ဖေဖော်ဝါရီလ ၂၂ ရက် ၂၀၁၇ခုနှစ်..
စာရေးတာတဖြည်းဖြည်းကျဲလာတယ်လို့ခံစားမိတယ်။
တစ်နေ့တစ်နေ့မှာ ဖေ့စ်ဘွတ်ဆိုတာကြီးကကျွန်တော့်အချိန်တွေကိုစားသုံးပစ်နေတယ်လေ။
လူတွေအကျင့်ကခက်တယ်။
မကောင်းတာကိုဆက်လုပ်နေတတ်တာ။
ကျွန်တော် လူမှုကွန်ယက်နွံထဲနစ်နေတာ ၄နှစ်လောက်တောင်ရှိရော့မယ်။
လက်ရှိဘဝမျိုးကကျွန်တော်လိုချင်ခဲ့တဲ့ဘဝလားလို့တွေးမိတယ်.
လုံးဝမဟုတ်ဘူးဆိုတာတော့သေချာတယ်။
နေပြည်တော်ကို ရောက်လာတဲ့သူတွေတိုင်း တစ်ရက်နှစ်ရက်လောက်နေရင် ..မှတ်ချက်ပြုကြတယ်။
အလွန်ပျင်းဖို့ကောင်းတဲ့နေရာတဲ့။
အဲဒီလိုနေရာမှာ ကျွန်တော် ရောက်နေခဲ့တာ လည်း၄နှစ်နီးနီးရှိပြီ။
အခုအချိန်မှာ တစ်ခုတည်းသော ဆန္ဒကတော့ဒီနေရာကနေလွတ်မြောက်ချင်တာပဲ.
အင်္ဂလိပ်စာ ဖြေခဲ့ပြီးပါပြီ။ ရေးတဲ့နေရာကလွဲရင် ကျန်တဲ့နေရာတွေမှာတော့ မျှော်လင့်ထားသလိုရခဲ့ပါတယ်။
အဂင်္လိပ်လိုအရေးအသားသိပ်မကောင်းဘူးဆိုတာသိပေမယ့် အဲလောက်  ထိ ဆိုးဆိုးရွားရွားဖြစ်လိမ့်မယ်လို့တော့မထင်ခဲ့မိဘူး။
စိတ်ဓာတ်တော့တော်တော်ကျသွားခဲ့တယ်။
နိုင်ငံခြားမှာ ကျောင်းသွားတက်မယ်လို့ တွေးနေခဲ့တာလည်းနှစ်နှစ်လောက်ရှိပြီ။ ဒီကြားထဲမှာတဖြေးဖြေးချင်းပြင်ဆင်နေတာပေါ့။ တစ်ချိန်လုံးတွေးခဲ့တာက Health informatics ဆိုတဲ့ ဘာသာရပ်ကိုယူမယ်။
မြန်မာနိုင်ငံမှာအဲဒီဘာသာရပ်ကို ယူတဲ့သူလည်းနည်းသေးတယ်။ ပြီးတော့ လက်ရှိအခြေအနေတွေအရ .. နောင်ကို အရမ်းအရေးပါလာမယ့်နေရာတစ်ခုအဖြစ်လည်းမြင်တယ်။
ဆေးပညာကော နည်းပညာကော ပါဝင်တဲ့အတွက် ကျွန်တော်နဲ့လည်းကိုက်မယ်ဆိုပြီးတွေးလိုက်မိတာကိုး။
ဆရာတွေကလည်း တက်ဖို့အားပေးကြတယ်။
ဒါနဲ့ပဲ အဲဒါတက်မယ်ဆိုပြီးဆုံးဖြတ်လိုက်မိတယ်။
စစဥ်းစားခါစကတော့ .သိပ်များများစားစားမဟုတ်ဘူး။
အနီးဆုံထိုင်းနိုင်ငံမှာကိုပဲ အဲဒီဘာသာရပ်ကိုသင်လို့ရနေတာကိုး။
လက်တလောတက်နေတဲ့သူတွေလည်းရှိတယ်ဆိုတော့အားရှိမိတာပေါ့။
အနည်းဆုံး ကျန်တဲ့တက္ကသိုလ်တွေမှာ ..တက်ခွင့်မရရင်တောင် ထိုင်းမှာတော့တက်နိုင်လောက်မယ်လို့ထင်ခဲ့တယ်။
ဒါပေမယ့် အခုဖေဖော်ဝါရီလမှာ ကျောင်းတွေ တက်ဖို့ .လိုက်ရှာစုံစမ်းတော့ .ထိုင်းမှာ biomedical and health informatics ဘာသာရပ်ကို မသင်တော့ဘူးဆိုပြီးအသံထွက်လာတယ်။
နောက်ပိုင်း အွန်လိုင်း အဝေးသင်အဖြစ် ပြောင်းလိုက်မယ်တဲ့ ။ ဒါကြောင့်လက်ရှိတက်နေတဲ့အတန်းဟာ နောက်ဆုံး batch ဖြစ်သွားမယ်ဆိုပြီးပြောတယ်.။
အဲဒီလို ပြောသံကြားတော့ ကျွန်တော်တော်တော်စိတ်ညစ်သွားခဲ့တယ်။ လမ်းစတစ်ခုပျောက်သွားခဲ့တာကိုး။
ဟိုးအစောတည်းက ကျွန်တော် လျှောက်မယ်လို့ကြံထားခဲ့တဲ့ ဆွီဒင်က တက္ကသိုလ်က လည်း Application fee မသွင်းပဲ ရက်ကျော်သွားတဲ့အတွက် .. လျှောက်ခွင့်မ၇တော့ဘူး။
ဒါတောင် စကော်လာရှစ်ရှာမတွေ့သေးဘူးနော်။
လောလောဆယ်မှာ စကောလားရှစ်နဲ့ကျောင်းတွဲခေါ်တဲ့ နယူးဇီလန်တို့ သြစတေးလျားတို့ကိုလည်းလျှောက်ဖို့မရှိ။ သူတို့ဆီမှာ Health informatics ဆိုတဲ့ ဘာသာ မသင်ကြဘူးလေ။
အချို့ကျတော့လည်း Diploma course တွေပဲရှိတယ်။ နယူးဇီလန်ကတော့ သူတို့စကော်လားရှစ်တွေဟာ ကျန်းမာရေးနဲ့ပတ်သက်ပြီးပေးတာများနေပြီဖြစ်တဲ့အတွက်. အခုထပ်မပေးတော့ဘူးဆိုပြီးအကြောင်းပြန်တယ်။
ဘယ်သူမှကယ်သူ မရှိ. . လမ်းညွှန်ပေးသူမရှိ၊ အားပေးသူမရှိပဲ တစ်ယောက်တည်း ယောင်လည်လည်ဖြစ်နေတော့ ကျွန်တော်တော်တော်ကိုစိတ်ပျက်အားလျော့မိပါတယ်။
နယ်သာလန်က အမ်စတာဒမ်တက္ကသိုလ်မှာ တက်ဖို့ Course ရှာတွေ့တယ်။ Essay ရေးဖို့အတွက် … ဘာသာရပ်အကြောင်းကိုသေချာလိုက်ဖတ်လိုက်လေ့လာတော့ ..ကိုယ်မသိတဲ့အကြောင်းအရာတွေ၊
ဘယ်လိုအကြောင်းမျိုးကိုသင်ရမလဲဆိုတာတွေ. တွေ့ရတော့ ကျွန်တော် ကိုယ့်ကိုယ်ကိုသံသယဝင်လာတယ်။ ငါလိုချင်တာဒါမှဟုတ်ရဲ့လားဆိုပြီးတော့လေ။
ကျွန်တော်ဖြစ်စေချင်တာက ဒီမှာ ကျန်းမာရေးနဲ့ပတ်သက်ပြီး အိုင်တီကုမ္ပဏီတွေပေါ်စေချင်တာ။ Research တွေလုပ်စေချင်တာ။ အီလက်ထရောနစ် ဆေးမှတ်တမ်းစနစ်ကိုအသုံးပြုစေချင်တာ။ အဲဒါတွေကိုဘယ်လိုဖန်တီးရမလဲ ။
ဘာတွေလိုအပ်မလဲ ။ဘယ်လိုရေရှည်တည်တံ့အောင်လုပ်မလဲ၊ ပြဿနာတွေကိုဘယ်လိုဖြေရှင်းရမလဲဆိုတာတွေသိချင်တာ။ ဒါပေမယ့်ဒီဘာသာက ကော ကျွန်တော်လိုချင်တာတွေမျိုးတွေသင်တာဟုတ်ပါ့မလားလို့ပြန်စဉ်းစားမိနေတယ်။
အဖြေတွေ့အောင်လိုက်ရှာတယ်။ အဲဒီကျတော့မှပိုဆိုးတော့ တယ်. Health informatics ,medical informatics, nursing informatics.biohealth .စတာတွေနဲ့ရှုပ်ကုန်တယ်။
ကျွန်တော်လိုချင်တဲ့အပိုင်းကဘယ်ထဲရောက်နေလဲမသိတော့ဘူး။
အက်ဆေးရေးရင် ကျွန်တော် ပြောပြချင်တာကိုထိထိမိမိနဲ့သူတို့ ရဲ့ဘောင်ထဲဝင်အောင် ရေးလိုက်ချင်တာ.။ဖတ်လိုက်တာနဲ့ ထူးခြားနေအောင် . တက်ကြွနေတယ်ဆိုတာပေါ်လွင်အောင်ပေါ့။
ဒါပေမယ့်အဲလိုရေးနေချိန်မှာပြ ကျွန်တော့်စိတ်တွေက ဟိုးအောက်ကိုထိုးဆင်းနေတယ်။ ငါမရရင် ဘယ်လိုလုပ်မလဲ .ဘယ်လိုလုပ်မလဲလို့ပဲတွေးနေမိတယ်။
ဟိုးအရင်က ငါဘာဖြစ်ဖြစ်လုပ်နိုင်တယ်ဆိုတဲ့စိတ်တွေပျောက်ဆုံးနေတယ်။
အဲလိုဖြစ်နေချိန်မှ ကျွန်တော်လက်လျှော့လိုက်တော့မယ် . ငါ့ဟာငါ ဆေးလေးပြန်ကုနေတာကောင်းမလားဆိုပြီးလည်းတွေးမိတယ်။
စောစောကပြောတဲ့ဘာသာရပ်ကိုသင်လိုက်ရင်  ဒီဘက်ကဆရာဝန်ဘဝကိုလုံးဝ လက်လွှတ်လိုက်ရမှာလားဆိုပြီး စိုးရိမ်နေတာလည်းရှိတယ်။
အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော် ဆေးရုံတွေမှာဆေးမကုပေမယ့် .စိတ်ကအမြဲ ဟိုးအရင်ကအချိန်တွေဆီရောက်နေတာလေ။ ဟောက်စ်ဆင်းတုန်းက လူနာတွေရဲ့အားကိုးမှုတွေ၊ သူတို့ကိုကူညီရတဲ့အတွက်ရတဲ့ပီတိတွေ
အဲဒါတွေကို ကျွန်တော် ပြန်တောင့်တမိနေတာ။
အိမ်မက်ထဲမှာတောင် ကျွန်တော် အဲဒီအချိန်တွေဆီပြန်ရောက်နေတယ်။
ဆေးပညာရပ်ဝန်းထဲပြန်သွားချင်။ လူနာတွေနဲထိတွေ့ချင်တဲ့အတွက်. ကျွန်တော်စိတ်ဝင်စားတဲ့ Emergency medicine တို့ Family medicine တို့ကို ဒီပလိုမာယူရင်ကောင်းမလားတောင်တွေးမိနေသေးတယ်။
Emergency medicine ကို ဘွဲ့လွန်တက်နေတဲ့သူငယ်ချင်းတွေကပြောတယ်၊ ဒီပလိုမာက ဘာမှ လုပ်ပိုင်ခွင့်မရှိဘူးတဲ့။
သူတို့ပြောတာလည်း ဟုတ်ပါတယ်၊ ဒီပလိုမာဆိုတာအပြင်က လာတက်တဲ့ကျောင်းသားပဲ။ အစိုးရဆရာဝန်မဟုတ်တော့ ဘယ်လုပ်ပိုင်ခွင့်တူမလဲ။
အပြင်မှာရှိနေတဲ့ ဆရာဝန်တွေအတွက် ဆေးရုံတွေမှာ ပြန်လည်လာရောက်ခွင့် .ပညာသင်ယူခွင့်ရမယ်ဆိုရင်ဘယ်လောက်ကောင်းမလဲတွေးမိတယ်။
ဆေးရုံမှာအသက်ကယ်ရတဲ့ ပီတိနဲ့. အပြင်ဆေးခန်းတွေမှာ ဘာမှ အရေးမကြီးတာတွေကိုလုပ်ပေးရတဲ့ပီတိ ဘယ်တူပါ့မလဲ။
အပြင်လောကမှာက ကျတော့ .ငွေရေးကြေးရေးပိုဆန်တယ်လို့ကျွန်တော်မြင်မိတယ်။
ဒီနေပြည်တော်မှာ များသောအားဖြင့်ကျွန်တော့်အချိန်တွေအားနေတယ်။
သူများတွေ အလုပ်မရှိပဲမနေနို်င်တဲ့နေပြည်တော်မှာ ကျွန်တော်အလုပ်မရှိပဲ ဘယ်လိုနေလဲဆိုတာ စဉ်းစားဖို့တော့ကောင်းလိမ့်မယ်။
ကျွန်တော် .အွန်လိုင်းကနေ. စာတွေဖတ်တယ်။ ဆေးပညာနဲ့ပတ်သက်တာကော .နည်းပညာနဲ့ပတ်သက်တာကော။  Programming language တွေကိုTutorial တွေကြည့်ပြီးကိုယ့်ဘာသာသင်တယ်။
အရင်ကတော့ အင်္ဂလိပ်စာလေ့ကျင့်တာပေါ့။ ပျင်းလာရင်အပြင်ထွက်တယ်။သူငယ်ချင်းတွေနဲ့တွေ့တယ်။တစ်ခါတစ်လေအခမဲ့ဆေးပေးခန်းသွားထိုင်တယ်။
ဒီလိုပဲနေ့တွေကုန်သွားတယ်။
ရင်ထဲမှာတစ်ခုကိုပြင်းပြင်းပြပြတော်င့တနေတယ်။ အမြဲတမ်းအလုပ်တစ်ခု။ ကိုယ့်စိတ်ကို အနားမပေးပဲလုပ်နေလို့ရမယ့်အလုပ်တစ်ခု။
အဖွဲ့အစည်းနဲ့တက်ညီလက်ညီလုပ်လို့ရနေမယ့်အလုပ်တစ်ခု။
ငါတို့တစ်ခုခုကိုအောင်မြင်စွာလုပ်နိုင်လိုက်ပြီဆိုပြီး ရင်ထဲတစ်ခုခုအမြဲကျန်နေမယ့်အလုပ်တစ်ခု..
ကျွန်တော် အရမ်းကိုလုပ်ချင်နေတယ်။ လုပ်ဖို့လည်းအဆင်သင့်ဖြစ်နေတယ်။
ကျောင်းတက်ဖို့ရှာနေတုန်းကို နည်းပညာနဲ့ပတ်သက်တဲ့ကုမ္ပဏီတစ်ခုမှာလုပ်မယ်ဆိုပြိး. ဖန်တီးရာ ကိုလျှောက်ထားတယ်။
ဒါပေမယ့် သူတို့လိုချင်တာနဲ့ကျွန်တော်နဲ့မကိုက်ညီတဲ့အတွက် ဘာမှအကြောင်းမထူးဘူး။
ဘဝကိုနာချင်သမျှနာနေပါစေ။
လိုချင်တာမရသေးသရွေ့ ဖြစ်ချင်တာမဖြစ်သေးသရွေ့။
ဆန္ဒက ပြင်းပြသင့်သလောက်မပြင်းပြသေးလို့ပဲလို့ခံယူတားပါတယ်။
ဘယ်တော့မှအပြောင်းအလဲဖြစ်မလဲ.လို့ ကိုယ့်ကိုယ်ကိုပြင်ဆင်ရင်းစောင့်မျှော်နေပါတယ်၊ ၊ တကယ်ကို ကိုယ့်ရဲ့အစွမ်းတွေပြနိုင်မယ့် အခြေအနေတစ်ခုကိုရောက်ချင်ပါပြီ
၁၂:၀၃ မနက်ခင်း
၂၃ ဖေဖော်ဝါရီ ၂၀၁၇ ခုနှစ်