March 5 2014

မတ်လ…
တပေါင်းတကူး မိုးသားကူး..ဆိုသလိုပဲ..

မိုးတွေ အပြင်မှာ အုံ့နေတယ်။
အိမ်မှာ ဒက်ဒီနဲ့ ငါပဲရှိတယ်။

အမေနဲ့ အစ်ကို နဲ့ အိမ်အကူ ကြီးတော်က တစ်ခြားအိမ်မှာ
ဖေဖော်ဝါရီ လကိုလည်းမကြိုက်ဘူး..
စိတ်ဓာတ်တွေ ကျမိတာ လည်း မရေမတွက်နိုင်.
ဖြစ်ချင်တာ မဖြစ်ရတဲ့ အခါ.
ရလာဘ်မကောင်းတဲ့ product တစ်ခု လို အားလုံးစွန့်လွှတ်ပစ် လိုက်ချင််တယ်။
ဆေးကုမယ်ဆိုပြီး ပြန်တွေးနေတယ်။

အလုပ်မရှိခြင်းကလည်း.. တစ်ခုသော ထိုးနှက်ချက်ပဲ။
တစ်အိမ်လုံးဆိုင်ရာ ဆိုင်ရာ အလုပ်တွေ လုပ်နေချိန် မှာ ကိုယ်တစ်ကိုယ်တည်း လူပို လို ဖြစ်နေတယ်။

မနေ့က ၄ရက်နေ့..
ကတော့ ဖြေသာ စရာ နေ့တစ်ခု ဖြစ်ခဲ့တယ်။
app တွေလုပ်ရင်းတစ်နေကုန် ခဲ့တယ်။

နောက်ထပ် အသစ်အဆန်းတွေ လည်း တွေ့ခဲ့တယ်။

အရမ်းပင်ပန်းလို့လားပဲ.
ကွန်ပျူတာ တစ်ချိန်လုံးကိုင်ထားပေမယ့် ချက် ချင်းအိပ်ပျော်သွားတယ်။

ကိုယ့်ဘဝက ဘယ်လို ပုံစံမျိုး ဖြစ်မလဲဆိုတာ ကို .. ခုထိ မစဉ်းစားနိုင်ဘူး..
ဒီလို တွေ အပင်ပန်းခံနိုင်ပေမယ့်..
ဘာလို့ဆေးပညာကိုဒီလောက်ဝါသနာ မပါရလဲဆိုတာ..

လက်ရှိ မှာ အလုပ်မရှိပေမယ့် တစ်လ 300$လောက်အောက်ခြေ ရနေတယ်။
နောက်ပြီိးတော့ ငါလို ချင်တဲ့ပုံစံမျိုး..
ဒီပိုက်ဆံကို ကိုယ့်နိုင်ငံထဲက မဟုတ်ပဲ.
အခြား နိုင်ငံကနေရတာ ဆိုတော့
ဘယ်သူ့ကို မှ အနှောက့်အယှက် မဖြစ်ပဲ..
ငါရှာ နိုင်တာ လို့ ထင်မိတယ်။

Developer အစစ်တစ်ယောက်လည်း ဘယ်တော့မှ ဖြစ်မလဲ..
တကယ်တမ်း ကိုယ်ကိုယ်တိုုိင်က coding ကို၀ါသနာမပါ။

လောက ကြီးက လွယ်မလိုလို နဲ့ ရှုပ်တဲ့ လုပ်ငန်းတွေ များလွန်းတယ်။

image