မနေ့ကတော့ အမေရိကန်သမ္မတက လက်ကျန်ရှိနေတဲ့ ဆန်ရှင်တွေအားလုံးဖယ်ရှားလိုက်ပြီလို့ကြားမိတယ်။
ဖေ့စ်ဘွတ်ကသိတာတော့မဟုတ်ပါဘူး။ အဖေပြောတာနဲ့ ပဲ Google မှာသတင်းခေါက်ကြည့်လိုက်တာ .
ဟုတ်တယ်.. ခရိုနီတွေ စစ်ဗိုလ်ချုပ်တွေအားလုံးကို ဆန်ရှင်ပိတ်ထားတာကနေဖယ်ပေးလိုက်ပြီ။
ဦးသန်းရွှေတို့ ၊ဦးတေဇတို့ စတီဗင်လောတို့ပါပါတယ်။

ထားပါတော့. တကယ်တမ်းပြောချင်တာကဒီနေ့ MICC2 ကို E-government နဲ့ပတ်သက်ပြီးလုပ်တဲ့ပွဲတစ်ခုကိုသွားတက်တာနဲ့ပတ်သက်ပြီးပြောချင်တာ.
ပွဲကတော့မနေ့တည်းကစနေတာ. ဒါပေမယ့် ..သတိလက်လွတ်ဖြစ်သွားတော့ မသွားလိုက်မိဘူး။
မနေ့ကတော့ ယူနီကုဒ်နဲ့ဆိုင်တာတွေပြောတယ်ကြားတယ်။ အဲဒါလေးတွေနားထောင်ကြည့်ချင်တာ.
ဒီနေ့ကတော့ ထိုင်ဝမ်ကနေ လာပြောတာတွေနားထောင်ရတယ်။
တစ်ယောက်ကတော့ သူတို့ အဖွဲ့အစည်းကနေ ထိုင်ဝမ်မှာ E-government ဖြစ်လာဖို့ဘယ်လိုအထောက်အကူပြုခဲ့လဲဆိုတာပြောတယ်။
နောက်တစ်ယောက်ကတော့ smart city အကြောင်းပြောတယ်။
နောက်ဆုံးကတော့ medium and small enterprise တွေအတွက် database စနစ်အကြောင်းပြောပါတယ်။

ပုံမှန်ဆို အဲဒီလိုတွေပြောရင်အိပ်ငိုက်လေ့ရှိတယ်။ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာမို့လားတော့မသိဘူး။ တစ်ချက်မှမသမ်းမိဘူး..

အဲ.. တစ်ခါတော့သမ်းမိတာပေါ့ဗျာ။
သူတို့ဆီမှာ၁၉၉၀ တည်းက infrastructure တွေစတည်နေပြီ။
ဒီမှာတော့ ဘာမှမရှိသေး ။သုညကစရမယ်ဆိုတာ သေချာတယ်။

သူတို့ပြောတဲ့အားလုံးကွန်ပျူတာစနစ်နဲ့ပဲထိန်းချုပ်သွားတဲ့အဆင့်ရောက်ဖို့ ဘယ်လိုသွားရမလဲတောင်မသိဘူး။
အခြေခံတွေတောင်မြန်မာနိုင်ငံမှာမရှိသေးဘူးလေ။
တကယ်ကမရှိတာကရှိအောင်လုပ်လို့ရပါတယ်။
ဒါပေမယ့်.. အချို့ကမရှိတာမဟုတ်ပဲ. ရှိတဲ့ကိစ္စတွေက အရှုပ်ထုတ်ဖြစ်ပြီး သပွတ်အူလယ်နေတာ.
ကြည့်ုလိုက်ရင်တော့အားကျစရာကြီးတွေပေါ့…
ဘာမဆို စက္ကူမပါဘဲလုပ်တဲ့အတွက် ..ကာဗွန်သုံးတာလည်းလျှော့ပြီးသာဖြစ်မယ်။
တစ်ခုခုမှတ်ပုံတင်ချင်တာ ပြောင်းလဲချင်တာရှိရင်.. တစ်ရုံးဝင်တစ်ရုံးထွက်သွားစရာမလိုတော့ဘူး။
တစ်နေရာမှာ ပြင်ဆင်လိုက်တာနဲ့အားလုံးအလိုအလျောက်ပြောင်းပြီးသွားဖြစ်သွားတယ်။
ဘတ်စ်ကားဘယ်အချိန်ရောက်မလဲ ..ဘယ်နေရာမှာလမ်းပိတ်နေသလဲစတာတွေကအစ.
မီတာဆောင်တာ. ယာဉ်မောင်းလိုင်စင်မှတ်ပုံတင်တာ.စတာတွေအဆုံးပေါ့.

မြန်မာနိုင်ငံအစိုးရရဲ့ ပုံစံကြည့်ရတာ နည်းပညာကို အားသွန်ခွန်စိုက်လိုက်ချင်ပုံမပေါ်ဘူး။
၈၀ ခုနှစ်လောက်မှာကျန်နေခဲ့သလိုပဲ။
E-government ဆိုပြီးသာပြောနေတာ ဘယ်အစိုးရရုံး. ဘယ်ဝန်ကြီးဌာနကြည့်ကြည့် အိုင်တီဌာနရှိလားမေးရင်မရှိတာများတယ်။
ရှိတယ်ပဲထားဦးတော့.. သူတို့လုပ်တတ်တာဘာမှမရှိဘူး။
ဝန်ကြီးဌာန website တွေဆိုလဲ.. ရုပ်ပျက်ဆင်းပျက်ပဲဖြစ်နေတာတွေအများကြီးပဲ..
သမ္မတရုံး အပါအဝင်ပေါ့.
တစ်ခုခုလုပ်လိုက်ရင်ပျက်သွားမှာကြောက်တာ မလုပ်ရဲတွေနဲ့ ဘယ်လိုများ E-government ကိုသွားကြမလဲတောင်မသိဘူး။
လောလောဆယ်တော့ ဖေ့စ်ဘွတ်ကြီးကိုပဲအားကိုးနေတယ်။

ဒီလိုစနစ်စနစ်တွေတည်ဆောက်မယ်ဆိုလို့ရှိရင်.. အခြေခံလိုအပ်ချက်တွေရှိတယ်.
ပထမဆုံးကတော့လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်ပေါ့။
အခုတော့အဲဒီအဆင့်တော့ရောက်နေပါပြီ။
ပြီးရင်တော့ ဘယ်သူတွေကဦးဆောင်လုပ်မလဲဆိုတာ သတ်မှတ်ရမယ်။
ဟိုဌာန ကမိုလို့ဆွဲထည့်တာ ဒီဌာနက မိုလို့ဆွဲထည့်တာဆိုတာ မဖြစ်သင့်ဘူး.
အဲဒီလိုဆွဲထည့်တွေ များရင် လူသာများပွဲမစည်ဖြစ်တတ်တယ်။
တကယ်တတ်ကျွမ်းသောသူ .. ကိုယ့်နယ်ပယ်မှာကိုယ်ကျွမ်းကျင်တဲ့သူတွေပါဝင်သင့်တယ်။
အဲဒီတော့ အဲဒီလူတွေအားလုံးကို ထိန်းကွပ်နိုင်ဖို့ သူတို့အားလုံးပေါ်အာဏာ ညောင်းသောသူတစ်ယောက်ကတော့ရှိရတယ်။
အဖွဲ့အစည်းတစ်ခုဖွဲ့လိုက်ပြီးတော့ ထိပ်ဆုံးကလူက ဘာမှမသိပဲ နောက်က လူတစ်ယောက်စနှစ်ယောက်စ က အကုန်လုပ်နေရင်လည်းမဖြစ်ဘူး။
အောက်ကလူကအားလုံးသိတယ် ။ဒါပေမယ့်ဆုံးဖြတ်ပိုင်ခွင့်က အပေါ်လူမှာရှိတော့ အဲဒီလူဆီရောက်အောင်လုပ်ရသေးတယ်။
နားလည်အောင်ရှင်းပြရသေးတယ်။
အပေါ်ဆုံးလူကအရမ်းလုပ်နေပြီး အောက်ကမပါရင်လည်း သေဖို့ပဲရှိတယ်။

အပေါ်ကော အောက်ကော အပေးအယူမျှဖို့လိုတယ်။
အဖွဲ့အစည်းများလူများဖို့မလိုပါဘူး။ ကျစ်ကျစ်လစ်လစ်နဲ့အလုပ်လုပ်နိုင်ဖို့ အစွမ်းအစရှိတဲ့လူတွေနဲ့ဖွဲ့မယ်။
လိုအပ်ရင်လိုအပ်သလို အကူအညီရနိုင်မယ့်သူတွေကိုအရန်ထားမယ်။
သူတို့တွေက ဆုံးဖြတ်ချက်ချတဲ့နေရာတကာမှာတော့ပါမှာမဟုတ်ဘူး။ ဒါပေမယ့် လိုအပ်သလိုတိုင်ပင်ပေးမယ်။ ကူညီပေးမယ်။ ဒါမျိုးတွေလုပ်ပေးဖို့လိုတယ်။

လုပ်မယ်ဆိုတဲ့အဖွဲ့ရှိပြီဆိုရင်.
လုပ်မယ့်အဆင့်တွေတဆင့်ပြီးတဆင့် စဉ်းစားရတော့မယ်။
အချို့ဟာတွေက တစ်ခုပြီးမှ တစ်ခုလုပ်ရမှာဖြစ်ပေမယ့်
အချို့ကတော့ ပြိုင်တူ စတင်ထားလို့ရတယ်.

စနစ်ြကီးတစ်ခုစတည်ဆောက်မယ်ဆိုရင်
လိုမှာက ေငွ၊ နည်းပညာ၊ လူပေါ့
အရင်ဆုံးကတော့ ဘာလုပ်မယ်ဆိုတဲ့ပေါ်လစီချရမယ်။
အဲဒီထဲမှာ ဘာနည်းစနစ်ကိုသုံးမလဲ။
ဘယ်လောက်ေငွသုံးမလဲ။

အဆင့်တစ်ခုနဲ့တစ်ခုဘယ်လိုချိတ်ဆက်မလဲ။
ဘာတွေလုပ်လိုက်ရင်ဘာတွေကောင်းသွားမလဲလိုက်တွက်ချက်ဖို့လိုတယ်။ဒါမှ ဘာတွေအဓိကထားလုပ်မလဲ သိလိမ့်မယ်
ဘက်ဂျက်ကိုတွက်ကြည့်ရမယ်။ ဘယ်အဆင့်ဆိုဘယ်လောက် ကုန်မလဲ။
တစ်ခုခုတည်ဆောက်ပြီးတော့မှ နောက်ပိုင်းအဆင့်မြှင့်မယ်စနစ်တွေနဲ့ မကိုက်ညီလို့ ပြန်ဖျက်ပစ်ရတယ်ဆိုတာမျိုမဖြစ်ရအောင် သေချာစဉ်းစားဖို့လိုတယ်။
မဟုတ်ရင် ဘက်ဂျက်တွေဖြုန်းတီးသလိုဖြစ်မယ်။

စံစနစ်ဆိုတာတွေလည်းပါလာတော့မယ်။
အဲဒါနဲ့အတူ ဥပဒေတွေလာမယ်။
အခြားနိုင်ငံတွေမှာဒီပြဿနာရှိမရှိတော့မသိဘူး. မြန်မာနိုင်ငံမှာတော့စံပြဿနာကတော်တော်စိတ်ညစ်ဖို့ကောင်းပါတယ်။
အရင်ဆုံးအစိုးရကလိုက်နာရမယ်။ပြီးတော့ ပုဂ္ဂလိက ကုမ္ပဏီတွေ၊ မီဒီယာတွေ ၊နောက်ဆုံးမှ ပြည်သူပေါ့.
အစိုးရကိုယ်တိုင်ကိုယ်က ယောင်ဝါးဝါးဖြစ်နေတယ်။
ဘာစံကိုလိုက်နာလို့လိုက်နာရမှန်းမသိ.ကြေညာချက်တွေစွတ်ထုတ်ပြီးအောက်က ဝန်ထမ်းတွေက လိုက်မှမလုပ်ကြတာ။

အချက်အလက်သိမ်းဆည်းတဲ့နေရာ ဒေတာဘေ့စ်တွေ အများကြီးလိုလာမယ်။ စတိုခန်းလို့ပေါ့။
သူတို့က ရန်သူမျိုးငါးပါး ဒဏ်က ခံနိုင်ရည်ရှိရမယ်။
လျှပ်စစ်အချိန်ပြည့်ရရမယ်။ တစ်ခုခုဖြစ်ခဲ့ရင် အရန်အချက်အလက်တွေပြန်ယူလို့ရရမယ်။ အလွယ်တကူထိုးဖောက်ဝင်ရောက်လို့မရရဘူး.
တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့အချက်အလက်တွေသိမ်းဆည်းရမယ့်နေရာလေ၊
အရေးကြီးတာပေါ့ ။
လူတွေရဲ့ကိုယ်ရေးအချက်အလက်တွေ၊ေငွကြေးအချက်အလက်၊ကျန်းမာရေးအချက်အလက်၊ မြို့ပြအချက်အလက်၊မော်တော်ယာဉ်အချက်အလက်စတာတွေအားလုံးရှိနေမယ့်နေရာ။
ဒါတွေကို လက်ရှိသိမ်းထားတဲ့ စာရွက်စနစ်တွေကနေ ကွန်ပျူတာထဲထည့်သွင်းလို့ရတဲ့စနစ်ပြောင်းရမယ်။
အဲဒီထည့်သွင်းတဲ့နေရာမှာ လည်းစနစ်ရှိတယ်လေ။တစ်ယောက်ကိုထည့်နည်းတစ်မျိုးစီထည့်နေရင် ဘယ်လိုပြန်ရှာလို့ရတော့မှာလဲ။
ဒီအချက်အလက်တွေကပြန်ရှာရမှာပြန်သုံးရမှာ ဒါကြောင့် .ထည့်သွင်းတာမှာကော ၊ ကူးပြောင်းရာမှာကော ၊ ပြန်သုံးချတာကောမှာ တပြေးညီစနစ်တစ်ခုတည်းဖြစ်ဖို့လိုတယ်။
ဒီနေရာမှာ မြန်မာစာစနစ်ကိုသုံးမလား၊အင်္ဂလိပ်စာစနစ်ကိုသုံးမလား။
နှစ်မျိုးသုံးမယ်ဆိုရင်ကော ဘယ်အတိုင်းအတာအထိမြန်မာလိုသုံးမလဲ ဘယ်လောက်အထိ အင်္ဂလိပ်လိုသုံးမလဲစဉ်းစားဖို့လိုပြီ။
ကုဒ်နံပါတ်တွေဆိုရင်အင်္ဂလိပ်လိုသုံးလို့ရတာပေါ့။
အသေးစိတ်အချက်အလက်တွေဆိုရင်တော့ မြန်မာလိုသုံးလေ။
နာမည်၊အသက်၊လိပ်စာ၊ စတာတွေပေါ့။

အချက်အလက်သိမ်းဆည်းတဲ့နေရာတွေပြီးရင် တစ်ခုနဲ့တစ်ခုချိတ်ဆက်ပေးဖို့ကလည်းလိုလာပြီ။
အဲဒါက အင်တာနက်ပေါ့။
အင်တာနက်လိုင်းကအများကြီးပိုကောင်းဖို့လိုတယ်။
လုံခြုံစိတ်ချရဖို့လိုတယ်။ အားအားရှိလိုင်းကျနေရင်တော့ E-government ဘယ်လိုမှလုပ်မရဘူး။
မြန်မာနိုင်ငံက အကျယ်ကြီးပဲ.. လူတွေကလည်းတစ်နေရာတည်းစုနေတာမဟုတ်ဘူး
ဒီတော့ ဆေးရုံ၊ရဲစခန်း၊ နဲ့ရုံးတွေမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့တစ်ပြေးညီရဖို့ဆိုဘယ်လိုလုပ်မလဲ။
တစ်နိုင်ငံလုံးမဖြန့်ကျက်နိုင်ရင်တောင် မြို့ကြီးတွေမှာစမယ် ဆိုရင်လည်းရသေးတယ်။
ဒါပေမယ့်.. စောစော ကဝေးလံခေါင်ဖျားတဲ့နေရာမှာဖြစ်တဲ့ကိစ္စတွေကိုဘယ်လိုဖြေရှင်းမလဲစဉ်းစားဖို့လိုတယ်။
ဥပမာ.. မြို့ကြီးတွေမှာ ကလေးမွေးတာတွေ၊ ဆေးရုံမှာကုသမှုခံယူတာတွေအတွက်က ဒီ E-government စနစ်ထဲမှာပါဝင်တဲ့အတွက် မှတ်တမ်းရှိပေမယ့်.
အခြားနေရာမှာ ကုသခဲ့တဲ့သူတွေအတွက်တော့မှတ်တမ်းကပျောက်နေမယ်။
စနစ်ထဲကိုမဝင်တာရှိနေနိုင်တယ်။
ဒါတွေအားလုံးကအသေးစိတ်စဉ်းစားရမှာတွေပါ။ အရင်ဆုံးတော့ အရေးကြီးတာတွေအရင်လုပ်တာပေါ့။
ကျန်တာတွေက ဖြေးဖြေးချင်းအဖြေရှာလို့ရတယ်။
အရေးအကြီးဆုံးကတော့ အစိုးရက E-government ကြီးကဒါကြီးပါဆိုပြီး ပစ္စည်းထိုးရောင်းတဲ့ပွဲစားတွေရဲ့လှည့်ကွက်ထဲမမိဖို့ပဲ။
စနစ်ကြီးတစ်ခုလုံးဘယ်လိုအလုပ်လုပ်လဲသိဖို့လိုမယ်။
မိမိနိုင်ငံသားတွေ လုပ်တတ်ဖို့လိုမယ်။
နိုင်ငံသားပညာရှင်တွေ ရဲ့အကူအညီကိုအလေးထားဖို့လိုတယ်။
တစ်ဦးတစ်ယောက်ရဲ့လက်ဝါးကြီးအုပ်တာ။
သုံးစားမရတဲ့ဟာတွေနဲ့ အချဉ်ရိုက်ခံရတာ မခံမိဖို့ပဲ။
အထင်သေးတာတော့မဟုတ်ပါဘူး။
ခံရပေါင်းများလို့ သိနေပြီလေ။

စိတ်ကူးပေါက်ရင်ပေါက်သလိုရေးပါဦးမယ်။

 

အာသာ

8.10.2016

နေပြည်တော်