by Nyein Chan Ko Ko (Notes) on Tuesday, October 23, 2012 at 6:23pm

နေလုံးကြီးကတော့ဝင်သွားခဲ့ပြီ။

ကောင်းကင်မှာသူရဲ့ခြွေရံတွေက.. လိမ္မော်ရောင်ခြုံပဝါကိုခေါက်သိမ်းလို့မပြီးသေး…

တစ်ဆက်တည်းမှာပဲ…နက်ပြာရောင်ခြံုလွှာကိုပါတစ်ပါတည်း…ဖြန့်ကျဲချသွားတယ်။

ဆောင်းလေ.အေးအေးက..ပြူတင်းပေါက်မှာလက်ထောက်ပြီး..အပြင်ကိုငေးမောကြည့်နေတဲ့ကျွန်တော့်ရဲ့ပါးပြင်တစ်ဖက်ကိုတိုးဝှေ့ဖြတ်တိုက်သွားတယ်။

အပြင်ရှု့ခင်းကဘယ်လောက်တောင်များလှပပါလိမ့်။

ရင်ခွင်ထဲမှာက ..တော့အပြင်ကညနေနေဝင်ချိန်လေးလောက်မလှပတော့ပါဘူး……

တစ်ကြိမ်တစ်ခါကြံုလိုိက်ဖူးတဲ့..ညနေ..နေဝင်ချိန်လှလှလေးတစ်ခုကိုပြန်ပြောင်း..သတိရမိပါသေးတယ်။

ခံစားချက်ကတစ်ထပ်တည်းမတူညီပေမယ့်……..အဲဒီအချိန်ကလိုခပ်ဆင်ဆင်မျိုးပါပဲ.

အရာအားလုံးရှံုးနိမ့်သူတစ်ယောက်လိုခံစားနေရချိန်…ကောက်ရိုးတစ်မျှင်လိုဆွဲမိတဲ့တစ်ခဏတာဟာ…အဖြေမဟုတ်မှန်းသိပေမယ့်..

ရူးရုးမိုက်မိုက်လုပ်ခဲ့ဖူးတာပဲ..

လှပတဲ့ညနေ………

ပင်ပန်းပေမယ့်ပျော်ရွှင်ခဲ့တယ်.။

ဘယ်တော့မှရှံုးနိမ့်ရတဲ့သူနောက်ထပ်မဖြစ်ချင်တော့ဖို့..ဘုရားမှာ..တိုင်တည်ခဲ့တယ်။

ဘယ်တော့မှနောက်ထပ်..အောက်ကျမခံရတော့အောင်…

ဒါပေမယ့်..ဘဝအစစ်အမှန်ဆိုတာ..ကြာကြာဖုံးကွယ်လို့မှမရတာပဲ။

ကိုယ်ကိုယ်တိုင်ကဘယ်လိုဘဝပဲရောက်နေနေ..သိမ်ငယ်မှုက..အတွင်းစိတ်ထဲ.မှာကျန်ရှိနေတုန်းပဲ။

မယှဉ်နိုင်သေးတဲ့ပညာတွေ..

မယှဉ်နိုင်သေးတဲ့.ဥစ္စာတွေ…

မယှဉ်နိုင်သေးတဲ့အသိုင်းအဝိုင်းတွေ..

အားလုံးကိုမေ့ပစ်ပြီး….ရင်ထဲကဒဏ်ရာကို…….အောင်မြင်မှုအသေးစားတွေနဲ့.ကုစားဖို့ကြိုးစားဖူးတယ်။

တကယ်ကုသဖို့..မပြင်ဆင်ပဲ..ရောဂါလက္ခဏာတွေကိုပဲ…လိုက်ကုနေမှတော့..ကြာလေဆိုးလေဖြစ်တာ..ဘာထူးလဲ။

ငါဆက်ပြီးပြေးနေတယ်။

အားလုံးကိုလှည့်မကြည့်ပဲ.

အားလုံးကို…ချန်ခဲ့ပြီး..

အားလုံးကတော့ထင်တယ်………

ငါ့ကိုတော်တော်…ပြေးနိုင်တဲ့လူ..လို့..

ငါရပ်လိုက်ရင်..ဆက်မပြေးနိုင်တော့မှာကြောက်တယ်..

ကုလို့မရသေးတဲ့ဒဏ်ရာတွေကိုသယ်ဆောင်ပြီးငါ..ဆက်ပြေးနေရဦးမှာပဲ…….

ငါဘာတွေပဲလုပ်နိုင်လုပ်နိုင်….ရပ်လိုက်တဲ့ခဏတာအတွင်းမှာ..လည်နေတဲ့ဘီးတစ်လုံးလိုပဲ..ပြိုလဲသွားမယ်ဆိုတာသိနေတယ်.

အမေက..ဖြစ်စေချင်တာ

အဖေက ဖြစ်စေချင်တာ.

ငါဖြစ်ချင်တာက သူတို့မှန်းတာထက်ပိုတယ်….

စိတ်တူတဲ့သူငယ်ချင်း

အားပေးတဲ့သူငယ်ချင်းတွေရှားရှားလာတယ်……..

အံကိုကြိတ်ပြီး..ငါရှေ့ဆက်နေတယ်

ဒါပေမယ့်လည်း…………….ငါတကယ်.ကို……….ပင်ပန်းနေပါပြီ…..