆက်ဖြစ်ဦးမလဲအာသာရယ်.