Many Lives, Many Memories.

Author: Arthur Chan Page 13 of 32

အစ်မ စေ့စပ်.

ဒီနေ့က တပ်မတော်နေ့လည်းဖြစ်သလို ကျွန်တော့်ရဲ့ဝမ်းကွဲအစ်မ ရဲ့စေ့စပ်တဲ့နေ့လည်းဖြစ်တယ်။

သူယူမယ့်သူက စစ်ဗိုလ်လားပဲ။

ဘာလိုလိုနဲ့ကျွန်တော်တို့တွေအသက်တွေ မငယ်တော့ဘူး။ ငယ်တုန်းက အဖော်အပေါင်းသိပ်မရှိဘူး။

အမျိုးတွေကလည်း အမတွေညီမတွေများတယ်။ သူတို့နဲ့ကစားဖြစ်တာပဲ။

ကျန်တဲ့အချိန်တွေမှာ ကျွန်တော်တစ်ယောက်တည်းကစားရင်ကစားတယ်။ သူတို့တွေအားကြရင် သူတို့နဲ့ကစားတယ်။

ကျွန်တော်ငယ်ငယ်က လူဆိုးလေးတစ်ယောက်ဖြစ်မှန်းမသိဖြစ်ခဲ့တယ်။

ကျန်တဲ့သူတွေကို အကျင့်မကောင်းဘူးလို့ထင်ခဲ့ပေမယ့် တကယ် အကျင့်မကောင်းတာ တစ်ကိုယ်ကောင်းဆန်နေခဲ့သူက ကျွန်တော်ပဲဖြစ်လိမ့်မယ်ထင်တယ်။

သူတို့တွေတော်တော်များများ ကျွန်တော်ဗိုလ်ကျတာခံခဲ့ရတာကိုး။

အခုထိလည်း မောင်နှမတွေသိပ်တော့အစေးမကပ်ဘူးဗျ။ ကျွန်တော်ကကိုယ့်ဘာသာဆို ရုပ်တည်ကြီးနေတာများလွန်းတော့ သူတို့ကလည်းရှိန်ပြီးစကားမပြောကြတော့ဘူး။

သူတို့နဲ့ဆိုရင် ကျွန်တော်ကအမြဲတမ်းစိတ်မရှည်တဲ့ပုံပေါက်နေတတ်တယ်။

ငယ်ငယ်တုန်းကထိန်းခဲ့ရတဲ့ညီအငယ်ဆုံးတောင် အခုဆို၁၀တန်းတက်တော့မယ်။

ဆယ်ကျောက်သက်ဆိုတော့ သူ့အိမ်ကလည်းထိန်းမနိုင်ဘူး။

ကျွန်တော်လေ ပညာကောစီးပွားကော တောင့်တောင့်တင်းတင်းဖြစ်ပြီး  ကျန်တဲ့သူတွေကိုစောင့်ရှောက်လမ်းပြနိုင်သူဖြစ်ချင်တယ်။

ဒါပေမယ့်ကျွန်တော်ကိုယ်တိုင်ကကိုမတောင့်တင်းသေးဘူး။

သူတို့ကမှအလုပ်အကိုင်ရှိသေးတယ်။

ကျွန်တော်က ဆရာဝန်ပေမယ့် အလုပ်မရှိဘူး။

အမေနဲ့အဖေက လည်းအသက်ကြီးပြီ။ တကယ်က သူတို့အရွယ်က မ⁣ြေးချီသင့်တဲ့အရွယ်။ သူတို့ချီစရာမြေးမရှိတော့ ကျွန်တော်တို့ကပဲ ကလေးဖြစ်နေရတယ်။

အိမ်ထောင်ပြုဖို့ကတော့မစဉ်းစားနိုင်ဘူးဗျာ။

လောကမှာလုပ်စရာတွေအများကြီးရှိသေးတယ်။

ကျွန်တော့်ရဲ့စရိုက်နဲ့ကလည်း တော်ရုံ မိန်းကလေးမျိုးက သည်းခံနိုင်မယ်မထင်ဘူး။

ဒီလိုပါပဲ ရောက်တက်ရာရာ အတွေးတွေ⁣ေပေါ့

အကွဲကွဲအပြားပြား ယူနီကုတ်သဘောထားများနှင့် လွဲမှားမှုများ၏ ရှုထောင့်

အိုင်စီတီ ဖွံ့ဖြိုးတိုးတက်မှုအတွက် Nature Language Processing (NLP)နဲ့ဆက်စပ်ပြီး လုပ်ကိုင်ဆောင်ရွက်နေတဲ့ မသင်ဇာဖြိုးကို မိတ်ဆက်ပေးချင်ပါတယ်။ သူမရဲ့ လုပ်ငန်းခွင်အတွေ့အကြုံကို အချိန်ကာလနဲ့တိုင်းတာမယ်ဆိုရင် သူမရဲ့လုပ်ငန်းခွင်အတွေ့အကြုံဟာ ၅ နှစ်ရှိပါပြီ။ လုပ်ငန်းခွင်ထဲမှာ ၅ နှစ်တာ ကာလကို ဖြတ်သန်းပြီး ရရှိလာတဲ့ သူမရဲ့အတွေ့အကြုံတွေက မနည်းပါဘူး။

မသင်ဇာဖြိုးဟာ စစ်ကိုင်းမြို့မှာ အခြေခံပညာအထက်တန်းကို အောင်မြင်ခဲ့တယ်။ ဖခင်ဖြစ်သူဟာ ဝန်ထမ်းတစ်ဦးဖြစ်တဲ့အတွက် ဖခင်တာဝန်ကျရာဒေသတွေမှာ လိုက်လံနေထိုင်ပြီး အခြေခံပညာကို သင်ယူခဲ့ရတယ်။ မန္တလေးကွန်ပျူတာတက္ကသိုလ်ကို တက်ခွင့်ရခဲ့တယ်။ B.C.Sc ကို အောင်မြင်ခဲ့တယ်။ Q (Qualify) တန်းကို တက်ရောက်ခွင့်ရခဲ့တယ်။ ဖခင်ဖြစ်သူဟာ လုပ်ငန်းတာဝန်နဲ့ ရန်ကုန်ကို ပြောင်းရွေ့လာ ရတဲ့အတွက် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှာ Q တန်းကို ဆက်ပြီးတက်ရောက်ခဲ့တယ်။ ၂၀ဝ၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ ကျောင်းပြီးခဲ့တယ်။

အသက်မွေးဝမ်းကျောင်း အစ

ကျောင်းပြီးတဲ့အချိန်မှာ အလုပ်စလုပ်ဖို့ တော်တော်ကြီးကို စိမ်းနေတယ်။ ကျောင်းတုန်းက တတိယနှစ်ကျမှ Virtual Basic 6 ကို စပြီး သင်တယ်။ အဲဒီအချိန်မှာ (ကျောင်း)အပြင်က .Net, Java ဖြစ်နေပြီ။ ကိုယ့်အနေနဲ့ လက်လှမ်းမီသလောက် လိုက်မယ်လို့ စဉ်းစားလိုက်တဲ့ အခါကျောင်းကပေးလိုက်တဲ့ ပညာရေးနောက်ခံအပြင် ပရောဖက်ရှင်နယ်ဖြစ်တဲ့ အောင်လက်မှတ်၊ လုပ်ငန်းအတွေ့အကြုံတွေရဖို့အတွက် Programmer လုပ်မလား၊ Developer လုပ်မလား ရွေးရတယ်။

ကျောင်းမှာ သင်ယူခဲ့ရတဲ့အပိုင်းက သီအိုရီတွေပါ။ Virtual Basic 6 က ကျောင်းမှာ နောက်ဆုံးသင်ခဲ့ရတဲ့ အပိုင်းပဲ။ Java ဆိုတာကို လုံးဝမသိဘူး။ စိမ်းနေတယ်။ ကွန်ပျူတာအ သင်းချုပ်နဲ့ ဂျပန်ပေါင်းဖွင့်တဲ့ Java သင်တန်းကို တက်ဖြစ်တယ်။ Professional နဲ့ Advance ဆိုပြီး Level နှစ်ခုရှိတယ်။ သင်တန်းမှာ ဂျပန်စာကိုလည်း သင်ပေးတယ်။

Professional Level တက်တဲ့အချိန်မှာ အခြေခံကနေ စပြီးတော့ သင်ပေးတယ်။ Java ကို စိတ်ဝင်စားခဲ့တယ်။ သင်တန်းကို အလုပ်လုပ်ဖို့ တက်ခဲ့တဲ့အတွက် အားစိုက်ပြီး သင်ယူဖြစ်ခဲ့တယ်။ အိုင်စီတီနယ်ပယ်ကို စတင်လေ့လာခဲ့တာက အဲဒီက စတာပါပဲ။ အိုင်စီတီနယ်ပယ်မှာ စပြီး အလုပ်ရှာတယ်ဆိုကတည်းက ဒါကိုပဲ လေ့လာချင်လို့။

ဘာသာစကားနဲ့ပတ်သက်ပြီး လုပ်ကိုင်ရမယ်

Myanmar NLP Lab ကို ရောက်လာတယ်။ ဆရာမကြီး(ဒေါက်တာ ဒေါ်မြင့်မြင့်သန်း)ကိုယ်တိုင် အင်တာဗျူးတယ်။ အဲဒီအချိန်တုန်းက NLP ဘာလဲလို့မေးရင် သေသေချာချာ မသိဘူး။ NLP ဆိုတာ ကျောင်းမှာပြောတဲ့ စကားနဲ့ပြောရင် ကျက်စာပါ။ အလုပ်ဝင်ခဲ့တဲ့သူ အများစုက လည်း မသိကြပါဘူး။ အလုပ်က မြန်မာစာနဲ့ပတ်သက်ပြီး လုပ်ရမယ်၊ စာတွေ ဖတ်ရမယ်လို့ ဆရာမကြီးက ပြောတယ်။ စိတ်ဝင်စား မိတယ်။ မိခင်ဘာသာစကားနဲ့ပတ်သက်ပြီး လုပ်ကိုင်ရမယ်ဆိုတော့ အသစ်အဆန်းလို့ သိလိုက်တယ်။ ကျွန်မအတွက် ပထမဆုံးအလုပ်ဖြစ်ခဲ့သလို အခုအချိန်အထိ ဆက်ပြီးလုပ်နေတဲ့ အလုပ်အကိုင်ပါပဲ။

လုပ်ငန်းခွင် အတွေ့အကြုံ အစပိုင်း

အလုပ်ဝင်တဲ့အချိန်က ၂၀ဝ၅ ခုနှစ် ၅ လပိုင်းလောက် ဖြစ်မယ်။ အလုပ်စလုပ်တဲ့အချိန်မှာ Myanmar 2 ကို မီခဲ့တယ်။ ကျွန်မအနေနဲ့ အလုပ်မဝင်ခင်ကတည်းက ယူနီကုတ်ရှိနေတယ်။ Myanmar1 က Unicode 4.1 နဲ့ ထွက်ပြီးသွားပြီ။ လက်ရှိအသုံးများနေတဲ့ ယူနီကုတ်စံကို အတိအကျ မလိုက်နာထားတဲ့ ဖောင့်ထက်စောပြီး Myanmar1 က ရှိနေခဲ့တယ်။

ယူနီကုတ်ကွန်ဆိုဒီယမ်မှာ မြန်မာဘာသာစကားပါဖို့အတွက် ဆရာဦးသိန်းဦးနဲ့ကိုဇော်ထွဋ်တို့ ယူနီကုတ်ကွန်ဆိုဒီယမ်ကို သွားပြီးတော့ ကြိုးပမ်းခဲ့ကြတယ်။ အဲဒီကို သွားဖို့အတွက် မြန်မာစာဆရာကြီးတွေနဲ့ မြန်မာစာအဖွဲ့က ဆရာကြီးတွေက မြန်မာစာနဲ့ပတ်သက်ပြီး တိုင်ပင်ကြတယ်။ အိုင်တီဖက်က ပညာရှင်တွေကလည်း ပူးပေါင်းတိုင်ပင်တယ်။ အဲဒီက ထွက်လာတဲ့ အကောင်းဆုံးရလာဒ်နဲ့ အမှန်ကန်ဆုံး နည်းလမ်းကို ယူပြီးတော့၊ ယူနီကုတ်ကွန်ဆိုဒီယမ်မှာ သွားပြီး ကြိုးပမ်းခဲ့ကြတယ်။ ဒီလိုကြိုးပမ်းမှုမျိုးကို ကိုယ်တိုင်မကြုံလိုက်ရပေမယ့် ဘယ်လောက်အထိ ခက်ခဲမယ်ဆိုတာ ချင့်ချိန်နိုင်တယ်။ တော်တော်ကို ခက်ခဲတဲ့ အလုပ်တစ်ခုပဲ။

စံသတ်မှတ်ချက်တစ်ခု ဖြစ်ဖို့

တစ်ချို့ ကိစ္စတွေမှာ လူအများစု အသုံးပြုနေလို့ စံအဖြစ် သတ်မှတ်လိုက်တာတွေ ရှိပါတယ်။ အများလက်ခံလို့ ဖြစ်သွားတဲ့ စံတစ်ခုပါ။ ဒါပေမယ့် နည်းပညာကိစ္စတွေမှာ အများက အသုံးပြုတိုင်း စံသတ်မှတ်ချက် ဖြစ်ပါတယ်လို့ လုပ်လို့မရနိုင်ဘူး။ ယူနီကုတ်ကွန်ဆိုဒီယမ်ဆိုတာ က Non Profit Organization (NPO) တစ်ခုဖြစ်တယ်။ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုလည်း ဖြစ်တယ်။ သူတို့လုပ်တဲ့ လုပ်ငန်းတွေက ငွေကြေးအတွက် အကျိုးအမြတ်ရဖို့ မဟုတ်ဘူး။ နိုင်ငံတကာအဖွဲ့အစည်းဆိုတဲ့ အချက်တစ်ခုတည်းလည်း မဟုတ်ဘူး။ နိုင်ငံတိုင်းက ကွန်ပျူတာတွေ၊ ကွန်ပျူတာနဲ့ဆက်စပ်တဲ့ပစ္စည်းတွေပေါ်မှာ ကိုယ့်ရဲ့မိခင်ဘာသာစကားနဲ့ အသုံးပြုနိုင်ဖို့ ကုတ်တွေကို စံသတ်မှတ်ပြီး ချပေးတယ်။ ချပေးတဲ့ ကုတ်တွေကလည်း ဘာသာစကားတစ်ခုနဲ့တစ်ခု လုံးဝတူလို့ မရဘူး။

မြန်မာမှာရှိနေတဲ့ U1000 ဟာ တစ်ခြားဘာသာစကားတစ်ခုပေါ်မှာ သွားရှိနေရင် နိုင်ငံတကာစံနှုန်းဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ မြန်မာအတွက် က ကကြီးဆို U1000 ပဲ၊ ခခွေးဆို U1001 ပဲ။ ဘယ်ဘာသာစကားနဲ့မှ တူညီစရာမရှိဘူး။ မြန်မာစာမှာရှိတဲ့ ဘာသာစကား စည်းမျဉ်းစည်းကမ်း တွေ၊ ဘာသာစကားတည်ဆောက်ပုံတွေနဲ့ ညီတဲ့ သတ်မှတ်ချက်တစ်ခုကို သူတို့ဆီ အရင်တင်ပြရတယ်။ ဒီလိုတင်ပြမှ လက်ခံသင့် လက်မခံ သင့် ဆုံးဖြတ်တယ်။ ဆုံးဖြတ်တဲ့အခါမှာလည်း အဓိကကျတဲ့ အချက်သုံးချက် ရှိတယ်။

ယူနီကုတ်ဆိုတာ ဘယ် Platform ပေါ်မှာမှ မမူတည်ဘူး။ OS ပေါ်မှာ သုံးချင်သလား။ Java ပေါ်မှာ သုံးချင်သလား။ C# ပေါ်မှာ သုံးချင် သလား။ .net အပေါ်မှာ သုံးချင် သလား။ ဘယ်ပေါ်မှာမဆို အသုံးပြုနိုင်ရတယ်။ ဒုတိယအချက်အနေနဲ့ Application တိုင်မှာ အသုံးပြုနိုင်ရ တယ်။ တတိယအချက်အနေနဲ့ မြန်မာနိုင်ငံအတွင်းမှာပဲ သုံးနိုင်တယ်။ တစ်ခြားနိုင်ငံမှာ သုံးလို့ မရနိုင်ဘူးဆိုတာလည်း မဖြစ်ရဘူး။ မြန်မာ အတွက်စံနှုန်းက တစ်ခြားနိုင်ငံမှာရှိတဲ့ စံနှုန်းတွေနဲ့လည်း ကိုက်ညီမှ ယူနီကုတ်ကွန်ဆိုဒီယမ်က ချပေးတယ်။

မိခင်ဘာသာစကားနဲ့ ကွန်ပျူတာကို အသုံးပြုဖို့

ကွန်ပျူတာမှာ မိခင်ဘာသာစကားကို စာစီစာရိုက်တစ်ခုတည်းအတွက်ပဲ သုံးတယ်ဆိုရင် မှားတယ်။ ကွန်ပျူတာပေါ်မှာ မိခင်ဘာသာ စကားနဲ့သုံးလို့ရတဲ့ အစိတ်အပိုင်းတွေ အများကြီးပဲ။ တကယ့်ကိုမှ အများကြီး၊ မရေမတွက်နိုင်အောင်ပဲ။ စာစီစာရိုက်လေးတစ်ခု၊ ဝက်ဘ် ပေါ်မှာ မြန်မာစာ ဖတ်နိုင်ဖို့ တစ်ခုထဲအတွက်ဆိုရင် ယူနီကုတ်ဆိုတာ ဖြစ်လာစရာမရှိဘူး။ စာစီစာရိုက်တစ်ခုတည်းအတွက်ဆိုရင် NLP Lab ဆိုတာ ရှိဖို့ မလိုအပ်ဘူး။ ကိုယ့်ရဲ့ မိခင်ဘာသာစကားမှာ ဘာသာစကားရဲ့ သဘာဝတွေရှိတယ်။ သူ့သဘာဝအတိုင်း ကွန်ပျူတာမှာ အလုပ် လုပ် စေချင်တယ်။ ဥပမာ-အခုသုံးနေတဲ့ Laptop မှာ မြင်နေရတဲ့ အချိန်တွေ၊ ပြက္ခဒိန်တွေက အင်္ဂလိပ်ဘာသာစကားနဲ့ ဖြစ်နေတယ်။ (စားပွဲ ပေါ်တွင်ရှိနေသည့် Laptop ကို ဥပမာထား၍ ပြောဆိုခြင်း ဖြစ်သည်။)

အချိန်တွေ၊ ပြက္ခဒိန်တွေကို ကွန်ပျူတာမှာ ကြည့်လို့ရနိုင်ဖို့ မြန်မာက ဘယ်အုပ်စုမှာ ဝင်နေသလဲဆိုတဲ့ Setting လုပ် ပြီးတော့မှ ကိုယ့်ရဲ့အချိန် ကို သိနိုင်တယ်။ မြန်မာရဲ့အချိန်ကို ဘယ်လိုမှ မသိနိုင်ဘူး။ မြန်မာရဲ့အချိန်ကို One, Two ဆိုတာနဲ့ပဲ သိနိုင်တယ်။ မြန်မာဂဏန်း ၁ ၊ ၂ နဲ့ အချိန်ကို မသိနိုင်ဘူး။ Naturel Language Processing ဆိုတာ ကိုယ့်ရဲ့ မိခင်ဘာသာစကားရယ်၊ ကွန်ပျူတာပေါ်မှာ သုံးလို့ရတဲ့ Programming Language နဲ့ Machine Language နှစ်ခုပေါင်းပြီး Processing လုပ်တာဖြစ်တယ်။

ကိုယ့်ဘာသာစကားကို ဒေသခံတစ်ယောက်အနေနဲ့ ဘယ်လောက်အထိ သိပြီလဲ။ ကကြီးကနေ အ အထိ အက္ခရာ ဘယ်နှစ်လုံးရှိလဲလို့ မေး လိုက်ရင် မသိတဲ့သူတွေ အများကြီးပဲ။ ကွန်ပျူတာပေါ်မှာ စာစီစာရိုက်လုပ်ရုံ၊ ဒီဇိုင်းလုပ်ရုံပဲ မိခင်ဘာသာစကားကို သုံးလို့ရတယ်ဆိုတာ ထက်ပိုပြီး NLP ကို သိစေချင်တယ်။

အပြောင်းအလဲ မြန်ခြင်းမဟုတ်

ယူနီကုတ်နဲ့ပတ်သက်ပြီး ပြင်ဆင်မှုတွေမှာ ကန့်ကွက်တဲ့သူတွေ ရှိလာတယ်ဆိုရင် ကွန်ဆိုဒီယမ်က ဘယ်လိုလူမျိုးက ကန့်ကွက်တာလဲဆို တာကို ကြည့်တယ်။ ဥပမာ- ကန့်ကွက်တဲ့ သူက ဘာသာဗေဒပညာရှင်လား၊ စနစ်သမားလားဆိုတာကို ကြည့်ပြီးတော့မှ စဉ်းစားတယ်။ ကကြီးကနေ အ အထိ နေရာရဖို့၊ ရရစ်ဆိုတာ ဘာလဲ၊ ရပျင့်ဆိုတာ ဘာလဲသိဖို့ ခက်ခဲတယ်ဆိုတာ လုပ်တဲ့ သူတွေ လဲ သိတယ်။ စိတ်ဝင်တ စားနဲ့လိုက်နေတဲ့ သူတွေလည်း ဒီအပိုင်းကို သိတယ်။ ယူနီကုတ်ကွန်ဆိုဒီယမ်က Version တွေတစ်ခုပြီး တစ်ခုထုတ်တယ်ဆိုတာ အပြောင်း အလဲမြန်တာမဟုတ်ဘူး။ ဘာသာစကားတစ်ခုမှာ ပြဿနာတစ်ခုရှိနေတယ်ဆိုရင်(ကွန်ဆိုဒီယမ်)ကို အဆိုပြုလွှာတင်ရတယ်။ အဲဒီအချိန် တုန်းက မြန်မာဘာသာစကားအတွက်လည်း ပြဿနာရှိတယ်။ မြန်မာဖက်က အဆိုပြုလွှာ၊ အခြားဘာသာစကားတစ်ခုက အဆိုပြုလွှာတွေ အကုန်လုံးကို စုတယ်။ စုပြီးတော့မှာ အားလုံးနဲ့ကိုက်ညီတဲ့ ရလာဒ်တစ်ခုကို ထုတ်တယ်။ Version တစ်ခုအနေနဲ့ နာမည်တပ်တယ်။ ဒီလိုထုတ် နိုင်ဖို့ အချိန်ဆိုတာက တင်သွင်းလာတဲ့ အဆိုပြုလွှာတွေ အပေါ်မှာမူတည်ပြီး ခြောက်လလည်း ဖြစ်နိုင်တယ်။ တစ်နှစ်လည်း ဖြစ်နိုင်တယ်။ သုံးနှစ်လည်း ဖြစ်နိုင်တယ်။

ကျွန်မအနေနဲ့ Version 2 ကနေ Version 3 အပြောင်းအလဲ ကာလကို ကြုံခဲ့ရတယ်။ Version 2 နဲ့ Version 3 မှာ ဘာပြောင်းသွားသလဲဆိုတော့ Code Point တွေက အပြောင်းအလဲမရှိဘူး။ Version ပြောင်းပေးမယ့် မြန်မာစာဘက်မှာ အပြောင်းအလဲမဖြစ်ဘူး။ တစ်ခြားဘာသာစကား တစ်ခုမှာတော့ အပြောင်းအလဲ ဖြစ်နိုင်တယ်။ Font Developing အနေနဲ့ ပြောရရင် Myanmar2 မှာတုန်းက အောက်ကမြင့်တွေ၊ ဝစ္စလုံးနှစ်လုံး ပေါက်တွေ၊ အတပ်တွေ ထပ်သွားခဲ့ရင် မြင်နိုင်အောင် အစက်ကလေးတွေပါတဲ့ စက်ဝိုင်းလေးတွေ ထပ်ထည့်လိုက်တယ်။ ဒီလိုထည့်လိုက်တာ ကို အများစုက ဘာကြောင့်ထည့်တာလဲလို့ တွေးကြတယ်။ ဒီလိုထည့်လိုက်တဲ့အတွက် ဘယ်လောက်အထိ အကျိုးရှိသွားတယ်ဆိုတာကို မသိကြဘူး။ အောက်ကမြင့်တစ်ခုပဲ ရှိရမယ့် နေရာမှာ နှစ်ခုဖြစ်နေပြီး ထပ်နေမယ်ဆိုရင် ရှာချင်တဲ့ စာလုံး၊ စီချင်တဲ့အက္ခရာစဉ်ကို ဘယ်လိုမှ တွေ့နိုင်စီနိုင်မှာ မဟုတ်ဘူး။ Version 2 နဲ့ Version 3 ပေါ်မှာ ဘာကွာခြားချက်မှ မရှိဘူး။ အစက်ကလေးတွေပါတဲ့ စက်ဝိုင်းလေးတွေ ထပ်ထည့်လိုက်တာပဲ ရှိတယ်။ ဒီအပိုင်းကိုပဲ ကျွန်မပြောပြ နိုင်တယ်။ ပြင်တဲ့ အပိုင်းတွေ၊ Version 2 နဲ့ Version 3 ခွဲပြီး ထုတ်တဲ့အပိုင်းတွေကို Font Developing အပိုင်းက ဆောင်ရွက်ပါတယ်။

အပြောင်းအလဲတိုင်း အမှားကြောင့် မဟုတ်ဘူး

အလုပ်လုပ်နေတဲ့သူမှာ အမှားဆိုတာ ရှိနိုင်တယ်။ အလုပ်လုပ်နေတဲ့သူက မှားနိုင်တာပဲ။ အလုပ်ကို စမ်းတဝါးဝါးနဲ့ လုပ်တာမျိုး ရှိရင်ရှိမယ်။ မှန်တယ်ဆိုပြီး လုပ်လိုက်ပြီးမှ မထင်မှတ်တဲ့ ကိစ္စတစ်ခုက မှားသွားတာလဲ ဖြစ်ချင်ဖြစ်မယ်။ ယူနီကုတ်က Version တစ်ခုပြီး တစ်ခုထွက်လာ တယ်ဆိုတာ မှားလို့ ပြန်ပြင်တာ မဟုတ်ဘူးလို့ သိစေချင်တယ်။ သူတို့ဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ ဘာသာစကားတွေကို(ကွန်ပျူတာမှာ) အသုံးပြုနိုင်ဖို့ စံသတ်မှတ်ပေးတယ်။ တစ်ခြားနိုင်ငံတစ်ခုက ဘာသာစကားတစ်ခုမှာ လိုအပ်ချက် ရှိလာလို့ရှိရင်လည်း ထည့်သွင်းစဉ်းစား ပေးတယ်။ ယူနီကုတ်ဆိုတာ ဘာသာစကားတစ်ခုတည်းအတွက် မဟုတ်ဘူး။ ဘာသာစကားရှိမှ လူမျိုးရှိ မှာ။ ဘာသာစကားမှာ တစ်ခုခုမှား သွားလို့ ရှိရင် သက်ဆိုင်ရာ နိုင်ငံအတွက် ဆက်ပြီး မှားနေမယ်။ ပြောင်းလဲနေတိုင်းဟာ အမှားကြောင့်မဟုတ်ဘူး။ ဒါတွေနဲ့ ပတ်သက်ပြီး သိချင်ရင် ကျွန်မတို့ ဖြေရှင်းပေးဖို့ အဆင်သင့် ရှိပါတယ်။ ပြောင်းလဲတဲ့ နောက်ကွယ်မှာ တန်ဖိုးရှိတဲ့အရာတစ်ခု ရှိနေပါတယ်။ ယူနီကုတ် ၅.၁ ကို လိုက်နာထားတဲ့ ဖောင့်တွေအားလုံးဟာ အခုအချိန်မှာ မြန်မာစာအတွက် လုံးဝ တည်ငြိမ်သွားပြီလို့ ပြောလို့ရတယ်။

နည်းပညာပိုင်းကနေ ဖြေရှင်းပေးရမယ်

အေအကြီး(A)ကို ဂျာမန်တွေက အေ(A) အသံမထွက်ဘူး။ သူတို့သုံးထားတဲ့ Charater က အင်္ဂလိပ်ရဲ့ Charater ဖြစ်နေတယ်။ သူတို့က အေ အကြီး(A)ကို အသံတစ်သံထွက်ပြီး တစ်နေရာမှာ အသုံးပြုပေမယ့် အေအသေး(a)က အင်္ဂလိပ်မှာ မူရင်းအတိုင်းပဲ ရှိချင်ရှိနေမယ်။ အေအကြီး(A)မို့လို့ အသံပြောင်း၊ အဓိပ္ပါယ်ပြောင်းနိုင်ပေမယ့် အဲဒီအပေါ်မှာ မမီခိုဘူး။ ဂျာမန်အတွက်ဆိုပြီး အေအကြီး(A) သက်သက် မရှိဘူး။ အင်္ဂလိပ်အတွက်ဆိုပြီး အေအကြီး(A) သက်သက်မရှိဘူး။ မမီခိုဘူးဆိုတာ ဒီလိုသဘောမျိုးကို ပြောလိုက်တာပဲ။ အေအကြီး (A)ပြီးရင် အေအသေး(a)လာရမယ်ဆိုတဲ့ ဘာသာစကားရဲ့ သဘာဝတော့ ရှိတယ်။ မြန်မာစာမှာလည်း ရေးချ၊ မောက်ချနှစ်ခုဟာ Level တူ တယ်။ Sorting လုပ်ရင် ရေးချသော်လည်းကောင်း မောက်ချသော်လည်းကောင်း အပေါ်ရောက်နေလိမ့်မယ်။ သူတို့နှစ်ခုကြားမှာ ဘယ်ဟာမှ ဝင်လို့ မရဘူး။ ကုတ်တွေ တစ်ခုက တစ်မျိုး တစ်ခုက တစ်မျိုးလည်း မဟုတ်ဘူး။ ရေးချဟာ မြန်မာစာအတွက်ဖြစ်ပြီး မောက်ချဟာ စကော ကရင်မှာသုံးတဲ့ ဘာသာစကားရဲ့သဘာဝ ဖြစ်နေတယ်။ ရေးချချည်းပဲ ရှာချင်တယ်။ မောက်ချချည်းပဲ ရှာချင်ပါတယ်ဆိုရင် Fine and Replace မှာ သုံးတဲ့ Match Case နဲ့ရှာမလား။ Default နဲ့ ရှာမလား ဆိုတာကို Technical အပိုင်းကနေ ဖြေရှင်းပေးရတယ်။ ဘာသာစကားရဲ့ သဘာဝ ကနေ ဖြေရှင်းပေးလို့ မရဘူး။

စံသတ်မှတ်ချက်ကို အတိအကျ လိုက်နာကြတယ်

ယူနီကုတ်နဲ့ပတ်သက်လာရင် တစ်ခြားနိုင်ငံတွေမှာ ဝေဖန်ကြတယ်ဆိုတဲ့ ဝေဖန်ချက်တွေကို မကြားရဘူး။ နိုင်ငံတကာ စံနှုန်းသတ်မှတ်ချက် က ချမှတ်ပေးလိုက်တဲ့ စံသတ်မှတ်ချက်တစ်ခုကိုပဲ သူတို့က သုံးလိုက်ကြတယ်။ ပြည်တွင်းမှာ မြန်မာယူနီကုတ်နဲ့ ပတ်သက်ပြီး အငြင်းပွား ကြတယ်လို့ ပြောရင် သူတို့ မသိဘူး။ သူတို့အတွက်က ပြောစရာကိစ္စတစ်ခု မဟုတ်ဘူး။ စံနှုန်းသတ်မှတ်ချက်တစ်ခု ထွက်ပေါ်လာရင် အတိအကျလိုက်နာပြီးသား ဖြစ်နေတယ်။ သူတို့ထုတ်တဲ့ ဆော့်ဝဲလ်တွေကို စံနှုန်းမီချင်တဲ့အတွက် သူတို့လည်း စံနှုန်းသတ်မှတ်ချက်နဲ့ ကိုက်ညီတာကိုပဲ သုံးတယ်။ သူတို့မိခင်ဘာသာစကားနဲ့ထုတ်တဲ့ အိုင်စီတီထုတ်ကုန်တွေကို စံနှုန်းကိုက်တဲ့ ယူနီကုတ်နဲ့ပဲ ထုတ်လုပ်တယ်။

ကကြီး သဝေထိုး၊ သဝေထိုး ကကြီး

ကကြီး သဝေထိုးလို့ သွားပြီးတော့ သိမ်းဆည်းပေးတာက ယူနီကုတ်မဟုတ်ဘူး။ ဘာသာစကားရဲ့ သဘာဝတစ်ခုပဲဖြစ်တယ်။ ဒီလို သိမ်းပေး ရတဲ့အကြောင်းအရင်းရဲ့ အနီးစပ်ဆုံးအကြောင်းအရာက Sorting အတွက်ပဲ။ Sorting မှာ ဗျည်းက အရင်စပြီးတော့ လာတယ်။ ပြီးရင် သရစဉ် လာတယ်။ အက္ခရာစဉ်လာတယ်။ ဒီလိုသွားတဲ့ ပုံစံဟာ မြန်မာဘာသာစကားရဲ့ သဘာဝပဲ။ ဒီအတိုင်းကိုပဲ လိုက်ပြီးတော့ သိမ်းတာပဲ။ သိမ်း တဲ့ နေရာမှာ Sorting ထက်မကတဲ့အပိုင်းတွေ အများကြီးရှိသေးတယ်။ Sorting လုပ်ပြီဆိုကတည်းက အကြီးဆုံး အသေးဆုံးဆိုပြီး Ascending, Dscending တွေကို စဉ်းစာကြတာလေ။ ဒါကို စဉ်းစားလိုက်တယ်ဆိုတာနဲ့ ကကြီးသဝေထိုး သိမ်းသင့်သလား။ သဝေထိုးကကြီး သိမ်းသင့် သလားဆိုတဲ့အချက်က ပေါ်လာပါတယ်။

စံနှုန်းတစ်ခုကို မလိုက်နာတဲ့ အခါ

မြန်မာသင်္ချာဂဏန်းတွေနဲ့ ပေါင်းနုတ်မြှောက်စားလုပ်လို့ မရသေးဘူးဆိုတာက ယူနီကုတ်ကြောင့် မဟုတ်ဘူး။ ဘာသာ စကားသဘာဝ ကြောင့်လည်း မဟုတ်ပြန်ဘူး။ အရှင်းဆုံးပြောလိုက်ရင် OS မှာ မြန်မာစာ မရှိသေးလို့ပဲ။ Microsoft Windows မှာ မြန်မာစာမရှိသေးတဲ့အတွက် မြန်မာစာကို သိအောင်လုပ်ပေးနေရတယ်။ အခု Mac ပေါ်မှာ မြန်မာစာကို Mac OS ကသိနေတဲ့အတွက် မြန်မာသင်္ချာဂဏန်းနဲ့ ပေါင်းနုတ် မြောက်စား လုပ်နိုင်နေပါတယ်။ ယူနီကုတ်စံမမီတဲ့တစ်ခုကို ဆက်ပြီးသုံးနေမယ်ဆိုရင် Windows မှာ မြန်မာစာကို သိအောင်တစ်ခါတည်း လုပ်ပေးထားတဲ့ အခြေအနေရောက်လာတဲ့အခါ လက်ရှိလုပ်ထားခဲ့တဲ့ အလုပ်တွေအတွက် ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်တယ်။ ယူနီကုတ် စံမမီတဲ့တစ်ခုကို ဆက်ပြီးသုံးနေလို့ ရနေတယ်ဆိုပေမယ့် နိုင် ငံတကာမှာ စံသတ်မှတ်ချက်တစ်ခုကိုပဲ အတိအကျလိုက်နာကြတဲ့အတွက် ကိုယ့်အနေနဲ့က ကွက်ပြီး ကျန်ခဲ့လိမ့်မယ်။ ယူနီကုတ်ကွန်ဆိုဒီယမ်က ချမှတ်လိုက်တဲ့ စံသတ်မှတ်ချက်ကို လိုက်နာခဲ့တယ်ဆိုရင် ထုတ်တဲ့ ဆော့်ဝဲလ်တွေ အားလုံးဟာ နိုင်ငံတကာစံနှုန်းထဲကို ဝင်နိုင်တဲ့ အချက်တစ်ချက်ဖြစ်သွားတယ်။

လေ့လာ၊ ဆွေးနွေး၊ အကြံပေး

ယူနီကုတ်အကြောင်းကို အသေးစိတ်သိချင်တယ်ဆိုရင် www.unicode.org မှာ ဖတ်ကြည့်တာ အကောင်းဆုံးပဲ။ www. myanmarnlp.net.mm မှာ လည်း ဖတ်ကြည့်လို့ရတယ်။ MM NLP ရဲ့ သုတေသနရလာဒ်တွေကို ပြန်လည်မျှဝေဖို့ ဝက်ဘ်ဆိုဒ်အသစ်တစ်ခုကိုလည်း စီစဉ်နေတယ်။ ဒီထက်ပိုပြီးတော့ သိချင်တယ်ဆိုရင် MMNLP အနေနဲ့ အဆင်သင့်ရှိပါတယ်။ ဆက်သွယ်နိုင်ပါတယ်။ နားထောင်ရုံ သက်သက်ထက် ဆွေးနွေးပေးတာကို ပိုပြီး လိုချင်ပါတယ်။ ပြန်လည်ဆွေးနွေး အကြံပေးတာကို လိုချင်ပါတယ်။ ချက်ခြင်းသိချင်တဲ့ ကိစ္စမျိုးဆိုရင် ဖုန်းဆက်ပြီးတော့လည်း မေးနိုင်ပါတယ်။ ဒီလိုမျိုးတွေကို ဖွင့်ပေးထားပေမယ့် မလာကြပါဘူး။

ဆွေးနွေးမှု၊ အဖြေ၊ အကျိုးကျေးဇူး

ကိုယ်နဲ့ မဆိုင်ဘူးဆိုရင် သုံးလည်း မသုံးနဲ့ ဝေဖန်မှုလည်း မလုပ်ပါနဲ့။ သိတယ်ဆိုရင်တော့ ဝေဖန်လို့ရတယ်။ သိတဲ့အတိုင်းကို ဝေဖန်ပါ။ ဝေဖန်တာပဲ ဖြစ်ဖြစ်၊ အကြံပေးတာပဲ ဖြစ်ဖြစ်၊ နားထောင်တာပဲ ဖြစ်ဖြစ်၊ ဆွေးနွေးတာပဲ ဖြစ်ဖြစ် နည်းနည်းလေးသိရင် သိတဲ့အပေါ်မှာ အခြေခံပြီး မေးလို့ရတယ်။ လုံးဝမသိပဲနဲ့ ဘေးကပြောတဲ့ စကားနဲ့လိုက်ပြီး ပြောတာမျိုးတော့ မဖြစ်စေချင်ဘူး။ ယူနီကုတ်ကို ဘာလို့ ကြီးကြီးကျယ်ကျယ် ပြောနေတာလဲ၊ ဘာလို့အချိန်ကုန်ခံနေတာလဲလို့ သိချင်လာပြီဆိုရင် သိချင်တဲ့ အသိအပေါ်မှာ ထပ်ပြီးတော့ ကြိုးစားဖို့ လိုအပ်ပါတယ်။ ယူနီကုတ်နဲ့ ပတ်သက်ပြီး ဝက်ဘ်ဆိုဒ်တစ်ချို့မှာ ငြင်းခုန် ဆွေးနွေးကြတာကို တွေ့ရတယ်။ ပြောတဲ့သူကလည်း ပြောတယ်။ ဖြေရှင်းပေးတဲ့ သူကလည်း ဖြေရှင်းတယ်။ ဒါပေမယ့် အခုအချိန်အထိ အဖြေတစ်ခု မရကြသေးဘူး။ ဆွေးနွေးမှုဆိုတာ အဖြေတစ်ခုရသွားမှ အောင်မြင်တာပါ။ အဖြေတစ်ခုမရသေးဘူးဆိုရင် ဆွေးနွေးမှုတွေဟာ အကျိုးမရှိပါဘူး။

ပီပီပြင်ပြင် အသုံးပြုနေတဲ့ အချိန်မှာ

အကျိုးကျေးဇူးက ပြောရမယ်ဆိုရင် အများကြီးပဲ။ အခု မိုက်ခရိုဆော့ဝ်လ်မှာ မြန်မာစာရိုက်နေရတာ Line Brake မရှိဘူး။ Word Break မရှိဘူး။ Phrase Brake မရှိဘူး။ စာရိုက်ရင် တကယ်တမ်းရိုက်နေတာက Phrase Brake နဲ့ ရိုက်နေတာ။ မောင်မောင်သည်ဆိုရင် သည်မှာ ဖြတ်ပေးနေရ တယ်။ ဒါမျိုးတွေရဖို့အတွက် အများကြီးကို ကြိုးစားနေရတယ်။ မြန်မာစာမှာ Phrase ဆိုတာဘယ်နေရာလဲလို့ မြန်မာစာဆရာကြီးတွေနဲ့ တိုင်ပင်ရတယ်။ ပြီးတော့မှာ တကယ်အသုံးချတဲ့အပေါ်မှာရေး ရတယ်။ မြန်မာဘာသာစကားမှာ တစ်ခြားဘာသာစကားနဲ့မတူညီတဲ့ အချက် တွေရှိတယ်။ မြန်မာဘာသာစကားမှာ ဒါတွေ့ရင် ဒါလုပ်ဆိုတဲ့ ပုံစံမရှိဘူး။ ဒါလည်းဖြစ်နိုင်တယ်။ ဟိုတစ်ခုလည်း ဖြစ်နိုင်တယ်ဆိုတဲ့ ပုံစံမျိုးရှိ တယ်။ ဖြစ်နိုင်တွေချေကို အခြေခံပြီးတော့ တွက်ချက်ရတယ်။ ဒီလိုအခြေအနေမျိုးမှာ အလုပ်လုပ်ရတဲ့အတွက် တစ်ချို့ကိစ္စတွေမှာ အရမ်းကို ခက်ခဲတယ်။ ဒီလို အချိန်အကုန်ခံပြီး ရှင်းခဲ့ရတဲ့ ပြဿနာတွေက ယူနီကုတ်ကို ပီပီပြင်ပြင်သုံးနေရတဲ့ အချိန်မှာ အားလုံးပြေလည်နေပြီ။ ကျွန်မတို့ ခက်ခက်ခဲခဲလုပ်ခဲ့ရပါတယ်လို့ အဲဒီအချိန်မှာ ပြောရင် ဘယ်သူမှ ယုံကြတော့မှာမဟုတ်ဘူး။

ဘာသာစကား၊ နည်းပညာ

မိခင်ဘာသာစကားနဲ့ ပတ်သက်ပြီး ၅ နှစ်ကျော်လောက် လုပ်လာရပေမယ့် အခုအချိန်အထိ လေ့လာနေရတုန်းပဲ။ ကိုယ်မသိတဲ့အရာတွေက အများကြီးပဲ။ အင်တိုက်အားတိုက်နဲ့ လုပ်နေကြတဲ့အထဲမှာ မြန်မာက နောက်မကျပါဘူး။ လိုက်နိုင်ပါတယ်။ သူတို့ထက် ကြိုမြင်ခဲ့တဲ့ အပိုင်း တွေလည်း ရှိတယ်။ တစ်ချို့အပိုင်းတွေမှာ မြန်မာဆိုတဲ့ဘာသာစကားကို ဘယ်သူမှ မသိကြဘူး။ ကိုယ့်အနေနဲ့က ကမ္ဘောဒီးယားကိုလည်း သိတယ်။ ဗီယက်နမ်ဘယ်လို ရှိသလဲဆိုတာကို လေ့လာတယ်။ ထိုင်းက ဘယ်လိုရှိသလဲ၊ ဂျပန်က ဘယ်လိုရှိသလဲ ဆိုတာတွေကို သိနေတယ်။ ဒီလိုသိနေတာက အားသာချက်တစ်ခုပဲ။ သူတို့ ဘာသာစကားနဲ့ ကိုယ့်ရဲ့ ဘာသာစကားမှာ ဘယ်အပိုင်းတွေ တူနေတယ်ဆိုတာ သိထားတဲ့ အတွက် ကိုယ့်အနေနဲ့ သူတို့ဆီက ဘာယူသုံးလို့ ရမလဲဆိုတာ သိတယ်။ ဒီလိုအတွေ့အကြုံမျိုးတွေ ရတယ်။ သူတို့ဆီမှာ NLP နဲ့ ပတ်သက်ပြီး အင်တိုက်အားတိုက်ကို လုပ်ကြတယ်။ NLP ကို တစ်ဦးတစ်ယောက်တည်း လုပ်လို့မရဘူး။ အားလုံး စုပေါင်းပြီးတော့ လုပ်ရတယ်။ စုပေါင်း လုပ်ကိုင်တဲ့အပိုင်းမှာ မြန်မာက အားနည်းတယ်။ ကျန်တဲ့အပိုင်းတွေမှာတော့ လိုက်နိုင်တယ်။ Myanmar NLP Lab မှာ အစပိုင်း စလုပ်တုန်းက ယူနီကုတ် စံသတ်မှတ်ချက်ဖြစ်အောင်၊ မြန်မာနိုင်ငံမှာ ယူနီကုတ်အသုံးပြုနိုင်အောင်ဆိုတဲ့ အပိုင်းတွေ ပိုများတယ်။ နှစ်နှစ်လောက် အလုပ် လုပ်ပြီးတဲ့အခါမှာ ယူနီကုတ်ရဲ့ Enconding ပေါ်မှာ ဘာတွေ လုပ်ကြမလဲဆိုတဲ့ အပိုင်းတွေ ရှိလာတယ်။ သဒ္ဒါနည်းနဲ့ တည်ဆောက်ရတဲ့ အပိုင်းတွေ ပါလာတယ်။ ဒီလိုပါလာတော့ ဘာသာဗေဒကျွမ်းကျင်သူတွေလည်း ပါလာရတယ်။ ဘာသာဗေဒကျွမ်းကျင်သူ ပညာရှင်တွေရဲ့ အကြံဉာ ဏ်တွေကို အများဆုံးယူတယ်။ သုတေသနလည်း လုပ်တယ်။ ဘာသာစကားသဘာဝနဲ့ နည်းပညာပေါင်းစပ်လို့ရတဲ့ အခြေအနေ အထိရောက်အောင် ပညာရှင်တွေနဲ့ တိုင်ပင်ပြီးတော့ လုပ်ကိုင်ဆောင်ရွက်တယ်။

ဘာသာစကားအရင်းအမြစ် လိုအပ်ချက်

ဘာသာစကားနဲ့ပတ်သက်ပြီး ဂဃနဏ မသိခင်မှာ နည်းပညာနောက်ကို လိုက်ခဲ့ရတယ်။ ပြည်ပမှာ သင်တန်းတစ်ချို့ကို တက်ခွင့်ရတော့ မြန်မာက NLP အနေနဲ့ နောက်ကျနေတယ်ဆိုတာကို တွေ့ရတယ်။ ဒီလိုနောက်ကျတဲ့အတွက် ကံကောင်းသွားတယ်လို့ ပြောနိုင်တယ်။ သူတို့ က(နည်းပညာကို) ရှာပြီးသား ကိုယ်က ယူသုံးရုံပဲ။ ဘာကို ယူသုံးရမလဲဆိုတာကို အများစုက အသိကြဘူး။ စာလုံးပေါင်းစစ်ဆေးဖို့ဆိုရင် အဘိဓာန်ကောင်းကောင်းလိုမယ်။ မရှိဘူး။ ဘာသာစကားနဲ့ပတ်သက်ပြီး စုဆောင်းထားတာတွေ မရှိဘူး။    မြန်မာဘာသာစကားမှာ Word, Phrase ဆိုတာ ဒါတွေပဲလို့ ပေးလိုက်တာနဲ့ ဒီအပေါ်မှာ Word Break တွေ၊ Phrase တွေ ရနေနိုင်ပြီ။ အဘိဓာန်တစ်ခုပေးလိုက်တာနဲ့ မြန်မာစာ လုံး ပေါင်းစစ်ဖို့ အဆင်ပြေသွားမယ်။ နည်းပညာအပိုင်းကနေ ကျွန်မတို့လုပ်ပေးနိုင်က နှစ်ဆယ်ရာခိုင်နှုန်းလောက်ပဲရှိတယ်။ ကျန်တဲ့ ရှစ်ဆယ်ရာခိုင်နှုန်းက ဘာသာစကားကျွမ်းကျင်သူတွေ၊ အရင်းအမြစ်တွေကို ထိန်းသိမ်းရတဲ့သူတွေ၊ အချက်အလက်တွေကို ထိန်းသိမ်းမယ့် သူတွေဆီက ဘာသာစကားဆိုင်ရာ အရင်းအမြစ်တွေပဲ။ နည်းပညာက ကျွန်မတို့မှာ အဆင်သင့်ရှိနေတယ်။ ကျွန်မတို့အတွက် လိုအပ်နေတာ က အရင်းအမြစ်ပဲ။ ဘာသာစကားအရင်းအမြစ်က MMNLP တိုးတက်ဖို့ အကောင်းဆုံးလိုအပ်ချက်ပဲ။

သိလိုသမျှကို စိတ်ရှည်စွာ အချိန်ပေး ဖြေကြားပေးခဲ့တဲ့ မသင်ဇာဖြိုးကို ကျေးဇူးတင် မှတ်တမ်းထားပါတယ်။

ဟန်ဇော်

၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလထုတ် ပါစင်နယ်ကွန်ပျူတာမဂ္ဂဇင်းတွင် ဖော်ပြခဲ့ပါသည်။

When government salaries are increased?

Today…. a day before Armed Forces Day in Myanmar.

Basic salary for government servants has increased. An assistant surgeon in hospital who was previously granted 170000kyat(about 170US$) per month can now receive 280000kyats (280US$).

And other servants in government sectors are able to receive this benefits .

That’s a good new for us.

But, there is something we need to worry.

Every time, government salaries were increased, commodity prices for all people had growth in relation.

Employees in private sectors also hope to be increased their payment. When every salaries are increased, the commodity price became higher than previously.

So, although people get high paid, their salaries can not catch the price of goods.

The economic of country became more corrupted.

I am afraid this correlation.Now, the price of goods are appear to be increased.

Micro business men will suffer.

Government salaries increased

The answers we can not see

ကျွန်တော်တို့နိုင်ငံမှာ ဘာလို့အစစအရာရာ ခက်ခဲနေသလဲ
နောက်ကျကန်နေသလဲစဉ်းစားလို့မရဘူးဗျာ။
ငယ်ဘဝတွေပဲကောင်းတယ်။
ဘာမှသိပ်ပူပန်စရာမလိုဘူး ။ကိုယ်လုပ်ချင်ရာလုပ်တယ်။ကိုယ်ဖန်တီးချင်ရာဖန်တီးတယ်။
တက္ကသိုလ်ဝင်တန်းအောင်ပြီးကျောင်းကောင်းကောင်းတက်ရပြီးရင် ဘဝ အတွက်ပူပန်စရာမလိုဘူးလို့ထင်ခဲ့တာက လည်းမှားတာပါပဲ။
တကယ့်လက်တွေ့မှာ ပညာပိုတတ်လေ ပိုအနှိမ်ခံရလေပဲ။
ဆေးတက္ကသိုလ်မှာ ၆နှစ်လောက်ပညာသွားသင်ရတယ်။
အခြားရွယ်တူသူငယ်ချင်းတွေ ၃နှစ်လောက်ပဲပညာသင်ပြီးအလုပ်လုပ်နေကြတဲ့အချိန်မှာပေါ့။
သူတို့တွေကအလုပ်တွေ နဲ့အခြေကျသွားပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ကြပြီ။
ကျွန်တော်တို့က မိဘရဲ့ငွေကိုတောင်းရတုန်း။
ဆရာဝန်ဖြစ်ရင်ရင် အေးရလောက်ပါပြီ။
ဆရာဝန်ဖြစ်ခဲ့ရင် အေအေးဆေးဆေးဆေးကုနေရုံ ပဲပေါ့
ဘာများပူပန်စရာရှိလို့လဲ။ လက်ဖျားကငွေသီးတဲ့သူများဖြစ်လို့
လူတိုင်းက အားကျကြမယ်ဆိုတာပဲ။

တကယ့်လက်တွေ့မှာ ကျတော့ ကျွန်တော်တို့နိုင်ငံလောက်ဆရာဝန်တွေကို ဒဏ်ခတ်ထားတဲ့နိုင်ငံရှိပါဦးမလားလို့စဉ်းစားမိတယ်။
ကျွန်တော်အရင်က လူတွေကိုကူညီတဲ့ဆရာဝန်တစ်ဦးဖြစ်ချင်ခဲ့တယ်။

လူတွေကိုကူညီရင်းနဲ့စားဝတ်နေရေးလည်းပြေနိုင်မှာပဲထင်ခဲ့တာ။
တကယ်တော့ ကျွန်တော်တို့ရဲ့အိမ်မက်တွေ ကိုတစ် တိတိနဲ့ချိုးခံနေခဲ့ရတယ်။

ပျံသန်းကြမယ့်ကြိုးကြာငှက်လေးတွေဆိုပြီး ရင်ခုန်ခဲ့ရပေမယ့်
ကျွန်တော်တို့ရဲ့ခြေထောက်တွေမှာသံကြိုးတွေဆွဲထားတယ်။
အစိုးရအလုပ်မဝင်တဲ့အပြင်ဆရာဝန်နဲ့ ဝင်တဲ့အစိုးရဆရာဝန်ဆိုပြီးရှိကြတယ်။
တစ်နှစ်တစ်နှစ် အလုပ်ဝင်ဖို့ကို စောင့်နေတဲ့သူတွေအများကြီးရှိတယ်။

သူတို့ဘာလို့ဝင်ကြတာလဲ။
အလုပ်ဝင်ရင်ပျော်ပျော်ရွှင်ရွှင်နဲ့ လူနာတွေကိုစောင့်ရှောက်နိုင်မယ်ထင်ကြတယ်။
နိုင်ငံတော်က ပေးတဲ့လစာက လမ်းပေါ်မှာ တောင်းစားတဲ့သူတောင်းစားထက်တောင်နည်းပါသေးတယ်။
အခြား နိုင်ငံ့ဝန်ထမ်းတွေလည်း ဒီထက်ပိုမရဘူးလို့ပြောချင်ပြောကြပါလိမ့်မယ်။
သို့သော် အခြားနိုင်ငံဝန်ထမ်းတွေမှာ ကော သူတို့ နိုင်ငံတော်ကပေးတဲ့လစာနဲ့ဖူလုံလောက်ငှစွာစားသောက်နိုင်သလား။
သူတို့မှာအပိုဝင်ငွေတွေရှိပါသေးတယ်။
ဒါပေမယ့်ဆရာဝန်တွေမှာ အပြင်ဆေးခန်းထိုင်ဖို့ကလွဲပြီး ဝင်ငွေရှာစရာရှိပါသလား။

သူတို့ဘဝတွေကို မိမိ ရဲ့ကိုယ်ပိုင်ဆေးခန်းလေးနဲ့ရပ်တည်ကြရပါတယ်။
အခါကြီးရက်ကြီးများဖြစ်လို့ ဂျူတီနားရပြီး လုပ်သူများလည်း ငွေကြေးပိုမိုရရှိတယ်ဆိုတာမျိုးမရှိပါ။
နေ့စဉ်ရက်စက်ဂျူတီတွေဆင်းလို့လည်း ဘယ်သူမှမသနားပါ။
သူတို့ရဲ့ပျော်ရွှင်မှုကို တိုင်းတာကြည့်လျှင် အားလုံးရဲ့ပျော်ရွှင်မှုကလုံးဝပျောက်ဆုံးနေကြပါတယ်။
ဝင်ငွေမလောက်ငှမှုများအပြင် ဆေးရုံတွင်း အကြီးနဲ့အငယ်ဆက်ဆံရေးပြဿနာများလည်းရှိနေပါသေးသည်။

အပြင်တွင်ကျန်ရှိနေသော အလုပ်မဝင်ဆရာဝန်များမှာလည်း
မိဘ ကချမ်းသာလျှင်အရင်းအနှီးထုတ်၍ စီးပွားရေးလုပ်လျှင်လုပ်။
ဆေးကုမ္ပဏီ, NGOအဖွဲ့အစည်း၊ တို့တွင်ဝင်လုပ်လျှင်ဝင်လုပ်
မည်သူရဲ့အမိန့်ကိုမှ နားမထောင်လိုသူများကတော့ ကိုယ်ပိုင်ဆေးခန်းဖွင့်လိုဖွင့်
အချို့ကတော့နိုင်ငံခြားထွက်သွားပြီး ဘယ်တော့မှပြန်မလာတော့သည်များလည်းရှိသည်။

မိမိ သင်ထားသည့်ပညာကလည်း ဆေးကုတာတစ်ခုတည်း
အရောင်းအဝယ်လည်းမလုပ်တတ်။
လူသဘောကျအောင်လည်းစကားမပြောတတ်။
မလိုအပ်သည့်ဆေးများကို မပေးပါဟုဆိုသည့် ဆရာဝန်ကျင့်ဝတ်များကိုဖောက်ဖျက်ဖို့ မဝံ့မရဲဖြစ်တတ်။

ထိုသို့သောသူများကားဘယ်ကိုမှမရောက်ပဲကြားမှာလစ်လပ်နေကြသူများဖြစ်ပေသည်။
သူတို့လိုချင်သည်ကား အဓိပ္ပါယ်ရှိသောဘဝ။
အ ဓိပ္ပါယ်ရှိသော ကုသမှု။
မိမိ တန်ဖိုးထား ကြိုးစားသလောက်ပြန်လည်ရရှိသော ထိုက်သင့်သည့်ချီးမြှင့်ငွေ။
အလုပ်ဝင်ဖို့ ဝိုင်းဝန်းကြိုးစားကြသည့်အထဲမှာ
မတရားမှုပေါင်းများစွာက အဆင်သင့်စောင့်ကြိုနေတာကိုလည်းခံစားရ။

အစိုးရအလုပ်အရမ်းဝင်ချင်ပြီး ဘွဲ့လွန်ဆက်တက်ချင်တဲ့ကျောင်းတုန်းက စာတော်တဲ့သူငယ်ချင်းတွေ သူတို့မကျွမ်းကျင်တဲ့ အရာတွေနဲ့စာမေးပွဲစစ်ပြီး အရွေးချယ်မခံရတဲ့အခါ
သူတို့လောက်မှ ဆေးပညာအကြောင်းကို မသိခဲ့သူတွေအရွေးချယ်ခံရတဲ့အခါ
စာမေးပွဲကိုမဖြေပဲနဲ့အရွေးချယ်ခံရတဲ့အခါ

ဘာမှမက်မောစရာမရှိတဲ့ မစင်တွင်းကြီး ထဲကို ခုန်ချဖို့ အ လုအယက် စာရင်းပေးခုန်ခွင့်ကြိုးစားကြတဲ့အထဲ အရွေးချယ်မခံရလို့ အပြင်မှာသောင်တင်နေကြတဲ့သူတွေလိုပါပဲ

သူတို့အတွက်ဘဝကတက်လမ်းဘယ်မှာ
ရေရာတဲ့လမ်းကဘယ်မှာ
လူတော်တွေပါ
ဒါပေမယ့် စိတ် ဆင်းရဲခြင်းမျိုးစုံနဲ့ အနှိပ်စက်ခံရတဲ့သူတွေ

ဝဋ်ကြွေးများရှိခဲ့ရင်ပြေပါစေတော့လို့ ဆုတောင်းပါတယ်ဗျာ။

ကျွန်တော် Developer

ကျွန်တော် အွန်လိုင်းကနေအလုပ်လုပ်လာတာတော်တော်ကြာပြီလို့ပြောလို့ရမယ်

၂၀၁၃ခုနှစ်တည်းကပေါ့။

များသောအားဖြင့် ဗေဒင် Application တွေထုတ်တယ်။ အစကတော့ offline သက်သက်ပဲ။နောက်တော့ အွန်လိုင်းပါချိတ်ပြီးကြည့်လို့ရအောင် စီစဉ်တယ်။  အပတ်စဉ် ဖော်ပြတဲ့ပုံစံမျိုးပေါ့ ။

၂၀၁၄ လောက်အထိ တော့အဆင်ပြေသေးတယ်။ ကျွန်တော်က တစ်နှစ်စာ ကြိုတင်ထားတာလေ။ အချိန်တန်ရင်သူ့ဘာသာ ပြောင်းလဲဖော်ပြပေးမှာပဲ။

အခုတော့ ကျွန်တော်အခက်အခဲတွေ့နေတယ်။ ကျွန်တော်အသုံးပြုတဲ့ ဗေဒင်တွေက မူပိုင်ခွင့်နဲ့ညိနေလို့ လေ။

အဲဒီတော့ ခွင့်ပြုချက်မရပဲဆက်လက်ဖော်ပြလို့မဖြစ်တော့ဘူး ။တကယ်ဆိုရင် ကျွန်တော်၂၀၁၅ အတွက်အားလုံးပြင်ဆင်ပြီးပါပြီ။ ဒါပေမယ့် ခွင့်ပြုချက်မရပဲ တားမြစ်ခံရလို့ ကျွန်တော်အားလုံးရပ်ဆိုင်းလိုက်ရတယ်။

၂၀၁၅ ခုနှစ်အတွက် application ထုတ်ဖို့ကို ကျွန်တော်၂လလောက်အချိန်ယူရတယ်။ ဒေတာတွေစစ်ရတယ်။

ဒီကြားထဲအချိန်မှီမပြီးမယ့် အခက်အခဲတွေ ,အချိန်မှီလုပ်ပေးမယ်ဆိုပြီးကတိဖျက်တဲ့သူတွေနဲ့လည်းတွေ့ရတယ်။

တကယ်ဆို ကျွန်တော် ပေးခဲ့ရတာတွေလည်းအများကြီးရှိတယ်။ ဖြစ်အောင်လုပ်မယ်ဆိုပြီးတော့ အွန်လိုင်းကိုတင်ပေမယ့် တစ်လပဲကြာတယ် ။ကျွန်တော် ကြိုးစားထားသမျှတွေအားလုံးကို ဖျက်သိမ်းပစ်ရတယ်။  အပတ်တိုင်းပြမယ့်အစီအစဉ်လည်းရပ်လိုက်ရတယ်။

စိတ်ဓာတ်တွေလုံးဝပစ်ပြီးကျသွားတယ်။ အွန်လိုင်းအဖြစ်ရပ်တည်နေတဲ့ application တွေက အမြဲတမ်း အွန်လိုင်းရှိတဲ့အရေအတွက် က ၂၀၀၀၀ လောက်ရှိတာကိုး/

ဒေါင်းလုဒ်ကောင့်ကလည်း စုစုပေါင်း သိန်းကျော်တော့မယ်ထင်တယ်။

ကျွန်တော်ဒီပရိတ်သတ်တွေအားလုံးကို ဘာမှမပေးနိုင်တော့ဘူး။

ကျွန်တော့်ရဲ့ application သုံးတဲ့သူတွေကို လက်လွှတ်ရတော့မှာလေ

ဒီခံစားချက်ကို သာမာန်လူဆိုရင် ကောင်းကောင်းခံစားပေးတတ်မှာမဟုတ်ပါဘူး။

အစကကျွန်တော့်ရဲ့Application တွေကိုမကြည့်ချင်လောက်အောင် မုန်းသွားခဲ့ဖူးသေးတယ်။

နောက်တော့မှ အပတ်စဉ်ဘယ်လိုပြန်လုပ်မလဲဖြေးဖြေးချင်းစဉ်းစားတယ်။

ကျွန်တော်တစ်ယောက်တည်းရပ်တည်လို့ကတော့မရတော့ဘူး။ ဗေဒင်ဆရာတစ်ယောက်ယောက်နဲ့ပူးပေါင်းပြီးသူက အပတ်စဉ်ဟောစာတမ်းပေးမယ်။ ကျွန်တော်က ထည့်ပေးမယ်။ သူ့အမည်ကို ထည့်သွင်းပေးမယ်။ ဗေဒင်မေးချင်ရင် ချိတ်ဆက်ပေးမယ်။ ဒါမှမဟုတ်လည်း အသုံးပြုခအနေနဲ့ ကျွန်တော် တတ်နိုင်သလောက် ဉာဏ်ပူဇော်မယ်။ ကျွန်တော့်ရဲ့ applicationတွေက လည်း ဂူဂယ် ကြော်ငြာထည့်ခအနေနဲ့ ငွေနည်းနည်းဝင်ပါတယ်။ ဒါပေမယ့် အဓိက ကတော့ ကျွန်တော် အနှစ်နှစ်အလလကြိုးစားခဲ့တာလေးတွေကို ဒီတိုင်း မလွှင့်ပစ်ရက်ဘူးဗျာ/

တွေးတိုင်းကျွန်တော်ကြေကွဲတယ်။ ဒီပညာရပ်တွေက ကျွန်တော့်ကိုဘယ်သူမှမသင်ပေးပါဘူး

ကွန်ပျူတာရှေ့မှာထိုင်လိုက် တွေးလိုက် ရှာလိုက် စမ်းသပ်လိုက်နဲ့ဒီလောက်အထိဖြစ်လာတာပါ။

ကျွန်တော်အပတ်စဉ်ဖော်ပြဖို့ အတွက် ကြံစည်တုန်းကဆိုရင် အပတ်တိုင်း လိုက်ပြင်ပေးစရာမလိုပဲနဲ့ သူ့ဘာသာအလိုအလျောက် ပြနေအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို  ထမင်းစားရင်းကော ရေချိုးရင်ကော

အိပ်နေရင်းမှာတောင် စဉ်းစားပါတယ်။

ကျွန်တော်က Programming ကိုလေ့လာသင်ယူထားသူလည်းမဟုတ်တော့ ကျွန်တော်အသုံးပြုလို့ရတဲ့ နည်းက အကန့်အသတ်ရှိပါတယ်။ အွန်လိုင်းက အခမဲ့ application ဆောက်တဲ့ website တစ်ခုကို သုံးပြီးဖန်တီးတာပါ။ဒီဇိုင်းနဲ့ဘယ်လို ပုံစံဖန်တီးမလဲ ။ဘယ်လို အရာတွေကို ထည့်သွင်းမလဲ။

အသုံးပြုသူတွေနဲ့ဘယ်လိုချိတ်ဆက်မလဲဆိုတာတွေကိုအဓိက စဉ်းစားရတာပါ။

Coding ပိုင်းနဲ့ပတ်သက်လို့ကျွန်တော်ဘာမှ လှည့်ကြည့်စရာမလိုပါဘူး။

ကျွန်တော် သိချင်တဲ့အရာတွေကို တစ်ခါတစ်လေ Google ထဲမှာလည်းရှာမတွေ့ပါဘူး။ အဖြေတွေအားလုံးကိုပေါင်းစပ်ပြီး စိတ်ကူးအသစ်နဲ့စမ်းသပ်ကြည့်ရတာပါ။

ကျွန်တော့်ရဲ့app ကိုအခြား နိုင်ငံခြားက နေ့စဉ် ဟောစာတမ်း appတွေလို ဖော်ပြအောင်

နောက်ဆုံးတစ်ခုတည်းပြအောင် အချိန်မှန်အသစ်လဲပေးအောင်

အဲဒီနည်းတွေကို ကျွန်တော် ကိုယ့်ဘာသာရှာတွေ့ခဲ့ပါတယ်။ ။ ကျွန်တော့်အရင်က တော့ မြန်မာ ဗေဒင် app တစ်ခုရှိပါတယ်။ သူက နေ့စဉ်ပြပေးတာပါ။

ကျွန်တော်စလုပ်တဲ့အချိန်မှာတော့သူက ဆက်လက်သုံးလို့မရတော့ပါဘူး။

Offline အဖြစ်ပြပေးပြီး အပတ်တိုင်း လည်ပတ်နေတဲ့ ဗေဒင်appလည်းရှိပါတယ်။

ကျွန်တော်ဖန်တီးနေတဲ့အချိန်အတွင်းမှာတော့ ပုံစံတူမရှိခဲ့ပါဘူး။

ကျွန်တော်ရင်ထဲမှာသိမ်းထားရတဲ့စကားလေးတွေပါ။ လူတိုင်းကိုပြောပြလို့လည်းသူတို့တွေက နားမလည် ပေးတတ်ရင်ကျွန်တော်ပဲပိုခံစားရတာလေ။ ကျွန်တော့်ရဲ့သက်မွေးဝမ်းကျောင်းအလုပ်တစ်ခုကို လည်းကိုယ့်ဘာသာလုပ်ပြီး ဝါသနာလည်းပါမုန့်ဖို့လည်းရတဲ့ ဒီလို appတွေကိုလည်းကျွန်တော်ဆက်လက် လုပ်နေချင်ပါသေးတယ်။ တစ်နှစ်စာ ကြိုဖန်တီးထားနိုင်ရင်တော့အကောင်းဆုံးပေါ့ဗျာ/

ကျွန်တော့်appတွေထဲကနေ သူတို့ ကို စိတ်ပျော်ရွှင်စေမယ့် ဗေဒင်အကြောင်းလေးတွေပုံမှန်မြင်ရဖတ်ရရင် သူတို့လည်းပျော်မယ်။

ကျွန်တော်လည်းပျော်မယ်။

ဒါပေမယ့် လက်ရှိမှာတော့ သူတို့ ရဲ့မျှော်လင့်ချက်တွေပျောက်

ကျွန်တော့်ရဲ့မျှော်လင့်ချက်လည်းပျောက်။။

25.3.2015(ဗုဒ္ဓဟူး)

မောင်အာသာ

The road we walk.

I haven’t learned formal things too much.
The subjects I formally learned are from medical field.
But, I have practiced to many things from internet.
As a person from third world , not all everything is too easy to access.
I have experienced of blackout nights ,the slowest interent connection,the worsen traffic  and the pages showing “access denied” everytime.
Technology in Myanmar started to rise in later 2005 ,I think.
May be that time was a moment when I introduced internet.
When our neighbor countries can access high speed internet and can learn everything online with their own language,
we burmese were still using our own language transforming in english alphabets to communicate on internet.
Later,technicians invented a method to see our own alphabets on internet. It was an improvement but, only pc which has been installed with our local font can see what we chat.So, there was a joke between Myanmar students who are studying in oversea and their foreigner friends.
“You burmese guyz are genius, you can read this little square boxes !”
Because, all devices manufactured in this world forgot to put Myanmar language into them.There is no word to see if there is no font.
I used to ask myself why?
Why the world always neglected us.
Why people don’t know where Myanmar is?
Why we can not see our own alphabets in this modern devices.
I didn’t know why.
I didn’t know is there anybody who is trying to add our own alphabets in machines.
After years, technology influenced into our daily lives more and more.
I can say our nation also had some kind of changes.
Many people are spending their times on facebook although they don’t know how to open a browser.
People who have never used a computer are able to touch mobile phones to access facebook and messenger apps.
But, there has a problem still existed in background and needed to be solved.
We are only at the entrance of technology era. There are many advanced technology still far to come.
We don’t have good libraries which can maintain historical records,valuable ancient books and academic books.
I have never seen a student who goes the library to find reference articles for his research or thesis.
Of course , library here is no more than for show ,not reliable all the time.
So, the easiest way to find records is googling.
Even Google and other giant companies are paying no attention on us, we still are struggling ourselves to see a webpage , to open banned websites and to communicate with the world.
Internet was not so much popular before 2003 .
Only elite could use it somehow.
There was no records in Myanmar language in google.
But, there are many articles,blogs ,news and historical records written in Myanmar language now.
So, what is the problem?
I am afraid although everybody was uploading contents on internet, to search that contents later became a trouble.
There are many variations in saving method.
Unlike english, the structure of a Myanmar word can have many possibilities.
We used consonants combined with vowels and other alphabets to form a word.
No matter how you typed it, the output word would be the same in our eye.
But for a computer, it will see it as different words.

Therefore, when we search words on google,we will see different results in a same word.
But
Now we had a solution.
We all have to type uniformly .
We all have to use same method in every devices PC,Mac and  every os.
the current method we use has flaws which can not be corrected.
Over 10 millions of Myanmar are using old method.
We will see our local languages not only Burmese but also  our brothers ethnic languages at the same time  in same device,same page and same platform.
This is UNICODE…..
I support it for my future country.

Me and Dad

_MG_1119

This is 23.2.2015

I with my Dad on the way to Yangon.

It was near 11/7mile.

It is my first time driving high way and travelling with my Dad.

I remember Avicii song (The nights)

He said, “One day you’ll leave this world behind
So live a life you will remember.”
My father told me when I was just a child
These are the nights that never die

He said, “One day you’ll leave this world behind
So live a life you will remember.”
My father told me when I was just a child
These are the nights that never die.

စကားပုံ

မန်မာ့ စကားပုံများကို အင်္ဂလိပ်လို ပူးတွဲပြီး ဖော်ပြထားပါသည်၊ စကားပုံပေါင်း120 ကျော်တင်ပြထားပါသည်

.Adjust burden to strength, like arrow to bow.တန်နှင့်အားကို လေးနှင့်မြှားကဲ့သို့ ညီအောင်လုပ်ပါ။

ReadMoreAlthough cowardly be slow to run.မရဲသော်လည်း ပြေးခဲစေ။

The anger of the prudent never shows.ပညာရှိအမျက် အပြင်မထွက်။

Arrows all gone before the battle begins.စစ်မရောက်ခင် မြှားကုန်။

As the doe gives birth to a fawn the tiger eats it.သမင်မွေးရင်း ကျားစားရင်း။

As to eating it, will it is covered with grit; but as to throwing itaway, well, it is rich and luscious.စားရမှာလည်း သဲတရှပ်ရှပ်၊ လွှင့်ပစ်ရမှာကလည်း အဆီနဲ့ တဝင်းဝင်း။

As you are fated to eat honey, bees swarm in your beard.စားရကံကြုံတော့ မုတ်ဆိိတ်ပျားစွဲ။

Ask when you don’t know, wash when you’re dirty.မသိလျှင်မေး၊ မစင်လျှင်ဆေး။

At the sight of fresh fish away goes the roast.ငါးစိမ်းမြင်၊ ငါးကင်ပစ်။

Bad children? Blame the parents.သားသမီးမကောင်း မိဘခေါင်း။

Being afraid of the tiger he takes refuge with the lork Spirit, butthe lord Spirit is worse than the tiger.ကျားကြောက်လို့ ရုှင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုး။

The bigger the tiger, the bigger the pug-marks.ကျားကြီးတေ့ာ ခြေရာကြီး။

The black elephant dare not look at the royal white elephant’s face.ဆင်ဖြူမျက်နှာ ဆင်မည်း မကြည့်ဝံ့။

A blind fowl came upon the rice-pot .ကြက်ကန်း ဆန်အိုးတိုး။

The blind man is not afraid of ghosts.မျက်ကန်းတစ်ဆေမကြောက်။

The care of one daughter equals that of a thousand cattle.သမီးတစ်ကောင် နွားတစ်ထောင်။

The cat jumps with joy when the forest is on fire.တောမီးလောင် တောကြောင် လက်ခမောင်းခတ်။

Cheeks shinning because of gold earrings.ရွှေနားကပ်ရောင်ကြောင့် ပါးပြောင်။

Clear water cannot be obtained from a well that has just been dug.ခု ရေတွင်းတူး၊ ခု ရေကြည်သောက်၍ မရ။

Day will not break for a hen’s cackle; it will break only for a cock’s crow.ကြက်မတွန်၍ မိုးမလင်း၊ ကြက်ဖတွန်မှ မိုးလင်းသည်။

Desire for haste is delay.အရင်လို အနှေးဖြစ်။

Discard only bad baskets and punnets, not bad sons and daughters.တောင်းစုတ် ပလုံးစုတ်သာ ပစ်ရိုးထုံးစံ ရှိသည်။ သားဆိုးသမီးဆိုးကိုပစ်ရိုးထုံးစံမရှိ။

Do not spare a bullock or a wife.မယားနဲ့နွား မသနားနဲ့။

Do not tread on a heap of thorns because you have faith in you karma.ကံယုံု၍ ဆူးပုံမနင်းနဲ့။

Eat a section of garlic; you smell of garlic. Eat two sections; yousmell the same.တစ်တက်စားလည်း ကြက်သွန်၊ နှစ်တက်စားလည်းကြက်သွန်။

Eczema comes on the teprous place.နူရာ ၀ဲစွဲ။An ember about to blaze glows brightly.တောက်မည့်မီးခဲ တရဲရဲ။

Empty pockets, empty promises.ငွေမရှိ စကားမတည်။

An error may go on for ever, but it can be set right in a moment.ပျက်အစဉ် ပြင်ခဏ။

Even if you do not love him (her), hold your breath and kiss him(her), even if yor do not kiss him (her), heave a sigh.မချစ်သော်လည်း အောင့်ကာနမ်း၊ နမ်းသော်လည်း ပင့်သက်ရှူ။

Falling face downwards in the front of the tiger.ကျားရှေ့ မှောက်ရက်လဲ။

Fetching water in an open wicker basket.ခြင်းကြားနဲ့ ရေသယ်။

Flipping sesamum seeds into an elephant’s mouth.ဆင်ပါးစပ် နှမ်းပက်။

A floor which has no binding is in disorder.အကွပ်မရှိကြမ်း ပရမ်းပတာ။

Fondle a dog and it will lick your face.ခွေးကလေး အရောဝင်တော့ ပါးလျက် နားလျက်။

The future price will be fixed in the future; sell it at the current price.နောင်ခါလာ နောင်ခါစျေး။

Going to plough and forgetting the catte.လယ်ထွန်သွား နွားမေ့။

A good beginning ensures a satisfactory ending.အစကောင်းမှ အနှောင်းသေချာ။

A good tree can lodge ten thousand birds.သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားနိုင်။Grass depends on the island, the island on the grass.ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ။Great desire obtains little.အလိုကြီးက အရနည်း။Guests only come to a happy house.အိမ်သာလို့ ဧည့်လာ။He asked for bones because he wants flesh.အသားလိုလို့ အရိုးတောင်း။He breathes through someone else’s nose.သူများနှာခေါင်းပေါက်နဲ့ အသက်ရှု။He calls her aunt only when her cucumber fruits.ဘူးသီးသီးလို့ အရီးတော်။He climbs up the pole of the morquee to show his alms-giving.အလှူ့ရှင်မှန်းသိအောင် မဏ္ဍပ်တိုင်တက်ပြ။He does not catch the monitor lizard and he has lost his chopper.ဖွတ်မရ ဓားမဆုံး။He dropped a fish-hook whenever the fish sent up bubbles (expecting tocatch it).ငါးပွက်ရာ ငါးစာချ။He leans on a white elephant and sucks sugar-cane.ဆင်ဖြူတော်မှီ၍ ကြံစုပ်။He lives in the bushes but his spirits is in the heavens.လူနေချုံကြား စိတ်နေဘုံဖျား။He may be poor, however intelligent he may be, if he has no karma.ကံမရှိ ဉာဏ်ရှိတိုင်းမွဲ။He praises the pickling of his own fish.ကိုယ့်ငါးချဉ် ကိုယ်ချဉ်။He rides without knowing whether it’s a stallion or mare.ကိုယ်စီးတဲ့မြင်း အထီးမှန်းအမမှန်း မသိ။He tries to establish relationship with a person only when the person has gold.ရွှေရှိမှ အမျိုးတော်။He was all right when he was sitting; only when he got up did Irealize he was lame.ထိုင်နေတော့ အကောင်းသား၊ ထသွားမှ အကျိုးမှန်းသိ။He who talks isn’t strong; he who’s strong doesn’t talk.လူပြောမသန်၊ လူသန်မပြော။He would like to ride a difficult buffalo but hasn’t enough courage.မရဲဘဲ ကျွဲပြဲစီးချင်။His mouth say; “Buddha Buddha, ” but his hand acts contrariwise.ပါးစပ်က ဘုရား ဘုရား၊ လက်က ကားယား ကားယား။Husband and wife are like tongue and teeth.လင်နဲ့မယား လျှာနဲ့သွား။I have no money to pay the debt and no land abscond to.ပေးစရာ ငွေမရှိ၊ ပြေးစရာ မြေမရှိ။If a needle can pierce it don’t chop with an axe.အပ်ဖြင့် ထွင်း၍ရလျှင်၊ ပုဆိန်ဖြင့် မခုတ်ရ။If the beginning is good, the end must be perfect.အစကောင်းလျှင် အနှောင်းသေချာမည်။If the cattle are scattered the tiger seizes him.နွားကွဲလျှင် ကျားဆွဲမည်။If the fire is greater the fire wins; if the water is greater the water wins.မီးများ မီးနိုင်၊ ရေများ ရေနိုင်။If the thorn falls the leaf is pierced; if the leaf falls the leaf is pierced.ဆူးပေါ်ဖက်ကျလျှင် ဖက်ပေါက်သည်။ ဖက်ပေါ်ဆူးကျလျှင် ဖက်ပေါက်သည်။If there is a question, there is also an answer.အမေးရှိလျှင် အဖြေရှိသည်။If you carry the world” No” with you, you will never be poor even in old age.ဘူးတစ်လုံးဆောင် အိုတောင်မဆင်းရဲ။If you do not know, ask; if it not clean, wash.မသိလျှင်မေး၊ မစင်လျှင်ဆေး။If you don’t believe me , ask my wife.မယုံရင် ငါ့မယားကိုမေး။If you want to go fast, go the old road.အလျင်လို လမ်းအိုလိုက်။If you desire is great you obtain little.အလိုကြီးက အရနည်းသည်။Ignorance is more troubles me than poverty.မရှိတာထက် မသိထာခက်သည်။In a basket it is the binding, in a man it is his clothes.တောင်းမှာအကွပ်၊ လူမှာအဝတ်။In a forest where there is no heart-wood the castor-oil plant rules.အနှစ်မရှိတဲ့တော ကြက်ဆူပင် မင်းမူ။In another’s eyes, but in his own eyes he sees no dirt.အခြားလူများ၏ မျက်ချေးကိုမြင်၍ ကိုယ့်မျက်ချေးကိုယ်မမြင်။In journeying at improper time, one step; in eating improper food, onemouthful is sufficient to course mishap.အစားမတော် တစ်လုပ်၊ အသွားမတော် တစ်လှမ်း။It is for bird to fly and die; it is for man t5o scheme and die.ငှက်သည် ပျံရင်းသေသည်။ လူသည် ကြံရင်းသေသည်။It’s like threading a dog’s crooked tail through a joint of bamboo.ခွေးမြီးကောက် ကျည်တောက်စွပ်သလို။Just as the breeze carries the flower’s fragrance, so do men carry men’s news.ပန်းသတင်း လေညှင်းဆောင် လူသတင်း လူချင်းဆောင်။Just when he wants to cry you touch him.ငိုချင်လျက် လက်တို့။Karma is the mother and karma is the father.ကံသာလျှင် အမိ၊ ကံသာလျှင် အဖ။Karma watches over your property; your intellig- ence watches over your life.ဥစ္စာကံစောင့်၊ အသက်ဉာဏ်စောင့်။A lazy man lies flat on his back, a lazy woman stretches out her legs.ယောက်ျားပျင်းတော့ ကျောခင်း၊ မိန်းမပျင်းတော့ ခြေဆင်း။Let enmity stops short, but love lingers on.ချစ်စကို ရှည်စေ၊ မုန်းစကို တိုစေ။Let them know about it but not see it.သိတာသိစေ မမြင်စေနဲ့။Like father and grandfather alike.ဘမျိုးဘိုးတုူ။Loss of good is one day spoiled; loss of a hrsband is a ruined life.ကုန်ရှုံးတော့ တစ်ရက်၊ လင်ရှုံးတော့ တစ်သက်။A man does not lose his life if the time at which he is fated to dieis not arrived.သေနေ့မစေ့သေးလျှင် မသေ။The man from hell is not afraid of hot ashes.ငရဲကလူ ပြာပူမကြောက်။Mice cease to fear the cat when she is too old.ကြောင်အို ကြွက်မလေး။Minds together, bodies apart.စိတ်ပေါင်းကိုယ်ခွာ။Moderation is medicine, excess is peril.လွန်ရင်ဘေး၊ တန်ရင်ဆေး။The moon shinning in the hollow of the bamboo.၀ါးလုံးခေါင်းထဲ လသာ။More money always wins the cause.ငွေများ စကားနိုင်။A motherless son is a fish in low water.အမိမဲ့သား ရေနည်းငါး။Near a fisherman one is a fisherman; near a hunter a hunter.တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး။No lawyer is infallible, nor a doctor immortal.မမှားသော ရှေ့နေ၊ မသေသော ဆေးသမား။The oar broke while the boat was going.လှေလှော်ရင်း တက်ကျိုး။Offering a sword-hilt to a thief.သူခိုး အရိုးကမ်း။Old bullocks are partial to tender grass.နွားအို မြက်နုကြိုက်။Once you have died you know how to lay out the corpse.တစ်ခါသေဖူး ပျဉ်ဖိုးနားလည်။One can but fall to earth or rise to the golden umbrella.သေမြေကြီး ရှင်ရွှေထီး။One capable many and a force of ten thousand was crushed.တစ်ယောက်ကောင်းက တစ်သောင်းဗိုလ်ခြေ ညက်ညက်ကြေ။One day, six feet, where will Bagan move to ?တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့။One day to die, and one day to born.သေတစ်နေ့ မွေးတစ်နေ့။One in a thousand mothers bears such sons.မတစ်ထောင် တစ်ကောင်ဘွား။One mouthful of unsuitable food, one imprudent step may lead to peril.အစားမတော်တစ်လုပ်၊ အသွားမတော် တစ်လှမ်း။One needs a full stomach to keep the precepts.အူမတောင့်မှ သီလစောင့်နိုင်မည်။One seasum seed will not make oil.နှမ်းတစ်စေ့နှင့် ဆီမဖြစ်နိုင်။One should not open the mouth for a presentation cow and look at the teeth.အလကားရသည့်နွားကို သွားဖြဲမကြည့်သင့်။One’s bed is a throne if one thinks to be so.ကိုယ်ထင်လျှင် ခုတင်ရွှေနန်း။Only the sufferer knows how his belly aches.ကိုယ်ဝမ်းနာ ကိုယ်သာသိ။Only when the thief has run away do the tatto spots show their power.သူခိုးပြေးမှ ထိုးကွင်းထ။Picking up frogs with a perforated bag.ပလိုင်းပေါက်နှင့် ဖားကောက်။Pinning for the aunt rather than the mother.အမေကျော် တွေးတော်လွမ်း။Playing a harp before a buffalo.ကျွဲပါးစောင်းတီး။Pot against pot, the pots will touch; ropes together, the ropes will tangle.ကြိုးချင်းထား ကြိုးချင်းထိ၊ အိုးချင်းထား အိုးချင်းထိ။The price of the hook(goad) is greater than the prick of the elephant.ဆင်ဖိုးထက် ချွန်းဖိုးကကြီး။Property is guarded by luck.ဥစ္စာကံစောင့်။Rain water leaks through the roof-top.ခေါင်က မိုးယို။Riding on the same boat, going on the same journey.တစ်လှေတည်းစီး တစ်ခရီးတည်းသွား။Rubbing liniment on the unaffected spot.မရောင်ရာ ဆီလူး။Said to be marrying a captain, she married a sailor.ကျော်တော့လှေသူကြီး ညားတော့ လှေထိုးသား။Searching for a lime before he gets the hare.ယုန်မရခင် သံပရာရှာ။Seeing the bark you know the tree; seeing his expression you know his character.အပွေးမြင် အပင်သိ၊ အသွေးမြင် အသွင်သိ။Setting fire to the grannary because one cannot beat the mice.ကြွက်မနိုင် ကျီမီးနဲ့ရှို့။She wears the flower when it has a sweet scent, but disards it when ithas lost its scent.မွှေးလျှင်ပန်၊ နံလျှင်ပစ်။Silence is worth a thousand pieces of silver.ဆိတ်ဆိတ်နေ ထောင်တန်။The snare was set to catch a hare but the cat was caught.ယုန်ထောင် ကြောင်မိ။The son is one month older than his father.အဖေထက် သားတစ်လကြီး။The stick falls on the sore.အနာပေါ် တုတ်ကျ။Store up the water while it rains.The strongest young bullock is only as strong as an old bullock with abroken leg.နွားပျိုသန်လှ နွားအိုပေါင်ကျိုးသလောက်ပဲ ဖြစ်သည်။Sugar-cane is sweet always, man only sometimes.ကြံသည် အစဉ်ချိုသော်လည်း လူသည် အစဉ် မချို။Taking shelter in the shade of a tree and breaking off the branches.အရိပ်နေနေ၊ အခက်ချိုးချိုး။Teaching a monk to read; showing an alligator king the water business.ဘုန်းကြီးစာချ၊ မိကျောင်းမင်း ရေခင်းပြ။Teasing eventually turns to quarrel.အကျီစားသန်လျှင် ရန်ဖြစ်သည်။Teeth that are going to chew for a long time must aviod bones.ကြာကြာဝါးမယ့်သွား အရိုးကြည့်ရှောင်။A thing floats when it gets rotten; the news, if not true will not spread.ပုပ်လျှင်ပေါ်၊ ဟုတ်လျှင်ကျော်။Those who are unaware walt over it, those who are aware unearth it and eat it.မသိသူကျော်သွား သိသူဖော်စား။Throwing sand at the meat he cannot eat.မစားရတဲ့အမဲ သဲနှင့်ပက်။The tiger who courts death moves to another jungle.သေချင်တဲ့ကျား တောပြောင်း။Timidity relieves one of responsibitity.ကြောက်တတ်လျှင် ၀န်ကင်းသည်။To be ignorant is worse than being poor.မရှိတာထက် မသိတာခက်။To dig one’s grave with one’s own hands.ကိုယ့်သေတွင်း ကိုယ်တူး။Too many doctors and the son dies.ဆရာများ သားသေ။Too much carp makes the curry in stupid.ငါးသိုင်းများ ဟင်းဟုံ။Too much talk will include errors.စကားများလျှင် အမှားပါမည်။The top of a pinnade now, firewood soon.မှန်ကင်းတစ်လှည့် ထင်းတစ်လှည်။Travelling by raft and yet thirsty.ဖောင်ဆီးရင်း ရေငတ်။Trust a slave you lose an eye; trust your childrin you lose both.ကျွန်ယုံတော့ တစ်လုံးကန်း၊ သားသမီးယုံတော့ စုံလုံးကန်း။Unitl timber is available, use bamboo as a girder.သစ်မရခင် ၀ါးကူ။A village ox does not feed on village grass.ရွာနားကမြက် ရွာနွားမစား။Water falling into sand.သဲထဲ ရေသွန်။Wax will show the quality of gold.ရွှေအကြောင်း ဖယောင်းသက်သေတည်။When an elephant shrinks it’s still a buffalo.ဆင်ပိန်တော့ ကျွဲ။When diamonds are being sold, the tobacco-stalk verchant is in the way.စိန်ကောင်းကျောက်ကောင်း ရောင်းနေသည့် အခါ၌ ဆေးရိုးသည်က ကန့်လန့်ကန့်လန့်။When I work for my living the rains are sconty, when I sted for myliving the dogs bark.လုပ်စားတော့ မိုးခေါင်၊ ခိုးစားတော့ ခွေးဟောင်။When in agony a mother will even deny being related to her son.ကိုယ်မချိ အမိသော်လည်း သားတော်ခဲ။When the disease is not known there is no remedy.အနာမသိ ဆေးမရှိ။When your strength is not sufficient, humble yourself.အားမတန် မာန်လျှော့။Where there is a question, there must be an answer.အမေးရှိလျှင် အဖြေရှိရမည်။While being troubled by snakes, he is harassed by centipedes.မြွေပူရာ ကင်းမှောင့်။The whole boat is putrid because of a single carp.ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်။A woman’s modesty cannot be bought with gold.မိန်းမတို့အိန္ဒြ ရွှေပေး၍မရ။You will face a hundred peoblems in your lifetime though you may notlive that long.အသက်တစ်ရာမနေရသော်လည

လူအမျိုးအစား (၄) မျိုး

မင်္ဂလာရှိသော ညနေခင်းလေးအတွက် ဆရာဖူးကျော်ဇင်(Future Wave) ရေးသားထားသော ” လူအမျိုးအစား (၄) မျိုး”

ဘဝအောင်မြင်မှုလမ်းကို လျှောက်လှမ်းတော့မယ်ဆိုရင် အရင်ဦးဆုံးလုပ်ရမယ့်အရာကတော့ ကိုယ့်အကြောင်းကိုယ်သိအောင် ဆန်းစစ်လေ့လာတာ ဖြစ် ပါတယ်။ ““ငါဟာ ဘယ် လိုလူမျိုးလဲ””၊ ““ဘယ်လို လူမျိုးဖြစ်ချင်တာလဲ”” အောင်မြင်တဲ့ လူသားတွေဟာ ““ဘယ်လို လူမျိုးတွေလဲ”” စသဖြင့် လေ့လာသုံးသပ်ရပါမယ်။
လောကမှာ လူတန်းစားပေါင်းစုံ၊ အဆင့်အတန်းပေါင်းစုံနဲ့ လူအမျိုးမျိုးရှိနေကြပါတယ်။ ဘဝအောင်မြင်မှုနဲ့ ပတ်သက်လာရင်တော့ လူတန်းစားလေးမျိုးကို တွေ့ရမှာပါ။ လူတွေရဲ့မတူညီတဲ့ အတွေးအခေါ်တွေ၊ မတူညီတဲ့ စိတ်ဓာတ်နဲ့လုပ်ရပ်တွေကြောင့် သူတို့တွေရဲ့ ဘဝအောင်မြင်မှုရလဒ်တွေဟာလည်း ကွဲပြားနေတာကိုတွေ့ရပါတယ်။ ဒီလိုခြားနားမှုတွေအရ လူအမျိုးအစားလေးမျိုးဆိုပြီး ခွဲခြားထွက်ပေါ်လာတာပါ။

(၁) Full Stop. လူမျိုး
Full Stop. ဆိုတဲ့အတိုင်း ဒီလိုလူမျိုးတွေဟာ ဘဝမှာ ရပ်တန့်နေတဲ့လူမျိုးတွေ၊ ပြီးဆုံးသွားပြီဆိုတဲ့ လူမျိုးတွေ ဖြစ်ပါတယ်။ ဆက်မသွားတော့ဘူးဆိုပြီး၊ စိတ်ဓာတ်ခွန်အား နည်းတဲ့ လူမျိုးတွေဖြစ်ပါတယ်။ လူကသာ အသက်ရှင်နေပေမယ့် စိတ်ဓာတ်တွေ သေဆုံးနေတယ်လို့ ပြောရမယ့် လူစားမျိုးပါ။ ဘဝကိုလက်မြှောက်အရှုံးပေးတယ်။ ဖြစ်ချင်တာမဖြစ်ရလို့ ““ဖြစ်ချင်သလိုဖြစ်ကွာ””ဆိုပြီး ဘဝကိုရေဆန် မျောလိုက်သူတွေလည်း ဖြစ်ပါတယ်။
တစ်ချို့က သင်ယူသင်ကြားခြင်း (Learning) ကို ရပ်တန့်ပစ်လိုက်တယ်။ တစ်ချို့က ကိုယ့်ရဲ့ စီးပွားရေးလုပ်ငန်းတွေ အဆင်မပြေတဲ့ အခါမှာ လုပ်ငန်းတွေကို ရပ်တန့်ပစ်တယ်။ စီးပွားရေး၊ လူမှုရေး၊ အိမ်ထောင်ရေး၊ အချစ်ရေး အဆင်မပြေလို့ ကိုယ့်ဘဝကို လမ်းဘေးပို့ပစ်တဲ့ လူတွေလည်း ပါ၀င်ပါတယ်။ အောင်မြင်မှုလမ်းကို လျှောက်လှမ်းနေတဲ့အခါမှာလည်း ဇွဲမရှိဘဲ လက်လျှော့ရပ်တန့်ပစ်တတ်တယ်။ ဘယ်အရာကိုမှ ပြီးမြောက်အောင်မြင်အောင် မလုပ်နိုင်၊ ဆုံးခန်းတိုင်အောင်မလုပ်နိုင်ဘဲ လမ်းတစ်ဝက်မှာ ရပ်တန့်ပစ်လေ့ရှိကြပါတယ်။
ဒါ့အပြင် သူတို့တွေဟာ လက်ရှိဘဝ အခြေအနေလေးကိုပဲ လက်ခံပြီး ဆက်လက် တိုးတက်ဖို့ မလုပ်ဆောင်တတ်ပါဘူး။ လက်ရှိနေရာလေးမှာပဲ ရပ်တန့်နေတတ်ပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်မှုမရှိဘူး။ အားငယ်တတ်တယ်၊ သိမ်ငယ်တတ်တယ်။ မဖြစ်နိုင်ဘူး၊ မတတ်နိုင်ဘူး၊၊ မလုပ်နိုင်ဘူးလို့အမြဲပြောတတ်ဆိုတတ်တယ်။
ကံကိုပဲ အပြစ်ပုံချတတ်ပြီး  ဉာဏ်၊ ၀ီရိယ ကို အားမကိုးဘဲ နေတတ်တဲ့လူမျိုးတွေ Full Stop လူသားထဲမှာ ပါ၀င်ပါတယ်။ ဘာဖြစ်ဖြစ် ကံပဲလေဆိုပြီး အတိတ်ကံပေါ်မှာ အပြစ်ဖို့နေပြီး ငုပ်တုတ်ထိုင်နေတတ်ကြပါတယ်။ ဒီလို ထိုင်နေရုံနဲ့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။
ဒါကြောင့် လူအများကလည်း သူတို့ကိုတွေ့ရင် ““ဆန်ကုန် မြေလေးပဲ””လို့ သတ်မှတ်ကြပါတယ်။
အဆိုးဆုံးရပ်တန့်ခြင်း Full Stop ကတော့ မိမိရဲ့ ဘဝကို မိမိအဆုံးသတ်ပစ်လိုက်ခြင်းပါပဲ။
လောကကြီးမှာ ဆက်လက်ရှင်သန်လိုစိတ် မရှိဘူး။ အသက်ရှင်နေလို့လည်း ငါ့ဘဝကဘာမှ မထူးပါဘူးဆိုပြီး၊ ကိုယ့်ဘဝကို အဆုံးစီရင်ပစ်တဲ့ Full Stop ကတော့ အဆိုးဆုံးအခြေအနေပါပဲ။
တစ်ချို့ Full Stop လူမျိုးတွေကတော့ ကိုယ်တိုင်ရပ်တန့်နေရတာ အားမရသေးဘူး။ တခြားသူများကို ရပ်တန့်ပစ်ဖို့တိုက်တွန်းကြတဲ့ သူတွေရှိပါတယ်။ ““ဒီအလုပ်မျိုး ငါလုပ်ဖူးတယ်၊ အဆင်မပြေပါဘူးကွာ၊ မင်းလည်းလုပ်မနေနဲ့၊ မဖြစ်နိုင်ဘူး”” လုပ်မနေပါနဲ့ကွာ၊ ရှုံးသွားရင် ဘယ်လိုလုပ်မလဲ”” စသဖြင့် လိုက်လံပိတ်ပင် ရပ်တန့်တတ်ကြပါတယ်။ ကိုယ်ကလည်းရပ်တန့်နေရတာကိုသဘောကျပြီးသူများကိုလည်းဆက်မသွားစေချင်ကြသူတွေ
ပါပဲ။ဒီလောက်ဆို Ful Stop ဆိုတဲ့ ပထမလူ စားမျိုးဟာ ဘယ်လိုလူမျိုးတွေလည်းဆိုတာ
သဘောပေါက်လောက်ပါပြီ။ လူ့ပတ်ဝန်းကျင်မှာ ဒီလိုလူတွေများလာရင် တိုးတက်မှုတွေ နှောင့်နှေးနေဦးမှာပါပဲ၊ ဒီလိုလူတွေဟာ မိမိကိုယ်တိုင်ရော၊ နိုင်ငံနဲ့လူမျိုးအတွက်
သာမက လောကကြီးကိုပါ ရပ်တန့်ခြင်းတွေဖြစ်စေနေဦးမှာပါ။

(၂) Question Mark?၊ လူမျိုး
နောက်ထပ် လူတစ်မျိုးကတော့ Question Mark?၊ ဆိုတဲ့လူမျိုး ဖြစ်ပါတယ်။ သူက Full Stop လို ရပ်တန့်နေတဲ့လူမျိုးတော့ မဟုတ်ပါဘူး။ သူတို့က ရပ်တန့်ခြင်းကိုလည်း အလိုမရှိ ပါ။ သူတို့တွေက ရှင်သန်သွားလာ လှုပ်ရှားနေ တဲ့သူတွေပါ။ ဒါပေမယ့်ခက်တာက သူတို့ဘယ်သွားနေတယ်၊ ဘာလုပ်နေတယ်၊ ဘယ်ရည်မှန်း ချက်ဆီကိုဦးတည်နေတယ်
ဆိုတာမသိရှာတာပါပဲ။ သူတို့က နေ့ရှိသရွေ့၊ ညရှိသရွေ့ အလုပ်တွေကြိုးစားကြတယ်။
ဘာကြောင့်လုပ်နေသလဲ သူတို့ကိုယ်တိုင်မသိဘူး၊ ဘာအတွက်လုပ်နေ တာလဲဆိုတဲ့ အဓိကရည်ရွယ်ချက်ကို မသိကြဘူး။ ရည်မှန်းချက်မဲ့ပြီး ပန်းတိုင်ပျောက်နေကြတယ်။ အလုပ်တွေလုပ်နေတာ စားဝတ်နေရေး အဆင်ပြေအောင် ဖြေရှင်းနိုင်ဖို့ပါပဲဆိုတဲ့ အချက်လောက်ပဲသိတယ်။ ပြောချင်တာကတော့ Question mark?၊
လူမျိုးတွေဟာ လုပ်တော့လုပ်နေတယ်၊ ဘာအတွက်လုပ်နေမှန်း မသိကြဘူး။ ဘဝလောကကြီးမှာ ရှင်သန်သွားလာနေတယ်၊ ဘယ်ကိုဦးတည်နေတယ်ဆိုတဲ့ ပန်းတိုင်တွေမရှိကြဘူး၊ မသိကြဘူး။ ဒါကိုဆိုလိုတာပါ။
ဘဝမှာ ဘာဖြစ်ချင်တာလဲ၊ ဘာလုပ်ချင်တာလဲ၊ ဘယ်ကိုရောက်ချင်တာလဲဆိုတာ ဘာမှတိတိကျကျမရှိကြပါဘူး။ ဦးတည်ရာပန်းတိုင် မရှိဘဲ လျှောက်လှမ်းနေရင်တော့ ဘယ်မှရောက်မှာမဟုတ်ပါဘူး။ ဒီလိုပန်းတိုင်ပျောက်ပြီး ဘာလုပ်လို့
ဘာကိုင်ရမှန်း မသိကြတဲ့လူတွေ၊ နားမလည်ကြတဲ့လူတွေကို Question Mark? လို့ တင်စားတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ကဘဝမှာ အောင်မြင်ချင်ရင် Question Mark? လို လူမျိုးမဖြစ်ရအောင် တိကျသေချာတဲ့ ပန်းတိုင်တွေကို ချမှတ်ထား ဖို့လိုပါတယ်။ ကိုယ်ဘာလုပ်နေပြီး ဘယ်ကိုဦးတည်နေတယ်ဆိုတာ သိနေတယ်ဆိုရင်တော ကိုယ်ဟာ Question Mark? လိုလူမျိုး မဟုတ်တော့ပါဘူး။

(၃) The C လူမျိုး
နောက်တစ်မျိုးကတော့ Colon : ဆိုတဲ့လူတွေပါပဲ။ ဒီလိုလူမျိုး တွေဟာ အလယ်အလတ်တန်းစား လူမျိုးတွေပါပဲ။ Colon : ဆိုတဲ့အတိုင်း အလယ်မှာနေသူတွေ၊ ကြားနေသူတွေဖြစ်ပါတယ်။ သူတို့မှာတော့ ရည်မှန်းချက်တွေ၊ အိပ်မက်တွေရှိကြပါတယ်။ ပန်းတိုင်တွေ ချမှတ်ထား တာတွေလည်းရှိကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့ပန်းတိုင်တွေဟာ
သူလို ကိုယ်လို ပန်းတိုင်တွေပါပဲ။ သေးငယ်တဲ့ရည်မှန်းချက်တွေပဲ ရှိကြပါတယ်။
သူတို့တွေရဲ့ အားနည်းချက်ကတော့ သူများတွေလုပ်သလို လုပ်တတ် ကြတာပါပဲ။ သူများပြောသလို လိုက်လံဆောင်ရွက် တတ်ကြတာပါပဲ။ သူများယောင်ရင် လိုက်ယောင်တတ်ကြပါတယ်။ လူအုပ်ကြီး နောက်ကို လိုက်တတ်ကြပါတယ်။ သူလိုကိုယ်လို သာမန်လူတန်းစားမျိုး တွေပဲ ဖြစ်ပါတယ်။
ဆင်းရဲလားဆိုရင် မဆင်းရဲပါဘူး။ ချမ်းသာလားဆိုတော့လည်း မချမ်းသာဘူး။ Middle Class ဆိုတဲ့ လူလတ်တန်းစားတွေပါပဲ။ Colon : ဆိုတဲ့အတိုင်း ကြားနေဝါဒပေါ့။ သူတို့အမြဲပြောလေ့ရှိတာက ““ငါတို့ အရမ်းကြီးလည်း မချမ်းသာချင်ပါဘူး။ မအောင်မြင်၊ မကျော်ကြား ချင်ပါဘူ။ ဆင်းရဲတာမျိုးလည်း မလိုချင်ဘူး။ လောကမှာ အေးအေး ဆေးဆေးနဲ့ လူတန်းစေ့နေနိုင်ရင် တော်ပါပြီ””တဲ့။
ဟုတ်ပါတယ်။ Colon : ဆိုတဲ့လူတွေဟာ အေးအေးချမ်းချမ်းနဲ့ ဘဝမှာ အရိုးရှင်းဆုံးဖြတ်သန်းချင်သူတွေပါ။ သူတို့ဟာ အနိုင်မရချင်သလို အရှုံးကိုလည်းအလိုမရှိပါဘူး။ ရှုံးမှာကြောက်တဲ့ သူတွေထဲမှာ ပါ၀င်သလို အနိုင်မရရင်လည်း ကျေနပ်နိုင်ပါတယ်။ အနိုင်မရှိ အရှုံးမရှိ သရေကျတာကို နှစ်သက်တယ်ပေါ့။ သူများကိုလည်း
ကျော်မတက်ချင် သလို သူများနောက်မှာလည်း မနေနိုင်ပါဘူး။ ရင်ဘောင်တန်းနိုင်ရင်
တော်ပြီပေါ့။ ဒါဟာ Colon : ဆိုတဲ့လူမျိုးတွေပဲဖြစ်ပါတယ်။

(၄) Exclamation! လူမျိုး
နောက်ဆုံးလူအမျိုးအစားကတော့ Exclamation! ဆိုတဲ့ အံ့အား
သင့်စရာ လူမျိုးတွေဖြစ်ပါတယ်။ သူတို့တွေဟာ လူတွေကို Exclamation! အာမေဋိတ်ဖြစ်စေတယ်။ သူတို့ရဲ့စိတ်ဓာတ်တွေ၊ အတွေးအခေါ်တွေဟာ လူတွေကို အံ့သြမင်သက်စေတယ်။ သူတို့ရဲ့လုပ်ရပ်နဲ့ အောင်မြင်မှု တွေဟာ လူတွေကို ဟာခနဲ၊ ဟင်ခနဲ ဖြစ်စေနိုင်တယ်။ လူတွေရဲ့ ““မဖြစ်နိုင်ပါဘူး””လို့ ပြောတဲ့စကားတွေကို
ဖြစ်အောင်လုပ်ပြတတ်ပြီး ပါးစပ်အဟောင်းသားဖြစ်စေတဲ့ လူမျိုးတွေပါ။
ပြီးတော့ သူတို့ဟာ လူအများအားကျအောင် ကိုယ့်ဘဝကို အကြီးကျယ်ဆုံး ဖန်တီးကြတဲ့သူတွေပါ။ စံပြပုဂ်္ဂိုလ်တွေဖြစ်အောင် နေထိုင် ကြပါတယ်။ ရည်မှန်းချက်တွေ ပန်းတိုင်တွေက အင်မတန်ကြီးမားတယ်။ တခြားသူတွေကို သူတို့က သြဇာလွှမ်းမိုးနိုင်တယ်။
လောကမှာ အများ အံ့သြကြရတဲ့ အောင်မြင်သူကြီးတွေ၊ ခေါင်းဆောင်ကြီးတွေ၊
သန်းကြွယ် သူဌေးကြီးတွေ၊  ဉာဏ်ကြီးရှင်ကြီးတွေဖြစ်ကြပါတယ်။ ဖြစ်အောင်လည်း လုပ်မယ်ဆိုတဲ့ ဆန္ဒကြီးမားသူတွေပါ။ သူတို့တွေဟာ ကိုယ့်ကိုယ်ကို အမြဲ
တိုးတက်နေအောင်လုပ်တယ်။ ပြောင်းလဲမှုတွေကို နှစ်သက်တယ်။ အဆက်မပြတ်
သင်ယူသင်ကြားမှု တွေကိုလုပ်တယ်။ အောင်မြင်မှုတွေပေါ်မှာ
အာရုံစိုက်တတ်တယ်။ အခက်အခဲတွေ၊ ပြဿ နာတွေရှိရင်လည်း အပြောင်မြောက်ဆုံး ကျော်လွှားဖြေရှင်းနိုင်ကြတယ်။
Exclamation! ဆိုတဲ့အတိုင်း စိတ်ဓာတ် ကြံ့ခိုင်မှုနဲ့ ယုံကြည်မှုကတော့ တကယ့်အံ့မခန်းပါပဲ။ ဒါဆိုရင် Exclamation! ဆိုတဲ့လူမျိုးတွေဟာ ဘယ်လိုလဲဆိုတာကို သိရှိလောက်ပါပြီ။သင်ဘယ်လိုလူလဲ သင်ဘယ်လိုလူလဲဆိုတာ သိဖို့အရေးကြီးပါတယ်။
ဒါပေမယ့် ဒီထက် အရေးကြီးဆုံးကတော့ ““သင်ဘယ်လိုလူမျိုးဖြစ်ချင်သလဲ”” ဆိုတာ ပါပဲ။ ဒီလူအမျိုးအစားလေးမျိုးကို သေချာသုံးသပ်ပြီး ကိုယ့်ဘဝကိုယ် ပြောင်းလဲဖို့
စတင်နိုင်ပါတယ်။ ကိုယ့်ဘဝဟာ ကိုယ့်လက်ထဲမှာပါပဲ။ ကိုယ့်ဘဝကို ကိုယ်တိုင်ဖန်တီးတည်ဆောက်နိုင်ပါတယ်။ အခုချက်ချင်းပဲ သင်လက်ရှိဖြစ်နေတဲ့ လူအမျိုးအစားထဲကနေ သင်အနာဂတ်မှာ ဖြစ်ချင်နေတဲ့ လူမျိုးဖြစ်အောင်စတင်
လိုက်ပါတော့လို့တိုက်တွန်းလိုက်ပါတယ်။

Let’s Fly Together!
ဖူးကျော်ဇင် (Future Wave)

နိုင်ငံရေး၊ ဝါသနာ၊ အလုပ်

ယနေ့က ၂၀၁၅ ခုနှစ် ဇန်နဝါရီလများထဲကတစ်ရက်.

လတ်တလောမြန်မာနိုင်ငံတွင် ဟော့ ဖြစ်နေသော အကြောင်းအရာကား တက္ကသိုလ်ကျောင်းသားများ၏ သပိတ်ပေတည်း။
မန္တလေးအိမ်တော်ရာဘုရားဝင်းမှစခဲ့သော သပိတ်စစ်ကြောင်းသည် .အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်သော ဆန္ဒပြပွဲပင်ဖြစ်သည်။
ယခုမှုထောက်ခံသူအများအပြားနှင့်ရှေ့ဆက်လျက်ရှိသည်။
မနေ့က မြင်းခြံမှအထွက်တောင်သာသို့အသွားတွင် လမ်း၌
လုံခြုံရေးများ၏ အတားအဆီးများကိုကြုံခဲ့ရသည်။
ယနေ့တွင်ကား ကျောင်းသားခေါင်းဆောင်များနှင့် တာဝန်ရှိသူတို့နေပြည်တော်တွင် ဆွေးနွေးနေကြပြီဖြစ်၏။
မည်သို့လာမည်ကားမသိသေး။
ကျွန်တော်ယနေ့တော့ . ဆရာ သိန်းဖေမြင့်၏ သပိတ်မှောက်ကျောင်းသား စာအုပ်ကိုဖတ်နေသည်။
တစ်ခေတ်တစ်ခါကလည်း. ပညာရေးစနစ်ကိုတော်လှန်မှုမျိုးဖြစ်ခဲ့ဖူးသည်ပဲ။
သူတို့လုပ်သည်ကားမှန်သည်။
လုပ်သင်လုပ်ထိုက်သော အချိန်တွင်ကား လုပ်သင့်သည်။
ပညာရေး ဥပဒေပုံစံကို ပြုပြင်ရန်လွယ်ကူသေးချိန်တွင်ကား
မိမိလိုအပ်ချက်များကိုတောင်းဆိုရန်ကောင်းသည်။
လူအားလုံးက လက်ရှိအခြေအနေပေါ်တွင်အာရုံစိုက်လျက်ရှိသည်။
ဖေ့စ်ဘွတ်ပေါ်တွင် #mmstudentsဟူသော စာဖြင့်ရေးသားမှုများခေတ်စားနေပြီ။
ကျွန်တော်လည်း. သူတို့နှင့်နီးစပ်သောနေရာတွင်ဖြစ်ပါက..
ထိုသပိတ်ထဲတွင်ပါဝင်ကောင်းပါဝင် နိုင်လိမ့်မည်။
ယခုတွင်ကားအခြားနေရာတစ်နေရာတွင်.. အခြားသော အရာတစ်ခုအတွက် ကြိုးပမ်းနေပါသည်။.
ထိုအရာကားမြန်မာယူနီကုတ်စနစ်။
ယနေ့. ထူးခြားသော အကြောင်းအရာထဲတွင်. makemedroid လည်းပါသည်။
ထိုအရာသည် ကျွန်တော်အသုံးပြုနေသော application ဖန်တီးသည့်နေရာတစ်ခုဖြစ်ပါသည်။
ယမန်နေ့က သူတို့ forumထဲတွင်တောင်းဆိုထားသော
custom rss readerကို offlineရအောင်ဖန်တီးပေးဖို့ဆိုသော အချက်ကို .ယနေ့သူတို့ပြုလုပ်ပေးလိုက်ပြီဖြစ်သည်။
ထိုအရာကား မနှစ်တည်းက ကျွန်တော်အလိုရှိနေသော အရာပင်တည်း။
ထို အရာသာရခဲ့လျှင် ကျွန်တော်သတင်းapplication များစွာကို ပြုလုပ်ဖန်တီးနိုင်လိမ့်မည်ဖြစ်သည်။
ကျွန်တော်ပြုလုပ်သော အရာများသည်.. ရှေရှည်အတွက်တော့ခိုင်မာခိုင်မြဲလိမ့်မည်မဟုတ်ပါ။
ရေရှည်အတွက် ဆိုလျှင် သေချာဖွဲ့စည်းထားသော code များဖြင့်ရေးသားသင့်သည်။
ကျွန်တော်ကား အလွယ်လမ်းလိုက်ခဲ့သော သူ..
စေတီတည်ခိုင်းသည်ကို အလွယ်တကူ သဲပုံစေတီတည်ခဲ့သော မင်းသားလိုဖြစ်နေပေသည်။
တစ်နေ့နေ့တော့ကျွန်တော်ရဲ့ လုပ်နိုင်စွမ်းရပ်တန့်သွားလိမ့်မည်။
ကျွန်တော် စနစ်တကျသင်ခဲ့သောသူဖြစ်လိုပါသည်။

Page 13 of 32

Powered by WordPress & Theme by Anders Norén