Many Lives, Many Memories.

Category: Tech Page 3 of 5

How did I develop a website?

In this post, I am gonna explain about how did I develop my first web project.
Actually, I have never developed a real website; the greatest thing I have ever done was building blogs using templates.
My friend who I worked together in the conference offered me a project which was to develop a website for her organization.
I thought it wouldn’t be that difficult for me to take such responsibility.
I have some web developer friends, I can do most of the work and if there was something needed to be solved by professionals, I thought I could ask to my friend.
In reality, starting from collecting information, making a mockup and figuring out to be able to upload on server were all not not easy tasks.
Firstly, I researched how to write a proposal on Google search engine.
After submitting the proposal, designing the website step became a challenge.
Again, I researched some elegant themes on Google, discussed with my friend whether she liked it or not.
If I got confirmation, I began developing stage.
Fortunately, I chose WordPress to manage contents, which is simple and a lot of useful plugins can be found in the store.
Since I didn’t have prior knowledge on which plugins should I use, I tested recommended plugins from tech blogs, one by one.
Experienced developers recommended to develop website offline on your computer.
So I followed their suggestion ,but building a workplace to be able to handle that website in my computer was also a complicated task.
After drafting the website, another step is to upload it online.
I rented  a hosting and domain name from a US based company.
Again, I didn’t know how to upload this huge website on the database.
Couples of days were spent to be able to find the appropriate solution.
I used a plugin called “Duplicator”, installed it on WordPress, export the frame of the website, but media data were left behind.
Finally, I successfully migrated the website to online database and then, linked it with the domain name.
There were more details steps in the process , but I will leave it for now.
Remaining data such as images and videos were compressed into a zip folder and uploaded separately into cpanel of the hired hosting.
After I placing the media folder at the right location, website was available live online
It was actually not a final step, in order to make sure the functionality of the website, I uploaded and removed several times before I handed it over to the client.
Monthly backup schedule was also set up by defining the backup location in free cloud storage, Dropbox.
I tested the speed of the website with some speedster which said I need to reduce image size to make it faster.
I did all the necessary tasks I thought I should do.
However, I forgot to hide my personal information during registering the website.
Although I hid it as soon as I realized that is security weakness, I cannot erase remaining traces which are all on google.
I created several tutorial videos alongside with website manual and handed it over to the client.
I successfully finished up my project .
As an experience, I knew basic stages of web development.
My only weakness was unable to perform coding.
 I could not be sure how high is the website security though I used some security services from a hosting company.
Whenever I have spare time, I used to look up the website.
I am quite satisfied with my work . Despite not being perfect, it is still a good looking one among other ugly websites.

မြန်မာနိုင်ငံရဲ့ E-government အခြေအနေ

မနေ့ကတော့ အမေရိကန်သမ္မတက လက်ကျန်ရှိနေတဲ့ ဆန်ရှင်တွေအားလုံးဖယ်ရှားလိုက်ပြီလို့ကြားမိတယ်။
ဖေ့စ်ဘွတ်ကသိတာတော့မဟုတ်ပါဘူး။ အဖေပြောတာနဲ့ ပဲ Google မှာသတင်းခေါက်ကြည့်လိုက်တာ .
ဟုတ်တယ်.. ခရိုနီတွေ စစ်ဗိုလ်ချုပ်တွေအားလုံးကို ဆန်ရှင်ပိတ်ထားတာကနေဖယ်ပေးလိုက်ပြီ။
ဦးသန်းရွှေတို့ ၊ဦးတေဇတို့ စတီဗင်လောတို့ပါပါတယ်။

ထားပါတော့. တကယ်တမ်းပြောချင်တာကဒီနေ့ MICC2 ကို E-government နဲ့ပတ်သက်ပြီးလုပ်တဲ့ပွဲတစ်ခုကိုသွားတက်တာနဲ့ပတ်သက်ပြီးပြောချင်တာ.
ပွဲကတော့မနေ့တည်းကစနေတာ. ဒါပေမယ့် ..သတိလက်လွတ်ဖြစ်သွားတော့ မသွားလိုက်မိဘူး။
မနေ့ကတော့ ယူနီကုဒ်နဲ့ဆိုင်တာတွေပြောတယ်ကြားတယ်။ အဲဒါလေးတွေနားထောင်ကြည့်ချင်တာ.
ဒီနေ့ကတော့ ထိုင်ဝမ်ကနေ လာပြောတာတွေနားထောင်ရတယ်။
တစ်ယောက်ကတော့ သူတို့ အဖွဲ့အစည်းကနေ ထိုင်ဝမ်မှာ E-government ဖြစ်လာဖို့ဘယ်လိုအထောက်အကူပြုခဲ့လဲဆိုတာပြောတယ်။
နောက်တစ်ယောက်ကတော့ smart city အကြောင်းပြောတယ်။
နောက်ဆုံးကတော့ medium and small enterprise တွေအတွက် database စနစ်အကြောင်းပြောပါတယ်။

ပုံမှန်ဆို အဲဒီလိုတွေပြောရင်အိပ်ငိုက်လေ့ရှိတယ်။ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာမို့လားတော့မသိဘူး။ တစ်ချက်မှမသမ်းမိဘူး..

အဲ.. တစ်ခါတော့သမ်းမိတာပေါ့ဗျာ။
သူတို့ဆီမှာ၁၉၉၀ တည်းက infrastructure တွေစတည်နေပြီ။
ဒီမှာတော့ ဘာမှမရှိသေး ။သုညကစရမယ်ဆိုတာ သေချာတယ်။

သူတို့ပြောတဲ့အားလုံးကွန်ပျူတာစနစ်နဲ့ပဲထိန်းချုပ်သွားတဲ့အဆင့်ရောက်ဖို့ ဘယ်လိုသွားရမလဲတောင်မသိဘူး။
အခြေခံတွေတောင်မြန်မာနိုင်ငံမှာမရှိသေးဘူးလေ။
တကယ်ကမရှိတာကရှိအောင်လုပ်လို့ရပါတယ်။
ဒါပေမယ့်.. အချို့ကမရှိတာမဟုတ်ပဲ. ရှိတဲ့ကိစ္စတွေက အရှုပ်ထုတ်ဖြစ်ပြီး သပွတ်အူလယ်နေတာ.
ကြည့်ုလိုက်ရင်တော့အားကျစရာကြီးတွေပေါ့…
ဘာမဆို စက္ကူမပါဘဲလုပ်တဲ့အတွက် ..ကာဗွန်သုံးတာလည်းလျှော့ပြီးသာဖြစ်မယ်။
တစ်ခုခုမှတ်ပုံတင်ချင်တာ ပြောင်းလဲချင်တာရှိရင်.. တစ်ရုံးဝင်တစ်ရုံးထွက်သွားစရာမလိုတော့ဘူး။
တစ်နေရာမှာ ပြင်ဆင်လိုက်တာနဲ့အားလုံးအလိုအလျောက်ပြောင်းပြီးသွားဖြစ်သွားတယ်။
ဘတ်စ်ကားဘယ်အချိန်ရောက်မလဲ ..ဘယ်နေရာမှာလမ်းပိတ်နေသလဲစတာတွေကအစ.
မီတာဆောင်တာ. ယာဉ်မောင်းလိုင်စင်မှတ်ပုံတင်တာ.စတာတွေအဆုံးပေါ့.

မြန်မာနိုင်ငံအစိုးရရဲ့ ပုံစံကြည့်ရတာ နည်းပညာကို အားသွန်ခွန်စိုက်လိုက်ချင်ပုံမပေါ်ဘူး။
၈၀ ခုနှစ်လောက်မှာကျန်နေခဲ့သလိုပဲ။
E-government ဆိုပြီးသာပြောနေတာ ဘယ်အစိုးရရုံး. ဘယ်ဝန်ကြီးဌာနကြည့်ကြည့် အိုင်တီဌာနရှိလားမေးရင်မရှိတာများတယ်။
ရှိတယ်ပဲထားဦးတော့.. သူတို့လုပ်တတ်တာဘာမှမရှိဘူး။
ဝန်ကြီးဌာန website တွေဆိုလဲ.. ရုပ်ပျက်ဆင်းပျက်ပဲဖြစ်နေတာတွေအများကြီးပဲ..
သမ္မတရုံး အပါအဝင်ပေါ့.
တစ်ခုခုလုပ်လိုက်ရင်ပျက်သွားမှာကြောက်တာ မလုပ်ရဲတွေနဲ့ ဘယ်လိုများ E-government ကိုသွားကြမလဲတောင်မသိဘူး။
လောလောဆယ်တော့ ဖေ့စ်ဘွတ်ကြီးကိုပဲအားကိုးနေတယ်။

ဒီလိုစနစ်စနစ်တွေတည်ဆောက်မယ်ဆိုလို့ရှိရင်.. အခြေခံလိုအပ်ချက်တွေရှိတယ်.
ပထမဆုံးကတော့လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်ပေါ့။
အခုတော့အဲဒီအဆင့်တော့ရောက်နေပါပြီ။
ပြီးရင်တော့ ဘယ်သူတွေကဦးဆောင်လုပ်မလဲဆိုတာ သတ်မှတ်ရမယ်။
ဟိုဌာန ကမိုလို့ဆွဲထည့်တာ ဒီဌာနက မိုလို့ဆွဲထည့်တာဆိုတာ မဖြစ်သင့်ဘူး.
အဲဒီလိုဆွဲထည့်တွေ များရင် လူသာများပွဲမစည်ဖြစ်တတ်တယ်။
တကယ်တတ်ကျွမ်းသောသူ .. ကိုယ့်နယ်ပယ်မှာကိုယ်ကျွမ်းကျင်တဲ့သူတွေပါဝင်သင့်တယ်။
အဲဒီတော့ အဲဒီလူတွေအားလုံးကို ထိန်းကွပ်နိုင်ဖို့ သူတို့အားလုံးပေါ်အာဏာ ညောင်းသောသူတစ်ယောက်ကတော့ရှိရတယ်။
အဖွဲ့အစည်းတစ်ခုဖွဲ့လိုက်ပြီးတော့ ထိပ်ဆုံးကလူက ဘာမှမသိပဲ နောက်က လူတစ်ယောက်စနှစ်ယောက်စ က အကုန်လုပ်နေရင်လည်းမဖြစ်ဘူး။
အောက်ကလူကအားလုံးသိတယ် ။ဒါပေမယ့်ဆုံးဖြတ်ပိုင်ခွင့်က အပေါ်လူမှာရှိတော့ အဲဒီလူဆီရောက်အောင်လုပ်ရသေးတယ်။
နားလည်အောင်ရှင်းပြရသေးတယ်။
အပေါ်ဆုံးလူကအရမ်းလုပ်နေပြီး အောက်ကမပါရင်လည်း သေဖို့ပဲရှိတယ်။

အပေါ်ကော အောက်ကော အပေးအယူမျှဖို့လိုတယ်။
အဖွဲ့အစည်းများလူများဖို့မလိုပါဘူး။ ကျစ်ကျစ်လစ်လစ်နဲ့အလုပ်လုပ်နိုင်ဖို့ အစွမ်းအစရှိတဲ့လူတွေနဲ့ဖွဲ့မယ်။
လိုအပ်ရင်လိုအပ်သလို အကူအညီရနိုင်မယ့်သူတွေကိုအရန်ထားမယ်။
သူတို့တွေက ဆုံးဖြတ်ချက်ချတဲ့နေရာတကာမှာတော့ပါမှာမဟုတ်ဘူး။ ဒါပေမယ့် လိုအပ်သလိုတိုင်ပင်ပေးမယ်။ ကူညီပေးမယ်။ ဒါမျိုးတွေလုပ်ပေးဖို့လိုတယ်။

လုပ်မယ်ဆိုတဲ့အဖွဲ့ရှိပြီဆိုရင်.
လုပ်မယ့်အဆင့်တွေတဆင့်ပြီးတဆင့် စဉ်းစားရတော့မယ်။
အချို့ဟာတွေက တစ်ခုပြီးမှ တစ်ခုလုပ်ရမှာဖြစ်ပေမယ့်
အချို့ကတော့ ပြိုင်တူ စတင်ထားလို့ရတယ်.

စနစ်ြကီးတစ်ခုစတည်ဆောက်မယ်ဆိုရင်
လိုမှာက ေငွ၊ နည်းပညာ၊ လူပေါ့
အရင်ဆုံးကတော့ ဘာလုပ်မယ်ဆိုတဲ့ပေါ်လစီချရမယ်။
အဲဒီထဲမှာ ဘာနည်းစနစ်ကိုသုံးမလဲ။
ဘယ်လောက်ေငွသုံးမလဲ။

အဆင့်တစ်ခုနဲ့တစ်ခုဘယ်လိုချိတ်ဆက်မလဲ။
ဘာတွေလုပ်လိုက်ရင်ဘာတွေကောင်းသွားမလဲလိုက်တွက်ချက်ဖို့လိုတယ်။ဒါမှ ဘာတွေအဓိကထားလုပ်မလဲ သိလိမ့်မယ်
ဘက်ဂျက်ကိုတွက်ကြည့်ရမယ်။ ဘယ်အဆင့်ဆိုဘယ်လောက် ကုန်မလဲ။
တစ်ခုခုတည်ဆောက်ပြီးတော့မှ နောက်ပိုင်းအဆင့်မြှင့်မယ်စနစ်တွေနဲ့ မကိုက်ညီလို့ ပြန်ဖျက်ပစ်ရတယ်ဆိုတာမျိုမဖြစ်ရအောင် သေချာစဉ်းစားဖို့လိုတယ်။
မဟုတ်ရင် ဘက်ဂျက်တွေဖြုန်းတီးသလိုဖြစ်မယ်။

စံစနစ်ဆိုတာတွေလည်းပါလာတော့မယ်။
အဲဒါနဲ့အတူ ဥပဒေတွေလာမယ်။
အခြားနိုင်ငံတွေမှာဒီပြဿနာရှိမရှိတော့မသိဘူး. မြန်မာနိုင်ငံမှာတော့စံပြဿနာကတော်တော်စိတ်ညစ်ဖို့ကောင်းပါတယ်။
အရင်ဆုံးအစိုးရကလိုက်နာရမယ်။ပြီးတော့ ပုဂ္ဂလိက ကုမ္ပဏီတွေ၊ မီဒီယာတွေ ၊နောက်ဆုံးမှ ပြည်သူပေါ့.
အစိုးရကိုယ်တိုင်ကိုယ်က ယောင်ဝါးဝါးဖြစ်နေတယ်။
ဘာစံကိုလိုက်နာလို့လိုက်နာရမှန်းမသိ.ကြေညာချက်တွေစွတ်ထုတ်ပြီးအောက်က ဝန်ထမ်းတွေက လိုက်မှမလုပ်ကြတာ။

အချက်အလက်သိမ်းဆည်းတဲ့နေရာ ဒေတာဘေ့စ်တွေ အများကြီးလိုလာမယ်။ စတိုခန်းလို့ပေါ့။
သူတို့က ရန်သူမျိုးငါးပါး ဒဏ်က ခံနိုင်ရည်ရှိရမယ်။
လျှပ်စစ်အချိန်ပြည့်ရရမယ်။ တစ်ခုခုဖြစ်ခဲ့ရင် အရန်အချက်အလက်တွေပြန်ယူလို့ရရမယ်။ အလွယ်တကူထိုးဖောက်ဝင်ရောက်လို့မရရဘူး.
တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့အချက်အလက်တွေသိမ်းဆည်းရမယ့်နေရာလေ၊
အရေးကြီးတာပေါ့ ။
လူတွေရဲ့ကိုယ်ရေးအချက်အလက်တွေ၊ေငွကြေးအချက်အလက်၊ကျန်းမာရေးအချက်အလက်၊ မြို့ပြအချက်အလက်၊မော်တော်ယာဉ်အချက်အလက်စတာတွေအားလုံးရှိနေမယ့်နေရာ။
ဒါတွေကို လက်ရှိသိမ်းထားတဲ့ စာရွက်စနစ်တွေကနေ ကွန်ပျူတာထဲထည့်သွင်းလို့ရတဲ့စနစ်ပြောင်းရမယ်။
အဲဒီထည့်သွင်းတဲ့နေရာမှာ လည်းစနစ်ရှိတယ်လေ။တစ်ယောက်ကိုထည့်နည်းတစ်မျိုးစီထည့်နေရင် ဘယ်လိုပြန်ရှာလို့ရတော့မှာလဲ။
ဒီအချက်အလက်တွေကပြန်ရှာရမှာပြန်သုံးရမှာ ဒါကြောင့် .ထည့်သွင်းတာမှာကော ၊ ကူးပြောင်းရာမှာကော ၊ ပြန်သုံးချတာကောမှာ တပြေးညီစနစ်တစ်ခုတည်းဖြစ်ဖို့လိုတယ်။
ဒီနေရာမှာ မြန်မာစာစနစ်ကိုသုံးမလား၊အင်္ဂလိပ်စာစနစ်ကိုသုံးမလား။
နှစ်မျိုးသုံးမယ်ဆိုရင်ကော ဘယ်အတိုင်းအတာအထိမြန်မာလိုသုံးမလဲ ဘယ်လောက်အထိ အင်္ဂလိပ်လိုသုံးမလဲစဉ်းစားဖို့လိုပြီ။
ကုဒ်နံပါတ်တွေဆိုရင်အင်္ဂလိပ်လိုသုံးလို့ရတာပေါ့။
အသေးစိတ်အချက်အလက်တွေဆိုရင်တော့ မြန်မာလိုသုံးလေ။
နာမည်၊အသက်၊လိပ်စာ၊ စတာတွေပေါ့။

အချက်အလက်သိမ်းဆည်းတဲ့နေရာတွေပြီးရင် တစ်ခုနဲ့တစ်ခုချိတ်ဆက်ပေးဖို့ကလည်းလိုလာပြီ။
အဲဒါက အင်တာနက်ပေါ့။
အင်တာနက်လိုင်းကအများကြီးပိုကောင်းဖို့လိုတယ်။
လုံခြုံစိတ်ချရဖို့လိုတယ်။ အားအားရှိလိုင်းကျနေရင်တော့ E-government ဘယ်လိုမှလုပ်မရဘူး။
မြန်မာနိုင်ငံက အကျယ်ကြီးပဲ.. လူတွေကလည်းတစ်နေရာတည်းစုနေတာမဟုတ်ဘူး
ဒီတော့ ဆေးရုံ၊ရဲစခန်း၊ နဲ့ရုံးတွေမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့တစ်ပြေးညီရဖို့ဆိုဘယ်လိုလုပ်မလဲ။
တစ်နိုင်ငံလုံးမဖြန့်ကျက်နိုင်ရင်တောင် မြို့ကြီးတွေမှာစမယ် ဆိုရင်လည်းရသေးတယ်။
ဒါပေမယ့်.. စောစော ကဝေးလံခေါင်ဖျားတဲ့နေရာမှာဖြစ်တဲ့ကိစ္စတွေကိုဘယ်လိုဖြေရှင်းမလဲစဉ်းစားဖို့လိုတယ်။
ဥပမာ.. မြို့ကြီးတွေမှာ ကလေးမွေးတာတွေ၊ ဆေးရုံမှာကုသမှုခံယူတာတွေအတွက်က ဒီ E-government စနစ်ထဲမှာပါဝင်တဲ့အတွက် မှတ်တမ်းရှိပေမယ့်.
အခြားနေရာမှာ ကုသခဲ့တဲ့သူတွေအတွက်တော့မှတ်တမ်းကပျောက်နေမယ်။
စနစ်ထဲကိုမဝင်တာရှိနေနိုင်တယ်။
ဒါတွေအားလုံးကအသေးစိတ်စဉ်းစားရမှာတွေပါ။ အရင်ဆုံးတော့ အရေးကြီးတာတွေအရင်လုပ်တာပေါ့။
ကျန်တာတွေက ဖြေးဖြေးချင်းအဖြေရှာလို့ရတယ်။
အရေးအကြီးဆုံးကတော့ အစိုးရက E-government ကြီးကဒါကြီးပါဆိုပြီး ပစ္စည်းထိုးရောင်းတဲ့ပွဲစားတွေရဲ့လှည့်ကွက်ထဲမမိဖို့ပဲ။
စနစ်ကြီးတစ်ခုလုံးဘယ်လိုအလုပ်လုပ်လဲသိဖို့လိုမယ်။
မိမိနိုင်ငံသားတွေ လုပ်တတ်ဖို့လိုမယ်။
နိုင်ငံသားပညာရှင်တွေ ရဲ့အကူအညီကိုအလေးထားဖို့လိုတယ်။
တစ်ဦးတစ်ယောက်ရဲ့လက်ဝါးကြီးအုပ်တာ။
သုံးစားမရတဲ့ဟာတွေနဲ့ အချဉ်ရိုက်ခံရတာ မခံမိဖို့ပဲ။
အထင်သေးတာတော့မဟုတ်ပါဘူး။
ခံရပေါင်းများလို့ သိနေပြီလေ။

စိတ်ကူးပေါက်ရင်ပေါက်သလိုရေးပါဦးမယ်။

 

အာသာ

8.10.2016

နေပြည်တော်

ကွန်ပျူတာထဲယူနီကုဒ်ထည့်သွင်းခြင်း

ကွန်ပျူတာမှာ ယူနီကုဒ်သုံးချင်သူများအတွက် ကျွန်တော် ယူနီကုဒ်အလွယ်ထည့်နည်းလေးပြောပြပါမယ်။

လိုအပ်တဲ့ပစ္စည်းတွေက

၁. ကွန်ပျူတာ( window 7 or above)

၂.အင်တာနက်သုံးရန် ဘရောက်ဇာ ( Chrome or firefox)

၃.ယူနီကုဒ်ဖောင့်( Myanmar3 or Pyidaungsu or Notosans Myanmar)

၄.ယူနီကုဒ်ကီးဘုတ်

၅. ယူနီကုဒ် လက်ကွက် ပုံ( လက်ကွက်အလွတ်မရသေးရင်ကြည့်ဖို့)

၆.ယူနီကုဒ် Plugin( အင်တာနက်မှာ မြန်မာစာဖတ်တဲ့အခါ ဇော်ဂျီစာတွေ့ရင် အလိုအလျောက် ယူနီကုဒ် ပြောင်းပြပေးဖို့ပါ ။Chrome သို့မဟုတ် Firefox မှာထည့်သွင်းဖို့လိုပါတယ်)

 

Install Myanmar Unicode in Window

၁ နဲ့၂ နဲ့က ရှိပြီးသားလို့ယူဆ တဲ့အတွက်  ကျော်လိုက်ပါတယ်။

 

၃.ယူနီကုဒ်ဖောင့်တွေကိုတော့ ဒီနေရာကနေယူပါ။

မြန်မာ ၃ ဖောင့်

ပြည်ထောင်စု

နိုတိုစံ

ဖောင့်တွေကို ကလစ်နှိပ်ပြီး Install နှိပ်ပေးရပါတယ်။

ပြီးရင် တော့ ယူနီကုဒ်ဖောင့် သုံးမယ့်နေရာတွေမှာ လိုက်ပြီး တော့ ဖောင့်ပြန်ပြောင်းပေးရပါတယ်။ များသောအားဖြင့် ဇော်ဂျီဖောင့်ကိုထားကြတာမိုလို့ပါ။ ဥပမာ Browser,Microsoft Office, Excel ,Powerpoint etc. ( တစ်ခုရှိတာက Page maker နဲ့ Adob e photoshop တွေမှာ ဒီဖောင့်တွေသုံးလို့မရပါဘူး။ Adobe က မြန်မာယူနီကုဒ်ကိုမထောက်ပံ့သေးသလို pagemaker ကုမ္ပဏီကလည်းမရှိတော့တဲ့အတွက် .. သူတို့ software ကို update မလုပ်ပေးတာကြောင့်ဖြစ်ပါတယ်။ Microsoft office မှာသုံးရင်.. ပြည်ထောင်စု သို့မဟုတ် မြန်မာ၃ ကိုသုံးပါ။ ( နိုတိုစံ ဖောင့်ကို browser မှာသုံးပါ) ။ ဘာကြောင့်လဲသိချင်ရင်တော့ နိုတိုစံကို Microsoft office မှာသုံးကြည့်ရင်သိပါလိမ့်မယ်။ နိုတိုစံကို ဂူဂယ်လ် ကုမ္ပဏီကထုတ်ပါတယ်။

Browser မှာဖောင့်မပြောင်းတတ်ရင် ဒီမှာကြည့်ပါ။

http://www.howtogeek.com/208552/how-to-change-the-default-fonts-in-your-web-browser/

 

 

၄ ယူနီကုဒ်ကီးဘုတ် ကိုထည့်ပါမယ်။

ကျွန်တော် အခုသုံးနေတာ ကီးမက်ဂျစ်ပါ။ ဒီစာနဲ့အတူတွဲပါတဲ့ zip folder ထဲမှာ ကီးမက်ဂျစ်ဆော့ဖ်ဝဲကိုပါထည့်ပေးထားပါတယ်။ သူ့ထဲမှာ ပုံမှန် ယူနီကုဒ်လက်ကွက်ကော ဇော်ဂျီလက်ကွက် အတိုင်းပြုလုပ်ထားတာကော နှစ်ခုလုံးပါပါတယ်။ အဆင်ပြေတာနဲ့သုံးလို့ရပါတယ်။ keymagic ကိုဖွင့်ပြီး install လုပ်လိုက်ပါ။

ပြီးတော့ ညာဘက်ထောင့်နားမှာ ကီးမက်ဂျစ် ပုံလေးပေါ်လာပါမယ် ။အပြာရောင် i ပုံလေးနဲ့ပါ။

သူ့ရဲ့ အားနည်းချက်က ကွန်ပျူတာ တစ်ခါဖွင့်ရင် တစ်ခါ Run ပေးရပါတယ်။ စက်စဖွင့်ဖွင့်ချင်း auto မ run ပါဘူး။

ကီးဘုတ်ကို English <-> unicode ပြောင်းချင်ရင် shortcut က တော့ Ctrl+Alt+M ပါ ။

 

၅. လက်ကွက်ပုံစံလည်း ဖိုင်ထဲမှာထည့်ပေးထားပါတယ်။ အောက်ကပုံပါ။

အစပိုင်းမှာမရင်းနှီးသေးရင်တော့ ဇော်ဂျီလက်ကွက်အတိုင်းပဲရိုက်ပါ ။ယူနီကုဒ်လက်ကွက်တော့ အထာသိသွားရင်ဇော်ဂျီထက်ပိုမြန်ပါတယ်။.သူ့ရဲ့သဘောတရားမသိရင်တော့ ကီးတွေပျောက်နေတယ်လို့ခံစားရပါလိမ့်မယ်။

Myanmar3_Unicode_keyboard_Layout (1).jpg

 

၆.အင်တာနက်သုံးရာတွင်သုံးဖို့ Unicode Plugin ( ယူနီကုဒ် ပလက်ဂင်)

ခရုမ်း( Chrome browser အတွက်)

https://chrome.google.com/webstore/detail/mua-web-unicode-converter/jnmdbgnckbbmblkbammnfagdmikchhnp

 

Firefox Browser အတွက်

https://addons.mozilla.org/en-US/firefox/addon/mua-web-unicode-converter/

 

အပေါ်ကပေးထားတဲ့လင့်တွေကိုဖွင့်ရင်.. plugin သွင်းတဲ့ page ကိုရောက်သွားပါလိမ့်မယ် ။install နှိပ်တာနဲ့ အော်တို ဘရောက်ဇာထဲ plugin သွင်းပေးသွားပါလိမ့်မယ်။ ဒါဆိုရင် ဘရောက်ဇာထဲမှာ ဘယ် website ကြည့်ကြည့် အော်တို ယူနီကုဒ်နဲ့ပြပါလိမ့်မယ် ၊ အဲဒီ browser တွေမှာတော့ .. စာရိုက်ရင် ယူနီကုဒ်လက်ကွက်နဲ့ရိုက်မှ မှန်ပါလိမ့်မယ်။ ကိုယ်က ယူနီကုဒ်နဲ့ရိုက်ပြီး မှ ဇော်ဂျီနဲ့ပဲ ပြချင်လို့ပါဆိုရင်တော့ ကိုယ်ရိုက်ထားတဲ့စာကို အောက်ပါ website မှာ သွားပြီး ဇော်ဂျီဖောင့်ပြန်ပြောင်းရပါတယ်။

http://www.mcfmyanmar.org/myanmar-unicode-converter/

 

 

ကျွန်တော်တို့ဘာကြောင့်စနစ်တစ်ခုပဲလိုသလဲ

မြန်မာ နိုင်ငံမှာ ယူနီကုဒ် က မရှိမဖြစ်လိုအပ်နေပါတယ်။


အခြားသော ငြိမ်းချမ်းရေး၊ ပညာရေး၊ စီးပွားရေး၊ကျန်းမာရေး စွမ်းအင်ကိစ္စမျိုးတွေက အရေးကြီးသိလို ဒီကိစ္စကလည်း အရေးကြီးတယ်ဆိုတာ ကို နိုင်ငံရေးလုပ်နေကြသူတွေ လက်ခံစေချင်တယ်။
 
ဒါပေမယ့် တော်တော်များများ ကမရောင်ရာဆီလူးတယ်။ အလုပ်မရှိကြောင်ရေချိုးနေကြသူများဆိုပြီး ယူနီကုဒ်ဆိုတာမရှိလည်းဖြစ်တယ်။ နောက်မှ လုပ်လည်းဖြစ်တယ်ဆိုတာမျိုးခဏခဏပြောနေကြတာမြင်တော့ ကျွန်တော်တော်တော်ခံစားရပါတယ်။
 
အခုပဲရေးလို့ဖတ်လို့ရနေရင် အဆင်ပြေပြီလေ ဒီထက် ဘာများပိုထက်လိုသေးလို့လည်းဆိုတဲ့ ပုံစံတွေနဲ့ပြောနေကြတာမြင်တော့ ကျွန်တော့်မှာ ပြောစရာစကားတွေဆွံ့အလို့နေတယ်။
ကျွန်တော်အောက်မှာဆက်လက်ပြောသွားမယ့်အကြောင်းအရာက ဘာလို့ကျွန်တော်တို့ စံစနစ်တစ်ခုကိုအရေးတကြီးလိုအပ်သလဲဆိုတာလေးတွေ ဥပမာတွေနဲ့ဖော်ပြသွားမှာဖြစ်ပါတယ်။
 
 
လွန်ခဲ့တဲ့ ၈နှစ်လောက်က ကျွန်တော်က ကွန်ပျူတာအရမ်းရူးသွပ်သူတစ်ဦးပါ။ 
ပေါက်ဖွားလာတဲ့ပတ်ဝန်းကျင်က ခေတ်မီတဲ့ပတ်ဝန်းကျင်တော့မဟုတ်လားဘူး။ မထင်မရှားနယ်မြို့လေးတစ်မြို့မှာ ကလေးဘဝကုန်ဆုံးခဲ့ရတာပေါ့။ ကွန်ပျူတာဆိုတာစကိုင်ဘူး။ အင်တာနက်ဆိုတာတွေမြင်ဖူးနေတော့ ကျွန်တော် တန်းတန်းစွဲဖြစ်ခဲ့တာပေါ့။
 
ကျွန်တော်ကွန်ပျူတာလိုချင်တယ်လို့ ပြောတိုင်း အမေက နင့်ကွန်ပျူတာက ဘာလုပ်လို့ရလဲဆိုပြီးမေးတယ်။ကျွန်တော်ဘယ်လိုဖြေရမလဲမသိဘူး။ လုပ်လို့ရတာတွေ ကိုပြောရင် မကုန်နိုင်ဘူးလေ။
အင်တာနက်ဆိုတာဘာလည်းဆိုတာလည်းအမေမသိဘူး။
 
ဒါပေမယ့်၆နှစ်လောက်ကြာပြီးတဲ့နောက်မှာတော့ သူ့ဖုန်းထဲက နေ အင်တာနက်ဖွင့်ဖေ့စ်ဘွတ်သုံးနေပြီ.
 
ဒီလိုပဲ 
အခုနေ မင်းတို့ယူနီကုဒ်ကြီးဘာလုပ်လို့ရမှာလဲ … ငါတို့လိုတာမှန်သမျှ အတွက် အဆင်ပြေပြေသုံးနိုင်တဲ့ ဇော်ဂျီရှိနေပြီ သွားတော့ ဂျောင်းတော့ဆိုပြီး ပြောနေကြသူတွေအတွက်.. သူတို့စိတ်ကူးဖူးတာထက်ပိုပြီး အသုံးချနိုင်လာပါလိမ့်မယ်လို့ ရဲရဲ ပြောရဲပါတယ်။
လောလောဆယ်မှာဘာလုပ်လို့ရလဲဆိုတာကိုကျွန်တော် ပြောရင် ၄ ခု ၅ ခုထက်မပိုပါဘူး။
ဥပမာ ဘာသာပြန်စနစ်တို့၊ စကားလုံးကိုအသံထွက်ဖတ်ြပတာတို့၊ လိုချင်တာမှန်သမျှ ၏ သည် မလွဲရှာတွေ့နိုင်တာတို့ စသဖြင့်ပေါ့်။
 
ဒါတွေက ဇော်ဂျီဖောင့်မှာလုပ်လို့မရဘူး။.. ယူနီကုဒ်မှာပဲ လုပ်လို့ရတယ်။
ဒါပေမယ့် တကယ် နေ့စဉ် သုံးနေတဲ့သူတွေအတွက် ကျတော့ ဒါတွေက အဓိက မကျဘူး ဆိုတာလည်းကျွန်တော်သဘောပေါက်လက်ခံပါတယ်။ သူတို့အတွက် စာရေးစာဖတ်ဖို့ ဆိုတာ ဦးစားပေးနံပါတ် ၁ ပါ၊
ဒီနေရာမှာ ပြေလည်အောင်မလုပ်နိုင်ပဲနဲ့ကျန်တဲ့အဆင့်တွေကိုလှည့်တောင်မကြည့်ပါဘူး။.
 
ယူနီကုဒ်ဆိုတာ က တစ်ကမ္ဘာလုံးဆိုင်တဲ့နည်းပညာပါ။ နေ့စဉ်နေ့တိုင်း ကျွန်တော်တို့ အိမ်မက်တောင်မမက်ဖူးတဲ့ နည်းပညာအသစ်တွေပေါ်ထွက်နေပါတယ်။ လူမျိုးပေါင်းစုံ ဘာသာစကားပေါင်းစုံပြောဆိုနေကြရာမှာ အဲဒီဘာသာစကားတွေ သဟဇတဖြစ်ပြီး တည်ရှိနေဖို့ .တစ်ခုခုတီထွင်လို့. မူရင်းဘာသာစကား အင်္ဂလိပ်စာအတွက် အဆင်ပြေရင် ကျန်တဲ့ဘာသာတွေမှာလည်း ရရှိနိုင်ဖို့ဆိုတာ တွေက အားလုံးဝိုင်းဝန်းဆောင်ရွက်နေကြတာတွေပါ။
ကမ္ဘာပေါ်မှာ အင်္ဂလိပ်စာမတက်သော သူ၊ စာမဖတ်နို်င်သောသူ၊ မျက်စိမမြင်နိုင်သောသူတွေမြောက်များစွာ ကျန်နေပါသေးတယ်။
ဒါတွေကျွန်တော်တို့ လုပ်ရပါဦးမယ်။ ကိုယ်တိုင်မပါဝင်ရင်တောင် သူတို့တွေရှိနေတယ်ဆိုတဲ့အသိလေးထားရှိရပါဦးမယ်။
 
 
ကျွန်တော်တို့ လူမျိုးတွေ ပြောလေ့ရှိပါတယ်။ သူများနိုင်ငံတွေ မိခင်ဘာသာစကားနဲ့ စက်ရုပ်တွေထွင်နေပြီ။ ခလုပ်တချက်နှိပ်တာနဲ့ ကိုယ်လိုချင်တာကို ကိုယ့်ဘာသာနဲ့ထွက်လာနေပြီ။ မျက်စိနဲ့စာဖတ်စရာမလိုအောင် အလိုလိုဖတ်ပြနေပြီ။ အသံနဲ့အမိန့်ပေးရုံနဲ့ ကိုယ်လိုချင်တာကိုလုပ်ပေးနေပြီ။ 
 
သူများနိုင်ငံတွေဒီလိုလုပ်လို့ရနေချိန်မှာ ငါတို့နိုင်ငံမှာ ဒီယူနီကုဒ် ဇော်ဂျီပြဿနာပဲတက်နေတယ်ဆိုပြီးတော့လေ။
 
အဲဒီလိုတွေ အဆင့်ဆင့်တည်ဆောက်ဖို့ ဆက်လက်တီထွင်ဖို့ ချဲ့ထွင်ဖို့အတွက် အခြေခံအကျဆုံး စနစ်တွေရှိပါတယ်။
အဲဒီထဲက အခြေခံအကျဆုံးစနစ်က ဘာသာစကားတွေအားလုံး သဟဇာတဖြစ်စွာအတူတူတည်ရှိနေဖို့လုပ်ထားတဲ့ယူနီကုဒ်စနစ်ပါ။ ကျွန်တော်တို့ ခြေတံရှည်အိမ်ဆောက်ပြီး ၁၀ထပ်တိုက်အဖြစ်အဆင့်မြှင့်ချင်လို့မရပါဘူး။ သစ်သားအိမ်ဆောက်ပြီး ကွန်ဒိုလိုနေချင်လို့မရပါဘူး.။
သူ့အဆင့်နဲ့သူ လုပ်ဆောင်နိုင်တာတွေရှိပါတယ်။
ဒီလိုပဲ ဇော်ဂျီ မြန်မာစာစနစ်မှာလည်း သူ့အဆင့်နဲ့သူရှိပါတယ်။ သူမိုင်ကုန်စွမ်းဆောင်နို်င်တာတွေရှိပါတယ်။ 
အဲဒီထက်ကျော်လွန်အောင်သူ မလုပ်ပေးနိုင်ပါဘူး။ အပေါ်မှာကျွန်တော်ပြောသွားတဲ့ အဆင့်မြင့်တီထွင်မှုတွေကိုဇော်ဂျီစနစ်ပေါ်အခြေခံပြီး ဖန်တီးလို့မရပါဘူး။
ဒါကြောင့် စံစနစ်ကလိုကိုလိုပါတယ်။ 
ဒါဆိုအခုချက်ချင်းကြီးလိုတာလားလို့မေးစရာရှိပါတယ်။
 
ကျွန်တော့်အမြင်ကတော့ မြန်နိုင်လေကောင်းလေဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်နေ့ထက်တစ်နေ့ အင်တာနက်ပေါ်မှာ မြန်မာလိုရေးထားတဲ့အချက်အလက်တွေကပိုပိုများလာပါတယ်။
သေချာတာကတော့ ၉၀ ရာခိုင်နှုန်းက မြန်မာစာ ဇော်ဂျီစနစ်နဲ့ရေးသားထားတာတွေပါ။ 
 
ဒီနေ့ကျွန်တော်ရေးလိုက်တယ်။ဘာမှမထူးသွားပါဘူး။ မနက်ဖြန်ဆက်ရေးလည်းဘာမှမထူးပါဘူး။
ဒါပေမယ့် ၅နှစ်လောက်အတွင်းလူပေါင်း သန်း၂၀ လောက်က ရေးနေတဲ့အချက်အလက်တွေက .နောင်ဆိုရင် 
ရှာရဖွေရခက် ထိန်းသိမ်းရခက် ။ အချက်အလက်ပြုစုရခက်တဲ့ စကားအရှုပ်အထွေးတွေဖြစ်လာပါတော့မယ်။
ဒါကိုသာမာန်သုံးတဲ့သူက ဘာမှ မသိနိုင်သလို သူ့အတွက်ဘာမှ လည်းမထူးသွားပါဘူး။.
ထူးသွားမယ့်သူတွေကတော့ နိုင်ငံတစ်ခုရဲ့ဖြစ်ပျက်နေတဲ့ အကြောင်းအရာ ၊ လူမှုရေး၊စီးပွားရေး၊ ကျန်းမာရေး၊ စသဖြင့် ကဏ္ဍပေါင်းစုံမှာ ရရှိလာတဲ့အချက်အလက်တွေ Research လုပ်ဖို့၊ ဘာဆက်လုပ်မလဲစဉ်းစားဆုံးဖြတ်ဖို့ ဆိုတာတွေမှာ လုပ်ဆောင်နေတဲ့ပညာရှင်တွေအတွက် အခက်အခဲဖြစ်လာပါတယ်။
ဒေတာအချက်အလက်တွေပွစိနေရင် ထွက်လာတဲ့အဖြေတွေက လည်း မရေမရာ ဖြစ်ပြီးတကယ်အသုံးပြုလို့မရတာတွေဖြစ်လာမှာပါ။.
 
နောက်တစ်ခုကတော့ လူတိုင်းက စာရေးစာဖတ်ဖို့ပဲအားသန်တယ်ဆိုရင် တီထွင်သူတွေက အဲဒီဘက်ကိုပဲဆက်လက်တီထွင်နေမှာပါ။ ကျန်တဲ့အဆင့်မြင့် ကိစ္စတွေကို လုပ်ဖို့ဆိုရင် ယူနီကုဒ်စနစ်သုံးမှ ဖြစ်မယ့် ပုံစံပါ။ သုံးစွဲသူကလည်း ယူနီကုဒ်မသုံးတော့ သူတို့ဘာပဲတီထွင်တီထွင် မအောင်မြင်အလကားဖြစ်နေပါလိမ့်မယ်။
ဒါကြောင့် အောင်မြင်လွယ် ၊ ငွေကြေးရလွယ်တဲ့ လမ်းကိုပဲ လိုက်ကြရင်းကျွန်တော်တို့ နိုင်ငံက နည်းပညာမှာခေတ်နောက်ကျကျန်နေခဲ့ပါတော့တယ်။ တစ်ခုခုတီထွင်တိုင်း စကားလုံးတွေမှန်မှန်ကန်ကန်မြင်ရဖို့ဆိုတာ အပိုစဉ်းစားရတဲ့အချက်တစ်ခုလိုဖြစ်နေကြမှာပါ။ အခြားနို်င်ငံတွေမှာဆို သူတို့ မှာအစိုးရကသတ်မှတ်ထားပြီးသား အားလုံးလက်ခံပြီးသား စနစ်ရှိလို့ ဘာမှ ပြဿနာပေါ်စရာမရှိပဲ ကျန်တဲ့ကိစ္စတွေမှာ မိမိဦးနှောက်ကို ပိုအသုံးချလို့ရနေမှာပါ။
 
ဒါဆိုရင် အသုံးပြုတဲ့သူတွေကပြောမယ် ၊ ဘာလို့ဒီအကြောင်းတွေကို ငါတို့လာပြောနေရသလဲ။ သိဖို့လိုမှမလိုအပ်တာလို့ထပ်ပြောပါလိမ့်ဦးမယ်။ 
ဒီစာကိုရေးတဲ့ရည်ရွယ်ချက်က အပေါ်မှာပြောခဲ့သလို ကျွန်တော်တို့ ဘာကြောင့်ပဲ ဇော်ဂျီစနစ်ကိုဆက်သုံးရ သုံးရ .. 
ယူနီကုဒ်ကိုတော့ တစ်နေ့နေ့သုံးမှ ဖြစ်မယ်ဆိုတဲ့အသိဝင်စေချင်တာပါ။
ယူနီကုဒ် ကို အားလုံးအတွက် လိုအပ်မယ့်စနစ်တစ်ခုလို့ပဲ မြင်ထားလိုက်ပါ။ သူ့ဆီမှာ အားနည်းချက်တစ်ချို့ရှိပါမယ်။ ဒါပေမယ့် အကြီးစား အားနည်းချက်မဟုတ်တဲ့အတွက် ပြင်ဆင်လို့ရပါသေးတယ်။ အားလုံးဝိုင်းဝန်းလိုက်ကြရင်ဖြစ်နိုင်ပါတယ်။ လောလောဆယ်မှာ အစိုးရကိုယူနီကုဒ်အဖွဲ့တွေက စာတင်တယ်ကြားပါတယ်။ ဟုတ်ပါလိမ့်မယ်။
ပညာရှင်တွေကို စုစည်းပြီးအဖြေရှာဖို့ကော၊ တစ်ယောက်တစ်ပေါက်ပြောနေကြတာထက်စာရင် စနစ်နှစ်ခုရဲ့ အားသာချက်အားနည်ချက် နဲ့ ဖြေရှင်းပုံတွေကိုစဉ်းစားဖို့ အစိုးရကဝင်ကူမှရပါလိမ့်မယ်။ပြင်ပမှာတည်ရှိနေသော မည်သည့်အဖွဲ့အစည်းမှ ဖြေရှင်းနိုင်မယ့်ပြဿနာမဟုတ်ပါဘူး။
ကျွန်တော်တို့ရဲ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို လိပ်မူပြီးစာတင်တယ်ဆိုပေမယ့်.. 
တကယ်တန်းတော့ ပြဿနာရဲ့အတိမ်အနက် ကိုသိစေချင်လို့ လိပ်မူခြင်းသာဖြစ်ပါတယ်။
အစိုးရကဦးဆောင်သော အဖွဲ့အစည်းတစ်ခုကသေသေချာချာ နားထောင် အဖြေရှာပေးရင်.. ဒီပြဿနာ ကို ကျွန်တော်တို ကျော်လွှားနိုင်မှာပါ။
 
တကယ်တော့ ဖြေရှင်းနည်းတွေကလည်းစုံနေအောင်ရှိပါတယ်။ အားလုံးလိုက်နာဖို့ကျတော့ အာဏာရှိတဲ့သူရဲ့စကားနဲ့မှ ထိန်းကွပ်လို့ရနို်င်ပါလိမ့်မယ်
ဒါကြောင့်အစိုးရ ပါဝင်ဖို့လိုအပ်ခြင်းပါ။ အခုအချိန်အထိ .. အစိုးရဝက်ဘ်ဆိုဒ်တွေ ဇော်ဂျီ၊ ယူနီကုဒ်နဲ့ အင်္ဂလိပ်စာ သုံးမျိုးတင်ရစမြဲပါ။ အစိုးရမပြတ်သားခဲ့လို့.. မက်ထရစ်စနစ်ရယ် အင်ပရီရယ် စနစ် ရယ်နှစ်ခုလုံးသုံးတဲ့ နိုင်ငံ၃ခုထဲမှာလည်းတစ်ခုအပါအဝင်ဖြစ်ခဲ့ပြီးပါပြီ။ First name ,Last name, Family name မရှိ၊ ကိုယ့်ဆွေစဉ်မျိုးဆက်ဘယ်သူမှန်းအစဖော်မရတဲ့လူမျိုးလည်းဖြစ်နေပြီးပါပြီ။
 
တစ်နိုင်ငံ စနစ်နှစ်ခုရှိနေခဲ့သော နေရာတော်တော်များလှပါပြီ။
ဒီဂျစ်တယ်ခေတ်မှာတော့ ကျွန်တော်တို့နှစ်ခုဆက်ရှိနေလို့မကောင်းပါ။ ကိုယ်အလေးချိန်ကို ကီလိုနဲ့ပဲပြောပြော 
ပေါင်နဲ့ပဲ ပြောပြောကိစ္စမရှိပါ။ အပူချိန်ကို စင်တီဂရိတ်နဲ့ပဲပြောပြော၊ ဖာရင်ဟိုက်ပဲပြောပြောကိစ္စမရှိပါ။
မြန်မာ ပြက္ကဒိန်နဲ့ပဲ နေ့တွက်တွက်.. ခရစ်ပြက္ကဒိန်နဲ့ပဲတွက်တွက် ဘာမှမဖြစ်ပါ။ 
နေ့တိုင်းအသုံးပြုနေရတာမဟုတ်သလို သုံးသူလည်းနည်းပါတယ်။
 
ဒါပေမယ့် ဒီကွန်ပျူတာဘာသာစကားစနစ်ကျတော့မတူတော့ပါဘူး ။ အင်တာနက်ခေတ်စားလာ စမတ်ဖုန်းတွေပေါလာတာနဲ့အတူ ကျွန်တော်တို့အသုံးအပြုဆုံး အရာ၊ အထိအတွေ့အများဆုံး။ ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝထဲမှာ နေရာအကြီးကြီးတစ်ခုယူထားသောအရာဖြစ်နေပါပြီ။
ဒီအတွက် ကျွန်တော်တို့နေ့စဉ်ရက်ဆက်အသုံးပြုသွားမယ့်အရာ ၊ နောင်ကိုပိုတောင်တိုးပွားလာမယ့်ကိစ္စတစ်ခုအတွက် ..
ရေရှည်ခိုင်မာသော အရာတစ်ခုကို မစဉ်းစားသင့်ဘူးလား။
 
 ယခင် ရွေးကောက်ပွဲမဲစစ်ဆေးစဉ်ကလည်း. အွန်လိုင်းကနေမဲစာရင်းရှာမတွေ့တာမျိုးလည်းကြုံခဲ့ဖူးပါပြီ။ ရှာဖွေဖို့အတွက် ယူနီကုဒ်စနစ်ကိုပဲသုံးထားပြီး
အချက်အလက် ထည့်သွင်းတဲ့နေရာမှာတော့ မသိလို့ပဲဖြစ်စေ နားမလည်လို့ပဲဖြစ်စေ၊ အခြားစာရိုက်စနစ်တွေသုံးလို့လည်းဖြစ်နိုင်ပါတယ်။ မြန်မာစကားတည်ဆောက်ပုံက အင်္ဂလိပ်စာလိုမရိုးရှင်းတဲ့အတွက် . .. ရှာဖွေရာမှာရော .. အချက်အလက်ဖြည့်တဲ့နေရာမှာပါ တိကျအောင်မလုပ်ခဲ့ရင် နောင်မှပြဿနာပေါ်ပါတယ်။
လာမယ့်၅နှစ်မှာ
ဖုန်းထဲကနေအဆင်သင့်..မဲစာရင်းကောက်စစ်လို့ရတဲ့အခြေအနေဖြစ်သင့်ပါပြီ။ အကောင့်နံပါတ်တစ်ခုနဲ့ .. မိမိရဲ့ ကျန်းမာရေးဆိုင်ရာအချက်အလက်တွေ စစ်လို့ရတဲ့အခြေအနေဖြစ်သင့်ပါပြီ။ လူတိုင်းရဲ့မှတ်ပုံတင်နံပါတ်၊ စာရင်းနဲ့ အချက်အလက်တွေကို ကွန်ပျူတာဒေတာဘေ့်စ်နဲ့ ရှာဖွေ လို့ရသင့်ပါပြီ။
ဒါတွေအားလုံးကို အင်္ဂလိပ်လိုပဲ မှတ်သားမယ်ဆိုတဲ့ စိတ်ကူးမရှိခဲ့ဖူးဆိုရင် … အစိုးရရဲ့သက်ဆိုင်သော ဝန်ကြီးဌာန တစ်ခုခုက အခုအချိန်မှာ မြကျောက်ဖျာတင်းနေသင့်ပါပြီလို့ ဆိုရင်း. နိဂုံးချုပ်လို်က်ပါတယ်ခင်ဗျာ။
 
အာသာ
၂၁.ဇူလိုင် ၂၀၁၆ခုနှစ်

Eng MM Eng Medical Dictionary Project

ကျွန်တော် တို့ဘာသာ ပြန် ထားတဲ့စကားလုံးတွေ ကို မြည်းစမ်းကြည့်လို့ရပါပြီ။
ဒီနေရာကနေစာလုံးအသစ်တွေတိုးလာမှာပါ
ထပ်မံဖြည့်သွင်းချင်တယ်ဆိုရင်

tinyurl.com/mdunicode
tinyurl.com/mdzawgyi ကနေဖြည့်သွင်းလို့ရပါတယ်

English Myanmar Medical Dictionary

Hi.

Here is my sample prototype for English Myanmar Medical Dictionary.

I am sure I can not collect all the data alone.

So , I open it to public to collect as many data as  I can.

I accept medical words and their definition in both unicode and zawgyi.

Of course, unicode alone will work in final version.. But for the convenience of data filler., I need to accept both version then I will convert them to unicode later.

So, If you use zawgyi to fill the data , plz go to tinyurl.com/mdzawgyi

If you use unicode format to include data, go to tinyurl.com/mdunicode

Thanks a lot..

Let’s make this together ….

CHEERS 😀

Nyein Chan Ko Ko

13521961_10201763100276454_468632426507645759_n

//pagead2.googlesyndication.com/pagead/js/adsbygoogle.js

(adsbygoogle = window.adsbygoogle || []).push({});

A rookie web developer

I am developing a website project for the first time. I only had experience in building blog and writing .Perhaps, I considered too shallow. The real work I am confronting is harder than I expected.

Starting from building local server and installed WordPress on wamp. Finding themes and plugins were all big challenges for me. I thought  if  I downloaded my favorite theme into word press , all the contents will automatically be appeared.

In reality, my imagination was totally wrong. It was not that easy to develop a pro like website without prior knowledge on web developing . Even though you can skip all coding steps with wizard tools  these days, we should have known the basic structure of widgets and page builder to construct webpages.

Actually, I didn’t even know that there were various page builders to make beautiful pages.

The sketch of webpage was already being seen in my mind but I could not find perfect tools to shape my imagination into graphic content.

I spent my whole day to work on website project. Not having complete data is also a head aching part of me. I think it is even more difficult than making mobile apps .

This was just the phase of developing pages. Uploading on server is also a battlefield. Everything started from zero. I started from zero knowledge.

I had to buy domain name and hire server to host website. I haven’t seen my payment until now.

Actually, I am discouraged and upset. I was investing my time, learning, computer, internet fee in this project.

My computer is almost dead. She is running too slow and internet is even slower than snail.

These all are challenges while I am developing website as a rookie.

But,this is the work I accepted, so I have to finish it.

There is no reason to be weeping around. I just write it down how did I feel during work.

 

ကျနော် ဖန်တီးနေသော app များ

ပရိတ်သတ်တွေထဲက မေးနေတဲ့သူတွေ လည်း အများကြီး ရှိနေပြီ  ဖြစ်တဲ့အတွက်
2016 အတွက် app ကို ကျွန်တော် မြန်မြန်လုပ်နေပါတယ်။
တစ်ယောက်တည်း လုပ်ရတာဆိုတော့ ထင်သလောက်တော့ မတွင်ဘူးပေါ့ဗျာ။
စာတွေ ပြန်ရိုက်ဖို့ကတော့ ဘယ်လိုမှ ကိုယ်တိုင်မလုပ်နိင်တော့ဘူး။
ဒီတစ်ခေါက် app ကို နောင် ထပ်ပြီး update လုပ်ချင်ရင် အများပို လွယ်ကူအောင် အားလုံးကို online based လုပ်ထားတယ်။
သုံးတဲ့သူက တစ်ခေါက် internet ဖွင့်ပြီး ဒေတာ တွေ ယူဖို့လိုတယ်။ ပြီးရင်တော့ offline ဖတ်လို့ ရပြီ။
ပုံတွေကော စာတွေကော အားလုံးနီးပါးကို app ထဲတစ်ခါတည်းမထည့်တော့ဘူး။
အခု စမ်းကြည့်တော့ app က သိသိသာသာ သွက်လာတယ်။

ဒေတာတွေကို ကျနော် ပြစေချင်သလို ပုံပေါ်ဖို့ ဘယ်လို လုပ်မလဲ စဉ်းစားရတာလည်း နည်းနည်းတော့ လက်ဝင်တယ်။
များသောအားဖြင့် google service တွေ ပဲသုံးတယ်။

အခြား developer တွေနဲ့ လုပ်ပုံကိုင်ပုံမတူတဲ့အတွက် အဖြေ ကို ကိုယ့်ဘာသာ ထိုင်စဉ်းစားရတာများတယ်။
တစ်ခါတစ်လေ တော့ လည်း အိပ်ပြီးစဉ်းစားတယ်။
တကယ်တော့ app ရဲ့ လုပ်ပုံကိုင်ပုံတွေက အိပ်ရင်းနဲ့ အိမ်မက် ထဲက တွေ့တဲ့ အဖြေတွေ နဲ့ လုပ်ထားတာပဲ။

ကျွန်တော် wizard tool သုံးတယ်။
အဲဒီ tool ကိုထုတ်ပေးတဲ့ ပြင်သစ်က လူတွေတောင်
သူတို့ tool နဲ့ ဒါမျိုးလုပ်လို့ရမရ စဉ်းစားမိသလားပဲ။

ကိုယ်ရည်သွေးတာများသွားပြီ။
ဟားဟား
တကယ်က ကိုယ်လုပ်ထားတာလေးကြည့်ပြီး ကျေနပ်မိလို့ပါ။

ဒီတစ်ခေါက်တော့ တရားအစွဲ မခံရပါစေနဲ့ ဆုတောင်းတယ်။
😀

image

image

Unicodeသို့မဟုတ် Zawgyi တို့ဖြင့် Google တွင် နှိုင်းယှဉ်ရှာဖွေကြည့်ရာဝယ်

ပျင်းနေလို့ နည်းနည်းလျှောက်ပြီး လေ့လာမိတာလေးပြောပါရစေ။
မနေ့က ကိုစေတန် တင်တဲ့ဘလော့ဂ်ကနေ ရေးတဲ့စာထဲမှာ

ဇော်ဂျီနဲ့ရေးတဲ့စာတွေကို ရှာရင်
ဂူဂယ် က တဖြည်းဖြည်းနဲ့ ပြတာနည်းလာလို့ ဇော်ဂျီနဲ့ရှာရင် ရှာရပိုခက်လာမယ်ဆိုပြီးတော့ ပါတယ်ဗျ။

အခုကျွန်တော် အဲဒါကိုလက်တွေ့လိုက်စမ်းကြည့်ပါတယ်။

ယူနီကုတ်နဲ့ရှာတာရယ် ။ဇော်ဂျီနဲ့ရှာတာရယ် နှစ်ခုကို စခရင်ရှော့ ပြထားပါတယ်။

ပထမတစ်ခုကတော့ ဝေးလွင့်ခြင်း၏ နောက်ဆုံးခြေရာ ဆိုတဲ့သီချင်းကိုရှာကြည့်ပါတယ်။

ပုံ(၁) ကတော့ ယူနီကုတ်နဲ့ရှာရင်မြင်ရတဲ့ပုံပါ။
ရလဒ် ပေါင်း 3710 ရှိတယ်လို့ပြပါတယ်။
ပုံ(၂)က တော့ ဒီသီချင်းနာမည်ကို ပဲဇော်ဂျီနဲ့ရှာတဲ့ပုံပါ။
ရလဒ် 169 ခုရှိတယ်လို့ပြပါတယ်။

screencapture-www-google-com-mm-1454164860212ပုံ(၁) ယူနီကုဒ်ဖြင့်ရှာဖွေခြင်း

screencapture-www-google-com-mm-1454164874783

ပုံ(၂) ဇော်ဂျီဖြင့်ရှာဖွေခြင်း

 

နောက်ပြတဲ့ရလဒ်တွေရဲ့မှန်ကန် တိကျမှုကို ကြည့်ပါတယ်။
နှစ်ခုယှဉ်ကြည့်ရင် ဘယ်လိုမြင်ရလဲတွေ့ပါလိမ့်မယ်။
နောက်ရှာဖွေတဲ့ကြာချိန်ကို ယှဉ်ကြည့်ပါတယ်။
ယူနီကုတ်နဲ့ရှာရာမှာ (0.42 စက္ကန့်) ကြာပြီး တွေ့တာ 3710 ခုရှိကြောင်းပြပါတယ်။
ဇော်ဂျီနဲ့ရှာရာမှာ (0.63စက္ကန့်) ကြာပြီး တွေ့တာ 169 ခုလို့ပြောပါတယ်။

ဒါနမူနာတစ်ခုပဲရှိပါသေးတယ်။
နောက်တစ်ခု ပါပီလွန်နှင့်ဗင်ဂို ကို ကျွန်တော်ရှာ တော့လည်း
ပုံ(၃) နဲ့ပုံ(၄) အတိုင်းထွက်ပါတယ်။

(၃) ကယူနီကုတ်ပါ ။ အဖြေ 2490 တွေ့ပြီး ရှာချိန် 0.19 စက္ကန့်ပါ
(၄)က ဇော်ဂျီပါ.။ 408 တွေ့ပြီး ရှာချိန် 0.50 စက္ကန့်ပါ။

စကားလုံးရှည်ရှည်တွေရှာလေ ရလဒ် ကွဲပြားတာသိသာလေဖြစ်ပါလိမ့်မယ်။

 

screencapture-www-google-com-mm-1454165329055

ပုံ(၁) ယူနီကုဒ်ဖြင့်ရှာဖွေခြင်း

screencapture-www-google-com-mm-1454165310676

ပုံ(၂)ဇော်ဂျီဖြင့်ရှာဖွေခြင်း

မြန်မာပုံနှိပ်စာလုံးတွေကို ကွန်ပျူတာ စာလုံးအဖြစ် ပြောင်းလဲနိုင်ဖို့

ကျွန်တော့်ဘေးမှာ ရှိတဲ့မြန်မာဘာသာ နဲ့ရေးထားတဲ့စာအုပ်တစ်အုပ်ကို ပုံနှိပ်စာလုံးကနေ အလွယ်တကူ ကွန်ပျူတာစာလုံးတွေအဖြစ် ပြုလွယ်ပြင်လွယ်လုပ်လို့ရဖို့ဆိုတာ ကျွန်တော့်အိမ်မက်ပါ။

အင်္ဂလိပ်ဘာသာ နဲ့ရေးထားတာတွေကို တော့ ကွန်ပျူတာစာလုံးအဖြစ်ပြောင်းလို့ရပြီး မြန်မာစာ ကို ရဖို့ကို တော်တော်ကြာစောင့်ခဲ့ရပါတယ်။
ကျောင်းသားဘဝတုန်းက စင်ဘီယွန် သုံးနိုကီယာဖုန်းသုံးစဉ်က လိပ်စာကတ်လေးတွေကို ဓာတ်ပုံရိုက်ပြီး အလွယ်တကူ ဖုန်းစာအုပ်ထဲ ထည့်သွားတာကို တော်တော်သဘောကျနှစ်သက်ခဲ့ဖူးပါတယ်။

အခုတော့ ဒီထက်အဆင့်မြင့်တဲ့ နည်းစနစ်တွေပေါ်နေပါပြီ။

အရင်ကလို မြန်မာ စာတွေကိုကွန်ပျူတာစာလုံးပြောင်းချင်ရင် အစအဆုံး တစ်အုပ်လုံး စာစီစာရိုက်ပြန်လုပ်ဖို့မလိုတော့ဘူးဆိုတာ ကို သိပြီးပြီးလား။
တော်တော်များများကတော့ သိကြမယ်မထင်ပါဘူး။ ဒါပေမယ့် တကယ် ဖြစ်နိုင်ပါတယ်။
Google Drive ထဲမှာ ပါတဲ့ လုပ်ဆောင်ချက်တစ်ခုနဲ့ ကျွန်တော်တို့ စကန်ဖတ်ထားတဲ့ မြန်မာစာတွေကို ကွန်ပျူတာစာလုံးပြောင်းလို့ရနေပါပြီ။
ဒီနည်းစနစ်ကို အိုစီအာ (OCR) Optical Character Recognition အမြင်ဖြင့်စကားလုံးပုံရိပ်ကိုမှတ်သားခြင်း လို့ခေါ်ပါတယ်။
ဒီအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် မြန်မာလို ရေးထားတာမရှိသေးတဲ့အတွက် အခြားသူတွေ အလုပ်တွင်ကျယ်အောင် အသုံးကျစေဖို့ ကျွန်တော်ရေးသား ဖော်ပြပေးလိုက်ရပါတယ်။

ကျွန်တော် ဒီဟာကို သုံးဖို့အတွက် လိုအပ်တာကတော့
ကွန်ပျူတာ တစ်လုံးကတော့ လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ လောလောဆယ်မှာ Google Drive က ဒီ လုပ်ဆောင်ချက်ကို application အနေနဲ့မထုတ်သေးလို့ဖြစ်ပါတယ်။
နောက်တစ်ခုကတော့ စကန်ဖတ်ထားတဲ့ စာပါ။ ဓာတ်ပုံဖိုင်နဲ့ဖြစ်စေ pdf နဲ့ဖြစ်စေ Google Drive ထဲကို Upload တင်လိုက်ဖို့လိုပါတယ်။
ကျွန်တော့်မှာ တော့ စကန်နာ မရှိတဲ့ အတွက် ရှိတဲ့ဖုန်းကို ပဲ စကန်နာ အဖြစ်အသုံးပြုပါတယ်။
ကျွန်တော်အသုံးပြုတာကတော့ Google play ထဲမှာရှိတဲ့ Camscanner application လေးပါ။

screencapture-play-google-com-store-apps-details-1454223189090 Camera ကို Scanner အဖြစ်အသုံးပြုတဲ့အခါမှာ
လက်မငြိမ်တာ အလင်းအားနည်းတာ ၊အရိပ်ကျတာတွေကြောင့် စကန်ဖတ်တာကထွက်လာတဲ့ စာပေါ်မှာ ပုံမပြတ်သားတာတွေဖြစ်တတ်ပါတယ်။
ဒါကြောင့် ကျွန်တော်က အတတ်နိုင်ဆုံးလက်ကိုငြိမ်အောင်ထား ကူးချင်တဲ့စာကို ဖုန်းကင်မရာနဲ့ချိန်တဲ့အခါ ရေပြင်ညီ အတိုင်းဖြစ်နေဖို့လည်းလိုပါတယ်။
ပြီးတော့ ဖုန်းရဲ့ကင်မရာ Flash မီးကိုဖွင့်ပြီးရိုက်ပါတယ်။ ဒါမှပြတ်သားတဲ့စာလုံးတွေပေါ်မှာပါ။
ပြီးရင်တော့ Application ကနေ လိုချင်တဲ့စာအပြည့်ပါအောင် ဘောင်တွေကိုပြန်လည်ချိန်ညှိရပါတယ်။ ပြီးရင်တော့ Scan ဖတ်ဖို့ အချောထုတ်လိုက်ပါတယ်။
ကျေနပ်ပြီဆိုရင်တော့ Share ကနေတဆင့် Google Drive Account ထဲကို အင်တာနက်ကနေလှမ်းတင်လိုက်ပါတယ်။

ပြီးရင်တော့ တစ်ဖက်ကွန်ပျူတာမှာ Drive.google.com ကိုဖွင့်ပြီး အဆင်သင့်စောင့်နေပါတယ်။ Google Drive ထဲကို စကန်ဖတ်ထားတဲ့ ဓာတ်ပုံဖိုင်တွေရောက်ပြီဆိုရင်တော့ အဲဒီပုံပေါ်မှာ ညာဘက်ကလစ် ( Right Click) နှိပ်ပြီး Google Docs ဆိုတာလေးကိုနှိပ်လိုက်ပါတယ်။

12645109_10201246311197050_8398897253648226508_n

ဒါကတော့ တင်ထားတဲ့ဓာတ်ပုံဖိုင်ကို စာအနေနဲ့ပြောင်းဖို့ အတွက်ပါ။ Jpeg ဓာတ်ပုံဖိုင်တွေအပြင် Pdf တွေကိုလည်းလက်ခံပါတယ်။
ဒါပေမယ့်ကွာခြားချက်ကတော့ ဓာတ်ပုံဖိုင်ဆို ရင် သူက တင်ထားတဲ့ပုံကို ကူးပြောင်းလိုက်တဲ့စာနဲ့တွဲပြပါတယ်။ ဒါကြောင့် စာကို အချောဖတ်အမှားစစ်တဲ့အခါအသုံးဝင်ပါတယ်။ Pdf အဖြစ်ဆိုရင်တော့ ဓာတ်ပုံဖိုင်ကို မဖေါ်ပြဘဲ ပုံရိပ်ကနေ စာသားအဖြစ်ပြောင်းထားတာကိုပဲ တစ်ခါတည်းဖော်ပြပါတယ်။

နမူနာပုံကိုကြည့်လိုက်ပါ။ ဆရာဖေမြင့်ရဲ့စဉ်းစားခြင်းဆိုတဲ့စာအုပ်ထဲက စာမျက်နှာတစ်ခုပါ။

screencapture-docs-google-com-document-d-1lLor2CpORNVMyodHQQJHyz2uaZ9iG2gyxzXWFXqcJk4-edit-1454219447744
ဒါက ပြောင်းပြီးတဲ့အခါထွက်လာတဲ့ ပုံဖြစ်ပါတယ်။ ပြောင်းချင်တဲ့ စာအရေအတွက် နဲ့ ပုံအရွယ်အစား ၊စာမျက်နှာတွေပေါ်မူတည်ပြီးတော့ အလုပ်လုပ်ချိန်နည်းနည်းကြာတတ်ပါတယ်။
ပြောစရာရှိတာက ထွက်လာတဲ့ စာက ပိတောက် ဆိုတဲ့ဖောင့်ကို သုံးတဲ့ ယူနီကုဒ် စနစ်သုံးမြန်မာစာဖြစ်ပါတယ်။ စကန်ဖတ်ထားတဲ့ပုံအရည်အသွေးပေါ်မူတည်ပြီး

၈၅ ကနေ ၉၅% လောက်အထိ တိကျတဲ့မြန်မာစာတွေကိုမြင်ရပါလိမ့်မယ်။ ဒါကြောင့်ပဲ ထွက်လာတဲ့မြန်မာစာတွေကို အမြဲ ပြန်စစ်ပေးဖို့လိုနေသေးတာပါ။

ပြီးရင်တော့ ကျွန်တော် Microsoft Word ကိုအဆင်သင့်ဖွင့်ထားပြီးစာတွေကိုပြန်စီ ကူးထည့်ပါတယ်။ စာတွေအားလုံးစုံရင်တော့ မိမိစိတ်ကြိုက် ဖောင့်ကို ပြောင်းလဲလို့ရပါပြီ။
ယူနီကုဒ်သုံးထားတဲ့ဖောင့်တွေကို ပဲသုံးမယ်ဆိုရင်တော့ စိတ်ကြိုက်ယူနီကုဒ်ဖောင့်ကိုရွေးပေးလိုက်ရုံပါ။

ဒါပေမယ့် ဇော်ဂျီကိုပြောင်းဖို့လိုတယ်ဆိုရင်တော့ mcfmyanmar.org/myanmar-unicode-converter/ ကနေ ဇော်ဂျီကိုပြောင်းလိုက်ပါတယ်။

ဒါဆိုရင်တော့ ပုံနှိပ်စာလုံးကနေ ကွန်ပျူတာစာလုံး ကို ပြောင်းတာပြီးဆုံးသွားပါပြီ။
စာရိုက်ပေးမယ့်သူလည်းရှာစရာ မလိုတော့ပါဘူး။
စာစစ်သူတစ်ဦးပဲလိုပါတယ်။
မကြာခင်မှာတော့ ဖုန်းတွေပေါ်မှာ အလွယ်တကူလုပ်လို့ရမယ်လို့ထင်ပါတယ်။
မြန်မာစာပေတွေ အင်တာနက်ထဲမှာထာဝရရှင်သန်နေပါ စေ ဗျာ။

 

ရေးသားသူ
အာသာ ငြိမ်းချမ်း

 

 

 

Page 3 of 5

Powered by WordPress & Theme by Anders Norén