အခုတလော .Facebook မှာ personality test မျိုးလေးတွေ၊ ကိုယ့် profile ဘယ်သူကြည့်လဲဆိုတာတွေ..
ပြောရရင်တော့ quiz လိုမျိုးပေါ့လေ။
 အဲဒါလေးတွေ ပိုပိုခေတ်စားလာတာတွေ့ရတယ်။ ယခင်ကတော့ မြန်မာလိုသိပ်တွေ့လေ့မရှိဘူး။
အခုမြန်မာလိုပိုများလာသလို ပိုပိုပြီးတော့လည်း သုံးလာကြတယ်။
အဲဒါတွေရဲ့သဘောက သုံးမယ်ဆိုလို့ရှိရင် အရင်ဆုံးကိုယ့်facebook အကောင့်နဲ့Login ဝင်ရတယ်။
Login ဝင်ရတဲ့အတွက်ကိုယ့်အကောင့်သူများလက်ထဲပါသွားမလားဆိုတာတော့.. ဘယ်အတိုင်းအတာထိ ကိုယ့်အချက်အလက်တွေကိုသိခွင့်ပြုလဲဆိုတာပေါ်မှာမူတည်ပါတယ်။
အချို့တွေကတော့ ကိုယ့်ရဲ့email နဲ့ profile မှာဖော်ပြထားတဲ့ကိုယ့်ရဲ့basic information တွေတောင်းတယ်။
အချို့ကတော့ public wall post တွေကိုအသုံးပြုခွင့်တောင်းတယ် ။ အချို့တွေက friend list တွေပါတယ်။အချို့ကဓာတ်ပုံတွေပါတယ်။
ဒါတွေကိုအသုံးပြုခွင့်မပေးမှီမှာ Facebook ကနေပြီးတော့ ခွင့်ပြုမှာသေချာလားဆိုပြီး မေးတဲ့မေးခွန်းတစ်ခုပေါ်လာတယ်။
တော်တော်များများကတော့ yes ပဲနှိပ်ပေးလိုက်ကြတာပါပဲ ။ ဘာဘာညာညာတောင်သိပ်ကြည့်မနေတော့ဘူး။
အဲဒီသူတောင်းတဲ့အချက်တွေထဲကတစ်ခုခုကို ခွင့်မပြုရင်တောင် ကိုယ်လိုချင်တဲ့ quizz အဖြေကိုကြည့်လို့မရပါဘူး။
တကယ်လို့အကြောင်းတစ်ခုခုနဲ့ကိုယ့် wall ကနေကိုယ်မသိပါပဲ ..post တွေရှယ်နေတယ်။ post တွေတင်နေတယ်ဆိုရင်တော့ .. အပေါ်မှာပြောခဲ့တဲ့အချက်တွေကို မသိလိုက်မသိဘာသာပဲ ကိုယ်က ခွင့်ပြုပေးခဲ့လို့ဖြစ်နိုင်ပါတယ်။
ဒါဆိုရင် ဘယ်လိုလူတွေက ဒီ လို site တွေ quizzတွေလုပ်ပြီး ကျွန်တော်တို့ ရဲ့ အချက်အလက်တွေကိုရယူနေတာလဲ။ သူတို့တွေကဘယ်သူတွေလဲ။ဘယ်အဖွဲ့အစည်း ကုမ္ပဏီကလဲ။
ဘာကြောင့်သူတို့ဒါမျိုးတွေရယူတာလဲ ဆိုပြီးမေးစရာတွေရှိပါတယ်။
ဘာကြောင့်လဲ လို့အရှင်းဆုံးဖြေရရင်တော့ စီးပွားရေးလုပ်တာပါပဲ။
ကျွန်တော်တို့သိထားနားလည်ထားတဲ့စီးပွားရေးပုံစံတွေနဲ့မတူတာမျိုးပေါ့။
ကျွန်တော်တို့ရဲ့အချက်အလက်တွေကို သဘောရှိကလောဟိ ပေးလိုက်တဲ့သူတွေဟာ ဘယ်လိုလူဘယ်လိုအဖွဲ့အစည်းလဲဆိုတာတောင်မသိရဘူးနော်။
အဲဒါတွေနဲ့သူတို့ဘာလုပ်မလဲလို့လည်းဘယ်သူမှမသိဘူး။
ဒီအင်တာနက်ခေတ်မှာ လူတိုင်းလိုချင်တဲ့အရာတစ်ခုရှိပါတယ်။ အဲဒါကတော့ ကိုယ့်ရဲ့website ကိုလူများများလာစေချင်ကြတာပါ။
အဲဒီလိုလာလို့ဘာဖြစ်လဲလို့မေးစရာရှိပါတယ်။ သူတို့ site ကိုလူများများသိလေလေ ။ သူတို့နောက်ကို ကြော်ငြာတွေလိုက်လေလေပါပဲ။ ကြော်ငြာတွေ များများပြရလေ ပိုက်ဆံရလေလေပါပဲ။
ဒါကြောင့် ကိုယ်ကကြည့်ခတစ်ပြားမှမပေးရပေမယ့် သူတို့က ကြော်ငြာခတွေ အများကြိးရသွားတတ်ကြတာပါ။
ဒါက ကိုယ့်အတွက်သိပ်မထိခိုက်သေးပါဘူး။ အတင်းအဓမ္မ app တွေinstall လုပ်ခိုင်း credit card တွေဖြည့်ခိုင်းတာမှမဟုတ်ရင်ဘာမှကြောက်စရာမရှိပါဘူး။
နောက်တစ်ခုကတော့ ကိုယ့်ရဲ့အချက်အလက်တွေကို ရောင်းစားတာပါ။
ဒီလို သုံးစွဲသူတွေရဲ့အချက်အလက်တွေကို ဝယ်ယူအသုံးချသူတွေလည်းရှိပါတယ်။
စဉ်းစားကြည့်လိုက်ပါ။ ကိုယ်က ကုန်ပစ္စည်းတစ်ခု ထုတ်လုပ်ရောင်းချသူဆိုပါတော့
ဝယ်သူတွေဆီကို အိမ်တံခါးခေါက်ပြီးရောင်းတာက ပို ဝယ်ဖို့အခွင့်အရေးမများဘူးလား။
အဲဒီလိုပဲ ကိုယ့်ရဲ့ email တွေဖုန်းနံပါတ်တွေဆိုတာလည်း ကိုယ့်ရဲ့အွန်လိုင်းမှာရှိတဲ့အိမ်တွေပါ။
အဲဒီအချက်အလက်တွေက စီးပွားရေးသမားတစ်ချို့လက်ထဲရောက်ရင်ခင်ဗျားစိတ်ညစ်စရာကောင်းလောက်အောင်ကို . ဖုန်းတွေဆက် ။ အီးမေးလ်တွေပို့ပြီး ပစ္စည်းရောင်းပါလိမ့်မည်။
ကိုယ်မှမဝယ်တာ ဘာဂရုစိုက်စရာလိုမှာလဲလို့တွေးရင်တွေးမှာပေါ့။
အလုပ်အရမ်းရှုပ်တဲ့သူတွေမှာဆိုရင်တော့ အဲဒီလို အီးမေးလ်တွေ ၊ promotion ဆင်းတဲ့ဖုန်းတွေဟာ တော်တော်ကို စိတ်ရှုပ်စရာကောင်းတာပါ။
ဒါဟာကိုယ့်ရဲ့အခြေခံအချက်အလက်ပဲရှိပါသေးတယ်။ ကိုယ့်မွေးနေ့ဘာ ၊ ကိုယ်ဘယ်လိုလူဆိုတာတွေဆိုတဲ့အချက်အလက်တွေ က အဲဒီလိုသူများလက်ထဲပါသွားရင်တော့ ကိုယ်မသိလိုက်ခင်မှာပဲ
ကိုယ့်ရဲ့အားနည်းချက် ပျော့ကွက်တွေကို သူများတွေကသိနေပြီဖြစ်ပါတယ်။
ဒါကြောင့်လောလောဆယ်မှာတော့ facebook နဲ့google ကြီးကခင်ဗျားအကြောင်းကိုအသိဆုံးပါ။
အင်တာနက်မှာစီးပွားရေးလုပ်ပြီးဝင်ငွေကောင်းနေသူတွေအများကြီးရှိပါတယ်။  ခင်ဗျားမထင်မှတ်ထားလောက်အောင် ရနိုင်ပါတယ်။ ဒါပေမယ့် တစ်ဖက်မှာတော့ .. ဘယ်ပုံဘယ်နည်းနဲ့ ငွေရှာရမလဲသိတတ်ဖို့လိုပါတယ်။ လူပြိန်းကြိုက် website တွေက လူပိုဝင်ပါတယ်. တစ်ရာဖိုးသုံးပုဒ်တွေကို အားပေးတဲ့ပရိတ်သတ်က မနည်းပါ။
ဒါကြောင့်လဲ တစ်ရာဖိုးသုံးပုဒ်websitတွေများများပေါ်လာပြီး အဲဒီ အမှိုက်တွေကနေပဲ ရွှေထုတ်နေကြတာပေါ့။