Many Lives, Many Memories.

Category: Tech Page 1 of 5

လွန်ခဲ့တဲ့ ၁၀နှစ်က..

လွန်ခဲ့တဲ့ ၁၀နှစ်ကို ပြန်ကြည့်လိုက်ရင် ကိုယ်ရခဲ့တဲ့ အတွေ့အကြုံတွေ၊ အမှတ်တရတွေက မနည်းဘူး။

အပြောင်းအလဲတွေကလည်း ခဏခဏပါပဲ။

အိုင်တီလောက ထဲကို ခြေလှမ်းစလှမ်းခဲ့တာ ၂၀၁၂ လောက်တည်းကလို့ ပြောလို့ရမယ်ထင်တယ်။

အဲဒီတုန်းက မိုဘိုင်းGroup တွေမှာ စပြီး ကူတာတွေလုပ်နေပြီ။

Root ဖောက်၊ မြန်မာစာထည့်ဘာညာပေါ့လေ။

Samsung Galaxy S2 လေးတစ်ခုရှိတာ မျောက်အုန်းသီးရသလိုပဲ။

၂၀၁၃ လောက်မှာ ဘွဲ့ရပြီးတော့ အိမ်ပြန်နေတယ်။

ကျောင်းနေဘက် သူငယ်ချင်းတွေ ဆေးရုံမှာ၊ ဆေးကုမ္ပဏီမှာ၊ နာမည်ကြီး NGO တွေမှာ လုပ်နေကြတာမြင်တော့ အားကျပေမယ့် ကိုယ်မလုပ်ချင်တဲ့အရာမှန်း သိနေလို့ ဘာမှမလုပ်ဖြစ်ဘူး။

၆နှစ်လောက် ဝေးကွာနေတဲ့ မိသားစု နဲ့ အေးအေးဆေးဆေးနေတယ်။

MPT ရဲ့လိပ်လိုနှေးတဲ့ internet ကိုလျှောက်၊

ကိုယ့်အတွက် အပိုင်စားရထားတဲ့ သစ်သား အခန်းလေးထဲမှာ ၊ ကွန်ပျူတာတွေဆင်ပြီးနေ့နေ့ညည အင်တာနက်သုံးတယ်။ 

၂၀၁၃ က Wizard tool တွေနဲ့ မိုဘိုင်း App တွေကို စဖန်တီးနေတဲ့အချိန်။

Playstore ပေါ်မှာ ရှိတဲ့ မြန်မာ  App တွေက ရေတွက်လို့ရနေသေးတယ်။

အိမ်ထဲမှာပဲ နေပြီး ကွန်ပျူတာရှေ့ကလွဲပြီး ဘာအလုပ်မှ မလုပ်တဲ့ မောင်ငြိမ်းကို ဆေးခန်းထိုင်တာ၊ ဒါမှမဟုတ်ဆေးရုံမှာ လုပ်တာတွေ မာတာမိခင်ကလုပ်စေချင်တယ်။

တခါတရံ အမေအတင်းဆွဲခေါ်လာတဲ့ လူနာတွေနဲ့ အဖိုး ကို ကြည့်ပေးတာကလွဲလို့ ဘာမှသိပ်မကုဘူး။

ကိုယ့်ဘာသာ ဆေးကုတာကို အားမရဘူးလို့ ပြောတယ်။

ဆေးကုတာ အပြင် ငါ ဘာလုပ်တတ်သေးလဲ တစ်ချိန်လုံး တွေးနေခဲ့တာ။

ကောင်းကောင်းကျွမ်းကျင်နေပြီဖြစ်တဲ့ App develop လုပ်တာတွေကို အသုံးချပြီး ငါ မရှိသေးတာတွေ လုပ်မယ်လို့ စအတွေးဝင်တယ်။ အဲဒီမှာ Myanmar First Aid စပေါ်လာတယ်။

NGO တစ်ခုခုမှာလုပ်ပါလား ဆိုပြီး ပြောလို့၊ နေပြည်တော်မှာရှိတဲ့ NGO မှာ Volunteer လိုလို သွားယောင်ခဲ့သေးတယ်။

တကယ်တော့ အဲဒီမှာ သွားလုပ်ခဲ့မိတာကလည်း သင်ခန်းစာတွေ ရခဲ့ပါတယ်။

နိုင်ငံတော် အဆင့်ပွဲတွေနဲ့ မစိမ်းခဲ့ဘူး။ 

ဗဟိုတွေမှာ ဘယ်လို အလုပ်လုပ်လဲ ဆိုတာကို အနီးကပ် မြင်ခဲ့လေ့လာခဲ့ရတယ်။

ဟာကွက်တွေလည်း မြင်ရသလို၊ Efficient မဖြစ်တဲ့ စနစ်တွေကိုလည်း သိရတယ်။

အဲဒီ လို သိခဲ့တဲ့အရာတွေကနေပဲ နောက်ပိုင်း လုပ်ဖြစ်တဲ့အရာတွေရဲ့ စိတ်ကူးတွေကို ဆက်ရလာတာပဲ။

တစ်ခါတစ်ရံ mobile clinics တွေထွက်တဲ့အခါ လိုက်ကုတယ်။

ဘာတွေ ကုလဲ၊ ဘယ်လောက်ထိရောက်သလဲဆိုတဲ့ မေးခွန်းတွေလည်း အရမ်းမေးတယ်။

လူနာ တစ်ယောက်ကို ကြည့်တိုင်း အမြဲလိုလို ခံစားမိတာက အတော်များများက လုံလောက်တဲ့ အချက်အလက်မရှိဘဲ၊ အနည်းဆုံး တစ်ခုခုကိုပေးလိုက်ရတာမျိုး ဖြစ်နေခဲ့တယ်။

လူနာမှတ်တမ်း ထဲမှာ အချက်အလက်မစုံတာ၊ အရင်ဘာဖြစ်နေလဲမသိရတာ၊ အချိန်ကန့်သတ်ချက်ရှိတာ၊ 

နောက်ဆက်တွဲ လုပ်ပေးဖို့လိုတာတွေ ရှိမနေတာ၊ စသဖြင့်ပေါ့။

နောက်ဆုံး ဆေးတစ်ခုခုပေးဖို့လိုရင်တောင် ကိုယ်က အမြဲပေးနေကျမဟုတ်တော့ dose တွေမေ့တယ်။

လူအတော်များများကို Referral လုပ်ဖို့ကြံလိုက်ရင် ဘယ်ဆေးရုံ ၊ဘယ်အချိန်မှာဖွင့်နေမှန်းမသိနေဘူး။

လူတွေကို ပြန်ခါနီးရင် ပန်းဖလက်လေးတစ်ခုခု ပေးလိုက်တယ်။ ဖတ်တယ်မဖတ်တယ်မသိရဘူး။

အချို့ ရောဂါတွေကတော့ တကယ့်ကို ကျန်းမာရေးအသိလေး နည်းနည်းတိုးလာတာနဲ့တင်ကာကွယ်လို့ရတာတွေလည်းရှိတယ်။ ဒါပေမယ့် သူတို့ မသိတော့၊ မဖြစ်သင့်တာတွေဆက်ဖြစ်ကြတယ်။

နောက်ပိုင်း လုပ်ဖြစ်တဲ့ App တွေရဲ့ စိတ်ကူးက အဲဒီအချိန် တည်းက စသန္ဓေတည်ပါတယ်။

၂၀၁၃ ကနေ ၂၀၁၅  လောက်အထိက ဘယ်အလုပ်မှ သေသေချာချာလုပ်နေတယ်ဆိုတာမရှိပါဘူး။ ကိုယ့်အလုပ်ပဲကိုယ်လုပ်နေတယ်။ ကျောင်းဆက်တက်မှာလိုလို ၊ အလုပ်ပဲ လုပ်တော့မှာလိုလို၊ အစိုးရအလုပ်ဝင်မှာလိုလို နဲ့ စိတ်တွေ ထွေတယ်။ 

တစ်ခုခုကို လုပ်မယ်လို့ ဆုံးဖြတ်လိုက်တဲ့အချိန်က ၂၀၁၅လောက်မှာထင်တာပဲ။

နိုင်ငံခြားကျောင်းတက်ကို တက်မယ်လို့ စတွေးတဲ့အချိန်ပေါ့။ 

ဘာတက်ရမယ်မှန်းလည်းမသိ။

စကော်လာဆိုတာ ဘာမှန်းတောင်မသိသေးတဲ့အချိန်။ နားလည်းမလည်ဘူး။ မဟီဒေါက ရန်ကုန်မှာ လုပ်တဲ့လူတွေ့ ပွဲကို အူလည်လည်နဲ့သွားတက်သေးတယ်၊ ဘာမေးရမှန်းလည်းမသိသလို၊ ဘာလုပ်ရမှန်းလည်းမသိခဲ့ပါဘူး။

အဲဒီနောက်မှာတော့ ၆လလောက်နီးပါး၊ နေပြည်တော်မှာ လုပ်မယ့် နိုင်ငံတကာ Conference အတွက် အပြည့်အဝအချိန်ပေးတယ်။ အဲဒီပွဲပြီးတဲ့နေ့ကစပြီး ၃ နှစ်လောက် ဝင်လိုက်ထွက်လိုက်ဖြစ်နေခဲ့တဲ့အဖွဲ့နဲ့ သံယောဇဉ် ပြတ်တော့တာပဲ။

ကိုယ်ဘယ်လမ်းကို လျှောက်မယ်ဆိုတာ သေချာဆုံးဖြတ်ပြီးတဲ့နောက် ကျောင်းအတွက် စပြင်ဆင်တယ်။

သူများတွေ လွယ်လွယ်ကူကူ ဖြေရတဲ့ အရာတွေကိုအချိန်အများကြီး ပြန်လေ့လာပြီး score  တက်ဖို့တွေ ကြိုးစားခဲ့ရတယ်။ ကိုယ်နဲ့ အမြဲပေါင်းနေကျ ငယ်သူငယ်ချင်းတွေနဲ့ ပုံမှန်တွေ့နေတာရယ်၊ အွန်လိုင်းက အသိတွေနဲ့ တစ်ခါတစ်လေ မန္တလေးမှာသွားတွေ့ဖြစ်တာကလွဲလို့ ပျင်းဖို့ကောင်းလွန်းတဲ့နေပြည်တော် က နေ့ရက်တွေကိုခြောက်ကပ်ကပ်ဖြတ်သန်းတယ်။ အများစုလုပ်ဖြစ်တဲ့အရာတွေက အင်တာနက်က Volunteer အလုပ်တွေပဲ။ နေပြည်တော်က လမ်းတွေကို မြေပုံထဲလိုက်ထည့်တယ်။ TED မှာဘာသာပြန်တယ်။

နားထောင်တယ်။

စာတွေ ရေးတယ်( အများကြီးပဲ) ။ ဝတ္ထုအသစ်တွေဖတ်တယ်။ 

 series တွေထိုင်ကြည့်တယ်။ Java သင်တယ်။ App တွေကို ပုံမှန် maintain လုပ်တယ်။

အဲဒီနောက်မှာUNFPA ကတဆင့် Consultant လောကနဲ့ စထိတွေ့တယ်။ 

၂၀၁၇ ကတော့ အပြောင်းအလဲ ကြီးကြီးမားမားစဖြစ်တဲ့နှစ်လို့ပြောရမယ်။ 

ရန်ကုန်ကိုစပြောင်းပြီး လူတွေကြားထဲ စဝင်ဖြစ်ခဲ့တာက ကိုယ့်အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်သွားတယ်။

ဝါးပင်တွေလိုပဲ။ ရှေ့တုန်းက ငြိမ်နေခဲ့ရသမျှတွေက မြန်မြန်ဆန်ဆန်ပဲပြောင်းလဲလာတယ်။

Amsterdam က လျှောက်ထားတဲ့ကျောင်းကော အလုပ်ကော တစ်ပြိုင်တည်း ရခဲ့တယ်။

ဒါပေမယ့် ကျောင်းကို ဦးစားမပေးဖြစ်ဘဲ အလုပ်ကို ပိုဦးစားပေးဖြစ်သွားတယ်။ 

အစောတည်းက ငါ၂နှစ် ၊၃နှစ်လောက်နေရင် အလုပ်ကထွက်ပြီး ကျောင်းဆက်တက်မယ်လို့ တွေးထားခဲ့ပြီးသား။ 

တစ်ခြားအလုပ်တွေရှိနေရက်နဲ့ ဘာလို့အဲဒီအလုပ်ကို ရွေးလဲလို့ တစ်ချို့တွေကမေးတယ်။

အဲဒီတုန်းက ကျနော် အိုင်တီလောကထဲကို ထဲထဲဝင်ဝင်ရှိချင်လို့ ၊ network ကျယ်ပြန့်ချင်လို့ ဆိုတဲ့ အကြောင်းက အဲဒိကပါ။ တကယ်လဲအသိမိတ်ဆွေအသစ်တွေကော၊ တစ်ခါမှမကြားဖူးတဲ့ စိတ်ကူးတွေ၊ အမြင်တွေရခဲ့တယ်။

ဒေတာ နဲ့ပတ်သက်လို့စ ရူးခဲ့တာကတော့ အဲဒီအချိန်ကပဲ။ start up ဆိုတာကိုလည်း အဲဒီကနေစသိခဲ့တာ။

ကိုယ့်ကိုယ်ကို ဘယ်လို identify လုပ်သလဲဆိုတာ အရေးကြီးတယ်။ အဲဒီအချိန်က ငါဟာ  bridge တစ်ခုလို့ တွေးတယ်။ တစ်ဖက်မှာ နေ့တိုင်းကြားနေရတဲ့စိတ်ကူးတစ်ခု ၊လုပ်ထုံးတစ်ခုဟာ တစ်ဖက်မှာ တစ်ခါမှမသိဖူးမကြားဖူးတဲ့ မှော်အတတ်လိုဖြစ်နေတတ်တယ်။

အဲဒီ လို အရာတွေကို ကိုယ်တိုင်နားလည်အောင်လုပ်ပြီး၊ မနီးစပ်တဲ့နယ်ပယ်ကလူတွေနဲ့ နီးစပ်လာအောင် လုပ်ပေးရပြီး ပိုပျော်လာတယ် ။ အပြောင်းအလဲတွေဖန်တီးဖို့အတွက် အပြောင်းအလဲဖြစ်အောင် စတင်တဲ့နေရာ၊ လုပ်နိုင်တဲ့နေရာတွေမှာ ရှိသင့်တယ်ဆိုတာကိုလည်း လက်ခံထားခဲ့တယ်။

အချိန်တိုတိုလေးအတွင်းမှာ အများကြီး လုပ်နိုင်ခဲ့ကြပါတယ်။ 

အားကြိုးမာန်တက် လည်း ကြိုးစားကြတယ်။ တကယ်လည်း အပြောင်းအလဲ ဖြစ်ခဲ့ကြတယ်။

အဲဒီနှစ်ပိုင်းလေးတွကတော့ 

ကိုယ်မှတ်မိတဲ့ အချိန်ကာလတစ်ခုအတွင်း အပျော်ခဲ့ဆုံး အချိန်တွေလိုပဲ။

၂၀၂၀ မှာ ကျောင်းတက်မယ်ဆိုတဲ့စိတ်နဲ့ အလုပ်ကထွက်တယ်။ ရှေ့ပိုင်းမှာ စကော်လာရှစ်တွေလျှောက်ခဲ့တာပဲ။ ဒါကတော့ စတုတ္တ အကြိမ်ဖြစ်မယ်ထင်တယ်။ 

ကိုဗစ်ဖြစ်တော့ ကိုဗစ်နဲ့ပတ်သက်ပြီး စိတ်ကူးနဲ့ စဖန်တီးခဲ့တာတွေကနေ ပိုကြီးတဲ့အရာတွေ ဖြစ်လာတယ်။ လျှောက်ထားတဲ့ စကော်လားရှစ်လည်း အောင်သွားတယ်။ ၂၀၂၀ တစ်နှစ်လုံး မိသားစုနဲ့ အတူတူ နေရတယ်။

တစ်ဖက်မှာ ကိုဗစ်ရယ်၊ တစ်ဖက်မှာ ကျောင်းတက်ဖို့ ပြင်ဆင်ရတယ်၊ အဲဒီနှစ်ခုနဲ့ပဲ အချိန်ကုန်သွားတယ်။

၂၀၂၁ နောက်ပိုင်းကတော့ မပြောတော့ပါဘူး။

လာမယ့်နှစ်တွေကဘယ်လို ဖြစ်လာမလဲဆိုတာ ကြိုတွေးလို့မရတော့ဘူး။ 

လွန်ခဲ့တဲ့ကာလတွေလိုလည်းတဖြေးဖြေးနဲ့ တိုးတက်လာတာမျိုးလည်းမဟုတ်ဘူး။

အခုဟာ အောက်ဆုံးလား ၊ အောက်မှာ ထပ်ရှိသေးလားဆိုတာကို ပြန်ပြန်စမ်းကြည့်နေရတဲ့အချိန်လိုပဲ။

ဒါပေမယ့် အမြဲတမ်းတော့ ဒီလို ဖြစ်မနေနိုင်လောက်ပါဘူး။

အရင်နဲ့မတူတဲ့အရာတွေထဲက သိသိသာသာ ကွာလာတာတစ်ခုကတော့ အသက်အရွယ်ပဲ။

၂၀ ကျော်ကာလတွေမှာ မိုက်ရူးရဲတယ်ပဲပြောပြော ၊ လုပ်ရဲကိုင်ရဲ ၊ဆုံးဖြတ်ရဲ၊ ပြောင်းလဲရဲတယ်။

အခုအရွယ်မှာတော့ တော်တော်စကားပြောပါတယ်။

တစ်ဖက်မှာ လူငယ်တစ်ယောက်လိုပဲ ဆက်ရူးသွပ်နေချင်တဲ့ စိတ်ရယ်၊

တစ်ဖက်မှာ ဖြစ်သင့်ဖြစ်ထိုက်တာကို စကားစပြောနေတဲ့အရွယ်ရယ် ကြားမှာ ကြားညှပ်တယ်။

ခဏခဏကြားရလေ့ရှိတဲ့ မင်းတို့က ငယ်ငယ်လေးရှိပါသေးတယ်ကွာ ၊ အများကြီးလုပ်လို့ရသေးတယ် ဆိုတာကို ကိုယ်က သူများကိုပြန်ပြောရတဲ့အချိန်ရောက်လာတယ်။

အဲဒီအရွယ်မှာ ရှိသင့်ရှိထိုက်တဲ့ ပုံစံ ရှိနေလားဆိုတော့ လည်း ရှိမနေပြန်ဘူး။  

အလုပ်သင့်ဆုံးကတော့ ကိုယ်စွမ်းနိုင်နေတုန်းမှာ ကိုယ်သိခဲ့သမျှကို ပြန်ပေးခဲ့ဖို့၊ ကိုယ်ရှာတွေ့တဲ့ နည်းလမ်းတွေကိုသုံးပြီး နောက်လူတွေ အလုပ်လုပ်နိုင်စေဖို့ပဲ။အဲဒီအကြောင်းက စိတ်ထဲခဏခဏ ဝင်ပါတယ်။ ငါ တာဝန်မကျေဘူးဆိုတဲ့စိတ်ပေါ့။ 

တစ်ဖက်မှာသူနဲ့ဆန့်ကျင်ဖက် စိတ်တွေလည်းဖြစ်ပါတယ်။ တစ်ခုခု လုပ်ချင်ရင် အဲဒီစိတ်ကို အနှောင့်အယှက်ပေးတဲ့စိတ်၊ စိတ်ပျက် အားလျော့စေတဲ့စိတ်တွေပေါ့။ 

ခေါင်းထဲမှာ တစ်ဖက်မှာ နတ်ဆိုးနဲ့ တစ်ဖက်မှာ နတ်ကောင်း ပေါ်နေပြီး အပြန်အလှန် ပြောနေတယ်လို့ တွေးကြည့်ပါ။ 🙂

နောင်လာမယ့်နှစ်တွေ အတွက် ကောင်းသောပြောင်းလဲခြင်းတွေ ဖြစ်လာမယ်ဆိုတာကို ယုံကြည်ပါတယ်။ 

လွန်ခဲ့တဲ့ ၉ နှစ်လောက်က ဖတ်ဖူးတဲ့စာအုပ်ထဲက စာကြောင်းတစ်ခုရှိတယ်။

စိတ်ရှည်ဖို့ လိုတိုင်းအဲဒီစာကြောင်းကို ခဏခဏ ရွတ်ခဲ့ဖူးတယ်။ 

Everything comes when it must come.

Everything will be clear to you in time. But you must have a chance to digest the knowledge that we have given to you already. 

တံခါးတစ်ချပ်ပိတ်တိုင်း တံခါးတစ်ချပ်ပွင့်နိုင်ပါသေးတယ်။

City Skylines

တစ်လောက Gamin Kwee Page ကနေ မြို့ဆောက်တဲ့ City Skylines ဂိမ်း ဆော့တာတွေ့တာကနေ ဂိမ်းပိုးဝင်သွားပြီး အဲဒီ ဂိမ်း ကိုရှာ ပြီး ဆော့မိတယ်။

ပြောရင်လည်းခံရမှာပဲ။ Steam ဆိုတာ ကြားသာကြားဖူးပြီး ဘယ်လိုလုပ်ရလဲဆိုတာတောင်မသိလို့ ဂိမ်းဂျိုး သူငယ်ချင်းကို ဘယ်ကနေ စလုပ်ရမှာလဲမေးရတယ်။

အစကတော့ မလည်မဝယ်နဲ့ Steam ကနေပဲ ဂိမ်းကို တိုက်ရိုက်ဈေးကြီးပေးဝယ်ရာကနေ နောက်တစ်ခြား တစ်နေရာမှာ သုံးပုံတစ်ပုံလောက် ဈေးပိုသက်သာလို့ အဲဒီနေရာအသစ်ကနေ ဝယ်လိုက်ပြီး သက်သက်သာသာနဲ့ဆော့လို့ရသွားတယ်။

အဲဒီဂိမ်းက မြို့တည်ရတဲ့ဂိမ်း။

မြို့တစ်မြို့ကို ကိုယ့်စိတ်တိုင်းကျ တည်ခွင့်ရမယ်ဆိုရင် ဘယ်လိုပုံဖော်မလဲဆိုတာ တွေးကြည့်ရတာကိုက အတော် စိတ်လှုပ်ရှားစရာပဲ။

အပြင်လောကနဲ့ နီးစပ်တဲ့ Simulation ဆန်ဆန် ဂိမ်းတွေ ဖြစ်လို့ ပိုသဘောကျတာနေမယ်။

နာရီ ၄၀ လောက် ထိုင်ဆော့ကြည့်ပြီးတဲ့အခါ မြို့တည်တာ ဂိမ်းထဲမှာတောင် မှ ထင်သလောက်မလွယ်ပါလားဆိုပြီး ဖြစ်လာတယ်။

အဲဒီဂိမ်းက စစချင်းမှာနေရာတစ်ခုပေးတယ်။ များသောအားဖြင့် ရေနဲ့နီးတဲ့နေရာမျိုးပဲ။ မြင်သာအောင်ဆို ရန်ကုန် လိုနေရာမျိုးလို့ပဲဆိုပါစို့။ ဘေးမှာ မြစ်ရှိတယ်။ ဟိုဘက်ကမ်းဒီဘက်ကမ်းတွေရှိမယ်။ စစချင်းဆော့တဲ့အချိန်မှာ မြေကွက်စဖော်ရတယ်။လမ်းစဖော်ရတယ်။ ပြီးတော့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ သောက်သုံးရေ၊ ရေပေးစနစ်နဲ့၊ လျှပ်စစ် ရဖို့ ဆောက်သင့်တာဆောက်သွယ်တန်းသင့်တာသွယ်တန်းရတယ်။

ဘတ်ဂျတ်က အကန့်အသတ်ချပေးထားတယ်။ အစောပိုင်းမှာလည်း ဝင်ငွေရလမ်းကဘယ်ကမှမရှိဘူးဆိုတော့ စစချင်း မြို့ဆောက်ချိန်မှာ ရှိတဲ့ resource ကို သူ့နေရာနေသူကွက်တိသုံးရတယ်။

အဲဒီလိုမသုံးလို့ မွဲပြာကျသွားပြီး ဘာမှဆောက်လို့မရတာ ပထမဆုံး ၅ ကြိမ်လောက်အထိပဲ။

လိုအပ်တဲ့ လျှပ်စစ်၊ ရေအရင်းအမြစ်တွေမှာလည်း အသေးစိတ်လေးတွေလုပ်ထားတယ်။ လျှပ်စစ်ထုတ်တဲ့နေရာမှာ Generator တွေသုံးရင် ဆီလိုတယ်။ လေအားလျှပ်စစ်ဆိုရင် ဝပ်အားနည်းတယ်။ သောက်ရေထုတ်စက်နဲ့ ရေဆိုးထုတ်စက်ကို လည်းခွာထားရသေးတယ်။ နီးရင် ရေညစ်ညမ်းပြီး ဒုက္ခရောက်ကော။

အခြေခံလိုအပ်တာတွေ ပြီးရင် လူနေဖို့ အိမ်တွေ ဆောက်ရတယ်။ အလုပ်လုပ်ဖို့ စက်ရုံတွေ ဆောက်ပေးရတယ်။ ဆိုင်ခန်းတွေဖွင့်ပေးရတယ်။

အလုပ်ရှိတော့မှ လူတွေရွှေ့ပြောင်းလာတယ်။ လူတွေများလာတော့မှ levelတက်ပြီး နောက်ထပ် အဆောက်အဦးသစ်တွေ၊ service အသစ်တွေပွင့်လာတယ်။

တဖြည်းဖြည်းနဲ့ လူများလာရင် အိမ်တွေထပ်တိုးရတယ်။ အလုပ်တွေထပ်တိုးရတယ်။

အခြေခံ ဝန်ဆောင်မှုတွေပြည့်စုံတာနဲ့၊ အမှိုက်သိမ်းစနစ်၊ ဆေးရုံဆေးခန်း၊ ပညာရေး စတာတွေကို ထပ်ဆောက်ပေးရတယ်။

စက်ရုံတွေများလာတာနဲ့အမျှ လေထုညစ်ညမ်းမှုကတက်လာတယ်။ လူနေအိမ်တွေကို စက်ရုံတွေနဲ့ကပ်ဆောက်ထားမိရင် လူတွေရဲ့ကျန်းမာရေးကညံ့လာတယ်။

အဲဒီအခါ ဆေးရုံတွေလိုလာတယ်။

သေသွားခဲ့ရင် မြှုပ်ဖို့ သုသာန်တွေလိုလာတယ်။

အလုပ်တွေ ထပ်အဆင့်မြှင့်ဖို့ ဝင်ငွေတိုးဖို့ဆိုရင်တော့ ပညာရေးအတွက် ကျောင်းတွေ၊တက္ကသိုလ်တွေလိုလာတယ်။

ဂိမ်းမှာ အဓိက ဝင်ငွေရလမ်းကတော့ အခွန်ပဲ၊ အခွန်ကို စက်ရုံလုပ်ငန်းတွေက ကောက်တယ်။ လူတွေဆီကကောက်တယ်။ စီးပွားရေးလုပ်ငန်းကနေကုန်သွယ်ခွန်ကောက်တယ်။

အခွန်နည်းရင်လူတွေ များများရွှေ့လာသလို ၊အခွန်များရင် လူတွေ မြို့ထဲကနေထွက်ကုန်ကြတယ်။

စက်ရုံ၊အမှိုက်ပုံနဲ့၊ မီးသဂြိုဟ်စက်တွေနဲ့နီးတွေနေရာတွေမှာ မြေထု၊လေထုညစ်ညမ်းမှုက တအားတက်တယ်။ သူတို့တွေကို လူတွေနဲ့ဝေးနိုင်သမျှ ဝေးအောင်ထားရတယ်။

ဒါပေမယ့် မြို့ကိုချဲ့လာလေလေ၊ သူတို့တွေက မြို့ထဲလူတွေကြားထဲရောက်လာလေလေဖြစ်တယ်။

အဲဒါတွေကို ကြိုတင်တွက်ချက်ရတယ်။ တဖြည်းဖြည်းနဲ့လူတွေ များလာလို့သာမန် အိမ်လေးတွေက မနိုင်တော့ရင် High density residential building တွေဆောက်ရတယ်။

အဲဒီမှာတော့လူဥိးရေက ပိုထူထပ်တယ်။ လူများများဆံ့တယ်။

လူနေအိမ်၊ စီးပွားရေးလုပ်ငန်းနဲ့ စက်ရုံတွေကို ညီနေအောင် ထားရတယ်။ စက်ရုံတွေနည်းနေရင် ရောင်းစရာပစ္စည်းမရှိသလို ဖြစ်ပြီး၊ စက်ရုံတွေများပြီး အရောင်းဆိုင်နည်းနေရင် ပစ္စည်းတွေ ဝယ်သူမရှိပဲပုံနေတတ်တယ်။

လူတွေများလာ၊ကားတွေ၊ဆိုင်တွေများလာရင် တဖြည်းဖြည်းနဲ့ ဆူညံမှုက စတက်လာတယ်။အဲဒီအခါ လူတွေ နေမကောင်းကြ၊ ပြောင်းပြေးကြပြန်ရော။

အဲဒါတွေအားလုံးကို နိုင်နိုင်နင်းနင်းကိုင်နိုင်လာပြီဆိုရင် အနီးအနား မြို့သစ်တွေ ကို ဆောက်တယ်။ မြို့တွေကြား လူတွေကူးလူးသွားလာဖို့အတွက်လမ်းတွေ တံတားတွေဆောက်ရတယ်။

ကားတွေတအားများလာရင် လမ်းတွေကြပ်ပြီး traffic ကတအားတက်လာတယ်။ အဲဒီအခါ လမ်းတွေကိုပြင်ရပြန်တယ်။

တစ်ခါတစ်လေ ကားပိတ်ရလို့ အကြောင်းရင်းကိုကြည့်တော့ အမြန်သွားရမယ့်လမ်းမှာ လူကူးမျဉ်းကြားတွေပါနေပြီး လူတွေကဖြတ်ကူး၊ကားတွေကရပ်ပေးနဲ့ အကုန်ပိတ်ကုန်တာ။

ဂိမ်းထဲမှာ လမ်းအမျိုးအစားတွေ က အများကြီးရှိတယ်။ တစ်လမ်းမောင်း၊နှစ်လမ်းမောင်း၊ အမြန်လမ်း၊ ပါကင်ပါတဲ့လမ်း၊ အလယ်မှာသစ်ပင်နဲ့လမ်းအစုံပါပဲ။

လမ်းတစ်မျိုးတည်းနဲ့အားလုံး အဆင်ပြေတာတော့မရှိဘူး။

အခြေအနေပေါ်မူတည်ပြီးလမ်းကိုရွေးမှ traffic က နည်းနည်းသက်သာတယ်။

တစ်လမ်းကို ပြင်ရင် နောက်တစ်လမ်းမှာ သွားကားပိတ်ကုန်တာလည်း ဖြစ်တယ်။ အဲဒီအခါ ဘတ်စ် ကားတွေထည့်၊ လမ်းကြောင်းတွေဆွဲ၊ တစ်လမ်းမောင်းတွေပြင်၊ အချို့လမ်းတွေကို မြေအောက်ကသွားခိုင်းတာ ၊ မိုးပေါ်ကသွားခိုင်းတာတွေလုပ်။ တော်တော်လည်းလုပ်ပြီးရော မြို့က မြို့နဲ့မတူတော့ဘူး။ အလုပ်တော့ဖြစ်တယ်။ ဒါပေမယ့်နေချင်စရာ တစ်စက်မှမရှိဘူး။

သူ့ထဲမှာ မြို့အတွက် ပေါ်လစီချတာမျိုးတွေလည်းပါတယ်။ ဥပမာ အထပ်မြင့်မဆောက်ရတို့၊ ဆေးလိပ်မသောက်ရတို့၊ အများသုံးယာဉ်လိုင်းတွေ အားလုံးအခမဲ့တို့၊ စတာတွေပေါ့။ ပေါ်လစီတစ်ခုတိုင်းအတွက် impact တစ်ခုစီရှိတယ်။

နောက်ထပ် မီးခိုးမထွက်တဲ့ စက်ရုံမျိုးတွေလည်းပါတယ်။ ဥပမာ- စိုက်ပျိုးရေးတို့သစ်တော၊သစ်ထုတ်လုပ်ငန်းတို့ပေါ့။ အဲဒါတွေဆိုရင်တော့ ညစ်ညမ်းမှု နည်းသွားတယ်။ ဒါပေမယ့် သူတို့ကလည်း မြေပေါ်မူတည်တယ်။​မြေ က စိုက်ပျိုးလို့၊ဖြစ် သစ်ပင်ကောင်းကောင်း ထွက်တော့မှ အဲဒီမှာ စက်ရုံတည်လို့ရတယ်။

လူတွေက အလုပ်နဲ့၊ အိမ်နဲ့ပဲ ဖြစ်လာပြီဆိုရင် သူတို့ရဲ့ happiness level က ကျလာတယ်။ အဲဒီအခါ ပျော်ဖို့အတွက် recreation နဲ့ ဖျော်ဖြေရေးတွေထည့်ပေးရတယ်။

ပန်းခြံ၊ ကစားကွင်း၊ ပလာဇာ၊ လည်ပတ်စရာ အထိန်းအမှတ်နေရာ စသဖြင့်ပေါ့လေ။ မ

တခါတလေ ဂိမ်းထဲမှာပါတဲ့ ကားတို့ ရထားတို့ကို first person view အနေနဲ့လိုက်စီးကြည့်လို့ရသေးတယ်။

အစကတော့ မြို့ဆောက်တာ အကြွေးတွေတင်၊ ချေးငွေတွေတောင်းရဘာရနဲ့ အခုတော့ လူဦးရေ ၅၀၀၀ ၊ ဒေါ်လာ၃ သန်းလောက်ရှိနေပါပြီ။

မြို့ကကြည့်လိုက်ရင် ကမ်းနဖူး တင်ထားပြီး ရန်ကုန်လိုလို မီဝါကီလိုလိုနဲ့ ပဲ၊

City Skyliens  ထွက်တာ ၂၀၁၅ လောက်က လားပဲ၊​အခု လာမယ့် အောက်တိုဘာမှာ CS 2 ထွက်တော့မယ်ပြောတယ်။ Graphic ကတော့လက်ရှိကွန်ပျူတာနဲ့ မလိုက်နိုင်တော့လို့

မဆော့ဖြစ်လောက်တော့ပါဘူး။

ဆက်တိုက်ဆော့ပြီး အခုတော့ပျင်းသွားပြီ။ ဆက်မကြည့်နိုင်တော့အောင်ပဲ။

Smart devices

ဒီမှာကြုံဖူးတဲ့ အရာတွေထဲက တချို့ဟာလေးတွေ အကြောင်းပြောပြချင်တယ်။

#Smart_Printer

– ဒီမှာprint ထုတ်ဖို့တခုခု လိုလာတာမျိုးဆိုရင် စာစီစာရိုက်ဆိုင်တွေလည်း အလွယ်တကူရှိမနေဘူး။ ကိုယ့်ဘာသာ printer တလုံးကျတော့လည်း အမြဲလိုနေတာမဟုတ်တော့ မဝယ်ချင်ဘူး။ အဆောင်နဲ့ ကျောင်းမှာတော့ wireless printer လေးတွေထားပေးတယ်။ ဒါပေမယ့် အားလုံးက self service ပဲ။

အဆောင်မှာဆို print ထုတ်ပေးတဲ့ စက်လေးနာမည်က wepa print တဲ့။

ကျောင်းသားကတ်တွေက အကောင့်တခုအနေနဲ့ အလုပ်လုပ်တယ်။

Print ထုတ်မယ်ဆိုရင် USB thumb drive ထိုးလို့ရသလို၊ ကိုယ့်ရဲ့ Google drive တို့၊ Onedrive တို့နဲ့ချိတ်ထားလို့လည်းရတယ်။ ဒါမှမဟုတ် ကိုယ့်ဖုန်းကနေ တိုက်ရိုက် scan ပြီးဖြစ်ဖြစ်၊ ဖိုင်ကို upload တင်ဖြစ်ဖြစ် ထုတ်လည်းရတယ်။ နောက် သူတို့ ရဲ့ email address ကို ပို့ပြီးထုတ်လည်းရတယ်။

ကျနော်ကတော့ ကိုယ့် Drive နဲ့ချိတ်ထားတဲ့အတွက် ထုတ်စရာရှိတာတွေကို အရင် Drive ထဲမှာ Folder လေးတခုဆောက်ထားပြီး အဲဒီ Folder ထဲက ဖိုင်တွေကို mobile app ထဲကနေ ပြန်ခေါ်ပြီး ထုတ်လေ့ရှိတယ်။

အလကားသုံးတော့သုံးမရ၊ အရင်ဆုံး student account ထဲကို ပိုက်ဆံဖြည့်ရတယ်။ အခုတော့ Apple pay ကနေ တိုက်ရိုက် ဖြည့်လိုက်တာပဲများတယ်။

Print လုပ်တော့မယ်ဆိုရင် သူ့စက်ထဲကို ကျောင်းသားကတ် ထိုး သို့မဟုတ် App ထဲက Code ကိုရိုက်ပေးတာနဲ့ သူက တခါတည်း Print စထုတ်ပေးပါတယ်။ အကယ်၍ ကိုယ်က အဲဒီCode ကို တခြားသူကို ရှယ်လိုက်ရင်လည်း သူက ကိုယ့်အစား အဲဒီ​Document တွေကို ထုတ်လို့ရသွားပါတယ်။ အတော်အဆင်ပြေတဲ့ service တခုပေါ့၊

#Smart_Laundry_Machines

ဒီမှာ စရောက်ခါစက အဝတ်လျှော်စက်တွေသုံးမယ်ဆို အကြွေစေ့လိုက်ရှာရတယ်။ ငွေတောင် ကိုင်မသုံးတဲ့သူက အကြွေစေ့ ရှိဖို့ဆိုတာတော်တော်ခက်တတယ်။ အခုနောက်တော့ တချို့စက်တွေကို Mobile app က တဆင့်သုံးလို့ရတာတွေ့မိတယ်။ သူတို့ က Bluetooth or NFC တခုခု ရှိတာဖြစ်မယ်။

Mobile app ဖွင့်လိုက်ရင် သူ့အနီးအနားမှာရှိတဲ့စက်တွေရဲ့ နံပါတ်တွေကို ပြပေးတယ်။ အပြင်မှာလည်း စက်တွေရှိတယ်။ စက်တွေပေါ်မှာနံပါတ်တွေပါတယ်။ ချိတ်ဖို့လည်း ခဏပဲကြာတယ်။ ချိတ်ပြီးတာနဲ့ ကျသင့်ငွေထည့် ၊ ပြီးရင် အပြင်က စက်ထဲအဝတ်ထည့်၊​ ခလုတ်နှိပ်ရင် စပြီး app ထဲမှာ အချိန်တွက်ပြီ။

စက်လည်ပတ်ပြီးသွားရင် app မှာ noti ပို့လေ့ရှိတယ်။

#Smart_Parking

နောက်တခုကတော့ ကားပါကင်တွေပါ။​လမ်းတွေမှာ ပါကင်ရှာရတာ အတော်ခက်လေ့ရှိတယ်။အဲဒီပါကင်တွေကလည်း အရင်ကတော့ အကြွေစေ့တွေသုံးတယ်။ နောက်တော့ Visa card တွေပါလက်ခံလေ့ရှိတယ်။

ဒါပေမယ့် သုံးနေကျမဟုတ်ရင် ဖြစ်ဖြစ် စက်ပျက်နေရင်ဖြစ်ဖြစ် ၊​ငွေချေလို့မရတာတွေဖြစ်တတ်တယ်။ နောက်ပြီးတော့ ကိုယ်ကအဝေးရောက်နေတုန်းကို ရပ်ထားတဲ့ကားကအချိန်ပြည့်ခါနီးပြီဆိုရင်၊​သတ်မှတ်ထားတဲ့အချိန်တွင်း ပြန်လာရင်လာ၊မလာရင် ကားကို ဒဏ်ငွေရိုက်ခံရတာမျိုး ကြုံရတတ်တယ်။

အဲဒီလို တွေကို ဖြေရှင်းဖို့ app တွေရှိတယ်။​app ထဲမှာ မီတာပါကင်တွေရဲ့နံပါတတွေ ပေါ်တယ်။ ကိုယ်ပေးမယ့် ပါကင်နံပါတ်ကိုရှာလို့ရတယ်။ ပေးလို့ရတယ်။

အချိန်ပြည့်ခါနီးရင်လည်း app ထဲကပဲထပ်တိုးလို့ရတယ်။

အရင်ကတော့ ioT ဆိုရင် CCTV တို့ ,Smart TV တို့ဘာတို့လောက်ပဲ​တန်းမြင်တာ၊ ဒီမှာတော့ နိစ္စဒူဝ ကိစ္စတွေတော်တော်များများ smart devices တွေနဲ့ ပြောင်းလဲသုံးစွဲနေကြတယ်။

အဲဒီလိုသုံးစွဲဖို့လည်း ဒီစက်တိုင်းက Internet နဲ့ချိတ်ထားရမှာပဲ။

မီးကလည်း အမြဲမပြတ်ရနေဦးမှ။ အရေးကြီးဆုံးက ဖြုတ်ခိုးသွားတဲ့သူလည်းမရှိဦးမှလေ။

မြန်မာပြည်မှာ Smart devices တွေ ဖြစ်လာဖို့ အရှိန်တက်ခဲ့တဲ့ ကာလ တခုရှိသေးတယ်။ ၂၀၁၈/၁၉ ဝန်းကျင်ပေါ့။ အခုတော့ အဲဒီတုန်းက ကြိုးပမ်းခဲ့ကြသူတွေ ဘယ်တွေရောက်ကုန်ကြပြီလဲမသိတော့ဘူး။

Voice XML အကြောင်း

ပြီးခဲ့တဲ့ semester က အတန်းတစ်ခုကို NLP ယူခဲ့တာ ကိုယ့်အတွက် ကောင်းတယ်လို့ပြောရမှာပဲ။

peofessor ပေးသမျှ အကုန်မရပေမယ့် စိတ်ဝင်စားဖို့ကောင်းတဲ့အပိုင်းတွေကအများကြီးပါ။

အဲဒီထဲက တစ်ခုကတော့ voice xml အကြောင်းပဲ။

ကျနော်တို့ ဆီက hotline phone တွေ call center တွေမှာ အလိုအလျောက်ဖြေကြားတဲ့စနစ်ရှိတယ်။

ဘာဖြစ်ရင် ၁ ကို နှိပ်ပါ။ ဘာဆို ၂ ကို နှိပ်ပါ။ အစရှိသဖြင့်ပေါ့။

voicexml ထဲမှာ အဲဒီ အလိုအလျောက်ဖြေတဲ့ စနစ်ကို ဘယ်လိုဆောက်ထားတာလဲဆိုတာလေ့လာရတယ်။

ကိုယ်တိုင်လည်းတစ်ခုဆောက်ရတယ်။

အဲဒီစနစ်ရဲ့နောက်ကွယ်မှာ xml language နဲ့ရေးထားတဲ့ program တစ်ခုရှိတယ်။

အဲဒီ script လေးက နေ ဘာဖြစ်ရင်ဘာလုပ်မယ်ဆိုတာကို ညွှန်ကြားပေးတယ်။

စာနဲ့ရေးထားတာကို အသံထွက်အောင်လုပ်ပေးနိုင်တာကတော့ text to speech engine တစ်ခု သုံးထားလို့ပါ။

ဒါကြောင့်အရင်က အဲဒီလို အလိုအလျောက်ဖြေကြားတဲ့စနစ်က အသံတွေက စက်ရုပ်ဆန်တာပေါ့။

မြန်မာလို ဖြေကြားနိုင်ဖို့အတွက်ကတော့ tts engine ကိုသုံးလို့အဆင်သိပ်မပြေဘူး။

ဒါကြောင့် ကြိုတင် အသံသွင်းထားတဲ့ ဖိုင်တွေကို အသုံးပြုရတယ်။

xml script ထဲမှာပဲ မူရင်း ပါတဲ့ text to speech အသံအစား ကြိုတင်အသံသွင်းထား ထားတဲ့ အသံဖိုင်ကိုယူသုံးဖို့ ညွှန်ကြားရတယ်။

အဲဒိ စနစ်တွေက တစ်ဖက်မှာတော့ ဖုန်းခေါ်တဲ့သူဘက်က အဖြေ တွေကိုလည်း လက်ခံရသေးတယ်။

ဖုန်းခေါ်တဲ့သူက အသံ နဲ့ ဖြေ ပေးလို့ရတယ်။

ဥပမာ Say yes or no ဆိုရင်

လူက yes or no လို့ဖြေပေးတာနဲ့သူက သိတယ်ပေါ့။

ဒါပေမယ့် အသံကမပီတာဖြစ်ဖြစ်၊ နောက်က ဆူညံသံ တွေရှိနေတာဖြစ်ဖြစ် အသံနဲ့ အမိန့်ပေးတာ မှားပေးနိုင်လို့

အတော်များများကတော့ နံပါတ် နှိပ်ရတဲ့ function ကိုပဲ ဖွင့်ပေးထားကြတယ်။

အခုနောက်တော့ voice xml ကိုသိပ်သုံးတာ မတွေ့တော့သလိုပဲ။ အင်တာနက်ထဲမှာကိုပဲ voicexml နဲ့ပတ်သက်တဲ့ အဖွဲ့တွေ community တွေ သိပ်မမြင်ရဘူး။

Google တို့ဘာတို့က လုပ်ပေးတဲ့ automatic phone ဖြေတဲ့စနစ်တွေက တအားကောင်းလာတော့ အဲဒါတွေပြောင်းသုံးကြဟန်တူတယ်။

Medical Name Entity Recognition

NER ဆိုတာ Name entity recognition ရဲ့အတိုကောက်ပါ။

သူ့ကို Natural Language Processing (NLP)မှာသုံးတယ်။

NLP ဆိုတာ လက်ရှိလူအများသုံးနေကြတဲ့ Translation တို့၊ Chatbot တို့၊ ဟိုနေ့က နာမည်ကြီးသွားတဲ့ ပုံပြင်ရေးတတ်တဲ့ ChatGPT တို့ကို မွေးဖွားတဲ့ ဘာသာရပ်ပါ။

NER က ဘာလို့အရေးပါလဲဆိုတော့ စာကြောင်းတစ်ကြောင်းမှာ ဘယ်အရာက လူလဲ၊ ဘယ်ဟာက ရက်စွဲလဲ ၊ဘယ်ဟာက အဖွဲ့အစည်းလဲ၊ စသဖြင့် ခွဲသိနိုင်ရင်

နောက်ပိုင်း အလုပ်တွေလုပ်ရအရမ်းမြန်ပါတယ်။ တစ်ခုနဲ့တစ်ခု ဘယ်လို ဆက်နွယ်နေလဲဆိုတာလည်း ရှာလို့ရတယ်။

Medical NER မှာဆိုရင် ရောဂါလက္ခဏာတွေ၊ သုံးတဲ့ ဆေးဝါးတွေ၊ ဖြစ်တဲ့ရောဂါတွေ၊ လုပ်ထားတဲ့ Lab test တွေစတာတွေကို ဆွဲထုတ်ဖို့ ဖြစ်နိုင်ပါတယ်။

အင်္ဂလိပ်စာမှာဆိုရင် ဘယ်ဟာက နာမည် ဘယ်ဟာက အဖွဲ့အစည်း ဘယ်ဟာက ကုမ္ပဏီစသဖြင့် အများကြီးခွဲသိနေပါပြီ။

အဲလို သိဖို့ စကြရတာက လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော် ၃၀ လောက်ကပါ။ စစတုန်းက လူတွေက စာလုံးတွေကို လိုက်ပြီး label တပ်ပေးရတယ်။ အလွန်လည်းလက်ဝင်တယ်။

အခုတော့ အဲဒီလူတွေ label တပ်ခဲ့တဲ့ အရာတွေကို နောက်လူတွေက အသုံးပြုပြီး အလိုအလျောက် entity တွေဆွဲထုတ်နိုင်နေကြပြီ။

Fb က ကိုယ်ပြောတာတွေသိတယ်တို့ ဘာတို့ဆိုတာတွေရဲ့နောက်ကွယ်မှာ NER ရဲ့လက်ချက်တွေလည်း အများကြီးပါတာပေါ့။

ကိုယ့်ဘာသာ

NER model လုပ်ဖို့ ဆိုရင်တော့ အရင်ဆုံး data ရှာရတာပဲ။

ကိုယ့်ဆီမှာ ဒေတာဆက်ကောင်းကောင်းမရှိဘူး။

မြန်မြန်အလုပ်ဖြစ်တဲ့နည်းကတော့ Regular expression သုံးပြီး

keyword တွေလိုက်ရှာ ၊ အဲဒါတွေကို train data အဖြစ်ပြန်သုံးတဲ့ဟာပဲ။

အကောင်းဆုံးကတော့ လူကိုယ်တိုင် တခုချင်း စာလုံးတွေကိုလိုက်ဖတ်။

ဘယ်ဟာက တော့ ရောဂါလက္ခဏာ ၊ ဘယ်ဟာက ဆေး၊ ဘယ်ဟာက ရောဂါ စသဖြင့် ခွဲထုတ်ပေးဖို့ပေါ့လေ။ အဲဒီလို လူအင်အားသုံးထားတဲ့ annotated dataset က quality အကောင်းဆုံးပဲ။

ဒီနေ့ အဲဒီလို Regex သုံးထားတဲ့ dataset နဲ့ Google Colab ပေါ်မှာ train တာ နေ့တဝက်ကျိုးတယ်။

Free version ကတော့ဘယ်လိုမှသုံးလို့မရဘူး။

ခဏလေးနဲ့ Memory ကုန်သွားတယ်။

အဲဒါကြောင့် သူ့ရဲ့ pro service ကိုဝယ် သုံးပြီးဆက် train ရတယ်။

မော်ဒယ်ကတော့ထွက်လာပြီ။

ဆိုးတော့မဆိုးဘူးပဲလို့ ကိုယ့်ဟာကိုယ် တွေးတယ်။

Quality ဘယ်လောက်ကောင်းလဲ ဆိုတာ evaluate လုပ်ဖို့အတွက်ကတော့ စာမဖတ်ရသေးလို့ မလုပ်တတ်သေးဘူး။

ပထမ တဆင့် အောင်မြင်သွားတယ်ဆိုတော့ ၊နောက်ပိုင်း quality ပိုကောင်းအောင် ဘာလုပ်လို့ရမလဲ စဉ်းစားလို့ရတာပေါ့။

မြန်မာလို NER ကိုလည်း ကျောင်းပိတ်ချိန် စမ်းကြည့်ဖို့ တေးထားတယ်။

ပုံ၁က သူများ ဖန်တီးထားတဲ့ dataset ကို train ပြီးရတဲ့ result.

ပုံ၂က ကိုယ့်ဘာသာ ဖန်တီးထားတဲ့ dataset ကို train ပြီးရတဲ့ result

Corona virus 2019 nCov အတွက် မြန်မာ Dashboard

လက်ရှိ ဖြစ်ပေါ်နေတဲ့ ကိုရိုနာ ဗိုင်းရပ်စ် လို့ထင်ရတဲ့ case တွေကို ပိုပြီး ထင်သာမြင်သာရှိအောင်ကြည့်လို့ရဖို့ dashboard တစ်ခုဆောက်ထားခဲ့တယ်။

ဒီ address မှာကြည့်လို့ရတယ်

bit.ly/coronamyanmar2020

The End Game for Zawgyi and Unicode

It all starts with a font.

Wait! A font?

Who knows a slightly wrong decision in 2006 will make trouble for 55 million people in the future. Myanmar is the last country which is facing a problem with their language in computers. We call this civil war between fonts.

The majority of the people use locally made font encoding system which is useful for writing and reading on the internet and electronic media. But, it’s not ready to embrace advanced language processing and database storing which are only be made with Unicode encoding system.That lit a fire between Unicode and zawgyi and it’s been clashing for more than 10 years. If you want to know more details about it, please read this article.

However, now we are in 2019, things have changed. It looks like a revolution for IT industry in Myanmar. The government recognized Unicode as a standard method for encoding in computer-based works.

Speaking of Unicode, that includes using fonts which follow Unicode standard and keyboards which can be used with those fonts.

The main problem here is 90% of people who are now using zawgyi font system will not able to see the Burmese texts encoded with Unicode system.

Migrating from zawgyi to Unicode is a nightmare for everyone. And some people raised concerns about what will happen to our past data if we all migrate to Unicode.

Facebook

Since most people use facebook as the internet, facebook themselves play a major role in migrating people from zawgyi to Unicode. Fortunately, there is a special feature which is only available in Myanmar. Facebook auto-converts zawgyi to Unicode and vice versa in FB app and messengers, will soon in page manager and FB for work. It’s more like a translation between languages. The only difference is that it translates Burmese (zawgyi) to Burmese( Unicode). In that way, people can still read and comment regardless of the encoding system they use.No more wall between zawgyi and Unicode. Yay!!

However, that feature is not supported to millions of Burmese people living outside Myanmar. Facebook said people living inside Myanmar are their priorities and they might release the feature for people living abroad in the future update. We believe Facebook will continue to support auto conversion for some time during the transition stage. We are not sure how long will it be. After that period, it’s highly likely that the old contents will eventually be converted to Unicode. In my view, it’s pretty tough, because there are also ethnic languages mixing inside Burmese posts. To distinguish between Burmese(zawgyi) and ethnic languages, more rules and algorithms are needed, and the train data for ethnic languages.

How do we convert our Zawgyi Contents?

That contents need to be divided into personal and work.

For the personal, you have messages, contacts, books, music, and documents named in Burmese. For those parts, there are some simple tools you can use to easily convert to Unicode with just one click. For android, there is an app called MCF MUX which is endorsed by Myanmar Computer Federation, don’t find it in the Play store, you will not see. It can be downloaded from this site. That app can replace your default message app in android and can convert every message from zawgyi to Unicode and vice versa. It can also convert the contact list and documents name.For iOS, the only app I found so far is “Pyaung”. Its functions are very limited, can use for text converting and content converting, that’s it.

For work, there are some software will be used to convert documents from Zg to Unicode, they are window-based, some are written in Java. Not very user-friendly though. I’m still hoping to see more tools for easily migrating our docs, excel and so on to Unicode. Apart from those tools, you can use an online converter such as rabbit converter, simply copy the zawgyi text and paste in the zawgyi box, it will produce Unicode text on the right side. If you have a huge database and it’s quite challenging to convert every single post from zawgyi to Unicode, you will definitely need help from technical experts who have experienced in migration.

Keyboards

Zawgyi has only one font and one keyboard. Unicode has many fonts and different keyboard layouts. Which one is the best? That’s the question people asked so far when they start using Unicode. In reality, giving too many options worsen the frustration. Let’s see this as a smartphone brand. Unicode is the OS (android) and the fonts are the brand name ( such as Samsung, xiaomi, Huawei, Oppo, etc) which are developed by different parties. If you found a fault in one brand but not in the others, is it OS fault or brand fault? It’s a brand fault, right? Its similar scenario in Unicode itself is a standard, some fonts don’t follow the standard, they became a fault.

Daw Aung San Suu Kyi publicly announced to use Pyidaungsu font in office and government works. It will replace Myanmar3 we’ve been using for 8 years. But, for the font on our website, computers or mobile devices, we can still use any Unicode font we like.

For the keyboard part, there is Zawgyi layout, Pyidaungsu (formerly known as Myanmar3) Layout and Win Layout. It’s similar to QWERTY, QWERTZ or AZERTY. Most people are familiar with the Zawgyi layout. Many office staffs are familiar with the Pyidaungsu layout. There is some keyboard like Keymagic which supports both Zawgyi layout and Pyidaungsu layout and Win + many ethnic layouts. You can choose any layout you want and the output format will always be in Unicode. But, you need to make sure to use Unicode fonts to be able to see those outputs correctly.

In my experience using key magic in MacBook Pro 2015, not very satisfied with the results. There are some bugs in the keyboard and when I do speed typing, that glitches always slow me down. So I switched to using Myanmar 3 bundle which is Pyidaungsu layout and install directly into /Library/Keyboard Layouts. I’ve been using that for more than 2 years and pretty ok. I only need to practice new layout Pyidaungsu though I was more familiar with Zawgyi layout. But it’s worth to practice, coz Microsoft’s default Myanmar keyboard, Google’s on-screen keyboard and upcoming Myanmar keyboard in new Mac OS will all use Pyidaungsu layout. So, it’s the future standard layout for Myanmar. You better need to practice now.

One thing for window os, there is two Myanmar in win 10, Visual order and phonetic order. The only difference is typing (ေ ) before or after consonants. Phonetic order has some bugs, you should avoid using it.

The impact on smartphone users.

This wave is huge and mobile phone users will feel this movement very soon.

I don’t have exact smartphone demographics and their brands and os. Based on the data I can see from my firebase, most people use Samsung and Xiaomi and the majority of people use android 8. Built-in a font in the android smartphones supports Myanmar Unicode starting from android 4.4. Majority of smartphone users will be able to switch to Unicode easily from their language settings and themes. But for the older devices which were sold before 4.4 and very few percents in the market, it might be harder to see Unicode. Even if the users go to Mobile services, there is nothing much the service centers can do. I think Unicode migration committee has already met with smartphone vendors and mobile shops, hope that there will be some answers from those meetings. In the meanwhile, volunteers will do helping to change zawgyi to Unicode in their community. But, we do need a systematic approach to achieve this. Since everyone is using facebook and messenger, it’s not very hard for them to communicate with the unchanged community. The only pain comes from the famous messaging app like Viber and Joox ( Spotify for Myanmar). They don’t support conversion inside them. I think if people can’t see auto conversion in Viber, they might be switching to the messenger. In the case of Joox, they only support zawgyi in song names and lyrics.

What if we don’t change?

Can the government do something if we don’t change to Unicode?

Humm!

This is not like law enforcement, more like a setting a guideline for everyone. If I don’t change it by Oct 1, I’m pretty sure I will not put into jail or fined. But, the government will still hold the authorities in some places, they can pressure me in that kind of circumstances if I don’t follow their guidelines. So far, I don’t see any announcements which state the fine or incentives

Another thing is from the user side, many people are awakening from the zawgyi’s spell and they are switching to Unicode. If Unicode users are getting increased, they would also demand the companies and service providers to use Unicode.

Good news is that if everyone uses the same system, the headache happening right now in our companies, communication, and development will disappear forever. Plus the data in Burmese will no longer be like garbage. We will have a lot of data which is reusable and store way more systematics. If you want to know more about the timeline, please have a look at the following images which are provided by MCF.

Hotline or Help Desk.

If you need any help switching from zawgyi to Unicode, this is the official hotline from MCF which lead this migration. And you can also get community help, they are not professional, but you will see a lot of likeminded people and response is incredibly quick. I also have my youtube channel where I provided some tutorials about Unicode. See in the last session of this post.

For the campaign and education

Migration committee recently appointed Unicode ambassadors to several famous artists. They could represent Unicode and do promote as public figures. But, what I’m seeing now is social influencers in facebook are starting to write about Unicode related articles and convince a lot of people to adopt this new system .Brodcast media will also host talk about Unicode adoption and I feel like it’s a time when we pushed hard for NLD campaign in 2015 election. Only MCF and people in migration committee will know details plan . Telecom operators are sending message to people that they are going to switch Unicode not only in messages but also the whole content system. Many Facebook pages and websites are migrating as well. As for the education part, I still don’t know how would they handle. I think it’s not necessary to educate everyone. And it’s impossible to educate everyone in Myanmar. We just need to provide tools and support for this great migration to be as smooth as possible.

Official resources :

www.mcf.org.mm

http://www.unicode.today/

Hotline: 09455 736 999

Community Support

https://www.mmunicode.org/

fb.com/groups/mmunicode

Youtube

How to use Unicode and zawgyi like a boss

Learn more about Unicode/zawgyi problem

https://frontiermyanmar.net/en/features/battle-of-the-fonts

Tools/ Tutorials

Toolbox.phandeeyar.org

Knowledge.phandeeyar.org/

bit.ly/UNICODEMADEEASY

http://bit.ly/mmunicodetools

Pyidaungsu font guide.

Myanmar Unicode made easy


ယူနီကုဒ် ပြောင်းကြတော့မယ်ဆိုပြီး ကျယ်ကျယ်လောင်လောင်ပြောလာကြတော့ အချို့ကလည်း ပြောင်းမယ်ဆိုလည်း ပြောင်းကြတာပေ့ါကွာဆိုပြီး ချက်ချင်း ပြောင်းလဲတတ်ကြပေမယ့် အချို့ကျတော့လည်း “နေပါဦး” ယူနီကုဒ်အကြောင်း သိချင်ပါသေးတယ်ဆိုပြီး စူးစမ်းကြသူတွေလည်းရှိပါတယ်။

ဒီစာကတော့ ယူနီကုဒ်အကြောင်းကို အရမ်းအသေးစိတ်အထိ မဆင်းပဲ နည်းပညာနဲ့ ဝေးသူနားလည်အောင် ရှင်းပြလိုတဲ့ post တစ်ခုသာဖြစ်ပါတယ်။
ပထမဆုံး သိချင်ကြတဲ့အချက်ကတော့ ယူနီကုဒ်ဆိုတာ ဘာလဲဆိုတာပဲဖြစ်ပါတယ်။

သူက စံသတ်မှတ်ထားတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ ယခင်က သတ်မှတ်ခဲ့တဲ့ စနစ်တွေကို ပြန်ကြည့်ရမယ်ဆိုရင် တစ်ပတ်မှာ ၇ရက်ရှိရပါမယ်။ တစ်ကီလိုမီတာမှာ ၁၀၀၀ မီတာရှိရမယ် ။ တစ်ပေါင်မှာ ၁၆ အောင်စရှိတယ်။ ဒါကိုမှ ကိုယ့်တစ်နိုင်ငံတည်း တစ်ပတ်မှာ ၈ရက် လုပ်မယ်ဆိုပြီး လုပ်လို့မရပါဘူး။ ကိုယ်တွေကြည့်ပဲ တစ်ကီလိုမီတာမှာ ၁၁၀၀ မီတာထားမယ်ဆိုပြီး သတ်မှတ်လို့မဖြစ်နိုင်ပါဘူး။ တစ်ပေါင်မှာ ၁၇ အောင်စလုပ်လိုက်ကွာဆိုတာမျိုးလည်း လုပ်လိုက်လို့မဖြစ်ပါဘူး။
ကိုယ့်နိင်ငံအတွင်းမှာ နားလည်မှုနဲ့ လုပ်လို့ဖြစ်ရင်တောင် အခြားနိုင်ငံနဲ့ ဆက်သွယ်ပြီးလုပ်မယ့်အခါမျိုးကျရင် ရှုပ်ထွေးမှုတွေ ဖြစ်ကုန်ပါတော့မယ်။
ယခု ယူနီကုဒ် ဆိုတာကျတော့ ကွန်ပျူတာနည်းပညာတွေ ၊အင်တာနက်တွေ ခေတ်စားလာပြီးတဲ့အချိန်မှာ တစ်ကမ္ဘာလုံးက ဘာသာစကားတွေအတွက် အရှုပ်အထွေးမဖြစ်အောင် တီထွင်လိုက်တဲ့စနစ်ပါ။ လူတွေမှာ မှတ်ပုံတင်နံပါတ်တွေ ၊ ကားတွေမှာ လိုင်စင်နံပတ်တွေရှိသလိုပဲ အက္ခရာ စာလုံးတွေမှာလည်း ကိုယ်ပိုင်နံပါတ်တွေရှိပါတယ်။

အဲဒီနံပါတ်တွေကတော့ က ကြီးတို့ ခခွေးတို့ A တို့ B တို့ကို ကွန်ပျူတာက သိတဲ့ နံပါတ်တွေပါပဲ။ ကွန်ပျူတာတွေက ညံ့ပါတယ်။ ကျွန်တော်တို့ လူတွေလို စာလုံးကို မျက်စိ နဲ့ မြင်တာနဲ့ တန်းဖတ်တတ်တာမဟုတ်ပါဘူး။ သူ့နောက်ကွယ်က ကိုယ်ပိုင်နံပါတ်ကိုပဲသိတာပါ။ ယူနီကုဒ်ဆိုတာ အဲဒီအက္ခရာစာလုံးတွေကို တော့ဖြင့် ဘယ်ဟာကိုတော့ ဘယ်နံပါတ် ပေးမလဲ၊ ဘယ်ဟာကိုတော့ ဘယ်လို သတ်မှတ်မလဲဆိုတာကို စနစ်တကျဖြစ်အောင် ၊အခြား ဘာသာစကားတွေနဲ့ အရှုပ်အရှင်းမဖြစ်အောင် စနစ်ချပေးတဲ့ အရာကြီးတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်လည်း တကယ့်တကယ် လုပ်ငန်းစဉ်မှာတော့ အက္ခရာတွေမှာ ကိုယ်ပိုင် ရေးထုံးရေးဟန်တွေ ကလည်းရှိနေပါတယ်။ ဥပမာ- ကျနော်တို့က ဘယ်ကနေ ညာကိုရေးပါတယ်။ အချို့က ညာကနေဘယ်ကို ရေးတဲ့ ဘာသာစကားတွေရှိပါတယ်။ အင်္ဂလိပ်စာမှာ good morning ဆိုရင် ရှင်းပေမယ့် မြန်မာစာမှာ ပတ်ဆင့်တွေကော၊ ယပင့်အကြီးအသေး၊ ရေးချာ မှာလည်း ( ဝိုက်ချ၊ -ာ ၊မောက်ချ ၊ -ါ စသဖြင့်ရှိကြပါသေးတယ်။ ဒီလိုမျိုး ရေးထုံးရေးနည်းတွေကိုပါ အများကြီးထည့်စဉ်းစားပြီး တည်ဆောက်ကြပါတယ်။ အဲဒါကျတော့မှ နောက်ဆုံး အများအဆင်ပြေပြေသုံးနိုင်တဲ့အဆင့်ကို ရောက်ပါတယ်။ ဒီ စနစ်ကို အုတ်မြစ်အဖြစ်အသုံးပြုပြီး ကျန်တဲ့ နည်းပညာတွေ ဆက်လက်တည်ဆောက်ကြပါတယ်။ အုတ်မြစ်မခိုင်ခဲ့ရင် အစပိုင်း အဆင်ပြေပေမယ့် နောက်ပိုင်း နည်းပညာတွေ အဆင့်မြင့်လာလေ အမြင့်ဆက်တက်လို့မရလေလေ ဖြစ်တတ်ပါတယ်။

ယူနီကုဒ် ဆိုတာကို မျက်စိထဲရေးရေးလေး မြင်လာပြီဆိုရင်တော့ သူ့ရဲ့အားသာချက် အားနည်းချက် ဘာလဲဆိုတာလေးကို ဆက်ပြောပြချင်သေးတယ်။

အားသာချက်

ကတော့ အထက်မှာပြောခဲ့သလိုပဲ သူ့ကို ဖောင်ဒေးရှင်း အုတ်မြစ်အဖြစ်သုံးပြီး ကျနော်တို့ နည်းပညာအသစ်တွေ ဖန်တီးနိင်ပါတယ်။ အများသူငှာနဲ့ ရင်းနှီးတဲ့နည်းပညာတွေကိုပြောရမယ်ဆိုရင် အလိုအလျောက်ဘာသာပြန်တဲ့စနစ်တို့၊ မြန်မာလို ကောင်းကောင်းရှာဖွေလို့ရတဲ့အခါတို့၊ ပုံနှိပ်ထားတဲ့ စာအုပ်တွေ၊ သတင်းစာတွေကနေ ကွန်ပျူတာစာလုံးအဖြစ်ပြန်လည်ပြောင်းလဲတဲ့နည်းပညာတို့၊ လက်ရေးကနေ ကွန်ပျူတာစာလုံးအဖြစ်ပြောင်းလဲတာတို့၊ အသံနဲ့စာရိုက်တာတို့၊ နောက်ဆုံး မြန်မာလို ပြောတာကို နားလည်တဲ့ AI တို့ Chatbot တို့ အထိ ဖြစ်နိုင်ပါတယ်။ အချို့သော လက်ရှိမှာခေတ်မစားသေးတဲ့ နည်းပညာတွေကိုလည်း ယူနီကုဒ်ကို အခြေခံပြီး ဆက်လက်တည်ဆောက်သွားနိုင်ပါတယ်။ ဘာကြောင့်ကျနော် အဲလိုပြောနိုင်တာလဲဆိုတော့ ယူနီကုဒ်ဆိုတာ နိုင်ငံတကာ စနစ်တစ်ခုပါ။ကိုယ့်နိုင်ငံပဲပိုင်တာမဟုတ်ဘူး။ ဒါကြောင့် အခြားနိုင်ငံက ဘာသာစကားစနစ်နဲ့ သာ အဆင်ပြေနေရင် ကျနော်တို့နဲ့လည်း အဆင်ပြေပါလိမ့်မယ်။ ညီတူမျှတူ အခွင့်အရေးရရှိမှာမိုလို့ပါ။ နောက်ထပ်အားသာချက်တစ်ခုကတော့ ထွက်ရှိတဲ့ ကွန်ပျူတာ၊ ဖုန်း ၊ အီလက်ထရောနစ်စနစ်အားလုံးမှာ ယူနီကုဒ် စနစ်က တစ်ပါတည်းပါလာပြီးသားဖြစ်မှာဖြစ်တဲ့အတွက် ဖောင့်ထပ်သွင်းရတာမျိုးတွေ၊ ဆိုင်သွားပြင်ဆင်ရတာမျိုးတွေ အနာဂတ်မှာ ရှိလာတော့မှာမဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာ ဘယ်စက်ကိုပဲ ကောက်ဖွင့်ဖွင့် မြန်မာစာဖတ်လို့ရေးလို့ ရပါလိမ့်မယ်။

အားနည်းချက်

ကိုလည်း အများစုက သိချင်ကြပါတယ်။ ကျနော်မကွယ်ဝှက်တမ်းပြောရမယ်ဆိုရင် ကမ္ဘာမှာ သူ့ထက် ကောင်းတဲ့ ဘာသာစကားစနစ်အခုထိ မရှိသေးပါဘူး။ ဒါကြောင့်လည်း တကမ္ဘာလုံးက နည်းပညာလုပ်ငန်းတွေ အဖွဲ့အစည်းတွေအားလုံးက ဒါကိုပဲ အခြေခံပြီး အလုပ်လုပ်ကြပါတယ်။ မြန်မာနိုင်ငံ အခြေအနေမှာတော့တစ်မျိုးဖြစ်နေပါတယ်။ ကျွန်တော်တို့ လက်ရှိသုံးနေတဲ့ ဇော်ဂျီစနစ်က ယူနီကုဒ်နဲ့ သဟဇာတမဖြစ်ပါဘူး။ ဇော်ဂျီစနစ်၊ ဖောင့်ထည့်ထားတဲ့သူတွေက ယူနီကုဒ်နဲ့ ရေးသားထားတဲ့စာကို အများစုဖတ်လို့မရပါဘူး ၊ ဒါကြောင့်မို့ ဇော်ဂျီဖောင့်ထည့်သွင်းထားသူများက ယူနီကုဒ် စာတွေမြင်တိုင်း ဒါဟာဖတ်လို့ရတဲ့ စာတစ်ခုဖြစ်ပါတယ်ဆိုတာကို လက်မခံကြတာမျိုးရှိပါတယ်။ တကယ်လို့သာ သူတို့ဟာ ကွန်ပျူတာအသစ် ဖုန်းအသစ်လဲလိုက်လို့ ရှိရင် ယူနီကုဒ် ကို ဖတ်လို့ရပြီး အများသူငှာရေးတဲ့ ဇော်ဂျီစနစ်နဲ့စာ ကိုဖတ်လို့မရတော့ပြန်ပါဘူး။ ဆက်သွယ်ရေးမှာ အဆင်မပြေတာတွေ ဖြစ်လာတတ်ပါတယ်။

နောက်တစ်ချက်ကတော့ မြန်မာယူနီကုဒ် ကိုစတင်အတည်ပြုတဲ့ အချိန်က သက်တမ်းနုသေးပါတယ်။ ဒါ့အပြင် အသုံးပြုသူကလည်းနည်းပါသေးတယ်။ ဒါကြောင့် ဒီစနစ်ကို အတည်မပြုခင်အချိန်က ထွက်ရှိတဲ့ ကွန်ပျူတာ၊ ဖုန်း၊ ဆော့ဖ်ဝဲတွေမှာ တော့ ဒီစနစ်ကို သုံးလို့ရဖို့က အတော်ကို ခက်ခဲပါတယ်။ နမူနာအနေနဲ့ပြောရမယ်ဆိုရင် ၊ window xp , window 2000 တို့လိုစက်မျိုး၊ Android version 4.4 ထက်နိမ့်တဲ့စက်တွေမျိုး၊ ရှေးရှေးကထွက်ခဲ့တဲ့ နိုကီယာ ကီးပတ်ဖုန်းမျိုး၊ software အနေနဲ့ပြောရရင် page maker 6.5 တို့လို ဆော့ဖ်ဝဲမျိုး၊ အဲဒီလို အရာတွေမှာ မြန်မာစာ ယူနီကုဒ်ကို သုံးလို့မရနိုင်ပါဘူး။ ယူနီကုဒ် မပေါ်ပေါက်ခင် ရှေးခတ်က ရှိခဲ့တဲ့ အရာများဖြစ်လို့ဖြစ်ပါတယ်။ ဒါပေမယ့် ယခုအချိန်ကစလို့ နောက်ပေါ်လာမယ့် နည်းပညာအားလုံးမှာတော့ အသုံးပြုလို့ရပါမယ်။ ပြီးတော့ လက်ရှိအချိန်ထိ မြန်မာယူနီကုဒ်ကို တရားဝင် support မလုပ်ပေးသေးတဲ့ ဆော့ဖ်ဝဲတွေရှိပါတယ်။ သူတို့ရဲ့ဦးစားပေးlist ထဲမှာ မြန်မာက မပါလို့လည်းဖြစ်ရင်ဖြစ်နိုင်မယ်။ မြန်မာပြည်မှာ ဈေးကွက်မရှိလို့လည်းဖြစ်နိုင်ပါလိမ့်မယ်။

ယူနီကုဒ် ကို စသုံးရင် ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်သလဲ။

ပထမတစ်ချက်ကတော့ ကျနော်တို့ရေးချင်သလိုရေးတဲ့စာတွေကို ကွန်ပျူတာကနေ စနစ်ကျအောင် ထိန်းကျောင်းပေးသွားပါလိမ့်မယ်။ ဥပမာ- စလုံးနဲ့ ယပင့်ပေါင်းပြီး ဈ ဆိုပြီးလုပ်နေတာမျိုးတွေ ၊ ( စျ ၊ ဈ )၊ သုညကို ဝလုံးအဖြစ်ရိုက်နေတာမျိုးတွေ ၊ ဥ နဲ့ ညကလေးကို မကွဲမပြားရိုက်နေတာတွေကို သူကထိန်းညှိပေးသွားနိုင်ပါတယ်။
စာလုံးပေါင်းအမှားအယွင်းတွေများလွန်းတာ၊ စာလုံးတစ်ခုနဲ့ တစ်ခုရိုက်ချင်သလို ရိုက်နေတာတွေကိုလည်း အမှန်ပြင်ပေးနိုင်တဲ့ နည်းစနစ်တွေစတင်ပေါ်ပေါက်လာပါလိမ့်မယ်။ လူတိုင်းသာ သုံးနေကြရင် အချင်းချင်း စကားပြောဆက်သွယ်တာက အခက်အခဲမဟုတ်တော့ပါဘူး ။ နှစ်ဖက်စလုံး အမှန်မြင်မှာပါ။
လက်ရှိသုံးနေကြတဲ့ မြေပုံတွေ၊ လမ်းနာမည်တွေ ၊ မြို့နာမည်တွေ၊ အားလုံးကိုGoogle map, open street map မှာ မြန်မာလိုရှာလို့ရပါတော့မယ်။ သုံးတဲ့သူများလာရင် ဝိုင်းပြီးဖြည့်ပေးတဲ့သူတွေလည်းများလာလို့ ပိုမို quality ကောင်းလာပါတော့မယ်။ Google မှာ မြန်မာလို ရှာရင် အချက်အလက်တွေအများကြီးပေါ်လာပါတော့မယ်။
မြန်မာဝီကီမှာ ဝင်ဖြည့်စွက်ပေးတဲ့သူတွေပါလာလို့ ကျနော်တို့ မြန်မာနဲ့သက်ဆိုင်တဲ့အဖြစ်အပျက်တွကိုဝီကီမှာပိုဖတ်ရမယ်။ TED TALK လိုနေရာမျိုးမှာ အရမ်းမိုက်တဲ့ စိတ်ကူးတွေကို မြန်မာလို စာတန်းထိုးနဲ့ဖတ်လို့ရမယ်။ လာမယ့်ရွေးကောက်ပွဲမှာ မဲစာရင်း ကြည့်မယ်ဆိုရင်လည်း ကိုယ့်နာမည်က စာရင်းထဲရှိလျက်သားနဲ့ ဖောင့်မကိုက်လို့ ရှာမရဘူး ၊ ဖတ်မရဘူးဆိုတာမျိုးမဖြစ်တော့ပါဘူး ။ မြန်မာလိုနာမည်တင်မကဘူး။ တိုင်းရင်းသားဒေသက လူမျိုးတွေလည်း သူတို့တိုင်းရင်းသားနာမည်ကို ယူနီကုဒ်နဲ့ ရှာလို့ရပါတော့မယ်။

နောက်ဆိုရင် English လိုတတ်တဲ့သူမှ အင်တာနက်ကျွမ်းကျွမ်းကျင်ကျင်သုံးနိုင်မယ် ဆိုတာမျိုးမဖြစ်တော့ဘူး။ website တွေမှာ ဖောင့်တစ်မျိုးတည်းကိုပဲ နေရာတိုင်းသုံးတာမျိုးမဟုတ်တော့ပဲ၊ ခေါင်းစီး၊ စာကိုယ် သူ့နေရာနဲ့သူ လိုက်ဖက်တဲ့ဖောင့်တွေသုံးကြလို့ပို ကြည့်လို့ကောင်းလာမယ်။ အစည်းအဝေးတွေ၊ email တွေမှာ ဖောင့်စနစ်ပေါင်းစုံမသုံးတော့ပဲ ယူနီကုဒ် စနစ်ကို အခြေခံတဲ့ ဖောင့်တွေ ( ဥပမာ- Myanmar3, Pyidaungsu, Padauk, Notosans Myanmar) စသဖြင့် သုံးကြလို့ နည်းပညာအခက်အခဲ ဖြစ်ပါတယ်ဆိုတာကြီး မဖြစ်တော့ပဲ၊ လိုရင်းကို ထိထိရောက်ရောက်ရှင်းရှင်းလင်းလင်း ပြောဆိုနိုင်မယ်။ Google ကပေးတဲ့ အခမဲ့ စနစ်တွေကို ချက်ချင်းလက်တင်သုံးလို့ရပါမယ်။

ဒီနေရာမှာ အချို့ကပြောတာ ဇော်ဂျီနဲ့လည်းသုံးလို့ရတာပဲတဲ့ ၊ အဲဒါမှန်ပါတယ်၊ အဲဒီလိုသုံးလို့ရဖို့ facebook တို့ Google တို့က တမင် လုပ်ပေးထားတာပါ ။အဲဒီလို ရဖို့ နောက်ကွယ်ကနေ မလိုအပ်တဲ့ ငွေကြေးကုန်ကျမှုတွေ၊ အချိန်ကြာမြင့်မှုတွေရှိပါတယ်။ ဒါကြောင့် တစ်သက်လုံး ကျနော်တို့ အဲလို ရနေမယ်လို့ အာမမခံထားပါဘူး။ ကျနော်တို့ အားလုံး ယူနီကုဒ် ပြောင်းပြီးတဲ့အချိန် သူတို့ရဲ့ ဇော်ဂျီကို support ပေးမှုက ရပ်ဆိုင်းသွားမှာဖြစ်ပါတယ်။ ဒါက ယာယီ ဖြေရှင်းမှုတစ်ခုသာဖြစ်ပါတယ်၊

ဇော်ဂျီမှာကော အားနည်းချက်ဘာရှိလို့လဲ။

ဇော်ဂျီကလည်း ယူနီကုဒ်လိုမျိုးပဲ စနစ်တစ်ခုဖြစ်ပါတယ်။ သူ့စနစ်က မြန်မာနိုင်ငံက ပြည်သူတွေကို နှစ်ပေါင်းများစွာ အကျိုးပြုခဲ့ပါတယ်။ သူ့ရဲ့အားနည်းချက်ကတော့ ကျွန်တော်တို့ နောက်ထပ် နည်းပညာအသစ်တွေလိုချင်ရင် ထောက်ပံ့ပေးဖို့ လိုအပ်တဲ့ အခြေခံအုတ်မြစ် ခိုင်ခိုင်မာမာ မပါရှိခဲ့ပါဘူး။ သူ့ခေတ်သူ့အခါနဲ့ အဆင်ပြေခဲ့ပေမယ့်လာမယ့် ၅နှစ် ၁၀ နှစ် အနှစ် ၂၀ မှာ ဘယ်လိုမှအဆင်မပြေနိုင်တော့ပါဘူး။ ဇော်ဂျီနဲ့ စာရိုက်တဲ့အခါ ရိုက်တဲ့သူပေါ်မူတည်ပြီး အသုံးပြုတဲ့ ကီးတွေ ကွဲပြားလေ့ရှိပါတယ်။ ဒါကြောင့်လည်း စာတစ်ပုဒ် သိမ်းသွားရင် သူ့ဆီမှာ အမြင်မှာတူပေမယ့် ကုတ်နံပတ်မတူတဲ့ အက္ခရာတွေ အများကြီးပါသွားပါတယ်။ ဒါတွေဟာ လူလို မျက်လုံးနဲ့မဖတ်တတ်တဲ့ကွန်ပျူတာအတွက်တော့ အိမ်မက်ဆိုးလိုပါပဲ၊ သူဘယ်လိုမှ နားမလည်နိုင်ပါဘူး။ သူနားမလည်တဲ့အတွက် ကျွန်တော်တို့က ကွန်ပျူတာကို အမိန့်ပေးခိုင်းစေလို့မရတော့ပါဘူး။ အလားတူပြဿနာက ရှာဖွေတဲ့အခါမှာလည်း ဒုက္ခပေးပါတယ်။
စာရိုက်တဲ့အခါ စာလုံးပေါင်းစစ်လို့မဖြစ်နိုင်တာ၊ စာကြောင်းတွေ ခွဲရအဆင်မပြေတာ၊ ဒီဖောင့်တစ်မျိုးတည်းကိုပဲ နေရာတကာမှာ သုံးရလို့ ဒီဇိုင်းပိုင်းအရ ဆန်းသစ်တီထွင်လို့မရပဲ မျက်လုံးပသာဒမဖြစ်တာ။ ဖုန်းထဲမှာ သူရှိနေရင် ယူနီကုဒ် service တွေသုံးမရတာမျိုးတွေဖြစ်တတ်ပါတယ်။ Translate ကို ကောင်းကောင်းသုံးမရဘူး၊ မြေပုံတွေသုံးမရဘူး၊ TED talk, khan academy သုံးမရဘူး။ မြန်မာဘာသာနဲ့ မီနူးတွေ ဆက်တင်တွေသုံးမရဘူး။ အချို့သော မြန်မာ ဆော့ဖ်ဝဲတွေသုံးရင် ဖောင့်မမှန်ဘူး
နောက်ဆုံးတစ်ခုကတော့ တိုင်းရင်းသားစာလုံးတွေရိုက်လို့မရပါဘူး။

ဇော်ဂျီကနေ ယူနီကုဒ် ပြောင်းရင်ဘာလုပ်ဖို့လိုသလဲ ။

ဇော်ဂျီဖောင့်မထည့်ခဲ့ဖူးဘူး ဆိုရင်တော့ ဘာမှလုပ်စရာမလိုပါဘူး ၊ တန်းပြီး လက်တင်သုံးရုံသာရှိပါတယ်။ ကီးဘုတ်ကတော့ အဓိက နှစ်မျိုးသာရှိပါတယ်။ မြန်စံကီးဘုတ် နဲ့ ဇော်ဂျီလက်ကွက်သုံးကီးဘုတ်ပါ။ အကြံပေးလိုတာကတော့ မြန်စံကီးဘုတ်ကိုသာ စတင် လေ့ကျင့်သင့်ပါတယ်။ လေ့ကျင့်ချိန် ၂နာရီခန့်သာပေးလိုက်ရင် ကောင်းကောင်းနဲ့မြန်မြန်ဆန်ဆန်ရိုက်တတ်သွားနိုင်ပါတယ်။ တကယ်လို့မှ အဲဒီလိုမဟုတ်ဘူး ယခင် က ဇော်ဂျီလက်ကွက်နဲ့အသားကျနေခဲ့လို့ ဇော်ဂျီလက်ကွက်အတိုင်းပဲ ယူနီကုဒ် ရိုက်ချင်တယ်ဆိုရင်လည်း အဲဒီလို ရိုက်လို့ရအောင်ဖန်တီးပေးထားတဲ့ ကီးဘုတ်တွေရှိပါတယ်.။ Keymagic တို့လိုမျိုး ၊ အဲဒါတွေသုံးနိုင်ပါတယ်။ ဒါကတော့ window, mac ကွန်ပျူတာတွေအတွက်ပါ။
ဖုန်းတွေမှာဆိုရင်တော့ အဓိက Android နဲ့ iOS ရှိပါတယ်။ Android ထဲမှာကိုပဲ Brand ခွဲတွေက အများကြီးရှိတော့ ပြောရတာတော့နည်းနည်းခက်ပါတယ်။ အချို့စက်တွေက ဖုန်းထဲမှာပဲ theme ကနေ ပြောင်းတာမျိုး၊ Language setting ကနေ ယူနီကုဒ်ပြောင်းလို့ရတာမျိုးတွေရှိပါတယ်။ အချို့ဖုန်းတွေမှာတော့ အဲဒီsetting မပါလို့ Font changer တွေ ဒါမှမဟုတ်ရင် မူလ firmware ပြန်တင်ရတာမျိုးတွေ ရှိနိုင်ပါတယ်။ ios မှာတော့ ပိုရှင်းပါတယ်။ လက်ရှိ ios မှာ တော့ My font နဲ့ ttkeyboard ထဲမှာပါတဲ့ Pyidaungsu နဲ့ uni zg ကီးဘုတ် ဆိုတာကို ထည့်လိုက်ရင် ချက်ချင်း ယူနီကုဒ် သုံးနိုင်ပါတယ်။ လာမယ့် ios ဗားရှင်းအသစ်မှာတော့ ယူနီကုဒ်ဖောင့်နဲ့ ကီးဘုတ်တို့ဟာ စက်ထဲမှာ တစ်ပါတည်း ပါလာတော့မယ်လို့ ပြောပါတယ်။

အချို့ကတော့ ယူနီကုဒ်မသုံးချင်တာ လက်ကွက် ကြောင့်လို့ပြောပါတယ်။ တကယ်ကတော လက်ရှိ အများစုသုံးကြတဲ့ tt keyboard, bagan, frozen , samssung စတဲ့ ကီးဘုတ်တွေအားလုံးမှာ ယူနီကုဒ်ကော ဇော်ဂျီကော လက်ကွက်တူတူပါပဲ။

ဒါပေမယ့် စက်ရဲ့ဖောင့်က ဇော်ဂျီဖြစ်နေပြီး ယူနီကုဒ် လက်ကွက် ကို ဖွင့်သုံးရင်တော့ စနစ်မတူတဲ့အတွက် ဘယ်လိုမှ မှန်နိုင်မှာ မဟုတ်ပါဘူး။ အဲဒီယူနီကုဒ် လက်ကွက်တွေ အလုပ်လုပ်စေချင်ရင် ၊မှန်စေချင်ရင် စက်ရဲ့ ဖောင့်ကပါ ယူနီကုဒ် ဖြစ်နေဖို့လိုပါတယ်။

ကိုယ့်ဘာသာ ပြောင်းတတ်ရင်ပြောင်းပါ။ မပြောင်းတတ်ရင် နီးစပ်ရာ ကျွမ်းကျင်သူတွေကို အကူအညီတောင်းပါ။ အဲဒါမှမ ရရင် ဖုန်းဆိုင် ကွန်ပျူတာဆိုင်တွေဆီကို သွားပြီး ယူနီကုဒ် ပြန်ထည့်ခိုင်းလိုက်ပါ။ သူတို့တွေ ဇော်ဂျီထည့်ပေးခဲ့သလို အခု ယူနီကုဒ်လည်း ပြန်ထည့်ပေးနိုင်ကြပါတယ်။

နောက်ဆုံးပြောရရင် ဘာကြောင့် ယူနီကုဒ် ပြောင်းသင့်တာလဲ

ကျွန်တော်တို့နိုင်ငံမှာ ပြဿနာပေါင်းသောင်းခြောက်ထောင် ရှိပါတယ်။ တကယ်က အဲဒီထက်တောင်ပိုချင်ပိုဦးမှာပါ ။ သေးသေးမွှားမွှား အရေးမပါဘူးလို့ထင်ရပေမယ့် အင်တာနက်သုံးတဲ့သူ သန်း ၂၀ ကျော်လောက်မှာ ဖောင့်ပြဿနာ မတက်ဖူးတဲ့သူမရှိပါဘူး။ အဲဒီ သန်းနဲ့ချီတဲ့ ပြည်သူတွေ ဖတ်ဖို့ စာ၊​ သုံးဖို့ app တွေ ဖန်တီးသူတွေမှာလည်း ဒီစနစ်နှစ်ခုအကြားမှာ ဗျာများ နေရပါတယ်။ သူတို့ သာ ဒီ အတွက် ပူစရာမလိုတော့ဘူးဆိုရင် ဒီထက်ပိုကောင်းတဲ့ app တွေ၊ service တွေ ထုတ်လုပ် ဖန်တီးနိုင်ကြပါတယ်။​

ကျွန်တော်တို့ ဇော်ဂျီကိုပဲ စံစနစ်အဖြစ်သတ်မှတ်လိုက်လို့ မဖြစ်နိုင်ပါဘူး။ မဖြစ်နိုင်တဲ့အချက်ပေါင်းများစွာ ရှင်းပြလို့ရပါတယ်။ ဖြစ်နိုင်တယ်လို့ယူဆရင်တောင်မှ သူ့ကို စံအဖြစ်သတ်မှတ်ဖို့ ကုန်ကျမယ့်ငွေကြေး၊ ကြာမြင့်မယ့်အချိန်၊လူအရင်းအမြစ် စသဖြင့်ပေါ့။ ဒါတွေကို ကျွန်တော်တို့ မတတ်နိင်ပါဘူး၊ ဒါကြောင့်မို့ ဇော်ဂျီနဲ့ ယူနီကုဒ်နှစ်ခုမှာ တစ်ခုပဲ ရှိဖို့လိုကိုလိုပါတယ်။ နှစ်ခုလုံး ရှိခြင်းဟာ ဘယ်မောင်းနဲ့ ညာမောင်းစနစ်နှစ်ခုစလုံးကို တစ်ပြိုင်တည်းကျင့်သုံးသလို ဒုက္ခများပါတယ်။ အလုပ်မတွင်ပါဘူး။ လက်ရှိမှာ နှစ်မျိုးလုံးမြင်နေရတဲ့ နည်းပညာတွေကို အသုံးပြုထားပေးကြတယ်လို့ဆိုပေမယ့် အဲဒီနည်းပညာများဟာ ရေရှည်အတွက်မဟုတ်ပါဘူး။ သူ့ဆီမှာလည်း အားနည်းချက်တွေရှိပါတယ်။ အဲဒီအားနည်းချက်တွေကို ပြင်မယ့်အစား ၊အကုန်လုံးယူနီကုဒ် ဖြစ်သွားတာက ပိုပြီး အကျိုးများပါတယ်။ ယာယီအပြောင်းအလဲကာလအတွက်ကို သာရည်ရွယ်တာဖြစ်လို့ အချိန်တစ်ခုရောက်ရင်တော့ ဒီ အလိုအလျောက် ပြောင်းလဲပေးတဲ့ service တွေက ရပ်တန့်သွားနိုင်ပါတယ်။ ယူနီကုဒ်က စာရိုက်ရပိုလွယ်တယ်။ အမှားပိုနည်းတယ်။ ယူနီကုဒ် အနွယ်ဝင် ဖောင့်တွေကိုသာအသုံးပြုရင် မည်သည့်နေရာမှာမဆိုမြင်ရတယ်။ ပြီးတော့ လက်ရှိ ကွန်ပျူတာ ၊ဖုန်း အားလုံးဟာ ယူနီကုဒ် အနွယ်ဝင် ဖောင့်ကိုသာသုံးကြတယ်။
မိုဘိုင်း အော်ပေရတာတွေ၊ မီဒီယာတွေ၊ social influencer တွေ၊ mobile app တွေဟာ ယူနီကုဒ်တစ်မျိုးတည်းကို သာ သုံးတော့မှာဖြစ်လို့ ဇော်ဂျီဆက်သုံးနေရင် သူတို့စာကို ဖတ်လို့မရနိုင်တော့ပါဘူး။

ပြီးတော့ လက်ရှိအချိန်ဟာ အစိုးရကိုယ်တိုင်တွန်းအားပေးတာကော အပြောင်းအလဲအတွက် ကူညီမယ့်သူများ ရှိနေတာကောဖြစ်လို့ ပြောင်းဖို့အကောင်းဆုံးအချိန်ပဲဖြစ်ပါတယ်။

ရေးသားသူ ငြိမ်းချမ်းကိုကို

မြန်မာပြည်မှာ မိုဘိုင်း ဖုန်းနဲ့ ဒေတာကောက်မယ်ဆိုရင်…

မြန်မာနိုင်ငံမှာ အခုဆိုရင် မိုဘိုင်းနဲ့ ဒေတာကောက်ယူခြင်းက အတော်ကိုခေတ်စားလာပါပြီ။ မိုဘိုင်းနဲ့ ဒေတာကောက်ဖို့အတွက် အသုံးပြုလို့ရတဲ့ tool တွေကတော့ အများကြီးရှိပါတယ်။ အဲဒီထဲကမှ အသုံးများကြတာကတော့ open source တွေဖြစ်တဲ့ Open data kit အနွယ်ဝင် tool တွေပါ။ သူတို့တွေက များသောအားဖြင့် အခမဲ့ရသလို ဒေတာကောက်ဖို့လိုအပ်တဲ့ function တွေ၊ feature တွေကို သေချာစနစ်တကျသတ်မှတ်ထားတဲ့ xlsform format တွေကိုအသုံးပြုတဲ့အတွက်ကြောင့် တစ်နေရာမှာ ဖန်တီးထားရင် အခြားတနေရာမှာပါ ပြန်လည်အသုံးပြုလို့ရပါတယ်။

ဒါပေမယ့် ဒီ Form ဖန်တီးရတာဟာ သာမာန်အသုံးပြုသူအတွက်အနည်းငယ်တော့ရှုပ်ထွေးပါတယ်။ ကောက်ယူချင်တဲ့ form ထဲမှာပါတဲ့ rule တွေများရင်များသလို ၊ ပိုမိုရှုပ်ထွေးလက်ဝင်ပါတယ်။ တကယ်တမ်းကျတော့ မိုဘိုင်းဖုန်းနဲ့ ဒေတာကောက်တဲ့အခါမှာ နည်းပညာပိုင်းဆိုင်ရာ တစ်ခုတည်းတင် စိန်ခေါ်ချက်မဟုတ်ပါဘူး။ အဲဒါကိုဖြေရှင်းနိုင်ရင်တောင် ​ ယခင် စာရွက်နဲ့ကောက်တာမျိုးမဟုတ်တော့တဲ့အတွက် မတူညီတဲ့ လုပ်ငန်းစဉ်တွေကို အဆင်ပြေချောမွေ့အောင် ဘယ်လိုလုပ်ရမလဲစဉ်းစားရပါသေးတယ်။

ကျနော် နမူနာရေးပြပါမယ့် ၊ဒီအလုပ်တစ်ခုလုံးမှာ ဘယ်လိုအဆင့်တွေပါသလဲ ။​အဲဒီထဲမှာ ဘယ်လို အဆင့်သေးသေးလေးတွေပါသေးလဲ။ ဘယ်လိုဖြေရှင်းနိုင်သလဲဆိုတာကိုပေ့ါ။ တစ်ခုရှိတာက အချို့သောပြဿနာတွေက theory ထဲမှာမပါပါဘူး။ မြန်မာနိုင်ငံမှာမို့ပဲ ဖြစ်နေရတဲ့ ပြဿနာမျိုးတွေရှိတယ် ။

၁. မိမိကောက်ယူလိုသော ဆာဗေးအတွက် paper for ကို ရေးဆွဲခြင်း

၂.မိမိဆာဗေးရဲ့ အရွယ်အစား ၊ အသုံးပြုနိုင်တဲ့ ဘက်ဂျက်၊​ ပါဝင်ဆောင်ရွက်နိုင်တဲ့လူအင်အားများအရ၊ မည်သည့်စနစ်ကို သုံး၍ ကောင်းမလဲဆိုတာကို ဆုံးဖြတ်ခြင်း။

မိုဘိုင်း ဖောင်အဖြစ်ပြောင်းလဲခြင်း

စာရွက်နဲ့ပြုလုပ်ထားတဲ့ ဆာဗေးကို mobile phone နဲ့ကောက်တဲ့ format ပြောင်းလဲတာကို တော့ ဒီ ODk, Kobo ကျွမ်းကျင်သူများက ပြုလုပ်နိုင်ပါတယ်။ ဒီနေရာမှာလည်း ရော့အင့်ဆိုပြီး ပေးလိုက်ရုံနဲ့မပြီးပဲ . ဖောင်အကြမ်းကနေ နောက်ဆုံး ဖိုင်နယ်ထွက်သည့်အထိ အကြိမ်ပေါင်းများစွာ အပြန်ပြန်အလှန်လှန် စစ်ဆေးရပါတယ်။ ဒီနေရာမှာ ဖောင်ပြုလုပ်ပေးသူတစ်ဦးတည်းတင် မပြီးပါဘူး။ အချို့သော ဖောင် logic တွေ ၊ data validation rule တွေ ( ဥပမာ- ဘာဖြစ်မှ ဘာလုပ်မယ်ဆိုတဲ့ အချက်မျိုးတွေက တစ်ခါတစ်လေ စာရွက်ပေါ်မှာ ရေးထားလေ့မရှိပါဘူး၊ ဒါတွေကို သေချာသိရအောင် project manager က ကျွမ်းကျင်သူနဲ့ အတူတူအလုပ်လုပ်ဖို့လိုပါတယ်၊ ကြားမှာ မြန်ဆန်သွက်လက်ပြီး ပွင့်လင်းမြင်သာတဲ့ ဆက်ဆံမှုမျိုးရှိတာက အမှားအယွင်းနည်းစေနိုင်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်) ။ မေးခွန်းပေါင်း ၆၀၀ ကျော်ရှိတဲ့ဆာဗေးဖောင်တစ်ခုမှာ မေးခွန်းတစ်ခုရဲ့ validation rule လေးတစ်ခု မှားယွင်းခဲ့လို့ ၊ တစ်ရက်စာပြန်လည်ဒေတာကောက်ယူခဲ့ရတဲ့အဖြစ်မျိုးရှိခဲ့ဖူးပါတယ်။

တကယ်တမ်းကတော့ form ကိုပြင်ဆင်ဖို့လုံလောက်တဲ့အချိန်နဲ့ အသေးစိတ်စစ်ဆေးနိုင်မယ့် team လေးဖွဲ့ထားသင့်ပါတယ်။  ယခင်ကအလားတူ ဆာဗေးကို ကောက်ယူခဲ့ဖူးသူ၊ ပါဝင်တဲ့မေးခွန်းတွေကို ကိုယ်တိုင်မေးမြန်းဖြေဆိုခဲ့ဖူးသူတွေပါရင်ပိုကောင်းပါတယ်။ ဒါကျမှ သူတို့ မေးခွန်းမေးမြန်းတဲ့အခါ ဘယ်နေရာကတော့ အဆင်မပြေဘူး ၊ ဘယ်လိုပြင်သင့်တယ် ၊ဘယ်အချက်ပါရင်ပိုကောင်းမယ်စတာတွေ ပေါ်လာပါလိမ့်မယ်။ ကြုံဖူးတဲ့အတွေ့အကြုံအရဆိုရင်တော့  ဆာဗေးမေးခွန်းများဟာ တကယ်မကောက်ယူခင်အချိန်အထိ ဘယ်တော့မှ ပြင်ဆင်လို့ပြီးစီးလေ့မရှိပါဘူး။ ဒါကြောင့် စာရွက်ပေါ်ကနေ digital form ပေါ်ကိုရွှေ့ကူးထည့်တဲ့အခါ ပြောင်းလဲလိုက်ရတဲ့အချက်မျိုးတွေရှိတတ်ပါတယ်။ အဲဒီအခါ စာရွက်ထဲမှာပါတဲ့မေးခွန်းတွေကို ဖျက်ပစ်တာမျိုးမဟုတ်ပဲ​ ၊​လိုအပ်သလို ပြင်ဆင်ခွင့်ကို project manager က ရထားတယ်ဆိုရင်တော့ အလုပ်လုပ်ရတာပိုမိုမြန်ဆန်နိုင်ပါတယ်။

အချို့မေးခွန်းတွေက အတော် အဖြေရကျပ်တာမျိုး၊ အဓိပ္ပါယ်နှစ်ခွထွက်တာမျိုးတွေလည်းရှိတတ်ပါတယ်။ ဥပမာ- အသက် ၁၀နှစ်ကနေ ၁၅နှစ်ကြားကလေးတွေကိုမေးချင်ပါတယ်ဆိုတာမျိုးဆိုရင်၊ ကောက်ယူတဲ့သူက ၁၀နှစ်ထဲဝင်နေတဲ့သူကိုကောက်မှာလား၊ ၁၀နှစ်ကျော်တဲ့သူကိုကောက်မှာလား.။ ကိုယ့်အတွေးနဲ့ကိုယ်ကောက်ကြတဲ့အခါ အချက်အလက်ကွဲပြားတာတွေဖြစ်လာပါတော့တယ်။ သူ့ကြည့်ဆိုရင်မသိသာပေမယ့်လို့  မွေးသက္ကရာဇ်အတိအကျမေးပြီး mobile phone ကနေ အလိုအလျောက် အသက်တွက်ချက်ဖော်ပြတဲ့အခါ ၊ စက်ကထွက်တဲ့အသက်နဲ့ တကယ် ဖြေတဲ့သူတွေကပြောတဲ့အသက်ကွဲပြားကြလေ့ရှိပါတယ်။ အဲဒီမှာပဲ ပြန်လည်စစ်ဆေးတဲ့အခါ ဒေတာတွေကောက်ယူဖို့ ကျန်နေတယ်ဆိုတဲ့အဖြစ်မျိုးပေါ်လာပါလိမ့်မယ်။ ဒီလိုမဖြစ်ရအောင်လို့ဆိုရင် တော့ ကောက်ယူတဲ့သူတွေကို အသေအချာ training ပေးဖို့လိုပါတယ်။​စာကြောင်းတစ်ကြောင်းချင်း၊မေးခွန်းတစ်ခုချင်းရဲ့ ဆိုလိုရင်းအဓိပ္ပါယ်ကို ပြောပြဖို့၊​ မေးခွန်းဖောင်ထဲမှာပါ ( note ) အနေနဲ့ ရှင်းလင်းချက်ထည့်ပေးဖို့လိုပါတယ်။ တစ်ခါတစ်လေမှာ ကောက်ယူတဲ့သူတွေက အရမ်းများပြီး .ဆင့်ပွားသင်တန်းတွေနဲ့ လက်ဆင့်ကမ်းညွှန်ကြားကြတဲ့အခါ ကြားထဲမှာ နားလည်မှုလွဲတာတွေ အရမ်းများလာတတ်ပါတယ်။ ဒါကြောင့်  စတင်ကတည်းက မေးခွန်းတွေက ရှင်းလင်းပြီးနားလည်လွယ်ဖို့၊ အသေးစိတ်ညွှန်ကြားချက်တွေကို ပါထည့်ရေးထားဖို့ လိုအပ်ပါတယ်။

ဘာသာစကား

ကောက်ယူတဲ့ဘာသာစကားနေရာမှာ အချို့ကတော့ english စာကိုအသုံးပြုကြပါတယ်။ ဒါပေမယ့်လို့ စေတနာ့ဝန်ထမ်းများနဲ့အလုပ်လုပ်မယ်။ လူတွေအများကြီးပိုမိုပါဝင်ပြီး မတူကွဲပြားတဲ့ နောက်ခံ က လူတွေပါပါမယ်ဆိုရင်တော့ မြန်မာစာကိုပါ မဖြစ်မနေသုံးဖို့လိုပါတယ်။ မြန်မာစာမှာလည်းသိကြတဲ့အတိုင်း ယူနီကုဒ်နဲ့ ဇော်ဂျီဆိုပြီးရှိနေတဲ့အတွက်ကြောင့်  ဘယ်အရာကိုသုံးမလဲဆိုတာ မဖြစ်မနေ ဆုံးဖြတ်ကြပါတယ်။ ဒီနေရာမှာ အကြံပေးလိုတာကတော့ ဒေတာကောက်တဲ့နေရာမှာ သုံးမယ့် ဖုန်းတွေ၊ tablet တွေရဲ့ ဖောင့်ကဘာလဲဆိုတာ အရင်ဆုံးဆန်းစစ်လိုက်ပါ။ အများစု သုံးကြတဲ့ ဖောင့်ကို default ထားလိုက်ပါ။ တကယ်တမ်းကတော့ ဖောင်ကို ဇော်ဂျီနဲ့ကော ယူနီကုဒ်နဲ့ပါ ပြုလုပ်လို့ရပါတယ်။ ဖောင်တစ်ခုတည်းကိုပဲ ဘာသာစကားပြောင်းလဲသုံးရုံနဲ့ နှစ်မျိုးလုံး ဖြည့်လို့ရပါတယ်။ ဒါပေမယ့် ဒီနေရာမှာ ပြဿနာတစ်ခုဖြစ်နိုင်တာကတော့ ၊​ စာရိုက်ထည့်ရတဲ့ အခြေအနေမျိုးတွေမှာ ဒေတော table တစ်ခုတည်းမှာကိုပဲ​ဇော်ဂျီကော ယူနီကုဒ်ကော ရောထွေးပြီးဝင်သွားပါလိမ့်မယ်။ ဒါကို ခွဲထုတ်နိုင်ဖို့နည်းလမ်းကတော့ ၊ စကောက်ယူတည်းက ယူနီကုဒ်ဆိုရင် အမှန်ခြစ်၊ ဒါမှမဟုတ်ဇော်ဂျီဆိုရင် အမှန်ခြစ်ဆိုပြီး မေးခွန်းတစ်ခုအပိုထည့်ခဲ့ဖို့လိုပါလိမ့်မယ်။ ဒါဆိုရင် ဒေတာ clean လုပ်တဲ့သူတွေအတွက်ပိုမိုလွယ်ကူ အချိန်ကုန်သက်သာပါလိမ့်မယ်။

ဒီလိုနှစ်မျိုးရတယ်ဆိုတာကို တစ်ခါတစ်လေ ကောက်ယူတဲ့သူတွေက မသိနိုင်ကြပါဘူး​။ ဒါကြောင့် ဒီလိုပြောင်းလို့ရတဲ့ ဘယ်လိုစာရိုက်ရတယ်ဆိုတာကိုပါ ဆင့်ပွားသင်တန်းတွေမှာ သေချာသင်ပေးဖို့လိုပါတယ်။ လိုအပ်ရင် handout လေးတွေ ပါထုတ်သင့်ပါတယ်။

စတင်မကောက်ခင် သင်တန်းပေးခြင်း

သင်တန်းကို ကောက်မယ့်သူတွေကို တိုက်ရိုက်ပေးတာမျိုးရှိသလို၊ ပြန်သင်ပေးမယ့်သူတွေ team leader တွေကိုပေးရတာမျိုးလည်းရှိပါတယ် ။​ အဲဒီနေရာမှာ သင်တန်းအတွက် powerpoint, handout, video tutorial ,ပြီးတော့ လက်တွေ့ ဖုန်းကနေ အသုံးပြုပြတဲ့ အရာတွေအားလုံးနဲ့ အမြင်ရှင်လင်းအောင် ပြသသင့်ပါတယ်။ အဲဒီနေ့မှာတင် ပဲ ဖောင်ကိုဖိုင်နယ် ဗားရှင်းအဖြစ်အတည်ပြုလို့မရသေးပါဘူး။  ဘာကြောင့်လဲဆိုတော့ training ပြီး စမ်းသပ်ကြတဲ့အခါ ပြန်လာနိုင်တဲ့ feedback တွေရှိသေးတယ် ။ ဒါတွေကို မှတ်တမ်းတင်ထားပြီး ပြန်လည်ပြင်ဆင်သင့်ပါတယ်။​ ကျနော်က တော့ ဖောင်ကို final ဆိုတဲ့နာမည်တပ်မယ့်အစား ဗားရှင်းနံပါတ်ပဲတပ်လေ့ရှိပါတယ်။ training ပေးတဲ့နေ့မှာတော့ ဗားရှင်း 1 ကိုထုတ်ပါတယ်။ နောက်တော့ လိုအပ်သလို version 1.1 , အကြီးစားပြောင်းလဲမှုလုပ်ရမယ်ဆိုရင် version 2 စသဖြင့် လုပ်ပါတယ်။

ကျနော်သင်တန်းတွေပေးတုန်းက မထင်မှတ်ပဲ ကြုံရတာတစ်ခုရှိပါတယ်။ ဒါကတော့ အင်တာနက်ပြဿနာပါ။ တစ်ခါတစ်လေမှာ အသုံးပြုမည့်ဖုန်းတွေက မသုံးတာကြာတာပဲဖြစ်ဖြစ်၊ အသစ်စက်စက်တွေပဲ ဖြစ်ဖြစ် ဖြစ်နေလေ့ရှိပါတယ်။ အဲဒီဖုန်းတွေကများသောအားဖြင့် update မဖြစ်ပါဘူး။ ဒါကြောင့် wifi တစ်ခုကိုချိတ်လိုက်တာနဲ့ ရှိသမျှ application, firmware အားလုံး update ဆွဲပါတော့တယ်။​

တစ်ယောက်နှစ်ယောက်တည်းဆိုရင်တော့ လိုင်းအတော်နှေးသွားတတ်တာ၊​လူပေါင်းရာချီရင်တော့ ပြောဖွယ်ရာကိုမလိုအောင် လိုင်းလုံးဝသုံးမရတာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ wifi နဲ့မချိတ်ဆက်မီ auto update တွေ၊ ပိတ်ထားဖို့ တောင်းဆိုဖို့လိုပါတယ်။ တစ်ခါတစ်လေ wifi hotspot များရဲ့ ကန့်သတ်ထားတဲ့အလုံးရေ ရှိတဲ့အတွက် wifi နဲ့ချိတ်လို့မရတဲ့အခက်အခဲလည်းကြုံတတ်ပါတယ် ။​ဒါမျိုးကိုတော့ ကိုယ်တိုင် အင်တာနက် hotspot ဖွင့်သုံးရင်သုံး ဒါမှမဟုတ်  နောက်ကွယ်ကနေ ဖြေရှင်းပေးမယ့် သူတစ်ဦးကို အဆင်သင့်ထားဖို့လိုပါတယ်။ မဟုတ်ရင်တော့ သင်တန်းမပေးရပဲ အဲဒီအခက်အခဲကို လိုက်ရှင်းနေရတာနဲ့ အချိန်ကုန်သွားပါလိမ့်မယ်။ သင်တန်းမှာ သင်တန်းဆရာ သုံးမယ့်ဖုန်း၊​ laptop အတွက်သီးသန့်အင်တာနက်လိုင်းရှိခြင်းကလည်းကောင်းပါတယ်။ မဟုတ်ရင် network traffic ကြောင့် video ပြမရတာ၊ demonstration လုပ်မရတာတွေကြုံပြီး ထင်သလောက် ခရီးမပေါက်ဖြစ်ရပါလိမ့်မယ်။

ကောက်ယူစဉ်မှာ feedback  နဲ့ အကူအညီပေးရေး channel တစ်ခုရှိထားခြင်း

စတင်ကောက်ယူစဉ်မှာ အမှားအယွင်းအများဆုံးကြုံတွေ့လေ့ရှိပါတယ်။  ဖောင်ယူလို့မရတာမျိုးတို့၊ ပို့လို့မရတာမျိုးတို့၊ မှားဖြည့်ပြီး ပြန်ဖျက်ချင်တာမျိုးတို့၊ ကောက်ရင်းနဲ့မှ ကျော်လို့မရတာ၊ save လို့မရတာမျိုး ဒါတွေဖြစ်လေ့ရှိပါတယ်။ မေးကို မေးမြန်းရမယ့်မေးခွန်းအတွက် ကတော့ ကျော်လို့မရဘူးဆိုတာသဘာဝကျပါတယ်။ ဒါမျိုးကြုံရင် မြန်မြန်ဆန်ဆန် ဖြေရှင်းပေးဖို့လိုအပ်ပါတယ်။ ကောက်နေစဉ်မှာ viber group or messenger group ထားပြီး မေးခွန်းတွေကို နောက်ကွယ်ကနေ နည်းပညာပိုင်းဖြေရှင်းပေးမယ့်သူရှိတာက လည်း အားသာချက်တစ်ခုဖြစ်ပါတယ်။  

စာရွက်နဲ့ကောက်တဲ့အခါနဲ့ ဖုန်းနဲ့ကောက်တဲ့အခါ အဓိကကွာခြားသွားတာကတော့ ကြားမှာ အဆင့်ဆင့်စစ်ဆေးတဲ့အဆင့်တွေမရှိတော့ပဲ အခုကောက်တဲ့ဒေတာတွေက ချက်ချင်းဆိုသလို ပင်မဆာဗာကို ရောက်သွားတာပါ။ ဒါကြောင့်မှားတယ်မှန်တယ်ဆိုတာကို ကြားခံစစ်ပေးမယ့်သူတွေမရှိလို့ စုပြုံရောက်လာတဲ့ဒေတာတွေကို စစ်ဆေးရတဲ့သူအတွက် အခက်တွေ့စေပါတယ်။ အကြံပေးလိုတာကတော့ ကောက်ယူပြီးတဲ့ဒေတာတွေကိုချက်ချင်းမပို့ပဲ စုရပ်နေရာတွေမှာ team leader တွေက ဖုန်းကိုဖွင့်ပြီး စစ်ဆေးစေလိုပါတယ်။ အားလုံးစစ်ပြီးရင်တော့ တစ်ပြိုင်နက်တည်း ပို့လို့ရပါတယ်။ အမှားအယွင်းပါကောင်းပါနိုင်သေးပေမယ့် အများကြီးတော့ မပါနိုင်တော့ပါဘူး ။ ဒီနေရာမှာပို့မရရင်လည်း ဘာမှားနေလည်းဆိုတာကို team leader ကသိဖို့လိုပါတယ်။ အဖြစ်များတဲ့ပြဿနာလေးတွေကို ကြိုတင်ရှင်းပြပေးထားပါ။ ဘယ်လိုဖြေရှင်းရမလဲပြောပြထားပါ။ အဲဒီထဲမပါတာဆိုရင်တော့ လှမ်းမေးလို့ရဖို့အတွက် နည်းပညာအကူအညီပေးတဲ့သူကို အဆင်သင့် hotline မှာတင်ထားပါ။

စစ်ဆေးတဲ့အခါမှာ ဘယ်နေရာတွေကိုအဓိက ထားကြည့်ရမလဲဆိုတာကို ကြိုတင်သင်ကြားပေးထားဖို့လည်းလိုပါတယ်။ အချို့အချက်တွေက ကတော့ ဖုန်းထဲက ဖောင်ကနေ အလိုအလျောက် စစ်ဆေးပြီး မမှားအောင်သတိပေးနိုင်ပေးမယ့် ၁၀၀% တောင်မမှားအောင်မလုပ်ပေးနိုင်ဘူးဆိုတာကို သဘောပေါက်ထားရပါမယ်။ ဥပမာ နာမည်က ယောင်္ကျား ၊ sex က အမျိုးသမီးဖြစ်နေတာမျိုး၊ ပညာအရည်အချင်းက အသက်၁၀နှစ်နဲ့ တက္ကသိုလ်တက်နေတာမျိုးစတာတွေပေါ့။ ဖုန်းကတော့ ဒီနာမည်ကို ကြည့်ပြီး ယောကျာ်းလားမိန်းမလား ခွဲနိုင်တဲ့ အရည်အချင်းမရှိပါဘူး။  AI တွေခေတ်စားလာရင်တော့ တစ်မျိုးပေါ့ 😀

ဝင်လာတဲ့ဒေတာတွေကိုစစ်ဆေးခြင်း

မြေပြင်မှာကောက်ယူနေတဲ့ ဒေတာတွေကို team leader တွေကစစ်သလို ဒေတာဘေ့စ်ထဲရောက်လာတဲ့ ဒေတာတွေကိုလည်း ရုံးချုပ်ကနေ ကြည့်နေလို့ရပါတယ်။ ဒေတာတွေများလွန်းတဲ့အတွက် သူတို့က တော့ တစ်ခုချင်းအသေးစိတ်ကြည့်လို့မနိုင်ဘဲ  ဘယ်မြို့ကတော့ ဘယ်နှစ်ခုကောက်ပြီးပြီ​၊ပို့ပြီးပြီ။ ဘယ်မြို့ကတော့ ကျန်နေတယ် စသဖြင့် သိနိုင်ပါတယ်။ kobotoolbox ကိုသုံးရင်တော့ သူ့မှာ data visualization function ပါတဲ့အတွက် ကောက်ယူထားတဲ့ ပမာဏနဲ့ မေးခွန်းတစ်ခုချင်းရဲ့ ပျမ်းမျှ အဖြေတွေကို ကြည့်လို့ရပါတယ်။

ကောက်ယူတဲ့ဖုန်းတွေမှာ GPS ဖွင့်ထားခြင်းနဲ့ မဖွင့်ထားခြင်း

ဖုန်းနဲ့ကောက်တဲ့အခါ အားသာချက်နောက်တစ်ခုကတော့ ကောက်ခဲ့တဲ့ဒေသတွေရဲ့ဂျီပီအက် အချက်အလက်တွေကို တစ်ခါတည်း ယူထားလို့ရတာပါပဲ။ အဲဒါကို အပိုမေးခွန်းတစ်ခုအနေနဲ့ ဖောင်ထဲမှာ ထည့်ထားလို့ရပါတယ်။  GPS ဖွင့်ထားတဲ့အခါ သူ့အချက်အလက်တွေကို တစ်ပါတည်းကောက်ယူသွားပြီး နောက်ကွယ်က data dashboard ပေါ်မှာ အမှတ်အသားတွေ ပြန်ပေါ်ပါတယ်။ တကယ်သွားထားမသွားထား ပြန်စစ်ဆေးတဲ့အခါမှာ အရမ်းအသုံးဝင်ပါတယ်။

မကောင်းတဲ့အချက်ကတော့ ဘက်ထရီ အရမ်းကုန်ပါတယ်။ မေးခွန်းတွေများတယ်။ မေးရမယ့်အိမ်တွေများတယ်ဆိုရင် ၃အိမ်လောက်မေးပြီးတာနဲ့ ဘက်ထရိကုန်သွားတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် ပါဝါဘဏ် ဆောင်သွားဖို့လိုရင်လိုပါမယ်။​ ဒါမှမဟုတ် ၊​ အိမ်တစ်အိမ်ကို ဝင် စမေးတာနဲ့ GPS ဖွင့် ၊ ပြီးရင် ပြန်ပိတ်ရင်တော့ ဘက်ထရီ အစားသက်သာပါလိမ့်မယ်။

စစ်တမ်းကောက်ယူချိန်ပြီးစီးခြင်း

စစ်တမ်းကောက်ယူတဲ့ကာလပြီးသွားပြီးဆိုရင် နောက်ထပ်ဘယ်သူမှ ပို့လို့မရတော့အောင် ဖောင်ကို အွန်လိုင်းမှာ publish လုပ်ထားတာကို ပိတ်လိုက်လို့ရပါတယ်။ အဲဒီနောက်မှာတော့ ရရှိလာတဲ့ဒေတာတွေကို Download ဆွဲပြီး ပြန်လည်စစ်ဆေးတဲ့အဆင့်ရောက်ပါတယ်။  စစ်ဆေးတဲ့အခါမှာလည်း ဒေတာများလာရင်များလာသလို ပိုမိုကိုင်တွယ်ရခက်လေ့ရှိပါတယ်။ အများဆုံးအနေနဲ့ဆိုရင် သောင်းနဲ့ချီတဲ့ ဒေတာတွေကို စစ်ဆေးခဲ့ဖူးပါတယ်။ အဲလောက်များလာရင်တော့ တစ်ခုချင်းလိုက်ကြည့်ဖို့မဖြစ်နိုင်တော့ပဲ .. Excel or Google Sheet များထဲမှာ ဖော်မျုလာများအဆင့်ဆင့်နဲ့ error ပါနိုင်တဲ့နေရာတွေကို ပိုက်စိပ် တိုက် စစ် ဆေးရပါတယ်။ ဒီထက်ပိုများလာတဲ့ပမာဏတွေဆိုရင်တော့ Data scientists တွေက  programming language တွေသုံးပြီး စစ်ဆေးကြတာပိုကောင်းပါလိမ့်မယ်။ ဒီနေရာမှာ ပြန်ကောက်ဖို့လိုအပ်လာတဲ့ အရာမျိုးတွေလည်းရှိပါလိမ့်မယ်။ အဲဒီအခါ မျိုးကျရင် ကြိုတင်ကောက်တည်းက၊ ဒေသအချက်အလက်၊နဲ့ ကောက်ယူသူအချက်အလက်တွေကိုပါ စုဆောင်းထားခဲ့ရင် ပြန်လည် နောက်ကြောင်းပြန်လိုက်ရလွယ်ပါလိမ့်မယ်။

Supplementary data ကောက်ယူတဲ့အခါမှာ တစ်ခါတစ်လေကျရင် အကုန်ကောက်စရာမလိုပဲ တစ်စိတ်တစ်ပိုင်းတည်း ကောက်ဖို့လိုတာမျိုလည်းဖြစ်လေ့ရှိပါတယ်။ အဲဒီအတွက်ဆိုရင်တော့ လိုအပ်ချက်ပေါ်မူတည်ပြီး supplementary form အသစ်တစ်ခုကို ထုတ်ပေးဖို့လိုကောင်းလိုနိုင်ပါတယ် ။ဒါမှမဟုတ် စာရွက်နဲ့ပဲကောက်ပြီး ဒေတာပြန်ထည့်မယ်ဆိုလည်းဖြစ်ပါတယ်။ ဘယ်လိုပဲလုပ်လုပ် မူရင်းရှိပြီးသားဒေတာတွေကို အသစ်ကောက်တာနဲ့ merge ၊ ပေါင်းစည်းပေးရတာလည်းရှိပါတယ်။  ဖောင်ပြုလုပ်တာကော၊ ကောက်ယူတာတွေကောအပြင်၊​post data collection period မှာ ဒေတာ စစ်ဆေးရတာကလည်း အရမ်းကို ဝန်ကြီးတဲ့အလုပ်တစ်ခုဖြစ်ပါတယ်။ ဒေတာပေါင်း မြောက်များစွာကို အမှားတစ်ချက်မရှိရအောင် ကြည့်ရှု့ရတာက အချိန်လည်းကြာသလို လူလည်းပင်ပန်းပါတယ်။ အဲဒီအတွက် လုံလောက်သော လူနဲ့ procedure တွေရှိဖို့လိုပါတယ်။

တစ်ခါတစ်လေကျရင် ဘယ်လိုလုပ်လုပ်မပြည့်စုံတဲ့ဒေတာတွေရှိတတ်ပါတယ်။ ဒါတွေကို ပယ်ပစ်မလားဆိုတာကို ဆုံးဖြတ်ရတဲ့အခါလည်းကြုံနိုင်ပါတယ်။ ဒါတွေကို လုပ်ဆောင်နေစဉ်မှာ ကြိုတင်တွေးတောဖို့လိုပါတယ်။

ဒေတာ analysis

ပြောသွားတဲ့အချက်တွေက တော့ အဓိကအားဖြင့် ဒေတာကောက်ယူခြင်းနဲ့သက်ဆိုင်တာတွေပဲဖြစ်ပါတယ်။ ဒေတာ analysis ပြုလုပ်ပြီး report ထွက်အောင်လုပ်ဖို့က တော့ သီးသန့်အပိုင်းတစ်ခုဖြစ်သွားပါပြီ။​ ထွက်လာတဲ့ ဖိုင်နယ်ဒေတာ set ကို analysis ပြုလုပ်မယ့်သူ နားလည်ဖို့အတွက် လုပ်ပေးဖို့လည်းလိုပါတယ်။ လိုအပ်ချက်အရ မေးခွန်းတွေကို အတိုကောက်နာမည်ပြောင်းခဲ့တာမျိုး၊ မေးခွန်းနံပတ်ပဲပေးခဲ့တာမျိုးတွေလည်း ရှိပါလိမ့်မယ်။  ဒါတွေက ဖောင်ကို ကိုယ်တိုင် ဆောက်တဲ့သူဆိုရင်တော့ သိကောင်းသိနိုင်ပေမယ့် အခြားသူတစ်ယောက်ကတော့ ဘာကိုဆိုလိုတယ်ဆိုတာ သိမှာမဟုတ်ပါဘူး။၊ ဒါကြောင့် data dictionary sheet တစ်ခုကိုပါ တွဲလျက် ပေးလိုက်ဖို့ အရေးကြီးပါတယ်။​

ပြန်ပြီး အကျဉ်းချုံ့ရရင်တော့ မိုဘိုင်းနဲ့ ဒေတာကောက်ယူခြင်းဟာ အရမ်းကိုကောင်းပါတယ်။ အားသာချက်တွေအများကြီးရှိပါတယ်။ ဒါပေမယ့် “this is so cool” ဆိုတာတစ်ခုတည်းနဲ့ ဆုံးဖြတ်ချက်တွေချရင်တော့ မကောင်းပါဘူး။ သူ့အကြောင်းကို သေချာသိဖို့၊ တကယ် လုပ်ဖို့ ကြံရွယ်တဲ့အခါ ဘယ်လိုမျိုးအခက်အခဲတွေ တွေ့လာမလဲ၊ ကိုယ်က ရင်ဆိုင်ဖို့အဆင်သင့်လားဆိုတာကို သိစေချင်တဲ့အတွက် ဒီ စာကိုရေးလိုက်ပါတယ်။  နောက်လည်း စဉ်းစားမိတာတွေကို ထပ်ဖြည့်ပြီး update လုပ်ပါဦးမယ်။

မြန်မာနိုင်ငံမှာ နည်းပညာကို အသုံးပြုပြီး ..ပိုပြီး efficent ဖြစ်အောင် ဆောင်ရွက်နိုင်ကြပါစေ..

“Technology is a tool, not a solution “

Nyein Chan Ko Ko (Arthur)

Tech for Change Team

Phandeeyar

26.April .2019 (Friday)

12:27PM

Autocrat to automate your work

Autocrate ဆိုတာ

Autocrat ဆိုတာ Google gsuite နဲ့တွဲသုံးလို့ရတဲ့ Add-ons တစ်ခုဖြစ်ပါတယ်။  သူ့ကို multi purpose document merge tool လို့ခေါ်ပါတယ်။ ဘာကိုပြောတာလည်းဆိုတော့ document တွေကို အလိုအလျောက် ဖန်တီးပေးပါတယ်။ နမူနာပြောရမယ်ဆိုရင် စျေးရောင်းတဲ့အခါ ထုတ်ပေးတဲ့ recepit တွေ၊ လစာပေးတဲ့အခါ သုံးတဲ့ payslip တွေ၊ လူပေါင်းများစွာအတွက် Certificate တွေကို ထုတ်ရတဲ့အခါ။ word template ပုံစံတစ်ခုကို ထပ်ခါထပ်ခါ သုံးပြီး Spreadsheet ထဲက ဒေတာတွေကို ရိုက်နှိပ် print ထုတ်ပေးချင်တဲ့အခါ ဒါကိုသုံးလို့ရပါတယ်။

Use Cases

နမူနာအနေနဲ့ပြောရရင် တော့

ကိုယ့်အလုပ်ထဲမှာရှိတဲ့တစ်ယောက်ယောက်အတွက် လစာတွက်ပေးမယ်။ သူ့ရဲ့လစာ အသေးစိတ်ကို Google Sheet ထဲမှာတွက်ပြီး နောက်ဆုံးဘယ်လောက်ပေးရမလဲဆိုတာ အဖြေထွက်ပြီးသား။ လုပ်ဖို့လိုတာကတော့ သူ့ဆီကို Email နဲ့ ဒီလ ဒီလောက်ရပါတယ်ဆိုပြီးတော့ ပို့ပေးဖို့ပဲ ။

လုပ်ရိုးလုပ်စဉ်ဆိုရင်တော့ တစ်ယောက်ချင်းဟာကို ကော်ပီကူး ပြီးတော့ ကိုယ်ပြင်ထားတဲ့ ms word ဒါမှမဟုတ် Google doc လေးထဲကူးထည့် ပြီးတော့ pdf အဖြစ်ပြောင်း ။  တစ်ယောက်စီ email ပို့ ဒီလိုမျိုးပေါ့။

အသုံးပြုပုံ

ဒီနေရာမှာ  Autocrat ကိုသုံးလိုက်မယ်ဆိုရင် .

၁.လစာတွက်တဲ့နေရာကတော့ကိုယ့်ဘာသာတွက်မယ်။

၂.ပြီးရင် အဲဒီလစာစာရင်းနဲ့ ၊နာမည်အားလုံးကို sheet အလွတ်တစ်ခုထဲကူးထည့်လိုက်မယ်​။ နောက်ပြီး သူတို့ရဲ့email လိပ်စာလေးကိုပါ column လေးတစ်ခုထပ်ဖြည့်ပြီး ထည့်ထားလိုက်မယ်။

Installing add-on

၃.နောက်တော့ Autocrat addon လေးကို install လုပ်မယ်။ ဘယ်နားကလုပ်မလဲဆိုရင် Google sheet ထဲဝင်၊ ပြီးတော့ Add-ons ဆိုတဲ့ tab ထဲက get addons ကိုရွေး ၊ ပြီးတော့ autocrat ကိုလိုက်ရှာလိုက်မယ်။

လိုအပ်သလို google account access တွေပေးရမယ်။

၄.နောက်ဆုံး install လုပ်ပြီးသွားရင် အဲဒီ autocrat လေးက add-ons စာရင်းထဲမှာပေါ်လာလိမ့်မယ်။

၅.အဲဒီ add-ons လေးကိုနှိပ်ပြီး launch ကိုနှိပ်ရမယ်။

Connecting the sheet with template

၆.autocrat dashboard လေးပေါ်လာပြီဆိုရင်တော့ အဲဒီထဲမှာ google sheet ထဲက column လေးတွေနဲ့ ကိုယ် ကြိုဆောက်ထားတဲ့ payslip template လေးကို ချိတ်ပေးရမယ်။ template ဘယ်လိုလုပ်ရလဲသိချင်ရင်တော့ Template ပြုလုပ်ခြင်း ခေါင်းစဉ်ကိုသွားကြည့်ပါ။

၇.ဘယ်လိုချိတ်လဲဆိုတော့ Template ဖိုင်လေးမှာ နာမည်တို့၊ ပေးတဲ့လတို့၊ရက်စွဲတို့၊ ပေးရမယ့်လစာတို့နေရာတွေကို နာမည်ပေးခဲ့ရတယ်။ ဥပမာ<<name>> , <<date>> စသဖြင့်ပေါ့။ သတိထားရမှာက သူက <<>> ထဲထည့်ထားတဲ့စာလုံးတွေကို မှတ်မိနိုင်တယ်။ အကောင်းဆုံးကတော့ column name နဲ့ အဲဒီ​template ထဲက အမည်တွေတူတူထားဖို့ပဲ ။ ဒါဆိုသူက အလိုအလျောက် ရွေးပေးသွားတယ်။​အဲဒီလိုမတူခဲ့ရင်တော့ ကိုယ့်ဘာသာ လိုက်ရွေးရလိမ့်မယ်။

File naming

၈.ပြီးရင် ဆက်လုပ်ရတာလေးတွကတော့ ဖိုင်နာမည်ပေးတာ။ တစ်ခါ add on ကို run တိုင်း ဖိုင်တွေထွက်လာလိမ့်မယ်။ ဒီဖိုင်တွေကို နာမည် စနစ်တကျပေးဖို့လည်းလိုတာပေါ့။ ဒါကြောင့် ကျနော်ကတော့ ဒီလိုပေးမယ်။ ကိုယ်ကြိုက်သလိုပေးလည်းရပါတယ်။ April month salary for Mg Kaung. ဆိုပြီးတော့ပေါ့။ ဒါပေမယ့် အဲလိုရေးလို့မရဘူး။ နာမည်တွေကော လတွေကောက အမြဲပြောင်းနေမှာလေ၊ ဒါကြောင့်  <<month>> month salary for <<name>> ဆိုပြီးပေးထားလိုက်တယ်။ ဒါမှ .. Google sheet ထဲမှာပါတဲ့ Row တွေထဲက လနာမည်နဲ့ လူနာမည်ကို ယူပြီး ထည့်သွားလိမ့်မယ်။ ပြီးတော့ ဖိုင်အမျိုးစားကို ဘာနဲ့သိမ်းမှာလည်းမေးတယ်။ ကျနော်ကတော့ pdf format ပဲထားလိုက်မယ်။

Saving in folder

၉.ဖိုင်နာမည်ပေးပြီးပြီဆိုရင်တော့ ဒီထွက်လာတဲ့ဖိုင်တွေကို ဘယ်နားသိမ်းရမလဲ မေးတယ်။  ကိုယ့်ဘာသာ ဖိုဒါတစ်ခုထဲထည့်လည်းရတယ်။ ဒါမှမဟုတ် ၊ လူနာမည်အလိုက် ဖိုဒါတွေခွဲလည်းရတယ်။  folder နဲ့ပတ်သက်တာအတွက် ဖတ်ဖို့ ဒီ ကိုသွားကြည့်ပါ ။သူကအရမ်းတော့မခက်ပေမယ့် နည်းနည်းလေးရှုပ်တယ်။

When to initiate the process?

၁၀. ဘယ်အချိန်မှာ ဒီအလုပ်တွေကို စလုပ်မလဲ ဆိုတာကိုလည်း သတ်မှတ်ပေးဖို့လိုတယ်။ အဲဒီအတွက်ကြောင့် ကျနော် Google sheet column ထဲမှာ approved ဆိုတာလေးထည့်ထားတာလေး တွေ့မိပါလိမ့်မယ်။ အဲဒါက တကယ်လို့ လစာကို သေချာစစ်ပြီးပြီဆိုရင် yes ဆိုပြီးထည့်ပေးလိုက်ပေါ့။ မဟုတ်ရင်တော့ ကွက်လပ်ပဲထားလိုက်တယ်။ addon ရဲ့ နံပတ်  7 မှာ ဘယ်အချိန်မှာအလုပ်လုပ်မလဲဆိုတဲ့နေရာမှာ တော့ approved column က NOT NULL ဆိုရင် လုပ်မယ်လို့ပြောထားတယ်။ တကယ်လို့ ကွက်လပ်ဖြစ်နေရင်တော့ ကျော်သွားလိမ့်မယ်။

Sending email

၁၁.နောက်ဆုံးအဆင့်ကတော့ ဒီ ထွက်လာတဲ့ဖိုင်ကို အီးမေးလ်ပို့မှာလားဆိုပြီးမေးတာပါ။ ပို့မယ်ဆိုရင်တော့ တစ်ခါတည်း email template လေး ဒီနေရာမှာ လုပ်လို့ရပါတယ်။ ကိုယ်ပြောင်းလဲချင်တဲ့စာ ၊နာမည်တွေအားလုံးကို google sheet column ထဲမှာပါတဲ့ အရာတွေနဲ့ <<>> တွေကိုသုံးပြီး သတ်မှတ်ပေးလို့ရပါတယ်။ အဲဒီနောက် မှာတော့ Run on time tirgger ကော Run on form trigger ကိုကော Yes လုပ်ပေးထားပါ။ သူတို့က ပုံမှန် Run နေဖို့ အတွက်အသုံးဝင်ပါတယ်။

Test / Run

၁၂. အားလုံးပြီးသွားပြီဖြစ်လို့ Run ဆိုတဲ့ button လေးကို နှိပ်ကြည့်ပါ။ သူအလုပ်လုပ်နေတာကိုတွေ့ပါလိမ့်မယ် ။ပြီးရင်တော့ Google sheet ထဲမှာ column အသစ်တွေတိုးလာပါလိမ့်မယ်။ ကိုယ်သတ်မှတ်ထားသလို email လည်းပို့တယ်. Pdf တွေလည်းထွက်လာတာကိုမြင်ရပါလိမ့်မယ်။ ဒါ ဆို အချိန်များစွာကုန်မယ့်အလုပ်တွေကိုခဏလေးနဲ့ ပြီးပြီပေ့ါ 🙂

Dynamic folder အတွက် Folder ID ထည့်ခြင်း

ဖိုဒါတွေကို မိမိနှစ်သက်သလိုရွေးဖို့ဆိုရင် ဖိုဒါနာမည်သိရုံနဲ့မရပါဘူး။ ဖိုဒါအိုင်ဒီကိုပါသိမှဖြစ်မှပါ။ ဒါကြောင့် Google sheet ထဲမှာ နောက်ထပ် column တစ်ခုထည့်ရပါတယ်။ သူက တော့ folder id ပါ။ အဲဒီ google sheet ထဲမှာ ပဲ နာမည်နဲ့ ဖိုဒါအိုင်ဒီ တွဲဖို့ အတွက် tab တစ်ခုထည့်ပါတယ်။ ပြီးတော့မှ Voolup function ကိုသုံးပြီး အဲဒီid နံပတ်တွေကို ကျနော် အစောပိုင်းက ပြခဲ့တဲ့ main page မှာခေါ်ခေါ် သုံးတာဖြစ်ပါတယ်။

Autocrat မှာတော့ dynamic folder ဆိုတဲ့ function ကိုသုံးချင်တယ်ဆိုရင် အဲဒီ နေရာက column နေရာမှာ အသစ်ထည့်ထားတဲ့ folder name ကိုရွေးပေးရုံပါပဲ။

Template ပြုလုပ်ခြင်း

Template ပြုလုပ်ရတာခက်ခဲလှတာတော့မဟုတ်လှပါဘူး။  Google doc (သို့) Google slide မှာ အောက်မှာပြထားသလို လေးလုပ်တာပါပဲ။ သူ့ရဲ့အသက်ကတော့ <<>> ပဲဖြစ်ပါတယ် ။ ကိုယ် ပြောင်းလဲစေချင်တဲ့ တန်ဖိုးကို အဲဒီ <<>> ထဲကိုထည့်ထားရပါတယ်။ ကျန်တဲ့ စာတွေအားလုံးက အသေဖြစ်ပြိး အဲဒီတစ်ခုပဲ ပြောင်းလဲနေမှာပါ။

Template Photo

Printed photo which used above template.

Arthur (25.4.2019)

Page 1 of 5

Powered by WordPress & Theme by Anders Norén