Category: My Story Page 2 of 6
Dear Mary
မမြင်ရတဲ့အရာတစ်ခုခုကိုကြောက်လန့်နေတာမျိုးဖြစ်ဖူးလား။
ကိုယ်ဘာမှလုပ်လို့မရပဲ…နေ့စဉ်ရင်တထိတ်ထိတ် နေရတာကိုကော ကြုံဖူးလား။
အရင်က မသိခဲ့ပေမယ့် အခုတော့ ကိုယ်အဲဒီလိုခံစားချက်မျိုးကိုယ်ချင်းစာတတ်ပြီမေရီ။
အမှန်ပြောရရင်.. လွန်ခဲ့သောနှစ်တွေက.. ဆေးရုံတွေမှာ ကူးစက်မှုနှုန်းမြင့်တဲ့ ဆေးမတိုးတီဘီတို့၊ HIVတို့၊ ဘီပိုးစီပိုးတို့တွေနဲ့လက်ပွန်းတတီးနေခဲ့တုန်းကတောင် ဒီလိုမဖြစ်မိဘူး ။
မျက်ကန်းတစ္ဆေမကြောက်ဆိုတဲ့စကားရှိတယ်မဟုတ်လား။မေရီ။
ကိုယ်နည်းနည်းမြင်ရလာပြီလို့ထင်မိတယ်။
အရင်လို မစိုးရိမ်တတ်ပဲရယ်သွမ်းသွေးတတ်တာလည်းမဟုတ်၊
စိုးရိမ်လွန်တာလဲမဟုတ်ပဲ ..ကြားကာလတစ်ခုကိုရောက်နေမိတယ်။
ကိုယ်ဘာအကြောင်းကိုပြောချင်နေတာလဲ.. ဆိုတာ ရေးရေးနားလည်လာမယ်လို့ထင်ပါတယ်
လွန်ခဲ့တဲ့အပတ်က စပြီးတော့ H1N1 swine flu ဆိုတဲ့အကောင်ရန်ကုန်မှာခေါင်းထောင်လာတယ်။
စတွေ့တွေ့ချင်းတုန်းကတော့… ရန်ကုန်မှာ ရောက်နေပြီလားဆိုတဲ့သံသယပဲရှိခဲ့ပေမယ့် အခုအချိန်မှာတော့ တော်တော့်ကိုလူသိများတဲ့ကိစ္စတစ်ခုဖြစ်နေပြီ မေရီ၊
အဲဒီမှာသတင်းတွေကိုဖြန့်တဲ့သူတွေထဲမှာ နှစ်မျိုးတွေ့ရတယ်.
တစ်မျိုးကတော့.. တက်လာသမျှ H1N1 သတင်းကိုအကုန်ရှယ်ကြသူတွေပေါ့။
မှားတယ်မှန်တယ်မသိဘူး။ Alarm လုပ်တာပါ။ Alert လုပ်တာပါနဲ့ပဲ
သူတို့လုပ်ရပ်မှန်ကြောင်းသက်သေထူကြတယ်။
သူတို့တွေကိုကြည့်လိုက်ရင်လည်းဖြစ်တဲ့နေရာနဲ့အဝေးကြီးမှာနေကြသူတွေပဲ
နောက်တစ်မျိုးကတော့..ဘာသတင်းပဲတက်လာတက်လာ ..
အပိုတွေဆိုတဲ့ပုံစံမျိုး အမြင်ရှိကြသူတွေပဲ ။
သူတို့တွေကတော့ .. အကာအကွယ်ယူတာတွေကော၊ လူတွေကြောက်လန့်နေတာကောကြည့်ပြီး.. ကြောက်တတ်ရန်ကောဆိုတဲ့သူတွေပေါ့။
ကိုယ်ကတော့ ဘယ်ဖက်ကမှ မပြောအား။ ကိုယ့်မထိအောင် ကြည့်ရှောင်နေရသူပါ မယ်ရီ၊
နေ့စဉ်နေ့တိုင်း.. လမ်းမပေါ်ထွက် လိုက်ရင် ပြည့်ကျပ်နေတဲ့ကားတွေပေါ်မှာ နှာခေါင်းစွပ်တွေတပ်ထားတဲ့လူတစ်ချို့ကိုတွေ့ရလိမ့်မယ်။
သူတို့ အတွက် အကာအကွယ်ရလားမရလားလဲ သေချာသိကြမယ်မထင်ဘူး။ သို့ပေမယ့် စိတ်ပိုင်းဆိုင်ရာမှာတော့ လုံခြုံမှုခံစားကောင်းခံစားမိမယ်ထင်တယ်မယ်ရီ။
နေ့စဉ်နေ့တိုင်းကြားနေရတဲ့သတင်းတွေက လည်းခြောက်ခြားစရာ။
ဟိုနေ့က ဘယ်နှစ်ယောက်တွေ့တယ်၊ ဘယ်နှစ်ယောက်သေပြီပြောလိုက်၊
ဒီနေ့ဘယ်နှစ်ယောက်တွေ့၊၊ ဘယ်နှစ်ယောက်သေပြီပြောလိုက်နဲ့ပေါ့။
စိုစွတ်စွတ်မိုးရေနဲ့ .. ထိုင်းမှိုင်းနေတဲ့တိမ်တွေထဲမှာ
ဟိုဘက်လူ ဟန့်လိုက်တဲ့ ချောင်းက .. H1N1 virus တွေပါသလားမပါသလားဘယ်သူကပြောနိုင်မလဲ မယ်ရီ။
ကိုယ်တပ်ထားတဲ့ Mask ကကော အဲဒီအမှုန်တွေကိုကာသလားမကာသလား ဘယ်လိုလုပ်သိမာလဲ၊
ကျန်းမာရေးဌာနကပြောတယ်။
လူကြားထဲဖြစ်နိုင်ရင်မသွားပါနဲ့တဲ့။
မသွားပဲနေလိုက်ချင်တာပေါ့ မယ်ရီ၊
(နေ့စဉ်လမ်းပေါ် တသုတ်သုတ်သွားနေကြတဲ့လူတွေအစားပြောလိုက်ပါတယ်။)
သူတို့လမ်းပေါ်မထွက်လို့၊လူကြားထဲမသွားလို့မှ မဖြစ်နိုင်တာ
ဆရာဝန်တွေ၊သူနာပြုတွေ H1N1ကြောက်လို့မရသလိုပေါ့။
ကိုယ်ခံအားကောင်းအောင်နေပါတဲ့မယ်ရီ၊
ခက်တာပဲ ကိုယ့်ကိုယ်ခံအားကကောင်းနေမကောင်းနေ သိနိုင်လားမယ်ရီ၊
တက်ကြွရွှင်လန်း ကျန်းမာနေသူတစ်ဦးကိုတော့ကိုယ်ခံအားကောင်းနေတယ် လို့ဆိုနိုင်မှာပဲ၊
သူဘယ်နှစ်ရက်အိပ်ရက်ပျက်ထားလဲကောဘယ်သူသိမလဲ။
သူဘယ်လိုမျိုးစားသောက်နေရလဲကောဘယ်သူသိမလဲ၊
ကာကွယ်ဆေးထိုးရင်ကော အကာအကွယ်ဖြစ်ပြီတဲ့လားမယ်ရီ၊
ကိုယ္ကေတာ့မထင္မိ၊
ထိုးချင်ထိုးဦးတော့… လက်ရှိဖြစ်နေတဲ့ပိုးကို ကာကွယ်နိုင်သလားဘယ်သူမှသေချာမသိပါမယ်ရီ
အခုဖြစ်နေတဲ့အခြေအနေက ..ဘာကိုမှဝေဝေဝါးဝါးမမြင်ရဘူး။
မှောင်ပိန်းနေတဲ့မြူတွေကြားထဲကနေ ထွက်ထွက်လာတဲ့..
မြှားတွေက ကိုယ်တွေထဲက မှန်ချင်တဲ့သူလာမှန်နေသလိုပဲမယ်ရီ၊
ဟိုဘက်မှာရှိတဲ့ရန်သူကဘယ်လိုဆိုတာကိုသေချာမသိရသေးဘူး။
တနည်းအားဖြင့် သူ့ရဲ့အမျိုးအစား၊ ဘယ်လိုအဖျက်စွမ်းအားရှိတယ်။
ဘယ်လိုအားနည်းချက်ရှိတယ်၊ဘယ်လိုတိုက်ရမလဲ၊
ဘာမှမသိသေးဘူး မယ်ရီ၊
ပြောချင်တာကတော့ အခုလာတဲ့H1N1 ကအရင်ဖြစ်နေတဲ့ဟာလား။
ဗီဇထပ်ပြောင်းပြီးပေါ်လာတဲ့ အဖျက်စွမ်းအားကြီးတာလား မပြောနိုင်သေဘူး။
ဒီလိုမသေချာမရောရာဖြစ်နေတဲ့အချိန်မှာ .. ဟိုဖက်ကလာနေတဲ့ရန်သူက
ခေါမတပ်ကြီးလား၊ ရန်သူလေးတစ်ယောက်နှစ်ယောက်က လက်တည့်လာစမ်းနေတာလားဘယ်သူမှမသိသေးဘူး မယ်ရီ၊
ကိုယ်တွေဘက်ကပြင်ဆင်တာအားနည်းလွန်းနေတယ်။
ကိုယ့်တာကိုယ်လုံအောင်ကာဆိုတာမျိုးပဲဖြစ်နေတယ်။
အခုဖြစ်နေတာမျိုးက မင်းတို့ဘာသာမြှားမမှန်အောင် ကြည့်နေကြဦးဆိုတာမျိုးပေါ့လေ။
ကိုယ်လည်းလေးသံတော့နားထောင်နေပါတယ်။ မယ်ရီ၊
ကိုယ်နည်းနည်းငွေ့၊ချောင်းလေးဆိုးလာရင် အရင်လိုပေါ့ပေါ့မနေရဲဘူး မယ်ရီ၊
ရှုလိုက်တဲ့လေတွေကအလိုလိုလေးလံနေတယ်။
အချိန်တွေမြန်မြန်ကုန်ပြီး.. ဘာဖြစ်နေတယ်ဆိုတာ မြန်မြန်သိရရင်ကောင်းမယ်။
H1N1ရဲ့ အသေးစိတ်အချက်အလက်တွေကိုမသိရသေးသရွေ့တော့..
ဘာလုပ်လုပ်စိတ်မဖြောင့်နိုင်ဘူး
ဒီနေ့တော့ဒီလောက်ပဲပြောပါရစေ..
မြန်မြန်နေသာဖို့ဆုတောင်း ပါ မယ်ရီ
…
Yours lovingly..
ဒီနေ့က ရန်ကုန်မှာရောက်နေတာ ၁၁ ရက်မြောက်နေ့ပေါ့။
နည်းနည်းတော့အသားကျစပြုလာပါပြီ။
ကျွန်တော် ဘပ်စ် ကားလည်းစီးတတ်ပါပြီ ၊ တိုက်အထပ်မြင့်ကိုတက်ရလို့လည်း မောတယ်မထင်တော့ပါဘူး။
တစ်နေ့တာကို ကုန်ကျစာရိတ် အနည်းဆုံးနဲ့ဘယ်လိုနေရမလဲဆိုတာကို သင်ယူနေတယ်။ နယ်မှာလည်းနေခဲ့ဖူးတယ်။ ရွာကဘဝတွေလည်းမြင်ခဲ့ဖူးတယ်။ နို်င်ငံတော်အဆင့်အသိုင်းအဝိုင်းတွေကြားလည်းကျင်လည်ဖူးတယ်။
နိုင်ငံတကာအဖွဲ့တွေကြားလည်း လျှောက်သွားဖူး။ ပါဝင်လှုပ်ရှားဖူးတယ်။
အခုတော့ ကျွန်တော် ရန်ကုန်မြို့ရဲ့ လူလတ်တန်းစားတွေဘယ်လိုနေကြတယ်ဆိုတာကိုလေ့လာဖို့အခွင့်အရေးရရပြန်ပြီ.။ ရန်ကုန်ဆင်ခြေဖုံးတွေအထိတော့ကျွန်တော်မရောက်ဖူးသေးပါဘူး။
ဒါပေမယ့် ကြပ်ညှပ်နေတဲ့လူနေမှုစရိုက် နဲ့နေ့စဉ် သွားလာလှုပ်ရှားမှုတွေကို သူတို့ ဘယ်လိုဖြေရှင်းကြလဲ၊ ဘယ်လို လုပ်ကိုင်ကြလဲဆိုတာကိုတော့သိခွင့်ရဦးမယ်။
နေပြည်တော်လိုခြောက်သွေ့တဲ့နေရာကနေပြောင်းလာသူအတွက် ရန်ကုန်နေ့ရက်တွေက အုံ့မှိုင်းပြီး အမြဲစိုစွတ်နေတာပါပဲ။
ကျွန်တော်အလုပ်လုပ်တဲ့ ၁၁ လွှာကနေလှမ်းကြည့်လိုက်ရင် တစ်ဖက်မှာ ဆူးလေဘုရား၊ မြို့တော်ခန်းမ၊ မဟာဗန္ဒုလပန်းခြံ၊ စျေးဆိုင်တန်းလေးတွေနဲ့ ဗဟိုတရားရုံးကြီးကိုမြင်ရတယ်။
အခြားတစ်ဖက်မှာတော့ရန်ကုန်မြစ်ကြီးပေါ့။ မိုးတွေမှိုင်းနေတဲ့အချိန်ကြည့်လိုက်ရင် မြင်ရတဲ့မြင်ကွင်းက နိုင်ငံခြားကားတွေထဲက အချိန်ပြည့်အုံ့မှိုင်းနေတဲ့ ဇာတ်ဝင်ခန်းတွေကိုပြန်မြင်ယောင်မိတယ်။
ရန်ကုန်ကမ်းနားလမ်းနဲ့ဆိပ်ကမ်းကြီးကိုကြည့်ပြီး ..အင်ဒရူးမေဆင် ဇာတ်လမ်းထဲက ကျောက်မီးသွေးတွင်းတွေကို မြင်နေမိတယ်။
နေရာအသစ်၊အလုပ်အသစ်မှာ လူအသစ်တွေနဲ့တွေ့ရတာ ကျွန်တော့်အတွက် စိတ်လှုပ်ရှားစရာပါပဲ။ ဆူးလေ Techလို့တစ်ချိန်က နာမည်တွင်ခဲ့သေးတဲ့ ဖန်တီးရာဆိုတဲ့နေရာက နည်းပညာကိုစိတ်ဝင်စားသူ မည်သို့သော လူငယ်မဆို လာရောက်လို့ရတဲ့ Community center တစ်ခုပါ။
သူ့ဆီမှာမတူညီတဲ့ လှုပ်ရှားမှုတွေရှိတယ်။ အားလုံးရဲ့အဓိက ရည်ရွယ်ချက်ကတော့ မြန်မာနို်င်ငံမှာခို်င်မာတဲ့ နည်းပညာ ရပ်ဝန်းတစ်ခုဖြစ်ပေါ်လာဖို့ပဲ။
ကျွန်တော် Medical background ကလူဖြစ်ပေမယ့် စိတ်ရဲ့စေစားမှုကြောင့် ဟိုးအရင်တည်းက ဖန်တီးရာဆိုတဲ့နေရာကို အရမ်းရောက်ချင်နေခဲ့တယ်။ အချိန်အတိုင်းအတာတစ်ခုကြာပြီးတဲ့နောက် ကျွန်တော် က ဖန်တီးရာကိုရောက်လာတဲ့ ၄ ယောက်မြောက် medical doctor ဖြစ်လာခဲ့တယ်။ ဒီနည်းပညာတွေအကြောင်းကို ဘယ်နေရာမှာ မှ သေချာမသင်ယူခဲ့ဖူးပေမယ့် ကိုယ်စိတ်ပါဝင်စားသလို လုပ်ခဲ့တာတွေက အရမ်းတန်ဖိုးရှိလာတယ်ဆိုတာတော့ နောက်မှသေချာသိလာခဲ့တယ်၊
ကျွန်တော့်အတွက် အလုပ်လုပ်ရတဲ့ ပုံစံနဲ့ workspace ကအရမ်းအရေးကြီးတယ်။
တစ်ချိန်လုံးindependent နေခဲ့သူ Freelance လုပ်ခဲ့သူဆိုတော့ .. ကိုယ့်ကိုသူများကခိုင်းတာထက် ကိုယ့်ဟာကိုလုပ်ရတာကိုပိုသဘောကျတယ်။ အဲဒီအချက်ကိုသဘောပေါက်တဲ့သူတွေကတော့ ကျွန်တော့်ကိုဘယ်လိုကိုင်တွယ်ရမလဲသိတတ်ကြတယ်။
ကျွန်တော် အဲဒီနေရာမှာ စိတ်ကူးပေါက်သလို အလုပ်လုပ်ပါတယ်။ စျာန်ဝင်စားသွားရင် မထတမ်းလည်းအလုပ်လုပ်တယ်။ ငြီးငွေ့လာရင် .Table tennis ထွက်ရိုက်ပါတယ် ။ ကော်ဖီသောက် အခြားအဖော်တွေနဲ့စကားသွားပြောပါတယ်။ ကိုယ့်အလုပ်ကိုနားကြပ်တပ်ပြီးလုပ်ရတာ အကြိုက်ဆုံးပဲ။ ဘယ်သူမှလည်း လာမနှောင့်ယှက်တော့ ကျွန်တော့်အတွက်အဆင်ပြေပါတယ်။ လိုအပ်တာရှိရင် messenger app တစ်ခုခုကနေလာပြောတယ်။
ဒီနေရာက နည်းပညာအသစ်တွေကိုဖော်ထုတ်ပြီးခေတ်ရှေ့ပြေးနေတဲ့နေရာပါ။
ကျွန်တော့်တာဝန်က အဲဒီနည်းပညာတွေကိုဖော်ထုတ်ပြီး လိုက်လျောညီထွေပြီးအသုံးကျတဲ့နည်းပညာတွေကို အရပ်ဘက် အဖွဲ့အစည်းတွေလက်ထဲကိုကူးပြောင်းထည့်ပေးဖို့ပါ။
အခုမစလုပ်တာဆိုတဲ့အတွက် ပြစရာအများကြီးမရှိသေးပေမယ့် ကျွန်တော် စတင်နေတာတွေတော့ရှိပါပြီ။
ကိုယ်လုပ်ချင်တာကိုလုပ်ရတဲ့အတွက်ပျော်ပါတယ်။
တစ်နေ့ကိုအလုပ်ချိန် ၉နာရီရှိပေမယ့် ရုံးတက်ချိန်လိုပဲ ရုံးဆင်းချိန်မှာလည်း ကျွန်တော် တက်ကြွနေပါတယ်။ကျွန်တော့်အတွက် အလုပ်က ကစားကွင်းတစ်ခုလိုပါပဲ။ Innovation lab ,Creative place လို့ဆိုတာနဲ့လိုက်အောင် .. Staff တွေအတွက် Pressure မပေးတဲ့ပတ်ဝန်းကျင်မျိုး၊ မိမိကိုယ်ကို Part of a team လို့ခံစားရစေအောင် လုပ်ပေးတဲ့ပတ်ဝန်းကျင်မျိုးကို ကျွန်တော်နှစ်သက်ပါတယ်။ဒီလို ပတ်ဝန်းကျင်မျိုး တွေနောက်ထပ်အများကြီးထပ်ရှိလာစေချင်ပါတယ်။
Photo by Me (Nyein Chan Ko Ko)
Place (Phandeeyar, 11th floor ,MAC tower ,Merchant Road, Yangon)
လွန်ခဲ့တဲ့ ၂၀၁၄ က ကျွန်တော် Myanmar First Aid စလုပ်တော့ email တစ်စောင် လက်ခံရရှိတယ်။
အဲဒီ email ကထူးဆန်းတယ်။
သူ ဆေးခန်းအတွက် လိုချင်တဲ့ app တစ်ခုရဲ့ idea ကိုပြောပြတယ်။
မလုပ်ပေးနိုင်ပေမယ့်. သူ့ရဲ့ အကြံက ခုထိ အဖိုးတန်ဆဲပဲ။
အောက်က အဲဒိ Dr ပို့တဲ့ email ထဲက တစိတ်တပိုင်းပါ။
ကျွန်တော် လုပ်ချင် တာက ကုသိုလ်ဖြစ် ဆေးခန်း အတွက်ပါ။
ဆေးခန်းမှာ
- လူနာ database တစ်ခု (patient register database)
-
လူနာတွေ လာပြတိုင်း ထည့်ဖို့ consultation register သို့မဟုတ် case register database တစ်ခု
-
laboratory investigation database တစ်ခု
-
prescription database တစ်ခု
-
drug and equipment stock database တစ်ခု
-
ဆေးအဝယ် drug purchase database တစ်ခု
-
ငွေစာရင်း database တစ်ခု
-
staff database
-
လူနာတင်ယာဉ် database တစ်ခု
စတဲ့ data တွေကို တစ်ခုနဲ့ တစ်ခု ချိတ်ဆက်ပြီး သုံးဖို့ဖြစ်ပါတယ်။
သုံးတဲ့နေရာမှာ ဝန်ထမ်းအများစုကို phone/tablet တွေနဲ့ တစ်ယောက် နဲ့ တစ်ယောက် data မျှဝေ သုံးစေမှာ ဖြစ်ပါတယ်။
၁။ လူနာ မှတ်ပုံတင် တဲ့ နေရာ ရှိပါမယ်။ (patient reception/ registration area) ဆေးခန်းထဲ လူနာဝင် လာ လာချင်း စာရင်း သွင်းဖို့ပါ။ အဲဒီမှာ reception staff တစ်ယောက် (လူနာများချိန်မှာတော့ တစ်ယောက်ထက် ပိုပါမယ်) က နေပြီးတော့ tablet သို့မဟုတ် phone ကိုင်ပြီးတော့ ဝင်လာတဲ့ လူနာကို register လုပ်ပါမယ်။ entry လုပ်လိုက်တဲ့ data က patient register database နဲ့ case register database တွေထဲကို ဝင် သွား ပါမယ်။ လူနာမှတ်ပုံတင်ရာမှာ လူနာရဲ့ ဓါတ်ပုံ နဲ့ လက်ဗွေတွေ ကိုပါ မှတ်တမ်းယူပါမယ်။
၂။ လူနာစမ်းသပ်ခန်း ထဲကို လူနာရောက်လာချိန်မှာ ဆရာဝန်က စောစောက ရှေ့က staff သွင်းပြီး ထည့်ထားတဲ့ အချက်တွေကို သူ့မှာရှိတဲ့ phone/tablet နဲ့ ကြည့် နေပါပြီ။
၃။ ဆရာဝန်က လူနာရဲ့ history, physical examination, laboratory investigation, diagnosis နဲ့ prescription တွေကို သူ့ရဲ့ phone/tablet ထဲကို data entry လုပ်လိုက်တာနဲ့ အဲ့ဒါတွေက သက်ဆိုင် ရာ database တွေထဲကို ဝင်သွားပြီး သက်ဆိုင် တဲ့ staff တွေက သူတို့ ရဲ့ phone/tablet တွေနဲ့ ကြည့် ပြီးတော့ ဆရာဝန် ညွှန်ကြားချက်တွေကို အချိန်နဲ့ တစ်ပြေးညီ ဆောင် ရွက်ကြပါမယ်။
၄။ လူနာ ဆေးယူပြီး ပြန်မထွက်မီ ဆေးကုသမှု မှတ်တမ်းကို စာရွက်ငယ်နဲ့ print ထုတ်ပေးလိုက်ပါမယ်။
၅။ prescription data entry လုပ်တဲ့အခါ drug store database ထဲမှာ ရှိတဲ့ စာရင်းထဲက အလိုအလျောက် နှုတ်ပေးသွားပါမယ်။
၆။ ဆေးဝယ် drug purchase တဲ့အခါ နဲ့ staff တွေကို လစာပေးတဲ့အခါ ရန်ပုံငွေ database balance ထဲက တစ်ခါတည်း အလိုလို နှုတ်ပေးသွားပါမယ်။
၇။ ambulance သုံးတဲ့အခါမှာလည်း မိုင်နှုန်းအလိုက် ကျသင့်တဲ့ ဆီဖိုး နဲ့ ယာဉ် ထိန်းသိမ်း စားရိတ် တွေကို ငွေ စာရင်း balance မှာ နှုတ်သွားပါမယ်။
၈။ ရောဂါအမည်နဲ့ ဆေးအမည်တွေကို WHO က code နံပါတ်တွေနဲ့ တစ်ခါတည်း တွဲချိတ်ပေးထားပါမယ်။
၉။ ဒီ App သုံးခြင်းဖြင့် ဆေးခန်းတွင်း အလုပ်လုပ် ရာမှာ လျင်မြန်စေပြီး ဆေးခန်းလာတဲ့ လူနာတွေ အချိန်ကုန် သက်သာစေဖို့မျှော်လင့်ပါတယ်။ ဒီ software အဆင်ပြေခဲ့ရင် အခြား လူမှုရေး အသင်းတွေရဲ့ ဆေးခန်းတွေမှာပါ စမ်းသုံးစေပြီး လူမှုရေး အသင်း ဆေးခန်းများ အချင်းချင်း နဲ့ လူမှုရေး ဆေးခန်းတွေနဲ့ MOH/DOH တို့အကြား data တွေ မျှဝေ သုံးစွဲရာမှာ လျင်မြန် လွယ်ကူစေဖို့ မျှော်လင့်ပါတယ်။ နယ်မှာရှိတဲ့ လူမှုရေး ဆေးခန်းက ဆရာဝန်တွေက သူတို့ လူနာတွေကို specialist opinium အတွက် အထူးကုတွေနဲ့ data အပြန်အလှန် မျှဝေသုံးစွဲရာမှာလည်း ဒီ App ကို သုံးနိုင် မယ်လို့ ထင် ပါ တယ်။ စာရင်းစစ် audit ဝင် တဲ့အခါ နဲ့
data analysis/ reporting တွေမှာလည်း အသုံးတည့်ပါလိမ့်မယ်။
ဒီနေ့က ဇွန်လ ၂၃ ရက်နေ့ပေါ့။
ပြီးခဲ့တဲ့နှစ်လအတွင်းမှာအဖြစ်အပျက်တွေ ပြောင်းလဲသွားတာမြန်ဆန်လွန်းခဲ့တယ်။
သင်္ကြန်အပြီးမှာ အဖိုးနေမကောင်းဖြစ်ပြီး ဆေးရုံမှာပဲဆုံးသွားတယ်။
အခုအချိန်အထိ အဖိုးကိုရွာမှာရှိနေသေးသလိုပဲခံစားမိတယ်။
အဖိုးလုပ်ခဲ့တဲ့လယ်တွေကိုတော့သားသမီးတွေခွဲယူကြတာပေါ့။
အဖိုးသေသာသွားခဲ့တယ်။ ဘာပစ္စည်းမှကြီးကြီးမားမားကျန်ရစ်ခဲ့တာမရှိခဲ့ဘူး။
လွမ်းတယ်အဖိုးရယ်။
ဒါကြောင့် မသေခင်ချစ်ကြ၊ ပြုစုကြ။သေမှဘာမှလုပ်မရဘူးလို့ပြောကြတာကိုး။
အဖိုးရက်လည်ပြီးနောက်ရက်မှာ ဖန်တီးရာကိုအလုပ်လျှောက်ထားတဲ့ကိစ္စကအကြောင်းပြန်လာခဲ့တယ်။
သူတို့ကိုယ့်ရဲ့CVကိုသဘောကျတဲ့အတွက် အင်တာဗျူးကြည့်ချင်ပါတယ်ဆိုပြီး လာတာလေ။
နေပြည်တော်မှာဆိုတော့ အွန်လိုင်းကနေပဲဗျူးခဲ့တယ်။
နိုင်ငံခြားသူတစ်ယောက်နဲ့စကားပြောရတယ်။
အဲဒီနောက်တော့ ဖုန်းနဲ့၄ခါ လူတွေ့တစ်ခါ အင်တာဗျုးဝင်ခဲ့ရတယ်။
သူတို့ရဲ့အလုပ်လုပ်တဲ့ Process ကကြာတဲ့အတွက်အဖြေသိဖို့တော်တော်ကိုစောင့်ရပါတယ်။
ဒီကြားထဲမှာပဲ အမ်စတာဒမ်ကိုကျောင်းလျှောက်ထားတာကလည်း အဖြေသိဖို့စောင့်ရဦးမယ်လေ။
အိမ်မှာစိတ်မလေအောင်လို့ Programming ကိုသဲသဲမဲမဲလေ့လာနေမိတော့တယ်။
အစကတော့ Java program သေးသေးလေးတွေပေါ့
ဇွန်လပိုင်းကစလို့ Android ဘက်ကိုပိုလိုက်မိတယ်။ Android Program တစ်ခုဖြစ်လာအောင် ရေးတတ်လာခဲ့တယ်။
အစပိုင်းကတော့ Activity တွေတစ်ခုကနေတစ်ခုကိုကူးတာလောက်ပဲသိတယ်။ button နှိပ်ရင်စာထွက်အောင်တို့ ပုံပေါ်အောင်တို့
လောက်ပဲသိတယ်။ နောက်တော့ တဖြည်းဖြည်းသိတာတွေကိုအခြေခံပြီး ပိုမြင့်တဲ့ ဟာတွေရေးတတ်လာခဲ့တယ်။
အခုဆိုNC health kit ဆိုပြီး app တစ်ခုထုတ်လို့ရလောက်အောင်ကို ရေးထားတာတွေကတော်တော်စုံစုံလင်လင်ဖြစ်လာခဲ့တယ်။
အရင်ကထက်တော့ပိုconfidence ရှိလာတာပေါ့
အရင်ကတော့လုပ်သာလုပ်တာ ကိုယ်ကprogrammer ဆိုတဲ့နာမည်မှခံလို့မရတာ။ အခုတော့ code တွေကိုဖတ်ဖို့မကြောက်တော့ဘူး။ ဘယ်ဟာကဘာအတွက်ထည့်တာဆိုတာကိုသိနေပြီလေ။
နောက်လာမယ့် ဗားရှင်းတွေမှာ medical dictionary ၊ CBo directory.တွေထည့်ဖို့စဉ်းစားတယ်။
လေ့တော့လေ့လာရဦးမှာပေါ့။
ဒီရက်ပိုင်းYouth policy meeting ကလည်းဆက်လုပ်ပေးဖို့ရှိသေးတယ် ။National Consultant team ဆိုတဲ့နာမည်အောက်မှာလုပ်နေတာဆိုတော့ meetingတွေရှိရင်သွားတက်ရတယ်။ ကူညီရတယ်။
ဒါပေမယ့် ကိုယ်passionမရှိတဲ့အရာဆိုတော့ သိပ်မပျော်ဘူး။ ပညာတွေတော့ရပါတယ်။
လိုချင်တာကော မလိုချင်တာတွေကောပေါ့။
ဒီလထဲမှာရစရာတွေတော်တော်ဝင်လာတယ်။ရတနာ့ဆီကကျန်တဲ့ငွေတစ်ချို့လည်းထပ်ရတယ်။
တကယ်ဆိုသူ့ဆီမှာ ငါ့ငွေတွေရောက်နေတာတော်တော်ကြာပြီလေ။ အကြောင်းအမျိုးမျိုးကြောင့်ဒီလောက်အထိ နှောင့်နှေးနေရတယ်။
စဉ်းစားမယ်ဆိုရင်တော့ နစ်နာမှုတွေအများကြီးပေါ့
ဒါပေမယ့်နောက်ကြောင်းပြန်မစဉ်းစားတော့ပါဘူး။ ရှေ့ကိုပဲတိုးစဉ်းစားတော့မယ်။
တစ်နေ့နေ့အားလုံးပြန်ရမယ်ဆိုတာကိုလည်းယုံကြည်နေတာပဲကိုး။
ဖန်တီးရာက offer letter ရောက်လာပြီ။ ပေးတဲ့လခကအရမ်းနည်းနေတယ်လို့ခံစားမိတယ်။
အဲဒီလစာနဲ့က ရန်ကုန်လိုနေရာမှာနေဖို့မလွယ်ကူဘူးလေ။ စိတ်တွေညစ်နေမိတယ်။ ကိုယ်ဟာလမ်းပျောက်နေသလိုလည်းခံစားရတယ်။
ကိုယ်ဘာဖြစ်ချင်တာလည်းဆိုတာလည်းပျောက်နေသလိုခံစားမိတယ်။
ကိုယ့်ရဲ့အိမ်မက်က အဆက်မပြတ်မှ သတိမပေးနေရင်ဘာဆိုတာရုတ်တရက်ပေါ်လာလေ့မရှိဘူး။
တစ်ခါတစ်လေ အဲဒီအိမ်မက်အကြောင်း ဒီနိုင်ငံမှာပြောဖို့ခက်ခဲလွန်းတယ်။
ကိုယ်ဟာငွေအများကြီး၇တဲ့manager တစ်ယောက်ဖြစ်ချင်တာပါ။ ဆရာဝန်တစ်ယောက်ဖြစ်ချင်တာပါ။လူတွေအသက်ကိုကယ်နိုင်သော အထူးကုကြီးတစ်ယောက်ဖြစ်ချင်တာပါလို့စိတ်ကူးလိုက်ဖို့ကလွယ်တယ်။
ကိုယ်ဟာလူတွေအတွက် နောက်ဆုံးပေါ်နည်းပညာတွေကိုသုံးပြီး ဆေးပညာကိုတိုးတက်အောင်လုပ်ချင်တာပါလို့ပြောရင်တော့
ငပေါကြီးတစ်ယောက်လိုပဲပြန်ကြည့်တာကိုခံစားမိတယ်။
ဒီအိမ်မက်တွေကိုလွှင့်ပစ်ချင်စိတ်ခဏခဏပေါ်တယ်။ ကိုယ်နဲ့နီးနီးနားနား တစ်ခုခုကိုပဲ လှမ်းဆုတ်ကိုင်ထားလိုက်ချင်တယ်။
ဒီနိုင်ငံမှာဆရာဝန်ဖြစ်ရတာမလွယ်ကူဘူး။ ဆိုတာသိနေပေမယ့်လည်း ..ရင်ထဲမှာက ဆရာဝန်ဖြစ်ရတာကိုတိတ်တဆိတ်ဂုဏ်ယူနေသေးတယ်။
ဆေးရုံမှာ ကုသတုန်းက လူနာတွေပြန်ကောင်းလာတာကိုမြင်ခဲ့ရတော့ အဲဒီပီတိကိုလည်းပြန်လိုချင်နေသေးတယ်။
တစ်ဖက်မှာလည်း ..ပိုဆန်းသစ်တဲ့အရာတွေတီထွင်ချင်နေသေးတယ်။
လူနာတွေကုချင်တယ်။
စာတွေလေ့လာချင်တယ်။သိချင်တယ်။ဖတ်ချင်တယ်။ ပြန်ပြောချင်တယ်။ အသုံးချပြီးနောက်ထပ်အသစ်အသစ်တွေရှာဖွေချင်တယ်။
ကိုယ်ဟာအဲဒီလိုဘဝထဲမှာနေချင်တယ်။
ဒါပေမယ့် ငွေကိုရှေ့တန်းတင်တဲ့လောကမှာ အဲဒီလိုဘဝမျိုးရဖို့ပေးဆပ်ရမှာတွေကမနည်းဘူးလေ။
ငွေမရှိရင် လစာနည်းရင် လှောင်သလိုလိုအထင်သေးသလိုလို ကြည့်တဲ့လူတွေရဲ့အကြည့်ကိုမုန်းမိတယ်။
ကျွန်တော်ကိုယ့်ဘဝနဲ့ကိုယ် လက်မထောင်ပြီးနေချင်တယ်မေမေ
Arthur
လက်ရှိ အစိုးရကတော့ E government တည်ဆောက်မယ်ဆိုပြီး ကြွေးကြော်လှုပ်ရှားနေတယ်။
အရင် အစိုးရလက်ထက်တည်းက လည်း ကြွေးကြော်နေတာပါ။
E government ဆောက်မယ်ဆိုပြိး တစ်ခေါက်အော် တိုင်း Website တွေတစ်ခါပြောင်းသွားတာ။ Web address အသစ်တွေ ပေါ်လာတာသာထူးခြားတယ်။ ကျန်တာတော့ဘာမှ ထူးထူးခြားခြား ပြောင်းလဲမှုမရှိပါ။
အခုပြောချင်တာကတော့ .. E government လုပ်ဖို့ ရှေ့ဆက်တိုးရာမှာ အခက်အခဲဖြစ်နေတဲ့အပိုင်းတွေအကြောင်းပါ။
ကျွန်တော် က အစိုးရဝန်ထမ်းလည်းမဟုတ်ဘူး။ အပြင် ကုမ္ပဏီလုပ်ငန်းလုပ်နေသူလည်းမဟုတ်ဘူး။
ဒါပေမယ့် အစိုးရ နဲ့ဆက်နွယ်တဲ့အဖွဲ့အစည်းတွေ နဲ့ပတ်သက်ပြီး Website ကူတည်ဆောက်ပေးဖူးတာရှိတယ်။ လုပ်ငန်းလည်ပတ်ရာမှာ ဖြစ်နေတဲ့ပြဿနာတွေကိုမြင်ခဲ့ဖူးတယ်။
ဝန်ကြီးဌာန အဆင့်၊ ဗဟို အဆင့်ဌာနတွေမှာတောင် နည်းပညာဌာနမရှိလို့ ရုံးတွင်းက ကွန်ပျူတာ ပြဿနာ ၊ နည်းပညာပြဿနာမှန်သမျှ ကြုံသလိုဖြေရှင်းနေကြတာကိုလည်းမြင်ခဲ့ဖူးတယ်။
အိုင်တီဌာန ကို ဖွဲ့စည်းဖို့ အတွက် လူအရင်းအမြစ်မရှိဘူးလား။ ကျွမ်းကျင်သူမရှိဘူးလား။
အခုလို ရုံးတွင်းနည်းပညာနဲ့ပတ်သက်တဲ့အလုပ်တွေလည်ပတ်ဖို့ တောင် အဆင်မပြေမှတော့ Website တွေ ၊ဒီထက်အဆင့်မြင့်အသုံးချလာမယ့်နည်းပညာတွေ၊ Data center စတာတွေ ၊လုံခြုံရေးပိုင်း ကိစ္စတွေ ။ ဒါတွေကို ဘယ်လို ဖြေရှင်းကြတော့မလဲ။
လတ်တလော အခြေအနေမှာ အစိုးရ ဌာနတွေ၊ တက္ကသိုလ်တွေအားလုံးနီးပါးရဲ့ website တွေကို ပြင်ပပုဂ္ဂလိက ကုမ္ပဏီတွေက နေတာဝန်ယူ တည်ဆောက်ပေးထားတယ်။
အစိုးရက နေ Standard CMS ချထားတာလည်းမရှိတော့ ကုမ္ပဏီကပြောတဲ့ အတိုင်းသာ လုပ်ဖြစ်နေတာမျိုးများတယ်။ နောက် ပြီးတော့ Website ကို ကိုင်တွယ်ခွင့်တွေကလည်း လူကြီးတွေကိုပေးထားတယ် ။ အဲဒီလူကြီးတွေကလည်း ဒီအတွက် လေ့လာဖို့အချိန်မပေးနိုင်ဘူး။
ဒါကြောင့် မို့ Website တွေက လှုပ်ရှားသက်ဝင်မှုမရှိပဲသေနေတယ်။
သူတို့ရဲ့အောက်မှာရှိတဲ့ ဝန်ထမ်းငယ်တွေကျတော့လည်း အခုအချိန်ထိ website ကိုင်တွယ်ရမှာကို သရဲသဘက်လို ကြောက်နေကြတယ်။စိမ်းနေတယ်။
ပုဂ္ဂလိက ကုမ္ပဏီတွေက လည်း post တင်တာလောက် ကိုတောင် သေသေချာချာ မသင်ပေးခဲ့တဲ့အတွက် သူတို့ဆီမှာ ဘယ်လိုဟာဖြစ်သင့်သလဲ ဘယ်လို ရေးသင့် သလဲမသိကြဘူး။
စာမျက်နှာတွေကိုပြင်ဆင်ဖို့ အတွက် ဘာညာဆိုလည်း တစ်ချိန်လုံး ကုမ္ပဏီကို အားကိုးနေရဖို့များတယ်။
ဒီလိုအားကိုးရတဲ့အတွက်ကြောင့် လုံခြုံရေးပိုင်းဆိုင်ရာ မှာ ပြဿနာတွေလည်းရှိနိုင်တယ်။
အခု အချိန်မှာ ဒေတာတွေ နဲ့သိပ်အလုပ်မလုပ်ရသေးပေမယ့် တကယ် E government လုပ်ချင်ပြီဆိုရင်
အချက်အလက်အားလုံးက အင်တာနက်ကတဆင့် သွားမှာဖြစ်တဲ့အတွက် ကြားမှာ ဖြတ်ယူ ပြီးပြောင်းလဲ လို့ရတဲ့ နည်းပညာတွေကလည်း ရှိနိုင်တာကို။
နောက်တစ်ခုကတော့ အကြောင်းအမျိူးမျိုးကြောင့် ပျက်စီး ပျောက်ဆုံးသွားနိုင်တာလည်းရှိသေးတယ်။
အဲဒါတွေအတွက်က တော့ ပြင်ပကုမ္ပဏီလက်ထဲအပ်ထားတာဟာ ကိုယ့်အသက်ကို သူများလက်ထဲအပ်ထားသလိုပဲဖြစ်မှာပဲ.။
တကယ်ဆို ဌာနမှာသာ IT department ရှိခဲ့ရင် အဲဒီDepartment ကလူက Website CMS တွေအကြောင်း နားလည်ရမယ်။ page တွေဘာတွေလောက်ကပြင်တတ်ရမယ်။ ဘယ် နားဘာဖြစ်နေလဲသိရမယ်။ တကယ်လို့ website ကိုကိုင်တွယ်ခွင့်တွေမှာ ရာထူးအလိုက် ခွဲခြားထားတာတွေ ရှိရင်လည်း ကိုင်တွယ်တဲ့သူတွေမှာ ပေါ်တဲ့ သာမာန်ပြဿနာတွေကို IT department ကလူကဖြေရှင်းပေးတတ်ရမယ်။
အဲဒီထဲမှာ လတ်တလော တက်နေတဲ့ ယူနီကုတ် ဇော်ဂျီပြဿနာလည်းပါတယ်။
ယူနီကုတ် ကို အရင်တည်းကသုံးနေကြတယ်ဆိုပေမယ့် .. သူကလည်း အဆက်မပြတ် ပြောင်းလဲနေတဲ့ထဲမှာပါတယ်။ သာမာန် ရုံးဝန်ထမ်းတွေကတော့ ကွန်ပျူတာစိတ်ဝင်စားသူမှမဟုတ်ရင် အသစ်ပေါ်လာတဲ့ဖြေရှင်းနည်းတွေ Software တွေအကြောင်းလိုက်နိုင်ဖို့ကမလွယ်ဘူး။ အခုကျတော့ ရုံးတွေမှာ သူတို့ သုံးတတ်တဲ့ software ၊ အဆင်ပြေတဲ့ စနစ် နဲ့ပဲ ရှေ့ဆက်သွားနေတယ်။ ပြောင်းလဲရမှာကြောက်တယ်ဆိုတာထက်
အသုံးပြုနေရင်း ပြဿနာပေါ်လာရင် မဖြေရှင်းတတ်လို့ အလုပ်တွေနှောင့်နှေးမှာစိုးတာလည်းပါတယ်။
အထက်လူကြီးကတော့ ရေဘူးပေါက်တာမလိုချင်ဘူး ။ ရေပါတာပဲလိုချင်တာလေ။
ဒါကလည်း တစ်ချက်ဖြစ်လိမ့်မယ်လို ထင်တယ်။
လက်တလောမှာ E government နဲ့ပတ်သက် တဲ့ပွဲတွေလည်း မတတ်ရဘူး။ ဘာတွေဖြစ်နေတယ်ဆိုတာလည်း မသိတဲ့အတွက် ဒီထက်တော့ ပိုမမြင်နိုင်ပါဘူး။ သတင်းတွေကတက်လာတဲ့ အချက်တွေရယ်။ ကိုယ့်ရှေ့မှာ မြင်ရသလောက်ရယ်ကိုပဲကြည့်ပြီး ကောက်ချက်ချနိုင်တယ်။
အခုအချိန်ထိ. အစိုးရအဖွဲ့ထဲမှာ E government အတွက် အစွမ်းကုန် ကြိုးစားမယ့်သူ စိတ်အားထက်သန်သူ မရှိသေးဘူးလို့ပဲမြင်မိတယ်။
အခုအချိန်မှာ ဘာပဲသိချင်ချင် အရင် အင်တာနက်ပေါ် တက်ကြည့်တာပါ။
သတင်း၊လိပ်စာ၊ ဖုန်းနံပါတ်၊ အကြောင်းအရာ… စသဖြင့်ပေါ့
နောင်လည်း ဒီထက်ပိုတက်ကြည့်ကြဦးမှာပါပဲ။
ကိုယ့်ရဲ့ Website တွေဆိုတာလည်း ဧည့်သည့်တွေလာကြည့်လို့ရတဲ့ ဧည့်ခန်းတွေ လိုပါပဲ။ သတင်းအချက်အလက် ပေးနိုင်ရင်ပေးနိုင်သလောက် ကိုယ့်အကြောင့် သူသိလေ။ ဆက်သွယ်စုံစမ်းဖို့လွယ်ကူလေပါပဲ.
JAUK !JAUK! (Typing sound on the keyboard)
June 22 2012…
I always held a dream to own a computer .
My mother questioned me everytime I pester about a computer.
” What your computer can do, this is a waste of money.I can’t afford such an expensive machine”
I didn’t have any words to defend my Mom.
How could i explain about the usefulness of a computer .
I was not born nor raised in a rich family.
I understood about recycling since i was a kid.
I wasn’t familiar with video games,battery toys and Gameboy.
Toys of my childhood life were my Dad’s thick books, Kid Journals, papers, drawing pens and of course the envelopes.
The only place I usually visited was a post office in my town.
I used to draw in some kid journals and they provided incentives whenever my arts were published in journals.
In that way, I got pocket money throughout my childhood life.
Yes, It was not much.
But, I valued that small amount of money because it was my first allowance got from my own work.
It was like selling lemonade during summer break.
I waited every Monday for my father back from his morning walk .
My favourite journal was usually published on Monday.
I became a friend with the editor of that journal when I was not more than 13.
He always encouraged me to draw cartoons and keep sending that to him.
He was a good friend for children of my age.
Because of him, I understood that competition is more important than winning. At that time, I had never been frighten to lose. I had never judged my own works, whether good or bad.
God. I’m saying out of the topic.
Yeah!…
PC is a a gadget I have dreamed for so long.
I had a chance to know the internet in 2006.It was a summer holiday after matriculation examination.
Internet was a term not very well known among people and there was no place you can see it easily.
Therefore, not only my mom , almost every person I knew didn’t know what is internet.
They only thing they knew is that whatever I was doing on the internet is nothing else but chatting.
They actually didn’t know what I was doing.
I could not blame on them.Chatting was what most people do at that time.
I admit that I was also one of them who enjoyed to live in chatting world.
But, after knowing the capability of the internet,my obsession had moved to blogging and exploring the knowledge.
I occasionally downloaded and tested the software that I found on the internet.
I was also stingy to spend my money on something I could not use properly.
Fortunately, good things happened in my life. I got everything what I wanted when I began my study in the university.
My mom was able to buy everything what I need.
This was a miracle, some items were not even in my dream.But, finally I owned it.
A big thing happened in my life and my family when I left my town.
2:49pm
Lunch time is over, nothing is in my bowel.
I am very lonely in the home,away from my fris and my family .
Even not having a beloved one is a challenge for me.
I am going to finish my writing here..
Though I am trying to write in good English,I am just a medical student who is familiar with Latin Medical terms
Besides,caring English Grammar is not the way doctors do.
😃
Just kidding, I am trying to improve myself. Meanwhile, please bear with my bad writing.
The original story was written on June 18 2012 on my blog.
The revised version was produced on March 1st 2017