ပရိုပီသတယ်ဆိုတဲ့ စကားတစ်ခုရှိတယ်။
လူတစ်ယောက်တည်းက နေ ပရိုမျိုးစုံဖြစ်နိုင်မလားလို့ကျွန်တော်တွေးမိတယ်။
အခုအချိန်ထိကျွန်တော် အနေအထားမျိုးစုံကြုံခဲ့ရဖူးတယ်။
သေသေချာချာသင်ယူထားတဲ့ပညာရပ်က ဆေးပညာဖြစ်ပြီးတော့ .. တကယ့်လက်တွေ့မှာ ဆေးပညာနဲ့ မဆိုင်တဲ့ အရာတွေကိုလည်းကျွန်တော်လုပ်မိနေတာပဲလေ။
အဲဒါကြောင့် ဆေးပညာကိုလက်လွှတ်လိုက်တာမျိုးလားဆိုတော့လည်းမဟုတ်ဘူး။
ကျွန်တော် ဆော့ဝဲတစ်ချို့ဖန်တီးတယ်။ ဒါပေမယ့် ကျွန်တော်အဲဒီပညာနဲ့ပတ်သက်တဲ့ အသိအမှတ်ပြုလက်မှတ်မရှိဘူး။ စနစ်တကျမသင်ဖူးဘူး။
ဘွဲ့မရှိဘူး။ လုပ်ရင်းနဲ့တတ်သွားတာပဲရှိတယ်။ ဒါကြောင့် လုပ်သာလုပ်နေပေမယ့် သိမ်ငယ်စိတ်ကအမြဲရှိတယ်။
နေရာတစ်ခုတည်းမှာမရှိပဲ ဟိုဘက်မှာလိုလိုဒီဘက်မှာလိုလိုဖြစ်နေတာက ကျွန်တော့်ရဲ့ ယုံကြည်မှုတွေကျပြီး ဘယ်မှာမှမကျွမ်းကျင်ဘူးလို့ထင်တဲ့ စိတ်ကအမြဲလိုလိုပေါ်လာတတ်တယ်။
ကျွန်တော့်ဆီမှာအဲဒီလိုစိတ်ရှိနေပေမယ့် အချို့သော ကိစ္စတွေမှာ ဘွဲ့လက်မှတ်ရှိ ပညာတွေသင်ထားတဲ့သူထက် ကျွန်တော်သာအောင် စွမ်းဆောင်နိုင်တယ်ဆိုတာကိုလည်း သိတယ်။
App developer, ဆရာဝန်၊ NGO မှာလုပ်ကိုင်သူ၊ ဓာတ်ပုံလည်းရိုက်သူ၊
မျိုးစုံလို့ပါပဲ။
ကျွန်တော့်မှာ လက်မှတ်တွေမရှိလို့သိမ်ငယ်စိတ်ပေါ်ရင်ပေါ်နေမိမယ်။
ဒါပေမယ့် တကယ့်ပရိုစိတ်မျိုးကျွန်တော်ထားပြီးလုပ်လို့ရနိုင်တာပဲ။
အချို့သော တကယ်ပညာတတ်တဲ့သူတွေတော်င ပရိုစိတ်မထားနိုင်ကြဘူး။
အဲဒီလိုနေရာမှာ.. ကျွန်တော်ပညာမပြည့်စုံပေမယ့် တကယ့်ပရိုစိတ်မျိုးထားလို့ရနိုင်သားပဲ။
ပရိုစိတ်ဆိုတာ ..ငါအကောင်းဆုံး ဖြစ်အောင် လုပ်မယ်။
စိတ်တိုင်းကျဖြစ်အောင်လုပ်မယ်။ ဟာကွက်မရှိအောင်လုပ်မယ်။
ဟာကွက်အနည်းဆုံးဖြစ်အောင်လုပ်မယ်။
ဒါဆို ကျွန်တော်ပရိုဆန်သောသူဖြစ်လာမှာပဲ။
ဆေးကုနေတုန်း… လူနာနဲ့တွေ့နေတုန်းမှာ ကျွန်တော် App ရေးတယ်ဆိုတဲ့စိတ်ကိုဖျောက်ထားဖို့လိုတယ်။
ကျွန်တော်က ဆရာဝန်တစ်ယောက်ဆိုတဲ့စိတ်ကိုထည့်ထားဖို့လိုတယ်။
ဒါကြောင့် လူနာနဲ့ ဆရာဝန်ဆက်ဆံရေးမျိုးကိုပဲ ထားရမယ်။
ဆရာဝန်တစ်ယောက်ဖြစ်တဲ့ကိုယ်က သူတို့ရှေ့မှာ အားပျက်အားငယ်နေပြလို့မရဘူး။
သူတို့ကို အားပေးနိင်သူ ၊ ကြံ့ခိုင်သူဖြစ်နေရမယ်။ လုပ်သင့်တာမလုပ်သင့်တာကိုရှင်းရှင်းလင်းလင်းပြောရမယ်။
အကြောင်းတခုခုကြောင့် ကိုယ် က business man ..စီးပွားရေးသမားဖြစ်နေမယ်ဆိုရင်တော့.. စီးပွားရေးသမားဆိုတဲ့စိတ်ကိုသွင်းရမယ်။
ကိုယ်နဲ့ဆက်ဆံတဲ့သူပေါ်မူတည်ပြီး ဆက်ဆံရေးပုံစံပြောင်းလဲဖို့လိုမယ်။
ဆရာဝန်ဆိုတာမေ့ထားလိုက်တော့.. Seller နဲ့ Client ပုံစံပြောင်းလိုက်ရမယ်။
မိမိကိုယ်ကိုယုံကြည်မှုဆိုတာမွေးယူရတာပဲ။
အကြောင်းအမျိူးမျိူးကြောင့် ကျွန်တော်တို့ စိတ်အားငယ်တာ၊ မအောင်မြင်နိုင်တော့ဘူးထင်တာရှိမယ်၊
Star Wars ထဲကလိုပြောမယ်ဆိုရင်.. မျှော်လင့်ချက်နည်းနည်းလေးနဲ့ပဲ ရှင်သန်နေကြာတာ၊ အဲဒီမျှော်လင့်ချက်မရှိရင် ကျွန်တော်တို့ရှင်သန်နေစရာအကြောင်းမရှိတော့ဘူး၊ ပျောက်ဆုံးသွားကြလိမ့်မယ်။
မျှော်လင့်ချက် ..
ယုံကြည်မှု…
အဲဒီနှစ်ခုက ရှေ့ဆက် သွားနိုင်ဖို့ ..တွန်းအားပေးတဲ့လောင်စာတွေပါပဲ။
သူတို့ကပဲကျွန်တော့် ကို ဆက်လက် လောင်မြိုက် ရှင်သန်စေလိမ့်မယ်