Many Lives, Many Memories.

Category: Tech Page 2 of 5

How to solve zawgyi and unicode mess in a spreadsheet column?

Google sheet ကိုစွဲစွဲ မြဲမြဲ သုံးတဲ့ ကျနော့်လို လူတွေရှိမယ်ဆိုရင် ဘယ်လိုဒေတာမျိုးကို မဆို Google sheet ထဲမှာ ပဲ ကိုင်တွယ်ရှင်းလင်းချင်ကြမှာပါ။ Google sheet ဆိုတာ excel နဲ့အလားသဏ္ဍာန်တူတဲ့  Software တစ်မျိုးပါပဲ။ ဒါပေမယ့်သူ့ကိုတော့ အင်တာနက်မရှိပဲ သုံးလို့မရပါဘူး။ Google ရဲ့ Cloud base office ဖြစ်တဲ့အတွက် အင်တာနက်နဲ့ပဲ အလုပ်လုပ်ပါတယ်။

သူ့ဆီမှာ Formula တွေအများကြီးရှိသလို Google script ဆိုတာတွေလည်းရှိပါတယ်။ အချို့အရာတွေဆိုရင် Google က အလကားပေးထားတဲ့ အခြားသော service တွေနဲ့ပါ ချိတ်ဆက်ပြီးသုံးစွဲလို့ရပါတယ်။


ထားပါစို့၊ ကျနော် လေရှည်တာများသွားပြီ။. ယခု ဒီနေရာမှာ လုပ်ပြချင်တာကတော့ table တစ်ခုထဲမှာ ဇော်ဂျီတွေကော ယူနီကုဒ်တွေကော ရောနေရင် ဘယ်လိုရှင်းမလဲဆိုတာပါ။ 
ဒါတွေအားလုံးက နည်းနည်းပါးပါး ရာဂဏန်း ဆိုကိစ္စမရှိပါဘူး။ ဒါပေမယ့် အရမ်းများလာရင် ထောင် သောင်းချီလာရင်တော့ ပြဿနာရှိလာပါ ပြီ။လက်ရှိမှာ spreadsheet ထဲကို ဝင်ပြီး အော်တို ဇော်ဂျီတွေကို ယူနီကုဒ် ပြောင်းပေးတဲ့ script မရှိသေးပါဘူး။တစ်ယောက်ယောက်က ဒါမျိုးကို ထွင်ခဲ့မယ်ဆိုရင်တော့ အရမ်းကောင်းမှာပါ။ အဲဒီလိုမရှိသေးတဲ့အချိန်မှာတော့ Google မှာပါတဲ့ function တစ်ခုကို သုံးရတာပေါ့။ သူ့ကိုတော့ Regxmatch လို့ခေါ်ပါတယ်။ အဓိပ္ပါယ်ကတော့ ကိုယ်ရှာချင်တဲ့စာလုံးတွေ ဒီ column ထဲမှာပါလာရင် TRUE လို့ပေြာပါလို့ ဆိုချင်တာပါ၊ အဲဒါလေးကိုနည်းနည်း လေးပြင်လိုက်ရင် ဇော်ဂျီနဲ့ရေးတာတွေကိုပါ Filter လုပ်ပြဖို့ သုံးစွဲလို့ရပါတယ်.အောက်က Gif လေးမှာတစ်ချက်ကြည့်ကြည့်ပါ။

REGEXMATCH Function အလုပ်လုပ်ပုံကတော့ ဒီလိုပါ။
ပထမဆုံး Formula တစ်ခုဖြစ်တဲ့အတွက် =REGEXMATCH ဆိုပြီးစရေးလိုက်ပါတယ်။ အဲဒီနောက်မှာ ကိုယ်ဘယ်မှာ ရှာချင်လဲဆိုတာကို ရွေးရမယ်။ ကိုယ့်ဆီမှာ ဇော်ဂျီကော ယူနီကုဒ်ကော ရောထွေးနေတဲ့ Column တစ်ခုပေါ့။ Cell တစ်ခုဆိုရင်လည်းရပါတယ်။ နောက်တော့ Comma ခံတယ်။ 
အဲဒီနောက်မှာတော့ ကိုယ်ရှာချင်တဲ့စာလုံးတွေကို Array list လိုမျိုးထည့်လိုက်လို့ရတယ်။  “ “ ထဲမှာ *()* ကိုထည့်တယ်။အဲဒီထဲမှာမှ ကိုယ်ထည့်ချင်တဲ့စာလုံးအားလုံးကို | ခံပြီးရေးရတယ်။
ကျနော်ရှာတဲ့ ပုံစံကတော့ ဇော်ဂျီနဲ့ ယူနီ ရေးသားပုံကွာတဲ့ စာလုံးတွေကို လိုက်ရှာတယ်။ အောက်မှာပါတဲ့ စာလုံးတွေကတော့ ယူနီနဲ့ ဇော်ဂျီ ခွဲတဲ့နေရာမှာသုံးလို့ရတယ်ထင်ပါတယ် ။ 

=REGEXMATCH($A2, " *(စော|ချမ်း|ငြိမ်း|နော်|မွန်|မြတ်|ကျော်|ခင်|ည်|င်|မော်|ချစ်|ဖော|ဟိန်း|ယွန်း|န်း|ယ်|က်|ဇော်|မျိုး၊ဇွန်|ဖြူ|ခြူး၊ခန့်|သန္တာ|န်း|ဖြေ|ခန့်).*")


ဒါပေမယ့် ဒါကို perfect ဖြစ်တဲ့လို့တော့ မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ချွင်းချက်အနေနဲ့ ဖြစ်လာနိုင်တဲ့အရာတွေရှိနေသေးတယ်။
ဒီသဘောတရားကိုနားလည်တယ်ဆိုရင်တော့ ပေးထားတဲ့ စာလုံး List ကို မိမိစိတ်ကြိုက် ပြင်ပြီး ပိုကောင်းအောင် လုပ်လို့ရပါတယ်။တကယ်လို့ ဘာကို ပြောတာလည်း သေချာနားမလည်ဘူး။ ချက်ချင်းသုံးဖို့ပဲ စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်မှာ ပြထားတဲ့ Gif ကိုကြည့်ပြီး တဆင့်ချင်း လုပ်ကြည့်လို့ရပါတယ်.
အဆင့်တွေကို ပြောရရင်တော့ 

  1. ပထမဆုံး ဇော်ဂျီကော ယူနီကုဒ်ကော ရောနေတဲ့ column တစ်ခုကိုရှာတယ်။
  2. ပြီးတော့ Formula ကိုကူးတယ်
  3. နောက်တော့ စောစောက Column ရဲ့ Filter လုပ်တဲ့နေရာကိုသွားတယ်။
  4. ပြီးတော့ Filter By Condition ထဲက Custom formula ကိုရွေးတယ်။
  5. အဲဒီနေရာမှာ စောစောကကူးထားတဲ့ Formula ကိုထည့်တယ်။ 
  6. Ok နှိပ်တယ်။
  7. ဒါဆိုရင် ဇော်ဂျီနဲ့ရေးထားတဲ့စာတွေကြည့် ထွက်လာ ပြီပေါ့။
  8. အဲဒါကို Zawgyi to Unicode Converter တစ်ခုခုနဲ့ သွားပြောင်းတယ်။
  9. ပြောင်းထားတဲ့စာတွေကို ကော်ပီကူး မူရင်း Column နေရာမှာ Paste လုပ်တယ်။
  10. ပြီးတော့မှ Filter လုပ်ထားတဲ့ ဟာကိုပြန်ဖြုတ်ကြည့်လိုက်တယ်။

အဆင့်ကတော့ ဒါပါပဲ။ တစ်ခုသတိထားရမှာကတော့ စာလုံး list ထဲမှာ ယူနီကုဒ်နဲ့ ဇော်ဂျီ သိသိသာသာ ခွဲလို့ရမယ့် မည်သည့် စာလုံးကိုမဆို ထည့်လို့ရပါတယ်။ ကျနော်က တော့ နာမည်နဲ့ လုပ်ပြတာပါ။ တကယ်လို့ နာမည်မဟုတ်တဲ့အခြေအနေတွေမှာဆိုရင်လည်း ကိုယ့်ရဲ့ဒေတာ ပေါ်မူတည်ပြီး ပြုပြင် ပြောင်းလဲလို့ရပါတယ်။ကျေးဇူးတင်ပါတယ်။

ရေးသားသူငြိမ်းချမ်းကိုကို

မတ်လ ၂၆ ၊ ၂၀၁၉

Pyidaungsu Font

Myanmar 3 Vs Pyidaungsu

ဖေဖော်ဝါရီ ၂၇ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ တတိယအကြိမ် E-Government လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတဲ့ မိန့်ခွန်းထဲမှာ “ယခုအသုံးပြုနေသည့် Myanmar-3 Font ကိုမသုံးဘဲ International Standard Organization 10646 နှင့်ပိုမိုကိုက်ညီသည့် PyiDaungSu Font စနစ်နှင့် Keyboard ကိုအသုံးပြုရန် ဦးတည်ရမည်ဖြစ်ပါ ကြောင်း၊ အစိုးရ၏ Electronic ဝန်ဆောင်မှုများကို ပြည်သူအားလုံးသိရှိနားလည်ရေးအတွက် မြန်မာဘာသာစကားဖြင့် ဝန်ဆောင်မှုပေးနိုင်ရန် ကွန်ပျူတာသုံး မြန်မာဘာသာစကားစနစ်ကို ပြုပြင်ရန် လိုအပ်ပါကြောင်း “ လို့ ပြောသွားခဲ့ပါတယ်။

လူအတော်များများက ယူနီကုတ်၊ဇော်ဂျီ ၊ မြန်မာ၃ တွေနဲ့ ရင်းနှီးနေကြပေမယ့် ပြည်ထောင်စု ဆိုတဲ့နာမည်ကိုတော့ အခုမှစပြီး ရင်းနှီးကြတာမျိုး ဖြစ်ပါလိမ့်မယ်။ ဒီ Post ကနေပြီးတော့ ပြည်ထောင်စုဖောင့်စနစ်နဲ့ Myanmar3 , ဇော်ဂျီတွေ ဘာကွာလဲဆိုတာကို နှိုင်းယှဉ် ဖော်ပြပေးသွားပါမယ်။

၁. Pyidaungsu Font ဆိုတာ ဇော်ဂျီမဟုတ်၊ ယူနီကုဒ်မဟုတ်တဲ့စနစ် အသစ်လား?မဟုတ်ပါဘူး။ Pyidaugsu Font က ယူနီကုဒ် စနစ်ကို အခြေခံထားတဲ့ ဖောင့်ဖြစ်ပါတယ်။ Myanmar3 ကို အဆင့်မြှင့်ထားတဲ့ ဖောင့်ဆိုရင် ပိုမှန်ကန်ပါလိမ့်မယ်။ ဒါပေမယ့် Pyidaungsu font ရဲ့မူရင်းဖောင့်ကတော့ Myanmar Census ဆိုတဲ့ဖောင့်ဖြစ်ပါတယ်။ နောက်ပိုင်း 2014 ခုနှစ်မှာ Pyidaungsu ဆိုပြီး အမည်ပြောင်းလဲသွားခဲ့တာပါ။

၂. Myanmar3 နဲ့ဘာတွေကွာခြားသွားပါသလဲ?Myanmar 3 ဖောင့်ကို တီထွင်ခဲ့တာ အတော် ကိုကြာမြင့်ခဲ့ပါပြီ။ဆက်လက် ထိန်းသိမ်းဖို့ရာ အကြောင်းအမျိုးမျိုးရှိလို့. Pyidaungsu Font ကို ဖန်တီးပြီး အဆင့်မြှင့်တင်ထားတာပါ။ Myanmar3 နဲ့ မကိုက်ညီတဲ့ စက်တွေ၊ ကွန်ပျူတာစနစ်တွေအတွက် Pyidaungsuနဲ့ ပိုမို အဆင်ပြေအောင် ပြုလုပ်ထားပါတယ်။အရေးအကြီးဆုံးတစ်ခုကတော့ Myanamar 3 မှမပါဝင်တဲ့ တိုင်းရင်းသား ဘာသာစကား၁၆ မျိူးပါဝင်ပါတယ်။အောက်မှာအသေးစိတ်ဖော်ပြပေးထားပါတယ်။ဗမာ, သက္ကတ/ပါဠိ, မွန်, ရှမ်း, စကောကရင်, ပိုးကရင်(အနောက်ပိုင်း), ပိုးကရင် (အရှေ့ပိုင်း), ပအိုဝ်း, ကယား, အရှိုချင်း, ပလေးပလောင်, ရူမာည်းတအောင်း,ခန္တီးရှမ်း, Aiton & Phake, တိုင်းလျမ်ခေါ်ရှမ်းနီ, ရွှေပလောင်

၃.Pyidaungsu font ကိုရိုက်ဖို့လက်ကွက်အသစ်တွေြဖစ်သွားမှာလား?လုံးဝမဖြစ်ပါဘူး ။ ယခင် Myanmar3 ကိုရိုက်တဲ့ နည်းစနစ်အတိုင်းပဲ ဆက်လက်ရိုက်လို့ရပါတယ်။ ယခင် Myanmar3 နဲ့ရိုက်ခဲ့တဲ့စာတွေကိုလည်း ဖောင့်ကို Pyidaungsu အဖြစ်ပြောင်းလဲလိုက်ရင် စာလုံးပုံစံအနည်းငယ် ပြောင်းလဲသွားတာကလွဲလို့ အခြားဘာမှ အမှားအယွင်းမဖြစ်ပေါ်နိုင်ပါဘူး။

၄.Window XP တို့ 7 တို့ 10 တို့ ပေါ်မှာကောင်းကောင်းအလုပ်လုပ်ပါသလား?Pyidaungsu font က တစ်မျိုးတည်းရှိတာမဟုတ်ပါဘူး။ ၂မျိုးလောက်ရှိပါတယ် ။Window OS အနိမ့်တွေ၊ (ဥပမာ- Window 7 or xp ) နဲ့ Window office အနိမ့်( MS word 2007, 2010) စာတာတွေအတွက် Pyidaungsu font 1.8 ဗားရှင်းကိုအသုံးပြုရပါတယ်။Pyidaungsu font version 2.5 နဲ့စတာတွေကို MS office 2016 နှင့်အထက် ဗားရှင်းများမှာ ကောင်းကောင်းအသုံးပြုနိုင်ပါတယ်။တကယ်လို့ကိုယ်ကခေါင်းအရှုပ်မခံချင်ရင်တော့ ဒီ Link လေးကိုသွားကြည့်ပြီး ဘယ်စက်အတွက် ဘာရွေးရမယ်ဆိုတာကို ရွေးချယ်လို့ရပါတယ်။https://www.unicode.today/fonts-download/

၅.Microsoft Office ဖြစ်တဲ့ MS word, powerpoint စတာတွေမှာတော့ဟုတ်ပါပြီ။ အခြား Adobe photoshop တို့ဘာတို့မှာကောသုံးလို့ရသလား?Adobe ရဲ့ နောက်ဆုံး Update ထွက်တဲ့ ကုန်ပစ္စည်းတွေမှာဆိုရင်တော့ မည်သည့်ယူနီကုဒ် ဖောင့်ကိုမဆိုထည့်သုံးလို့ရပါတယ်။ ဒါပေမယ့် ဗားရှင်းအဟောင်းတွေမှာဆိုရင်တော့ Pyidaungsu Book ဆိုတဲ့ ဗားရှင်းကို သုံးရတယ်လို့ဆိုထားပါတယ်။

၆.Pyidaungsu Zawdecode Font ဆိုတာကကောဘာလဲ?စနစ်ကူးပြောင်းရေးကာလတွင် သုံးစွဲသူများကို အဆင်ပြေစေရန် ရည်ရွယ်၍ ယူနီကုဒ်စနစ် အပြည့်အဝမှန်ကန်ပြီး ဇော်ဂျီ စာသားများပါ တတ်နိုင်သလောက် ဖတ်ရှုနိုင်သော အဆင့် ဖြစ်စေရန်အတွက် 30/8/2015 ရက်နေ့တွင် ထုတ်လုပ်ဖြန်ချိခဲ့ပါသည်။ ပြည်ထောင်စုဖောင့် လိုင်စင်အတိုင်း ဖြစ်ပါသည်။(ref : mcf.org.mm)

ဒါပေမယ့် ယခုအချိန်မှာတော့ ဒီအမျိုးအစားဖောင့်ကို မထည့်သွင်းမိဖို့အရေးကြီးပါတယ်။ သုံးစွဲဖူးသော အတွေ့အကြုံများအရ မလိုလားအပ်သော ထပ်မံရှုပ်ထွေးမှုများ ဖြစ်ပေါ်လာတတ်လို့ ဖြစ်ပါတယ်။

၇. ဒါဆိုစက်ထဲကို ဘယ်တစ်ခုကိုသွင်းရမလဲ။ ?မိမိစက်အမျိုးအစားအလိုက် ဖောင့်ကိုရွေးသွင်းပေးရပါတယ်။ Chrome Browser တို့ Mozilla Firefox တို့မှာလည်းဖောင့် ဆက်တင်ကို Pyidaungsu လို့ရွေးလိုက်တာနဲ့ တန်းမြင်နိုင်ပါတယ်။

ရေးသားသူ

Nyein Chan Ko Ko

(Tech for Change, Phandeeyar)

myanmar chatbot

How did I create a chatbot?

I started a chatbot in Chatfuel which is connected with Myanmar First aid FB page. (m.me/myanmarfirstaid).

But it would probably be migrated to My opd page which is more relevant.

I’m going to explain how I created this chatbot

The services  I used.

  1. Chatfuel
  2. Integromat
  3. Google Custom Search
  4. Google Sheets.

  • Basically, Chatfuel serves as a front end to display information to users.
  • Google sheet is the database.
  • Integormat is the medium between chatfuel and Google sheet to transfer data.
  • Google custom search is a separate service which is useful when the information does not exist in the Google sheet. It uses the same user attribute (aka user’s input) and searches in the custom search engine. The Google CSE needs to be prepared by advanced. Not very difficult though, I’m gonna explain details in next session.

Chatfuel

It has blocks and cards. I used automate session to give the users the options.

The bot has different functions.

  1. Depression test (calculation, if statements and showing results)
  2. Blood pressure ( same as depression test, collect user input and show answers with if statements )
  3. Blood glucose ( same as Blood pressure, collect user inputs and show answers with if statements )
  4. Searching for the drug. if the users click on drug search. It will reach to “collect “ block. In which, I set up user attributes card, to store the input users typed in as a variable. Then I called the JSON plugin. So, another work is to go to integromat or other automation services to search data in Google sheet. See more details in Integromat. The search result would be shown inside integromat. So, I don’t specifically need to customize in Chatfuel.
  5. Dictionary. It’s similar to searching drug. But, I used different service ( flowxo). It’s more complicated than integromat. Besides, it stops functioning. So, I’m not gonna explain here.
  6. In order to use Google custom search, I set up a plugin called Google search. I could also use another search engine, such as Bing or swift type search. But, I haven’t tested them yet. After adding Google custom search, I need to add API key and custom search engine ID. There is a link to that services,  you have to follow the guidance and you will get an API key and CSE id. Then, chatfuel will do the next steps.

2. Integromat

Create an account. Then start creating a new scenario. Even though they use different terminology. It’s similar to projects. From the scenarios, you can set up a new workflow. Don’t need to worry too much, check this reference. Because I have to explain very long if want to deep into integromat.

Steps.

  1. Create a webhook, put the link in chatfuel’s JSON plugin as post method. Don’t forget to add user attributes under the address.
  2. Then, you might want to type something from chatbot( don’t forget to show the card you are actually working on, I mean drug search card). Webhook from integromat will recognize the input and start working.
  3. After that, link to google drive account, and select the google sheet you store data.
  4. Choose file, then choose workbook. You need to select which column you wanna find the data. That is the filter section working.
  5. Then, array aggregator comes in, which is to rearrange data from sheet to a new format. You can select which columns you wanna show in the results page. So, can rule out unnecessary columns.
  6. Then, the next step is routing. Which is useful when you want to create results for all possible outcomes. Such as, if there is no data, go to this place and do that. If there is data, show this and do that. Something like that.
  7. From the routing, you can create chatfuel cards, There are messages, user-attributes and redirect to blocks. From the message, you can create text, image, sound etc. To understand the data structure, you need to learn a bit in this link.
  8. If there is no data, I created an option 2 from routing and shows error text then redirect to a new chatfuel block ( which is google custom search). So that, users will be able to see results in google.

3.Google custom search

It is very easy to use. Search from the google custom search and it will give you a link to the website. You need a google account. You can put as many web address as you wish. In my case, I added Myanmar healthcare websites. So, the query will be searched only inside those websites. You can edit site ranking and other options.

https://cse.google.com/cse/all

You will get a search engine id and put it in the chatfuel plugin. Then its’ done.

How did we develop My OPD?

When I first arrived in Yangon in July 2017, I had a hangout with my old classmates in the china town. They were studying master degree in emergency medicine ,pediatrics and public health. So, we talked about random subjects before we reached to a point that we all agree.

They said they were facing over workload in the emergency department.
However, not all patients attending are not emergency .Some are visiting to hospitals for OPD treatment. Basically, there is no filter mechanism to redriect these patients to corresponding specialists. They said there are specialist opd clinics on some weekdays but patients don’t know about the details when and where they can visit. Not only the patients, even general practitioners , doctors from other hospitals who are referring the patients to tertiary centers don’t have the information about OPD dates in hospitals.

The point is there is no comprehensive information system to publish all kinds of hospitals’ OPD days. I asked that where can I find all this information quick and easily . They said No, even the ministry of health doesn’t have that data. The hospitals don’t need to share these opd days to ministry. So, there is no option except the fact that you have to contact each and every hospital in person .

My friends suggested that I could make an app to show this information. Of course, I do have to collect the data manually..But , If there was a platform where both health care practitioners and patients find the dates easily, there will be tremendous impact on the health system. All I have to do is initiate it . I am not sure they were being serious or not. Because, we all are drunk at that time. But, I considered about that thing seriously .
Finally, I decided to make it because I already have my new friend who is very good at programming . I have to explain which kind of app I want and he can make it happen . He is also an enthusiast about improving health system by means of technology.

At the night, when I got back to home, a half drunk I started to collect the opd days from different hospitals. I uploaded a post on Facebook, asking for help from my classmates from different hospitals. Some of them were very helpful by sending pictures and texts from messenger. I copied all the information from pictures into a google sheet which was designed by my developer friend.

IMG_20170823_151445

Pictures of OPD schedule sent by my friends

After working 4 months on this project, we finally had a prototype of our app.
On December 1 2017, we were able to upload our first collaborated app on google play store. It has OPD information from more than 50 hospitals and keep increasing everyday . We squeezed our time and used minimal budget to produce this one. WE are very happy that we made it .
But, this is the first step. We aimed this one to be the reliable app for every practitioners and patients. So, we have a vision to improve this app with advanced features. Although, we could develop My OPD app with free services we had, we cannot rely on that free thing if we have a plan to be advanced.
Not only the human resource, but also the money,management and cooperation might be needed in the future.
We still have to wait and see how the public will respond.
After that , we could make more steps.

 

MY OPD, Download 

December 8 2017

Dr. Nyein Chan Ko Ko
Myanmar

< if donation is the some kind of contribution not only about the money. We are contributing our knowledge, technology , money and time for the community . I hope people could see this and make it useful.>

IMG_20170817_234518_325

Designing how do we show data on app.

 

My OPD

ကျွန်တော် ရန်ကုန်ကိုစရောက်ခါစက ရန်ကုန်ဆေးရုံကြီးမှာအလုပ်ဝင်ပြီးဘွဲ့လွန်တက်နေတဲ့သူငယ်ချင်းတွေနဲ့ အပြင်မှာတစ်ခေါက်ဆုံဖြစ်တယ်။

သူတို့လည်း ဆေးရုံတွေမှာ တက်နေတဲ့ပြဿနာအကြောင်းတွေကိုပြောပြ ၊
ကျွန်တော်လည်း ကိုယ်လုပ်နေတာတွေကိုပြောပြပေါ့။

ဒီလိုနဲ့ပဲ.. သူတို့က တစ်ခုပြောတယ်။
တစ်နေ့ထက် တစ်နေ့ ဆေးရုံကြီးကို ရောက်လာတဲ့လူနာတွေကပိုပိုများလာကြောင်း။

ရောက်လာတဲ့လူနာတိုင်းကလည်းအရေးပေါ်မဟုတ်ကြောင်း။
အချို့တွေဆိုရင် သူနဲ့ နီးစပ်ရာဆေးရုံတွေမှာကုသမှုယူနိုင်ပေမယ့် ရန်ကုန်အထိရောက်လာကြကြောင်းပြောတယ်။
နောက်ပြီးတော့ လူနာတွေကိုလွှဲတဲ့အခါတွေမှာလည်း .. Specialist OPD ကြည့်တဲ့ရက်ရယ် လူနာတကယ် ဆေးရုံကိုရောက်လာတဲ့ရက်ရယ်က မတူတဲ့အတွက်ကြောင့် မလိုအပ်ပဲနဲ့ လူနာတွေ က ရောဂါပြဖို့စောင့်နေရကြောင်းကိုလည်းပြောတယ်။

အဲဒါနဲ့ ပဲ .. ဆေးရုံတွေရဲ့ ပြင်ပလူနာကြည့်တဲ့အချိန်တွေကို အလွယ်တကူရှာဖွေလို့ရတဲ့ နေရာရှိရင်ကောင်းမယ်ဆိုတဲ့ အကြံပြုချက်ထွက်လာတယ်။

ဒါကြောင့် .. အဲဒီလို အလွယ်တကူ ကြည့်လို့ရဖို့
appတစ်ခုလုပ်ဦးမှဆိုတဲ့စိတ်ကူးထွက်လာတယ်။

တကယ် အဲဒီလိုလုပ်ဖို့ကတော့
အခက်အခဲတွေအများကြီးရှိတယ်။

ပထမတစ်ခုကတော့ Develop လုပ်မယ့်သူပေါ့လေ။
နောက်တစ်ခုကတော့ ဒီOPD အချိန်တွေကိုလိုက်စုတဲ့အခက်အခဲ
ပြီးတော့ တစ်နှစ်တစ်ခါ အချိန်တွေကပြောင်းလဲနေတာမို့ . ရေရှည် သူ့ဘာသာ ရပ်တည်နေအောင် လုပ်ဖို့ကိစ္စ။

ပထမ Develop လုပ်ဖို့အခက်အခဲကတော့ Developer experience အများကြီးရှိတဲ့ ကို ချမ်းမြေ့ကိုကို က ကူညီလို့အများကြီးအဆင်ပြေသွားတယ်။

ကျွန်တော်ကတော့ ရတဲ့နေရာကနေ အချိန်ဇယားတွေလိုက်စုတယ်။
Database ထဲထည့်တယ်။
၂လခွဲလောက် လုပ်ပြီးတဲ့အခါ အခုတော့ တော်တော်လေးကိုပုံပေါ်လာပါပြီ။

ဒီလအကုန်လောက်မှာ ကျွန်တော်တို့ Android app ထုတ်ပြီး playstore ပေါ်တင်နိုင်လောက်ပါမယ်။

ကျွန်တော်တို့ က platform တစ်ခုကိုဖန်တီးထားပြီးပါပြီ
တစ်ခုပဲ လိုနေတာက .. နောက်ထပ်အချက်အလက်တွေပါ။
အချက်အလက်အသစ်တွေထပ်ပေးပို့ရင် ပိုအသုံးဝင်တဲ့ appဖြစ်လာမှာပါ။

အခုဆိုရင်တော့ ရန်ကုန်၊မန္တလေး၊ နေ့ပြည်တော်နဲ့ မြို့ကြီးများက ဆေးရုံတွေရဲ့ ပြင်ပလူနာကြည့်တဲ့ရက်တွေ အချိန်တွေ ရထားပြီ:ပါပြီ။
နောက်ထပ်ပို့ပေးချင်တဲ့သူများလည်း messenger ကနေပဲဖြစ်ဖြစ်၊
ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ပို့ပေးနိုင်ပါတယ်။

🙂
နောက်ကိုလည်း medical appတွေထပ်ပြုလုပ်ဖို့ရှိပါတယ်။

(နောက်ဆက်တွဲ: ဒီဇင်ဘာ တစ်ရက်နေ့ မှာ ကျွန်တော်တို့ app ကို လက်စသတ်ပါတယ်၊ အခုဆိုရင် Google Play မှာ စတင် ယူလို့ရပါပြီ၊ )

Download 

 

 

Download :

CIVIL WAR BETWEEN FONTS

This post is about one of the civil wars in Myanmar. What ? Are you thinking about guns ,bombs and tanks ? 

Haha, not that civil war, this one is digital civil war. It is called Zawgyi vs Unicode civil war. A lot of foreigners who came to Myanmar to do tech business will ever heard about Zawgyi and Unicode.

For instance, when you want to develop a product for Myanmar people, the first question developer will ask you is which font will you use ? unicode or zawgyi ?

Seriously? What’s wrong with that ? Is that kind of simplified vs traditional chinese ?

Nah! Not really…

The story started when local developers tried to digitalize local languages.Before that time, we used ASCII Myanmar fonts which are almost obsolete by now. Many groups tried to develop a standard unicode system and couple of encoding system called unicode arose at that time.

Zawgyi was one of them . It’s a pseudo unicode. It was an unfinished product. Zawgyi developers intended to use zawgyi system to solve the most recent problem at that time, reading and writing burmese words on internet.People really enjoyed to use zawgyi because it was superb and more practical than any other methods. Seeing the font correctly and typing easily is the most important issue for ordinary users .Zawgyi was indeed a lot useful for all of us. It involved in major role to communicate between Burmese on internet. I catched up a time when we didn’t use burmese font on internet. We only relied on buglish which are english words pronounced in burmese words.  However, zawgyi lacked of some fundamental methods to apply in more advanced features such as sorting,searching and database.  I cannot say about very techincal issue,so  assume that their system was incomplete and faced many difficulties to upgrade to standard unicode. On the other hand, one system ,developed by a coalition team between developers,language experts and others was accepted by unicode consortium as a standard Burmese unicode method.

But, many people were already familiar with zawgyi encoding system.Smartphones and internet had reached to burmese people very quickly after 2010.People were start using internet from smartphone.If you bring your phone to nearby mobile service, almost every shops can make your phone to display  zawgyi .However, popular OS such as android and iOS hadn’t adopted Burmese unicode yet .So far as I know, the first OS which can display burmese unicode correctly is Android 4.4 kitkat which was released in 2013. It was too late for Myanmar unicode to lure users.

Millions of Burmese people are using zawgyi in their device.

Only few people accepted unicode.They are resistance forces against zawgyi. However,most of the phone in the market can display burmese unicode correctly starting from the end of 2015. A lot of Burmese contents were proliferating on internet. But, as you know, data was messy without any systematic order and structure because most of them were not correctly encoded. Government was getting realized the importance of unicode when they tried to change to E-Government system. Every IT projects developed in Myanmar always faced that issue between zawgyi and unicode. They had to invest more time to solve that language problem .And developers as well.They want to end this war. They don’t want to think about this compatibility issues anymore.Until now, most of the content written in Burmese language was being uploaded on Facebook . So, Facebook is kind of most responsible team in order to migrate all of Myanmar users to unicode environment. Today ,we see the most significant change in facebook.

There is no longer a barrier between zawgyi user and unicode user.

Before that time, zawgyi user can only see posts written in zawgyi format, so unicode was just a unreadable mess for them . For unicode users, they had to click font conversion button in order to read zawgyi encoded texts.

That wall between unicode and zawgyi came to collapse today.

Zawgyi user can read unicode text without changing any setting .
And, unicode users can read zawgyi text without clicking any conversion button .

It seems like all the unicode encoded text convert automatically to zawgyi in zawgyi users’ app and all zawgyi encoded text convert to unicode automatically in unicode users’ app.

It’s not one sided change. It changed on both side.

So, zawgyi users are happy because they can read unicode .

Unicode users were also happy at first , but when they realized that their contents were being converted into zawgyi in zawgyi users’ app, they were so upset.

They afraid that this kind of neutralization between unicode and zawgyi by facebook will have negative impact on unicode migration.

If zawgyi users can read unicode without using unicode, Unicode users think  that  people will still be using zawgyi for life long.

So, everybody has different opinion on this change.

For me, I see from positive side.

Most people want to change to unicode but there is a fear in them .

That is they will feel lonely if they use unicode since most of their friends and family are using zawgyi. So, most of them responded same words “ they will move to unicode when everybody use unicode”.

In order to break the communication barrier between their friends and family, every single one need to use unicode. That is a tremendous migration.

So , what I think is , if someone use unicode and his friends or family can also communicate him without using unicode , there will not be any communication barrier between them.

It will be easy for unicode user to attract others to move to unicode environment.

The change what facebook did is the same scenario.

However, there is a little flaw in this, people are worried about ethnic languages which are included in burmese unicode. Facebook neutralization doesn’t support ethnic languages until now. I think ,we can think about that issue later because facebook can only support burmese language in their language setting .If we can attract many people to use unicode , that kind of ethnic language problem will be solved itself.

And there is one more step need to do to break the communication barrier. That is messenger.

Conversion feature doesn’t work in messenger. So, the problem between zawgyi and unicode will still be the same.

The next day after we received update for android facebook app, ios version also received similar update.

That update is quite different from android users’. It’s one sided conversion.

All the zawgyi contents convert to unicode automatically.Iphone users are complaining about it on social media, they can no longer see zawgyi font correctly on facebook. A solution has already come out.

Just remove zawgyi from ur phone and keep clean unicode font and keyboard.

Then, your problem will be solved.

Most ios users are not satisfied with the solution.They hope that facebook will restore previous feature in next update.

So, some of them are afraid to update their app.

I don’t know what facebook is planning to do with burmese texts. I really wish they are on the right track.

None of local developers will not be able to solve this problem.The outermos effort we could can do is producing some tools for unicode.

It’s impossible to hack facebook system just to use unicode.

Some people don’t understand this barrier.They think that local developers are so lame and facebook is the only savior who could end this war.

It’s half true. Only facebook can change their setting, set their language policy. Even our government doesn’t have ayn authority over facebok. On the one hand, local developers are producing some small scale solutions in order to have smooth migration even though they don’t have any support.

I am so passionate to migrate to unicode. But, you know, you can’t run alone. You have to wait and help others to know the track so that everyone will reach same destination eventually.

I use both unicode and zawgyi. I prefer zawgyi in facebook because it is much more easier to communicate with my friends. But for work ,such as writing , database, sheet and for other things, I use only unicode. I can write both unicode and zawgyi effortlessly.

We have to do many things to improve tech ecosystem in Myanmar, this unicode and zawgyi troublesome is a block on the way . Unless we remove this one, we will never reach anywhere.

People who have power to initiate this migration will need to realize this truth.

I am nobody comparing with them. I am neither developer who can create awesome conversion tools or solutions or authorities who have power to order everyone to use unicode.

 

Haha, just nobody ..

The only thing I can do is to push them. To call for help.

From global organizations , global tech firms, and others who can see my post.

I hope one day we will no longer have headache for this font problem.

We want to step ahead into data age, and wanna taste the essence of AI.

 

 

WRITER. NYEIN CHAN KO KO

11.8.2017

YANGON

အင်တာနက်ပေါ်က အိမ်တွေအကြောင်း..

Website တွေနဲ့ပတ်သက်ပြီး ကျွန်တော် သိသလောက်လေးရေးချင်ပါသေးတယ်။
ကွန်ပျူတာပညာရှင် အမြင်နဲ့မဟုတ်ပဲ လေ့လာသူတစ်ဦးအမြင်နဲ့ပဲရေးပါ့မယ်။
ကျွန်တော်အရင်က website တွေနဲ့blog နဲ့ကို ကွဲကွဲပြားပြားမသိခဲ့ဘူး။
Website မှာဆိုရင် ကိုယ်ပိုင် domain အမည်တစ်ခုရှိမယ်။ blog တွေမှာဆိုရင်တော့ သက်ဆိုင်ရာ blog platform တွေရဲ့ နာမည်တွေပါတတ်မယ် လို့ပဲခွဲထားခဲ့တယ်။ ဥပမာ WordPress တို့ blogger တို့ပေါ့။
ဒါပေမယ့် နောက်ပိုင်းမှာ တော့လေ့လာရင်းနဲ့ blogနဲ့ website မှာမတူတာတွေအများကြီးရှိတာကို တွေ့လာခဲ့တယ်။
Blog. ဆိုတာ များသော အားဖြင့် အလကားရတယ်။ ရိုးရှင်းတယ်။ သူ့ရဲ့ အဓိက လုပ်ဆောင်ချက်က သတင်းတွေ၊ မျှဝေပေးဖို့ပဲ။
အလကားရတာဖြစ်တဲ့အတွက် ဂျီးများလို့မရဘူးပေါ့ ။ ကိုယ်လုပ်ချင်သလို လုပ်လို့မရဘူး ။ သူတို့ ပေးထားတဲ့အတိုင်းလေးပဲ လုပ်လို့ရတယ်။
ကိုယ်က လန်ပြန်နေတဲ့ design ကြီးနဲ့လုပ်ချင်တယ်။ ကာလာတွေစိတ်ကြိုက်ပြင်ချင်တယ်။ လုံးဝ ကြည့်လိုက်တာနဲ့ အရမ်းမိုက်နေမယ့် website လုပ်ချင်တယ်ဆိုရင်တော့ Blogging platform တွေက မစွမ်းဆောင်ပေးနိုင်ပါဘူး။
အဲဒီလို လုပ်မယ်ဆိုရင်တော့ မိမိစိတ်ကြိုက် ဒီဇိုင်းလုပ်လို့ရတဲ့ .website ဖန်တီးဖို့လိုပါတယ်။
Website ဖန်တီးဖို့အတွက် လိုအပ်တဲ့ software တွေရှိပါတယ်။
သူတို့ကိုတော့ CMS (Content Management System) လို့ခေါ်ပါတယ်။
အဲဒီထဲမှာ နာမည်ကြီးတာတွေကတော့ WordPress,Joolma ,Drupal စတာမျိုးတွေပေါ့။
ဒီနေရာမှာ တစ်ခု ရောထွေးတတ်တာတစ်ခုရှိပါသေးတယ်။
Blog မှာသုံးတဲ့ WordPress နဲ့ CMS WordPress နဲ့ကမတူပါဘူး။
ရှင်းအောင်ပြောရရင်တော့ WordPress  ကကုမ္ပဏီကြီးနာမည်ပေါ့။
သူတို့က နှစ်မျိုးလုပ်ပေးတယ်။
တစ်ခုကတော့ အခမဲ့ Blog service တွေ ။ အသုံးပြုသူတွေက သူတို့ဘာသာ blog တွေ ကြိုက်သလောက် ဖန်တီးလို့ရတယ်။ ဖန်တီးသမျှ blog တွေမှာတော့ .wordrpess.com ဆိုပြီးနောက်မှာပါတယ်။
ဒါကတော့ တော့ အခမဲ့ပေးတဲ့အပိုင်းပါ။
ဒီနေရာမှာတော့ Blog ဆောက်ရင် အသုံးပြုတဲ့ နောက်ကွယ်မှာ စာတင်တဲ့ ၊စာမျက်နှာတွေဖွဲ့တဲ့ ၊ setting တွေရှိတဲ့ Dashboard ကိုတော့ WordPress CMS လို့ခေါ်ပါတယ်။
WordPress က သူ့ရဲ့ blog. အသုံးပြုသူတွေကို သူတို့ရဲ့ Wordrpress CMS ခလုတ်ခုံကြီးနဲ့ရင်းနှီးအောင် အခမဲ့ပေးသုံးထားပါတယ်။
တစ်ခုပဲရှိတာက တကယ့် ပြုပြင်ချင်တဲ့အပိုင်းတွေ၊ ဥပမာ Theme အသစ်တွေထပ်ထည့်ချင်တယ်။ Plugin အလန်းတွေသုံးချင်တယ်။ ဒါမှမဟုတ် ကိုယ်တိုင် Coding တွေထည့်ချင်တယ်ဆိုရင်တော့ Blog မှာအဲဒီ Function တွေသုံးမရအောင်တားမြစ်ထားပါတယ်။
WordPress CMS ကိုအပြည့်အဝသုံးချင်တယ်ဆိုရင် နည်းလမ်း နှစ်မျိုးရှိပါတယ်။
တစ်ခုကတော့ Free user ကနေ လစဥ်ကြေးပေးပြီးသုံးရတဲ့ user အဖြစ်အဆင့်မြှင့်လိုက်တာပါ။
နောက်တစ်ခုကတော့ WordPress CMS Software ကြီးကို ကွန်ပျူတာထဲ ဒေါင်းလုတ်ဆွဲ  စက်ထဲမှာ Install ပြုလုပ်ပြီး ကိုယ်ကြိုက်တဲ့ website ကိုအစကနေစတည်ဆောက်။ ကိုယ့်ဘာသာ hosting ထားစရာနေရာရှာ ။ ကိုယ့်ဘာသာ maintain လုပ် ။ဒီလိုပါ။
တစ်ခုသိရမှာက အဲဒီလို စက်ထဲ ထည့်သုံးလိုက်ဖို့ အခြားလိုအပ်တဲ့ Software တွေရှိပါတယ်။ ဥပမာ Wamp server. တို့။ Xampp တို့ ။
WordPress CMS. ကိုစက်ထဲသွင်းပြီး လည်ပတ်တာနဲ့ ..မိမိ စိတ်ကြိုက် website ကို မိမိကြိုက်သလို ဒီဇိုင်းလုပ်လွတ်လွတ်လပ်လပ်ဖန်တီးလို့ရပါပြီ။
အဲဒီလို CMSကိုသုံးတဲ့အတွက် အဖိုးအခ တစ်ပြားမှမပေးရပါဘူး။
ဒါပေမယ့် Website တစ်ခု လုပ်ဖို့ အလကားမရပါဘူး။
ကျွန်တော်တို့က CMS ကြီးနဲ့တော့ WEbsite ကိုရေးပြိးပြီ။
ဒီ Website ကြီးကို အင်တာနက်ပေါ်ဘယ်လိုတင်မှာလဲဆိုတဲ့ မေးခွန်းကရှိလာပြီ။
ဒီ Website ကြီးကို ထားစရာနေရာကို Hosting လို့ခေါ်ပါတယ်။
Hosting ငှားစားတဲ့ ကုမ္ပဏီတွေအများကြီးရှိပါတယ်.
Hosting ဘာကြောင့်လိုတာလဲဆိုတော့ ကျွန်တော်တို့က ကျွန်တော်တို့ Website တွေကို ၂၄ နာရီ ၇ရက် တစ်ချိန်လုံးအင်တာနက်မှာရှိစေချင်တယ်။
အဲဒီလိုဖြစ်ဖို့အတွက် အချိန်ပြည့်ရနေတဲ့ လျှပ်စစ်မီး၊ အင်တာနက်၊ နဲ့ အချိန်ပြည့်ဖွင့်ထားတဲ့ ကွန်ပျူတာတွေလိုပါတယ်။
ကျွန်တော်တို့လည်း အဲဒီလို အချိန်ပြည့်အင်တာနက်၊ မီးနဲ့ ကွန်ပျူတာလည်းအချိန်ပြည့်ဖွင့်မထားနိုင်ဘူး။
ဒါကြောင့် အဲဒီလို အချိန်ပြည့် Facitlity ဖွင့်ပေးထားပြီး ဝန်ဆော်ငမှုပေးတဲ့ သူတွေဆီက နေ ကိုယ့် WEbsite လေးအတွက် တစ်နေရာစာငှားဖို့လိုပါတယ်။
ကိုယ်မကြည့်နိုင်တာတွေကို သူတို့က ကြည့်ပေးတယ် ၊ ဂရုစို်က်ပေးတဲ့အတွက်
ဝန်ဆော်ငခတော့ပေးရတာပေါ့ ။
မဟုတ်ရင် ကိုယ်တိုင် ဖန်တီးယူရမှာလေ။
အဲဒီမှာလည်း နေရာမျိုးစုံရှိတယ်ဗျာ။
ကိုယ်ပိုင်အိမ်နဲ့တူတဲ့ Hosting
ကွန်ဒိုနဲ့တူတဲ့ Hosting
တိုက်ခန်းငှားနေရသလိုဖြစ်တဲ့ Hosting တွေ
သိတဲ့အတိုင်း ပိုပြီးသီးသီးသန့်သန့် ဖြစ်ချင်ရင် ပိုစျေးကြီးတဲ့  hosting ယူရမှာပေါ့။ ကိုယ်ပိုင်အိမ်လိုဖြစ်တဲ့အတွက် ကိုယ့်ပြဿနာကိုယ်ရှင်း ဆိုတာမျိုးပဲဖြစ်မယ်။
ငှားနေရတဲ့အခါမှာတော့ အခြားကိုယ့်လို ဘတ်ဂျတ်ချွေတာသူတွေနဲ့ အတူ မျှသုံးရတာရှိမယ်။ ကုမ္ပဏီကလည်း ဒီလိုမျှသုံးသူတွေအားလုံးအတွက် လိုအပ်တာတွေလုပ်ပေးမယ်။ အဲဒီလိုပုံစံနဲ့  Hosting လည်းရှိတယ်။
သူ့ကိုတော့ Shared Hosting လို့လူသိကြတယ်။ သူကတော့ တစ်လကို 8 USD လောက် အနည်းဆုံးကုန်နိုင်ပါတယ်။
ဒါပေမယ့် မျှသုံးရတဲ့အတွက် မိမိ Website က လူအရမ်းဝင်တယ်။ အရမ်းအလုပ်များလာတယ်ဆိုရင်တော့ ငှားနေလို့မရတော့ပါဘူး။ သီးသန့်အိမ်ဖြစ်တဲ့
Dedicated Server တွေငှားပြီး ကိုယ့်ဘာသာ ထိန်းသိမ်းရမှာပါပဲ။
 ဒီမှာပြောဖို့ကျန်တာက WEbsite တွေတစ်ခုနဲ့တစ်ခုဆောက်ထားပုံချင်းမတူပါဘူး။
WordPress ကတော့ သာမန်လူတွေသုံးလို့အလွယ်ဆုံးပါပဲ။
ဘာကြောင့်လဲဆိုတော့ Blog မှာသုံးတဲ့ ပုံစံအတိုင်းသုံးလို့ရတာရယ် ကုတ်တွေရေးသားရတာတွေရယ် မလိုအပ်သလောက်မိုလို့ပါပဲ။Plugin တွေလည်းအများကြီ:ရှိပါတယ်။
ဒါကြောင့် သာမာန် သတင်းအချက်အလက်ပဲ ပေးတဲ့ Website မျိုးတွေမှာ WordPress ကိုသုံးတာအဆင်ပြေပေမယ့်။
ကြီးမားတဲ့ Database တွေ ရှာဖွေရေးWebsite တွေ ၊ ပိုမိုရှုပ်ထွေးတဲ့ ဖွဲ့စည်းပုံတွေရှိတယ်ဆိုရင်တော့ အခြား Joolma CMS  တို့ Drupal CMS တို့သုံးတာ ပိုကောင်းပါတယ်။
ဒါပေမယ့်လည်း အဲဒီ CMS တွေကတော့ သာမန်လူလွယ်လွယ်နဲ့ အသုံးပြုတတ်ဖို့ ခက်ခဲလေ့ရှိပါတယ်။
နောက်တစ်ခုကတော့ ဒီထက်ပိုအဆင့်မြင့်တဲ့ website တွေ..ဆိုရင်တော့ CMS မသုံးပဲ သီးသန့် ကိုယ်ပိုင် Programm ရေးပြီး တည်ဆောက်ကြပါတယ်။ ကျွမ်းကျင်မှု နဲ့ပညာရှင်လိုပေမယ့် ပိုပြီးလွတ်လွတ်လပ်လပ်ဖန်တီးနိုင်တာပေါ့။
Website လည်းဆောက်ပြီးပြီ။ Hosting လို့ခေါ်တဲ့ သိမ်းဆည်းတဲ့နေရာလည်းရပြီဆိုရင်တော့
ကိုယ့်Website ကိုလိပ်စာပေးရပါသေးတယ် ။ လိပ်စာမရှိရင် ကျန်တဲ့သူတွေက ကိုယ့်ဆီဘယ်လိုလုပ်ရမလဲ သိမှာလဲနော်။
ဒါကြောင့် လိပ်စာ လို့ ခေါ်တဲ့ Domain address တွေကို ငှားရပါတယ်။
ဒီမှာဘာလို့ ဝယ်တယ်လို့ မပြောတာလဲဆိုတော့ ဘယ် ဒိုမိန်းကိုမှ အပိုင်ဝယ်ထားလို့မရပါဘူး။
နှစ်ပေါင်းများစွာ ငှားထားလို့ပဲရှိပါတယ်။
www.google.com တို့ www.facebook.com တို့ဆိုတာတွေက ဒိုမိန်းလိပ်စာတွေပါ။
ကိုယ်လိုချင်တဲ့ လိပ်စာ ကသုံးနေတဲ့သူရှိမရှိ လိုက်ရှာ ၊ မရှိရင် ငှားသုံးလို့ရပါတယ်။
ဒိုမိန်းအသစ်တွေဆိုရင်တော့ စျေးပေါလေ့ရှိပါတယ်။ တစ်လမှ တစ်ဒေါ်လာကျော်ကျော်ပဲကျလေ့ရှိပါတယ်။
ဒါပေမယ့် နာမည်ကြီးပြီ:သား ဒိုမိန်းတွေ ။ လူတိုင်းသိနေတဲ့လိပ်စာတွေ။ သိသာထင်ရှားတဲ့နာမည်တွေ ၊ အမည်လှလှတွေဆိုရင်တော့ ဒိုမိန်း ပွဲစားတွေလက်ထဲရောက်နေလေ့ရှိပါတယ်။
ဒိုမိန်းပွဲစားတွေက လူကြိုက်များ စိတ်ဝင်စားနိုင်မယ့် ဒိုမိန်းတွေကို ကြိုတင်ဝယ်ထားပြီး
တကယ်အသုံးပြုချင်တဲ့သူရှိမှ ဈေးကြီးကြီးနဲ့ပြန်ရောင်းတာပါ။
တကယ်အောင်မြင်လာတဲ့ website တွေမှာဆိုရင် နာမည်တစ်ခုကလည်းတော်တော်အရေးကြီးပါတယ်။
Facebook ဆိုရင် သူ့ရဲ့ မူရင်းနာမည်က thefacebook.com ပါ။
The  မပါတဲ့နာမည်လိုချင်ပေမယ့် သုံးနေတဲ့သူရှိတဲ့အတွက်ကြောင့် facebook.com ကို အသုံးပြုနေတဲ့သူဆီကနေ ဈေးကြီးကြီးပေးပြီး ပြန်ဝယ်ထားရတာဖြစ်ပါတယ်။
ဒါကတော့ ဒိုမိန်းအကြောင်းပေါ့။
ဒါဆိုရင် website တွေမှာဘာတွေပါလည်းမြင်လောက်ပြီထင်ပါတယ်။
Domain အိမ်လိပ်စာရယ်
Hosting ဆိုတဲ့ နေရာတိုက်ခန်းတွေရယ်
CMS လို့ခေါ်တဲ့ website ဆောက်တဲ့ ဆော့ဖ်ဝဲတွေရယ်ပေါ့။
Website ရဲ့ရှုပ်ထွေးပုံ ၊ နဲ့ အသုံးပြုမယ့် Function တွေပေါ်မူတည်ပြီး တည်ဆောက်ရတာလည်းလက်ဝင် အလုပ်ရှုပ်လေ့ရှိပါတယ်။ တကယ် လို့ဆောက်ပြီးသွားရင်တောင် ဒီတိုင်းပြီးတာမဟုတ်ပါဘူး။
လက်တည့်စမ်းချင်တဲ့ ဟက်ကာတွေရန်ကို တတ်နိုင်သလောက်ကြိုတင်ကာကွယ်တာမျိုး။
အမြဲတင်ထားတဲ့ အချက်အလက်ဒေတာတွေ အကြောင်းအမျိုးမျိုးကြောင့် ပျောက်မသွားအောင်
Backup ပုံမှန်လုပ်တာမျိုး။  website ပုံမှန်အလုပ်လုပ်နေလားမလုပ်နေလား စစ်တာမျိုးတွေကပါပါသေးတယ်။
ဒါတွေအားလုံးကသာမာန် လူအကြမ်းဖျဉ်းနားလည်ဖို့ပါ။
ကျွန်တော်လည်းသာမာန်လူပါပဲ။ ဒါကြောင့် ကျွန်တော်နားလည်ထားတဲ့ပုံစံအတိုင်းရိုးရိုးစင်းစင်း ပြန်လည် ရေးပြတာဖြစ်ပါတယ်။

E Government နှင့် လတ်တလော အလွဲများ

လက်ရှိ အစိုးရကတော့ E government တည်ဆောက်မယ်ဆိုပြီး ကြွေးကြော်လှုပ်ရှားနေတယ်။
အရင် အစိုးရလက်ထက်တည်းက လည်း ကြွေးကြော်နေတာပါ။
E government ဆောက်မယ်ဆိုပြိး တစ်ခေါက်အော် တိုင်း Website တွေတစ်ခါပြောင်းသွားတာ။ Web address အသစ်တွေ ပေါ်လာတာသာထူးခြားတယ်။ ကျန်တာတော့ဘာမှ ထူးထူးခြားခြား ပြောင်းလဲမှုမရှိပါ။

အခုပြောချင်တာကတော့ .. E government လုပ်ဖို့ ရှေ့ဆက်တိုးရာမှာ အခက်အခဲဖြစ်နေတဲ့အပိုင်းတွေအကြောင်းပါ။

ကျွန်တော် က အစိုးရဝန်ထမ်းလည်းမဟုတ်ဘူး။ အပြင် ကုမ္ပဏီလုပ်ငန်းလုပ်နေသူလည်းမဟုတ်ဘူး။
ဒါပေမယ့် အစိုးရ နဲ့ဆက်နွယ်တဲ့အဖွဲ့အစည်းတွေ နဲ့ပတ်သက်ပြီး Website ကူတည်ဆောက်ပေးဖူးတာရှိတယ်။ လုပ်ငန်းလည်ပတ်ရာမှာ ဖြစ်နေတဲ့ပြဿနာတွေကိုမြင်ခဲ့ဖူးတယ်။

ဝန်ကြီးဌာန အဆင့်၊ ဗဟို အဆင့်ဌာနတွေမှာတောင် နည်းပညာဌာနမရှိလို့ ရုံးတွင်းက ကွန်ပျူတာ ပြဿနာ ၊ နည်းပညာပြဿနာမှန်သမျှ ကြုံသလိုဖြေရှင်းနေကြတာကိုလည်းမြင်ခဲ့ဖူးတယ်။
အိုင်တီဌာန ကို ဖွဲ့စည်းဖို့ အတွက် လူအရင်းအမြစ်မရှိဘူးလား။ ကျွမ်းကျင်သူမရှိဘူးလား။

အခုလို ရုံးတွင်းနည်းပညာနဲ့ပတ်သက်တဲ့အလုပ်တွေလည်ပတ်ဖို့ တောင် အဆင်မပြေမှတော့ Website တွေ ၊ဒီထက်အဆင့်မြင့်အသုံးချလာမယ့်နည်းပညာတွေ၊ Data center စတာတွေ ၊လုံခြုံရေးပိုင်း ကိစ္စတွေ ။ ဒါတွေကို ဘယ်လို ဖြေရှင်းကြတော့မလဲ။

လတ်တလော အခြေအနေမှာ အစိုးရ ဌာနတွေ၊ တက္ကသိုလ်တွေအားလုံးနီးပါးရဲ့ website တွေကို ပြင်ပပုဂ္ဂလိက ကုမ္ပဏီတွေက နေတာဝန်ယူ တည်ဆောက်ပေးထားတယ်။
အစိုးရက နေ Standard CMS ချထားတာလည်းမရှိတော့ ကုမ္ပဏီကပြောတဲ့ အတိုင်းသာ လုပ်ဖြစ်နေတာမျိုးများတယ်။ နောက် ပြီးတော့ Website ကို ကိုင်တွယ်ခွင့်တွေကလည်း လူကြီးတွေကိုပေးထားတယ် ။ အဲဒီလူကြီးတွေကလည်း ဒီအတွက် လေ့လာဖို့အချိန်မပေးနိုင်ဘူး။
ဒါကြောင့် မို့ Website တွေက လှုပ်ရှားသက်ဝင်မှုမရှိပဲသေနေတယ်။
သူတို့ရဲ့အောက်မှာရှိတဲ့ ဝန်ထမ်းငယ်တွေကျတော့လည်း အခုအချိန်ထိ website ကိုင်တွယ်ရမှာကို သရဲသဘက်လို ကြောက်နေကြတယ်။စိမ်းနေတယ်။
ပုဂ္ဂလိက ကုမ္ပဏီတွေက လည်း post တင်တာလောက် ကိုတောင် သေသေချာချာ မသင်ပေးခဲ့တဲ့အတွက် သူတို့ဆီမှာ ဘယ်လိုဟာဖြစ်သင့်သလဲ ဘယ်လို ရေးသင့် သလဲမသိကြဘူး။
စာမျက်နှာတွေကိုပြင်ဆင်ဖို့ အတွက် ဘာညာဆိုလည်း တစ်ချိန်လုံး ကုမ္ပဏီကို အားကိုးနေရဖို့များတယ်။
ဒီလိုအားကိုးရတဲ့အတွက်ကြောင့် လုံခြုံရေးပိုင်းဆိုင်ရာ မှာ ပြဿနာတွေလည်းရှိနိုင်တယ်။
အခု အချိန်မှာ ဒေတာတွေ နဲ့သိပ်အလုပ်မလုပ်ရသေးပေမယ့် တကယ် E government လုပ်ချင်ပြီဆိုရင်
အချက်အလက်အားလုံးက အင်တာနက်ကတဆင့် သွားမှာဖြစ်တဲ့အတွက် ကြားမှာ ဖြတ်ယူ ပြီးပြောင်းလဲ လို့ရတဲ့ နည်းပညာတွေကလည်း ရှိနိုင်တာကို။
နောက်တစ်ခုကတော့ အကြောင်းအမျိူးမျိုးကြောင့် ပျက်စီး ပျောက်ဆုံးသွားနိုင်တာလည်းရှိသေးတယ်။
အဲဒါတွေအတွက်က တော့ ပြင်ပကုမ္ပဏီလက်ထဲအပ်ထားတာဟာ ကိုယ့်အသက်ကို သူများလက်ထဲအပ်ထားသလိုပဲဖြစ်မှာပဲ.။

တကယ်ဆို ဌာနမှာသာ IT department ရှိခဲ့ရင် အဲဒီDepartment ကလူက Website CMS တွေအကြောင်း နားလည်ရမယ်။ page တွေဘာတွေလောက်ကပြင်တတ်ရမယ်။ ဘယ် နားဘာဖြစ်နေလဲသိရမယ်။ တကယ်လို့ website ကိုကိုင်တွယ်ခွင့်တွေမှာ ရာထူးအလိုက် ခွဲခြားထားတာတွေ ရှိရင်လည်း ကိုင်တွယ်တဲ့သူတွေမှာ ပေါ်တဲ့ သာမာန်ပြဿနာတွေကို IT department ကလူကဖြေရှင်းပေးတတ်ရမယ်။

အဲဒီထဲမှာ လတ်တလော တက်နေတဲ့ ယူနီကုတ် ဇော်ဂျီပြဿနာလည်းပါတယ်။
ယူနီကုတ် ကို အရင်တည်းကသုံးနေကြတယ်ဆိုပေမယ့် .. သူကလည်း အဆက်မပြတ် ပြောင်းလဲနေတဲ့ထဲမှာပါတယ်။ သာမာန် ရုံးဝန်ထမ်းတွေကတော့ ကွန်ပျူတာစိတ်ဝင်စားသူမှမဟုတ်ရင် အသစ်ပေါ်လာတဲ့ဖြေရှင်းနည်းတွေ Software တွေအကြောင်းလိုက်နိုင်ဖို့ကမလွယ်ဘူး။ အခုကျတော့ ရုံးတွေမှာ သူတို့ သုံးတတ်တဲ့ software ၊ အဆင်ပြေတဲ့ စနစ် နဲ့ပဲ ရှေ့ဆက်သွားနေတယ်။ ပြောင်းလဲရမှာကြောက်တယ်ဆိုတာထက်
အသုံးပြုနေရင်း ပြဿနာပေါ်လာရင် မဖြေရှင်းတတ်လို့ အလုပ်တွေနှောင့်နှေးမှာစိုးတာလည်းပါတယ်။
အထက်လူကြီးကတော့ ရေဘူးပေါက်တာမလိုချင်ဘူး ။ ရေပါတာပဲလိုချင်တာလေ။
ဒါကလည်း တစ်ချက်ဖြစ်လိမ့်မယ်လို ထင်တယ်။

လက်တလောမှာ E government နဲ့ပတ်သက် တဲ့ပွဲတွေလည်း မတတ်ရဘူး။ ဘာတွေဖြစ်နေတယ်ဆိုတာလည်း မသိတဲ့အတွက် ဒီထက်တော့ ပိုမမြင်နိုင်ပါဘူး။ သတင်းတွေကတက်လာတဲ့ အချက်တွေရယ်။ ကိုယ့်ရှေ့မှာ မြင်ရသလောက်ရယ်ကိုပဲကြည့်ပြီး ကောက်ချက်ချနိုင်တယ်။
အခုအချိန်ထိ. အစိုးရအဖွဲ့ထဲမှာ E government အတွက် အစွမ်းကုန် ကြိုးစားမယ့်သူ စိတ်အားထက်သန်သူ မရှိသေးဘူးလို့ပဲမြင်မိတယ်။

အခုအချိန်မှာ ဘာပဲသိချင်ချင် အရင် အင်တာနက်ပေါ် တက်ကြည့်တာပါ။
သတင်း၊လိပ်စာ၊ ဖုန်းနံပါတ်၊ အကြောင်းအရာ… စသဖြင့်ပေါ့
နောင်လည်း ဒီထက်ပိုတက်ကြည့်ကြဦးမှာပါပဲ။
ကိုယ့်ရဲ့ Website တွေဆိုတာလည်း ဧည့်သည့်တွေလာကြည့်လို့ရတဲ့ ဧည့်ခန်းတွေ လိုပါပဲ။ သတင်းအချက်အလက် ပေးနိုင်ရင်ပေးနိုင်သလောက် ကိုယ့်အကြောင့် သူသိလေ။ ဆက်သွယ်စုံစမ်းဖို့လွယ်ကူလေပါပဲ.

တစ်ရာဖိုးသုံးပုဒ်

အခုတလော .Facebook မှာ personality test မျိုးလေးတွေ၊ ကိုယ့် profile ဘယ်သူကြည့်လဲဆိုတာတွေ..
ပြောရရင်တော့ quiz လိုမျိုးပေါ့လေ။
 အဲဒါလေးတွေ ပိုပိုခေတ်စားလာတာတွေ့ရတယ်။ ယခင်ကတော့ မြန်မာလိုသိပ်တွေ့လေ့မရှိဘူး။
အခုမြန်မာလိုပိုများလာသလို ပိုပိုပြီးတော့လည်း သုံးလာကြတယ်။
အဲဒါတွေရဲ့သဘောက သုံးမယ်ဆိုလို့ရှိရင် အရင်ဆုံးကိုယ့်facebook အကောင့်နဲ့Login ဝင်ရတယ်။
Login ဝင်ရတဲ့အတွက်ကိုယ့်အကောင့်သူများလက်ထဲပါသွားမလားဆိုတာတော့.. ဘယ်အတိုင်းအတာထိ ကိုယ့်အချက်အလက်တွေကိုသိခွင့်ပြုလဲဆိုတာပေါ်မှာမူတည်ပါတယ်။
အချို့တွေကတော့ ကိုယ့်ရဲ့email နဲ့ profile မှာဖော်ပြထားတဲ့ကိုယ့်ရဲ့basic information တွေတောင်းတယ်။
အချို့ကတော့ public wall post တွေကိုအသုံးပြုခွင့်တောင်းတယ် ။ အချို့တွေက friend list တွေပါတယ်။အချို့ကဓာတ်ပုံတွေပါတယ်။
ဒါတွေကိုအသုံးပြုခွင့်မပေးမှီမှာ Facebook ကနေပြီးတော့ ခွင့်ပြုမှာသေချာလားဆိုပြီး မေးတဲ့မေးခွန်းတစ်ခုပေါ်လာတယ်။
တော်တော်များများကတော့ yes ပဲနှိပ်ပေးလိုက်ကြတာပါပဲ ။ ဘာဘာညာညာတောင်သိပ်ကြည့်မနေတော့ဘူး။
အဲဒီသူတောင်းတဲ့အချက်တွေထဲကတစ်ခုခုကို ခွင့်မပြုရင်တောင် ကိုယ်လိုချင်တဲ့ quizz အဖြေကိုကြည့်လို့မရပါဘူး။
တကယ်လို့အကြောင်းတစ်ခုခုနဲ့ကိုယ့် wall ကနေကိုယ်မသိပါပဲ ..post တွေရှယ်နေတယ်။ post တွေတင်နေတယ်ဆိုရင်တော့ .. အပေါ်မှာပြောခဲ့တဲ့အချက်တွေကို မသိလိုက်မသိဘာသာပဲ ကိုယ်က ခွင့်ပြုပေးခဲ့လို့ဖြစ်နိုင်ပါတယ်။
ဒါဆိုရင် ဘယ်လိုလူတွေက ဒီ လို site တွေ quizzတွေလုပ်ပြီး ကျွန်တော်တို့ ရဲ့ အချက်အလက်တွေကိုရယူနေတာလဲ။ သူတို့တွေကဘယ်သူတွေလဲ။ဘယ်အဖွဲ့အစည်း ကုမ္ပဏီကလဲ။
ဘာကြောင့်သူတို့ဒါမျိုးတွေရယူတာလဲ ဆိုပြီးမေးစရာတွေရှိပါတယ်။
ဘာကြောင့်လဲ လို့အရှင်းဆုံးဖြေရရင်တော့ စီးပွားရေးလုပ်တာပါပဲ။
ကျွန်တော်တို့သိထားနားလည်ထားတဲ့စီးပွားရေးပုံစံတွေနဲ့မတူတာမျိုးပေါ့။
ကျွန်တော်တို့ရဲ့အချက်အလက်တွေကို သဘောရှိကလောဟိ ပေးလိုက်တဲ့သူတွေဟာ ဘယ်လိုလူဘယ်လိုအဖွဲ့အစည်းလဲဆိုတာတောင်မသိရဘူးနော်။
အဲဒါတွေနဲ့သူတို့ဘာလုပ်မလဲလို့လည်းဘယ်သူမှမသိဘူး။
ဒီအင်တာနက်ခေတ်မှာ လူတိုင်းလိုချင်တဲ့အရာတစ်ခုရှိပါတယ်။ အဲဒါကတော့ ကိုယ့်ရဲ့website ကိုလူများများလာစေချင်ကြတာပါ။
အဲဒီလိုလာလို့ဘာဖြစ်လဲလို့မေးစရာရှိပါတယ်။ သူတို့ site ကိုလူများများသိလေလေ ။ သူတို့နောက်ကို ကြော်ငြာတွေလိုက်လေလေပါပဲ။ ကြော်ငြာတွေ များများပြရလေ ပိုက်ဆံရလေလေပါပဲ။
ဒါကြောင့် ကိုယ်ကကြည့်ခတစ်ပြားမှမပေးရပေမယ့် သူတို့က ကြော်ငြာခတွေ အများကြိးရသွားတတ်ကြတာပါ။
ဒါက ကိုယ့်အတွက်သိပ်မထိခိုက်သေးပါဘူး။ အတင်းအဓမ္မ app တွေinstall လုပ်ခိုင်း credit card တွေဖြည့်ခိုင်းတာမှမဟုတ်ရင်ဘာမှကြောက်စရာမရှိပါဘူး။
နောက်တစ်ခုကတော့ ကိုယ့်ရဲ့အချက်အလက်တွေကို ရောင်းစားတာပါ။
ဒီလို သုံးစွဲသူတွေရဲ့အချက်အလက်တွေကို ဝယ်ယူအသုံးချသူတွေလည်းရှိပါတယ်။
စဉ်းစားကြည့်လိုက်ပါ။ ကိုယ်က ကုန်ပစ္စည်းတစ်ခု ထုတ်လုပ်ရောင်းချသူဆိုပါတော့
ဝယ်သူတွေဆီကို အိမ်တံခါးခေါက်ပြီးရောင်းတာက ပို ဝယ်ဖို့အခွင့်အရေးမများဘူးလား။
အဲဒီလိုပဲ ကိုယ့်ရဲ့ email တွေဖုန်းနံပါတ်တွေဆိုတာလည်း ကိုယ့်ရဲ့အွန်လိုင်းမှာရှိတဲ့အိမ်တွေပါ။
အဲဒီအချက်အလက်တွေက စီးပွားရေးသမားတစ်ချို့လက်ထဲရောက်ရင်ခင်ဗျားစိတ်ညစ်စရာကောင်းလောက်အောင်ကို . ဖုန်းတွေဆက် ။ အီးမေးလ်တွေပို့ပြီး ပစ္စည်းရောင်းပါလိမ့်မည်။
ကိုယ်မှမဝယ်တာ ဘာဂရုစိုက်စရာလိုမှာလဲလို့တွေးရင်တွေးမှာပေါ့။
အလုပ်အရမ်းရှုပ်တဲ့သူတွေမှာဆိုရင်တော့ အဲဒီလို အီးမေးလ်တွေ ၊ promotion ဆင်းတဲ့ဖုန်းတွေဟာ တော်တော်ကို စိတ်ရှုပ်စရာကောင်းတာပါ။
ဒါဟာကိုယ့်ရဲ့အခြေခံအချက်အလက်ပဲရှိပါသေးတယ်။ ကိုယ့်မွေးနေ့ဘာ ၊ ကိုယ်ဘယ်လိုလူဆိုတာတွေဆိုတဲ့အချက်အလက်တွေ က အဲဒီလိုသူများလက်ထဲပါသွားရင်တော့ ကိုယ်မသိလိုက်ခင်မှာပဲ
ကိုယ့်ရဲ့အားနည်းချက် ပျော့ကွက်တွေကို သူများတွေကသိနေပြီဖြစ်ပါတယ်။
ဒါကြောင့်လောလောဆယ်မှာတော့ facebook နဲ့google ကြီးကခင်ဗျားအကြောင်းကိုအသိဆုံးပါ။
အင်တာနက်မှာစီးပွားရေးလုပ်ပြီးဝင်ငွေကောင်းနေသူတွေအများကြီးရှိပါတယ်။  ခင်ဗျားမထင်မှတ်ထားလောက်အောင် ရနိုင်ပါတယ်။ ဒါပေမယ့် တစ်ဖက်မှာတော့ .. ဘယ်ပုံဘယ်နည်းနဲ့ ငွေရှာရမလဲသိတတ်ဖို့လိုပါတယ်။ လူပြိန်းကြိုက် website တွေက လူပိုဝင်ပါတယ်. တစ်ရာဖိုးသုံးပုဒ်တွေကို အားပေးတဲ့ပရိတ်သတ်က မနည်းပါ။
ဒါကြောင့်လဲ တစ်ရာဖိုးသုံးပုဒ်websitတွေများများပေါ်လာပြီး အဲဒီ အမှိုက်တွေကနေပဲ ရွှေထုတ်နေကြတာပေါ့။

Dream into action.

In 2013, after I have graduated from university of medicine, I actually didn’t know how to live my life.
I was desperate and hopeless like others fresh graduate. During my gap period, I realized that it was a good time to turn my dreams into action.
That’s why I started to create mobile apps which was my dream. Many people believe that programming is essential to develop software. In my view, it was possible to develop ordinary mobile apps with the help of online development tools.
The first one I made was zodiac app. I made it to test the capability of the tool. Unexpectedly, I found out a way to generate revenue from apps.
As soon as I published the app, it became viral one on Facebook which encouraged me to continue the development.
I was staying in my room every day and nights and figuring out how my app should be look alike.
My next product was mobile health app, called Myanmar Fist Aid.
The idea came from my prior experience of using heath apps during internship in hospitals.
At first, I considered to develop remedy app, but I was worried the accuracy of my treatment since I was not a professional in home remedies.
Then, I switched my idea to just first aid which is more resourceful and easy to find references.
By the time I released my app, I heard many applauses from users.
I am still thinking that it was a golden time with sharp and innovative ideas. I cannot create anymore like this because of not having a strong foundation on the subject.
I have published 6 apps so far on google play.
The one named “Myanmar Zodiac “ hit the 100,000 download in mid -2016.
Others are about 50000+ in average.
Some people would wonder that I could have generated much money from these downloads.
The reality is I couldn’t, because all my earnings were generated from banner ads.
Splash screen ads were not installed by me. It was from the company by which the tool was operated.
Splash screen ads used to generate more money than ordinary banner ads, according to the articles.
I once requested them to allow me to use splash screen ads, but they didn’t allow.
I believe my app is the most downloaded one which used their tool.
I think their revenue must be doubled than mine. If I were able to program myself and the ads installed in apps were all mine, I could have been rich.
With my 3 years of experience on apps, I should have found a small company.
However, I don’t have enough courage to do it.
At least, I should have someone, a closed friend, who are good in managing, along with developers who are easy to communicate.

So, what would be my another destiny.

screen-shot-2016-11-23-at-9-47-46-am

Top downloaded apps between 2015 and 2016. Myanmar First Aid

Page 2 of 5

Powered by WordPress & Theme by Anders Norén