Many Lives, Many Memories.

Tag: 2015

IELTS 7.0 ရအောင်ဘယ်လိုဖြေကြမလဲ။

IELTS 7.0 ရအောင်ဘယ်လိုဖြေကြမလဲ။

ကျွန်တော့် အနေနဲ့ သိပ်သိသိပ်တတ်လွန်းနေလို့ ဒီပို့စ်ကိုရေးတာမဟုတ်ပါ။ကျွန်တော် ဖြေခဲ့တဲ့ အတွေ့အကြုံတွေနဲ့ Success သင်တန်းကျောင်းမှာတက်ခဲ့တုန်းက ဆရာ Arthur သင်ကြားပို့ချပေးခဲ့တာတွေနဲ့ IELTS TEST PLUS 1&2 ဆိုတဲ့စာအုပ်ကို မှီးငြမ်းပြီး ဖြေဖို့ကြိုးစားနေကြတဲ့ အစ်ကို၊အစ်မ၊ညီ၊ညီမများကို အထောက်အကူနဲနဲပဲ ဖြစ်ဖြစ် ရစေချင်လို့ဒီပို့စ်ကို ရေးသားလိုက်ပါတယ်။

နိုင်ငံရပ်ခြားတက္ကသိုလ်တွေကို တက်တော့မယ် ဆိုရင် အင်္ဂလိပ်စာအရည်အချင်းစစ်စာမေးပွဲကို English စာ Mother Tongue မဟုတ်တဲ့၊ စာသင်ကြားတဲ့နေရာမှာ major medium အဖြစ် မိခင်ဘာသာစကားနဲ့သာသင်ကြားပေးတဲ့ ကျောင်းတွေက ထွက်တဲ့သူတွေကို compulsory အနေနဲ့ ဖြေခိုင်းလေ့ရှိပါတယ်။

ကျွန်တော် လေ့လာမိသလောက် IELTS,TOEFL,SAT,GRE,GMAT စသဖြင့် test တွေအများကြီးရှိပါတယ်။အင်္ဂလိပ်စာတစ်ခုတည်းစစ်တာရှိသလို၊သချင်္ာနဲ့ အခြားဆိုင်ရာဘာသာရပ်တွေဖြေခိုင်းတာတွေလဲရှိပါတယ်။Engineering students တွေအတွက် အမေရိက ကလွဲလို့ ကျန်နိုင်ငံတွေမှာ IELTS နဲ့တက်ရင်ရပါတယ်။ အမေရိက မှာတက်ချင်ရင်တော့ TOEFL(Testing of English as foreign language) နဲ့ GRE(Graduate Record Exam) ၂ ခုကို မဖြစ်မနေဖြေဆိုဖို့ လိုအပ်ပါတယ်။ IELTS ကိုလက်ခံတာတော့ ကျွန်တော်ကြည့်မိတဲ့ ကျောင်းတွေမှာ မတွေ့မိပါဘူး။ Harvard,MIT,Yale,Caltech,Standford,Princeton စတဲ့ ထိပ်သီးကျောင်းတွေပါ။တခြားတက္ကသိုလ်တွေ Canada, England,Netherland,Australia,German,Japan,France စတဲ့ နိုင်ငံတွေကတော့ IELTS ရှိရုံနဲ့ တက်လို့ရပါတယ်။ GRE တောင်မလိုပါဘူး။သတ်မှတ်တဲ့ အမှတ်ကတော့ ကျောင်းနဲ့ သက်ဆိုင်ရာ ဌာနပေါ်မူတည်ပြီး ၆ ကနေ ရ ထိရှိတတ်ပါတယ်။

IELTS အကြောင်းမပြောခင်မှာ TOEFLနဲ့ပတ်သတ်ပြီးသိထားသင့်တာလေးတွေပြောပြချင်ပါတယ်။ ဖြေတဲ့ ပုံစံက ၃ မျိုးရှိပါတယ်။အဲဒါတွေက PBT(Paper Base Test),CBT( Computer Base Test), IBT (Internet Base Test)။အဲဒီထဲက ဘယ် ပုံစံနဲ့ ဖြေရမလဲဆိုတာ ကိုယ်လျှောက်ချင်တဲ့ကျောင်းရဲ့ ဌာနဆိုင်ရာ ဝက်ဘ်ဆိုက်မှာ ဝင်ကြည့်ဖို့လိုပါတယ်။ ဌာန တစ်ခုနဲ့ တစ်ခု မတူသလို၊အထူးပြုဘာသာ ကွဲရင်လဲ မတူပြန်ပါဘူး။အဲဒါမသိပဲ ပြောသံကြားတာနားထောင်ပြီး ဖြေလို်က်မိလို့ ကိုဖြေထားတာက သူတို့ သတ်မှတ်ချက်နဲ့ မကိုက်ရင် အချိန်ကုန်၊ငွေကုန်၊လူပန်းဖြစ်မှာ စိုးရပါတယ်။

IELTS ဆိုတာက International English Language Testing System ကိုပြောတာပါ။ 4 skills ဖြေဖို့ လိုအပ်ပါတယ်။အဲဒါတွေက
(၁) နားထောင်မှုစွမ်းရည်(Listening Skill)
(၂) စာဖတ်စွမ်းရည် (Reading skill)
(၃) စာရေးသားမှု စွမ်းရည် (Writing Skill)
(၄) စကားပြောစွမ်းရည် (Speaking Skill)ဆိုပြီး ၄ ခုရှိပါတယ်။အရေးကြီးဆုံးမှတ်ရမှာက တစ်ခါဖြေထားရင် ၂ နှစ်ပဲအက ျံုးဝင်ပါတယ်။

Listening Skill
x x x x x x x x x

နားလည်ဖို့အတွက်တော့ အစမှာ ခက်ပါလိမ့်မယ်။ကျွန်တော်တို့ စဖြေတုနး်ကလဲ အမှတ် ၄၀ မှာ ၄ မှတ်လောက်ပဲရပါတယ်။အဲဒီနောက် ထပ်ခါတလဲလဲ လေ့ကျင့်ရာကနေ တဖြည်းဖြည်းတက်လာပါတယ်။ နောက် အမှတ် ၃၀ ကျော် ရတဲ့ထိ ဖြစ်လာပါတယ်။အဲဒါကြောင့် အစမှာ စိတ်မပျက်ပဲ ဇွဲကောင်းကောင်းနဲ့ ကြိုးစားပါလို့ တိုက်တွန်းချင်ပါတယ်။ အခက်အခဲက တော့ လေယူလေသိမ်းပါပဲ။ လေ့ကျင့်ခန်းတွေပေးတဲ့နေရာမှာ နိုင်ငံတကာက လေယူလေသိမ်းတွေဖြစ်တာကြောင့် နားလည်ရခက်တတ်ပါတယ်။ အင်္ဂလိပ်စာက တကမ္ဘာလုံး သုံးတာဆိုတော့ ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ် လို်က်ဖက်အောင် ပြောကြမှာပါ။ ဂရုတစိုက်နဲ့ နားထောင်ရင်ရပါတယ်။ Pronunciation, Intonation, correct accent ရဖို့ အတွက် စာအုပ်တချို့ကိုညွှန်းချင်ပါတယ်။ ပုံနဲ့လဲ တွဲပြထားပါတယ်။ စာအုပ်ဆိုင်တွေမှာ အလွယ်တကူရှာပြီး လေ့လာနိုင်ပါတယ်။
1. Lose Your Accent in 28 days by Judy Ravin with VCD (Recommended)
2.TREE or THREE by Ann Baker with CD
3.SHIP or SHEEP by Ann Baker with CD
4.English Pronunciation in Use (cambridge) by Mark Hancock ဒီစာအုပ်ကတော့ စီဒီခွေမပါပါဘူး။အင်တာနက်မှာရှာပြီး ဒေါင်းရင်တော့ ရပါလိမ့်မယ်။အဲဒီစာအုပ်တွေကို လေ့ကျင့်ပေးမယ်ဆိုရင်ဖြင့် ၃၊၄ လ အကြာမှာ တော်တော်ကို ကျွမ်းကျင်လာပါလိမ့်မယ်။

Reading Skill
x x x x x x x x
စာဖတ်စွမ်းရည်က ပေးထားတဲ့ အချိန်အတွင်းမှာ စာပိုဒ်တွေဖတ်ပြီး မေးခွန်းတွေဖြေပေးရတာပါ။မေးခွန်းတွေက အစုံပါပဲ။ Multiple choice,YES/NO/NOT GIVEN or TRUE/FALSE/NOT GIVEN, summary, headings စသဖြင့်ပါ။ဒါပေမယ့် မေးခွန်းကို ၂ မျိုးခွဲရင်ရပါတယ်။တစ်ခုက စာပိုဒ်အစဉ်လိုက် အဖြေရှာရတဲ့ မေးခွန်းမျိုး (P.O-Paragraph order) နဲ့ (ဥပမာအားဖြင့် YES/NO/NOT GIVEN) စာပိုဒ်အစဉ်အတိုင်းမဟုတ်ပဲ အဖြေကို သင့်တော်ရာ စာပိုဒ်မှာရှာရတဲ့ မေးခွန်းမျိုးပါ (Non P.O-non Paragraph order) ။ဥပမာအားဖြင့် summary လိုမေးခွန်းပါ။အဲဒါက ၉၅ ရာခို်င်နှုန်းလောက် အဲဒီအတိုင်းမေးပါတယ်။အဲဒါက မေးခွန်းအနေအထားပါ။အဲဒီမှာ ပေးထားတဲ့စာပိုဒ်က main idea နဲ့ supporting idea ကိုခွဲခြားတတ်မှ heading(ခေါင်းစဉ်ရွေး) တဲ့အ ခါမှန်မှန်ရွေးတတ်မှာပါ။
စာဖတ်တော့မယ်ဆိုရင် အရင် ဆုံး Skimming and Scanning လုပ်ဖို့လိုပါတယ်။Skimming က ပေးထားတဲ့ စာပိုဒ်ကိုအပေါ်ဆုံးတစ်ကြောင်း၊အလယ်တစ်ကြောင်းနဲ့ နောက်ဆုံးတစ်ကြောင်းဖတ်ပြီး ခြံုငုံဖတ်လိုက်တာပါ။ Scanning က ကိန်းဂဏန်းတွေ(ဥပမာ ခုနှစ်တွေ) နဲ့ လူနာမည်တွေ အကြီးစာလုံးနဲ့ ရေးထားတဲ့ စကားလုံးတွေနဲ့ သိသာထင်ရှားတဲ့ စကားလုံးတွေကို ရှာဖတ်တာပါ။Scanning လုပ်တဲ့အချိန်မှာ မျဉ်းတားထားဖို့မမေ့ပါနဲ့။ အဲဒါနှစ်ခုလုပ်ပြီးမှ မေးခွန်းကိုဖတ်ပါ။ပြီးရင် မေးခွန်းက P.O လား non P.O လား ခွဲခြားပြီး ဖတ်ခဲ့ပြီးတဲ့ စာပိုဒ်တွေမှာလိုက်ရှာရုံပါပဲ။ Reading နဲ့ပတ်သတ်လို့ Vocabulary ကြွယ်ဝအောင် စာများများဖတ်ဖို့လိုပါတယ်။မနိုင်ရင်ကာ ဝေါဟာရတွေ ကျက်မှတ်နေဖို့မလိုအပ်ပါဘူး။ ၁၀ တန်းကလေးတွေလဲ အဲဒါကိုဖြေကြတာမို့ ခဲရာခဲဆစ်ပညာရှင်ဆန်တဲ့ဝေါဟာရတွေကို ထည့်ပေးလေ့မရှိသလောက်ပါပဲ။တကယ်လို့ မသိရင် လဲ ရှေ့နဲ့ နောက် စာကြောင်းတွေကနေတဆင့် အဓိပါယ်ဖော်ကြည့်ပါ။အဲဒါက ပျော်ဖို့လဲကောင်းပြီး၊အသုးံလဲဝင်ပါတယ်။
ဝေါဟာရတွေနဲ့ပတ်သတ်လို့ စာအုပ်အချို့ကိုညွှန်းချင်ပါတယ်။
၁။ မသိမဖြစ် စကားလုံး ၂၀၀၀
၂။ဝေါဟာရပဒေသာ (ဆရာဦးသိန်းလွင်)
၃။မြန်မာ၊အင်္ဂလိပ် ၂ဘာသာ ပုံပြင်စာအုပ်များ(ဦးသိန်းလွင်၊ဆရာမိုး၊ကောင်းသန့်………)
၄။ Synonyms and Antonyms (Cambridge or Oxford)
၅။ Longman/Oxford/Cambridge Dictionary English to English dictionary ကိုကြည့်ဖို့ မကြောက်ကြပါနဲ့လို့ မှာချင်ပါတယ်။အဲဒါမှာ တကယ်တတ်မှာပါ။ကိုသိတဲ့ စကားလုံးတစ်ခုကို အင်္ဂလိပ်လို အဓိပါယ်ဖွင့်ကြည့်ပါ။ပြီးရင် Dictionary နဲ့တို်က်ကြည့်ပါ။အဲဒီလိုလုပ်ရင် အင်္ဂလိပ်စာကို အချိန်တိုအတွင်း ကျွမ်းကျင်လာပါလိမ့်မယ်။

Writing Skill
x x x x x x x
Writing နဲ့ပတ်သတ်လို့Task 1 and Task 2 ဆိုပြီး၂ မ ျိုးရှိပါတယ်။ Task 1 က process writing and report writing ဆိုပြီး ၂ ခုရှိပါတယ်။ Process writing ကမေးခဲပါတယ်။ပုံလေးတွေပေးထားပြီး အဆင့်လိုက် ရေးပေးရတာပါ။မ ျားသောအားဖြင့် လူသုံးကုန်ပစ္စည်းတစ်ခုခု ထုတ်လုပ်ပုံထုတ်လုပ်နည်းပါ။ report writing မှာ pie,bar chartနဲ့ graph တွေကို ကြည့်ပြီး အထက်လူကြီးကိုဖြစ်ဖြစ်၊ရှယ်ယာရှင်တွေကိုဖြစ်ဖြစ် ရှင်းပြတဲ့ ပုံစံမ ျိုးနဲ့ ရေးရတာပါ။အဲဒါက အားလုံးအတွက် အရမး်အသုံးဝင်တဲ့ အရေးအသားပါ။ အမှတ်ကတော့ Task 2 လောက်မရပါဘူး။Task 2 မှာ မေးခွန်း ၃ မျိုးရှိပါတယ်။အဲဒါတွေက Argument-type,thesis-type and Problem solution type ဆိုပြီး သုံးမျိုးရှိပါတယ်။ Argument typeမှာ ပေးထားတဲ့ခေါငး်စဉ်ကို အကောင်းဖက်က တလှည့်၊အဆိုးဖက်ကတလှည့် ရေးပေးပြီးနောက်ဆုံ နိဂုံးချုပ်ရင် ကို့အမြင်ကို ထည့်ရေးပေးရတာပါ။ Thesis type က အကောင်း မဟုတ်ရင် အဆိုးဖက်ကပဲ တဘက်သတ်ရေးပေးဖို့ပါ။Problem solution ကရှင်းပါတယ်။ပြသနာတစ်ခုပေးထားပြီး အဖြေကိုအကြံပြုပေးရတာပါ။အဲဒါတွေနဲ့ ပတ်သတ်လို့ ပုံတွေနဲ့ တွဲပေးထားပါတယ်။ Success က ယူထားတဲ့ နည်းတွေဖြစ်လို့ self-study သာလုပ်ကြပါ။စီးပွားဖြစ်သင်ချင်လျှင် ဆရာ Arthur ကိုသွားတွေ့ပြီး ခွင့်တောင်းပါလို့ အနူးအညွတ်တောင်းပန်ပါတယ်ခင်ဗျာ။ကျွန်တော်က သိစေချင်လို့ တမင် ပုံတွေပါထည့်ပေးလိုက်တာပါ။စာရေးရင် အနဲဆုံး ၄ ပိုဒ်တော့ရေးပါ။ရေးတိုင်း main idea ကိုအရင်ရေးပြီး နောက်က supporting idea အနေနဲ့ ဥပမာလေးတွေထည့်ရေးရင် ပြည့်စုံလုံလောက်ပါပြီ။IELTS စာအုပ်များမှာလဲ နောက်မှာ အဖြေတွေရေးပေးထားပါတယ်။လေ့လာကြည့်ပါလို့။ Main idea စဉ်းစားပုံနဲ့ ပတ်သတ်လို့ al နည်းဆိုတာရှိပါတယ်။အဲဒါက social/economical/educational/political viewpoint တွေကနေ main idea ကိုရှာရတာပါ။ဒီထက်သိချင်သေးရင်တော့ မြတ်ငြိမ်းဘာသာပြန်တဲ့ ဦးထုပ်ခြောက်လုံးတွေးခေါ်နည်းတို့၊ဖြန့်ထွက်တွေးခေါ်နည်းတို့ စတဲ့ တွေးနည်းစနစ်တွေကိုဖတ်ကြည့်နိုင်ပါတယ်။
ညွှန်းချင်တဲ့ စာအုပ်တွေက
၁။ GCE ‘O’ Level essays
၂။Upper Secondary Essay library
၃။ ကောင်းလိုက်တဲ့အတွေး၊လှလိုက်တဲ့အရေး(ဆရာချမ်းဇော်ထက်)
၄။ အခြားသော ပြည်တွငး်၊ပြည်ပ ဆရာများရေးတဲ့ အက်ဆေး၊သုတ၊၇သ ဆောင်းပါးများ
၅။ Phrasal Verbs/Collocations,Synonyms and Antonyms
၆။Longman Language Activator
၇။ Practical English Usage by Michael Swan
၈။English Grammar in Use (Cambridge)
၉။ Stylistic Sentence Construction by U Aye Chit(EEAC)

Speaking Skill
x x x x x x x x x
Speaking နဲ့ပတ်သတ်လို့ ကျွန်တော်တို့ မြန်မာတွေ ရေလိုက်လွဲနေတာက အင်္ဂလိပ်စစ်စစ်တွေကိုတုပပြောနိုင်မှကောင်းတယ်ထင်တာပါ။အဲဒါက မလိုအပ်ပါဘူး။မြန်မာစကားတောင် ဗမာတွေကတသံ၊ကချင်၊ကယား၊ကရင်စတဲ့ တိုင်းရင်းသားတွေလဲ အသံအမျိုးမျိုးထွက်ကြတာပါပဲ။အရေးကြီးတာက ကိုပြောတာကို သူနားလည်ပြီး၊သူပြောတာကို ကိုက နားလည်ဖို့ပါပဲ။ တရုတ်အင်္ဂလိပ်စကားပြောရင်လဲ တရုတ်သံနဲ့ပြောမှာပါ။အဲဒီလိုပဲ ဂျပန်၊ကိုရီးယား၊ပြင်သစ်၊ဂျာမန် စတာတွေကလဲ သူတို့ accent နဲ့ပြောမှာပါပဲ။အဲဒါကြောင့် တတ်နိုင်သမျှ အနီးစပ်ဆုံးတူအောင်ပြောနိုင်ရင်ရပါပြီ။မဖြစ်မနေ အဲဒီအသံမျိုးထွက်မှပြောတော့မယ်ဆိုရင် နောက်ဘဝ အင်္ဂလိပ်ဝမ်းမှာသာ ဝင်စားဖို့ ဆုတောင်းလိုက်ပါတော့။ Speaking test မှာ ၃ ပို်င်းမေးပါတယ်။ပထမပိုင်းက ကိုယ့်အကြောင်းပါ။ဘယ်မှာနေတယ်။ဘာလုပ်တယ်။မောင်နှမဘယ်နှယောက်ရှိတယ်စသဖြင့်ပါ။ဒုတိယပို်င်းက သူတို့ပေးတဲ့ ခေါင်းစဉ်ကို တစ်မိနစ်လောက်ပြောခိုင်းတာပါ။မပြောခင်စာရွက်ကလေးပေးပါတယ်။အဲဒီစာရွက်မှာ ကိုပြောမယ့်အချက်တွေ မြန်မြန်ချရေးလိုက်ပါ။ပြီးရင် အားမနာတမ်းသာပြောပါတော့။နောက်ဆုံးမေးခွန်းက အဆင့်မြင့်ပါတယ်။ ကမ္ဘာကြီးပူနွေးလာတဲ့အကြောင်းတွေ၊ကားလမး်ပိတ်တာတွေကို ဘယ်လိုဖြေရှင်းသင့်တယ်။သဘာဝဘေးတွေကို ဘယ်လိုပြင်ဆင်သင့်တယ်စတာတွေကို ၂ မိနစ်လောက်မေးပြီးရင်တော့ ပြီးပါပြီ။ Speaking အတွက် ညွှန်းချင်တဲ့ စာအုပ်တွေက
၁။ English 900 အနီရောင် (သို့) ၂ ရောင်စပ်ထားတဲ့ထူတဲ့စာအုပ်ကိုဝယ်ပါ။အခွေပါဝယ်ပါ။
၂။ Say it better in English or အဲဒီစာအုပ်ကိုပဲဆရာ ချမ်းဇော်ထက်က Speak it,Speak up ဆိုပြီးစာအုပ်ထုတ်ထားပါသေးတယ်။
၃။Spoken English Patterns by Daw than than Nu
၄။ အခြားသော စကားပြောစာအုပ်များ (Light,Best စသည့် အင်္ဂလိပ်မဂဇင်းများ)

အပေါ်မှာပြောထားတဲ့အတိုင်းလေ့ကျင့်ရင် IELTS တစ်ခုထဲ ဖြေဖို့မဟုတ်ပဲ အင်္ဂလိပ်စာကို အချိန် တစ်နှစ်အတွင်းမှာ ကျွမး်ကျင်တတ်မြောက်လာပါလိမ့်မယ်။ရှေ့လျှောက်လဲ အလွန်အသုံးဝင်မယ့်ဘာသာရပ်တစ်ခုဖြစ်တာကြောင့် အသက်ကြီးသည်၊ငယ်သည် သဘောမထားပဲ ကြိုးစားဖို့ကိုတိုက်တွန်းလိုပါတယ်။အလကားနေလဲ တစ်နှစ်ပြီးတစ်နှစ်အချိန်ဆိုတာကုန်ဆုံးသွားမှာမို့ မိမိအတွက်လဲ အကျိုးရှိ၊မိမိမျိုးဆက်နဲ့ ရင်းနှီးရာပတ်သတ်ရာ လူငယ်လူကြီးတွေအတွက် အတုယူအားကျစရာအဖြစ်သူတို့တွေလဲ လိုက်ပါကြိုးစားနိုင်အောင်လို့ ကို်ကိုယ်တိုင်က စံပြအဖြစ်နဲ့ ကြိုးစားပြိး တိုင်းပြည်အတွက် အုတ်တချပ်၊သဲတပွင့် ဖြစ်နိုင်ပါကြပါစေ။

အောက်မှာ IELTS ဖြေမယ့်သူတွေအတွက် စာအုပ်တွေကို ရေးထားပေးပါတယ်။
1.Cambridge IELTS series 5,6,7,8 (1 to 4 က အရမ်း လွယ်ပါတယ်။အချိန်ကုန်ခံပြီး ကြည့်မနေပါနဲ့။)

2.IELTS TEST PLUS 1&2

အမိမြန်မာနိုင်ငံတော်အတွက် အကျိုးပြုနိုုင်သော လူ့စွမ်းအားအရင်းအမြစ်များ စဉ်ဆက်မပြတ်ပေါ်ထွန်းပါစေ။
ခင်မင်လ ျက်
သူရ
၂ ဇန်နဝါရီ ၂၀၁၅
(၁၀ နာရီ ၁၀ မိနစ် (ညနေ) )

အစ်မ စေ့စပ်.

ဒီနေ့က တပ်မတော်နေ့လည်းဖြစ်သလို ကျွန်တော့်ရဲ့ဝမ်းကွဲအစ်မ ရဲ့စေ့စပ်တဲ့နေ့လည်းဖြစ်တယ်။

သူယူမယ့်သူက စစ်ဗိုလ်လားပဲ။

ဘာလိုလိုနဲ့ကျွန်တော်တို့တွေအသက်တွေ မငယ်တော့ဘူး။ ငယ်တုန်းက အဖော်အပေါင်းသိပ်မရှိဘူး။

အမျိုးတွေကလည်း အမတွေညီမတွေများတယ်။ သူတို့နဲ့ကစားဖြစ်တာပဲ။

ကျန်တဲ့အချိန်တွေမှာ ကျွန်တော်တစ်ယောက်တည်းကစားရင်ကစားတယ်။ သူတို့တွေအားကြရင် သူတို့နဲ့ကစားတယ်။

ကျွန်တော်ငယ်ငယ်က လူဆိုးလေးတစ်ယောက်ဖြစ်မှန်းမသိဖြစ်ခဲ့တယ်။

ကျန်တဲ့သူတွေကို အကျင့်မကောင်းဘူးလို့ထင်ခဲ့ပေမယ့် တကယ် အကျင့်မကောင်းတာ တစ်ကိုယ်ကောင်းဆန်နေခဲ့သူက ကျွန်တော်ပဲဖြစ်လိမ့်မယ်ထင်တယ်။

သူတို့တွေတော်တော်များများ ကျွန်တော်ဗိုလ်ကျတာခံခဲ့ရတာကိုး။

အခုထိလည်း မောင်နှမတွေသိပ်တော့အစေးမကပ်ဘူးဗျ။ ကျွန်တော်ကကိုယ့်ဘာသာဆို ရုပ်တည်ကြီးနေတာများလွန်းတော့ သူတို့ကလည်းရှိန်ပြီးစကားမပြောကြတော့ဘူး။

သူတို့နဲ့ဆိုရင် ကျွန်တော်ကအမြဲတမ်းစိတ်မရှည်တဲ့ပုံပေါက်နေတတ်တယ်။

ငယ်ငယ်တုန်းကထိန်းခဲ့ရတဲ့ညီအငယ်ဆုံးတောင် အခုဆို၁၀တန်းတက်တော့မယ်။

ဆယ်ကျောက်သက်ဆိုတော့ သူ့အိမ်ကလည်းထိန်းမနိုင်ဘူး။

ကျွန်တော်လေ ပညာကောစီးပွားကော တောင့်တောင့်တင်းတင်းဖြစ်ပြီး  ကျန်တဲ့သူတွေကိုစောင့်ရှောက်လမ်းပြနိုင်သူဖြစ်ချင်တယ်။

ဒါပေမယ့်ကျွန်တော်ကိုယ်တိုင်ကကိုမတောင့်တင်းသေးဘူး။

သူတို့ကမှအလုပ်အကိုင်ရှိသေးတယ်။

ကျွန်တော်က ဆရာဝန်ပေမယ့် အလုပ်မရှိဘူး။

အမေနဲ့အဖေက လည်းအသက်ကြီးပြီ။ တကယ်က သူတို့အရွယ်က မ⁣ြေးချီသင့်တဲ့အရွယ်။ သူတို့ချီစရာမြေးမရှိတော့ ကျွန်တော်တို့ကပဲ ကလေးဖြစ်နေရတယ်။

အိမ်ထောင်ပြုဖို့ကတော့မစဉ်းစားနိုင်ဘူးဗျာ။

လောကမှာလုပ်စရာတွေအများကြီးရှိသေးတယ်။

ကျွန်တော့်ရဲ့စရိုက်နဲ့ကလည်း တော်ရုံ မိန်းကလေးမျိုးက သည်းခံနိုင်မယ်မထင်ဘူး။

ဒီလိုပါပဲ ရောက်တက်ရာရာ အတွေးတွေ⁣ေပေါ့

When government salaries are increased?

Today…. a day before Armed Forces Day in Myanmar.

Basic salary for government servants has increased. An assistant surgeon in hospital who was previously granted 170000kyat(about 170US$) per month can now receive 280000kyats (280US$).

And other servants in government sectors are able to receive this benefits .

That’s a good new for us.

But, there is something we need to worry.

Every time, government salaries were increased, commodity prices for all people had growth in relation.

Employees in private sectors also hope to be increased their payment. When every salaries are increased, the commodity price became higher than previously.

So, although people get high paid, their salaries can not catch the price of goods.

The economic of country became more corrupted.

I am afraid this correlation.Now, the price of goods are appear to be increased.

Micro business men will suffer.

Government salaries increased

Powered by WordPress & Theme by Anders Norén