ဒီနေ့က တပ်မတော်နေ့လည်းဖြစ်သလို ကျွန်တော့်ရဲ့ဝမ်းကွဲအစ်မ ရဲ့စေ့စပ်တဲ့နေ့လည်းဖြစ်တယ်။

သူယူမယ့်သူက စစ်ဗိုလ်လားပဲ။

ဘာလိုလိုနဲ့ကျွန်တော်တို့တွေအသက်တွေ မငယ်တော့ဘူး။ ငယ်တုန်းက အဖော်အပေါင်းသိပ်မရှိဘူး။

အမျိုးတွေကလည်း အမတွေညီမတွေများတယ်။ သူတို့နဲ့ကစားဖြစ်တာပဲ။

ကျန်တဲ့အချိန်တွေမှာ ကျွန်တော်တစ်ယောက်တည်းကစားရင်ကစားတယ်။ သူတို့တွေအားကြရင် သူတို့နဲ့ကစားတယ်။

ကျွန်တော်ငယ်ငယ်က လူဆိုးလေးတစ်ယောက်ဖြစ်မှန်းမသိဖြစ်ခဲ့တယ်။

ကျန်တဲ့သူတွေကို အကျင့်မကောင်းဘူးလို့ထင်ခဲ့ပေမယ့် တကယ် အကျင့်မကောင်းတာ တစ်ကိုယ်ကောင်းဆန်နေခဲ့သူက ကျွန်တော်ပဲဖြစ်လိမ့်မယ်ထင်တယ်။

သူတို့တွေတော်တော်များများ ကျွန်တော်ဗိုလ်ကျတာခံခဲ့ရတာကိုး။

အခုထိလည်း မောင်နှမတွေသိပ်တော့အစေးမကပ်ဘူးဗျ။ ကျွန်တော်ကကိုယ့်ဘာသာဆို ရုပ်တည်ကြီးနေတာများလွန်းတော့ သူတို့ကလည်းရှိန်ပြီးစကားမပြောကြတော့ဘူး။

သူတို့နဲ့ဆိုရင် ကျွန်တော်ကအမြဲတမ်းစိတ်မရှည်တဲ့ပုံပေါက်နေတတ်တယ်။

ငယ်ငယ်တုန်းကထိန်းခဲ့ရတဲ့ညီအငယ်ဆုံးတောင် အခုဆို၁၀တန်းတက်တော့မယ်။

ဆယ်ကျောက်သက်ဆိုတော့ သူ့အိမ်ကလည်းထိန်းမနိုင်ဘူး။

ကျွန်တော်လေ ပညာကောစီးပွားကော တောင့်တောင့်တင်းတင်းဖြစ်ပြီး  ကျန်တဲ့သူတွေကိုစောင့်ရှောက်လမ်းပြနိုင်သူဖြစ်ချင်တယ်။

ဒါပေမယ့်ကျွန်တော်ကိုယ်တိုင်ကကိုမတောင့်တင်းသေးဘူး။

သူတို့ကမှအလုပ်အကိုင်ရှိသေးတယ်။

ကျွန်တော်က ဆရာဝန်ပေမယ့် အလုပ်မရှိဘူး။

အမေနဲ့အဖေက လည်းအသက်ကြီးပြီ။ တကယ်က သူတို့အရွယ်က မ⁣ြေးချီသင့်တဲ့အရွယ်။ သူတို့ချီစရာမြေးမရှိတော့ ကျွန်တော်တို့ကပဲ ကလေးဖြစ်နေရတယ်။

အိမ်ထောင်ပြုဖို့ကတော့မစဉ်းစားနိုင်ဘူးဗျာ။

လောကမှာလုပ်စရာတွေအများကြီးရှိသေးတယ်။

ကျွန်တော့်ရဲ့စရိုက်နဲ့ကလည်း တော်ရုံ မိန်းကလေးမျိုးက သည်းခံနိုင်မယ်မထင်ဘူး။

ဒီလိုပါပဲ ရောက်တက်ရာရာ အတွေးတွေ⁣ေပေါ့