Many Lives, Many Memories.

Category: Tech Page 4 of 5

ယူနီကုဒ်သုံးတဲ့သူတွေဆိုတာ

ယူနီကုဒ် သုံးသူတွေက Personal attack သိပ်လုပ်တဲ့ စဆရက တွေဆိုတဲ့ အမြင်လေးခဏ ဖျောက်ပေးပါ။

ကျွန်တော် တစ်ခါ မှ သူများကို နှိမ်ပြီး ယူနီမသုံးရကောငိးလားဆိုပြီး မပြောဖူးပါဘူး။။

မေးသမျှ သူတိုင်းကို သေချာ ရှင်းပြပါတယ်။
ဒါကိုပဲ ရှင်းပြရင်းနဲ့ ပိုရှုပ်ကုန်လို့ စဆရကြီးလုပ်တယ်ထင်ရင်လည်းရွဲ့ပါ ခနဲ့ပါ။

ဒါပေမယ့် ခင်ဗျားတို့ စိတ်ထဲက ယူနီကုဒ်နဲ့ ယူနီကုဒ်အကြောင်းပြောပြသူကို ခွဲ ပြီးတော့မြင်ပေးပါ။

လူကို သဘောမကျတာနဲ့
စနစ်ကြီးမကောင်းဘူးလို့ မယူဆလိုက်ပါနဲ့။
၁၀၀မှာ ၉၉ ယောက် ဇော်ဂျီဆိုတာ သိသိကြီးနဲ့
ယူနီကုဒ် မှ ယူနီကုဒ် ဘာလို့ လုပ်နေကြတာ လည်း ဆိုတဲ့ အချက်ကို မြင်အောင်ကြည့်ပေးပါ။

ကျွန်တော့်ရဲ့ ခံယူချက်ကိုပြောရမယ်ဆိုရင်

နည်းပညာက လူတွေကို အများကြီးကူညီပေးနိုင်ပါတယ်။
ဘာသာစကားမတူတဲ့သူတွေ ကြားမှာ ရှိတဲ့အခက်အခဲတွေကို ကျော်လွှားနိုင်ပါတယ်။
ကျွန်တော် english  လ်ုအတန်အသင့်နားလည်ပါတယ်။ပြောနိုင်ပါတယ်။
ဒါကြောင့် အင်တာနက်မှာလိုချင်တာ ကို အေးအေးဆေးဆေး english လိုရှာယူလို့ရပါတယ်။
ဒါပေမယ့် english လိုမတတ်တဲ့သူ သန်းပေါင်းများစွာရှိပါသေးတယ်။
သူတို့ အတွက် မြန်မာလို အချက်အလက်တွေက facebook မှာ ပြန့်သလောက်ပဲ သိရတယ်ဆိုတာ မဖြစ်သင့်ပါဘူး။
နိုင်ငံတကာသတင်းတွေကို မြန်မာလိုအဆင်သင့် ဘာသာပြန်ဖတ်လို့ရရမယ်။
ကိုယ်သိချငိတဲ့အကြောင်းကို ဘာသာပြန်ရငိနားလည်ရမယ်။
နောက်ဆုံး နိုင်ငံခြားရောက်နေတဲ့ လုပ်သားတွေနိုင်ငံခြားဘာသာနဲ့ ရေးထားတဲ့ စာတွေမှာလက်မှတ်ထိုးခိုင်းရင် မသိတဲ့နေရာ ကင်မရာနဲ့ချိန် မြန်မာဘာသာပြန်ပြီး သူတို့ ဘာအကြောင်းရေးထားတယ်ဆိုတာ သိရမယ်။
ဒါတွေ အားလုံး ရှိရင် အရမ်းကောင်းမှာပဲလို့ စိတ်ကူးကြတယ်။

မျက်စိမမြင်တဲ့ ကျွန်တော့် မိတ်ဆွေတစ်ချို့ရှိတယ်။
သူက အင်္ဂလိပ်လိုပဲ အများဆုံးရေးတယ်။
မြန်မာလိုိုရေးရင် သူဖတ်လို့မရဘူး။
အင်္ဂလိပ်လိုကျတော့ ကွန်ပျူတာက အသံထွက် ဖတ်ပြပေးတယ်။
မြန်မာလိုကျတော့ မရဘူးတဲ့။
နောင်ကို မြန်မာလို ရရင် အရမ်းကောင်းမှာပဲလို့ပြောတယ်။
သူတို့ အတွက် ကြိုက်တဲ့ website ကို မြန်မာလို အသံထွက်ဖတ်ခိုင်းလို့ရရမယ်။

ကျွန်တော်တို့မြန်မာနိုင်ငံမှာ ထုတ်ခဲ့တဲ့ ဝတ္ထုတွေအများကြီးရှိတယ်။
နေ့စဉ်ထုတ် ဂျာနယ် မဂ္ဂဇင်း အများကြီးပဲ။

ဒါတွေကို တစ်ချိန်ချိန်မှာ ပြန်ရှာဖို့လိုလာမယ်
မှီငြမ်းဖို့လိုလာမယ်ဆိုရင် ကျွန်တော်တို့အတွက် ဘယ်မှာလဲ reference.
ebook ပြောင်းပေးထားတဲ့ စာအုပ်တွေဟာ ထွက်ခဲ့သမျှ စာတွေရဲ့ ရာခိုင်နှုန်းဘယ်လောက်ရှိမလဲ။
ယခုခေတ်ကထားပါတော့။
တစ်ချိန်က ထွက်ခဲ့တဲ့စာအုပ်တိုင်းကွန်ပျူတာနဲ့ ပြန်ရိုက်မသိမ်းနိုင်ကြဘူးလေ။
ဒါတွေအားလုံး ကို scan ဖတ်ရုံနဲ့ အဆင်သင့်ကွန်ပျူတာ စာလုံးဖြစ်ခဲ့ရင် အလုပ်တွေအများကြီးပိုပြီးသလို
အွန်လိုင်းပေါ်မှာ လေ့လာစရာ မြန်မာစာနဲ့ရေးထားတာတွ ပေါများလာမှာပဲ။

မြန်မာဘာသာ ပြန်ထားတာတွေက ဘယ်လောက်သောက်သုံးကျလို့ ငါတု့်က မြန်မာလ်ု သုံးရမှာလဲ လို့တော်တော်များများပြောကြတယ်။

ကျွန်တော်လည်း ရံဖန်ရံခါပဲ ဆက်တင်တွေကို မြန်မာ လို ပြောင်းသုံးပါတယ်။
ဘာသာပြန်တာ လက်တွေ့ဆန်တာမဆန်တာ နောက်မှ ဆွေးနွေူလို့ရပါတယ်။
ကိုယ့်ဘာသာ စကားလုံးက လူရာဝင်လာပြိ်ဆိုတဲ့အသိက ပီတိဖြစ်စေပါတယ်။

ကမ္ဘာပေါ်မှာ အလှဆုံး စကားလုံးတွေထဲမှာ မြန်မာစကားလုံးကထိပ်ဆုံးမှာပြထားပါတယ်။

အင်္ဂလိပ်စာလုံးတွေကနေ မြန်မာ စကား အဖြစ် ဖလှယ်ဖို့ စထွင်ခဲ့ကြ တာ အရင်ကဆိုရင်
စာရေးဆရာတွေရဲ့အလုပ်လေ။
သူတို့ကမှ အလှဆုံး အဓိပ္ပါယ်တွေ ပြောတတ်တာကိုး။
လက်ရှိ ဘာသာပြန် ပေးတဲ့ google translate,facebook setting, စတာတွေမှာ
ဒီမြန်မာစာလုံးတွေ ဘယ်သူက ဘယ်လို ပြန်ပေးတာလဲလို့ မစဉ်းစားမိဘူးလား။
အရှေ့ပိုင်းတုန်းက မြန်မာစာတွေတော့ ဘယ်သူ ပြန်ခဲ့သလဲ ကျွန်တော်မသိပါဘူး။

နောက်ပိုင်း facebook မှာကော google translate မှာကော မြန်မာနိုင်ငံက မြန်မာတွေပဲ ပြန်ကြတာ
ကုမ္ပဏီ ကြီးတွေကတော့ နိုင်ငံတစ်ခုမှာ  ဘယ်ဘာသာစကား စနစ်ပဲအသုံးများများ သူတို့စနစ်နဲ့လိုက်လျောညီထွေရှိတဲ့ unicode system ကိုပဲသုံးရပါတယ်။
တစ်ကမ္ဘာလုံးက ဘာသာစကားတွေ သူ့နေရာနဲ့သူ ရှိပြီး အရှုပ်အထွေးမဖြစ်အောင်
ထိန်းပေးထားတဲ့ ကမ္ဘာ့ ယူနိကုဒ် အဖွဲ့အစည်းက သတ်မှတ်တဲ့စည်းမျဉ်းစည်းကမ်း ကိုပဲလိုက်နာရပါတယ်။

ဒါကြောင့် translate ပဲ ဖြစ်ဖြစ် setting ပဲ ဖြစ်ဖြစ် ယူနီကုဒ်နဲ့ဘာသာပြန်ကြရပါတယ်။
စောစောကပြောသလို မြန်မာနိင်ငံမှာ ယူနီကုဒ် အသုံးပြုသူက အရမ်းနည်းနေတော့
သုံးတဲ့သူထဲမှာမှ ကိုယ့်ထမင်းကု်ယ်စားဘာသာ ပြန်ပေးနေတာ ဘယ်နှစ်ယောက်ရှိမလဲစဉ်းစားကြည့်ပါ။
ဇော်ဂျီနဲ့ ဝင်ပြန်သူမရှိဘူးမဟုတ်ပါဘူး။
ရှိခဲ့ပါတယ်။
နောက်ပိုင်း facebook က စည်းကမ်းသတ်မှတ်ပြီး တားဆီးထားပေမယ့်
ဇော်ဂျီနဲ့ရေးပြန်သူ ကြိုကြားကြိုကြားရှိနေဆဲပါ။

သန်းနဲ့ချီတဲ့ မြန်မာ တွေသုံးနေတဲ့ ဖေ့စ်ဘွတ်အတွက် english အသုံးအနှုန်းတွေက်ု မြန်မာလ်ုပြန်တဲ့အခါ
ကြီးကြပ်သူ မြန်မာစာ ပညာရှင်တွေ မရှိပါဘူး။
စာရေးဆရာတွေမပါပါဘူး။
တတ်နိုင်သလောက် မြန်မာစာ လူရာဝင်ချင်စိတ်နဲ့ ကူညီ ဘာသာပြန်ပေးကြတယ်။
သူများတွေမေ့နေတဲ့အရာကို ဘယ်သူမှ မချီးမွမ်းလဲ
ဝင်လုပ်နေကြတဲ့သူတွေပါ။

တကယ်လို့သာ ယူနီကုဒ် ပိုသုံးကြမယ်ဆိုရင်
ဘာသာပြန်တဲ့နေရာမှာ ပိုကျွမ်းကျင်သူတွေပါလာလို့ ပို အရည်အသွေးကောင်းတဲ့ စာကြောင်းတွေ ရရှိလာပါမယ်။

သုံးတဲ့သူတွေလည်းပ်ုအဆင်ပြေလာမယ်။
တစ်ယောက်နှစ်ယောက်တည်းကနေ တစ်ရာနှစ်ရာ ဖြစ်လာရင်
ပိုလည်း အရွေ့မြန်သလို အားလည်းပိုတက်ကြမှာပါ။
ဘာဖြစ်လို့ ဇော်ဂျီဖောင့်နဲ့ပဲမလုပ်ခဲ့လဲမေးရင်

လုပ်လို့မရလို့ မလုပ်ခဲ့တာလို့ ပြောရပါလိမ့်မယ်။
ဘာလို့ လုပ်လို့မရတာလဲထပ်မေးရင်တော့

တရားဟောချင်စိတ်မရှိတဲ့အတွက် မဖြေ တော့ပါဘူး။
ကိုယ်လဲ ဘာမှ သိပ်သိတာမဟုတ်ဘူး။
အခြားနေရာမှာ သိပ်အပြောမခံတဲ့သူက
ယူနီကုဒ်နဲ့ပတ်သက်ရင် ပယ်ပယ်နယ်နယ်တွယ်တော့ လူငယ်ပဲဗျာ။
ဒေါသရှိတယ်။
အများဘက်က ကြည့်တဲ့အမြင်က သက်သက်။
လုပ်သင့်တယ်မလုပ်သင့်ဘူး စဉ်းစားတဲ့ဘက်က သက်သက်ပါ။

လုပ်ရင်ဖြစ်မယ့်အကျိုး၊ ဆိုးကျိုး တွေ ချိန်ကြည့်ရင် စောနိုင်သမျှစောလေ အထိနာသက်သာလေ ဖြစ်တယ်လို့ မြင်ပါတယ်။

ဒီကြားထဲ အရမ်းတော်တဲ့ပညာရှင်တွေက ပိုကောင်းတဲ့ အဖြေ တစ်ခုထုတ်နိုင်ခဲ့ရင် အတိုင်းထက်အလွန်ပေါ့ဗျာ။

testing google ocr for Myanmar Lanuag

ကျွန်တော် စာအုပ်တွေ ကနေ ပြီး ကွန်ပျူတာ စာလုံးအဖြစ် ပြောင်းစရာ အများကြိးရှိ်တယ်။
လုပ်မယ့် လူအင်အားမရှိဘူး။
ပြေးကြည့်မှ ကိုယ်တစ်ယောက်ပဲ ရှိတယ်။
လုံလောက်တဲ့ အချိန်မရှိဘူး။
ကျွန်တော် အချိန် သိပ်မပေးနိုင်ဘူး။
စာရိုက်တာနဲ့တင် အချိန်ကုန် လူပန်းလည်း မဖြစ်ချငိဘူး။

အပြင်ဆိုင် အပ်ရင် ပိုက်ဆံအရမ်းတောင်းသလို အချိန်လည်းယူတယ်။

ကိုယ်နဲ့နီးစပ်ရာအကူအညီတောင်းရင်
ရပေမယ့် ကွန်ပျူတာ တစ်လုံးသက်သက်ပေးရမှာဆိုတော့မဖြစ်နိုင်ဘူး။

ဒီတစ်ပတ်လုံး အဲဒီပြဿနာ ဘယ်လို ရှင်းရနလဲ စဉ်းစားရင်းခေါင်းကိုက်နေတာ။

နောက်ဆုံးတော့  အမြန်နဲ့ အလွယ် နည်းလိုက်ဖို့စဉ်းစားလိုက်တော့တယ်။
google drive ကနေ pdf တွေ ကို ကွန်ပျူာ စာလုံး အဖြစ်ပြောင်းပေးတဲ့ OCR ရှိတာ သိတယ်။

ကျွန်တော့်မှာ scanner လည်းမရှိဘူး။
ဓာတ်ပုံရိုက်ပြီး drive ထဲထည့်ရင် quality မကောင်းတော့
output စာလုံးတွေက သုံးစားမရဘူး။
ဒါနဲ့ google က scanner application တစ်ခု ရှာတယ်။

ပြီးတော့ ရိုက်ချင်တဲ့  စာအုပ်ကို တစ်စစီ ဖြုတ်ပစ်တယ်။
ပြီးတော့ L file ထဲထည့် ပြီး ပြန်စီတယ်။
အဲဒါကိုမှ ဓာတ်ပုံရိုက် scanner app နဲ့ scan ဖတ်ပြီးတော့ drive ထဲမှာ save တယ်။

ပြီးတော့ OCR သုံးပြီး ပုံရိပ်ကနေ စကားလုံး အဖြစ်ပြန်ပြောင်းတယ်။

၁၀၀% မမှန်ပေမယိ့
၉၀ ရာခိုင်နှုနး်သုံးလို့ ရတယ်။
ထွက်လာတာ ယူနီကုဒ်ဖြစ်ပြီး

image

image

သုံးစရာလိုတဲ့နေရာက ဇော်ဂျီနဲ့ ဖြစ်လို့
converter သုံးပြီးပြောင်းလ်ုက်တယ်။
နောက်တော့ မှ အချော ပြန်ပြီး လူ ကိုယ်တိုင် proof ဖတ်တယ်။

ဒါနဲ့ပဲ စာပြန်ရိုက်ရင် ၃ ရက်လောက်အချိန်ယူတဲ့ စာတွေ၂ နာရီလောက် အချိန်ပေးလိုက်တာ နဲ့ ပြီးသွားတယ်


Role of Myanmar Language on internet

မြန်မာစာ ကို အင်တာနက်ပေါ်မှာ အခုထက် ပို အဆင့်မြင့်မြင့်သုံးနိုင်ဖို့ လုပ်ဆောင်နေကြသူတွေရှိပါတယ်။

ဟိုစပ်စပ်ဒီစပ်စပ် ဝါသနာ ပါလို့ လှျှောက်လေ့လာ ရင်းကနေသိလာတဲ့ သတင်းတွေပါ။

၁.Google က မြန်မာနိုင်ငံကို နှစ်ပေါင်းများစွာမေ့ထားရာက  မြန်မာနိုင်ငံအတွက် ရည်ရွယ်ပြီးလုပ်နေတဲ့ product တွေရှိပါတယ်။
:google translate , google map, android os, gmail စသဖြင့် အင်္ဂလိပ်လိုသုံးရတဲ့နေရာတွေမှာ မြန်မာလို သုံးနိုင်အောင်လုပ်နေကြတယ်။
ယူနီကုဒ် စနစ်ကို သုံးတဲ့အတွက်.
ယူနီကုဒ်မသုံးရင်တော့ သူတို့ ပေးထားတဲ့ featureတွေကို ပြည့်ပြည့်ဝဝသုံးရမှာမဟုတ်ဘူး။

google translate  အတွက်ကို စက်ကသူ့ဘာသာ ဘာသာပြန်တာမဟုတ်ပဲ။
နောက်ကွယ်ကနေ နမူနာစာလုံးတွေ ဘာသာပြန်ပေးကြရပါတယ်။
မြန်မာနိုင်ငံထဲက ယူနီကုဒ် သုံးတဲ့ သူတွေ ကော ဇော််ဂျီသုံးတဲ့သူတွေကော ကူညီ ပြန်ပေးကြပါတယ်။
ဒါပေမယ့် အကုန်လုံးက volunteer တွေဆိုတော့ ထိုက်သင့်သလောက်တော့ရှေ့မရောက်ပါဘူး။
google translate ကို တကယ့်quality ကောင်းကောင်းနဲ့သုံးခွင့်ရဖို့က
နောက်ကွယ်က ဘာသာပြန်သူတွေ အများကြီးလိုဦးမှာပါ။
နောက်တစ်ခုက google translate မှာ အခြားဘာသာတွေမှာ ရတဲ့ စာလုံးကို ဓာတ်ပုံရိုက်တာပဲဖြစ်ဖြစ်
ကင်မရာနဲ့ချိန်လိုက်တာပဲ ဖြစ်ဖြစ် အော်တို ဘာသာ ပြန်ပေးတဲ့ အဆငိ့ရောက်အောင်လည်းသူတို့ လုပ်နေပုံရပါတယ်
အဲဒီအဆင့်မရောက်ခင်
မြန်မာပုံနှိပ်စာလုံးကနေ ကွန်ပျူတာစာလုံးအဖြစ် မှန်မှန်ကန်ကန် ပြောင်းလဲနိုင်အောင်
OCR(Optical character recognition ) စနစ်ကို စမ်းသပ်နေပါတယ်။
၁၀၀%အလုပ်မလုပ်သေးပေမယ့် အစမ်းသုံးကြည့်လို့တော့ရနေပါပြီ။

google drive မှာ မြန်မာလိုရေးထားတဲ့ ဓာတ်ပုံဖိုင်တစ်ခုခုကိုတင်ပြီး
open with doc နဲ့ ဖွင့်ကြည့်ရင် သိနိုင်ပါလိမ့်မယ်။

နောက်တစ်ခု ကတော့ မြန်မာနိုင်ငံက ကုမ္ပဏီတစ်ခုကပဲ text to speech ကို အကောင်အထည်ဖော်နေကြပါတယ်။
TTS ဆိုတာ မြန်မာအက္ခရာကို အသံထွက်ဖတ်ပေးတာဖြစ်ပါတယ်။
မျက်စိမမြင်တဲ့ သူတွေအတွက် အရမ်းအဆင်ပြေမယ့်စနစ်တစ်ခုပါ။
လက်ရှိထွက်ထားတဲ့ ဆော့ဖ်ဝဲကတော့ အားနည်းချက်ရှိသေးပေမယ့် အလုပ်တော့ဖြစ်နေပါပြီ။
ကြားမိတာကတော့ ဂျပန် ကုမ္ပဏီတစ်ခုကနောက်ပိုင်းထောက်ပံံ့ပေးတယ်လို့ သိရပါတယ်။

အခုပြောတာတွေအားလုံးက ယူနီကုဒ်စနစ်ကို အခြေ ခံတာပါ။

Android OS , Window OS မှာ တော့ အခုနောက်ပိုင်းကတည်းက ယူနီကုဒ်ပါနေပါပြီ။
ဖုန်းsystem ကိုလည်း မြန်မာလိုသုံးလို့ရပါပြီ။
တစ်ခု ခက်ခဲမှာက ကျွန်တော်တို့ နဲ့ ရင်းနှီးပြီးသား
နည်းပညာအသုံးအနှုန်းတွေကိမြန်မာလို နောက်တစ်ခေါက်ဘာသာပြန်တဲ့ အခါ
တကယ်အသုံးဝင်မဝင်က ပြဿနာဖြစ်ပါလိမ့်မယ်။
ဒါက တကယ်တော့ နည်းပညာလောကက လူတွေ ကြည့်ပဲ မဖြေ ရှင်းနိုင်ပါဘူး။
မြန်မာဝေါဟာရ အသစ််တွေ အဓိပ္ပာယ်အသစ်တွေ ပေါ်လာမှာဖြစ်တဲ့အတွက် မြန်မာစာ အဖွဲ့က ပါနိုင်ရင် အကောင်းဆုံးပါ။
နည်းပညာမှာသုံးတဲ့ စာလုံးတွေကို ဘယ်နေရာမှာ ဘယ်လိုသုံးမယ်ဆိုတာ တရားဝင်သတ်မှတ်ရင်ကောင်းပါတယ်။

နောက်တစ်ခုကတော့facebook translate ပါ။
၂၀၁၃ လောက်တည်းက facebook ကိုမြန်မာလို ဘာသာ ပြန်နေခဲ့ ကြပါတယ်။
ဒါပေမယ့် အစောပိုင်းက ဇော်ဂျီနဲ့ ဘာသာပြန်တာ လက်ခံပါတယ်။
နောက်ပိုငး်ဇော်ဂျီနဲ့ ဘာသာပြန်တာကို ပိတ်လိုက်ပြီး ယူနီကုဒ်တစ်ခုတည်းကိုပဲ လက်ခံပါတော့တယ်။

သိပ်မကြာသေးခင်က
ဇော်ဂျီနဲ့ဘာသာပြန်ထားတွေကို ယူနီကုဒ်အဖြစ် အလိုအလျောက် ပြောင်းလဲ လိုက်တယ်လို့ပြောပါတယ်။
ယခင်က destop computer ကနေပဲ ဘာသညပြန်လို့ရပါတယ်။
အရင်အပတ်ကပဲ
facebook app ကနေ ဘာသာပြန်ဖို့ vote လုပ်ပေးဖို့ ဖွင့်ပေးလိုက်ပါတယ်။

နောက်ပြိိး android အတွက် facebook application မှာ လည်း မြန်မာလိုစ သုံးလို့ရနေပါပြီ။

ဒါပေမယ့် သိတဲ့အတိုင်း  အချို့ စာလုံးတွေက ကိုရို့ကားယားအဓိပ္ပာယ်တွေထွက်ပါတယ်။
ဒါကလည်း ဘာသာပြန်တဲ့သူတွေမတူ လို့ ဖြစ်ပါတယ်။
တိတိကျကျသတ်မှတ်ထားတဲ့မြန်မာ အဓိပ္ပာယ်မရှိတာလည်းပါပါလိမ့်မယ်။

နောက်တစ်ခု  က ဇော်ဂျီကော ယူနီကုဒ်ကော နှစ်ခုလုံး မြင်လု့ိရဖို့ ဆိုပြီ အချို့လည်းကြိုးပမ်းလျက်ရှိပါတယ်။

လောလောလတ်လတ် zawdecode ဆိုပြီး
ပြည်ထောင်စု ဖောင့်ကို ပြင်ထားတာလေးထွက်ထားပါတယ်။
အားနည်းချက်ရှိသလို အားသာချက်ရှိပါတယ်။
unicode အားလုံးမှန်ပေမယ့်
zawgyi ကို ရာနှုန်းပြည့်မမှန်ပါဘူး။
တိုင်းရင်းသားစာလုံးအချို့ မမှန်ပါဘူး။

developer တွေတော်တော်များများလည်း
ယူနီကုဒ်ဖက်ကို ပြောင်းဖို့ အားယူနေကြပါပြီ။
သုံးတဲ့ သူတွေကို ဖြည်းဖြည်းချင်းဆွဲခေါ် သွားပါလိမ့်မယ်။

အာသာ
4.10.2015
တနင်္ဂနွေ

ဘာသာပြန်ခြင်းတို့ရဲ့ အကျိုးကျေးဇူး

ဖေ့စ်ဘွတ်ဆိုတဲ့ ဆိုရှယ်နက်ဝက်မှာ မြန်မာလို သုံးလို့ရဖို့ ကျွန်တော်တို့ကြိုးစားနေကြတယ်။

ကြိုးစားတယ်ဆိုတာက အကြီးကြီးလုပ်တာမဟုတ်ပါဘူး။
ဘာသာကူပြန်ပေးရုံလောက်ပါပဲ။
မိမိဖုန်း ကနေ ကွန်ပျုတာကနေ ဘာသာပြန်နိုင်တဲ့အတွက်ကြောင့်မိုလို့ နိုင်သလောက် နည်းနည်းစီ ကူပြန်ပေးတယ်။
အရင်က ဒီအချိန်လောက်ကတော့ ဂူဂယ်အတွက် ဘာသာပြန်သေးတယ်။
ဒါပေမယ့် ဂူဂယ်အတွက်ပြန်ရမှာတွေက များလွန်းလှတယ်။
ဘာသာပြန်ရင်းနဲ့မှ အခက်အခဲလေးတွေကို မြင်လာတွေ့လာရတယ်။
မြန်မာဘာသာ မှာ ပြောချင်တာတစ်ခုတည်းကိုပဲအမျိုးမျိုးသုံးနှုန်းတယ်။
ဥပမာ
အင်္ဂလိပ်မှာ I ကို မြန်မာလိုဆို ရင် ကျွန်တော်လည်းရတယ်။
ကျွန်ုပ်လည်းရတယ်။
ငါလည်းရတယ်။ ကိုယ်လည်းရတယ်။
ကျွန်မလည်းရတယ်။
ဘယ်လိုလုပ်မလဲ။ ကွန်ပျူတာပေါ်မှာ နာမည်တစ်ခုအနေနဲ့သုံးတဲ့အခါကျတော့ ကျွန်ုပ်လို့ပဲသုံးမှအဆင်ပြေမယ့်ပုံဖြစ်နေတယ်။
ကျွန်တော်ဆိုရင်လည်းမိန်းကလေးနဲ့မတူ
ကျွန်မဆိုရင်လည်း ယောင်္ကျားလေးသုံးလို့မရ
စတာမျိုးလေးတွေပေါ့။
နောက်ပြီးတော့ ရှိတာက အချို့အင်္ဂလိပ်စာလုံးတွေက မသိမသာ မွေးစားပြီးသားဖြစ်နေတာမျိုးရှိတယ်။
ဟိုးအရင်က ဆို ကားဆိုရင် မော်တော်ကား
ကွန်ပျူတာဆိုကွန်ပျူတာ
ဖုန်းဆို ဖုန်းသဖြင့်ပေါ့။
အခု ဖေ့စ်ဘွတ်မှာကျတော့ တော်တော်များများ အင်္ဂလိပ်လိုတွေက
မြန်မာမှမရှိဘူး။
ဥပမာ
Check in, Status, Tag, Post,Timeline,Poke, Relationship
စသဖြင့်ပေါ့။
အစသဖြင့်အများကြီးကျန်ပါသေးတယ်။
အဲဒါတွေကို မြန်မာလို ထက် အင်္ဂလိပ်လိုကသုံးတာပိုတွင်ကျယ်နေတာ တွေ့ရတယ်
တစ်ယောက်ယောက်ကများ ပြောရင်
ဖေ့စ်ဘွတ်လို့ပဲပြောတယ်။ မျက်နှာစာအုပ်လို့ဘယ်သူမှမပြောဘူး။
ချက်ကင်လို့ပဲ ပြောတယ်။ အဲဒါကို မြန်မာလိုပြန်ဖို့က
နည်းနည်းခက်သွားပြီ။
လေဆိပ်မှာဆိုရင်တော့ ခေါ်တဲ့နာမည်ရှိပေမယ့် ဖေ့စ်ဘွတ်မှာသုံးထားတဲ့ အသုံးအနှုန်းနေရာတွေက တိုက်ရိုက်ယူသုံးလို့အဆင်မပြေပြန်ဘူး။
Tap to screen လို့ပြောရင်တော့ မျက်နှာပြင် ဆိုတဲ့အသုံးအနှုန်းထက်
စခရင် ဆိုရင် ဘာကိုပြောမှန်းတော်တော်များများသိကြတယ်။
Tap ဆိုတဲ့စာလုံးကိုနှိပ်တယ်လို့ပြန်ရမလား။ပွတ်တယ်လို့ပြန်ရမလား။
ထိတယ်လို့ပြန်ရမလား။ စသဖြင့် တော်တော်ခေါင်းရှပ်ရပါတယ်။
ဟိုးယခင်ခေတ်တွေတုန်းကတော့ ဒီလိုစာလုံးဝေါဟာရ ဆိုတာတွေကို စာရေးဆရာတွေက တီထွင် အသုံးပြုခဲ့ကြတယ်လို့မှတ်သားရပါတယ်။
ဒီခေတ်ထဲမှာတော့ အဲဒီလိုတီထွင်ဖန်တီးထားတဲ့စကားလုံးတော်တော်နည်းသွားခဲ့တယ်။
Relationship ဆိုတဲ့စကားလုံးကိုသမီးရည်းစား တွေမှာပဲသုံးသလား။ အခြား မိတ်ဆွေ မိသားစုတွေမှာကော သုံးသလားဆိုတာကလည်း စဉ်းစားစရာပါပဲ။
သူ့ကိုဘာသာပြန်ဖို့ကျတော့ တစ်နေရာမှ မေတ္တာမျှနေသည်လို့ ပြန်တာ ကိုက်ချင်ကိုက်မယ်။
နောက်တစ်နေရာမှာကျတော့ ဆက်နွယ်မှုလို့ ပြန်တာပဲကောင်းမယ်လို့ထင်မိတယ်။
Like ဆိုတဲ့စကားလုံး Tage ဆိုတဲ့စကားလုံးတွေကိုကော
ကြိုက်သည် လို့ရေးမှာလား။
တကယ်တော့ ဘယ်သူမှ ငါနင့်ပုံကို ကြိုက်လိုက်မယ်နော်လို့မပြောသေးဘူး.
ငါနင့်ပုံကို လိုက်ခ် လုပ်လိုက်မယ်လို့ပဲပြောတယ်။
လိုက်ခ်ကို မြန်မာ စကား လုပ်မယ်နဲ့ တွဲပြောလေ့ရှိကြတယ်။
Download ဆိုတဲ့စကားကလည်း မြန်မာစကားမှာ တွင်တွင်ကျယ်ကျယ်သုံးလာတဲ့အသုံးအနှုန်းပါ။
ဒေါင်းလုဒ်လို့ပြောရင်လူတော်တော်များများနားလည်ပါတယ်။
ဒါပေမယ့် ကူးယူရန် တို့ဆွဲကူးရန်တို့ဆိုရင် နားရှုပ်သွားတတ်ကြပါတယ်။
သူတို့နားလည်တဲ့ကူးတယ်ဆိုတာ ကွန်ပျူတာထဲမှာဖိုင်တစ်ခုကနေတစ်ခုကူးယူတာ။
ဖုန်းတစ်လုံးကနေတစ်လုံးကူးယူတာ။
အင်တာနက်ကနေ ယူတဲ့အရာတွေကို ကူးယူတယ်လို့မပြောကြဘူး။
ဒေါင်းလုဒ်ဆွဲတယ်လို့ပဲသဘောပေါက်ကြတယ်။
ဒီလိုပဲ ကွန်မန့်ပေးတယ်ဆိုရင်လည်းနားလည်ပေမယ့်
မှတ်ချက်ပေးမယ်ဆိုရင် ဘာမှန်းမသိဖြစ်တတ်ကြတယ်။
နည်းပညာခေတ်ထဲမှာ သတင်းအချက်အလက်တွေ မြန်မြန် ဆန်ဆန် စီးဆင်းလာတာနဲ့အမျှ ဖြစ်ပေါ်လာတဲ့ပြဿနာသေးသေးလေးတွေက ကြာလာတာနဲ့အမျှ ကျွန်တော်တို့ နိုင်ငံ လူမျိုးအတွက် ကသိကအောင့်ဖြစ်စရာ တွေဖြစ်လာနိုင်ပါတယ်။
အခြားနိုင်ငံတွေဖွံ့ဖြိုးသလောက် ကျွန်တေ်ာတို့ အမှီလိုက်နိုင်ဖို့အတွက် ဒီလို သေးသေးမွှားမွှားတွေကို လည်းဖြေရှင်းဖို့လိုနေပါပြီ။
ဒါတောင် ကျွန်တော် ယူနီကုဒ် အကြောင်းကိုချန်ထားခဲ့တာဖြစ်ပါတယ်။
လက်ရှိဘာသာပြန်ဆိုမှုအားလုံးကို ယူနီကုဒ်နဲ့လုပ်ဆောင်နေတာဖြစ်ပါတယ်။
အင်တာနက်ထဲမှာ မြန်မာလိုအချက်အလက်တွေ များများစားစားရှိဖို့လိုအပ်နေပါတယ်။
အင်္ဂလိပ်စာ ရေးနိုင်ဖတ်နိုင် နားလည်နိုင်သူတွေက တစ်ပန်းသာပေမယ့်
မြန်မာလိုပဲ ကျွမ်းကျင်သူတွေအတွက်ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။
သူတို့မြန်မာလို ရှာဖွေတဲ့အခါ လိုအပ်တာကို သေချာရရှိဖို့
အင်တာနက်ကနေတဆင့်အသိပညာတွေစီးဆင်းစေနိုင်ဖို့
ဘာသာစကားအခက်အခဲကို ဖြေရှင်းပေးမယ့် တံတားတစ်စင်းထက်မက လိုပါတယ်။
ဘာသာပြန်ဆော့ဖ်ဝဲတွေ မြန်မာလို ဘာသာပြန်ထားတာတွေရဲ့ရည်ရွယ်ချက်က
မြန်မာလို အသုံးပြုတတ်သူတွေအတွက် နားလည်လွယ်စေဖို့ ပါ။
ဒါကိုမှ သူတို့တွေအတွက် ပိုရှုပ်ထွေးစေမယ်ဆိုရင် ကျွန်တော်တို့ လုပ်နေတာတွေကစေတနာနဲ့ လုပ်ဆောင်တာဖြစ်ပေမယ့်
တကယ်ထိရောက်ရဲ့လား၊ မှားယွင်းနေသလားဆိုတာ ပြန်လည်သုံးသပ်သင့်ကြောင်း ပြောရင်း နဲ့ ဒီစာကိုရေးလိုက်ရပါတယ်
အာသာ
ငြိမ်းချမ်းကိုကို
၃.၉.၂၀၁၅
စနေနေ့
၁၀နာရီ ၁၉မိနစ်

အကွဲကွဲအပြားပြား ယူနီကုတ်သဘောထားများနှင့် လွဲမှားမှုများ၏ ရှုထောင့်

အိုင်စီတီ ဖွံ့ဖြိုးတိုးတက်မှုအတွက် Nature Language Processing (NLP)နဲ့ဆက်စပ်ပြီး လုပ်ကိုင်ဆောင်ရွက်နေတဲ့ မသင်ဇာဖြိုးကို မိတ်ဆက်ပေးချင်ပါတယ်။ သူမရဲ့ လုပ်ငန်းခွင်အတွေ့အကြုံကို အချိန်ကာလနဲ့တိုင်းတာမယ်ဆိုရင် သူမရဲ့လုပ်ငန်းခွင်အတွေ့အကြုံဟာ ၅ နှစ်ရှိပါပြီ။ လုပ်ငန်းခွင်ထဲမှာ ၅ နှစ်တာ ကာလကို ဖြတ်သန်းပြီး ရရှိလာတဲ့ သူမရဲ့အတွေ့အကြုံတွေက မနည်းပါဘူး။

မသင်ဇာဖြိုးဟာ စစ်ကိုင်းမြို့မှာ အခြေခံပညာအထက်တန်းကို အောင်မြင်ခဲ့တယ်။ ဖခင်ဖြစ်သူဟာ ဝန်ထမ်းတစ်ဦးဖြစ်တဲ့အတွက် ဖခင်တာဝန်ကျရာဒေသတွေမှာ လိုက်လံနေထိုင်ပြီး အခြေခံပညာကို သင်ယူခဲ့ရတယ်။ မန္တလေးကွန်ပျူတာတက္ကသိုလ်ကို တက်ခွင့်ရခဲ့တယ်။ B.C.Sc ကို အောင်မြင်ခဲ့တယ်။ Q (Qualify) တန်းကို တက်ရောက်ခွင့်ရခဲ့တယ်။ ဖခင်ဖြစ်သူဟာ လုပ်ငန်းတာဝန်နဲ့ ရန်ကုန်ကို ပြောင်းရွေ့လာ ရတဲ့အတွက် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှာ Q တန်းကို ဆက်ပြီးတက်ရောက်ခဲ့တယ်။ ၂၀ဝ၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ ကျောင်းပြီးခဲ့တယ်။

အသက်မွေးဝမ်းကျောင်း အစ

ကျောင်းပြီးတဲ့အချိန်မှာ အလုပ်စလုပ်ဖို့ တော်တော်ကြီးကို စိမ်းနေတယ်။ ကျောင်းတုန်းက တတိယနှစ်ကျမှ Virtual Basic 6 ကို စပြီး သင်တယ်။ အဲဒီအချိန်မှာ (ကျောင်း)အပြင်က .Net, Java ဖြစ်နေပြီ။ ကိုယ့်အနေနဲ့ လက်လှမ်းမီသလောက် လိုက်မယ်လို့ စဉ်းစားလိုက်တဲ့ အခါကျောင်းကပေးလိုက်တဲ့ ပညာရေးနောက်ခံအပြင် ပရောဖက်ရှင်နယ်ဖြစ်တဲ့ အောင်လက်မှတ်၊ လုပ်ငန်းအတွေ့အကြုံတွေရဖို့အတွက် Programmer လုပ်မလား၊ Developer လုပ်မလား ရွေးရတယ်။

ကျောင်းမှာ သင်ယူခဲ့ရတဲ့အပိုင်းက သီအိုရီတွေပါ။ Virtual Basic 6 က ကျောင်းမှာ နောက်ဆုံးသင်ခဲ့ရတဲ့ အပိုင်းပဲ။ Java ဆိုတာကို လုံးဝမသိဘူး။ စိမ်းနေတယ်။ ကွန်ပျူတာအ သင်းချုပ်နဲ့ ဂျပန်ပေါင်းဖွင့်တဲ့ Java သင်တန်းကို တက်ဖြစ်တယ်။ Professional နဲ့ Advance ဆိုပြီး Level နှစ်ခုရှိတယ်။ သင်တန်းမှာ ဂျပန်စာကိုလည်း သင်ပေးတယ်။

Professional Level တက်တဲ့အချိန်မှာ အခြေခံကနေ စပြီးတော့ သင်ပေးတယ်။ Java ကို စိတ်ဝင်စားခဲ့တယ်။ သင်တန်းကို အလုပ်လုပ်ဖို့ တက်ခဲ့တဲ့အတွက် အားစိုက်ပြီး သင်ယူဖြစ်ခဲ့တယ်။ အိုင်စီတီနယ်ပယ်ကို စတင်လေ့လာခဲ့တာက အဲဒီက စတာပါပဲ။ အိုင်စီတီနယ်ပယ်မှာ စပြီး အလုပ်ရှာတယ်ဆိုကတည်းက ဒါကိုပဲ လေ့လာချင်လို့။

ဘာသာစကားနဲ့ပတ်သက်ပြီး လုပ်ကိုင်ရမယ်

Myanmar NLP Lab ကို ရောက်လာတယ်။ ဆရာမကြီး(ဒေါက်တာ ဒေါ်မြင့်မြင့်သန်း)ကိုယ်တိုင် အင်တာဗျူးတယ်။ အဲဒီအချိန်တုန်းက NLP ဘာလဲလို့မေးရင် သေသေချာချာ မသိဘူး။ NLP ဆိုတာ ကျောင်းမှာပြောတဲ့ စကားနဲ့ပြောရင် ကျက်စာပါ။ အလုပ်ဝင်ခဲ့တဲ့သူ အများစုက လည်း မသိကြပါဘူး။ အလုပ်က မြန်မာစာနဲ့ပတ်သက်ပြီး လုပ်ရမယ်၊ စာတွေ ဖတ်ရမယ်လို့ ဆရာမကြီးက ပြောတယ်။ စိတ်ဝင်စား မိတယ်။ မိခင်ဘာသာစကားနဲ့ပတ်သက်ပြီး လုပ်ကိုင်ရမယ်ဆိုတော့ အသစ်အဆန်းလို့ သိလိုက်တယ်။ ကျွန်မအတွက် ပထမဆုံးအလုပ်ဖြစ်ခဲ့သလို အခုအချိန်အထိ ဆက်ပြီးလုပ်နေတဲ့ အလုပ်အကိုင်ပါပဲ။

လုပ်ငန်းခွင် အတွေ့အကြုံ အစပိုင်း

အလုပ်ဝင်တဲ့အချိန်က ၂၀ဝ၅ ခုနှစ် ၅ လပိုင်းလောက် ဖြစ်မယ်။ အလုပ်စလုပ်တဲ့အချိန်မှာ Myanmar 2 ကို မီခဲ့တယ်။ ကျွန်မအနေနဲ့ အလုပ်မဝင်ခင်ကတည်းက ယူနီကုတ်ရှိနေတယ်။ Myanmar1 က Unicode 4.1 နဲ့ ထွက်ပြီးသွားပြီ။ လက်ရှိအသုံးများနေတဲ့ ယူနီကုတ်စံကို အတိအကျ မလိုက်နာထားတဲ့ ဖောင့်ထက်စောပြီး Myanmar1 က ရှိနေခဲ့တယ်။

ယူနီကုတ်ကွန်ဆိုဒီယမ်မှာ မြန်မာဘာသာစကားပါဖို့အတွက် ဆရာဦးသိန်းဦးနဲ့ကိုဇော်ထွဋ်တို့ ယူနီကုတ်ကွန်ဆိုဒီယမ်ကို သွားပြီးတော့ ကြိုးပမ်းခဲ့ကြတယ်။ အဲဒီကို သွားဖို့အတွက် မြန်မာစာဆရာကြီးတွေနဲ့ မြန်မာစာအဖွဲ့က ဆရာကြီးတွေက မြန်မာစာနဲ့ပတ်သက်ပြီး တိုင်ပင်ကြတယ်။ အိုင်တီဖက်က ပညာရှင်တွေကလည်း ပူးပေါင်းတိုင်ပင်တယ်။ အဲဒီက ထွက်လာတဲ့ အကောင်းဆုံးရလာဒ်နဲ့ အမှန်ကန်ဆုံး နည်းလမ်းကို ယူပြီးတော့၊ ယူနီကုတ်ကွန်ဆိုဒီယမ်မှာ သွားပြီး ကြိုးပမ်းခဲ့ကြတယ်။ ဒီလိုကြိုးပမ်းမှုမျိုးကို ကိုယ်တိုင်မကြုံလိုက်ရပေမယ့် ဘယ်လောက်အထိ ခက်ခဲမယ်ဆိုတာ ချင့်ချိန်နိုင်တယ်။ တော်တော်ကို ခက်ခဲတဲ့ အလုပ်တစ်ခုပဲ။

စံသတ်မှတ်ချက်တစ်ခု ဖြစ်ဖို့

တစ်ချို့ ကိစ္စတွေမှာ လူအများစု အသုံးပြုနေလို့ စံအဖြစ် သတ်မှတ်လိုက်တာတွေ ရှိပါတယ်။ အများလက်ခံလို့ ဖြစ်သွားတဲ့ စံတစ်ခုပါ။ ဒါပေမယ့် နည်းပညာကိစ္စတွေမှာ အများက အသုံးပြုတိုင်း စံသတ်မှတ်ချက် ဖြစ်ပါတယ်လို့ လုပ်လို့မရနိုင်ဘူး။ ယူနီကုတ်ကွန်ဆိုဒီယမ်ဆိုတာ က Non Profit Organization (NPO) တစ်ခုဖြစ်တယ်။ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုလည်း ဖြစ်တယ်။ သူတို့လုပ်တဲ့ လုပ်ငန်းတွေက ငွေကြေးအတွက် အကျိုးအမြတ်ရဖို့ မဟုတ်ဘူး။ နိုင်ငံတကာအဖွဲ့အစည်းဆိုတဲ့ အချက်တစ်ခုတည်းလည်း မဟုတ်ဘူး။ နိုင်ငံတိုင်းက ကွန်ပျူတာတွေ၊ ကွန်ပျူတာနဲ့ဆက်စပ်တဲ့ပစ္စည်းတွေပေါ်မှာ ကိုယ့်ရဲ့မိခင်ဘာသာစကားနဲ့ အသုံးပြုနိုင်ဖို့ ကုတ်တွေကို စံသတ်မှတ်ပြီး ချပေးတယ်။ ချပေးတဲ့ ကုတ်တွေကလည်း ဘာသာစကားတစ်ခုနဲ့တစ်ခု လုံးဝတူလို့ မရဘူး။

မြန်မာမှာရှိနေတဲ့ U1000 ဟာ တစ်ခြားဘာသာစကားတစ်ခုပေါ်မှာ သွားရှိနေရင် နိုင်ငံတကာစံနှုန်းဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ မြန်မာအတွက် က ကကြီးဆို U1000 ပဲ၊ ခခွေးဆို U1001 ပဲ။ ဘယ်ဘာသာစကားနဲ့မှ တူညီစရာမရှိဘူး။ မြန်မာစာမှာရှိတဲ့ ဘာသာစကား စည်းမျဉ်းစည်းကမ်း တွေ၊ ဘာသာစကားတည်ဆောက်ပုံတွေနဲ့ ညီတဲ့ သတ်မှတ်ချက်တစ်ခုကို သူတို့ဆီ အရင်တင်ပြရတယ်။ ဒီလိုတင်ပြမှ လက်ခံသင့် လက်မခံ သင့် ဆုံးဖြတ်တယ်။ ဆုံးဖြတ်တဲ့အခါမှာလည်း အဓိကကျတဲ့ အချက်သုံးချက် ရှိတယ်။

ယူနီကုတ်ဆိုတာ ဘယ် Platform ပေါ်မှာမှ မမူတည်ဘူး။ OS ပေါ်မှာ သုံးချင်သလား။ Java ပေါ်မှာ သုံးချင်သလား။ C# ပေါ်မှာ သုံးချင် သလား။ .net အပေါ်မှာ သုံးချင် သလား။ ဘယ်ပေါ်မှာမဆို အသုံးပြုနိုင်ရတယ်။ ဒုတိယအချက်အနေနဲ့ Application တိုင်မှာ အသုံးပြုနိုင်ရ တယ်။ တတိယအချက်အနေနဲ့ မြန်မာနိုင်ငံအတွင်းမှာပဲ သုံးနိုင်တယ်။ တစ်ခြားနိုင်ငံမှာ သုံးလို့ မရနိုင်ဘူးဆိုတာလည်း မဖြစ်ရဘူး။ မြန်မာ အတွက်စံနှုန်းက တစ်ခြားနိုင်ငံမှာရှိတဲ့ စံနှုန်းတွေနဲ့လည်း ကိုက်ညီမှ ယူနီကုတ်ကွန်ဆိုဒီယမ်က ချပေးတယ်။

မိခင်ဘာသာစကားနဲ့ ကွန်ပျူတာကို အသုံးပြုဖို့

ကွန်ပျူတာမှာ မိခင်ဘာသာစကားကို စာစီစာရိုက်တစ်ခုတည်းအတွက်ပဲ သုံးတယ်ဆိုရင် မှားတယ်။ ကွန်ပျူတာပေါ်မှာ မိခင်ဘာသာ စကားနဲ့သုံးလို့ရတဲ့ အစိတ်အပိုင်းတွေ အများကြီးပဲ။ တကယ့်ကိုမှ အများကြီး၊ မရေမတွက်နိုင်အောင်ပဲ။ စာစီစာရိုက်လေးတစ်ခု၊ ဝက်ဘ် ပေါ်မှာ မြန်မာစာ ဖတ်နိုင်ဖို့ တစ်ခုထဲအတွက်ဆိုရင် ယူနီကုတ်ဆိုတာ ဖြစ်လာစရာမရှိဘူး။ စာစီစာရိုက်တစ်ခုတည်းအတွက်ဆိုရင် NLP Lab ဆိုတာ ရှိဖို့ မလိုအပ်ဘူး။ ကိုယ့်ရဲ့ မိခင်ဘာသာစကားမှာ ဘာသာစကားရဲ့ သဘာဝတွေရှိတယ်။ သူ့သဘာဝအတိုင်း ကွန်ပျူတာမှာ အလုပ် လုပ် စေချင်တယ်။ ဥပမာ-အခုသုံးနေတဲ့ Laptop မှာ မြင်နေရတဲ့ အချိန်တွေ၊ ပြက္ခဒိန်တွေက အင်္ဂလိပ်ဘာသာစကားနဲ့ ဖြစ်နေတယ်။ (စားပွဲ ပေါ်တွင်ရှိနေသည့် Laptop ကို ဥပမာထား၍ ပြောဆိုခြင်း ဖြစ်သည်။)

အချိန်တွေ၊ ပြက္ခဒိန်တွေကို ကွန်ပျူတာမှာ ကြည့်လို့ရနိုင်ဖို့ မြန်မာက ဘယ်အုပ်စုမှာ ဝင်နေသလဲဆိုတဲ့ Setting လုပ် ပြီးတော့မှ ကိုယ့်ရဲ့အချိန် ကို သိနိုင်တယ်။ မြန်မာရဲ့အချိန်ကို ဘယ်လိုမှ မသိနိုင်ဘူး။ မြန်မာရဲ့အချိန်ကို One, Two ဆိုတာနဲ့ပဲ သိနိုင်တယ်။ မြန်မာဂဏန်း ၁ ၊ ၂ နဲ့ အချိန်ကို မသိနိုင်ဘူး။ Naturel Language Processing ဆိုတာ ကိုယ့်ရဲ့ မိခင်ဘာသာစကားရယ်၊ ကွန်ပျူတာပေါ်မှာ သုံးလို့ရတဲ့ Programming Language နဲ့ Machine Language နှစ်ခုပေါင်းပြီး Processing လုပ်တာဖြစ်တယ်။

ကိုယ့်ဘာသာစကားကို ဒေသခံတစ်ယောက်အနေနဲ့ ဘယ်လောက်အထိ သိပြီလဲ။ ကကြီးကနေ အ အထိ အက္ခရာ ဘယ်နှစ်လုံးရှိလဲလို့ မေး လိုက်ရင် မသိတဲ့သူတွေ အများကြီးပဲ။ ကွန်ပျူတာပေါ်မှာ စာစီစာရိုက်လုပ်ရုံ၊ ဒီဇိုင်းလုပ်ရုံပဲ မိခင်ဘာသာစကားကို သုံးလို့ရတယ်ဆိုတာ ထက်ပိုပြီး NLP ကို သိစေချင်တယ်။

အပြောင်းအလဲ မြန်ခြင်းမဟုတ်

ယူနီကုတ်နဲ့ပတ်သက်ပြီး ပြင်ဆင်မှုတွေမှာ ကန့်ကွက်တဲ့သူတွေ ရှိလာတယ်ဆိုရင် ကွန်ဆိုဒီယမ်က ဘယ်လိုလူမျိုးက ကန့်ကွက်တာလဲဆို တာကို ကြည့်တယ်။ ဥပမာ- ကန့်ကွက်တဲ့ သူက ဘာသာဗေဒပညာရှင်လား၊ စနစ်သမားလားဆိုတာကို ကြည့်ပြီးတော့မှ စဉ်းစားတယ်။ ကကြီးကနေ အ အထိ နေရာရဖို့၊ ရရစ်ဆိုတာ ဘာလဲ၊ ရပျင့်ဆိုတာ ဘာလဲသိဖို့ ခက်ခဲတယ်ဆိုတာ လုပ်တဲ့ သူတွေ လဲ သိတယ်။ စိတ်ဝင်တ စားနဲ့လိုက်နေတဲ့ သူတွေလည်း ဒီအပိုင်းကို သိတယ်။ ယူနီကုတ်ကွန်ဆိုဒီယမ်က Version တွေတစ်ခုပြီး တစ်ခုထုတ်တယ်ဆိုတာ အပြောင်း အလဲမြန်တာမဟုတ်ဘူး။ ဘာသာစကားတစ်ခုမှာ ပြဿနာတစ်ခုရှိနေတယ်ဆိုရင်(ကွန်ဆိုဒီယမ်)ကို အဆိုပြုလွှာတင်ရတယ်။ အဲဒီအချိန် တုန်းက မြန်မာဘာသာစကားအတွက်လည်း ပြဿနာရှိတယ်။ မြန်မာဖက်က အဆိုပြုလွှာ၊ အခြားဘာသာစကားတစ်ခုက အဆိုပြုလွှာတွေ အကုန်လုံးကို စုတယ်။ စုပြီးတော့မှာ အားလုံးနဲ့ကိုက်ညီတဲ့ ရလာဒ်တစ်ခုကို ထုတ်တယ်။ Version တစ်ခုအနေနဲ့ နာမည်တပ်တယ်။ ဒီလိုထုတ် နိုင်ဖို့ အချိန်ဆိုတာက တင်သွင်းလာတဲ့ အဆိုပြုလွှာတွေ အပေါ်မှာမူတည်ပြီး ခြောက်လလည်း ဖြစ်နိုင်တယ်။ တစ်နှစ်လည်း ဖြစ်နိုင်တယ်။ သုံးနှစ်လည်း ဖြစ်နိုင်တယ်။

ကျွန်မအနေနဲ့ Version 2 ကနေ Version 3 အပြောင်းအလဲ ကာလကို ကြုံခဲ့ရတယ်။ Version 2 နဲ့ Version 3 မှာ ဘာပြောင်းသွားသလဲဆိုတော့ Code Point တွေက အပြောင်းအလဲမရှိဘူး။ Version ပြောင်းပေးမယ့် မြန်မာစာဘက်မှာ အပြောင်းအလဲမဖြစ်ဘူး။ တစ်ခြားဘာသာစကား တစ်ခုမှာတော့ အပြောင်းအလဲ ဖြစ်နိုင်တယ်။ Font Developing အနေနဲ့ ပြောရရင် Myanmar2 မှာတုန်းက အောက်ကမြင့်တွေ၊ ဝစ္စလုံးနှစ်လုံး ပေါက်တွေ၊ အတပ်တွေ ထပ်သွားခဲ့ရင် မြင်နိုင်အောင် အစက်ကလေးတွေပါတဲ့ စက်ဝိုင်းလေးတွေ ထပ်ထည့်လိုက်တယ်။ ဒီလိုထည့်လိုက်တာ ကို အများစုက ဘာကြောင့်ထည့်တာလဲလို့ တွေးကြတယ်။ ဒီလိုထည့်လိုက်တဲ့အတွက် ဘယ်လောက်အထိ အကျိုးရှိသွားတယ်ဆိုတာကို မသိကြဘူး။ အောက်ကမြင့်တစ်ခုပဲ ရှိရမယ့် နေရာမှာ နှစ်ခုဖြစ်နေပြီး ထပ်နေမယ်ဆိုရင် ရှာချင်တဲ့ စာလုံး၊ စီချင်တဲ့အက္ခရာစဉ်ကို ဘယ်လိုမှ တွေ့နိုင်စီနိုင်မှာ မဟုတ်ဘူး။ Version 2 နဲ့ Version 3 ပေါ်မှာ ဘာကွာခြားချက်မှ မရှိဘူး။ အစက်ကလေးတွေပါတဲ့ စက်ဝိုင်းလေးတွေ ထပ်ထည့်လိုက်တာပဲ ရှိတယ်။ ဒီအပိုင်းကိုပဲ ကျွန်မပြောပြ နိုင်တယ်။ ပြင်တဲ့ အပိုင်းတွေ၊ Version 2 နဲ့ Version 3 ခွဲပြီး ထုတ်တဲ့အပိုင်းတွေကို Font Developing အပိုင်းက ဆောင်ရွက်ပါတယ်။

အပြောင်းအလဲတိုင်း အမှားကြောင့် မဟုတ်ဘူး

အလုပ်လုပ်နေတဲ့သူမှာ အမှားဆိုတာ ရှိနိုင်တယ်။ အလုပ်လုပ်နေတဲ့သူက မှားနိုင်တာပဲ။ အလုပ်ကို စမ်းတဝါးဝါးနဲ့ လုပ်တာမျိုး ရှိရင်ရှိမယ်။ မှန်တယ်ဆိုပြီး လုပ်လိုက်ပြီးမှ မထင်မှတ်တဲ့ ကိစ္စတစ်ခုက မှားသွားတာလဲ ဖြစ်ချင်ဖြစ်မယ်။ ယူနီကုတ်က Version တစ်ခုပြီး တစ်ခုထွက်လာ တယ်ဆိုတာ မှားလို့ ပြန်ပြင်တာ မဟုတ်ဘူးလို့ သိစေချင်တယ်။ သူတို့ဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ ဘာသာစကားတွေကို(ကွန်ပျူတာမှာ) အသုံးပြုနိုင်ဖို့ စံသတ်မှတ်ပေးတယ်။ တစ်ခြားနိုင်ငံတစ်ခုက ဘာသာစကားတစ်ခုမှာ လိုအပ်ချက် ရှိလာလို့ရှိရင်လည်း ထည့်သွင်းစဉ်းစား ပေးတယ်။ ယူနီကုတ်ဆိုတာ ဘာသာစကားတစ်ခုတည်းအတွက် မဟုတ်ဘူး။ ဘာသာစကားရှိမှ လူမျိုးရှိ မှာ။ ဘာသာစကားမှာ တစ်ခုခုမှား သွားလို့ ရှိရင် သက်ဆိုင်ရာ နိုင်ငံအတွက် ဆက်ပြီး မှားနေမယ်။ ပြောင်းလဲနေတိုင်းဟာ အမှားကြောင့်မဟုတ်ဘူး။ ဒါတွေနဲ့ ပတ်သက်ပြီး သိချင်ရင် ကျွန်မတို့ ဖြေရှင်းပေးဖို့ အဆင်သင့် ရှိပါတယ်။ ပြောင်းလဲတဲ့ နောက်ကွယ်မှာ တန်ဖိုးရှိတဲ့အရာတစ်ခု ရှိနေပါတယ်။ ယူနီကုတ် ၅.၁ ကို လိုက်နာထားတဲ့ ဖောင့်တွေအားလုံးဟာ အခုအချိန်မှာ မြန်မာစာအတွက် လုံးဝ တည်ငြိမ်သွားပြီလို့ ပြောလို့ရတယ်။

နည်းပညာပိုင်းကနေ ဖြေရှင်းပေးရမယ်

အေအကြီး(A)ကို ဂျာမန်တွေက အေ(A) အသံမထွက်ဘူး။ သူတို့သုံးထားတဲ့ Charater က အင်္ဂလိပ်ရဲ့ Charater ဖြစ်နေတယ်။ သူတို့က အေ အကြီး(A)ကို အသံတစ်သံထွက်ပြီး တစ်နေရာမှာ အသုံးပြုပေမယ့် အေအသေး(a)က အင်္ဂလိပ်မှာ မူရင်းအတိုင်းပဲ ရှိချင်ရှိနေမယ်။ အေအကြီး(A)မို့လို့ အသံပြောင်း၊ အဓိပ္ပါယ်ပြောင်းနိုင်ပေမယ့် အဲဒီအပေါ်မှာ မမီခိုဘူး။ ဂျာမန်အတွက်ဆိုပြီး အေအကြီး(A) သက်သက် မရှိဘူး။ အင်္ဂလိပ်အတွက်ဆိုပြီး အေအကြီး(A) သက်သက်မရှိဘူး။ မမီခိုဘူးဆိုတာ ဒီလိုသဘောမျိုးကို ပြောလိုက်တာပဲ။ အေအကြီး (A)ပြီးရင် အေအသေး(a)လာရမယ်ဆိုတဲ့ ဘာသာစကားရဲ့ သဘာဝတော့ ရှိတယ်။ မြန်မာစာမှာလည်း ရေးချ၊ မောက်ချနှစ်ခုဟာ Level တူ တယ်။ Sorting လုပ်ရင် ရေးချသော်လည်းကောင်း မောက်ချသော်လည်းကောင်း အပေါ်ရောက်နေလိမ့်မယ်။ သူတို့နှစ်ခုကြားမှာ ဘယ်ဟာမှ ဝင်လို့ မရဘူး။ ကုတ်တွေ တစ်ခုက တစ်မျိုး တစ်ခုက တစ်မျိုးလည်း မဟုတ်ဘူး။ ရေးချဟာ မြန်မာစာအတွက်ဖြစ်ပြီး မောက်ချဟာ စကော ကရင်မှာသုံးတဲ့ ဘာသာစကားရဲ့သဘာဝ ဖြစ်နေတယ်။ ရေးချချည်းပဲ ရှာချင်တယ်။ မောက်ချချည်းပဲ ရှာချင်ပါတယ်ဆိုရင် Fine and Replace မှာ သုံးတဲ့ Match Case နဲ့ရှာမလား။ Default နဲ့ ရှာမလား ဆိုတာကို Technical အပိုင်းကနေ ဖြေရှင်းပေးရတယ်။ ဘာသာစကားရဲ့ သဘာဝ ကနေ ဖြေရှင်းပေးလို့ မရဘူး။

စံသတ်မှတ်ချက်ကို အတိအကျ လိုက်နာကြတယ်

ယူနီကုတ်နဲ့ပတ်သက်လာရင် တစ်ခြားနိုင်ငံတွေမှာ ဝေဖန်ကြတယ်ဆိုတဲ့ ဝေဖန်ချက်တွေကို မကြားရဘူး။ နိုင်ငံတကာ စံနှုန်းသတ်မှတ်ချက် က ချမှတ်ပေးလိုက်တဲ့ စံသတ်မှတ်ချက်တစ်ခုကိုပဲ သူတို့က သုံးလိုက်ကြတယ်။ ပြည်တွင်းမှာ မြန်မာယူနီကုတ်နဲ့ ပတ်သက်ပြီး အငြင်းပွား ကြတယ်လို့ ပြောရင် သူတို့ မသိဘူး။ သူတို့အတွက်က ပြောစရာကိစ္စတစ်ခု မဟုတ်ဘူး။ စံနှုန်းသတ်မှတ်ချက်တစ်ခု ထွက်ပေါ်လာရင် အတိအကျလိုက်နာပြီးသား ဖြစ်နေတယ်။ သူတို့ထုတ်တဲ့ ဆော့်ဝဲလ်တွေကို စံနှုန်းမီချင်တဲ့အတွက် သူတို့လည်း စံနှုန်းသတ်မှတ်ချက်နဲ့ ကိုက်ညီတာကိုပဲ သုံးတယ်။ သူတို့မိခင်ဘာသာစကားနဲ့ထုတ်တဲ့ အိုင်စီတီထုတ်ကုန်တွေကို စံနှုန်းကိုက်တဲ့ ယူနီကုတ်နဲ့ပဲ ထုတ်လုပ်တယ်။

ကကြီး သဝေထိုး၊ သဝေထိုး ကကြီး

ကကြီး သဝေထိုးလို့ သွားပြီးတော့ သိမ်းဆည်းပေးတာက ယူနီကုတ်မဟုတ်ဘူး။ ဘာသာစကားရဲ့ သဘာဝတစ်ခုပဲဖြစ်တယ်။ ဒီလို သိမ်းပေး ရတဲ့အကြောင်းအရင်းရဲ့ အနီးစပ်ဆုံးအကြောင်းအရာက Sorting အတွက်ပဲ။ Sorting မှာ ဗျည်းက အရင်စပြီးတော့ လာတယ်။ ပြီးရင် သရစဉ် လာတယ်။ အက္ခရာစဉ်လာတယ်။ ဒီလိုသွားတဲ့ ပုံစံဟာ မြန်မာဘာသာစကားရဲ့ သဘာဝပဲ။ ဒီအတိုင်းကိုပဲ လိုက်ပြီးတော့ သိမ်းတာပဲ။ သိမ်း တဲ့ နေရာမှာ Sorting ထက်မကတဲ့အပိုင်းတွေ အများကြီးရှိသေးတယ်။ Sorting လုပ်ပြီဆိုကတည်းက အကြီးဆုံး အသေးဆုံးဆိုပြီး Ascending, Dscending တွေကို စဉ်းစာကြတာလေ။ ဒါကို စဉ်းစားလိုက်တယ်ဆိုတာနဲ့ ကကြီးသဝေထိုး သိမ်းသင့်သလား။ သဝေထိုးကကြီး သိမ်းသင့် သလားဆိုတဲ့အချက်က ပေါ်လာပါတယ်။

စံနှုန်းတစ်ခုကို မလိုက်နာတဲ့ အခါ

မြန်မာသင်္ချာဂဏန်းတွေနဲ့ ပေါင်းနုတ်မြှောက်စားလုပ်လို့ မရသေးဘူးဆိုတာက ယူနီကုတ်ကြောင့် မဟုတ်ဘူး။ ဘာသာ စကားသဘာဝ ကြောင့်လည်း မဟုတ်ပြန်ဘူး။ အရှင်းဆုံးပြောလိုက်ရင် OS မှာ မြန်မာစာ မရှိသေးလို့ပဲ။ Microsoft Windows မှာ မြန်မာစာမရှိသေးတဲ့အတွက် မြန်မာစာကို သိအောင်လုပ်ပေးနေရတယ်။ အခု Mac ပေါ်မှာ မြန်မာစာကို Mac OS ကသိနေတဲ့အတွက် မြန်မာသင်္ချာဂဏန်းနဲ့ ပေါင်းနုတ် မြောက်စား လုပ်နိုင်နေပါတယ်။ ယူနီကုတ်စံမမီတဲ့တစ်ခုကို ဆက်ပြီးသုံးနေမယ်ဆိုရင် Windows မှာ မြန်မာစာကို သိအောင်တစ်ခါတည်း လုပ်ပေးထားတဲ့ အခြေအနေရောက်လာတဲ့အခါ လက်ရှိလုပ်ထားခဲ့တဲ့ အလုပ်တွေအတွက် ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်တယ်။ ယူနီကုတ် စံမမီတဲ့တစ်ခုကို ဆက်ပြီးသုံးနေလို့ ရနေတယ်ဆိုပေမယ့် နိုင် ငံတကာမှာ စံသတ်မှတ်ချက်တစ်ခုကိုပဲ အတိအကျလိုက်နာကြတဲ့အတွက် ကိုယ့်အနေနဲ့က ကွက်ပြီး ကျန်ခဲ့လိမ့်မယ်။ ယူနီကုတ်ကွန်ဆိုဒီယမ်က ချမှတ်လိုက်တဲ့ စံသတ်မှတ်ချက်ကို လိုက်နာခဲ့တယ်ဆိုရင် ထုတ်တဲ့ ဆော့်ဝဲလ်တွေ အားလုံးဟာ နိုင်ငံတကာစံနှုန်းထဲကို ဝင်နိုင်တဲ့ အချက်တစ်ချက်ဖြစ်သွားတယ်။

လေ့လာ၊ ဆွေးနွေး၊ အကြံပေး

ယူနီကုတ်အကြောင်းကို အသေးစိတ်သိချင်တယ်ဆိုရင် www.unicode.org မှာ ဖတ်ကြည့်တာ အကောင်းဆုံးပဲ။ www. myanmarnlp.net.mm မှာ လည်း ဖတ်ကြည့်လို့ရတယ်။ MM NLP ရဲ့ သုတေသနရလာဒ်တွေကို ပြန်လည်မျှဝေဖို့ ဝက်ဘ်ဆိုဒ်အသစ်တစ်ခုကိုလည်း စီစဉ်နေတယ်။ ဒီထက်ပိုပြီးတော့ သိချင်တယ်ဆိုရင် MMNLP အနေနဲ့ အဆင်သင့်ရှိပါတယ်။ ဆက်သွယ်နိုင်ပါတယ်။ နားထောင်ရုံ သက်သက်ထက် ဆွေးနွေးပေးတာကို ပိုပြီး လိုချင်ပါတယ်။ ပြန်လည်ဆွေးနွေး အကြံပေးတာကို လိုချင်ပါတယ်။ ချက်ခြင်းသိချင်တဲ့ ကိစ္စမျိုးဆိုရင် ဖုန်းဆက်ပြီးတော့လည်း မေးနိုင်ပါတယ်။ ဒီလိုမျိုးတွေကို ဖွင့်ပေးထားပေမယ့် မလာကြပါဘူး။

ဆွေးနွေးမှု၊ အဖြေ၊ အကျိုးကျေးဇူး

ကိုယ်နဲ့ မဆိုင်ဘူးဆိုရင် သုံးလည်း မသုံးနဲ့ ဝေဖန်မှုလည်း မလုပ်ပါနဲ့။ သိတယ်ဆိုရင်တော့ ဝေဖန်လို့ရတယ်။ သိတဲ့အတိုင်းကို ဝေဖန်ပါ။ ဝေဖန်တာပဲ ဖြစ်ဖြစ်၊ အကြံပေးတာပဲ ဖြစ်ဖြစ်၊ နားထောင်တာပဲ ဖြစ်ဖြစ်၊ ဆွေးနွေးတာပဲ ဖြစ်ဖြစ် နည်းနည်းလေးသိရင် သိတဲ့အပေါ်မှာ အခြေခံပြီး မေးလို့ရတယ်။ လုံးဝမသိပဲနဲ့ ဘေးကပြောတဲ့ စကားနဲ့လိုက်ပြီး ပြောတာမျိုးတော့ မဖြစ်စေချင်ဘူး။ ယူနီကုတ်ကို ဘာလို့ ကြီးကြီးကျယ်ကျယ် ပြောနေတာလဲ၊ ဘာလို့အချိန်ကုန်ခံနေတာလဲလို့ သိချင်လာပြီဆိုရင် သိချင်တဲ့ အသိအပေါ်မှာ ထပ်ပြီးတော့ ကြိုးစားဖို့ လိုအပ်ပါတယ်။ ယူနီကုတ်နဲ့ ပတ်သက်ပြီး ဝက်ဘ်ဆိုဒ်တစ်ချို့မှာ ငြင်းခုန် ဆွေးနွေးကြတာကို တွေ့ရတယ်။ ပြောတဲ့သူကလည်း ပြောတယ်။ ဖြေရှင်းပေးတဲ့ သူကလည်း ဖြေရှင်းတယ်။ ဒါပေမယ့် အခုအချိန်အထိ အဖြေတစ်ခု မရကြသေးဘူး။ ဆွေးနွေးမှုဆိုတာ အဖြေတစ်ခုရသွားမှ အောင်မြင်တာပါ။ အဖြေတစ်ခုမရသေးဘူးဆိုရင် ဆွေးနွေးမှုတွေဟာ အကျိုးမရှိပါဘူး။

ပီပီပြင်ပြင် အသုံးပြုနေတဲ့ အချိန်မှာ

အကျိုးကျေးဇူးက ပြောရမယ်ဆိုရင် အများကြီးပဲ။ အခု မိုက်ခရိုဆော့ဝ်လ်မှာ မြန်မာစာရိုက်နေရတာ Line Brake မရှိဘူး။ Word Break မရှိဘူး။ Phrase Brake မရှိဘူး။ စာရိုက်ရင် တကယ်တမ်းရိုက်နေတာက Phrase Brake နဲ့ ရိုက်နေတာ။ မောင်မောင်သည်ဆိုရင် သည်မှာ ဖြတ်ပေးနေရ တယ်။ ဒါမျိုးတွေရဖို့အတွက် အများကြီးကို ကြိုးစားနေရတယ်။ မြန်မာစာမှာ Phrase ဆိုတာဘယ်နေရာလဲလို့ မြန်မာစာဆရာကြီးတွေနဲ့ တိုင်ပင်ရတယ်။ ပြီးတော့မှာ တကယ်အသုံးချတဲ့အပေါ်မှာရေး ရတယ်။ မြန်မာဘာသာစကားမှာ တစ်ခြားဘာသာစကားနဲ့မတူညီတဲ့ အချက် တွေရှိတယ်။ မြန်မာဘာသာစကားမှာ ဒါတွေ့ရင် ဒါလုပ်ဆိုတဲ့ ပုံစံမရှိဘူး။ ဒါလည်းဖြစ်နိုင်တယ်။ ဟိုတစ်ခုလည်း ဖြစ်နိုင်တယ်ဆိုတဲ့ ပုံစံမျိုးရှိ တယ်။ ဖြစ်နိုင်တွေချေကို အခြေခံပြီးတော့ တွက်ချက်ရတယ်။ ဒီလိုအခြေအနေမျိုးမှာ အလုပ်လုပ်ရတဲ့အတွက် တစ်ချို့ကိစ္စတွေမှာ အရမ်းကို ခက်ခဲတယ်။ ဒီလို အချိန်အကုန်ခံပြီး ရှင်းခဲ့ရတဲ့ ပြဿနာတွေက ယူနီကုတ်ကို ပီပီပြင်ပြင်သုံးနေရတဲ့ အချိန်မှာ အားလုံးပြေလည်နေပြီ။ ကျွန်မတို့ ခက်ခက်ခဲခဲလုပ်ခဲ့ရပါတယ်လို့ အဲဒီအချိန်မှာ ပြောရင် ဘယ်သူမှ ယုံကြတော့မှာမဟုတ်ဘူး။

ဘာသာစကား၊ နည်းပညာ

မိခင်ဘာသာစကားနဲ့ ပတ်သက်ပြီး ၅ နှစ်ကျော်လောက် လုပ်လာရပေမယ့် အခုအချိန်အထိ လေ့လာနေရတုန်းပဲ။ ကိုယ်မသိတဲ့အရာတွေက အများကြီးပဲ။ အင်တိုက်အားတိုက်နဲ့ လုပ်နေကြတဲ့အထဲမှာ မြန်မာက နောက်မကျပါဘူး။ လိုက်နိုင်ပါတယ်။ သူတို့ထက် ကြိုမြင်ခဲ့တဲ့ အပိုင်း တွေလည်း ရှိတယ်။ တစ်ချို့အပိုင်းတွေမှာ မြန်မာဆိုတဲ့ဘာသာစကားကို ဘယ်သူမှ မသိကြဘူး။ ကိုယ့်အနေနဲ့က ကမ္ဘောဒီးယားကိုလည်း သိတယ်။ ဗီယက်နမ်ဘယ်လို ရှိသလဲဆိုတာကို လေ့လာတယ်။ ထိုင်းက ဘယ်လိုရှိသလဲ၊ ဂျပန်က ဘယ်လိုရှိသလဲ ဆိုတာတွေကို သိနေတယ်။ ဒီလိုသိနေတာက အားသာချက်တစ်ခုပဲ။ သူတို့ ဘာသာစကားနဲ့ ကိုယ့်ရဲ့ ဘာသာစကားမှာ ဘယ်အပိုင်းတွေ တူနေတယ်ဆိုတာ သိထားတဲ့ အတွက် ကိုယ့်အနေနဲ့ သူတို့ဆီက ဘာယူသုံးလို့ ရမလဲဆိုတာ သိတယ်။ ဒီလိုအတွေ့အကြုံမျိုးတွေ ရတယ်။ သူတို့ဆီမှာ NLP နဲ့ ပတ်သက်ပြီး အင်တိုက်အားတိုက်ကို လုပ်ကြတယ်။ NLP ကို တစ်ဦးတစ်ယောက်တည်း လုပ်လို့မရဘူး။ အားလုံး စုပေါင်းပြီးတော့ လုပ်ရတယ်။ စုပေါင်း လုပ်ကိုင်တဲ့အပိုင်းမှာ မြန်မာက အားနည်းတယ်။ ကျန်တဲ့အပိုင်းတွေမှာတော့ လိုက်နိုင်တယ်။ Myanmar NLP Lab မှာ အစပိုင်း စလုပ်တုန်းက ယူနီကုတ် စံသတ်မှတ်ချက်ဖြစ်အောင်၊ မြန်မာနိုင်ငံမှာ ယူနီကုတ်အသုံးပြုနိုင်အောင်ဆိုတဲ့ အပိုင်းတွေ ပိုများတယ်။ နှစ်နှစ်လောက် အလုပ် လုပ်ပြီးတဲ့အခါမှာ ယူနီကုတ်ရဲ့ Enconding ပေါ်မှာ ဘာတွေ လုပ်ကြမလဲဆိုတဲ့ အပိုင်းတွေ ရှိလာတယ်။ သဒ္ဒါနည်းနဲ့ တည်ဆောက်ရတဲ့ အပိုင်းတွေ ပါလာတယ်။ ဒီလိုပါလာတော့ ဘာသာဗေဒကျွမ်းကျင်သူတွေလည်း ပါလာရတယ်။ ဘာသာဗေဒကျွမ်းကျင်သူ ပညာရှင်တွေရဲ့ အကြံဉာ ဏ်တွေကို အများဆုံးယူတယ်။ သုတေသနလည်း လုပ်တယ်။ ဘာသာစကားသဘာဝနဲ့ နည်းပညာပေါင်းစပ်လို့ရတဲ့ အခြေအနေ အထိရောက်အောင် ပညာရှင်တွေနဲ့ တိုင်ပင်ပြီးတော့ လုပ်ကိုင်ဆောင်ရွက်တယ်။

ဘာသာစကားအရင်းအမြစ် လိုအပ်ချက်

ဘာသာစကားနဲ့ပတ်သက်ပြီး ဂဃနဏ မသိခင်မှာ နည်းပညာနောက်ကို လိုက်ခဲ့ရတယ်။ ပြည်ပမှာ သင်တန်းတစ်ချို့ကို တက်ခွင့်ရတော့ မြန်မာက NLP အနေနဲ့ နောက်ကျနေတယ်ဆိုတာကို တွေ့ရတယ်။ ဒီလိုနောက်ကျတဲ့အတွက် ကံကောင်းသွားတယ်လို့ ပြောနိုင်တယ်။ သူတို့ က(နည်းပညာကို) ရှာပြီးသား ကိုယ်က ယူသုံးရုံပဲ။ ဘာကို ယူသုံးရမလဲဆိုတာကို အများစုက အသိကြဘူး။ စာလုံးပေါင်းစစ်ဆေးဖို့ဆိုရင် အဘိဓာန်ကောင်းကောင်းလိုမယ်။ မရှိဘူး။ ဘာသာစကားနဲ့ပတ်သက်ပြီး စုဆောင်းထားတာတွေ မရှိဘူး။    မြန်မာဘာသာစကားမှာ Word, Phrase ဆိုတာ ဒါတွေပဲလို့ ပေးလိုက်တာနဲ့ ဒီအပေါ်မှာ Word Break တွေ၊ Phrase တွေ ရနေနိုင်ပြီ။ အဘိဓာန်တစ်ခုပေးလိုက်တာနဲ့ မြန်မာစာ လုံး ပေါင်းစစ်ဖို့ အဆင်ပြေသွားမယ်။ နည်းပညာအပိုင်းကနေ ကျွန်မတို့လုပ်ပေးနိုင်က နှစ်ဆယ်ရာခိုင်နှုန်းလောက်ပဲရှိတယ်။ ကျန်တဲ့ ရှစ်ဆယ်ရာခိုင်နှုန်းက ဘာသာစကားကျွမ်းကျင်သူတွေ၊ အရင်းအမြစ်တွေကို ထိန်းသိမ်းရတဲ့သူတွေ၊ အချက်အလက်တွေကို ထိန်းသိမ်းမယ့် သူတွေဆီက ဘာသာစကားဆိုင်ရာ အရင်းအမြစ်တွေပဲ။ နည်းပညာက ကျွန်မတို့မှာ အဆင်သင့်ရှိနေတယ်။ ကျွန်မတို့အတွက် လိုအပ်နေတာ က အရင်းအမြစ်ပဲ။ ဘာသာစကားအရင်းအမြစ်က MMNLP တိုးတက်ဖို့ အကောင်းဆုံးလိုအပ်ချက်ပဲ။

သိလိုသမျှကို စိတ်ရှည်စွာ အချိန်ပေး ဖြေကြားပေးခဲ့တဲ့ မသင်ဇာဖြိုးကို ကျေးဇူးတင် မှတ်တမ်းထားပါတယ်။

ဟန်ဇော်

၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလထုတ် ပါစင်နယ်ကွန်ပျူတာမဂ္ဂဇင်းတွင် ဖော်ပြခဲ့ပါသည်။

ကျွန်တော် Developer

ကျွန်တော် အွန်လိုင်းကနေအလုပ်လုပ်လာတာတော်တော်ကြာပြီလို့ပြောလို့ရမယ်

၂၀၁၃ခုနှစ်တည်းကပေါ့။

များသောအားဖြင့် ဗေဒင် Application တွေထုတ်တယ်။ အစကတော့ offline သက်သက်ပဲ။နောက်တော့ အွန်လိုင်းပါချိတ်ပြီးကြည့်လို့ရအောင် စီစဉ်တယ်။  အပတ်စဉ် ဖော်ပြတဲ့ပုံစံမျိုးပေါ့ ။

၂၀၁၄ လောက်အထိ တော့အဆင်ပြေသေးတယ်။ ကျွန်တော်က တစ်နှစ်စာ ကြိုတင်ထားတာလေ။ အချိန်တန်ရင်သူ့ဘာသာ ပြောင်းလဲဖော်ပြပေးမှာပဲ။

အခုတော့ ကျွန်တော်အခက်အခဲတွေ့နေတယ်။ ကျွန်တော်အသုံးပြုတဲ့ ဗေဒင်တွေက မူပိုင်ခွင့်နဲ့ညိနေလို့ လေ။

အဲဒီတော့ ခွင့်ပြုချက်မရပဲဆက်လက်ဖော်ပြလို့မဖြစ်တော့ဘူး ။တကယ်ဆိုရင် ကျွန်တော်၂၀၁၅ အတွက်အားလုံးပြင်ဆင်ပြီးပါပြီ။ ဒါပေမယ့် ခွင့်ပြုချက်မရပဲ တားမြစ်ခံရလို့ ကျွန်တော်အားလုံးရပ်ဆိုင်းလိုက်ရတယ်။

၂၀၁၅ ခုနှစ်အတွက် application ထုတ်ဖို့ကို ကျွန်တော်၂လလောက်အချိန်ယူရတယ်။ ဒေတာတွေစစ်ရတယ်။

ဒီကြားထဲအချိန်မှီမပြီးမယ့် အခက်အခဲတွေ ,အချိန်မှီလုပ်ပေးမယ်ဆိုပြီးကတိဖျက်တဲ့သူတွေနဲ့လည်းတွေ့ရတယ်။

တကယ်ဆို ကျွန်တော် ပေးခဲ့ရတာတွေလည်းအများကြီးရှိတယ်။ ဖြစ်အောင်လုပ်မယ်ဆိုပြီးတော့ အွန်လိုင်းကိုတင်ပေမယ့် တစ်လပဲကြာတယ် ။ကျွန်တော် ကြိုးစားထားသမျှတွေအားလုံးကို ဖျက်သိမ်းပစ်ရတယ်။  အပတ်တိုင်းပြမယ့်အစီအစဉ်လည်းရပ်လိုက်ရတယ်။

စိတ်ဓာတ်တွေလုံးဝပစ်ပြီးကျသွားတယ်။ အွန်လိုင်းအဖြစ်ရပ်တည်နေတဲ့ application တွေက အမြဲတမ်း အွန်လိုင်းရှိတဲ့အရေအတွက် က ၂၀၀၀၀ လောက်ရှိတာကိုး/

ဒေါင်းလုဒ်ကောင့်ကလည်း စုစုပေါင်း သိန်းကျော်တော့မယ်ထင်တယ်။

ကျွန်တော်ဒီပရိတ်သတ်တွေအားလုံးကို ဘာမှမပေးနိုင်တော့ဘူး။

ကျွန်တော့်ရဲ့ application သုံးတဲ့သူတွေကို လက်လွှတ်ရတော့မှာလေ

ဒီခံစားချက်ကို သာမာန်လူဆိုရင် ကောင်းကောင်းခံစားပေးတတ်မှာမဟုတ်ပါဘူး။

အစကကျွန်တော့်ရဲ့Application တွေကိုမကြည့်ချင်လောက်အောင် မုန်းသွားခဲ့ဖူးသေးတယ်။

နောက်တော့မှ အပတ်စဉ်ဘယ်လိုပြန်လုပ်မလဲဖြေးဖြေးချင်းစဉ်းစားတယ်။

ကျွန်တော်တစ်ယောက်တည်းရပ်တည်လို့ကတော့မရတော့ဘူး။ ဗေဒင်ဆရာတစ်ယောက်ယောက်နဲ့ပူးပေါင်းပြီးသူက အပတ်စဉ်ဟောစာတမ်းပေးမယ်။ ကျွန်တော်က ထည့်ပေးမယ်။ သူ့အမည်ကို ထည့်သွင်းပေးမယ်။ ဗေဒင်မေးချင်ရင် ချိတ်ဆက်ပေးမယ်။ ဒါမှမဟုတ်လည်း အသုံးပြုခအနေနဲ့ ကျွန်တော် တတ်နိုင်သလောက် ဉာဏ်ပူဇော်မယ်။ ကျွန်တော့်ရဲ့ applicationတွေက လည်း ဂူဂယ် ကြော်ငြာထည့်ခအနေနဲ့ ငွေနည်းနည်းဝင်ပါတယ်။ ဒါပေမယ့် အဓိက ကတော့ ကျွန်တော် အနှစ်နှစ်အလလကြိုးစားခဲ့တာလေးတွေကို ဒီတိုင်း မလွှင့်ပစ်ရက်ဘူးဗျာ/

တွေးတိုင်းကျွန်တော်ကြေကွဲတယ်။ ဒီပညာရပ်တွေက ကျွန်တော့်ကိုဘယ်သူမှမသင်ပေးပါဘူး

ကွန်ပျူတာရှေ့မှာထိုင်လိုက် တွေးလိုက် ရှာလိုက် စမ်းသပ်လိုက်နဲ့ဒီလောက်အထိဖြစ်လာတာပါ။

ကျွန်တော်အပတ်စဉ်ဖော်ပြဖို့ အတွက် ကြံစည်တုန်းကဆိုရင် အပတ်တိုင်း လိုက်ပြင်ပေးစရာမလိုပဲနဲ့ သူ့ဘာသာအလိုအလျောက် ပြနေအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို  ထမင်းစားရင်းကော ရေချိုးရင်ကော

အိပ်နေရင်းမှာတောင် စဉ်းစားပါတယ်။

ကျွန်တော်က Programming ကိုလေ့လာသင်ယူထားသူလည်းမဟုတ်တော့ ကျွန်တော်အသုံးပြုလို့ရတဲ့ နည်းက အကန့်အသတ်ရှိပါတယ်။ အွန်လိုင်းက အခမဲ့ application ဆောက်တဲ့ website တစ်ခုကို သုံးပြီးဖန်တီးတာပါ။ဒီဇိုင်းနဲ့ဘယ်လို ပုံစံဖန်တီးမလဲ ။ဘယ်လို အရာတွေကို ထည့်သွင်းမလဲ။

အသုံးပြုသူတွေနဲ့ဘယ်လိုချိတ်ဆက်မလဲဆိုတာတွေကိုအဓိက စဉ်းစားရတာပါ။

Coding ပိုင်းနဲ့ပတ်သက်လို့ကျွန်တော်ဘာမှ လှည့်ကြည့်စရာမလိုပါဘူး။

ကျွန်တော် သိချင်တဲ့အရာတွေကို တစ်ခါတစ်လေ Google ထဲမှာလည်းရှာမတွေ့ပါဘူး။ အဖြေတွေအားလုံးကိုပေါင်းစပ်ပြီး စိတ်ကူးအသစ်နဲ့စမ်းသပ်ကြည့်ရတာပါ။

ကျွန်တော့်ရဲ့app ကိုအခြား နိုင်ငံခြားက နေ့စဉ် ဟောစာတမ်း appတွေလို ဖော်ပြအောင်

နောက်ဆုံးတစ်ခုတည်းပြအောင် အချိန်မှန်အသစ်လဲပေးအောင်

အဲဒီနည်းတွေကို ကျွန်တော် ကိုယ့်ဘာသာရှာတွေ့ခဲ့ပါတယ်။ ။ ကျွန်တော့်အရင်က တော့ မြန်မာ ဗေဒင် app တစ်ခုရှိပါတယ်။ သူက နေ့စဉ်ပြပေးတာပါ။

ကျွန်တော်စလုပ်တဲ့အချိန်မှာတော့သူက ဆက်လက်သုံးလို့မရတော့ပါဘူး။

Offline အဖြစ်ပြပေးပြီး အပတ်တိုင်း လည်ပတ်နေတဲ့ ဗေဒင်appလည်းရှိပါတယ်။

ကျွန်တော်ဖန်တီးနေတဲ့အချိန်အတွင်းမှာတော့ ပုံစံတူမရှိခဲ့ပါဘူး။

ကျွန်တော်ရင်ထဲမှာသိမ်းထားရတဲ့စကားလေးတွေပါ။ လူတိုင်းကိုပြောပြလို့လည်းသူတို့တွေက နားမလည် ပေးတတ်ရင်ကျွန်တော်ပဲပိုခံစားရတာလေ။ ကျွန်တော့်ရဲ့သက်မွေးဝမ်းကျောင်းအလုပ်တစ်ခုကို လည်းကိုယ့်ဘာသာလုပ်ပြီး ဝါသနာလည်းပါမုန့်ဖို့လည်းရတဲ့ ဒီလို appတွေကိုလည်းကျွန်တော်ဆက်လက် လုပ်နေချင်ပါသေးတယ်။ တစ်နှစ်စာ ကြိုဖန်တီးထားနိုင်ရင်တော့အကောင်းဆုံးပေါ့ဗျာ/

ကျွန်တော့်appတွေထဲကနေ သူတို့ ကို စိတ်ပျော်ရွှင်စေမယ့် ဗေဒင်အကြောင်းလေးတွေပုံမှန်မြင်ရဖတ်ရရင် သူတို့လည်းပျော်မယ်။

ကျွန်တော်လည်းပျော်မယ်။

ဒါပေမယ့် လက်ရှိမှာတော့ သူတို့ ရဲ့မျှော်လင့်ချက်တွေပျောက်

ကျွန်တော့်ရဲ့မျှော်လင့်ချက်လည်းပျောက်။။

25.3.2015(ဗုဒ္ဓဟူး)

မောင်အာသာ

ကျွန်တော်နှင့် မြန်မာစာ

ကျွန်တော်နားလည်သော ယူနီကုတ်

ကျွန်တော်ကွန်ပျူတာ စသုံးတဲ့အချိန် က 2006 ခုနှစ် ၁၀တန်းပြီးစအချိန်.
ငယ်ငယ်တည်းက ကွန်ပျူတာကို အရမ်းရူးသွပ်တယ်။
ဒါပေမယ့် အိမ်က မဝယ်ပေးခဲ့ဘူး.
နယ်မြို့ဖြစ်တာလည်း ပါတာကြောင့်မို့ ကွန်ပျူတာဆိုတာ သိပ်ခေတ်မစားလှဘူး.

တက္ကသိုလ်စမတက်ခင်ရန်ကုန်ရောက်
အင်တာနက်ဆိုင်တွေမှာစကျင်လည်တာပေါ့။
Mirc ခေတ်ကောင်းတဲ့အချိန်ဆိုတော့ သူလည်း myanglish လိုပြော ကိုယ်လည်း myanglish လိုပြော။
နောက်တော့ နည်းနည်းသိလာတော့ Gtalk ဆိုတာသုံးနေပြီ။
အဲဒီတုန််းလောက်မှ မြန်မာ လို ရေးထားတဲ့ website နည်းနည်းပါးပါးစတွေ့တယ်
planet.com.mmကစသိတာပေါ့
ကွန်ပျူတာမှ မြန်မာ အသံထွက်နဲ့ပေါင်းလာတဲ့အင်္ဂလိပ်စာလုံးတွေခေတ်စားပြီးနောက်ပိုင်း.
အင်တာနက်ထဲမှာ မြန်မာလို မြင်ဖို့ရိုက်ဖို့သုံးတဲ့ software လေးတွေကြိုကြား ကြိုကြားပေါ်လာတယ်။.
အဲဒီထဲတုန်းက သိခဲ့တာက ကွန်ပျူတာထဲမှာ မြန်မာလိုမြင်ရဖို့ alpha zawgyi ဆိုတဲ့ software လေးသွင်းရမယ်ဆိုတာသိခဲ့တယ်။
ရန်ကုန်ကနေ မန္တလေးမှာကျောင်းစတက် အင်တာနက်ဆိုင်တွေပတ်သွားပြီး
မြန်မာလို မမြင်ရတဲ့ ကွန်ပျူတာထဲ မှာ ကိုယ့်ဘာသာ alpha zawgyi လေးသွင်းပြီး ဖတ်တယ်
thumbdrive လေးထဲမှာ မြန်မာ dictionary တွေ . နဲ့ အဲဒီ myanmar စာ software လေးတော့အမြဲဆောင်ထားတယ်
အဆင်ပြေတာကိုး.

အဲဒီ alpha zawgyi နဲ့အမြဲချီတက်နေတုန်း. ယူနီကုတ်ဆိုတာတွေ ကြားဖူးတယ်
ကြားဖူးပေမယ့် .ဘယ်လိုသုံးရမှန်းလဲမသိဘူး.
ဒီတိုင်းလည်းမြင်နေရတာပဲဆိုတော့. ဇော်ဂျီကိုပဲဆက်သုံးနေဖြစ်တယ်။
ကြားဖူးနားဝရှိတာတွေက ပိတောက်တို့ ဧရာတို့.. မြန်မာ၃ တို့
မြစေတီတို့…
အများကြီးပဲ
စံပြဆိုတဲ့မြန်မာစာ စနစ်ထွက်လာလို့ကွန်ပျူတာထဲသွင်းကြည့်သေးတယ်
သူက ဇော်ဂျီလိုရို်က်ရတာမဟုတ်ဘူး.
တရုတ်စာရိုက်သလို.. မျိုး.အသံထွက်နဲ့လည်းရတယ်. ။ တစ်ခုရိုက်ရင် အသံထွက်တူ စကားလုံးတွေထဲက တစ်ခုကို ပြန်ရွေးရတာမျိုး.။
၂၀၁၀ခုနှစ်လောက်… မိုဘိုင်းတွေ အရင်ထက်ခေတ်စားလာပြီ
၂၀၀၇ ကနေ၂၀၁၀ နှစ်စလောက်အထိ nokia keypad ဖုန်းလေးပဲကိုင်တာ ဆိုတော့.
မြန်မာလိုမြင်ဖို့ဆိုတာအဝေးကြီး
အင်တာနက်ဂျာနယ် နည်းပညာဂျာနယ်ဖတ်ကြည့်ရင် ဘယ်သူကတော့ ဘယ်ဖုန်းအတွက် မြန်မာစာစနစ်ကိုတီထွင်လိုက်ပြီဆိုတာမျိုးတွေမြင်ရင်..
အဝေးကနေသွားရေကျရုံပဲကျနိုင်တယ်
ဝယ်သုံးရမယ်လို့ဆိုတာကိုး.
trial ရတာလေးတွေ စမ်းသုံးကြည့်ရင်း ကီးပတ်ဖုနး်လေးထဲမှာ မြန်မာလိုတစ်လုံးစနှစ်လုံးစ လေးမြင်ရတာကို ပျော်နေတာ။
နောက်တော့ nokia symbian ဖုန်းတွေခေတ်စားတယ်.
Touch screen တွေပေါ့ .အဲဒီမှာတင် အို်င်ဖုန်းလည်း ထွက်လာတစ်နှစ်လောက်ရှိလို့
သူတို့ဖုန်းတွေထဲမှာ မြန်မာစာတွေ .မြန်မာလို message ပို့တာတွေရနေတာမြင်တော့.
တော်တော် အားကျမိတယ်။

Symbian ဖုန်းမှာကော မရဘူးလားဆိုပြီးတော့လျှောက်စမး်ကြတာ. .သူငယ်ချင်းက nokia site ကနေ ဖုန်းအတွက် certificate တော်ငးပေးတယ်။
အဲဒါက အခုခေတ် root လုပ်သလို jail brake လုပ်သလိုပဲ။

ပြီးတော့ ဇော်ဂျီဖောင့်ထည့်ကြည့်ကြတယ်
အရင်က မြန်မာလို လုံးဝမရတဲ့ ဖိုင်တွေ က ပေါ်တော့ပေါ်လာတယ်
ဒါပေမယ့် စာလုံးတွေကမမှန်ဘူး။
ဒါပေမယ့် မြင်ရတယ်ဆိုပြီးပျော်ကြတာပဲ
အခု new anycall က စိုင်းညီက .. myanmar keyboard ကိုnokiaအတွက်လုပ်လို့ရတယ်ပြောလို့.
သူ့ကိုပေးပြီးစမ်းကြည့်ပေမယ့်. ကိုယ့်ဖုန်းနဲ့ကျတော့ သုံးမရပြန်ဘူး။
တစ်ခုတော့ရှိတာ အဲဒီအချိန်ကပေါ်ခဲ့တဲ့ စံပြဆိုတဲ့မြန်မာစာစနစ်နဲ့ရိုက်ထားတဲ့မြန်မာစာလုံးတွေကျတော့ symbian ဖုန်းထဲမှာ မှန်မှန်ကန်ကန်ပေါ်တယ်။
သူက ကျွန်တော်လို့ရိုက် ရင် . က+ ျ + ွ + န+ ်  အဲဒီလို မဟုတ်ပဲ ကျွန်တော် ဆိုတဲ့ စကားစုက သတ်သတ်ရှိ်ပြီးသား.. စာလုံးအတွဲလိုက်ဆိုတော့.. ရှေ့နောက်မလွဲပဲ ဖုန်းထဲမှာပေါ်တာပေါ့.
ကျွန်တော်တောင်ထင်မိသေးတယ်။ အဲဒီတုန်းက နောက်ဆိုရင် စံပြများ ဖုန်းတွေ ကွန်ပျူတာတွေကို လွှမ်းမိုးတော့လေမလားပေါ့ (ယခုHTC ဖုန်းတွေမှာသုံးနေသော ဖောင့်ဖြစ်ပါတယ်)

အဲဒီခေတ်တွေကျော်လွန်ပြီးတော့ 2011.
၅သိန်းတန်တွေလည်းပေါ်လာလို့ android စခေတ်စားလာပြီ
Android ဖုန်းထဲမှာ မြန်မာလိုမြင်ရ .. message ပို့လို့ရ ရိုက်လို့ရတာ တွေမြင်. .ဖုန်းနဲ့ အင်တာနက်ဖွင့်သုံးလို့ရတာတွေမြင်တော့. ခေတ်အသစ်ကို ပြောင်းချင်ပြီပေါ့ ။
ဒါပေမယ့် ။ အခြေအနေအရ Nokia Symbianဖုန်းကို ပဲ 2011 နှစ်ကုန်အထိ ကို်င်ခဲ့ရတယ်

2011 ဒီဇင်ဘာမှ ပထမဆုံး Android Galaxy s2 ကို ၀ယ်ခဲ့တယ်။
ကို်င်ခဲ့သမျှဖုန်းတွေထဲမှာ အကြိုက်ဆုံး၊ သဘောအကျဆုံးပေါ့။
သူနဲ့တွဲပြီး နည်းပညာနယ်ပယ်အစုံလျှောက် သွားဖူးတယ်။
အဲဒီအချိန်အထိ ယူနီကုတ် က ပျောက်လက်စရှိသေး..
GSM ,WCDMA,CDMA ဖုန်းတွေ တော်တော်များများ အင်တာနက်ရကြလို့.. ကိုယ့်ဖုန်းနဲ့ကိုယ် အင်တာနက်ကြည့်ကြပြီ။
ဖေ့စ်ဘုတ်ကြီးလည်း. .အရှိန်ရနေပြီ။Fb ကို
ပီပီပြင်ပြင်စသုံးခဲ့တာ ၂၀၁၀ လောက်တည်းက။
၂၀၁၂ မှာ Myanmar Mobile Users Club ဆိုတဲ့ ပထမဆုံးသော မိုဘိုင်းနည်းပညာအဖွဲ့ facebook မှာပေါ်လာတယ်။
အဲဒီထဲမှာ ကိုယ်နဲ့ခင်နဲ့ သူငယ်ချင်းတွေရှိတာနဲ့ ရောက်သွားခဲ့တာ ကနေ. နောက်ပို်င်းမြန်မာစာ မရတဲ့ဖုန်းတွေကို ရအောင် ကူညီဖြေရှင်းပေးရင်းနဲ့ တော်တော်အရှိန်ရခဲ့တယ။်
ကိုယ့်ပိုက်ဆံကိုယ်စို်က်ပြီး အင်တာနက်ဖိုးအကုန်ခံပြီး .. ကူညီခဲ့ကြတယ်။
ကျွန်တေ်ာတို့ထည့်ခဲ့တဲ့ဖောင့် က ဇော်ဂျီတွေပေါ့
ဖုန်းထဲမှာ ယူနီကုတ် ဆိုတာ ကြားတောင်မကြားဖူးခဲ့ဘူး
ဘယ်သူမှလည်း မပြောခဲ့ကြဘူး။

အဲဒီနောက် နည်းပညာ Group တွေ တစ်ခုပြီးတစ်ခုပေါ်ထွန်းလာတယ်။
MMUC က အရှိန်လျော့သွားတယ်။
အရင်ကရှိခဲ့တဲ့လူဟောင်းတွေ ပျောက်ကုန်တယ်။
ကူညီမယ့်သူမကျန်ခဲ့တော့ဘူး။
ကျွန်တော်လည်း. ကျော်ငးပြီးလို့အလုပ်သင်ဆင်းနေချိန် ၊ ဆေးရုံမှာ လူနာအားတဲ့အချိန် ဖုန်းနဲ့
အင်တာနက်သုံးရင်း Group ထဲမှာ မေးတဲ့ သူတွေကိုကူဖြေပေးတဲ့အချိန် တွေ ကုန်သွားခဲ့တယ်။
၂၀၁၃ ခုနှစ် ဘွဲ့ရလို့.. ကိုယ်နေထိုင်ရာမွေးရပ်မြေမြို့လေးကို ပြန်လာခဲ့တယ်။
အိမ်မှာ အလုပ် ကမရှိတော့ တစ်နေ့တစ်နေ့ အင်တာနက်ထဲမှာ ပဲ ကူညီ ရင်း၊
လေ့လာရင်းနဲ့တွေ့ကြုံခဲ့တာတွေက တော့ ယူနီကုတ် အကြောင်း
စတင်အသုံးပြုကြည့်ဖို့ကြိုးစားပေမယ့် . စာရိုက်ရခက်ခဲတာ
ကောင်းကောင်းနားမလည်ရှင်းပြမယ့်သူမရှိတာ
စတာတွေကြောင့်သိပ်စိတ်မဝင်စားခဲ့ဘူး။
ဒါပေမယ့် Facebook ကနေ မြန်မာလို ဘာသာပြန်နေပြီဆိုတာသိခဲ့ရချိန်မှာတော့ စိတ်ဝင်စားလို့သွားလေ့လာတဲ့အခါ
သူတို့က ယူနီကုတ် စနစ်ကိုပဲအသုံးပြုတယ်ဆိုလို့ ။
ယူနီကုတ် နဲ့ Facebook ကို ဘာသာပြန်ပေးခဲ့ဖူးတယ်။
သူူငယ်ချင်းအချို့ကတော့ ဇော်ဂျီနဲ့ဘာသာပြန်ကြတယ်။
သူတို့မြင်ရတာနဲ့ ပြန်မှာပေါ့တဲ့..။
အဲဒီအချိန်က နိုင်ငံတကာကဘာသာစကားတွေ ဖုန်းထဲမြင်ရသုံးရချိန် ဘာလို့ ငါတို့က မရတာလည်း လို့တွေးမိတယ်။
Android version 4.1.2 မှာယူနိီကုတ်ရပြီဆိုလို့ စမ်းကြည့်တယ်။

၂၀၁၂ ကတည်းက သိခဲ့တဲ့ android application လုပ်တဲ့website တွေကို အသုံးပြုပြီး android application လေးတွေလည်း စဖန်တီးနေပြီ။
အဲဒီထဲက တစ်ခုက အခုဆိုရင် ပိုအဆင့်မြင့်လို့ font ပါ embed လုပ်လို့ရတယ်ဆိုတော့.
ယူနီကုတ် စာလုံးကို application ထဲ embed လုပ်ပြီး. galaxy s2 4.1.2 မှာဖတ်ကြည့်တယ်
သေသေချာချာမမြင်ရဘူး
ရှိသမျှ ယူနီကုတ်ဖောင့်တွေအားလုံးစမ်းပေမယ့်အဆင်မပြေကြဘူး။
ဒါနဲ့ပဲ ဇော်ဂျီပဲဆက်သုံးရတာပေါ့
ဒါပေမယ့်ဇော်ဂျီက မူရင်းကွန်ပျူတာမှာသုံးတဲ့စာလုံးမဟုတ်တော့ဘူး
အဆင့်ဆင့် ပြန်ပြီးMODIFY လုပ်ရင်းကနေ ပုံပြောင်းလာပြီ
ANDROID VERSION 4.0  ICE CREAM SANDWICH မှာ တုန်းက စာလုံးနည်းနည်းလွဲတာကနေ
အခု 4.1.X JELLY BEAN မှာ တော်တော်လွဲသွားတယ်။
ဒါပေမယ့် ..၂၀၁၃ နှစ်ကုန်လောက်မှာ အဲဒီလိုလွဲတာတွေကို ပြင်ပေးမယ့် DEVELOPER တွေပေါ်လာတယ်

APPLICATIONတစ်ခုဖုန်းထဲ သွင်းလို်က်တာနဲဲ့ မြန်မာစာအားလုံးပြန်မှန်သွားတယ်
ဘာကြော်င့လဲဆိုတာကိုမစဉ်းစားမိဘူး
မူလ အကောင်းကြီးကနေ အဆင့်မြှင့်လိုက် တဲ့အချိန်မှာ ဘာလို့မြန်မာစာ မမှန်တော့လဲမတွေးမိဘူး။

အဲဒီနောက်တော့ HUAWEI ဖြစ်သွားတယ်။ HUAWEI JELLY BEAN အတွက် သီးသန့်ထုတ်တဲ့ ဖောင့် CHANGER သွင်းပြီး. မြန်မာလိုဖတ်လို့ရအောင်လုပ်ရတယ်
ဒါတောင်တစ်ခါတစ်လေ .. ဘာမှန်းမသိတဲ့စာလုံးတွေပေါ်လာသေးတယ်
တစ်ခါတစ်လေ ရှိတဲ့ နိုင်ငံခြားဖောင့်တွေပျောက်သွားတယ်။

ဘာကြောင့်လဲမသိခဲ့ဘူး။

အဲဒီလို အဆင့်ဆင်နဲ့ပြောင်းလဲလာခဲ့ချိန်မှာပဲ.. samsung ကနေ ယူနီကုတ်ကိုစမ်းသပ်နေသလို..
နောက်လာမယ့်ဖုန်းတွေမှာ ယူနီကုတ် ကို အမှန်မြင်ရပြီဆိုတဲ့သတင်းလေးတွေကြားနေရတယ်
ကျွန်တော်လည်း ယူနီကုတ်ကို ဖုန်းထဲမှာ အမှန်ဖတ်လို့ရတာမြင်မှမမြင်ဘူးသေးတာ
စိတ်ဝင်စားတာပေါ့.။
မိတ်ဆွေတစ်ယောက်က သူတို့ရဲ့အသစ်ထွက်တဲ့ဖုန်း samsung s4 မှာ မြန်မာယူနီကုတ် အမှန်ဖတ်လို့ရတာကိုပြတယ်

နောက်တော့.. samsung,HTC ,HUAWEI စတာတွေ မြန်မာစျေးကွက်ထဲ ဝင်လာပြီး showroom တွေဖွင့်ကြတယ်။
HTC ကလည်းမြန်မာစာတစ်ခါတည်းပါအောင်လုပ်ပေးတယ်
Samsung ကလည်း မြန်မာစာ တစ်ခါတည်းပါတယ်
Huawei တစ်ချို့ဖုန်းတွေလည်းပါတယ်
JAS ဆိုတဲ့ဖုန်းကလည်း Myanamar UI နဲ့လာတယ်
Android version kitkat 4.4 ထွက်လာပြီ။
ဒါပေမယ့် သိခဲ့ရတာက 4.2x Jelly bean version မှာတည်းက မြန်မာယူနီကုတ်က ဖုန်းတွေထဲမှာ အလုပ်စလုပ်ပြီဆိုတာပဲ။

ဒါပေမယ့် လက်ရှိသုံးနေတဲ့ဖုန်းတွေ အကုန် ဇော်ဂျီကိုပဲ သုံးကြတယ်
ကျွန်တော်ကိုယ်တို်င် ယူနီကုတ် ကို ဖုန်းထဲမှာစမြင်ခဲ့ရတာက
4.4 kitkat ထည့်ထားတဲ့ mi4 ရောက်မှ။…
Android ထဲမှာ မြန်မာစာပိတောက်ဆိုတဲ့ ဖောင့်ပါလာပြီ။
ဒါပေမယ့် အဲဒီဖောင့်ကိုဖျက်ပြီးဇော်ဂျီပြောင်းထည့်ရတုနး်ပဲ
ဖောင့်ကတော့မြင်ရပြီ။ လက်ကွက်က ဘယ်လိုရို်က်ရမှန်းမသိသေးဘူး
၂၀၁၂ လောက်ကမြင်ခဲ့ဖူးတဲ့ multiling ဆိုတဲ့ကီးဘုတ်ကတော့ မြန်မာယူနီကုတ်လက်ကွက်နဲ့
ရှုပ်ရှက်ခက်နေတာ။
ယူနီကုတ် ကို ထည့်ပြီး သုံးကြည့်တယ်။ bagan,frozen pro တွေကိုယူနီကုတ် ပြောင်းသုံးပြီး ရိုက်ကြည့်တယ်
မရိုက်တတ်သေးဘူး
ယူနီကုတ် ရဲ့သဘောကို နားမလည်သေးတာပါမှာပေါ့လေ

microsoft ရဲ့ window 8 မှာလည်း မြန်မာစာပါပြီကြားသလို
Apple ရဲ့ mac မှာလည်းရပြီကြားတယ်
Android မှာလည်း မြန်မာစာစပါလာပြီဆိုတော့
မကြာခင် မြန်မာစာ ထည့်ရတဲ့ဒုက္ခ လွတ်တော့မယ်ဆိုတာတော့သိလိုက်တယ်။

Lollipop ဆိုတဲ့ Android version 5.0ရောက်တော့ မြန်မာစာစနစ်နဲ့ ဖုန်းတစ်ခုလုံံးကိုအသုံးပြုလို့ရသွားပြီ။

Google translate ကလည်း ယူနီကုတ်နဲ့ပဲ မြန်မာစာဘာသာပြန်လို့ရပြီဆိုတယ်။

ကျွန်တော်ကိုယ်တိုင်လည်း ယူနီကုတ် အသုံးပြုတဲ့ Groupထဲရောက်သွားတယ်

ဘာတွေက ဇော်ဂျီရဲ့အားနည်းချက်လည်း
ဘာတွေကြောင့်ယူနီကုတ်သုံးကြလည်းဖြည်းဖြည်းချင်းသိလာတယ်

ဒီတိုင်းဆက်သွားနေရင်. ကွန်ပျူ တာ ၊ ဖုန်းတွေထဲမှာသုံးတဲ့ မြန်မာစာ က တစ်ခုနဲ့တစ်ခု အဆင်မပြေတာ. ယူနီဖောင်းမဖြစ်တာတွေကြံုရဦးမှာပဲဆိုတာ သိလိုက်တယ်

လူတော်တော်များများအတွက် ကတော့ ဘာပဲသုံးရသုံးရ မြန်မာလိုဖတ်လို့ရဖို့ပဲ အရေးကြီးပေမယ့်
သူတို့ရိုက်ခဲ့တဲ့စာတွေ သူတို့တင်ခဲ့တဲ့မှတ်တမ်းတွေ၊ သူတို့ရဲ့ အတွေးတွေ ဖန်တီးချက်တွေ
နှစ်ပေါင်းများစွာတည်နေအောင် ဆိုတာကြတော့.. ယခုလက်ရှိရိ်ုက်နေတဲ့ ဇော်ဂျီစနစ်နဲ့က
အင်တာနက်ထဲမှာသိမ်းဆည်းရာမှ မတိကျမှု စကားလုံး တစ်ခု အတူတူပဲကို ပုံစံအမျိုးမျိုးနဲ့ ရိုက်သွင်းမှုတွေက .. နောင်ပြန်ရှာဖို့ အခက်အခဲဖြစ်မှာပဲ

မြန်မာစာ ဆိုရင် မြန်မာအက္ခရာပဲလို့ထင်တဲ့ကျွန်တော်က ..တိုင်းရင်းသား အက္ခရာတွေလည်း ကွန်ပျူတာပေါ်မှာ ရှိသင့်တာကိုမေ့နေတယ်
ကျွန်တော်တို့.. မြန်မာစာတောင် အင်တာနက်ထဲမှာ ဖတ်ချင်ရင်..သူတို့တိုင်းရင်းသားစာတွေကောဘယ်လိုဖတ်မှာလဲလို့တွေးမိတယ်
အခုယူနီကုတ် ဆိုတဲ့စနစ်မှာ တိုင်းရင်းသားစကားလုံးတွေကိုပဲ တစ်ခါတည်း တွဲဖတ်ရှူလို့ရမယ်ဆိုတော့မှ သဘောပေါက်ခဲ့တာ .. တိုင်းရင်းသားစာလုံးကလဲ မြန်မာ စာ အုပ်စုထဲမှာတစ်ခါတည်းပါသင့်တယ်လို့ပါ။

နောက်ထပ်တစ်နှစ်လောက်နေရင်.. ဖုန်းတွေအားလုံး ပို်အဆင့်မြင့်တဲ့စနစ်ကိုရောက်ရင်
ကျွန်တော်တို့အားလုံးယူနီကုတ် ပြောင်းသုံးရပါလိမ့်မယ်
အခုကျွန်တော်ယူနီကုတ်နဲ့ရေးရင်မမြင်ရဘူးဆိုတာ.. ဇော်ဂျီဖောင့််ကိုသွင်းထားလို့ပါ။
နိုင်ငံခြားမှာ နောက်ဆုံး Android version နဲ့ဖုန်းတစ်လုံး ဒါမှမဟုတ် window 8 တင်ထားတဲ့ကွန်ပျူတာမှာဖတ်ရင် ဘာဖောင့်ဘာကီးဘုတ်မှသွင်းစရာမလိုပဲ ကျွန်တော် အောက်ကယူနီကုတ်နဲ့ရေးထားတာကို မြင်ရပါလိမ့်မယ်။
နောက်ဘယ်ဖုန်းဝယ်ဝယ် မြန်မာစာထည့်ပေးပါဦးလို့ ပြောဖို့မလိုတဲ့အချိန် ရောက်ပါလိမ့်မယ်
ကျွန်တော်တို့ဖုန်းတွေထဲမှာ မြန်မာ စာပါပြီးသားပါ။
ဒါပေမယ့် လူအများစုသုံးနေတဲ့မြန်မာစာကို အချင်းချင်းဆက်သွယ်လို့ရဖို့ပြောင်းလဲအသုံးပြုနေရတယ်။

ဖောင့်ပြဿနာနဲ့ပဲရှေ့မတက်နိုင်တဲ့ ကျွန်တော်တို့က သတ်သတ်မှတ်အတည်ပြုလို်က်တဲ့ မြန်မာစာ စနစ်ရှိပြီဆိုရင်.. ကျွန်တော်တို့ဒီထက်ပိုပြီး အများကြီးလုပ်ဆောင်နိုင်ကြပါလိမ့်မယ်

ဖုန်းတိုင်း နိုင်ငံတကာအသိအမှတ်ပြုစနစ်တစ်ခုနဲ့ပဲ အသုံးပြုကြပါလိမ့်မယ်

ကွန်ပျူတာနဲ့ပတ်သတ်ပြီးမြန်မာလိုရို်က်ရတဲ့အခါတို်င်း မြန်မာစာသိမ်းဆည်းတဲ့ပုံသေစနစ်တစ်ခုနဲ့
ဖောင့်အလှများစွာရိုက်နိုင်ပါလိ်မ့်မယ်။ powerpoint လို စက်တစ်ခုကတစ်ခု ကူးပြောင်းပြသဖို့လိုတဲ့ အခါတို်င်း .ဖောင့်မပါလို့ မပေါ်တာမဖြစ်ရတော့ပါဘူး။

အင်တာနက်ထဲမှာယူနီကုတ် နည်းလမ်းသုံးထားတဲ့ မြန်မာစာဖောင့်အလှများစွာကို နှစ်သက်သလိုပြောင်းလဲဖတ်ရှုနိင်ပါလိမ့်မယ်

နောက်ဆုံး. .. အင်္ဂလိပ်လိုပဲအမြဲသုံးနေရတဲ့ အီလက်ထရောနစ်ပစ္စည်းတွေကို မြန်မာလို ဖတ်ရှုရမယ့်လမ်းညွှန်တွေ ပေါ်ပြီး.. လူတန်းစားအားလုံး.. အသုံးပြုနိုင်ပါလိမ့်မယ်။

ဝီကီပီဒီယာ ၊ Google translate စတာတွေမှာ ယူနီကုတ် အသုးံပြုပြီးစာတွေဝိုင်းရေးကြ ၊ဘာသာကူပြန်ကြလို့.. ပိုမိုပြည့်စုံတိကျတဲ့ အဖြေတွေထွက်ရှိလာပါလိမ့်မယ်.။
မသိသမျှအရာအားလုံး မြန်မာ စာတစ်ခုတည်းနဲ့ ချက်ချင်းရှာဖွေပြီး တိကျတဲ့ ရလာဘ်ထုတ်ပြပါလိမ့်မယ်။

ဒါတွေက ကျွန်တော့်ရဲ့ နည်းပညာနဲ့ပတ်သတ်ပြီးဖြတ်သန်းခဲ့ပုံနဲ့
ဘာလို့ယူနီကုတ် သုံးသင့်ကြလည်းဆိုတာကို ကျွန်တော့်ရဲ့အမြင်နဲ့ရှင်းပြခြင်းဖြစ်ပါတယ်။
အားလုံး နားလည်နိုင်မယ်လို့မျှော်လင့်ပါတယ်

mouse (1 of 1)

ယူနီကုတ် ရေ

မြန်မာနိုင်ငံမှာလည်း ယူနီကုတ် စသုံးနေကြပြီ
google translate.စရတည်းကဆိုပါတော့လေ

လူတွေနည်းနည်းတော့ပို စိတ်ဝင်စားလာကြပြီ
ဒါပေမယ့် သုံးရမှာတော့ ကြောက်နေကြတုန်းပဲ
အရင်က ယူနီကုတ်ရဲ့ဒဏ်တွေ ခံခဲ့ရတော့ အယုံအကြည်မဲ့ကုန်တာပေါ့လေ

ဘယ်လိုပဲပြောပြော ဇော်ဂျီကိုပဲ တွယ်ဖက်နေကြတယ်
အဲဒီလိုအချိန်မှာ စသုံးမိတဲ့ ကျွန်တော်ကအရူး
ပြောင်းလဲမှုရဲ့ ပထမဆုံး wave နဲ့ပါလာသူ

တစ်ခါတစ်လေ စိတ်ညစ်
စိတ်ပျက် ဒေါသထွက်နဲ့ပဲ

ကျွန်တော်နှင့် Myanmar Zodiac

Image

Myanmar Zodiac ဆိုတဲ့ Android app လေးကို Android ဖုန်းသူများ ကြားဖူးရင်းနှီးဖူးကြလိမ့်မယ်ထင်ပါတယ်။

ကျွန်တော်ကတော့ အဲဒီ Applicationလေးကို ဖန်တီးပြုလုပ်သူ ငြိမ်းချမ်းကိုကိုဖြစ်ပါတယ်။Image

၂၀၁၂ ခုနှစ် ကုန်ခါနီးအချိန်လေးတွေမှာပေါ့.
ကျွန်တော်က Facebook အရမ်းသုံးတဲ့သူတစ်ဦး။
တစ်ခါ Facebook page တစ်ခုကနေ.. ဗေဒင်ဟောစာတမ်းလေးတွေ တွေ့တယ်။
ရာသီအလိုက် ..ဟောထားရေးထားတာလေးတွေပေါ့။
အစတည်းက ကျွန်တော်က ဆရာစံဇာဏီဘိုရဲ့ ဟောစာတမ်းတွေကို သဘောကျတယ်။
နှစ်တိုင်းစာအုပ်ဝယ်ဖတ်လေ့ရှိတယ်။အခုတစ်ခေါက်မှာတွေ့မိတဲ့ဟောစာတမ်းတွေက ဆရာစံဇာဏီဘိုတော့မဟုတ်ဘူး။
ဆရာသက်နှင်းဆွေ (ပုပ္ပါး)တဲ့။
ကိုယ့်ကိုသေချာကြည့်ပြီး လက်ညှိိုးထိုးပြောနေသလိုပဲ။
သူငယ်ချင်းတွေကိုလည်းပြ ကျွန်တော်ကိုယ်တိုင်လည်း.. ဖုန်းထဲ ဒေါင်းလုတ်ဆွဲထားလိုက်တယိ
ဒီလိုနဲ့ လတွေတစ်လပြီးတစ်လကုန်သွားတယ်.
ကျွန်တော်လည်းဘွဲ့ရ..
နယ်မြို့ကို ပြန်တော့. .ယောင်လည်လည်နဲ့ဘာလုပ်ရမှန်းမသိ။
တစ်နေ့တစ်နေ့ ကွန်ပျူတာ ရှေ့မှာ ပဲ။
အဲဒီ အချိန် က မြန်မာ android app တွေကို ကြည့်ပြီး.. app တစ်ခုလုပ်ချင်စိတ်က အရမ်းထက်သန်နေတယ်။
ဟိုစာဖတ်ဒီစာဖတ်နဲ့. . သိပ်မခက်ခဲပဲ .ရေးနည်းတစ်ခုကို တွေ့သွားတယ်။
ဘာappရေးရင်ကောင်းမလဲစဉ်းစားတော့ ဗေဒင် က စိတ်ထဲတန်းဝင်လာတယ်။
ဒါနဲ့ ဒေါင်းလုပ်ဆွဲထားတဲ့ ဟောစာတမ်းတွေကို ယူ.ပြီး Android appတစ်ခုကိုဖန်တီးတော့တယ်။

စပြုလုပ်ခါစက. . background လှအောင်ဆိုပြီး. wallpaper တွေစွတ်ထည့်တယ်။
တစ်ခုတစ်ခုဖွင့်ဖို့ကိုလေးပြီး။ စာဖတ်ရတာလည်း တော်တော် ဒုက္ခရောက်တယ်။
ကွယ်နေတာ ကောင်းကောင်းမမြင်ရတာနဲ့.
နောက်ပြီး. စာတွေက screen ကို ကျော်ထွက်နေတာတွေက လည်းရှိသေးတယ်။

အဲဒါတွေကို screen ထဲကွက်တိ၀င်အောင် တစ်ကြောင်းချင်း စိတ်ရှည်လက်ရှည်ထိုင်ပြင်ရတယ်။

မှတ််မိပါသေးတယ်။
အဲဒီ app ကို ပြီးအောင်လုပ်ဖို့ရုန်းကန်တဲ့ညက . မနက် ၅ နာရီလောက်မှ အိပ်ပျော်တယ်။
ဖုန်းဘေလ် က လည်း. data internet သုံးတာနဲ့၄ ရက်လောက်ကို တစ်ကတ်ကုန်နေတာ။

app ကို အချောသတ်ပြီးတော့. MMUC group ထဲမှာဖြန့်တယ်။
သုံးတဲ့သူသိပ်မရှိဘူး။
ကျွန်တော့်ရဲ့ appက တစ်သက်တာဟောစာတမ်းတွေပဲပါတာလေ။
ကျန်တာဘာမှမပါဘူး။
လက်ရှိထုတ်ထားတဲ့ version ကို အားမရသေးဘူး။
နောက်ထပ် ထပ်ထည့်ဖို့စဉ်းစားတော့ ကွန်ပျူတာဗေဒသုခမက numerology ဟောကိန်းတွေသတိရတယ်။
ဒါတွေကလည်း fb မှာအရမ်း hot တဲ့အရာ။
အိုကေ..ဒါလည်းထည့်မယ်ပေါ့.

အဲဒီမှာ ပြဿနက စပြီ။
ကျွန်တော့် appက data တွေ ပုံတွေ များပြီး crashed ဖြစ်ချင်နေပြီ။
ဒါနဲ့ပဲ ထုတ်ထားပြီးသားကိုထပ်မပြင်တော့ပဲ။
ဒုတိယ တစ်ခုအသစ် ရေးတယ်။
background တွေဖြုတ်တယ်။ icon တွေစိတ်ကြိုက်ရွေးတယ်။
အရင်တစ်ခေါက်သုံးတဲ့ app icon က အင်တာနက်က ဒေါင်းလုတ်ဆွဲထားတဲ့ဟာ.
ဒီတစ်ခေါက်ကျတော့ကိုယ်ပိုင် icon လေးလိုချင်တယ်။
အဲဒါနဲ့ MMUC က ကိုချီလီချမ်းကို အပူကပ်ပြီး Icon လုပ်ခိုင်းတယ်။

ဧပြီလ ထဲမှာ version 1.1 ထွက်လာတယ်။
သုံးတဲ့သူ ရာဂဏန်းလောက်ရှိတာပေါ့..

version 1.2နဲ့ 1.2.1 ကို မေလထဲမှာထပ်ထုတ်တယ်။
ဒီထဲမှာတေ်ာတော်စုံနေပြီ။
အဲဒီအချိန်တည်းက ကျွန်တော့်ရဲ့ app ကို Playstore မှာ တင်ချင်နေပြီ။
Playstore မတင်နိုင်မချင်း..အပြင်က နေရှယ်တာနဲ့ .. ဘယ်လိုမှမပေါက်နိုင်ဘူးလို့ကျွန်တေ်ာထင်တယ်။
ဒါပေမယ့် Google က မြန်မာနိုင်ငံကို Playstore မရအောင်ဘန်းထားတာတောင် ဖျက်အောင်
မလုပ်နိုင်သေးတာဆိုတော့.
လုပ်လည်း ဒေါင်းလုတ်ဆွဲမယ့်သူရှိမှာမဟုတ်ဘူးလို့တွေးပြီ း အသာငြိမ်နေလို်က်တယ်။
ဒီကြားထဲမှာ ခရီးထွက်တာတွေ.. နဲ့အခြားလုပ်စရာရှိတာတွေနဲ့.. APPဘက်ကိုမလှည့်နိုင်ဘူး။

Myanmar Zodiac ဆိုပြီး .နာမည်တစ်ခုထွက်လာအောင် ပေါက်ခဲ့တဲ့အချိန်က ၂၀၁၃ စက်တင်ဘာလ.
Playstore လည်း. Google ဥက္ကဌ မြန်မာနိုင်ငံလာပြီးတဲ့နောက်မှာ ပွင့်သွားပြီ။
user တွေလည်း Playstore ကို စသုံးတတ်သလို.. Myanmar appတွေလည်း ကြိုကြားကြိုကြားပေါ်လာပြီ။
ကျွန်တော်ရဲ့ မိတ်ဆွေတစ်ယောက်ရဲ့ Google wallet ကို အသုံးပြုပြီး
Developer fee ပေးရမယ့် 25$ ကိုချေပြီး .အကောင့်လုပ်လိုက်တယ်။
သူ့မေးလ်နဲ့အကောင့်လုပ်ပြီး။
ကျွန်တော့်ရဲ့ personal mail ကို developer team member အနေနဲ့ invite email ပို့လိုက်တယ်။
ပထမဆုံး app Myanmar Zodiac version 1.6 ကို ကိုအောင်မြင့်ဟိန်းကနေပြီး.
Playstore မှာတင်ပေးတယ်။
အဲဒီ app တင်ထားတုန်းမှာ Myanmar firstaid ဆိုတဲ့ အရေးပေါ်အသက်ကယ်နည်းတွေအကြောင်းရေးထားတဲ့ apk တစ်ခုကို ဆက်လုပ်နေတယ်။
သူ့ကိုလုပ်လတာ၂ပတ်လောက်ကြာတယ်။
သူ့ကို ထုတ်ဝေခဲ့တာ Google playstore အကောင့်ရပြီးသိပ်မကြာခင်မှာပဲ။

နောက်ပြီးတော့. ကျွန်တော့်ရဲ့ app ကို Mobile group တွေမှာတင်တယ်
MMUC,MMAS,MMSD. နဲ့အခြားသော blog တွေ.
လင့်ကို Playstore လင့်ပဲအဓိက ပေးတယ်
ရှယ်ပေါင်းရာကျော်ခဲ့တယ်။ ဖုန်းလောက ကမိတ်ဆွေတွေကို tag လုပ်တယ်။
ကျွန်တော် ဘယ်သူ့ကိုမှ tag လုပ် ပြီး ကြေငြာလေ့မရှိပါဘူး။
အဲဒီနောက်Facebook page ကို အောက်တိုဘာ ၄ရက်နေ့မှာ ထောင်တယ်။

အောက်တိုဘာ ၅ရက်နေ့မှာ
vesion 1.7 ကို ထုတ်ဝေတယ်။ ဒီတစ်ခေါက် appထဲမှာ features တွေတော်တော်စုံစုံလင်လင်ထည့်ထားတယ်။ တစ်ပတ်တစ်ခါ update လုပ်ပေးနေတဲ့
အပတ်စဉ်ဟောစာတမ်း. ။
မိမိရဲ့ဟောစာတမ်းကို facebook ကို ရှယ်တဲ့ function.
ပြီးတော့ app နဲ့ google play နဲ့update လို့ရအောင် တိုက်ရိုက်ချိတ်လိုက်တယ်
အဲဒီ 1.7 အထွက်မှာ Myanmar ZOdiac app အကြောင်းဂျာနယ်တွေထဲမှာပါလာတယ်။
Myanmar firstaid အကြောင်းကောပဲ။
Google playstore က Download count တွေကလည်း တက်လာတယ်။

1.7 မှာ wallpaper တစ်ချို့သုံးလို်က်မိတဲ့အတွက် ..Appက လေးသွားတယ်.
ဒါကြောင့် wallpaper တွေပြန်ဖြုတ်ပြီး.1.11 .ထုတ်တယ်

၁၁.၁၂.၁၃ မှာ 1.12 ကိုထုတ်တယ်။အဓိက အဲဒီ version မှာက မြန်မာစာတွေလွဲနေတာကိုလုံးဝ
၁၀၀% မှန်သွားအောင်ပြင်လိုက်တာပါ။
အစတည်းက Myanmar zodiac app မှာမြန်မာစာ built in ထည့်ထားလို့. မြန်မာဖောင့်မပါတဲ့ဖုန်းတွေမှာလည်းဖတ်လို့ရပါတယ်။
Developer ကို ကျော်စွာသွင်ရဲ့ smart zawgyi pro ဖော်င့ကို သုံးပြီးနောက်လုံးဝမှန်ကန်သွားတယ်။

အဲဒီနောက်တော့ ထူးထူးခြားခြားပြောင်းလဲမှုတွေမပါပဲ..
ပိုမို access လုပ်ရလွယ်ကူအောင်ပဲ version အသစ်တွေပြုလုပ်ခဲ့တယ်။
အခုဆိုရင် Google play store က ဒေါင်းလုတ်ကောင့် ၁၀၀၀၀ ကနေ ၅၀၀၀၀ ၀န်းကျင်.
အွန်လိုင်းချိတ်ဆက်ထားတဲ့ အသုံးပြုသူပေါင်းက ၅၀၀၀ ခန့်ပုံမှန်ရှိနေပြီ။
တစ်နေ့ကို အကြိမ်ရေ ၅၀၀၀ခန့် ဖွင့် ၍ ဖတ်သူ ရှိနေပါတယ်။

Facebook က Data အနေနဲ့လည်း. အပတ်စဉ်ဟောစာတမ်းကိုရှယ်သူဦးရေ.
ဒေါင်းလုတ်ပြုလုပ်သူဦးရေ..တွေပုံမှန်ရှိနေတယ်။

ဟိုးအရင်က လည်းပြောဖူးတယ်
အမြဲလည်းကျွန်တော်ပြောတယ်။ ကျွန်တော်က Code ရေးတဲ့ Developer မဟုတ်ပါ။
Codeကို တစ်ကြောင်းမှ မရေးတတ်သူတစ်ဦးဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီ Code ရေးလို့မရတဲ့အဆင့်ကိုကျော်ပြီး App ရအောင်ပြုလုပ်ရာက.နေ
မထင်မှတ်ဘဲဒီလောက် အားပေးသူရခဲ့တယ်။
ကျွန်တော့်ရဲ့ အခြား Appတစ်ခုဖြစ်တဲ့ Myanmar first aid ကတော့ အရမ်းမပေါက်ခဲ့ဖူး။
ဒီထက်ပိုကောင်းတဲ့ Appတွေထပ်ပြီးဖန်တီးချင်သေးတယ်။
ဒါပေမယ့်.. ကျွန်တော့်မှာက Language barrier ရှိနေတယ်.
ဘာ Language မှမတတ်တဲ့ သူ..ပြီးတော့ code တွေရေးရတာလည်းပျော်သူမဟုတ်ဘူး.။
ဖန်တီးရတာကိုပဲပျော်တာ.

အခြားသော ကျွန်တော်နဲ့သက်ဆိုင်တဲ့အလုပ်တွေလုပ်ရဦးမယ်.
ဒါပေမယ့် ဒါလေးကတော့ .. ၀ါသနာနဲ့အောင်မြင်တဲ့ အလုပ်လေးတစ်ခုပဲ..

ကျွန်တော်နှင့်ယူနီကုတ်

အခုတစ်လောယူနီကုတ်ယူနီကုတ်ဆိုတဲ့အသံတွေဆူညံနေတယ်။

အရင်ကလည်းကြားသာကြားဖူးခဲ့တာ. ယူနီကုတ်ဆိုတာဘာမှန်းမသိခဲ့ဖူး.
အခုတော့ frozenkeyboard ရေးတဲ့ ကိုသီဟအေးကျော် ကျေးဇူးနဲ့ .
ယူနီကုတ်အကြောင်းပိုသိခွင့်ရပြီး.
လက်ရှိသုံးနေတဲ့ဇော်ဂျီရိုက်တဲ့လက်ကွက်နဲ့တင်.. ယူနီကုတ်စာလုံးတွေကိုရိုက်လို့ရသွားပြီ။
 
မသုံးဘူးသေးပဲနဲ့ ယူနီကုတ်ရဲ့ကောင်းကြောင်းမသိဘူးဆိုတာတကယ်မှန်တာပဲ.
ဇော်ဂျီနဲရိုက်တာနဲ့ .ယူနီကုတ်သုံးရိုက်တာအများကြီးကွာသွားတယ်
ပိုမြန်သွားတယ်။စာလုံးတွေကိုအော်တိုပြင်ပေးတဲ့အခါကျတော့ စာလုံးမှားတာတွေမရှိတော့.
 
အခု facebook,google, တို့ကလည်းမြန်မာနိုင်ငံအတွက်. ဆိုပြီးမြန်မာဘာသာကိုထပ်ထည့်ဖို့လုပ်နေတယ်
သူတို့ကယူနီကုတ် ကိုပဲလက်ခံမယ်ဆိုတာပြောထားတာတွေ့တယ်.
 
ကျွန်တော်လည်းပဲ ယူနီကုတ်ကို သုံးရင်းနဲ့ကြိုက်သွားပြီ.
ဒီစာကိုယူနီကုတ်နဲ့ပဲရိုက်ပြီးတင်လိုက်ပါတယ်ဗျာ.
မြန်မာနိုင်ငံရဲ့ယူနီကုတ်တော်လှန်ရေးအောင်မြင်ပါစေ..
 
5.4.2013

Page 4 of 5

Powered by WordPress & Theme by Anders Norén