Many Lives, Many Memories.

Category: Final Part II Page 2 of 3

မတော်သော်လည်းမရှော်တဲ့တပည့်တွေ

By Professor Dr. Aung Gyi

(Professor and Head ,Department of Medicine, University of Medicine , Mandalay)

ယခုတလောစာမေးပွဲတွေထပ်လို့နေသည်​။ တတိယနှစ် စာမေးပွဲ၊ နောက််ဆုံးနှစ် စာမေးပွဲ၊ ဆေးပညာ မဟာသိပ္ပံ စာမေးပွဲ၊ တတိယနှစ် စာမေးပွဲက အဦးဆုံးစစ်ရသည့် စာမေးပွဲ။ တတိယနှစ်မှာ ဆေးကျောင်းသား/သူတွေ ဆေးရုံမှ လက်တွေ့သင်တန်းဆင်းရသည်။ ဆေးပညာဌာနမှာ ၆ လနီးပါး၊ ခွဲစိတ်ပညာဌာနမှာ ၆ လနီးပါး။ ဆေးပညာဌာနမှာ posting ကျရင် ဌာနလက်အောက်ရှိ ဖျားနာဆောင်တွေမှာ ရောဂါရာဇဝင် မေးမြန်းနည်း၊ လူနာရောဂါ လက္ခဏာ ရှာဖွေစမ်းသပ် ဖော်ထုတ်နည်းတွေ သင်ယူလေ့ကျင့်ရသည်။ လူနာကုတင်ဘေးမှာ။ လူနာနှင့်၊ ဆရာနှင့်။ (Bed-side Teaching) ဟု ခေါ်သည်။ Posting ပြီးခါနီးမှာ ကျောင်းသား/သူအားလုံး ဆရာ/ဆရာမတွေ၏ စမ်းသပ်အကဲဖြတ်ချက် ခံယူရသည်။ ရောဂါရာဇဝင် မေးမြန်း တတ်ရဲ့လား။ ဒီကလေးတွေကို လေ့ကျင့်သင်ကြား ပေးခဲ့သူ ဆရာ/ ဆရာမ အားလုံးလိုလို ယင်းဆန်းစစ်မှုတွင် ပါ၀င်ရသည်။ သို့မှာသာ မိမိတို့သင်ကြားမှု၊ တပည့်တို့ သင်ယူမှု၊ မည်မျှထိ ရောက်မှု ရှိ/ မရှိ သိရသည်။ အကောင်းဆုံး Feed-back ပင်။

ကျွန်တော်စစ်ရသည့် တတိယနှစ်ကျောင်းသူလေးက ကျွန်တော်တို့ နယ်ဘက်က ဖြစ်နေသည်။ စကတည်းက ယဉ်သကိုဆိုရမလို လူနာရောဂါ ရာဇဝင်တင်ပြတော့ သူကလေးက လူနာဟာ `ဟက်ဒါချီ´ ရောဂါ ခံစားနေရသည်ဟု ပြောသည်။ “ဟ- ဘာရောဂါကြီးလဲကွ´´လို့မေးတော့ “ခေါင်းကိုက်ရောဂါလေ ဆရာကြီးရဲ့´´ဟု သူက မဆိုင်းမတွ တုံ့ပြန်သည်။ ဆရာက ဒါလေးတောင် မသိဘူးလားဆိုသည့် လေသံနှင့်။ သြော် သိပြီ၊ သိပြီ။ Headache `ဟက်အေ့(ခ)´သူက “ဟက်ဒါချီ´´လို့ အသံထွက်ပေသကိုး။ ဒါလည်း အံ့ဖွယ် သုတတစ်ပါးပေ့ါ။ လူနာရဲ့ အလုပ်အကိုင် အကြောင်းတင်ပြရာမှာ ရေလုပ်ငန်းလုပ်သတဲ့။ “ရေလုပ်ငန်းဆိုတာ ဘာကို ဆိုလိုတာလဲ´´မေးတော့ “ရေနံတူးတဲ့ လုပ်ငန်းပါ ဆရာ´´တဲ့။ ဒါနဲ့ “သမီးရေ-ရေလုပ်ငန်းဆိုတာ ဆရာနားလည်တာကတော့ တံငါ ငါးဖမ်းလုပ်ငန်းကို ပြောတာပါကွဲ့´´ပြောတော့ “ကျွန်မတို့ နယ်ဘက်မှာ တံငါလုပ်ငန်းလို့ပဲ ပေါင်းခေါ်လိုက်တာပဲဆရာ´´တဲ့။ ကျွန်တော်ကိုယ်တိုင် သူတို့ နယ်သား ဆိုသဟာ ဒီသူငယ်မ သိဟန်မတူ။ လူနာနှင့် လူနာရှင်ကို တိုက်ရိုက်မေးကြည့်တော့ မြစ်ထဲချောင်းထဲ ပိုက်ချစားတဲ့ တံငါသည်တွေပါတဲ့။ လူနာက ငါန်းဇွန်နယ်က။ စဉ့်ကူးဘက်လာပြီး တံငါလုပ်ရာက တကောင်းဘက်မှာ ၀ါးခုတ်လုပ်ငန်း အဆင်ပြေတယ်ကြားလို့ တကောင်းဘက်တက်ပြီး ၀ါးလိုက်ခုတ်တာ၊ ၀ါးခုတ်ရင်း တောထဲ တောင်ထဲ ငှက်ဖျားမိလာတာ။ ဒါနဲ့ တပည့်မကို တကောင်းဆိုတာ ဘယ်နားရှိသလဲ မေးကြည့်တော့ “မသိဘူးဆရာ´´တဲ့။ မြန်မာစကားနဲ့ စာပေမှာ တကောင်းနဲ့ ပတ်သက်ပြီး ဘယ်လိုအဆိုအမိန့် ကြားဖူးသလဲ မေးကြည့်ပြန်တော့လည်း တကောင်းဆိုတဲ့ နာမည်ကိုပင်လျှင် မကြားဖူးပါတဲ့။ ဒါနဲ့ ကျွန်တော် စိတ်လျှော့လိုက်ရ သည်။ ငါ့တာဝန်က ဆေးပညာ ဘာသာရပ် စစ်ဆေးဖို့ပေကပဲ။ အ တဲ့လူတွေ သမိုင်းမသိတာ ငါနဲ့မဆိုင်လေ။

လူနာ ရောဂါရာဇဝင်ပြီးတော့ အကြင်ကျောင်းသူ လူနာကိုင်တွယ် စမ်းသပ်ပြီး ရောဂါလက္ခဏာ ဖော်ထုတ်နိုင်စွမ်း ရှိ/မရှိ ဆက်စစ်ရသည်။ လူနာ ခန္ဓာကိုယ်ကို ကိုင်တွယ်စမ်းသပ်ရာမှာ နှလုံးသွေးကြောစနစ်၊ အသက်ရှုမှုစနစ်၊ အစာအိမ်/ အူလမ်းကြောင်းစနစ်၊ ဦးနှောက်/ အာရုံကြောစနစ် စသဖြင့် ခွဲထားရာ အစာအိမ်/ အူလမ်းကြောင်းစနစ်က နည်းနည်းလွယ်သမို့ ယင်းစနစ်ကို အနှီကျောင်းသူလေး ကျွမ်းကျွမ်းကျင်ကျင် စမ်းတတ် မစမ်းတတ် စစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။ “ကဲ ကဲ- ဒီလူနာရဲ့ အသည်းကို စမ်းပြစမ်းကွယ်´´ ပြောလိုက်တော့ သူကလေးက ဇိုးဇိုးဇပ်ဇပ် ထစမ်းပြပါလေတော့သည်။ အင်းအင်း- မဆိုးလှဘူးပေါ့ ထင်နေတုန်း ကလေးမက လူနာရဲ့ ညာဘက်နံအောက် စမ်းရမည့်အစား ဘယ်ဘက်နံကြားထဲ လက်ထည့် စမ်းနေတာ မြင်လိုက်ရတော့ ကျွန်တော် ဘာဆက်ပြောရမည်မသိ။ “ဟဲ့ ဟဲ့- အဲ့ဒါ အသည်းနေရာ ဟုတ်ရဲ့လားကွယ့်´´ ထောက်လိုက်တော့ သူငယ်မက ဟက်ခနဲ ရယ်လိုက်ပြီး “သမီးက အသည်းနဲ့ သရက်ရွက်နေရာ ရောနေတယ် ဆရာ´´ တဲ့။ “ဒါဖြင့်ရင် အသည်းက ဘယ်နားရှိသလဲကွယ့်´´ မေးပြန်တော့ “ညာဘက်နံအောက်နား ထင်တာပဲဆရာ´´ တဲ့။ ထင်တုန်းပဲလား ငါ့တပည့်ရယ်။ “ဒုတိယနှစ်မှာ ခန္ဓာဗေဒ ဘယ်လိုအောင်ခဲ့သတုံး´´။ “ကျွန်မ ခန္ဓာဗေဒ ကျလို့ ပြန်ဖြေ ရတယ်ဆရာ´´တဲ့။ နန္ဒိယရော နန္ဒိယ အဖေပါ သေသင့်သည့်ပွဲ။ နှလုံးကရော ဘယ်နားရှိတာတုန်းလို့ ဆက်မေးမယ် ကြံပြီးခါမှ ကိုယ်ရှိန်သတ်လိုက်သည်။ တော်ကြာ နှလုံးက ချက်နားမှာ ရှိတယ် ဆိုလိုက်မှဖြင့်။ ဆရာကြီး တစ်ဦး၏ ဖြစ်ရပ်ကလည်း ကျွန်တော့်ကို ဆက်မမေးဖို့ သတိပေးနေလေသည်။ လွန်လေပြီးသော နှစ်ပေါင်း ၄၀ကျော်က ရောဂါဗေဒ ဆရာဝန်ကြီးတစ်ဦး ကြုံတွေ့လိုက်ရသည့်အဖြစ်။ ဆရာကြီး က စာသင်ရာမှာ သူအထင်ကြီးသော ကျောင်းသားတစ်ယောက်ကိုပဲ မဲပြီး စာမေးလေ့၊ စာသင်လေ့ ရှိသည်။ ဘုန်းကြီးတွေ တရားဟောရင် တရားထောက် ထားသလိုမျိုး။ ထိုနေ့က သူအထင်တကြီး ရွေးလိုက်သော ကျောင်းသားက စာတော်ကျောင်းသားစာရင်းမဝင်။ ဆရာကြီးက အဆင့်မြင့်မြင့် မေးခွန်းတွေမေး၊ စာဆက်သင်။ ကျောင်းသားက ဘာတစ်ခွန်းမှ ပိုင်ပိုင်နိုင်နိုင်မဖြေတတ်။ မဖြေနိုင်။ ဒါနဲ့ ဆရာကြီး တစ်ဆင့်လျှော့ချလိုက်ပြီး မလွယ်မခက် မေးခွန်းတွေမေး၊ စာဆက်သင်။ ဒီမေးခွန်းတွေကိုလည်း အမောင်ကျောင်းသားက မဖြေနိုင်ပြန် ဆရာကြီး နည်းနည်း ဇဝေဇဝါ ဖြစ်လာပြီ။ ဒါနဲ့ စာသင်ခဏ ရပ်လိုက်ပြီး “နေပါအုံး မောင်ကျောင်းသားရဲ့။ တစ်ခု စဉ်းစဉ်းစားစားဖြေစမ်းကွယ်။ နှလုံးမှာ အခန်း (Chamber) ဘယ်နှခန်း ပါသလဲကွယ့်´´ မေးလိုက်တော့ ကျောင်းသားက တွေခနဲ ခေတ္တ စဉ်းစားလိုက်သည်။ ပြီးမှ အောင်အောင်မြင်မြင် အသံဝါကြီး နှင့် “သုံးခန်းပါ ဆရာကြီး´´တဲ့။ ဆရာကြီး မိမိကိုယ်ကို မလဲပြိုအောင် အနိုင်နိုင်ထိန်းပြီးခါမှ လေအေးကလေးနှင့် ပြောလိုက်သတဲ့။ “တပည့်ရေ- ဆရာတောင်းပန်ပါတယ်။ ခုနက မေးခွန်းတွေကို ဆရာပြန်ရုတ်သိမ်း ပါတယ်။ တကယ်တော့ မင်းကိုမေးမိတာကိုက ငါ့အမှား ငါ့အမှား´´လို့ ပြောရှာသတဲ့။ ဒါကြောင့် ကျွန်တော် တစ်ကွက် ချန်ခဲ့တာ။ တော်ကြာ ကျွန်တော်လည်း ဆရာကြီးလို “ငါ့အမှား ငါ့အမှား´´လို့ အော်နေရမှာ စိုးလို့။

နှလုံးသွေးကြောစနစ် စမ်းသပ်ဖို့ အပိုင်းရောက်တော့ ကျွန်တော်က ကလေးမကို လူနာ၏ လက်ကောက်ဝတ် သွေးကြော စမ်းခိုင်းသည်။ သူသွေးကြောစမ်းနေတာကို ကျွန်တော် စိတ်ရှည်လက်ရှည် စောင့်ကြည့်သည်။ ပြီးပြီဆိုကာမှ “သမီးရေ- လူနာသွေးခုန်နှုန်း ဘယ်လောက်ရှိသလဲကွယ့်´´ မေးလိုက်သည်။ “များတယ် ဆရာကြီး၊ တစ်မိနစ်ကို ၂၅ကြိမ်တောင် ခုန်နေတယ်´´တဲ့။ “ဟ-နေပါအုံးဟ၊ လူတစ်ဦးရဲ့ ပုံမှန် သွေးခုန်နှုန်းက ဘယ်လောက်လဲကွယ်´´မေးတော့ “၁၄ကြိမ်နဲ့ ၁၈ကြိမ်ကြားပါဆရာ´´တဲ့။ ဒီတစ်ခါ မိမိကိုယ်ကို မပြိုမလဲအောင် ထိန်းထားလိုက်ရသူက ကျွန်တော်ကိုယ်တိုင်ပင်။ “ကဲ-ကဲ သမီးရေ၊ သမီးရဲ့ လက်ကောက်ဝတ် သွေးခုန်နှုန်း တစ်မိနစ်တိတိ စမ်းစမ်းကွယ်´´ ပြောတော့ သူကလေးက တစ်မိနစ်တိတိ အချိန်ယူပြီး စမ်းသပ်ပါလေသည်။ “ကျွန်မသွေးခုန်နှုန်းကလည်း မြန်နေတယ်ဆရာ၊ ၂၂တောင်ရှိတယ်´´တဲ့။ မိမိဘေးဘီမှာ မိမိကို ကယ်မည့်သူ တစ်စုံတစ်ဦးရှိလိုရှိငြား စောင်းငဲ့ကြည့်လိုက်တော့ မိမိလိုပင် တပည့်တွေ နှိပ်စက် ညှဉ်းပန်းတာ ခံနေရသည့် ဘဝတူဆရာတူဆရာတွေကိုပဲ တွေ့ရတော့ လူ့ကံ ၀ကံ လို့ပဲ သဘောထား လိုက်ရသည်။ ကြံရာမတဲ့ အဆုံး လူနာ၏ ခင်ပွန်း တောသားလေးကို “မင်းလက်ကောက်ဝတ် သွေးခုန်နှုန်း စမ်းပြစမ်းကွယ်´´ ပြောပြီး တစ်မိနစ်တိတိ ဆရာတပည့် နှစ်ဦးသား ထိုင်စောင့် ကြသည်။ ကောင်လေးက “ကျွန်တော့်သွေးခုန်နှုန်းက ၉၀ရှိတယ်ဆရာ´´တဲ့။ ကျွန်တော့်မှာ ဒီကလေးကိုပဲ ထပြီး ကျောသပ်ရတော့မလို။ ကိုယ့်တပည့်မကိုပဲ နားရင်းထအုပ်ရတော့မလို။ နောက်ဆုံး တော့လည်း ဒီကလေးမလေးကို လေ့ကျင့်သင်ကြားတဲ့ ဆရာတွေထဲ ငါလည်းပါနေတာပဲ ငါ့တာဝန်လည်းမကင်းဘူးဟု စိတ်ဖြေလိုက်ရသည်။ အားလုံးကို မြိုချလိုက်ပြီး စာမေးပွဲကို ပြီးအောင် ဆက်စစ်လိုက်သည်။ စိတ်ထဲတော့ တနု့ံနုံ့။

ဒီကလေးတွေ တတိယနှစ်အောင်ပြီး စတုတ္ထနှစ် တက်ရဦးမည်။ နောက်ဆုံးနှစ် အပိုင်း(က)။ ပြီးရင် နောက်ဆုံးနှစ် အပိုင်း(ခ)တန်း။ ဆေးကျောင်းနောက်ဆုံးနှစ်။ ဒီအတန်းမှာ ဆေးပညာ၊ ခွဲစိတ်ပညာ၊ သွားဖွား မီးယပ်ပညာ၊ ကလေးကျန်းမာ ပညာအဓိက လေးဘာသာသင်ရသည်။ ဌာနတစ်ခုတွင် သုံးလစီ တက်ရသည်။ ဒီအတန်းက ကျောင်းသူ/သားတွေကို လေ့ကျင့် သင်ကြားရာမှာလည်း ကျွန်တော်တို့ ပါ၀င်ရတာပဲ။ တတိယနှစ်၊ စတုတ္ထနှစ်အတန်းတွေမှာ စာမကြေခဲ့သော တပည့်တွေ ဒီအတန်းမှာ ဒုက္ခရောက်ရပြန်သည်။ လူနာ ရောဂါ ရာဇဝင် မမေးတတ်သေး။ လူနာရောဂါလက္ခဏာတွေကို မစမ်းသပ်တတ်၊ မဖော်ထုတ်တတ်သေး။ သူတို့ လေးတွေကို ကျွန်တော်တို့တစ်တွေ ဆက်လက်လေ့ကျင့်သင်ကြားရ၊ `မောင်း´ရပြန်သည်။ ရောဂါအစူအစဉ်၊ ကုထုံး၊ ဆေးချက် ရောဂါ၏ ရှေ့အလားအလာတွေပါ ဖြည့်ဆည်း သင်ကြားပေးရသည်။

ဒီကလေးတွေကို ဂရုပြုကြည့်လိုက်တော့ အသားက ညိုမှိုင်းမှိုင်း၊ မျက်လုံးကဝိုင်းဝိုင်း၊ စာမေးလိုက်ရင် ခေါင်းကလေးတွေ ငုံ့ကာငုံ့ကာ၊ ရှက်သလို ရွံ့သလို၊ မျက်လုံးတွေကလည်း အရောင်အသွေး သိပ်တောက် တောက်ပပမရှိ။ သို့သော်လည်း ဆရာတွေအပေါ် ခံတန်တန် အမူအရာတော့ မရှိရှာ။ ဆရာနဲ့ တွေ့ရင် ခါးကလေး ကိုင်း၊ ကိုယ်ကလေးကို ညွှတ်ကာညွှတ်ကာ။ စာမေးလိုက်ရင် ပါးစပ်ကို တင်းတင်းစေ့ထားပြီး သွားကြားလေသံမျှ မထွက်အောင် ထိန်းသိမ်းစောင့်စည်း နိုင်ကြသူလေးတွေ။ တပည့်တစ်ဦးပြောတာ သတိရမိသေးတော့။ “ကျွန်တော်စာသင်ရတဲ့ အုပ်စုထဲ ဖြူစပ်စပ်ကောင်မလေး တွေပါလာရင် စာသင်ရတာတော်တော် ကောင်းတယ်´´တဲ့။ ကျွန်တော့် ညိုမည်းမည်းအုပ်စုကတော့ စာမေးပွဲဖြေရင် တစ်ခါမအောင်၊ နှစ်ခါမအောင်နှင့် နောက်ဆုံး သုံးကြိမ်မြောက်မှ အကျွတ်အလွတ် ဆရာဝန်ဖြစ်ကြရသည်။ ကံကြီးလို့။ ကံကြီးအောင်လည်း ကျွန်တော်တို့ အားလုံးက ၀ုိင်းဝန်းရ ဖေးမရသေးသည်။

ဒီကလေးတွေ နောက်ဆုံးနှစ်အောင်ပြီးတော့ အလုပ်သင်ဆရာဝန်အဖြစ် တစ်နှစ်ဝင်လုပ်ရသည်။ တစ်နှစ်တိတိ သင်ကြားလေ့ကျင့်ပြီးခါမှ ဘွဲ့နှင်းသဘင် တက်ခွင့်ရသည်။ အလုပ်သင်ဆရာဝန် တစ်နှစ်တာ ကာလမှာ တစ်ချို့က ကြိုးစားပမ်းစား တတ်တတ်ကြွကြွ လုပ်ကြသည်။ အလွန်ကြိုးစားသူ မြော်မြင်သူတစ်စုက တော့ TOEFL တွေ IELTS တွေဖြေဖို့ ပြင်ဆင်ကြပြီး။ စကားပြောသင်တန်းတွေ တတ်ကြပြီ။ သြစတြေးလျ အမျိုးတွေဆီ လှမ်းချိတ်နေကြပြီ။ အင်တာနက်မှ တဆင့် လမ်းကြောင်းတွေ ရှာနေကြပြီ။ ကျွန်တော့် ညိုတိုတို အုပ်စုကတော့ နေမြဲ။ ရုံထဲက လူနာနှင့် ပတ်သက်လို့ စာမေးလိုက်ရင်လည်း ခေါင်းကလေး ငုံ့ထားမြဲ။ နှစ်ကိုယ် ကြား လေသံလေးနှင့် ပြောမြဲ။ သူတို့ တတ်သလောက် မှတ်သလောက် ကြိုးစားပြီး လုပ်ရှာတာကိုပဲ ကျွန်တော် တို့က ကျေးဇူးတင်ရမလို။ ကျွန်တော်တို့ ခေတ်ပေတံနှင့် တိုင်းကြည့်လိုက်တော့ လူနာအပေါ် စိတ်ဝင်စားမှုက ပေမမီဟု ခံစားရသည်။ သိချင် တတ်ချင် စူးစမ်းချင်စိတ်ကလည်း လျော့ရဲရဲ အားမပါသလို။

မေလဆန်း နာဂစ်မုန်တိုင်း ဧရာဝတီ/ရန်ကုန်နှင့် ဒေသအချို့ကို ၀င်ဆောင့်တော့ မုန်တိုင်းနှင့်ဝေးရာ မြန်မာနိုင်ငံအထက်ပိုင်းလည်း ခပ်ကြမ်းကြမ်း ကိုင်လှုပ်ခံလိုက်ရသည်။ ငါတို့ ဘယ်လိုကူရမလဲ။ ဘာတွေ လုပ်ပေးနိုင်မလဲ။ ကျွန်တော့်တပည့် ညိုတိုတိုတွေ လှုပ်ရှားကြတာ ကျွန်တော်တို့ ဆရာတွေကိုပင် ကျော်သွားသည်။ ပစ္စည်း/ငွေ အလှူကောက်ခံ ရာမှာ ဆေးအဖွဲ့နှင့် လိုက်ဖို့ စာရင်းပေးရာမှာ မြစ်ဝကျွန်းပေါ်မှာ တစ်ပတ် ဆယ်ရက် ပင်ပင်ပန်းပန်း လုပ်အားပေးပြီး ပြန်လာသော တပည့်လေးတွေ ကျွန်တော့်ကို လာတွေ့သည်။ သူတို့ မျက်နှာညိုညိုလေးတွေ ၀င်းလက်တောက်ပနေသည်။ သိမ်မွေ့သည့်အလင်းက ကျွန်တော်တို့ အပေါ်သို့ပင် ဖိတ်စဉ်လို့နေသည်။ လျှံကျလာသည့် ထိုအလင်းကို ကျွန်တော် သုတ်မပစ်ရက်။

ကျွန်တော့် တပည့်လေးတွေ အာရှအဆင့်မီ၊ နိုင်ငံတကာအဆင့်မီဆရာဝန်တွေ ဖြစ်လာမဖြစ်လာ ကျွန်တော် အာမမခံနိုင်။ သူတို့တော် မလား၊ ကျော်မလား၊ ကျွန်တော် ယတိပြတ် မပြောနိုင်။ သို့ပေတဲ့ ဒီကလေး တွေလိမ္မာရေးခြားရှိသော ဆရာဝန်ကောင်းတွေဖြစ်လိမ့်မည်။ အနစ်နာခံတတ်သော ဆရာဝန်လေးတွေ ဖြစ်လိမ့်မည်။ ကိုယ်ကျိုးစွန့်တတ်သော ဆရာဝန်လေးတွေ ဖြစ်လိမ့်မည်။ ရွှေဘိုဘက်မှလာသော မြန်မာစစ်စစ် မည်းမည်း သည်းသည်း ခပ်ကြမ်းကြမ်း တောင်သူ ဦးကြီးတွေ တွေ့ရတိုင်း ကျွန်တော်အားရှိသလို ခံစားရသည်။ ယခုလည်း မုန်တိုင်းခရီးပြန် တပည့်လေးတွေ မျက်နှာကို မြင်ရတော့ အလားတူ ခံစားမှုမျိုး မိမိကိုယ်မှာ ပြန်လည်နိုးထ လာတာ ကျွန်တော်သိသိမှတ်မှတ် ဖြစ်နေမိသည်။

ဒေါက်တာအောင်ကြီး

မှတ်မှတ်သားသားပြောစကားများ

Facebook မှကိုအောင်ဟိန်းတင်သောnote တစ်ခုကို ကြိူက်လို.. ပြန် လည်ဖေါ်ပြခြင်းဖြစ်ပါသည်..
အမြဲတမ်းဒီစကားလေးတွေအမှတ်ရနေနိုင်အောင်ပါ..

မှတ်မှတ်သားသား ပြောစကား ၂၀၀၇ ခုနှစ်မှာ SU 1 မှာ ဆရာကြီး ဦးသစ်လွင်က ယူကေက သူ့ရဲ့ ဆရာဝန်ဘဝကို ပြန်ပြောင်းပြောလို့့ စာသင်ရင်း ပြောခဲ့ဖူးတယ်။ ‘ငါအခန်းနံရံတွေ ဆေးသုတ်ထားတယ်ကွ..ဒါပေမယ့် ဟိုနားက ဆေးကွက်တဲ့နေရာကို အရင်မြင်မှာပဲကွ..နံရံတစ်ခုလုံး​ဆေးသုတ်ထားတာတော့မြင်မှာမဟုတ်ဘူး’ တဲ့။ ဆရာဦးအောင်ကြီး ရဲ့စာအုပ်ထဲမှာ ‘ကျနော်တို့က အပြစ်ကို ထောက်တဲ့နေရာသိပ်ကျွမ်းတယ်။ ဘယ်လိုပြင်ရင် ကောင်းမလဲဆိုတာကျ ဆွံ့အသွားကြတယ်။’. ဆရာကြီး ဦးဖေသက်ခင် ကလေးဆေးပညာ ပါမောက္ခဘဝ ကလေးဆောင်(၁)မှာ နိုက်ရီပို့တင်တော့ ‘လူကြီးဆိုတာ မဟုတ်တာလုပ်ရင် မှတ်ထားရတယ်ကွ..ကိုယ့်အလှည့်ကြသ​ူ့လိုမလုပ်နဲ့…ကောင်းတာလုပ်ရင​်လည်း မှတ်ထားရတယ်ကွ..ကိုယ့်အလှည့်ကျ.​သူ့လို..သူ့ထက်ကောင်းအောင် လုပ်မယ်’. ဆရာကြီး ဦးတင်မောင်ဟန်က ‘ဟေ့ကောင်တွေ မသေမချင်းမှတ်ထား..COPD မှာ Antibiotic မပေးဘဲမနေနဲ့…စာလေးတော့ဖတ်ကြပ​ါဦးကွာတဲ့” ‘နောက်..ဆေးကလေးတွေ လျှော့ထိုးကြပါ..ဆရာကြိးတို့က မတရားလုပ်တာမဟုတ်ပါဘူး..မင်းတို​့ အန္တရာယ်ကျရောက်မှာစိုးလို့ပြောတ​ာပါ’ တဲ့။ ဆရာကြီး ဦးရဲမြင့်ကျော်က ‘မင်းတို့ကို လူနာက အထင်သေးအမြင်သေး ကြည့်ရင် ငါက သိပ်မခံချင်ဖြစ်တာ..ဒါကြောင့်မင​်းတို့ကို သပ်သပ်ယပ်ယပ်ဝတ်ခိုင်းတာ။ အစဉ်အဆက် စာညံ့လာကြတာ..ငါတို့လည်း ငါ့ဆရာတွေကို မမှီဘူး။မင်းတို့လည်းငါတို့ကို မမှီသေးဘူး။ ဒါက မထူးဆန်းဘူး။ ဒါပေမယ့် ဒီနှစ်ပို်င်း မင်းတို့ ဝတ်စားတာက လူနာတွေ အနားကပ်မခံနိုင်အောင်ဖြစ်လာတာပဲ​။ ငါတို့သင်လိုက်လို့ ဦးဖေသက်ခင်တစ်ယောက်ထွက်ရင် ငါလက်ခမောင်းထခတ်တယ်’ မှတ်မှတ်ရရ Beri Beri လက်ချာပေးစဉ်ပြောသောစကား။ ဒိုင်ဂေါက်ဆင် ဆိုးကျိုးကိုလည်း Nausea and vomitting ထည့်ရေးရင် အမှတ်က ထူးထူး ခြားခြားပေးတာလို့ ပြောခဲ့ကာသင်ခဲ့သည်။ ဆရာဦးရန်လင်းမြင့်က ‘ဟေ့ကောင်တွေရဲ့ လုပ်ကြပါဟ..နိုင်ငံခြားရောက်သွာ​းလို့ ရွှေဘုံပေါ်ရောက်သွားတာမဟုတ်ဘူး။ ဒီမှာ တစ်အားကြိုးစားသွားတဲ့သူတွေပဲ ဒုက္ခမရောက်တာ။” ဆရာမ ဒေါ်အေးအေးချစ်က ‘ဟောက်စ်ဆိုတာ အငယ်ဆုံးနော်…ပတ်တူးဆိုပြီး ကျောင်းသားကြီးလုပ်နေပြီး မင်္ဂလာပါမနှုတ်ဆက်တော့ဘူးလား’ ဆိုပြီး ဟောက်စ်ဆင်းခါနီး စာမေးပွဲဖြေခါနီး ဆုံးမခဲ့သည်။ ဆရာဦးကျော်စိုးဝင်းက ‘အလကားသင်ပေးနေတာကျ ရအောင်မယူဘူး’လို့ မြည်တွန်ညည်းတွားခဲ့သည်။ ဆရာကြီး ဦးသန်းဝင်းက မှတ်မှတ်ရရ Pre-Eclampsia ကေ့စ်။ History ယူထားပြီး နားထောင်ပြီး၍ တစ်ခြားကျောင်းသားကို မေးသည်။ ကျနော်က ဝင်ဖြေသော အခါ ‘မမေးသေးရင် မဖြေရဘူးကွဲ့’ ဟု ဆုံးမခဲ့ဖူးသည်။ အဖြေတန်ဖိုးလျော့သွားတတ်ကြောင်း​ဆုံးမခဲ့သည်။ ဆရာကြီး ဦးဝင်းဖေက ‘ကလေးတို့ ကို ဆရာမေးလို့ မဖြေနိုင်ရင် စိတ်မပျက်နဲ့ဗျာ။ မင်းတို့ သိတာကို ကောက်မေးလိုက်လို့ ဆရာ လည်း ချက်ခြင်းဖြေနို်င်ချင်မှဖြေနို​င်မှာ။ ဒါပေမယ့် တတ်ရမယ့်ဟာကို တော့မေးရမယ်။ အဲ့ဒါကိုတော့ သိရမှာပေါ့ဗျာ။စာမေးပွဲဆိုတာ အချိန်တန်ရင်အောင်တာပဲ။ တတ်အောင်ဖတ်ကြကွာ။’တဲ့..အားရှိလ​ုိက်လေခြင်း။

ကျွန်တော့်ရဲ.သင်ဆရာမြင်ဆရာ…အားလုံးကို ဒီနေရာကဂါရဝပြုပါတယ် …

The result of surgery mid term exam is out now..
I ‘m not pass

Among the students 160, about 60 students pass the exam.. I am the one who failed .

I am a little upset for this result. I was sick when i have that exam.
I can’t read this subject detail at that important time .. I hate myself ..
Why i was always happening something when i have serious case.

Now in OG unit.
i pass 2 ward in this time .
But don’t know exactly about the examination.. history taking etc..

I read .. but i forget .

repeatitation is endless.

I have to reduce the facebooking time

အီမားကိုး မျက်ရည်စက်များ

အီမားကိုး မ်က္ရည္စက္မ်ား.

ကျွန်တော်ကြိုက်တဲ.. ၀တ္ထုလေးတစ်ပုဒ်. ပါ.. share ပေးလို်က်ပါတယ်

LOVE GOAL

အိမ်မက်သာရှိ..
လမ်းလည်းမရှီ

ပြိုင်ချင်ပါသည်
ဆုတံဆိပ်မရှိ

ရှုံးနိမ့်မှာကြည့်
မတွေး

ရဲဘိ

baby(asin pyay par say)

အား…………………………………….

တော်တော် ခံစားရခက်တဲ့.ဝေဒနာပါလား..

ဥပက္ခာ……..ထားပေမယ့်… ဘာလို့များပြန် ထလာရတာလဲကွာ.

အားလုံးအဆင်ပြေအောင် ..ရင်ခုန်သံတွေကို…အသေသတ် ပစ်ခဲ့တာ.

မမြင်အောင်နေခဲ့တာ.. မြင်ချင်ရက်နဲ့.

သူ.အကြောင်းတွေနားမထောင်ခဲ.တာ.. ကြားချင်လျက်နဲ့။။

ငါ အဲဒီလိုမလုပ်ရင်..ဘယ်သူ.အတွက်မှကောင်းမှာမဟုတ် ဘူး.

ငါကတော်တော် မကောင်းတဲ့သူပါ အိမ်မက် ထဲက နိုးလာပြီပဲလေ..ဆက်မက်ချင်စိတ််မရှီတော.ပေမယ့်..မေ့မရတဲ့အိမ်မက်တစ်ခု..

ငါ ပြောချင်တာတွေအများကြီးရှီတယ် ကွာ….

ငါတစ်ဖြေးဖြေးနဲ့..မင်းကိုမေ့သွားမယ် ထင်ပါတယ် ..

ဘဝဆိုတာဖြစ်ချင်တိုင်းဖြစ်ရတာမှ..မဟုတ် ပဲ။

အရင်က..မင်းကိုမလွမ်းပေးရင်..အပြစ်ဖြစ်တတ် တဲ့ငါ က.
အခု.မင်းအကြောင်းတွေးမိယုံနဲ့..အရှက်မရှိတဲ့ကောင်ဖြစ်ရတော့မယ် ဆိုတာ..သိနိုင်ပါ့မလား..baby ရယ်.

baby ဆိုုတဲ့..စာလုံးကိုမြင်တိုငိး….မင်းမျက်နှာကို..မျက်လုံးထဲပေါ်နေမိတုန်းပဲ.

ငါ ဘာမှမတောင့်တပါ ဘူး..

ငါ ရင်ထဲရှီတာကို..အပြင်ထုတ်ခွင့်ရရင်တော်ပါပြီ…

ငါ..မမှန်းသင့်တာတွေပဲမှန်းခဲ့မိတာကြောင့်..အမြဲနာကျင်ရတယ် ..

ကမ္ဘာတစ်ဖက်ခြမ်းမှာ…အမြဲတမ်းအဆင်ပြေနိုင်ပါစေ……တစ်ချိန်က…ချစ်သူရယ်

မင်းဘယ်တော.မှ..အစွန်းရောက်အောင်မခံစားပါနဲ့
မင်းအတွက်မကောင်းဘူး.

ငါရဲ့ 100%က ငါ့ရဲ့ 99.99%လောက်မသေချာခဲ့ပါဘူး.

တစ်ယောက်တည်းဖြစ်တဲ့ညတွေမှာ..မင်းကိုအရမ်း….လွမ်းမိပါတယ်

မေ…..

ဒီနေ့က.. မေလရဲ့နေ့တစ်နေ့ပေါ့

ကျွှန်တော်ကြုံခဲ့ရတဲ့များစွာသော..ဇာတ် လမ်းများထဲကတစ်ခုအကြောင်းကိုပြောပြမယ် ..

မနှစ်ကဒီလိုအချိန် မှာ..လူတွေအများကြီးသေခဲ့တယ် …heat stroke တွေနဲ့ပေါ ..
မန်းလေး78 လမ်းပေါ်မှာဆို.. နာရေးကားတန်းကြီးကမဆုံးနို်င်ဘူုး..

အတန်းလိုက်ကြီး.

ရှေ.ကရဲ့နောက် ဆုံးကားနဲ့နောက်ကားရဲ့..ရှေ.ဆုံးကားချင်းထပ်နေတယ် ..
အခင်ဆုံးသူငယ်ချင်းတစ်ယောက်ရဲ့အမေဆုံးသွားတယ် ………..

Hypovolaemic shock နဲ့ပါပဲ. ..
စိတ်မကောင်းဘူး..သူငယ်ချင်းကိုယ်စား..
.ရာသီဥတုကအရမး်ပူတယ် …ကျောင်းကိုသွားရမှလည်းလန်.နေတယ် ….လူတွေလည်း..ကျီးလန်.စာစားသလိုဖြစ်နေကြပြီ……..
..

အရင်တည်းကခင်ချင်မိတဲ့ကောင်မလေးတစ်ယောက်နဲ့မမျှော်လင့်ပဲ..အဆက်အသွယ်ရခဲ့တယ်..
သူကကျွှန်တော်တို့ကျောင်းကတော်တော်ကို…ချောတဲ့.ကောင်မလေးတစ်ယောက်ပါ..
ဒါပေမယ့်ကောင်လေးတွေနဲ့ရှုပ်တယ် ဆိုတာတော့သတင်းထွက်တယ်
အဲဒီလိုအချိန်မျိုးမှာ…ရူးခဲ့သေးတယ်

တော်တော်ကိုကြာအောင်..

သူကဂျူးရဲ့ဝတ္ထုတွေကို…အရမ်းကြိူက်တယ်

သူ့စိတ်ကဘယ်လိုမျိူးလဲဆိုတာကို..တကယ်သိချင်ခဲ့တယ် …….

အရမ်းကိုပူနေတဲ့အချိန် ………

ပထမဆုံးရွာခဲ့တဲ့မိုးကို.ဘယ်တော.မှမမေ့ဘူး……………
Video ရီုက်ပြီးမှတ် တမ်းတင်ခဲ့သေးတယ် ………
သိပ်မကြာခင်မှာပဲ..သူ့မှာ..ကောင်လေးရှိတယ် ဆိုတာသေချာပြီးနောက်…ငါ ..ဘာမှဆက်မလုပ်ခဲ့တော့ဘူး…
ငါ ပို့ခဲ့တဲ့message တစ်ချို့က သူ့ကို…မရည်ရွယ်ပဲစော်ကားသလိုဖြစ်သွားခဲ့တယ် ထင်တယ် ..

အဆက်အသွယ်မရှိတော.ပဲတော်တော် ကြာတော… ငါ့ကို message ပို့ပြီး….ငါ ဖတ်ခဲ့တဲ့စာအုပ်အကြောင်းကိုပြောပြီး..ဘာသဘောနဲ့ဖတ်ခိုင်းတာလဲလို့ငါ့ကိုပြောတယ်
အဲဒီလို…လုပ်မယ်လို့မထင်ထားတဲ့ငါ ..က ..သူ့ဘက်ကလာတဲ့မီးကုုိ..မီးနဲ့ပဲပြန် တုန့်ပြန်ခဲ့မိတယ် ..

အဲဒီနောက်လုုံးဝအဆက်အသွယ်မရတော့တာ.. ဒီဇင်ဘာလထဲက..သူ့မွေးနေ့မှာတော.. birthday wish ပို့ပေးခဲ့တယ် .

သူက.ငါ ့ဖုန်းနံပါတ်ကိုဘယ်သူဆိုတာတောင် မသိတော့… ဖုန်းလာတယ်
ဘယ်သူလဲဆိုမေးတယ် …

ငါ့နာမည်ပြောပြီး.ဒီနေ့မွေးနေ့မိုလို့ wishပို့ပေးတာပါ လို့ပြောခဲ့တယ် …

မွေးနေ့ဘယ်လိုလုပ်သိသလဲဆိုတော့…အရင်တည်းက မှတ် ထားတာပါ လို့ပြောပြီင်္း…နောက်ဖုန်းချခဲ့တယ် ..

အဲဒီနောက် …ငါ အပြောင်းအလဲတွေဖြစ်ခဲ့တယ် ..သူ့အကြောင်းလဲသိပ်မကြားတော့ဘူးး…

မနေ့ညကတော့..တတိယနှစ်က.. ညီမတစ်ယောက်နဲ့ဖုန်းပြောရင်းး.သူ.အကြောင်းတွေကြားခဲ့ရတယ် .
သူ့လက်ရှိ်ကောင်လေးနဲ့ပြတ်သွားကြောင်းတွေသိခဲ့တယ် ..

တကယ်ကိုစိတ်မကောင်းဘူး….
ဘယ်လိုဖြစ်ခဲ့လည်းဆိုတာတော့သေချာမသိခဲ့ဘူူး……….သူတို. ထွက်ရတဲ့ trip မှာကောင်လေးနောက်တစ်ယောက်နဲ့ဇာတ်လမ်းတွေဖြစ်ခဲ့တယ် ..လို့တော.ပြောတာပဲ

ဘယ်လိုပဲဖြစ်ဖြစ်….သူကျောင်းကိုစတက်ကတည်းက..သူ့အကြောင်းကိုကြားခဲ့ရတယ် .ပြီးတော့သူ.အစ်မနဲ့လည်း.ခဏတာသိခဲ့သေးတယ် …..
သူှု့ကိုမသိခင်မှာပေါ့

သူကဘယ်လိုမိန်းကလေးမျိုးလည်းဆိုတာတော့ငါ ..သေချာသိမှာမဟုတ် ပါဘူး.
ဒီနေ့ထမင်းဆိုင်မှာ..သူ့ကိုတစ်ယောက်တည်းဆုံခဲ့ရတယ်.

ဒါကြောင့်လည်း..အမှတ်တရအနေနဲ့ဒီအကြောင်းတွေရေးဖြစ်တာပါ

သူ့အကြောင်းကိုမသိပေမယ့်………အမှားမှန် သိတဲ့အချိန် မှာ.သူအမှန်ကိုပြင်နိုင်ပါစေဆုတောင်းပါတယ် .

Song BEFORE Surgery exam.. about the girl in our school

ဒီသီချင်းက… ခွဲစိတ်ပညာစာမေးပွဲအတွက်.. စာတွေကျက်တုန်း…ပျင်းပျင်းရှိတာနဲ့လုပ်ထာားတဲသီချင်းပါ ….

စာမေးပွဲက ..နောက်5ရက်လောက်ဆိုဖြေရတော.့မယ်… စာကျက်လိုက်ပျင်းရင်..သီချင်းတီးလိုက်နဲ့.. အပြင်မှာကပူတော့..အိမ်ထဲမှာပဲနေဖြစ်တာများတယ် ..

အိုကေ…ဒီသီချင်းက..ဆေး ကျောင်းကကောင်မလေးတွေအကြောင်းကို..ဆိုထားတာပါ ..နည်းနည်း..ခပ်ပျော်ပျော်ပုံစံမျိုး.နဲ့..ဆိုထားတယ် …

မပြီးသေးဘူး… chorus ကိုဆိုဖို.အသံကမနို်ငတော.တစ်ဝက်တစ်ပျက်နဲ့ပဲဖြစ်နေတာ.ခွင်.လျွတ်ပေးပါ ..အဆင်ပြေရင်..အချောလုပ်ထားပါ မယ် ..:)

ဒီမှာlink ပါ

 DOWNLOAD

15.5.2011

စာမေးပွဲကနီးနေပါ ပြီ ။။

ခွဲစိတ်ပညာစာမေးပွဲလေ.

စာတွေက သိပေမယ် ့ချရေးလို့မရဘူး.. စိတ် ဓာတ်တွေကလည်းကျချင်သလိုလို..လုပ်စရာတွေကများပြီး..ဘယ်လိုစလုပ်ရမယ်ဆိုတာ မသိခြင်း.။

ရာသီဥတုကလည်း. အရမ်းပူတယ်. အိမ် ကaircon က နေ.လည်ဆိုမအေးတော.ဘူး.

အခြားအဆောင်နေရတဲ့သူငယ်ချငး်းတွေထက်စာရင်တော.ငါ့ဘဝက တော်သေးတာပေါ့

ဘာပဲဖြစ်ဖြစ်စာလုပ်ရမယ် ..

အွန်လိုင်းလာတာကိုလည်းတတ်နိုင်သလောက်လျှော.ချတော.မယ် …………………..

ငါ အလုပ်လုပ်ရမယ်

medical dictionary for mobile phone

အခုပေးထားတာက … nokia s60 v5 ဖုန်းတွေ.. smart ဖုန်းတွေအတွက် application တစ်ခု ပါ ..

medical dictionary ဖြစ်ပါတယ် ..serial number ပါ ပါ ပြီးသားပါ

nokia 5800 နဲ.နောက်ပိုင်း touch ဖုန်းတွေမှာသုံးနိုင်ပါတယ် …

ပေးထားတဲ. file ကိုဒေါင်းပြီးသွားရင် .. medical dic .pdf ကို medical dic. zip ဆိုပြီ း.rename လုပ်လိုက်ပါ ..

ပြီး zip ကိုပြန် ဖြည် လိုက်ရင် ရပါ ပြီ

Medical dic

Page 2 of 3

Powered by WordPress & Theme by Anders Norén