Many Lives, Many Memories.

Category: My Story Page 4 of 6

ကျွန်တော်လေ့လာချင်တဲ့ဘာသာရပ်

တစ်ခါတစ်ရံမှာ ဖေ့စ်ဘွတ်လို ဆိုရှယ်မီဒီယာတွေက ဖြတ်ထားဖို့လိိုတယ်။

ဟိုရက်ပိုင်းက ကျွန်တော် စိတ်ကျသလိုဖြစ်နေတယ်။ ဘာကြောင့်လဲအကြောင်းရေရေရာရာ မပြောတတ်ဘူး။

ဒီအွန်လိုင်းမှာတွေ့နေကျလူတွေနဲ့မတွေ့ချင်တော့ဘူး. မမြင်ချင်တော့ဘူး။ စကားမပြောချင်တော့ဘူး.။

ကျွန်တော် ဆိုရှယ်နက်ဝက်သုံးတာအရမ်းများလွန်းသွားပြီထင်တယ်။

နောက်တော့ ကိုယ့်ဘဝကိုမကျေနပ်တာတွေအရမ်းများလာတယ်။ ပုံမှန်ဆိုမေ့နေတတ်တဲ့ အဆိုးမြင်စိတ်တွေ ၊မကောင်းတဲ့အတွေးတွေ ကအကုန်ဝင်လာတယ်။

ဖေ့စ်ဘွတ်ပေါ်မှာတက်ရေးလို့လည်းမပျောက်နိုင်ဘူးဆိုတာ ကျွန်တော်သိနေတယ် ။

ဒါကြောင့်ကျွန်တော် ဖေ့စ်ဘွတ်ကိုတတ်နိုင်သလောက်ယာယီဖြတ်ဖို့ဆုံးဖြတ်လိုက်တယ်။

စကားဝှက်သိနေရင်ဝင်ကြည့်မိနေမှာစိုးလို့ .. စကားဝှက်ကိုလဲပြောင်းပြီးတော့ စာအုပ်တစ်နေရာမှာရေးထားလိုက်တယ်။ ဒါဆိုရင်ကျွန်တော် အကျင့်ဖြစ်ပြီး login ဝင်ချင်ရင်တောင် အလွယ်တကူမဝင်မိတော့ဘူးပေါ့လေ။

အရင်တုန်းကလည်း တက္ကသိုလ်တက်တုန်းက စာမေးပွဲနီးပြီဆိုရင် ကွန်ပျူတာ နဲ့လုံးဝအဆက်ဖြတ်ရတယ်။

အဲဒီခေတ်က ဖုန်းထဲကနေ ဖေ့စ်ဘွတ်သုံးလို့မရသေးဘူး။

အဲဒီလိုအဆက်ဖြတ်တော့မှ ကျွန်တော်စာကျက်တာကိုအာရုံစိုက်လို့ရတယ်.

မဟုတ်ရင်အာရုံပျံ့လွင့်တာအရမ်းများတယ်လေ။

ကျွန်တော်ဖေ့စ်ဘွတ်ကိုရပ်လိုက်ပြီးတော့ IELTS ကိုသေချာပြန်လေ့ကျင့်ဖို့အချိန်ရတယ်။

ဒီဇင်ဘာ လောက်မှာဖြေမယ်လို့ကျွန်တော် စဉ်းစားထားတယ်

ဇန်နဝါရီလဖြစ်ရင်ဖြစ်လိမ့်မယ်။ ဒီကြားထဲ ရတဲ့အချိန်တွေမှာ ကျွန်တော်မြန်မြန် လေ့ကျင့်ဖို့လိုတယ်

ဆက်သင်ယူမယ့်ဘာသာရပ်နဲ့ တက်မယ့်တက္ကသိုလ် နဲ့ကျောင်းကိုရွေးဖို့လိုတယ်။

မာစတာ ဘွဲ့အတွက် ကျွန်တော်ကျောင်းပြန်တက်ချင်ပြီလေ။

သူငယ်ချင်းတွေကလည်းသူတို့ရဲ့ အထူးပြုဘာသာရပ်အသီးသီးမှာ ဝင်ခွင့် အောင်သွားကြပြီ.။

ကျွန်တော်လည်း တစ်ခုတက်ချင်တယ်။

လောလောဆယ်မှာ ကျွန်တော်မျှော်လင့်ထားတာက Health informatics ဆက်သင်မလို့ပဲ။.

တော်တော်များများက ဒီဘာသာရပ်အကြောင်းကိုမသိကြပါဘူး။

ကျွန်တော်အဲဒီဟာကိုရွေးချယ်ရတာအကြောင်းရှိပါတယ်။

အရင်တည်းက ကျွန်တော်တတ်ထားတဲ့ပညာကိုကောင်းကောင်းသုံးချင်တယ်။ မြန်မာနိုင်ငံမှာ တကယ်လိုအပ်နေတဲ့နေရာကို ဝင်ဖြည့်ဆည်းပေးချင်တယ်။

တကယ်တမ်းဆို ကျွန်တော်ဝါသနာပါတာတွေက အများကြီ:ပါ။ ဆေးပညာရပ်ကိုလည်းဝါသနာပါပါတယ်။

ဒါပေမယ့် ရွေးချယ်သူများတဲ့နေရာ လုပ်မယ့်သူတွေအများကြီးရှိတဲ့နေရာကိုကျွန်တော်မရွေးချင်ဘူး။

ဒါကြောင့်  ကျွန်တော်ဝါသနာ ပါလွန်းတဲ့ Information technology နဲ့ ဆေးပညာရပ်ပေါင်းစပ်ထားတဲ့ဘာသာဖြစ်တဲ့ Health informatics ကိုရွေးဖို့ ဆုံးဖြတ်လိုက်တာ.

ဒီနိုင်ငံမှာ အဲဒီဘာသာရပ်က မဖွံ့ဖြိုးသေးဘူး။ သိရသလောက် ဘယ်သူမှလည်း သိပ်မရှိသေးဘူးလို့ထင်တယ်။

EMR လို့ခေါ်တဲ့ Electronic medical record တွေက လူနာတွေအများကြီးကို ကုသစောင့်ရှောက်ရာမှာ အရမ်းအရေးပါပါတယ်။

နိုင်ငံတော်တော်များများမှာ စာရွက်ပေါ်ကနေ Electronic စနစ်နဲ့သွားနေချိန်မှာ မြန်မာနိုင်ငံမှာ စက္ကူပေါ်မှာပဲအလုပ်လုပ်သေးတယ်။

တကယ်လို့ EMRS ပေါ်ပေါက်လာရင်..ဆေးရုံတွေအချင်းချင်း ဆက်သွယ်မှု လျင်မြန်ပြီး သတင်းအချက်အလက် ပေးပို့တာပိုကောင်းလာမှာပါ။ သတင်းပို့တာမြန်ရင် လူနာကိုလည်းမြန်မြန်ကယ်နိုင်မယ်။

မှတ်တမ်းဟောင်းတွေပျောက်လို့ ရောဂါဟောင်းတွေကိုမသိတော့တာလည်း ပျောက်သွားမယ်။

စာရွက်စာတမ်းတွေသိမ်းဆည်းစရာမလိုတဲ့အတွက် မလိုအပ်ဘဲဆရာဝန်တွေသူနာပြုတွေစာရွက်တွေနဲ့အလုပ်မရှုပ်တော့ဘူး။

ဆေးစစ်ချက်စာရွက်စုတ်တွေကိုင်ပြီးဟိုပြေးဒီပြေးပြေးရတာလည်းကင်းဝေးရမယ်။

Soft copy တွေနဲ့ပဲအလုပ်လုပ်ရင် Diagnosis လုပ်တာလည်းမြန်လာမှာပေါ့။

တစ်ယောက်ချင်းကုသရာမှာစွမ်းရည် တက်လာမှာဖြစ်သလို ..လအလိုက် နှစ်အလိုက် ပြန်ပြီး အချက်အလက်တွေကြည့်ရာမှာလည်းလွယ်ကူသွားလိမ့်မယ်။ ဆေးတွေဘယ်လောက်သုံးတယ်ဆိုတာလည်းတိတိကျကျသိရလိမ့်မယ်။

ဘယ်ရောဂါဘယ်လောက်ဖြစ်တယ်။ ဘယ်နေရာမှာ ဘာတွေအဖြစ်များတယ်။ ဘာတွေဖြစ်လာနိုင်တယ်။

စတာတွေတွက်ချက်ဖို့အတွက်လည်း. .ဒေတာအချက်အလက်တွေရပြီဖြစ်တဲ့အတွက်.. epidemiologist တွေအတွက်အရမ်းအစဉ်ပြေပြီးသူတို့အစွမ်းတွေကိုထုတ်ပြနိုင်လိမ့်မယ်။

အားလုံးခြုံလိုက်ရင်.. မြန်မာနိုင်ငံရဲ့ ကျန်းမာရေး အဆင့်တိုးတက်ဖို့ ဒီမှတ်တမ်းသိမ်းဆည်းရေး အချက်အလက်ပြန်ရယူရေးက အရမ်းအရေးပါနေတယ်လို့ကျွန်တာ်က ယုံကြည်ထားတယ်။

ဒါပေမယ့် ဒီဟာ အခုအထိ အကောင်အထည်မပေါ်သေးဘူး။ လုပ်ဆောင်မယ့်ပညာရှင်တွေလည်းမရှိသေးဘူး။

ဒါကြောင့် ကျွန်တော် လုပ်ချင်တယ်။

ခေါင်းထဲမှာ အကြမ်းဖျဉ်းစိတ်ကူးပဲရှိပေမယ့် ဘယ်နေရာကနေဘယ်လိုစမလဲ ။ ဘာတွေလိုအပ်တယ်ဆိုတာကျတော့ သေသေချာချာ ဘာသာရပ်တစ်ခုအနေနဲ့လေ့လာမှ ရလိမ့်မယ်။

အခုကျွန်တော်သင်ချင်တဲ့ health informatics ထဲမှာ ဒါတွေအားလုံးပါလိမ့်မယ်။

ဆေးပညာနဲ့ပတ်သက်တဲ့နယ်ပယ်တွေ ကဘွဲ့ရခဲ့သူတွေဆိုရင် အိုင်တီနဲ့ပတ်သက်တဲ့ပညာကိုဆက်လက်သင်ယူရမှာဖြစ်ပြီး.

အိုင်တီနယ်ပယ်ကလာတဲ့သူဆိုရင်တော့ ဆေးပညာနဲ့ပတ်သက်တာတွေကို သင်ယူရမှာပါ။

ကျွန်တော်ကနှစ်ဖက်စလုံးမှာ အတွေ့အကြုံရှိတယ်လို့ပြောလို့ရတဲ့အတွက်  လေ့လာဖို့ အသင့်တော်ဆုံးဘာသာရပ်လို့ပဲယူဆမိတယ်။

ဒါပေမယ့် ကိုယ့်ပိုက်ဆံနဲ့ကိုယ် ကျောင်းသွားတက်ဖို့ကတော့ ငွေကြေးမတတ်နိုင်ဘူးဗျာ။

ပညာသင်ဆုပဲ လျှောက်ရမှာပေါ့်။ အရင်ကလည်း အခွင့်အရေးတွေတော့ရခဲ့ဘူးတယ်။

အလုပ်အတွေ့အကြုံပေါ်မူတည်ပြီး ပညာသင်ဆုလျှောက်ရင်ရနိုင်မယ့် ဘာသာရပ်မျိုးတွေလည်းရှိခဲ့တယ်

ဒါပေမယ့် ကျွန်တော်လက်လွှတ်ခဲ့တယ် ။ကျွန်တော်နှစ်နှစ်ကာကာ ယုံကြည်တာမျိုးမဟုတ်လို့။

ဆိုရရင် passion မရှိလို့ပေါ့ဗျာ။ နိုင်ငံခြားမှာကျောင်းတက်နိုင်မှာတစ်ခုတည်းနဲ့ ကိုယ်မကြိုက်တဲ့ဘာသာရပ်ကြီးကိုဒုက္ခ ခံမသင်ချင်ဘူး။

ဒါကြောင့်ကိုယ်ဘာလိုချင်တယ်ဆိုတာကိုသေချာသိအောင်ရှာနေခဲ့တယ်။

အခုတော့ ကျွန်တော်လုပ်ချင်တာဒီတစ်ခုသေချာတယ်ဆိုတာကိုသိပြီလို့ထင်တာပဲ။

ရအောင်လုပ်ဖို့ပဲရှိတော့တယ်။

ဒီရက်ပိုင်းအတွင်းမှာ ကျနေတဲ့စိတ်ဓာတ်ကိုဆွဲတင်ပြီး ..မနည်းတွန်းတင်ပြီးလုပ်ခိုင်းနေရတယ်

ငါလုပ်နိုင်တယ်ဆိုတဲ့စိတ်က ခုထိ မပေါ်လာသေးဘူး။ scholarship ရဖို့ ကျောင်းဝင်ခွင့်ရဖို့မလုပ်နိုင်မှာကိုကြောက်နေမိတယ်။

 

အာသာ

7.10.2016

12:50PM

What is the realistic solution?

Today , doctors on facebook are getting rage for a speech by one of the MPs from Ayeyarwady region.
She said ” All the government doctors have to arrive their duty on time , every late arrival will be taken an action according to rules and regulations.
No wonder, doctors in service are gonna be raged out . There are so many unfair things in their working environment ,that made them less tolerant and be sensitive to any words which seemed to be burden for them.
They’ve been doing works days and nights .May be they are not able to arrive in time but they aren’t also dismissed at the exact time .
If a doctor has to work for 24 hours from 8am to next day 8am, he usually leaved from duty at about 11am or 1pm ,sometimes even missed their lunch.
And then, they get back to the work next day .
It’s quite difficult to consider every aspects of the problem.
Like the MP who said that words is also a doctor but not in service. Thus, she can’t understand well about the feelings of in service doctors.
She will have an idea to consider for patients but forgetting the capacity of government doctors.
I am also a doctor who didn’t join to service . According to official data , there are about 10000 doctors currently serving in government hospitals among 30000 registered in board. Therefore, 2 out of 3 doctors are not serving in government work. May be they are not practicing medicine or may be they don’t want to join to government service.
On the other hand, government itself can’t afford to assign all those doctors in hospitals. They can not pay sufficient money for the welfare of health care staffs.
1500 doctors were currently picked up by union civil service board and they are under training in the civil service institutes.
It seems the current workload of doctors will be reduced a bit after those 1500 reinforcements have finished their training.
But, even with these numbers of doctors and health care staffs, we can not give sufficient health care to 51 million people.
There are patients in rural and remote who are not having enough care ,they are going to quacks to cure their diseases.
I don’t know how the system error can be fixed to run smoothly again.
People are dying everyday without receiving necessary treatments .Some of them even died at tertiary hospitals for the late arrival or for inadequate treatments.
The inadequate treatments doesn’t mean health care providers are not caring properly them at the hospitals.
Sometimes, the hospitals can not hold the growth of patients admission. Each and every patient need thorough investigation, rightful diagnosis and treatment and proper counsellings for mentally distressed conditions. However, our hospitals can not provide that far , they are lack of services in one area or sometimes in multiple areas.
There is no insurance policy to cover health care fees for those needy patients.
Government’s free health care policy didn’t work out .A lot of corruptions and unable to use budget wisely caused the allocated funding already in vain.I am really afraid of having illness. You can not get tender loving care at the hospitals , that’s true.
Your illness will be taken away at the hospital but you won’t see the smiles in their face.This is not because of they don’t want to , this is because they are in stressful condition, always worrying about their insecure lives .

The health care system in Myanmar must be changed .
We should not be sheep , we should not be spent our days and efforts in hospitals only by hoping a new day to come.
Outsiders will not understand the pain of health care persons.
Health care staffs,their very low wage incomparable to regional annual salaries , they hate it but they can’t escape from it .
The government need to develop a wise plan for the welfare of health care staffs and patients.
The solution will not be realistic if it only favors the patients and not considering about that of health care providers’.

Arthur Chan

11.9.2016

ကွန်ပျူတာထဲယူနီကုဒ်ထည့်သွင်းခြင်း

ကွန်ပျူတာမှာ ယူနီကုဒ်သုံးချင်သူများအတွက် ကျွန်တော် ယူနီကုဒ်အလွယ်ထည့်နည်းလေးပြောပြပါမယ်။

လိုအပ်တဲ့ပစ္စည်းတွေက

၁. ကွန်ပျူတာ( window 7 or above)

၂.အင်တာနက်သုံးရန် ဘရောက်ဇာ ( Chrome or firefox)

၃.ယူနီကုဒ်ဖောင့်( Myanmar3 or Pyidaungsu or Notosans Myanmar)

၄.ယူနီကုဒ်ကီးဘုတ်

၅. ယူနီကုဒ် လက်ကွက် ပုံ( လက်ကွက်အလွတ်မရသေးရင်ကြည့်ဖို့)

၆.ယူနီကုဒ် Plugin( အင်တာနက်မှာ မြန်မာစာဖတ်တဲ့အခါ ဇော်ဂျီစာတွေ့ရင် အလိုအလျောက် ယူနီကုဒ် ပြောင်းပြပေးဖို့ပါ ။Chrome သို့မဟုတ် Firefox မှာထည့်သွင်းဖို့လိုပါတယ်)

 

Install Myanmar Unicode in Window

၁ နဲ့၂ နဲ့က ရှိပြီးသားလို့ယူဆ တဲ့အတွက်  ကျော်လိုက်ပါတယ်။

 

၃.ယူနီကုဒ်ဖောင့်တွေကိုတော့ ဒီနေရာကနေယူပါ။

မြန်မာ ၃ ဖောင့်

ပြည်ထောင်စု

နိုတိုစံ

ဖောင့်တွေကို ကလစ်နှိပ်ပြီး Install နှိပ်ပေးရပါတယ်။

ပြီးရင် တော့ ယူနီကုဒ်ဖောင့် သုံးမယ့်နေရာတွေမှာ လိုက်ပြီး တော့ ဖောင့်ပြန်ပြောင်းပေးရပါတယ်။ များသောအားဖြင့် ဇော်ဂျီဖောင့်ကိုထားကြတာမိုလို့ပါ။ ဥပမာ Browser,Microsoft Office, Excel ,Powerpoint etc. ( တစ်ခုရှိတာက Page maker နဲ့ Adob e photoshop တွေမှာ ဒီဖောင့်တွေသုံးလို့မရပါဘူး။ Adobe က မြန်မာယူနီကုဒ်ကိုမထောက်ပံ့သေးသလို pagemaker ကုမ္ပဏီကလည်းမရှိတော့တဲ့အတွက် .. သူတို့ software ကို update မလုပ်ပေးတာကြောင့်ဖြစ်ပါတယ်။ Microsoft office မှာသုံးရင်.. ပြည်ထောင်စု သို့မဟုတ် မြန်မာ၃ ကိုသုံးပါ။ ( နိုတိုစံ ဖောင့်ကို browser မှာသုံးပါ) ။ ဘာကြောင့်လဲသိချင်ရင်တော့ နိုတိုစံကို Microsoft office မှာသုံးကြည့်ရင်သိပါလိမ့်မယ်။ နိုတိုစံကို ဂူဂယ်လ် ကုမ္ပဏီကထုတ်ပါတယ်။

Browser မှာဖောင့်မပြောင်းတတ်ရင် ဒီမှာကြည့်ပါ။

http://www.howtogeek.com/208552/how-to-change-the-default-fonts-in-your-web-browser/

 

 

၄ ယူနီကုဒ်ကီးဘုတ် ကိုထည့်ပါမယ်။

ကျွန်တော် အခုသုံးနေတာ ကီးမက်ဂျစ်ပါ။ ဒီစာနဲ့အတူတွဲပါတဲ့ zip folder ထဲမှာ ကီးမက်ဂျစ်ဆော့ဖ်ဝဲကိုပါထည့်ပေးထားပါတယ်။ သူ့ထဲမှာ ပုံမှန် ယူနီကုဒ်လက်ကွက်ကော ဇော်ဂျီလက်ကွက် အတိုင်းပြုလုပ်ထားတာကော နှစ်ခုလုံးပါပါတယ်။ အဆင်ပြေတာနဲ့သုံးလို့ရပါတယ်။ keymagic ကိုဖွင့်ပြီး install လုပ်လိုက်ပါ။

ပြီးတော့ ညာဘက်ထောင့်နားမှာ ကီးမက်ဂျစ် ပုံလေးပေါ်လာပါမယ် ။အပြာရောင် i ပုံလေးနဲ့ပါ။

သူ့ရဲ့ အားနည်းချက်က ကွန်ပျူတာ တစ်ခါဖွင့်ရင် တစ်ခါ Run ပေးရပါတယ်။ စက်စဖွင့်ဖွင့်ချင်း auto မ run ပါဘူး။

ကီးဘုတ်ကို English <-> unicode ပြောင်းချင်ရင် shortcut က တော့ Ctrl+Alt+M ပါ ။

 

၅. လက်ကွက်ပုံစံလည်း ဖိုင်ထဲမှာထည့်ပေးထားပါတယ်။ အောက်ကပုံပါ။

အစပိုင်းမှာမရင်းနှီးသေးရင်တော့ ဇော်ဂျီလက်ကွက်အတိုင်းပဲရိုက်ပါ ။ယူနီကုဒ်လက်ကွက်တော့ အထာသိသွားရင်ဇော်ဂျီထက်ပိုမြန်ပါတယ်။.သူ့ရဲ့သဘောတရားမသိရင်တော့ ကီးတွေပျောက်နေတယ်လို့ခံစားရပါလိမ့်မယ်။

Myanmar3_Unicode_keyboard_Layout (1).jpg

 

၆.အင်တာနက်သုံးရာတွင်သုံးဖို့ Unicode Plugin ( ယူနီကုဒ် ပလက်ဂင်)

ခရုမ်း( Chrome browser အတွက်)

https://chrome.google.com/webstore/detail/mua-web-unicode-converter/jnmdbgnckbbmblkbammnfagdmikchhnp

 

Firefox Browser အတွက်

https://addons.mozilla.org/en-US/firefox/addon/mua-web-unicode-converter/

 

အပေါ်ကပေးထားတဲ့လင့်တွေကိုဖွင့်ရင်.. plugin သွင်းတဲ့ page ကိုရောက်သွားပါလိမ့်မယ် ။install နှိပ်တာနဲ့ အော်တို ဘရောက်ဇာထဲ plugin သွင်းပေးသွားပါလိမ့်မယ်။ ဒါဆိုရင် ဘရောက်ဇာထဲမှာ ဘယ် website ကြည့်ကြည့် အော်တို ယူနီကုဒ်နဲ့ပြပါလိမ့်မယ် ၊ အဲဒီ browser တွေမှာတော့ .. စာရိုက်ရင် ယူနီကုဒ်လက်ကွက်နဲ့ရိုက်မှ မှန်ပါလိမ့်မယ်။ ကိုယ်က ယူနီကုဒ်နဲ့ရိုက်ပြီး မှ ဇော်ဂျီနဲ့ပဲ ပြချင်လို့ပါဆိုရင်တော့ ကိုယ်ရိုက်ထားတဲ့စာကို အောက်ပါ website မှာ သွားပြီး ဇော်ဂျီဖောင့်ပြန်ပြောင်းရပါတယ်။

http://www.mcfmyanmar.org/myanmar-unicode-converter/

 

 

ကျွန်တော်တို့ဘာကြောင့်စနစ်တစ်ခုပဲလိုသလဲ

မြန်မာ နိုင်ငံမှာ ယူနီကုဒ် က မရှိမဖြစ်လိုအပ်နေပါတယ်။


အခြားသော ငြိမ်းချမ်းရေး၊ ပညာရေး၊ စီးပွားရေး၊ကျန်းမာရေး စွမ်းအင်ကိစ္စမျိုးတွေက အရေးကြီးသိလို ဒီကိစ္စကလည်း အရေးကြီးတယ်ဆိုတာ ကို နိုင်ငံရေးလုပ်နေကြသူတွေ လက်ခံစေချင်တယ်။
 
ဒါပေမယ့် တော်တော်များများ ကမရောင်ရာဆီလူးတယ်။ အလုပ်မရှိကြောင်ရေချိုးနေကြသူများဆိုပြီး ယူနီကုဒ်ဆိုတာမရှိလည်းဖြစ်တယ်။ နောက်မှ လုပ်လည်းဖြစ်တယ်ဆိုတာမျိုးခဏခဏပြောနေကြတာမြင်တော့ ကျွန်တော်တော်တော်ခံစားရပါတယ်။
 
အခုပဲရေးလို့ဖတ်လို့ရနေရင် အဆင်ပြေပြီလေ ဒီထက် ဘာများပိုထက်လိုသေးလို့လည်းဆိုတဲ့ ပုံစံတွေနဲ့ပြောနေကြတာမြင်တော့ ကျွန်တော့်မှာ ပြောစရာစကားတွေဆွံ့အလို့နေတယ်။
ကျွန်တော်အောက်မှာဆက်လက်ပြောသွားမယ့်အကြောင်းအရာက ဘာလို့ကျွန်တော်တို့ စံစနစ်တစ်ခုကိုအရေးတကြီးလိုအပ်သလဲဆိုတာလေးတွေ ဥပမာတွေနဲ့ဖော်ပြသွားမှာဖြစ်ပါတယ်။
 
 
လွန်ခဲ့တဲ့ ၈နှစ်လောက်က ကျွန်တော်က ကွန်ပျူတာအရမ်းရူးသွပ်သူတစ်ဦးပါ။ 
ပေါက်ဖွားလာတဲ့ပတ်ဝန်းကျင်က ခေတ်မီတဲ့ပတ်ဝန်းကျင်တော့မဟုတ်လားဘူး။ မထင်မရှားနယ်မြို့လေးတစ်မြို့မှာ ကလေးဘဝကုန်ဆုံးခဲ့ရတာပေါ့။ ကွန်ပျူတာဆိုတာစကိုင်ဘူး။ အင်တာနက်ဆိုတာတွေမြင်ဖူးနေတော့ ကျွန်တော် တန်းတန်းစွဲဖြစ်ခဲ့တာပေါ့။
 
ကျွန်တော်ကွန်ပျူတာလိုချင်တယ်လို့ ပြောတိုင်း အမေက နင့်ကွန်ပျူတာက ဘာလုပ်လို့ရလဲဆိုပြီးမေးတယ်။ကျွန်တော်ဘယ်လိုဖြေရမလဲမသိဘူး။ လုပ်လို့ရတာတွေ ကိုပြောရင် မကုန်နိုင်ဘူးလေ။
အင်တာနက်ဆိုတာဘာလည်းဆိုတာလည်းအမေမသိဘူး။
 
ဒါပေမယ့်၆နှစ်လောက်ကြာပြီးတဲ့နောက်မှာတော့ သူ့ဖုန်းထဲက နေ အင်တာနက်ဖွင့်ဖေ့စ်ဘွတ်သုံးနေပြီ.
 
ဒီလိုပဲ 
အခုနေ မင်းတို့ယူနီကုဒ်ကြီးဘာလုပ်လို့ရမှာလဲ … ငါတို့လိုတာမှန်သမျှ အတွက် အဆင်ပြေပြေသုံးနိုင်တဲ့ ဇော်ဂျီရှိနေပြီ သွားတော့ ဂျောင်းတော့ဆိုပြီး ပြောနေကြသူတွေအတွက်.. သူတို့စိတ်ကူးဖူးတာထက်ပိုပြီး အသုံးချနိုင်လာပါလိမ့်မယ်လို့ ရဲရဲ ပြောရဲပါတယ်။
လောလောဆယ်မှာဘာလုပ်လို့ရလဲဆိုတာကိုကျွန်တော် ပြောရင် ၄ ခု ၅ ခုထက်မပိုပါဘူး။
ဥပမာ ဘာသာပြန်စနစ်တို့၊ စကားလုံးကိုအသံထွက်ဖတ်ြပတာတို့၊ လိုချင်တာမှန်သမျှ ၏ သည် မလွဲရှာတွေ့နိုင်တာတို့ စသဖြင့်ပေါ့်။
 
ဒါတွေက ဇော်ဂျီဖောင့်မှာလုပ်လို့မရဘူး။.. ယူနီကုဒ်မှာပဲ လုပ်လို့ရတယ်။
ဒါပေမယ့် တကယ် နေ့စဉ် သုံးနေတဲ့သူတွေအတွက် ကျတော့ ဒါတွေက အဓိက မကျဘူး ဆိုတာလည်းကျွန်တော်သဘောပေါက်လက်ခံပါတယ်။ သူတို့အတွက် စာရေးစာဖတ်ဖို့ ဆိုတာ ဦးစားပေးနံပါတ် ၁ ပါ၊
ဒီနေရာမှာ ပြေလည်အောင်မလုပ်နိုင်ပဲနဲ့ကျန်တဲ့အဆင့်တွေကိုလှည့်တောင်မကြည့်ပါဘူး။.
 
ယူနီကုဒ်ဆိုတာ က တစ်ကမ္ဘာလုံးဆိုင်တဲ့နည်းပညာပါ။ နေ့စဉ်နေ့တိုင်း ကျွန်တော်တို့ အိမ်မက်တောင်မမက်ဖူးတဲ့ နည်းပညာအသစ်တွေပေါ်ထွက်နေပါတယ်။ လူမျိုးပေါင်းစုံ ဘာသာစကားပေါင်းစုံပြောဆိုနေကြရာမှာ အဲဒီဘာသာစကားတွေ သဟဇတဖြစ်ပြီး တည်ရှိနေဖို့ .တစ်ခုခုတီထွင်လို့. မူရင်းဘာသာစကား အင်္ဂလိပ်စာအတွက် အဆင်ပြေရင် ကျန်တဲ့ဘာသာတွေမှာလည်း ရရှိနိုင်ဖို့ဆိုတာ တွေက အားလုံးဝိုင်းဝန်းဆောင်ရွက်နေကြတာတွေပါ။
ကမ္ဘာပေါ်မှာ အင်္ဂလိပ်စာမတက်သော သူ၊ စာမဖတ်နို်င်သောသူ၊ မျက်စိမမြင်နိုင်သောသူတွေမြောက်များစွာ ကျန်နေပါသေးတယ်။
ဒါတွေကျွန်တော်တို့ လုပ်ရပါဦးမယ်။ ကိုယ်တိုင်မပါဝင်ရင်တောင် သူတို့တွေရှိနေတယ်ဆိုတဲ့အသိလေးထားရှိရပါဦးမယ်။
 
 
ကျွန်တော်တို့ လူမျိုးတွေ ပြောလေ့ရှိပါတယ်။ သူများနိုင်ငံတွေ မိခင်ဘာသာစကားနဲ့ စက်ရုပ်တွေထွင်နေပြီ။ ခလုပ်တချက်နှိပ်တာနဲ့ ကိုယ်လိုချင်တာကို ကိုယ့်ဘာသာနဲ့ထွက်လာနေပြီ။ မျက်စိနဲ့စာဖတ်စရာမလိုအောင် အလိုလိုဖတ်ပြနေပြီ။ အသံနဲ့အမိန့်ပေးရုံနဲ့ ကိုယ်လိုချင်တာကိုလုပ်ပေးနေပြီ။ 
 
သူများနိုင်ငံတွေဒီလိုလုပ်လို့ရနေချိန်မှာ ငါတို့နိုင်ငံမှာ ဒီယူနီကုဒ် ဇော်ဂျီပြဿနာပဲတက်နေတယ်ဆိုပြီးတော့လေ။
 
အဲဒီလိုတွေ အဆင့်ဆင့်တည်ဆောက်ဖို့ ဆက်လက်တီထွင်ဖို့ ချဲ့ထွင်ဖို့အတွက် အခြေခံအကျဆုံး စနစ်တွေရှိပါတယ်။
အဲဒီထဲက အခြေခံအကျဆုံးစနစ်က ဘာသာစကားတွေအားလုံး သဟဇာတဖြစ်စွာအတူတူတည်ရှိနေဖို့လုပ်ထားတဲ့ယူနီကုဒ်စနစ်ပါ။ ကျွန်တော်တို့ ခြေတံရှည်အိမ်ဆောက်ပြီး ၁၀ထပ်တိုက်အဖြစ်အဆင့်မြှင့်ချင်လို့မရပါဘူး။ သစ်သားအိမ်ဆောက်ပြီး ကွန်ဒိုလိုနေချင်လို့မရပါဘူး.။
သူ့အဆင့်နဲ့သူ လုပ်ဆောင်နိုင်တာတွေရှိပါတယ်။
ဒီလိုပဲ ဇော်ဂျီ မြန်မာစာစနစ်မှာလည်း သူ့အဆင့်နဲ့သူရှိပါတယ်။ သူမိုင်ကုန်စွမ်းဆောင်နို်င်တာတွေရှိပါတယ်။ 
အဲဒီထက်ကျော်လွန်အောင်သူ မလုပ်ပေးနိုင်ပါဘူး။ အပေါ်မှာကျွန်တော်ပြောသွားတဲ့ အဆင့်မြင့်တီထွင်မှုတွေကိုဇော်ဂျီစနစ်ပေါ်အခြေခံပြီး ဖန်တီးလို့မရပါဘူး။
ဒါကြောင့် စံစနစ်ကလိုကိုလိုပါတယ်။ 
ဒါဆိုအခုချက်ချင်းကြီးလိုတာလားလို့မေးစရာရှိပါတယ်။
 
ကျွန်တော့်အမြင်ကတော့ မြန်နိုင်လေကောင်းလေဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်နေ့ထက်တစ်နေ့ အင်တာနက်ပေါ်မှာ မြန်မာလိုရေးထားတဲ့အချက်အလက်တွေကပိုပိုများလာပါတယ်။
သေချာတာကတော့ ၉၀ ရာခိုင်နှုန်းက မြန်မာစာ ဇော်ဂျီစနစ်နဲ့ရေးသားထားတာတွေပါ။ 
 
ဒီနေ့ကျွန်တော်ရေးလိုက်တယ်။ဘာမှမထူးသွားပါဘူး။ မနက်ဖြန်ဆက်ရေးလည်းဘာမှမထူးပါဘူး။
ဒါပေမယ့် ၅နှစ်လောက်အတွင်းလူပေါင်း သန်း၂၀ လောက်က ရေးနေတဲ့အချက်အလက်တွေက .နောင်ဆိုရင် 
ရှာရဖွေရခက် ထိန်းသိမ်းရခက် ။ အချက်အလက်ပြုစုရခက်တဲ့ စကားအရှုပ်အထွေးတွေဖြစ်လာပါတော့မယ်။
ဒါကိုသာမာန်သုံးတဲ့သူက ဘာမှ မသိနိုင်သလို သူ့အတွက်ဘာမှ လည်းမထူးသွားပါဘူး။.
ထူးသွားမယ့်သူတွေကတော့ နိုင်ငံတစ်ခုရဲ့ဖြစ်ပျက်နေတဲ့ အကြောင်းအရာ ၊ လူမှုရေး၊စီးပွားရေး၊ ကျန်းမာရေး၊ စသဖြင့် ကဏ္ဍပေါင်းစုံမှာ ရရှိလာတဲ့အချက်အလက်တွေ Research လုပ်ဖို့၊ ဘာဆက်လုပ်မလဲစဉ်းစားဆုံးဖြတ်ဖို့ ဆိုတာတွေမှာ လုပ်ဆောင်နေတဲ့ပညာရှင်တွေအတွက် အခက်အခဲဖြစ်လာပါတယ်။
ဒေတာအချက်အလက်တွေပွစိနေရင် ထွက်လာတဲ့အဖြေတွေက လည်း မရေမရာ ဖြစ်ပြီးတကယ်အသုံးပြုလို့မရတာတွေဖြစ်လာမှာပါ။.
 
နောက်တစ်ခုကတော့ လူတိုင်းက စာရေးစာဖတ်ဖို့ပဲအားသန်တယ်ဆိုရင် တီထွင်သူတွေက အဲဒီဘက်ကိုပဲဆက်လက်တီထွင်နေမှာပါ။ ကျန်တဲ့အဆင့်မြင့် ကိစ္စတွေကို လုပ်ဖို့ဆိုရင် ယူနီကုဒ်စနစ်သုံးမှ ဖြစ်မယ့် ပုံစံပါ။ သုံးစွဲသူကလည်း ယူနီကုဒ်မသုံးတော့ သူတို့ဘာပဲတီထွင်တီထွင် မအောင်မြင်အလကားဖြစ်နေပါလိမ့်မယ်။
ဒါကြောင့် အောင်မြင်လွယ် ၊ ငွေကြေးရလွယ်တဲ့ လမ်းကိုပဲ လိုက်ကြရင်းကျွန်တော်တို့ နိုင်ငံက နည်းပညာမှာခေတ်နောက်ကျကျန်နေခဲ့ပါတော့တယ်။ တစ်ခုခုတီထွင်တိုင်း စကားလုံးတွေမှန်မှန်ကန်ကန်မြင်ရဖို့ဆိုတာ အပိုစဉ်းစားရတဲ့အချက်တစ်ခုလိုဖြစ်နေကြမှာပါ။ အခြားနို်င်ငံတွေမှာဆို သူတို့ မှာအစိုးရကသတ်မှတ်ထားပြီးသား အားလုံးလက်ခံပြီးသား စနစ်ရှိလို့ ဘာမှ ပြဿနာပေါ်စရာမရှိပဲ ကျန်တဲ့ကိစ္စတွေမှာ မိမိဦးနှောက်ကို ပိုအသုံးချလို့ရနေမှာပါ။
 
ဒါဆိုရင် အသုံးပြုတဲ့သူတွေကပြောမယ် ၊ ဘာလို့ဒီအကြောင်းတွေကို ငါတို့လာပြောနေရသလဲ။ သိဖို့လိုမှမလိုအပ်တာလို့ထပ်ပြောပါလိမ့်ဦးမယ်။ 
ဒီစာကိုရေးတဲ့ရည်ရွယ်ချက်က အပေါ်မှာပြောခဲ့သလို ကျွန်တော်တို့ ဘာကြောင့်ပဲ ဇော်ဂျီစနစ်ကိုဆက်သုံးရ သုံးရ .. 
ယူနီကုဒ်ကိုတော့ တစ်နေ့နေ့သုံးမှ ဖြစ်မယ်ဆိုတဲ့အသိဝင်စေချင်တာပါ။
ယူနီကုဒ် ကို အားလုံးအတွက် လိုအပ်မယ့်စနစ်တစ်ခုလို့ပဲ မြင်ထားလိုက်ပါ။ သူ့ဆီမှာ အားနည်းချက်တစ်ချို့ရှိပါမယ်။ ဒါပေမယ့် အကြီးစား အားနည်းချက်မဟုတ်တဲ့အတွက် ပြင်ဆင်လို့ရပါသေးတယ်။ အားလုံးဝိုင်းဝန်းလိုက်ကြရင်ဖြစ်နိုင်ပါတယ်။ လောလောဆယ်မှာ အစိုးရကိုယူနီကုဒ်အဖွဲ့တွေက စာတင်တယ်ကြားပါတယ်။ ဟုတ်ပါလိမ့်မယ်။
ပညာရှင်တွေကို စုစည်းပြီးအဖြေရှာဖို့ကော၊ တစ်ယောက်တစ်ပေါက်ပြောနေကြတာထက်စာရင် စနစ်နှစ်ခုရဲ့ အားသာချက်အားနည်ချက် နဲ့ ဖြေရှင်းပုံတွေကိုစဉ်းစားဖို့ အစိုးရကဝင်ကူမှရပါလိမ့်မယ်။ပြင်ပမှာတည်ရှိနေသော မည်သည့်အဖွဲ့အစည်းမှ ဖြေရှင်းနိုင်မယ့်ပြဿနာမဟုတ်ပါဘူး။
ကျွန်တော်တို့ရဲ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို လိပ်မူပြီးစာတင်တယ်ဆိုပေမယ့်.. 
တကယ်တန်းတော့ ပြဿနာရဲ့အတိမ်အနက် ကိုသိစေချင်လို့ လိပ်မူခြင်းသာဖြစ်ပါတယ်။
အစိုးရကဦးဆောင်သော အဖွဲ့အစည်းတစ်ခုကသေသေချာချာ နားထောင် အဖြေရှာပေးရင်.. ဒီပြဿနာ ကို ကျွန်တော်တို ကျော်လွှားနိုင်မှာပါ။
 
တကယ်တော့ ဖြေရှင်းနည်းတွေကလည်းစုံနေအောင်ရှိပါတယ်။ အားလုံးလိုက်နာဖို့ကျတော့ အာဏာရှိတဲ့သူရဲ့စကားနဲ့မှ ထိန်းကွပ်လို့ရနို်င်ပါလိမ့်မယ်
ဒါကြောင့်အစိုးရ ပါဝင်ဖို့လိုအပ်ခြင်းပါ။ အခုအချိန်အထိ .. အစိုးရဝက်ဘ်ဆိုဒ်တွေ ဇော်ဂျီ၊ ယူနီကုဒ်နဲ့ အင်္ဂလိပ်စာ သုံးမျိုးတင်ရစမြဲပါ။ အစိုးရမပြတ်သားခဲ့လို့.. မက်ထရစ်စနစ်ရယ် အင်ပရီရယ် စနစ် ရယ်နှစ်ခုလုံးသုံးတဲ့ နိုင်ငံ၃ခုထဲမှာလည်းတစ်ခုအပါအဝင်ဖြစ်ခဲ့ပြီးပါပြီ။ First name ,Last name, Family name မရှိ၊ ကိုယ့်ဆွေစဉ်မျိုးဆက်ဘယ်သူမှန်းအစဖော်မရတဲ့လူမျိုးလည်းဖြစ်နေပြီးပါပြီ။
 
တစ်နိုင်ငံ စနစ်နှစ်ခုရှိနေခဲ့သော နေရာတော်တော်များလှပါပြီ။
ဒီဂျစ်တယ်ခေတ်မှာတော့ ကျွန်တော်တို့နှစ်ခုဆက်ရှိနေလို့မကောင်းပါ။ ကိုယ်အလေးချိန်ကို ကီလိုနဲ့ပဲပြောပြော 
ပေါင်နဲ့ပဲ ပြောပြောကိစ္စမရှိပါ။ အပူချိန်ကို စင်တီဂရိတ်နဲ့ပဲပြောပြော၊ ဖာရင်ဟိုက်ပဲပြောပြောကိစ္စမရှိပါ။
မြန်မာ ပြက္ကဒိန်နဲ့ပဲ နေ့တွက်တွက်.. ခရစ်ပြက္ကဒိန်နဲ့ပဲတွက်တွက် ဘာမှမဖြစ်ပါ။ 
နေ့တိုင်းအသုံးပြုနေရတာမဟုတ်သလို သုံးသူလည်းနည်းပါတယ်။
 
ဒါပေမယ့် ဒီကွန်ပျူတာဘာသာစကားစနစ်ကျတော့မတူတော့ပါဘူး ။ အင်တာနက်ခေတ်စားလာ စမတ်ဖုန်းတွေပေါလာတာနဲ့အတူ ကျွန်တော်တို့အသုံးအပြုဆုံး အရာ၊ အထိအတွေ့အများဆုံး။ ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝထဲမှာ နေရာအကြီးကြီးတစ်ခုယူထားသောအရာဖြစ်နေပါပြီ။
ဒီအတွက် ကျွန်တော်တို့နေ့စဉ်ရက်ဆက်အသုံးပြုသွားမယ့်အရာ ၊ နောင်ကိုပိုတောင်တိုးပွားလာမယ့်ကိစ္စတစ်ခုအတွက် ..
ရေရှည်ခိုင်မာသော အရာတစ်ခုကို မစဉ်းစားသင့်ဘူးလား။
 
 ယခင် ရွေးကောက်ပွဲမဲစစ်ဆေးစဉ်ကလည်း. အွန်လိုင်းကနေမဲစာရင်းရှာမတွေ့တာမျိုးလည်းကြုံခဲ့ဖူးပါပြီ။ ရှာဖွေဖို့အတွက် ယူနီကုဒ်စနစ်ကိုပဲသုံးထားပြီး
အချက်အလက် ထည့်သွင်းတဲ့နေရာမှာတော့ မသိလို့ပဲဖြစ်စေ နားမလည်လို့ပဲဖြစ်စေ၊ အခြားစာရိုက်စနစ်တွေသုံးလို့လည်းဖြစ်နိုင်ပါတယ်။ မြန်မာစကားတည်ဆောက်ပုံက အင်္ဂလိပ်စာလိုမရိုးရှင်းတဲ့အတွက် . .. ရှာဖွေရာမှာရော .. အချက်အလက်ဖြည့်တဲ့နေရာမှာပါ တိကျအောင်မလုပ်ခဲ့ရင် နောင်မှပြဿနာပေါ်ပါတယ်။
လာမယ့်၅နှစ်မှာ
ဖုန်းထဲကနေအဆင်သင့်..မဲစာရင်းကောက်စစ်လို့ရတဲ့အခြေအနေဖြစ်သင့်ပါပြီ။ အကောင့်နံပါတ်တစ်ခုနဲ့ .. မိမိရဲ့ ကျန်းမာရေးဆိုင်ရာအချက်အလက်တွေ စစ်လို့ရတဲ့အခြေအနေဖြစ်သင့်ပါပြီ။ လူတိုင်းရဲ့မှတ်ပုံတင်နံပါတ်၊ စာရင်းနဲ့ အချက်အလက်တွေကို ကွန်ပျူတာဒေတာဘေ့်စ်နဲ့ ရှာဖွေ လို့ရသင့်ပါပြီ။
ဒါတွေအားလုံးကို အင်္ဂလိပ်လိုပဲ မှတ်သားမယ်ဆိုတဲ့ စိတ်ကူးမရှိခဲ့ဖူးဆိုရင် … အစိုးရရဲ့သက်ဆိုင်သော ဝန်ကြီးဌာန တစ်ခုခုက အခုအချိန်မှာ မြကျောက်ဖျာတင်းနေသင့်ပါပြီလို့ ဆိုရင်း. နိဂုံးချုပ်လို်က်ပါတယ်ခင်ဗျာ။
 
အာသာ
၂၁.ဇူလိုင် ၂၀၁၆ခုနှစ်

Tough day

Developing website is tough.

Today, my hosting account has expired. It happened while I was editing website live .

Both my visa card and paypal account were unable to use. I requested  my fri from Ausie to help. Luckily, he helped me immediately and my account was recovered. Nothing was lost .

I spent 7 hours straight in front of computer to edit that website.

The trouble I faced was unable to run wordpress on local server .

I tried to move web from live to local server . Something was wrong . I tried 5 times to upload on local server .All the contents posts and pages were missing everytime I tried.

Since I am not professional in this area, the problem I encountered was huge.

Ahh! My back are strict and neck also. I am still working on it.

I know I should be rest . But I can’t .

I can not stop until I found the answer.

 

 

Unemployed or self-employed?

I have known something ,the reason why i was feeling so tired and stressful although I actually don’t have any regular work to prove.

Because, unemployed doesn’t mean I have anything else to do, literally I have so many works running the same time. They can be assumed as works or not real work.
Reading is my routine work to do day by day.
It includes reading english texts such as news, and medical articles especially the disease and treatment popped up in my head. Not only reading , listening Ted talks, english podcast and conversations took too much time and eating,driving and even sleeping are all counted on those listening time. I do this because I want to be fluent in english .
Practicing old questions , figuring out the questions and strategy to get high marks in test are not an easy one.
Besides all those things, I have  to read and study current treatment to be able to give proper management to patients. I don’t have my own clinic .But there is a charity clinic I used to sit on some days. i have been lacked of practice for long term.
Beside those tasks, I am working on IT projects .
Rally headaching and totally not my professional field. So, i have to put so much effort to understand .
Everything was started from scratch.
After doing all those works, what i realized is I don’t get paid for what i did.
May be a little.
Financial task come after those tasks. I try not to forget What I have to obtain .
That ‘s also a concentrating work. I have apps running on their own and small amount of money comes from that apps everyday. I have 5 apps in total , 3 apps can make money everyday.Although they are all self-running apps, little time for maintenance is necessary to make sure whether they are running or not. Because of the sanction, money from oversea can not directly come into my bank acc.
That’s why in indirect way, my friend in oversea received what I have to get and transfer back to me.
A little complicated and there are unsolved issues still existing and some of my money are under their restriction.
So, if i wrap up all the tasks I am handling , I am unemployed, but not really a stress free man.
My family and my environment want me to see a working man in somewhere they can see visually.
But the kind of work they mention is not actually a work for me. It’s kind of boring even though I was paying every month. Not productive ,not exciting..
My current situation is no leisure time but I have to work every minutes,seconds and hours of my day.
Stressful, no off day, no night out , no girl friend, no encouragement , no respect, no fun…
I am sick of this life and really wanna quit.
Want to be active and work independently .
Wanna work with people.
I am thinking to work in NGO (MSF doctors without border). I think it will be kind of exciting and will have fun caring people and helping out.
But on the other side, a scholarship i am waiting is not responded yet. I didn’t hope too much in the first place. It was my first time applying for scholarship and I didn’t know strategy and neither to show off my IELTS certificate.
But if i can hear a good news from them, it will be very great for me.
A bless I dare not hope.
Although I thought to apply another scholarship to catch july deadline , not having IELTS score is a burden for me .
I collapsed to make it .
But , I am sure I will the IELTS test in September .
Will make sure to get satisfied score I hoped for.
The end .
1st July 2016
Nyein Chan Ko Ko

Eng Myanmar Medical Dictionary Project

I was trying to make english myanmar medical dictionary by myself.

Actually, I already have some eng myanmar medical books . What I wanna do is to convert them to electronic dictionary to use in mobile devices.

I literally don’t want to use every words from books , I rather want to define more precisely than in dicitonary book.

That’s why I created a form and spreadsheet in google to start a project. I and my friend will input data into that sheet.

It will take time of course, but we really want to make it happen.

Here is the form to input data into dictionary.

 

 

ထက်မြက်သောဓားသွားပေါ်က ချိုမြမြပျားရည်စက်

စာရေးချင်စိတ်ပေါ် ပေါ်နေလို့ ရေးလိုက်ပါဦးမယ်။ အခုတလော စာအုပ်တစ်အုပ်ဖတ်ဖြစ်နေတယ်။ စာအုပ်ရဲ့နာမည်က ထက်မြက်သောဓားသွားပေါ်က ချိုမြမြပျားရည်စက်တဲ့။

စာရေးဆရာ ညီပုလေး ရေးတာ။ တကယ်တော့ဆရာ ညီပုလေးရဲ့စာအုပ်တွေကို မဖတ်ဖူးပါဘူး။

ဒါပထမဆုံးပဲ။ ဒါပေမယ့်လက်ကမချချင်လောက်အောင်ကောင်းတယ်။

စာအုပ်ရဲ့အကြောင်းက သူလုပ်ချင်ရာလုပ်တတ်တဲ့ အရမ်းတော်တဲ့ ခွဲစိတ်ဆရာဝန်ကြီးတစ်ယောက်အကြောင်း။

ခွဲစိတ်ဆရာဝန်ကြီးဆိုပေမယ့် မြို့ကြီးပြကြီးမှာနေတဲ့ ခွဲစိတ်ဆရာဝန်ကြီးမဟုတ်ဘူး ။

ဟိုးဝေးလံခေါင်ဖျားတဲ့ ချင်းတောင်ပေါ်မှာ နှစ်ရှည်လများနေပြီး ခွဲစိတ်တာတွေလုပ်ခဲ့ ၊ဒေသဖွံ့ဖြိုးရေးတွေလုပ်၊ ငြိမ်းချမ်းရေးတွေရအောင်လုပ်ခဲ့သူတစ်ဦး။

သူ့နာမည်က ဦးသိန်းလှိုင်တဲ့ ။ နာဂသိန်းလှိုင်လို့နာမည်ကြီးတယ်။ သူက တရုတ်သွေးစပ်တဲ့ ကပြားတစ်ဦး။

ချမ်းသာတဲ့မိသားစုကမွေးလာတယ်။ သူ့အတွက်ဘာမှလိုလေသေးမရှိတဲ့ဘဝ မှာနေလာတယ်။ ဒါပေမယ့် လူကြီးတွေကိုမျက်နှာချိုမသွေးတတ်၊ လူကြီးတွေမျက်စိထဲ မျက်စိစပါးမွှေးဆူးစရာ လူတစ်ဦးဖြစ်တဲ့အခါ သူ့လိုလူမှာလည်း ကံဆိုးခြင်းတွေ ရောက်လာခဲ့တယ်။ သူကံဆိုးတာ က အခြားသူတွေ ကံကောင်းဖို့ဖြစ်လာတယ်။

အထူးသဖြင့်တောင်ပေါ်ဒေသ နဲ့အနီးတဝိုက်ကလူနာတွေပေါ့။

သူကကျောင်းသားဘဝထဲက ခွဲစိတ်ပညာကိုဝါသနာပါတယ်။ အခြားကျောင်းသားတွေထက် လည်းပိုမိုအတွေ့အကြုံရှိခဲ့တယ်။ လူသေတွေကိုခွဲစိတ်လို့ရအောင် အမျိူးမျိုးကြံဖန်ခဲ့တာကိုး။

သူ ဖတ်ခဲ့ဖူးတဲ့စာအုပ်တစ်အုပ်က ဆရာဝန်တွေရဲ့ဘဝမှတ်တမ်းဆိုတဲ့ စာအုပ်ကြီးတစ်အုပ်။ စာကြည့်တိုက်က နေရှာတွေ့ခဲ့တာ။ သူအဲဒီစာအုပ်ကိုဖတ်ပြီးတော့ ဆရာဝန်တွေ ဘယ်လို ဘဝကို ကျော်ဖြတ်လဲဆိုတာကို စိတ်ဝင်စားခဲ့တယ်။ အလုပ်သင်ဆင်းတဲ့အခါ အလုပ်သင်ဆရာဝန်တိုင်း ချီးမြင့်ငွေမရတဲ့အတွက် အစိုးရကို တောင်းဆိုတဲ့ လှုပ်ရှားမှုကိုဦးဆောင်ခဲ့တယ်။

ဦးနုအစိုးရက ချော့တစ်လှည့်ခြောက်တစ်လှည့် သူ့ကို ဖိအားပေးပေမယ့် ဆရာဝန်တွေ သပိတ်မှောက်ပါတယ်ဆိုပြီးဖြစ်အောင် အမျိူးမျိူးကြံစည်ခဲ့တယ်။

နောက်ဆုံးမှာ ဆရာဝန်တိုင်း ချီးမြင့်ငွေရခဲ့ပေမယ့် သူ့ကိုတော့ ကွန်မြူနစ်ပါဆိုပြီး စွပ်စွဲထားတဲ့ စာမှာ အတင်းလက်မှတ်ရေးထိုးခံရတယ်။

ဆရာဝန်တွေအားလုံးချီးမြင့်ငွေရပုံမှန်ရဖို့အတွက် .. နောက်တက်လာတဲ့ဆရာဝန်တိုင်းချီးမြင့်ငွေ ပေးဖို့အတွက် သူအဲဒီစာချုပ်မှာလက်မှတ်ထိုးပေးခဲ့ရတယ်။

အဲ ဒါကြောင့်ပဲ လူကြီးတွေရဲ့အမျက်ရှခံရတယ်။

အလုပ်သင်ဆရာဝန်ဘဝကို ပြီးအောင်မနေခဲ့ရဘူး။

နောက်ဆုံး တာဝန်ချပေးတဲ့နေရာမှာ သူ့ရဲ့နာမည်ပါမလာဘူး။

အဲဒီနောက်သင်္ဘော ဆရာဝန်ဖြစ်တယ်။

တနင်္သာရီဘက်မှာ ဆရာဝန်သွားလုပ်ခဲ့ရတယ်။

နောက်မန္တလေးကိုပြန်ရောက် ပြီး ဆေးရုံကြီးမှာ လုပ်နေတုန်း ရန်ကုန်ကနေစာရောက်လာပြီး .. သူမပါဝင်တဲ့ ကုသမှုတစ်ခုမှာ လူနာသေသွားပါတယ်ဆိုပြီး စွပ်စွဲခံရတယ်။

သူနဲ့သက်ဆိုင်တဲ့ကိစ္စမဟုတ်ပေမယ့် ထုံးစံအတိုင်း လူကြီးကအမျက်ရှပြီး .. အခေါင်ခိုက်ဆုံးနေရာဖြစ်တဲ့ ချင်းတောင် ခန္တီးကိုပို့လိုက်တယ်။

ပစ္စည်းဘာမှ ပြည့်ပြည့်စုံစုံ မရှိ ၊ စားစရာခက်ခဲ၊ သွားလာရေးခက်ခဲ၊ ဆေးဝါးခက်ခဲတဲ့ဒေသမှာ သူ နေပြီး .. ချင်းတောင်တစ်ဝိုက်က အလုံးကြိတ်တွေ လိုက်ခွဲခဲ့တယ်။

စရောက်ခါစက  ဆေးရုံမှာ လူနာမရှိပေမယ့်  လည်ပင်းကြီးရောဂါသည်တွေများလွန်းတဲ့ဒေသမှာ လည်ပင်းကြီးရောဂါတွေကို ခွဲဖို့လိုက်ဆွယ်ခဲ့တယ်။

သူ့ရဲ့ပထမဆုံးလူနာက စော်ဘွားတစ်ဦးရဲ့တူမ ၊ ထရော်လီပေါ်မှာတင်ပြီး ပစ္စည်းစုံစုံလင်လင်မရှိ၊ ခွဲစိတ်အတွေ့အကြုံမရှိတဲ့ သူနာပြုတွေနဲ့ စတင်ခဲ့ရတယ်။

မေ့ဆေးပေးတဲ့အချိုးအဆမညီလို့ .လူနာသေမလိုဖြစ်ခဲ့ပြီး နောက်မှာတော့ ပထမဆုံး လည်ပင်းကြီးရောဂါသည်ကိုအောင်အောင်မြင်မြင်ခွဲနိုင်ခဲ့တယ်။

အဲဒီနောက်တော့ ဆေးရုံကိုတဖွဲဖွဲလာတဲ့လူနာတွေကိုခွဲပေးတဲ့အပြင် ၊ ရွာတွေကိုပတ်ပြီး ခွဲတာစိတ်တာလည်လုပ်ခဲ့တယ်။

ရွာတွေက ခေတ်နဲ့အဆက်ပြတ်နေပြီးသိပ်ယဉ်ကျေးလှသော ဒေသတွေတော့မဟုတ်ခဲ့ဘူး။

ပြောစမှတ်တွင်ခဲ့တာကတော့ သူသွားခဲ့တဲ့ရွာတွေမှာ လူနာကိုခွဲပေးရင် မလှမ်းမကမ်းမှာ လူနာရဲ့ဆွေမျိုးက ဓားသွေးနေတယ်။

ဆရာဝန်ကုလို့လူနာသေရင် သူ့ခေါင်းကိုဖြတ်မယ်ဆိုတဲ့လူတွေပါ။

လူနာမသေရင်တော့ ဆရာဝန်ကိုနတ်လို့သတ်မှတ်ပြီး

လူနာသေရင် တော့ သာမာန်လူ ဖြစ်လို့ခေါင်းဖြတ်မယ်လို့ယူဆသူတွေပေါ့။  ဒါပေမယ့် တစ်ခါမှအဖိတ်အစင်မရှိခဲ့ဘူး။

လည်ပင်းကအကြိတ်၊ ဗိုက်ကအလုံး၊ရင်ဘတ်အလုံး ၊အူကျတာ စတာတွေအားလုံးကိုခွဲခန်းမရှိပဲတစ်ထိုင်တိုင်း ခွဲပေးတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရတပ်တွေနဲ့တိုက်ပွဲမဖြစ်အောင် ကူညီခဲ့တာတွေလည်းရှိပါသေးတယ်။

နောက် အစိုးရစီမံချက်ထဲ လည်ပင်းကြီးရောဂါပပျောက်ရေးပါလာတာ။

ဆေးရုံတွေမှာ သူနာပြုအကူတွေမွေးထုတ်ရေး စီမံကိန်းတွေဖြစ်လာတာတွေလည်း ဆရာကြီးနာဂသိန်းလှိုင် လက်ချက်တွေပါပါတယ်။

ကျွန်တော်ဖတ်ပြီးတာ ပထမစာအုပ်နဲ့ဒုတိယစာအုပ်ပဲရှိပါသေးတယ်။

တတိယစာအုပ်အစမှာတော့ နိုင်ငံခြားကို ပညာတော်သင်သွားဘွဲ့ယူဖို့ ဖြစ်မလားမဖြစ်ဘူးလားဆိုတာကိုဖတ်ရမှာပါ။

ဖတ်ပြီးမှတ်ချက်ချရရင်တော့ ရှားမှရှားတဲ့ သူလိုလူပါ။ အရမ်းတော်တဲ့လူတွေမှာ ရှိတတ်တဲ့အားနည်းချက်တွေသူ့မှာအပြည့်အဝရှိတယ်။

စိတ်ထင်ရာလုပ်တယ်။ မာနကြီးတယ်။ လူကြီးတွေနဲ့ဆက်ဆံရေးမပြေပြစ်တတ်။ အခြေခံလူတန်းစားတိုင်းနဲ့အဆင်ပြေတယ်။

မိသားစုကိုပြန်လည်မကြည့်နိုင်တာ ( စာအုပ်ထဲမှာ မိသားစုအကြောင်းသိပ်မပါပါဘူး)  စတာတွေပေါ့။

လက်ရှိဆရာဝန်လောကကို ဆရာကြီးတော့ဘယ်လိုမှ သဘောမကျနိုင်ဘူးဆိုတာ တွေးကြည့်စရာမလိုအောင်ပါပဲ။

အခုတော့ အသက်၉၀နားနီးနေပြီး ပြင်ဦးလွင်မှာ နေတယ်။

တစ်ခေါက်လောက် ဆရာကြီးကို ဂါရဝသွားပြုချင်မိတယ်။

The last post from my notebook

This is the last essay I’ve ever posted from Zenbook.

I bought this ASUS manufactured Zenbook which is stylish and sexy , one of the top devices in the world. I fall in love with her since my first sight. So, i decided to buy it immediately even though I don’t have enough cash in hand.

Total cost of this device is 750000Kyat (639US$). I ordered it via one of retail stores in Pyinmana. They said the colour is gold but not genuine gold in my eye. I barely see the golden color in its metal body . It  has efficient battery ,slim body , HD display and convenient keyboard. The one downside of this product is few hard disk spaces and low RAM. To reduce the noise of device, the firm used solid state hard disks which are more expensive than ordinary hard disks in our former laptops.So, if i want big enough space to store data in zenbook laptop, the price of this device will soar up . 128 GB is very limited choice for people like me .

Another disadvantages of zenbook is 4GB RAM. That is very few . I can not do multitasking as I wish. My pc doesn’t hang but perform slowly when i run browsers and some programs at the same time. That kind of little inconveniences made me upset. That’s why I always wanted to resell it .Today I posted an advertisement about my notebook which I am going to sell. People interested not only the device but also the price I had lowered down.

One of my facebook friends contacted me via messenger and we made some negotiation.

Finally, we had a deal with 6.2 lakh. I had to lose 1.3 lakh for just one month use. Device is almost new and also a good bargain for him. Although I loved this type of notebook, its performance can’t allow me to operate as I wish. SO, GOOD BYE. I have to save money for another device .Perhaps, I would buy another zenbook with higher specs or Macbook air or the eye-catching one . I haven’t decide yet. If I buy a note book again, I have decided to use more than 4 years . So, even the price is a bit high for me, I have decided to pay if I really like.

 

 

21.6.2016

Arthur Chan

8th APCRSHR Myanmar အမှတ်တရ

12778999_10201336546252870_4363975673742832867_o.jpg

 

 
အဲဒီနေ့က ၈ကြိမ်မြောက် အာရှပစိဖိတ်မျိုးဆက်ပွားကျန်းမာရေးနှင့်အခွင့်ရေးဆိုင်ရာညီလာခံပါ။

နေပြည်တော်မှာ ပထမဆုံးအကြိမ်လုပ်တာပေါ့ ။

ပထမနေ့က လူငယ်ညီလာခံနေ့ပါ။

များသောအားဖြင့်ကျွန်တော့်ရဲ့တာဝန်က ကန့်လန့်ကာနောက်ကွယ်မှာရှိတယ်။

ဒါပေမယ့်မထင်မှတ်ဘဲ ရှေ့ထွက်ခဲ့ရတဲ့တစ်ခေါက်တော့ရှိတယ်။

အစီအစဥ်တွေထဲမှာ လူငယ်တွေရဲ့ APCRSHR theme song လည်းပါတယ်။

ပွဲနားအရမ်းကပ်ပြီးတော့မှထွက်လာခဲ့တဲ့သီချင်းပေါ့။ နီနီခင်ဇော်နဲ့အခြား ရပ်ပါတစ်ဦးဆိုထားတာ။

အလုပ်တွေရှုပ်နေတာနဲ့သေချာကိုနားမထောင်ခဲ့ရသေးဘူး။

အစောပိုင်း ဖွင့်ပွဲအစီအစဥ်တွေမှာ မိန့်ခွန်းပြောတာတွေ အပြီးမှာနီနီခင်ဇော် က သီချင်းဆိုမှာ ။

သူတကယ်ဆိုတာက နောက်ခံဖွင့်ပြီးဆိုတာပါ .ပါးစပ်လှုပ်ရုံလေးတင်လှုပ်တာ.

ဒါပေမယ့် သူက သူနဲ့အတူတူ စင်ပေါ်တက်ဆိုမည့်သူမရှိရင် စင်ပေါ်မတက်ဖူးလုပ်နေတယ်.

ကိုယ်တွေဘက်မှာလည်းဘယ်သူမှစီစဥ်ထားတာမရှိဘူး။ အရင်တုန်းကအန်တီတွေေပြာထားတာ တစ်ဖွဲ့လုံးပဲ စင်ပေါ်တက်ပြီးပါးစပ်လှုပ်ရမှာလိုလိုဘာလိုလို။ ဒါပေမယ့် ရပ်ပ်က တစ်ယောက်တည်းဆိုရမှာလေ။မန်ဘာအားလုံးကလည်း သူ့ဘာသာသူ အလုပ်ရှုပ်နေကြပြီ။ ဒီအချိန်မှာဘယ်မှ ရှာမရတော့ဘူး၊ ဒါနဲ့ ကိုယ်တိုင်တက်မယ်ဆိုပြီးတော့ နီနီခင်ဇော်ကိုစင်ပေါ် တူတူတက်မယ့်သူရှိတယ်ဆိုပြီးအကြောင်းပြန်ခိုင်းလိုက်တယ်.

နောက်ပြီးတော့ စတိတ်နောက်မှာ သီချင်းခိုးကျက်နေရတာ ကျွန်တော်ပေါ့လေ။

ဒါပေမယ့် သူ့ဟာ ရပ်ပ်အပိုက်တွေဖြစ်တဲ့အပြင် သီချင်းလည်းကြိုမရထားတော့ ။ဘယ်လိုဆိုရမှန်းမသိ

ဘယ်လိုဝါးချရမှန်းတောင်မသိဖြစ်နေတယ်။

ဒါနဲ့ပဲ ပထမတစ်ပိုဒ်ပဲ ရလိုက်တယ်။နောက်ဟာတွေဘယ်လိုအဝင်အထွက်လဲတောင်ကောင်းကောင်းမသိဘူး။

မီးစင်ကြည့်ကတော့ပေါ့ဆိုတာ အဲဒါမှတကယ်ပါ။

နီနီခင်ဇော်အလှည့်ရောက်လို့ စင်ပေါ်တက်ဖို့ခေါ်နေတာတောင် သူမက စင်ပေါ်မရောက်လာသေးဘဲ ၃မိနစ်လောက်နောက်ကျသွားတယ်.

နောက်တော့ လူတွေထောင်နဲ့ချီကြည့်နေတဲ့ ကင်မရာတွေစီတန်းနေတဲ့ ရှေ့မှာ ကျွန်တော်ရဲ့ အကြိုက်ဆုံး အဆိုတော် နီနီခင်ဇော် နဲ့ အတူတူ သီချင်းတွဲဆိုဖို့ ဖြစ်လာပါတော့တယ်.

နေ့စဥ်ရက်စက် အလုပ်တွေရှုပ်နေတာကြောင့်အိပ်ရေးမဝတာရော။ ကြိုတင်ပြင်ဆင်ထားတာမဟုတ်တဲ့အတွက် စိတ်လှုပ်ရှားတာတွေရောနဲ့ ။ ကျွန်တော်ပုဆိုးနဲ့တိုက်ပုံဝတ်ပြီး စင်ပေါ်မှာတက်ပြီး Rapping ရွတ်ပါတော့တယ်

အောက်က တစ်ချို့လူတွေလည်းကျွန်တော်တကယ်ဆိုတာမဟုတ်မှန်းသိကြတယ်.

အချို့လည်း ကျွန်တော်တကယ်ဆိုတယ်ထင်ပြီးဝမ်းသာအားရအားပေးကြ။

သူငယ်ချင်းတွေကော မန်ဘာတွေကော လုံးဝကြိုမသိထားတဲ့အတွက်အကုန် ကြောင်သွားကြတယ်

MCလုပ်နေတဲ့ ကျွန်တော်တို့မန်ဘာဝင်တွေတောင်မသိကြပါဘူး။

ဆိုပြီးတဲ့နောက် ကျွန်တော့်ကိုတစ် ယောက်ပြီးတစ်ယောက်လာနှုတ်ဆက်ကြ။

ကျွန်တော် ရှက်လွန်းလို့ဘာပြန်ပြောရမှန်းမသိ။ သွားဖြဲပြီး ဟီးဟီးပဲလုပ်နိုင်တယ်။

ကိုယ့်အကြောင်းကိုယ်ပဲသိတာကိုး

စိတ်ထဲမှာလည်း ကြိုပြီးသာ အစီအစဥ်ကိုသိပြီး ပြင်ဆင်နိုင်ရင် ငါတကယ် အပီအပြင်ဆိုပြနိုင်မှာ ဆိုပြီး ကြိတ်မနိုင်ခဲမရဖြစ်နေတယ်.

 

အခုအဲဒီ ဗီဒီယို Youtube မှာရှိပါသေးတယ်. ။

ကျွန်တော့်အတွက် တော့တကယ့်အမှတ်တရပါပဲ။

အခြားသူနဲ့ သီချင်းဆိုရင် ဒီလောက် ရင်ခုန်ရမယ်မထင်ပါ.

နီနီခင်ဇော်ဖြစ်တာကော ကျွန်တော်ကြိုတင်မပြင်ဆင်နိုင်တဲ့အတွက် သူ့ရှေ့မှာ Impression ကျတာကော ကြောင့်တော့ မကျေမနပ်ဖြစ်ခဲ့ရပါတယ်.

Page 4 of 6

Powered by WordPress & Theme by Anders Norén