Facebook မှကိုအောင်ဟိန်းတင်သောnote တစ်ခုကို ကြိူက်လို.. ပြန် လည်ဖေါ်ပြခြင်းဖြစ်ပါသည်..
အမြဲတမ်းဒီစကားလေးတွေအမှတ်ရနေနိုင်အောင်ပါ..
မှတ်မှတ်သားသား ပြောစကား ၂၀၀၇ ခုနှစ်မှာ SU 1 မှာ ဆရာကြီး ဦးသစ်လွင်က ယူကေက သူ့ရဲ့ ဆရာဝန်ဘဝကို ပြန်ပြောင်းပြောလို့့ စာသင်ရင်း ပြောခဲ့ဖူးတယ်။ ‘ငါအခန်းနံရံတွေ ဆေးသုတ်ထားတယ်ကွ..ဒါပေမယ့် ဟိုနားက ဆေးကွက်တဲ့နေရာကို အရင်မြင်မှာပဲကွ..နံရံတစ်ခုလုံးဆေးသုတ်ထားတာတော့မြင်မှာမဟုတ်ဘူး’ တဲ့။ ဆရာဦးအောင်ကြီး ရဲ့စာအုပ်ထဲမှာ ‘ကျနော်တို့က အပြစ်ကို ထောက်တဲ့နေရာသိပ်ကျွမ်းတယ်။ ဘယ်လိုပြင်ရင် ကောင်းမလဲဆိုတာကျ ဆွံ့အသွားကြတယ်။’. ဆရာကြီး ဦးဖေသက်ခင် ကလေးဆေးပညာ ပါမောက္ခဘဝ ကလေးဆောင်(၁)မှာ နိုက်ရီပို့တင်တော့ ‘လူကြီးဆိုတာ မဟုတ်တာလုပ်ရင် မှတ်ထားရတယ်ကွ..ကိုယ့်အလှည့်ကြသူ့လိုမလုပ်နဲ့…ကောင်းတာလုပ်ရင်လည်း မှတ်ထားရတယ်ကွ..ကိုယ့်အလှည့်ကျ.သူ့လို..သူ့ထက်ကောင်းအောင် လုပ်မယ်’. ဆရာကြီး ဦးတင်မောင်ဟန်က ‘ဟေ့ကောင်တွေ မသေမချင်းမှတ်ထား..COPD မှာ Antibiotic မပေးဘဲမနေနဲ့…စာလေးတော့ဖတ်ကြပါဦးကွာတဲ့” ‘နောက်..ဆေးကလေးတွေ လျှော့ထိုးကြပါ..ဆရာကြိးတို့က မတရားလုပ်တာမဟုတ်ပါဘူး..မင်းတို့ အန္တရာယ်ကျရောက်မှာစိုးလို့ပြောတာပါ’ တဲ့။ ဆရာကြီး ဦးရဲမြင့်ကျော်က ‘မင်းတို့ကို လူနာက အထင်သေးအမြင်သေး ကြည့်ရင် ငါက သိပ်မခံချင်ဖြစ်တာ..ဒါကြောင့်မင်းတို့ကို သပ်သပ်ယပ်ယပ်ဝတ်ခိုင်းတာ။ အစဉ်အဆက် စာညံ့လာကြတာ..ငါတို့လည်း ငါ့ဆရာတွေကို မမှီဘူး။မင်းတို့လည်းငါတို့ကို မမှီသေးဘူး။ ဒါက မထူးဆန်းဘူး။ ဒါပေမယ့် ဒီနှစ်ပို်င်း မင်းတို့ ဝတ်စားတာက လူနာတွေ အနားကပ်မခံနိုင်အောင်ဖြစ်လာတာပဲ။ ငါတို့သင်လိုက်လို့ ဦးဖေသက်ခင်တစ်ယောက်ထွက်ရင် ငါလက်ခမောင်းထခတ်တယ်’ မှတ်မှတ်ရရ Beri Beri လက်ချာပေးစဉ်ပြောသောစကား။ ဒိုင်ဂေါက်ဆင် ဆိုးကျိုးကိုလည်း Nausea and vomitting ထည့်ရေးရင် အမှတ်က ထူးထူး ခြားခြားပေးတာလို့ ပြောခဲ့ကာသင်ခဲ့သည်။ ဆရာဦးရန်လင်းမြင့်က ‘ဟေ့ကောင်တွေရဲ့ လုပ်ကြပါဟ..နိုင်ငံခြားရောက်သွားလို့ ရွှေဘုံပေါ်ရောက်သွားတာမဟုတ်ဘူး။ ဒီမှာ တစ်အားကြိုးစားသွားတဲ့သူတွေပဲ ဒုက္ခမရောက်တာ။” ဆရာမ ဒေါ်အေးအေးချစ်က ‘ဟောက်စ်ဆိုတာ အငယ်ဆုံးနော်…ပတ်တူးဆိုပြီး ကျောင်းသားကြီးလုပ်နေပြီး မင်္ဂလာပါမနှုတ်ဆက်တော့ဘူးလား’ ဆိုပြီး ဟောက်စ်ဆင်းခါနီး စာမေးပွဲဖြေခါနီး ဆုံးမခဲ့သည်။ ဆရာဦးကျော်စိုးဝင်းက ‘အလကားသင်ပေးနေတာကျ ရအောင်မယူဘူး’လို့ မြည်တွန်ညည်းတွားခဲ့သည်။ ဆရာကြီး ဦးသန်းဝင်းက မှတ်မှတ်ရရ Pre-Eclampsia ကေ့စ်။ History ယူထားပြီး နားထောင်ပြီး၍ တစ်ခြားကျောင်းသားကို မေးသည်။ ကျနော်က ဝင်ဖြေသော အခါ ‘မမေးသေးရင် မဖြေရဘူးကွဲ့’ ဟု ဆုံးမခဲ့ဖူးသည်။ အဖြေတန်ဖိုးလျော့သွားတတ်ကြောင်းဆုံးမခဲ့သည်။ ဆရာကြီး ဦးဝင်းဖေက ‘ကလေးတို့ ကို ဆရာမေးလို့ မဖြေနိုင်ရင် စိတ်မပျက်နဲ့ဗျာ။ မင်းတို့ သိတာကို ကောက်မေးလိုက်လို့ ဆရာ လည်း ချက်ခြင်းဖြေနို်င်ချင်မှဖြေနိုင်မှာ။ ဒါပေမယ့် တတ်ရမယ့်ဟာကို တော့မေးရမယ်။ အဲ့ဒါကိုတော့ သိရမှာပေါ့ဗျာ။စာမေးပွဲဆိုတာ အချိန်တန်ရင်အောင်တာပဲ။ တတ်အောင်ဖတ်ကြကွာ။’တဲ့..အားရှိလုိက်လေခြင်း။
ကျွန်တော့်ရဲ.သင်ဆရာမြင်ဆရာ…အားလုံးကို ဒီနေရာကဂါရဝပြုပါတယ် …
Leave a Reply