Final စာမေးပွဲရောက်ဖို.တစ်လကျော်လောက်ပဲလိုတော.တယ်……………..ကလေးဆေးပညာ ward မှာသင်ချိန်တည်းက…ခေါင်းထဲကိုစာတွေကောင်းကောင်းမဝင်သလိုပဲ………

ကိစ္စပေါင်းစုံတွေ့နေရတယ်…

စာမေးပွဲနီးလာပြီ….နောက်ဆုံးနှစ်နှုတ်ဆက်ပွဲကစည်စည်ကားကားနဲ.အစည်ကားဆုံးဖြစ်ခဲ့ပါတယ်…ကိုယ်တိုင်ပါ၀င်ခဲ့ရတဲ့အတွက်…..ဖြစ်ပေါ်ရတဲ့ပီတိတွေက….ပင်ပန်းခဲ့တာတွေ..အချိန်တွေ

ငွေတွေကုန်ခဲ့တာတွေအားလုံးမေ့နိုင်ခဲ့တယ်..

အဲဒီနောက်ပိုင်း…ငါ diarrhoea ရနေတာ.ဒီနေ့ကသုံးရက်မြောက်နေ့ပဲ….

ဆေးရုံသင်တန်းတွေလည်းမသွားနိုင်ဘုူး..ဆရာဦးညီမျိုးကျော်သင်တာကောင်းတယ်လို.ပြောတယ်..

ငါသွားတက်ချင်နေမိတယ်…

အခုရကိပိုငိးစိတ်တွေလေမိတာ…..ဘာစာမှလည်းစဉ်းစားလို.မရဘူး….

ကိုယ့်ကိုယ်ကိုအသုံးမကျသလိုခံစားရတယ်…အိမ်မှာနေမကောင်းနေချိန်မှာ…..ရင်ထဲသိ်မ်းထားတဲ.မကျေနပ်ချက်တွေက..အပြင်ကိုထွက်ကျတယ်….

လွမ်းစရာလူတောင်မရှိတဲ့ဘဝ……ကိုယ့်ကိုကိုသနားရမှာလို.လို…အမြင်ကတ်ရမှာလိုလို..နဲ..

ဒွိဟ.အတွေးကြီးကြားမှာ…ငါ..နေရတာတော်တော်ဒုက္ခရောက်တယ်…နေမကောင်းချိန်မှာ..အားပေးတာတွေကြားချင်တယ်..

ဂရုူစိုက်ခံရတာတွေလိုချင်တယ်….

laptop ကလည်းပျက်နေတယ်…

စိတ်ညစ်နေတာ..

ဘာမှလုပ်လို့မရချိန်……………

တစ်ခုခုကို…လိုချင်ပေမယ်..မဖြစ်နိုင်သေးတဲ့အချိ်န်မှာ…ငါစာဘက်ကိုဖိထားဖို.

ပညာရှာတဲ့ဘက်ကို….မျက်နှာမူလိုက်ဖို့………..ငါအကြိမ်ကြိမ်တွေးထားပါတယ်…………

ငါမက်ခဲ့ဖူးတဲ့အိမ်မက်တွေ…အရင်ကလည်းရှိပါတယ်…အခုလည်းရှိနေဆဲပါပဲ..

ငါနောင်လည်းဆက်မက်နေဦးမှာပဲ…