ညနေခင်းက တော့ သာယာလှပပြီး တိတ်ဆိတ်ချင်တိတ်ဆိတ်နေလိမ့်မယ်။

ဒါပေမယ့် မိသားစုလေးကတော့ တကျက်ကျက်နဲ့ ငြင်းခုန်နေကြတယ်။

ကျွန်တော် နေသိပ်မကောင်းဘူး။ ဒီနေ့ဆိုဖျားတာ ၃ရက်ရှ်ိပြီ။ Azithromycin သောက်တာ တော့ ဒုတိယနေ့ရှိပြီ။

ဒီနေ့ညတော့ အဖျားပြန်မတက်လောက်တော့ဘူးထင်ပါတယ်။

ဖျားနေတုန်းအားငယ်စိတ် အထီးကျန်စိတ်၊ နဲ့မျှော်လင့်ချက်မဲ့စိတ်ဓာတ်ကျတဲ့စိတ််တွေအားလုံး ပေါင်းစုပြီး ပေါ်လာတယ်။

အားတင်းပြီး တော့ depression ကိုတိုက်ထုတ်တာပါပဲ။ ငါကောင်းအောင်လုပ်နိုင်တယ်လို့ကိုယ့်ကိုယ်ကိုတွေးတာပါပဲ။

နည်းနည်းသက်သာရာရပေမယ့်.. မရေရာသေးတဲ့ရှေ့ရေးနဲ့အလုပ်အကိုင်၊ ပညာရေးနဲ့ အချစ်ရေး စတာတွေက တစ်ခုပြီးတစ်ခုနှိပ်စက်နေဆဲရှိသေးတယ်။ဟိုးအရင်က တောက်ပတဲ့အချိန်တွေကိုပြန်သတိရနေ မိတယ်။

အဲဒီတုန်းက ခင်မင်ခဲ့သူတွေကိုလည်းလွမ်းမိနေတယ်။ ရှေ့ဆက်တိုးဖို့ အားအင်တွေအားလုံးပျောက်ဆုံးနေချိန်မှာ အဲဒီသူငယ်ချင်းတွေဆီက အားပေးသံကြားချင်မိတယ်လေ။

ကိုယ်ကိုတိုင် စိတ်ဓာတ်ကျနေလို့ကိုယ့်အားကို အားပေးနေချိန်မှာ အဖေ့ကိုလည်း counselling လုပ်ပေးဖို့ကြိုးစားနေရတယ်။

အခြားမိဘတွေလို .. အရှိန်အဝါကြီးလည်းမဟုတ်၊ လက်ဖျားငွေသီးနေသူလည်းမဟုတ်၊ သူပိုင်ဆိုင်တာ ရိုးသားမှုတစ်ခုပဲ။

 

ဒီအရွယ်မှာ မိဘတွေကိုအေးအေးဆေးဆေးထားပြီး ငါကရှာဖွေကျွေးသင့်တာလား၊

အဖေနဲ့အမေက ဆက်လက်ပြီး ငါကျောင်းတက်ဖို့ထောက်ပံ့သင့်တာလားငါမသိတော့ဘူး။

အိမ်ကိုနည်းနည်းပါးပါး လိုအပ်တာတွေကူညီဖြည့်ပေးရုံကလွဲပြီး. ငွေကြေးမထောက်ပံ့နိုင်သေးပါဘူး။

အဖေနဲ့အမေ့ဆီက မုန့်ဖိုးမရတာလည်းကြာလှပြီပေါ့။

အရင်က လိုချင်တာမှန်သမျှရတဲ့ဘဝကိုလွမ်းမိတယ်။ အခုတော့ ကိုယ်လုပ်ချင်တဲ့ပစ္စည်းကိုတောင် ကိုယ်ရဲ့စုဆောင်းငွေနဲ့ဝယ်ရမှာဆိုတော့ မနည်းခြစ်ကုတ်ပြီး စုရတာလေ။

အမေနဲ့အဖေ့ကိုလည်းကောင်းကောင်းထားချင်ပေမယ့် ကိုယ့်ဘာသာကိုယ်လမ်းပျောက်နေတုန်းပဲ။

စိတ်ဓာတ်ကို ခိုင်မာဖို့ကြိုးစားပေမယ့်အသည်းပဲမာလာတယ်။

တစ်ခါတစ်ခါကိုယ့်ကိုယ်ကိုအမှောင်ဘက်ကိုရောက်သွားတော့မလားလို့တောင်တွေးမိတယ်။

အနာဂတ်အတွက်ပူတာ၊ပစ္စုပ္ပန်အတွက်ပူတာတွေက လှုပ်မရအောင် ကြိုးတွေနဲ့တုပ်ထားတယ်။

ယခုအချိန်တောင့်တမိတာရှိတယ်။

ကျွန်တော်လမ်းကြောင်းတစ်ခုပေါ် မှန်မှန်ကန်ကန်ရောက်သွားချင်တယ်။

ကျွန်တော့်မှာ ပုံမှန် ငွေဝင်လမ်းကြောင်းတစ်ခုရှိချင်တယ်။

ပညာဆက်သင်ဖို့ခိုင်မာတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်ပေါ်ချင်တယ်။

ကိုယ့်ကို ခွန်အားပေးမယ့်နားလည်ပေးမယ့်ချစ်သူတစ်ဦးလိုချင်တယ်။

မိသားစုမှာလည်းလုံလောက်တဲ့ငွေဝင်လမ်းကြောင်းတစ်ခုရှိချင်တယ်။

 

ဒါတွေတစ်ခုမှမပြည့်မှီသေးဘူးလေ။

မှီစရာလည်း အရိပ်အယောင် တစ်စွန်းတစကိုမမြင်မိသေးဘူး။

 

အာသာ

Sunday

23.10.2016