The Three Body Problem.
တစ်နေ့က အိမ်မှာ ပျင်းနေတယ်။ စာအုပ်တစ်ခုခုဖတ်ချင်နေတယ်။
အထူးသဖြင့် သိပ္ပံဝတ္ထုတွေပေါ့။ မြန်မာစာအုပ်တွေထဲမှာ သိပ္ပံ ဝတ္ထုက ရှားတယ်။
English ဝတ္ထုဖတ်ချင်နေမိတယ်။ ဒါပေမယ့် English စာအုပ်တွေဖတ်ရင်လည်း နည်းနည်းလေးဖတ်ပြီးတာ နဲ့မပြီးပဲချထားတာများတယ်။
ဇာတ်လမ်းကစိတ်ဝင်စားစရာမကောင်းတာရော။ ဖတ်လို့အဆင်မပြေတာတွေကောပေါ့။
ဘာပဲဖြစ်ဖြစ်လေ တစ်ခုခုတော့တွေ့မှာပဲ ဆိုပြီး Google ကနေ Best Scific novel ဆိုပြီးရှာလိုက်တော့ ။
Blog တစ်ခုကနေ.. အကောင်းဆုံး Scifi novel တွေကို ဇာတ်လမ်းအကျဉ်းနဲ့တကွဖော်ပြထားတာတွေ့လိုက်တယ်။ တော်တော်များများကတော့ ဒီဘက်ခေတ်မှာထွက်တာတွေ။
ဇာတ်လမ်းအကျဉ်းတွေလိုက်ကြည့်တော့ တစ်ခုမှာစိတ်ဝင်စားသွားတယ်။
များသောအားဖြင့် ဇာတ်လမ်းတွေက အနောက်ဘက်ကို အခြေခံတဲ့ဇာတ်လမ်းတွေများတာကို။ ဒီတစ်ခုကျတော့ တရုတ်ပြည်မှာဇာတ်အိမ်တည်ထားတယ်။ ပြီးတော့ ဆုတွေလည်းရထားတယ်ဆိုတော့စိတ်ဝင်စားပြီး
အသေးစိတ်ထပ်ရှာမိတယ်။ အဲဒီတော့မှ.. Facebook ရဲ့ Founder ကလည်း သူလက်ရှိဖတ်နေတဲ့စာအုပ်ဆိုပြီးညွှန်းထားတော့ ပိုပို စိတ်ဝင်စားပြီ:ဖတ်မယ်ဆိုပြီး Ebook လိုက်ရှာတော့တယ်။
တွေ့သမျှ link တွေကလည်းသုံးလို့မရဘူး။ အတုတွေကြည့်ပဲ။
နောက်ဆုံးတော့ Ebook reader တစ်ခုဒေါင်းလုတ်ဆွဲပြီး Visa card နဲ့တစ်လစာ suscribe လုပ်လိုက်ရတယ်။
ပထမဆုံးလကတော့ Free တဲ့။
ကိစ္စမရှိဘူး လေ။ တစ်လပြည့်မှ ပြန်ဖြုတ်လိုက်မယ်။
 😀 လောလောဆယ်ဖတ်လို့ရဖို့အရေးကြီ:တယ်။
စက်ထဲရောက်ပြီးတာနဲ့ အစအဆုံး ပါမပါ တစ်ချက်ကြည့်လိုက်တယ်။ ဝတ္တုတစ်အုပ်လုံးပါတာသေချာတာနဲ့
ကော်ဖီဆိုင်သွားပြီး အေးအေးဆေးဆေးထိုင်ဖတ်ရရင်ကောင်းမှာပဲလို့တွေးမိတယ်။
ရာသီဥတုကလည်းပူတာကိုး။ ဒါနဲ့ပဲ ညနေ နေဝင်ချိန်လောက်မှာ ရွှေပုဇွန်ကို တစ်ယောက်တည်းရောက်သွားတယ်။
အအေးတစ်ခွက် မှာပြီးတာနဲ့ ..Ipad လေးထုတ် Appကိုဖွင့်ပြီး Ebookစဖတ်ဖို့ပြင်တော့တယ်.
ဪမေ့လို့. . အရင်ဆုံး Facebook မှာတင်ရသေးတယ်။ FA Date ဆိုပြီးတော့…Ebook လေးဖွင့် .. ရှေ့မှာလွတ်နေတဲ့ ခုံလေးနဲ့ တွဲပြီး ဓာတ်ပုံရိုက်တယ်လေ။ 😀  ဟီး
ပြီးတာနဲ့ ..စဖတ်တော့တယ်။
ဇာတ်လမ်းက စဖတ်တည်းက  အဆုံးထိ တစ်ထိုင်တည်းဖတ်ဖြစ်အောင် ဆွဲခေါ်သွားတော့တာပဲ။
အမြည်းကိုနည်းနည်းလေးပဲ ဖတ်ထားတာ ဆိုတော့.ဘာဆက်ဖြစ်မလဲဘာမှမသိသေးဘူး။
ကဲ.. အခုဒီ အောက်ကနေစပြီးတော့ တရုတ်ပြည်ရဲ့နာမည်ကြီး The three body problem ရဲ့ဇာတ်လမ်း အကျဉ်းကိုစရေးပါတော့မယ်။
အရသာပျက်မှာစိုးလို့မဖတ်ချင်ဘူးဆိုရင် ဒီမှာပဲရပ်လိုက်လို့ရပါတယ်။
ကြိုပြောထားပါရစေ..Spolier alert  ပါလို့ 😀
ဇာတ်လမ်းရဲ့အဖွင့်ကတော့ တရုတ်ပြည်ရဲ့ ယဥ်ကျေးမှုတော်လှန်ရေး ၁၉၆၇ မှစတယ်။
ယဉ်ကျေးမှုတော်လှန်ရေး တော့အပြင်မှာတကယ်ဖြစ်ခဲ့တာပါ။ အဲဒီအချိန်က တက္ကသိုလ်ကဆရာတွေ၊ ပညာတတ်တွေကို အရင်းရှင်စနစ် ကိုထောက်ခံတဲ့ သူတွေ၊ ဖောက်ပြန်သူတွေဆိုပြီး . လက်ပတ်နီ ပတ်တဲ့ ကျောင်းသားတွေက ရှုံ့ချကြ ၊ လူမြင်ကွင်းတွေမှာ ကြိုးတုတ် နှိပ်စက်၊ အရှက်ခွဲ ပြီး သူတို့မှာ အပြစ်ရှိပါတယ်ဆိုတာကို အတင်းဝန်ခံခိုင်းတာတွေလုပ်ကြတယ်။ နောက်ဆုံးသေတဲ့အထိနှိပ်စက်ကြတယ်။
ပထမဆုံးခန်းမှာ အနှိပ်စက်ခံရတဲ့ တက္ကသိုလ်ကဆရာကတော့ Physic ပညာရှင်ပါ ။ နောက်အခန်းတွေမှာအဓိက ဇာတ်ကောင်အဖြစ်ပါလာမယ့် Ye Wenjie  ရဲ့အဖေပေါ့။ အဖေကတော့ Red Guards တွေ နှိပ်စက်ခံရလို့ သေသွားတယ်။ Ye Wenjie ကလည်း Astrophysicist ပဲ ။ ကျောင်းပြီးတဲ့နောက်  Cultural revolution နဲ့တိုး .. အဖေလည်း ဆုံး …ပြီး တောထဲမှာ အခြား တပ်သားတွေနဲ့ သွားပြီး နယ်မြေရှင်းတာတွေ လယ်မြေဖော်တာတွေလုပ်နေရတယ်။
အဲဒီနောက်မှာ အရင်းရှင် အနောက်ကမ္ဘာကရေးတဲ့ စာအုပ်တစ်အုပ်လက်ဝယ်တွေ့ရှိမှုနဲ့ အမှုစွဲခံရတယ်။
အပြစ်ပေးမခံချင်ရင် ပြောတဲ့အတိုင်းလုပ်ရမယ်ဆိုပြီး ဖြစ်ရာကနေ..အနီးတစ်ဝိုက်ကတောင်ပေါ်မှာ လုပ်နေတဲ့
စမ်းသပ်စခန်းတစ်ခုမှာ ပညာရှင်အနေနဲ့ရောက်သွားတယ်.
အစကတော့ အမေရိကန်တို့် ရှရှားတို့ရဲ့ဂြိုလ်တုတွေကို အာကာသထဲကနေပစ်ချဖို့ လုပ်ထားတဲ့ ရောင်ခြည့်စခန်းဆိုပြီးသိထားရာကနေ .
တကယ်တမ်းကျတော့. အဲဒီလိုမဟုတ်ပဲ. အာကာသထဲမှာရှိတဲ့သက်ရှိတွေကိုလေ့လာစူးစမ်းဖို့အတွက် ပြုလုပ်ထားတဲ့စခန်းဖြစ်နေတယ်။
အကြောင်းအမျိုးမျိုးနဲ့ Ye Wenjie က ကမ္ဘာပေါ်ကနေ သတင်းတွေ အာကာသထဲလွှင့်ဖို့ ဆိုရင် လက်ရှိသုံးနေတဲ့ လွှင့်စက်တွေရဲ့စွမ်းအားနဲ့မရနိုင်ဘူးဆိုတာသိသွားတယ်။
အဲဒီနောက် နေက Amplifier လိုမျိုး တစ်ဖက်ကလာတဲ့ လှိုင်းတွေကို အဆပေါင်းများစွာချဲ့ပြီး အဝေးကြီးရောက်အောင် ပို့ပေးနိုင်တယ်ဆိုတဲ့ အယူအဆကိုတွေးမိသွားတယ်။
အဲဒီနောက် အခြားအထက်အရာရှိတွေမသိစေပဲ. နေကိုချိန်ပြီး အာကသထဲကို ပို့မယ့် သတင်းကို ပစ်လွှတ်လိုက်တယ်။
သူ ထင်ခဲ့တာမှန်မမှန်ဆိုတာကို ၈နှစ်ကြာတဲ့အခါမှသိခဲ့တယ်။သူ မ စောင့်ကြည့်ရေးအခန်းကနေ အာကသ ထဲကလာတဲ့လှိုင်းတွေကိုကြည့်နေတုန်း .. မြင်နေကြမဟုတ်ပဲ ထူးဆန်းတဲ့လှိုင်းပုံစံတစ်ခုကိုတွေ့သွားတယ်။
အဲဒီလှိုင်းကို အဓိပ္ပါယ်ဖော်ကြည့်တော့ ..အခြား ကမ္ဘာတစ်ခုကနေ အကြောင်းပြန်လိုက်တဲ့ message ဖြစ်နေတယ်။
ဒါကတော့ Ye Wenjie ရဲ့အကြောင်းပါ။
အဲဒီနောက် ဒီဘက်ခေတ်မှာ ရှိတဲ့ သိပ္ပံပညာရှင်တွေကြားမှာ ထူးဆန်းတာတွေဖြစ်နေတယ်။
ထူးထူးဆန်းဆန်းပြဿနာတွေ၊ အနှောင့်အယှက်တွေ..ပေါ်နေတာတွေ့ရတယ်။
နောက်ဆုံးတော့ နေသုံးလုံးရှိတဲ့ဂြိုဟ်က ဂြိုဟ်သားတွေက သူတို့ရဲ့ဂြိုဟ်ကမကြာခင် နေသုံးလုံးရဲ့ ဝါးမြိုမှုကြောင့်ပျက်တော့မယ့်အချိန်မှာ ကမ္ဘာဆီက  message ရပြီးတဲ့နောက် .ကမ္ဘာဂြိုဟ်ဆီကိုလာနေပြိဆိုတာရယ်။
ကမ္ဘာဆီကို Proton 2 လုံးပစ်လွှတ်ထားတယ်ဆိုတယ်။ အဲဒီ proton က Supercomputer ဖြစ်ပြီး ကမ္ဘာပေါ်က နည်းပညာဖွံ့ဖြိုးတိုးတက်မှုတွေကိုနှောင့်ယှက်ပြီး သူတို့ကမ္ဘာကို ရောက်တဲ့အချိန်မှာ ကမ္ဘာပေါ်က
သိပ္ပံပညာက တိုးတက်မှုမရှိပဲ သူတို့ကိုယှဥ်လို့မရနိုင်အောင်ဆိုတာရယ်။
တကယ်တမ်းသူတို့ရောက်ဖို့က နှစ်ပေါင်းလေးရာလောက်ကြာဦးမှာပါ။
အဲဒီ Proton ဆောက်တာကိုတော်တော်အသေးစိတ်ရေးထားတယ်။ protonဆိုတာ တကယ့်အသေးဆုံး ပစ္စည်းလေးတွေပါ၊ Atom ထဲမှာ ရှိတဲ့ သေးငယ်တဲ့ပစ္စည်းလေးတွေပေါ့။ မြင်တောင်မမြင်နိုင်ဘူး။
ဒါပေမယ့် တကယ့် proton ဆောက်တုန်းက တော့ ကောင်းကင်တစ်ခုလုံးအပြည့်    ဆားကစ်ပတ်လမ်းတွေမြင်ရတယ်။ ဂြိုဟ်တစ်ခုလုံးကိုဖုံးထားနိင်အောင်ကြီးတယ်။
အဲဒါကို atomတစ်လုံးထဲ ကမူရင်း Proton အရွယ်အထိပြန်ချုံ့ပြီး ကမ္ဘာဆီကိုပစ်လွှတ်ထားတာပါ။
ကမ္ဘာပေါ်မှာလည်း လက်ရှိကမ္ဘာပေါ်က ပြဿနာတွေကိုစိတ်ပျက်နေပြီး လူသားမျိုးနွယ်စုကိုမုန်းနေတဲ့လူတွေရှိတယ်။ သူတို့တွေက လည်း ဂြိုလ်သားတွေ နဲ့အဆက်အသွယ်ရပြီး ဂြိုဟ်သားတွေမလာခင် အဆင်သင့်ဖြစ်နေဖို့အတွက် အဖွဲ့တွေဖွဲ့ပြီးလှုပ်ရှားနေတယ်။
ဂြိုဟ်သားအားကိုးပုဆိန်ရိုးလို့လည်း ပြောလို့ရမှာပေါ့လေ။ ဒါပေမယ့် .သူတို့ ဘာကြောင့် ဂြိုဟ်သားတွေလာစေချင်လည်းဆိုတာပေါ်လွင်အော်ငရေးပြထားတယ်။ အဲဒီထဲမှာ သူတို့ရဲ့အဖွဲ့ဝင်ဖြစ်ဖို့ Recruit လုပ်တဲ့နည်းစနစ်တွေကိုလည်း ရေးထားတယ်။ ယုံမှာတော်ငမဟုတ်..
 Online Game  ကနေတဆင့် Recruit လုပ်တာ။ အဲဒီ အွန်လိုင်းဂိမ်းက လူကိုယ်တိုင် ဂိမ်းထဲရောက်နေသလို ကစားလို့ရတယ်။ အဲဒီ ဂိမ်းထဲမှာ ဂြိုဟ်သားတွေ နေသုံးလုံးရှိတဲ့.. ဂြိုဟ်ပေါ်က ခံစားနေရတဲ့အခက်အခဲ တွေကို mission တွေနဲ့ ပေးထားတယ်။
သာမာန်လူမကစားနိုင်ပဲ။ တကယ့် သာမာန်ထက်ပိုပြီးတွေးတောနိုင်သူတွေပဲ နားလည် အောင်မြင်နိုင်တယ်။
ဒါကြောင့်သူတို့ Recruit လုပ်လို့ရတဲ့သူတွေထဲမှာ အထက်တန်းလွှာတွေ၊ ပညာရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကျော်ကြားသူတွေပါတယ်။
ပထမစာအုပ်ကတော့ Three body problem ဆိုတာကို ရှင်းပြပြီး ၊ ဂြိုဟ်သားတွေ ရဲ့ခရီးစတင်ပုံ နဲ့ ကမ္ဘာပေါ်မှာ ဂြိုဟ်သားတွေ လာနေပြီဆိုတာစတင် Awareness ရပုံကိုရေးထားတာပါ။
သူ့နောက်မှာ Dead forest နဲ့ Dead End ရှိပါသေးတယ်။
ဇာတ်လမ်းကိုပြောလိုက်ရလို့စိတ်မကောင်းပါဘူး။
ဒါပေမယ့် ဖတ်ကြည့်ရင်ဒီထက်အများကြီးပို ကောင်းပါကြောင်း 😀