Many Lives, Many Memories.

Author: Arthur Chan Page 12 of 32

Brief story of my Grade 11 student life.

လွန်ခဲ့တဲ့ ၁၀နှစ်ကျော်ကာလ… ၁၀တန်းကျောင်းသားဘဝကို ပြန်တွေးကြည့်ရင်..
ကျေးဇူးတင်သင့်တဲ့လူအချို့လည်းရှိတယ်။
ကျေးဇူးတင်သင့်တဲ့ စာအုပ်တွေလည်းရှိတယ်.။
သူများတွေလို ဘော်ဒါလည်းမတက်ခဲ့ရပါဘူး.။
နယ်ကျောင်းမှာပဲ တက်ပြီး .စာမေးပွဲဖြေခဲ့တာပါ။
ကြပ်မတ်ပေးတဲ့ဆရာတွေကတော့အများကြီးပဲ။
အားနညး်တာက မြန်မာ၊အင်္ဂလိပ်
အစက Chemistry နဲ့သချၤာပါပါတယ်။
ပို်င်တာကတော့ Bio နဲ့ Physics ပေါ့
ကျွန်တော်က ကျောင်းသားဘဝက ကိုယ့်ဘာသာနေတဲ့ Introvert
အပေါင်းအသင်းသိပ်မများဘူး။
တစ်ကိုယ်တည်းနေတဲ့သူတွေရဲ့ထုံးစံအတိုင်း. ရွယ်တူတွေက မကြည်တာမျိုးခံရတာလဲရှိတယ်။
၁၀တန်းတက်နေစဉ် ကာလမှ ဘာဖြစ်ရမယ်ညာဖြစ်ရမယ်လို့ မမျှော်လင့်ဘူး။
အခန်းထောင့်မှာကပ်ထားတဲ့ပြက္ကဒိန်တစ်ခုရှိတယ်။
အဲဒီပြက္ကဒိန်က .. ရမည်းသင်းခရိုင်က ထိပ်ဆုံးအောင်မြင်တယ်ဆိုတဲ့ ကျောင်းသားကျောင်းသူတွေရဲ့.. ပုံ..
သူတို့တွေပုံတွေကို နေ့စဉ်မြင်နေရတော့.. ကိုယ်နဲ့ရင်းနှီးလာတယ်။
ကိုယ်လည်းသူတို့လိုအောင်မြင်ရင်ကောင်းမှာပဲလို့တွေးမိတယ်။

တစ်ခါတစ်လေ.. တစ်နို်ုင်ငံလုံးမှာ အမှတ်အများကြီးရသွားတဲ့သူတွေရဲ့အင်တာဗျုးတွေဖတ်မိတယ်။
တစ်နေ့ကို စာ ၇နာရီတောင်ကျက်တယ်ဆိုတာ ဖတ်ရတော့ တော်တော်တောင်လန့်သွားတယ်။
ငါစာကျက်တာ ၇နာရီတောင်မရှိဘူးဆိုပြီးတော့ စိုးရိမ်စိတ်ဝင်မိတယ်။
တတ်နိုင်သလောက်တစ်နေ့စာ တစ်နေ့ပြီးအောင် ကျက်ရတယ်။
ကျူရှင်တွေပတ်တက်ပြီး. ..စာကျက်ချိန်ကမလောက်တော့ ကျောင်းတက်ချိန်မှာစာကျက်ရတယ်။
ကျွန်တော်က ကာတွန်းဖတ်ရတာသဘောကျတယ်။
ညတိုင်းအဖေက ကာတွန်းရုပ်ပြတွေ ငှားလေ့ရှိတယ်။
ဒါပေမယ့် ..၁၀တန်းရောက်တည်းက ကျွန်တော်ဖတ်လို့ရမတော့ဘူး.
အဖေက စာအုပ်တွေငှားနေပေမယ့်.. ကျွန်တော်မသိအောင်ဖွက်ထားတယ်။
ရုပ်သံအစီအစဉ်လဲမကြည့်ရတော့ဘူး။
တီဗီကြည့်မယ့်အချိန်တွေအားလုံးဟာ ကျွန်တော် ဂိုက် နဲံ့စာသင်ချိန်၊ ညပိုင်းကျူရှင် သွားချိန်တွေဖြစ်ကုန်တယ်။
တစ်ခုပဲ… ကျွန်တော့်ရဲ့အပန်းဖြေစရာက Walkman CD player နဲ့ mp3 ခွေတွေ ..
CDလေးတွေဖြစ်ခဲ့တယ်။
သီချင်းနားထောင်းရင် သချၤာတွက်တာ Physic,chemistry ပုစၦာတွက်တာတွေက အပျင်းလည်းပြေ၊ အလုပ်လည်းပြီးခဲ့တယ်။

ဘိုင်အို ဆိုရင် ဆရာမက တစ်နေ့တစ်ပုဒ်သင်ပေးတယ်။
နောက်နေ့အလွတ်ပြန်ခို်ငးတယ် ။ ပြန်အလွတ်ရေးခို်င်းတယ်။
အလွတ်မရေးခင် ပြန်ရေးခိုင်းတာက ၆ ခေါက်။

ဂိုက်ဆရာမနဲ့သင်တော့ သူ အဓိက လုပ်ပေးတာက သချၤာ ၊
မေးခွန်းဟောင်းအားလုံးကို သူက ဖြေပေးတယ်။
ဘိုင်အို ၊ နဲ့့ Physics က ကိုယ့်ဘာသာပဲလုပ်တယ်။
အားနည်းတဲ့ဘာသာရပ်တွေကို ၂၀၀၅ခုနှစ် နှစ်ကုန်ပိုင်းရောက်ကာမှ ဆရာအသစ်တွေနဲ့ထပ်သင်ရတယ်။

ငယ်တုန်းက ငကြောင်ဆိုပြီး အပြောခံရ၊ အစခံရတော့ .. မခံချင်စိတ်ကအရမ်းများခဲ့တယ်။
နောက်တစ်ခုက အဲဒီအချိန်က Crush တစ်ယောက်ရှိခဲ့ဖူးတယ်။
သူနဲ့စကားလည်းမပြောရဲ ၊ ဘာမှ လည်းမလုပ်ရဲဆိုတော့ .. ကိုယ်သာ ၁၀တန်းမှာ ကောင်းကောင်းအောင်မြင်ခဲ့ရင်သူ အထင်ကြီးမလားဆိုပြီး တွေးခဲ့ဖူးတယ်။
နောက်တစ်ခုက အဲဒီအချိန်က ဖတ်ခဲ့ရတဲ့ဝတၳုတိုလေး။
မြဝတီ ရွေှရတု နှစ်ပတ်လည် မဂ္ဂဇင်းထဲပါခဲ့တာ။
ရွေှရောင်လွွှမ်းသောနေ့ရက်များတဲ့။
၁၀တန်းကျောင်းသားလေးတစ်ယောက်ရဲ့အကြောင်းကိုရေးထားတာ။
ပြန်စဉ်းစားမိတိုင်း အဲဒီ ဝတၳုလေးကို အရမ်းကျေးဇူးတင်မိတယ်။
ကျွန်တော် စာကျက်ချင်စိတ်ပျောက်တိုင်း စိတ်ပျက်အားလျော့တိုင်း အဲဒီ ဝတၳုလေး ပြန်ဖတ်တယ်။
ဒီတစ်နှစ်ပဲအပင်ပန်းခံပြီးရင်… ငါကျွတ်ပြီဆိုပြီး တွေးမိတယ်။
၁၀တန်းစာမေးပွဲဖြေတော့ အခက်အခဲသိပ်မရှိပဲ …ဖြေဆိုပြီးသွားတယ်
ဂုဏ်ထူး၄ဘာသာ ပါတယ်
ကျွန်တော်အားနည်းတဲ့အင်္ဂလိပ်နဲ့ မြန်မာစာ မပါလာဘူး။
အောင်စာရင်းကြည့်တဲ့နေ့က ကြိုလည်းမသိထားဘူး။
ရင်အခုန်ဆုံးနေ့ပေါ့

အောင်စာရင်းကြည့်ပြီးပြန်လာတော့ စကားတောင်မပြောနိုင်ဘူး.
အမောဆို့နေတယ်။
ဒါပေမယ့် ကျွန်တော်ကြိုးစားခဲ့ရကျိုးနပ်ခဲ့ပါတယ်။
အခုလိုမျိုး
အင်တာနက်တွေရှိခဲ့ရင်၊ ကြည့်စရာ တီဗီ Channel တွေများခဲ့ရင်..
အပျော်အပါးများခဲ့ရင်…ကျွန်တော့်ရည်ရွယ်ခဲ့တာတွေရခဲ့မှာမဟုတ်ဘူး.
တော်လွန်းလို့တော့မဟုတ်ခဲ့ဘူး။
အများကြီးကြိုးစားခဲ့လို့ပါ။ ထမင်းစားရင်း Chemistry,physics theory ,definition တွေကျက်တယ်။ခက်ဆစ်တွေကျက်တယ်။ရေချိုးရင်းBio တွေပြန်ဆိုတယ်။
ဒီလိုနဲ့ဉာဏ်ကောင်းတဲ့ကျွန်တော့်သူငယ်ချင်းတွေကိုအမှီလိုက်နိုင်အောင် အသည်းအသန်ကြိုးစားခဲ့ရတယ်။

ဘဝမှာ ကျော်စရာတန်းတွေအများကြီးပါ။ အချို့ တန်းတွေက လူတွေကို ဘာမှသိပ်မသက်ရောက်စေပေမယ့်
အချို့တန်းတွေက တော့ .. ဆက်သွားရမယ့် ပတ်ဝန်းကျင်ကို ခွဲခြားပစ်လေ့ရှိတယ်။
ကိုယ်ရောက်ချင်တဲ့ပတ်ဝန်းကျင်ကိုကိုယ့်ဘာသာ ရွေးချယ်ယူရတာပဲ။
ရွေးချယ်တာတစ်ခုမှားသွားခဲ့ရင် အချျို့က ပြင်လို့ရမယ်
အချို့အရာတော့ ပြင်လို့မမှီတော့ဘူး။

ပြင်လို့မမှီတဲ့ အရာတွေအတွက် ..နောက်ထပ်မြင့်တဲ့တန်းတစ်ခုကိုကျော်အောင် ခုန်နိုင်မှ ရမယ်။

ဒီတန်းတစ်ခုတည်းခုန်နိုင်တာက ဘဝမဟုတ်ပေမယ့်..

ကိုယ်ခုန်ကျော်ခဲ့တဲ့တန်း အတွက်ကိုယ်ဂုဏ်ယူရတဲ့ ခံစားချက်က.. ဘယ်လောက်အသက်ကြီးသွားကြီးသွား မပျောက်သွားပါဘူး။

Dedicated to my little bro who have to attend Grade 11 in coming school year.

Honda

ဘယ်တော့မှလက်မြောက်အရံှုးမပေးတတ်တဲ့ဟွန်းဒါး။

ဂျပန်နိုင်ငံက.မော်တော်ကားနဲ့မော်တော်ဆိုင်ကယ်တွေ.တကမ္ဘာလုံးကိုတင်ပို့နေတဲ့.ဟွန်းဒါး(Honda)ဆိုတာ.ကြားဖူးကြမှာပါ။.ဟွန်းဒါးကုမ္ပဏီကိုစတင်တည်ထောင်သူက.ဂျပန်လူမိျုးဟွန်းဒါးပါ။.နာမည်အပြည့်အစုံက.Soichiro_Honda(ဆိုချီယိုဟွန်းဒါး)ဖြစ်ပါတယ်။.ဟွန်းဒါးကို.အနောက်နိုင်ငံက.သတင်းစာ.မဂ္ဂဇင်းတွေမှာ.အခက်အခဲနဲ့ဘယ်လောက်ကြုံကြုံ.ဘယ်တော့မှအရှုံမပေးတဲ့လူလို့ချီးကျူးရေးသားကြပါတယ်။.ဘာဖြစ်လို့.ဂျပန်လူမိျုးတယောက်ကို.အနောက်နိုင်ငံတွေက.ချီးမွန်းနေရတာလဲဆိုတာ.လေ့လာကြည့်ကြရအောင်။

၁၉၃၈ခုနှစ်မှာ.အသက်၂၁နှစ်အရွယ်လူငယ်လေးဟွန်းဒါးဟာ.မော်တော်ကားအင်ဂျင်မှာသုံးတဲ့.ပစ္စတင်ကွင်း(Piston_Ring)လေးတွေကို.သူ့ရဲ့ကားပြင်တဲ့အလုပ်ရုံမှာ.စမ်းသပ်ထုတ်လုပ်တယ်။.အောင်မြင်ရင်.တိုယိုတာမော်တော်ကားကုမ္ပဏီကြီးကို.သူ့ပစ္စည်းတွေသွင်းမယ်ပေါ့။.အလုပ်ရုံထဲမှာ.တယောက်ထဲ.နေ့ရော.ညရော.တကုပ်ကုပ်နဲ့ကြိုးစားပမ်းစားလုပ်တယ်။.ပိုက်ဆံမလောက်လို့.သူ့မိန်းမရဲ့လက်ဝတ်လက်စားတွေရောင်းချပြီး.ဆက်လုပ်တယ်။.နောက်ဆုံးအောင်မြင်စွာ.ထုတ်လုပ်နိုင်ခဲ့ပြီ။.ပစ္စည်းနမူနာအချို့ကိုယူပြီး.တိုယိုတာကုမ္ပဏီကိုသွားပြတယ်။.သူ့ပစ္စတင်ကွင်းတွေဟာ.စမ်းသပ်ရင်း.တချို့ကျိုးကုန်လို့.Qualityအရည်အသွေးမမှီဘူးဆိုပြီး.ပယ်ချလိုက်ပါတယ်။.သူစိတ်ပျက်လက်လျှော့သွားပြီလား။.—နိူး—

သူဟာ.သတ္တုကိျုစပ်နည်းကိုကောင်းကောင်းမသိလို့ဖြစ်မှာပဲဆိုပြီး.အင်ဂျင်နီယာကျောင်းသွားတက်တယ်။.ကျောင်းက.အင်ဂျင်နီယာတွေက.သူ့ရဲ့ပစ္စတင်ကွင်းကိုကြည့်ပြီး.ဝိုင်းဟားကြတယ်။.သူရှက်ပြီး.စိတ်ပျက်သွားပြီလား။.—နိူး—

၂နှစ်ကြာအောင်.သူ့ရဲပစ္စတင်ကွင်းတွေကို.ဆက်လုပ်တယ်။.နောက်ဆုံး.အောင်မြင်သွားလို့.တိုယိုတာကုမ္ပဏီက.လက်ခံပြီး.ပစ္စည်းတွေသွင်းဖို့.ကန်ထရိုက်စာချုပ်ချုပ်လိုက်တယ်။

အခု.ဟွန်ဒါးဟာ.ပစ္စည်းထုတ်လုပ်ဖို့.စက်ရုံတခုဆောက်ဖို့လိုလာပြီ။.ဒါပေမဲ့.အဲဒီအခိျန်မှာ.ဒုတိယကမ္ဘာစစ်ကြီးစတင်တော့မှာမို့.ဂျပန်စစ်တပ်က.ဘိလပ်မြေတွေအကုန်သိမ်းထားတယ်။.ဟွန်းဒါးဟာ.ဘိလပ်မြေကို.ဘယ်မှာမှ.ဝယ်လို့မရတော့ဘူး။.ဟွန်းဒါးစိတ်ပျက်သွားပြီလား။—နိူးနိူး—

သူဟာ.ရတဲ့ပစ္စည်းနဲ့ဘိလပ်မြေထုတ်လုပ်နည်းကိုတီထွင်လိုက်တယ်။.သူကိုယ်တိုင်ထုတ်တဲ့ဘိလပ်မြေနဲ့.စက်ရုံကိုကွန်ကရစ်လောင်းပြီး.အပြီးတည်ဆောက်လိုက်တယ်။

စက်ရုံဆောက်တာ.ပြီးသွားပြီ။.ပစ္စတင်ကွင်းတွေ.စထုတ်တော့မယ်။.ဒုတိယကမ္ဘာစစ်ကြီးဖြစ်နေတုံးမို့.သူ့စက်ရုံဟာ.အမေရိကန်စစ်လေယဉ်တွေ့ရဲ့ဗုံးကြဲချခြင်းကို.-၂ကြိမ်တိုင်တိုင်ခံလိုက်ရတယ်။.စက်ရုံဟာ.အတော်ပျက်စီးသွားတယ်။.ပိုဆိုးတာက.ပစ္စတင်ကွင်းလုပ်ဖို့.သံထည်ပစ္စည်းတွေရှာမရတော့ဘူး။.ဂျပန်စစ်တပ်က.သံပစ္စည်းတွေအကုန်သိမ်းထားလိုက်ပြီ။.သူစိတ်ဓါတ်ကျပြီး.လက်လျှော့လိုက်ပြီလား။—နိူးနိူး—

သူဟာ.အမေရိကန်စစ်လေယဉ်တွေက.ပစ်ချလိုက်တဲ့ဓါတ်ဆီပုံးအလွတ်တွေကို.ကောက်ထားသူတွေဆီကနေ.လိုက်ဝယ်တယ်။.အဲဒါတွေနဲ့.ဓါတ်ဆီပုံးခွံတွေကို.သံရည်ကြိုချက်ပြီး.ပစ္စတင်ကွင်းစတင်ထုတ်လုပ်တယ်။.သိတ်မကြာခင်မှာပဲ.မြေငလျင်လှုပ်လို့.သူစက်ရုံပြိုကျပျက်စီးသွားတယ်။.ငါ.ဒီလောက်တောင်.ကံဆိုးလှချည်လားကွာဆိုပြီး.စိတ်ဓါတ်ကျအရှုံးပေးလိုက်ပြီလား။—နိူးနိူး—

၁၉၄၅ခုနှစ်.ဒုတိယကမ္ဘာစစ်ကြီးပြီးသွားပြီ။.အဲဒီအချိန်မှာ.ဓါတ်ဆီအရမ်းရှားသွားလို့.ဂျပန်လူမိျုူတွေဟာ.ကုန်းကြောင်းလျှောက်ရင်လျှောက်.မဟုတ်ရင်.စက်ဘီးစီးပြီးသွားလာနေရတယ်။.ဟွန်းဒါးက.ဓါတ်ဆီအစားသက်သာတဲ့.အင်ဂျင်အသေးလေးတလုံးကို.ကိုယ်တိုင်ထုတ်လုပ်ပြီး.သူ့စက်ဘီးမှာမှာတပ်လိုက်ပြီး.တနေရာနဲ့တနေရာကိုသွားလာတယ်။.အိမ်နီးချင်းတွေက.သဘောကျပြီး.သူ့ကိုအဲဒီလို.အင်ဂျင်အသေးလေးတပ်ထားတဲ့စက်ဘီးတွေလုပ်ပြီး.ရောင်းပေးဖို့ပြောကြတယ်။.သူလဲ.အဲဒီစက်ဘီးလေး(နောက်တော့.ဆိုက်ကယ်လို့ခေါ်တယ်)တွေ.ရောင်းပေးတယ်။.တဖြည်းဖြည်းနဲ့.လူသိများလာပြီ.အော်ဒါတွေမှာကြတယ်။.အင်ဂျင်လုပ်ဖို့.သံထည်ရှားပါးတာရယ်.သူ့မှာငွေကြေးမလောက်တာရယ်ကြောင့်.ဆိုင်ကယ်လေးတွေထပ်မထုတ်နိုင်တော့ဘူး။.ပစ္စည်းအော်ဒါမှာသူတွေကို.ပစ္စည်းမထုတ်နိုင်တော့ကြောင်းတောင်းပန်ရတယ်။.သူစိတ်ပျက်သွားပြီလား။—နိူးနိူးနိူး—

ဟွန်းဒါးဟာ.စက်ဘီးဆိုင်ပေါင်း(၁၈,၀၀၀)က.ဆိုင်ပိုင်ရှင်တွေဆီကို.စာပို့လိုက်ပါတယ်။.စာထဲမှာ.ဒုတိယကမ္ဘာစစ်ရှုံးသွားတဲ့ဂျပန်နိုင်ငံရဲ့စီးပွားရေးပြန်လည်ကောင်းလာဖို့.သူကြိုးစားနေတာမို့.သူ့ကိုကူညီပြီးအစုငွေထဲ့ဝင်ကြဖို့ရေးထားပါတယ်။.ဆိုင်ရှင်ပေါင်း(၅,၀၀၀)ဆီက.စာပြန်လာတယ်။.သူ့ကိုကူညီမယ်ပေါ့။.သူ့ဆီမှာ.အစုငွေထဲ့မယ်ပေါ့။.အစုငွေတွေနဲ့.အသေးစားအင်ဂျင်တပ်ဆိုင်ကယ်လေးတွေ.ထုတ်တယ်။.ရောင်းရလွန်းလိ့..SuperCubစူပါကပ်ဆိုင်ကယ်ဆိုပြီးနာမည်ကျော်သွားတယ်။.စူပါကပ်တွေကို.အမေရိကန်နဲ့ဥရောပနိုင်ငံတွေကို.အမြောက်အများတင်ပို့နေရတယ်။

၁၉၇၀ခုနှစ်မှာ.တကမ္ဘာလုံးရေနံရှားပါးသွားတယ်။.အကွက်မြင်တဲ့ဟွန်းဒါးဟာ.သူ့ဟွန်းဒါးကားကုမ္ပဏီကနေ.ဆီစားသက်သာတဲ့ကားသေးသေးလေးတွေစတင်ထုတ်လုပ်ပြီး.အနောက်နိုင်ငံတွေကို.တင်ပို့တော့တယ်။.အနောက်နိုင်ငံတွေကလဲ.ဆီစားသက်သာပြီး.ဒီဇိုင်းလှလှလေးတွေနဲ့ထုတ်လုပ်ထားတဲ့ဟွန်းဒါးကားလေးတွေကို.ကြိုက်ကြလွန်းလို့.အလုအယက်မှာကြတယ်။.ဝယ်ကြတယ်။

ယနေ့.ဟွန်းဒါးမော်တော်ကားကုမ္ပဏီကြီဟာ.ဂျပန်နိုင်ငံသာမကပဲ.အမေရိကန်နဲ့ဥရောပနိုင်ငံတွေမှာပါ.ကားထုတ်လုပ်တဲ့စက်ရုံပေါင်းများစွာထောင်ပြီး.အဲဒီစက်ရုံတွေမှာ.အလုပ်သမားသိန်းချီလုပ်ကိုင်နေကြပါတယ်။

မိတ်ဆွေတို့.လုပ်ငန်းတခုခုလုပ်တာ.မအောင်မြင်လို့.လက်မြောက်အရံှုးပေးချင်လာရင်.ဘယ်တော့မှအရှုံးမပေးတတ်တဲ့ဆိုချီယိုဟွန်းဒါးကို.ပြေးမြင်ကြည့်လိုက်ကြပါ။

ဟွန်းဒါးရဲ့မှတ်သားစရာစကားတခုကတော့.”အောင်မြင်မှုမှာ.ရှုံးနိမ့့်မှု(၉၉)ရာခိုင်နူန်းပါတယ်”တဲ့။

ဆိုချီယိုဟွန်းဒါးဟာ.အသက်၈၅နှစ်အရွယ်.-၁၉၉၁ခုနှစ်.သြဂုတ်လ၅ရက်နေ့မှာ.ကွယ်လွန်သွားခဲ့ပါတယ်။

Credit သိန်းဖေရဲ့မျှဝေပေးချင်သော အတွေးအခေါ်များ

Passion

Passion is defined as : a strong feeling of enthusiasm or excitement for something or about doing something.

Passion is an important factor to possess a successful and happy life.
Do you know why?
There are multiple works and careers on this world.
How people built this world from the beginning of history?
They were driven by passion.
You can study at a school and university to know about various subjects.
But it doesn’t really help at all to reach your dreams.
If a person has passion, he can find the solutions and work until he die.
The work he doing will be a meaning of life for him.
The people who are working with passion.
Nobody  doesn’t need to push them hard to achieve.
They have ability to endure failures because of his passion.
Most of the people nowadays work without passion, only for money.
They think their goal is to find more money and to live in better life.This is partly true..
For me, finding money is not my only goal.

My profession is curing patients.
But, the process to become a doctor is not much simple.
unfairness,injustice are unavoidable if you want to be part of the crowd.
I hate the pressures.
I know if i can resist the pressures, i can easily pass through and will reach the higher place.
When I imagined the life after this troubles, i realized that I will not be happy and this is not what i wanted.
I don’t want to be doctor worked for money.
Although I want to cure patients and enjoy to treat them, i don’t want to charge from my work.
I have seen the lives for poor patients losing in vain because of failed health care system.
Sometimes, even if the treatment is known, the cost is extremely high for poor patients.
What can a doctor do..
There are many sad stories in the hospital that normal people can see.
I only worked for a year in hospital and saw these stories.
I suspected on my abilities..
I felt like i am a failed man.
I don’t want to face over workload.
I don’t want to face continuous sleepless nights.
I don’t want my ph always ringing while  am sleeping..
Then, decided not to join civil service.
May be i don’t have passion on this.
But, what is the purpose of risking everything you possess.

I would help rather from the place I enjoy..
This will be more effective for both of us.

I was a doctor.
I can not be anymore.
Because, life of a doctor in hospitals are so robotic.
i don’t want to be a robot..

The imitation game

The imitation game ကြည့်ပြီးတော့..
တကယ်ကောဇာတ်ကားထဲက code breaking စက်ကို ထွင်ခဲ့လား လို့ွေးမိတယ်
ဇာတ်ကားထဲကအတိုင်းဆိုရင်
ဒုတိယကမဘာ စစ်မှာ မဟာမိတ်တွေ နိုင်ပြီးစစ်ပွဲစောစော ပြီးသွားတာ Alan Turing ရဲ့ စက်ကြောင့်လို့ ပြောထားတယ်
လက်ရှိမော်န်ကွန်ပျူတာတွေ ရဲ့အစက Turing ရဲ့ စက်ပေါ် မှာ အခြေ ခံပြီးတည်ဆောက်ထားကြတယ်

နာဇီီဂျာမဏီတွေရဲ့ စက် enigmaစက် ကို hack ဖို့ သူတို့ လုပ်နိုင်ခဲ့ပြီး နောက်ဆုံးမှာ
ဂျာမဏီရဲ့စစ်သတင်းတွေ အားလုံး ဝှက်စာတွေ ကို ဖော်နိုင်ပြီး ကြိုသိနိုင်ခဲ့တယ်.

General game ထဲက လို ဆိုရင် မြေပုံတစ်ခုလုံးကို မြင်ရပြိး ဘယ်နေရာမှာရန်သု့ရဲ့ ဘယ်တပ်ရှိနေလဲ
ဘယ်ကို တိုက်တော့ မှာလဲ ကြိုသိနေသလိုပဲ။

သူတို့သတင်းမှန်သမျှကြိုသိနိုင်ခဲ့ပေမယ့်
အချို့သတင်းတွေ ကို မသိချင်ယောင်ဆောင်နေခဲ့တယ်
နည်းနည်းပါးပါးရှုံးမယ့်ကိစ္စတွေ ကို လွှတ်ပေးထားပြီး
ရန်သူ့ဖက်ကို အလုံးအရင်းနဲ့ ပြန်တိုက်တယ်။
နောက်ပြီးသူတို့ဆီမှာ code ဖြေတဲ့ နည်းပညာကိုရသွားမှန်းဘယ်သူမှမသိအောင် ဖုံးထားနိုင်ခဲ့တယ်။

စစ်ပွဲပြီးနှစ်၅၀ ကြာတဲ့အထိပဲ
စစ်ပြီးချိန်ရောက်တော့ သူတို့ အဖွဲ့ကို ဖျက်သိမ်းပြီး
မှတ်တမ်းအားလုံးမီးရှို့ခဲ့တယ်
Enigma ဆိုတဲ့ အကြောင်းကို ထိပ်တန်းလျို့ဝှက်ချက်အနေ နဲ့ ထားခဲ့တယ်။
အဲဒီထဲမှာပါဝင်ခဲ့သူတွေက စစ်ပွဲကို နိုင်ဖို့ ရှုံးုဖို့ ဆုံးဖြတ်ချက်တွေ ချနေပေမယ့်
စစ်ပြီးတော့ သူတို့ကိုဘယ်သူမှ သူကောင်းပြုမခံရတဲ့ အပြင် ဒီီအကြောင်းလည်း လျို့ဝှက်ချက်အနေနဲ့ထားတယ်
Turing က Homosexual ဖြစ်လို့ အဲဒီခေတ်က အမှူဖြစ်ပြီးတရားရုံးက Hormone ဆေးတွေသောက်ပြီး Chemical castration သို့မုတ် ထောင်၂နှစ်ကျ ခံ ဖို့ စိီရင်ချက်ချတယ်
တစ်နှစ်လောက် ဆေးသောက်ပြီးတော့ succide လုပ်သွားခဲ့တယ်
သူ့အတွက် ဘာမှ မကျန်ရစ်ခဲ့ဘူး
အနှစ် ၅၀ကျော်မှ ဒီလျို့ဝှက်ချက်ပေါ်လာတယ်
2009 ခုနှစ်အင်တာနက် ကန်ပိန်းတွေ ပေါ် လာပြီး
သူ့ကို အပြစ်လွှတ်ဖို့
အစိုးရကတောင်းပန်ဖို့တောင်းဆိုမှုတွေ လုပ်ခဲ့ကြတယ်

၂၀၁၃ ခုနှစ်မှာ အယ်လီဇဘက် ၂ဘုရင်မကြီးက
သူ့ကို တရားစီရင်ထားမှုကိုပယ်ဖျက်ပြိိး
သူ့မှာ အပြစ်မရှိလို့ ကြေညာခဲ့တယ်။

လက်ရှိကွန်ပျူတာတွေရဲ့ ဖခင်
Artificial Intelligence (AI) ရဲ့ဖခင်
ကွန်ပျူတာသုံး Alogorithm တွေရဲ့ ဖခင်လို့ ခေါ်ဆိုကြတုန်းပဲ

ရင်ခုန်စရာမကောင်းတဲ့ဧပရယ်

ဧပြီလထဲလည်းရောက်လာပြီ။

ရာသီဥတုက သိသိသာသာပူလာတယ်။ အဲကွန်းခန်းထဲ နေတာတောင် မသက်သာဘူး။

သင်္ကြန်နားလည်းနီးပြီဆိုတော့ပျော်မယ့်သူတွေကလည်းပျော်နေကြလ⁣ောက်ပြီ။

ငါတော့ စိတ်ထဲမှာအီလည်လည်ဖြစ်လို့နေတယ်။

နိုင်ငံခြားကိုကျောင်းသွားတက်မယ်လို့ဆုံးဖြတ်ပြီးပြီလားမသေချာပေမယ့် ပညာသင်ဆု လျှောက်ဖို့ တော့အစီအစဉ်ရှိတယ်။

သင်မယ့်ဘာသာရပ်က Public health နဲ့သက်ဆိုင်တာတစ်ခုပဲ။ အဲဒါသင်ပြီးရင်ကော ဒီနိုင်ငံမှာလုပ်စရာရှိပါ့မလားလို့လဲတွေးတောမိနေပြန်တယ်။

အဲဒါနဲ့ပဲစိတ်တွေကမပြတ်မသားဖြစ်နေ

သွားသင်ပြီးတော့ပြန်လာမှ အလုပ်လက်မဲ့ဖြစ်မယ့်ဘဝကြီးကိုလည်း စိုးရိမ်တယ်။

သြစတေးလျက စကော်လာလည်းလိုချင်ပါတယ်။ ဘာတက်ရမလဲမသိတာက အဓိက ပြဿနာ။

ထုံးစံအတိုင်းပဲစိတ်တွေကတက်လိုက်ကျလိုက်ပေါ့ ။

ကိုယ်တစ်ယောက်တည်းလဲမဟုတ်ပါဘူး။အခြားသူတွေလည်းတူတူပဲ။

အားလုံးလမ်းတစ်ခုပေါ်သက်သက်မှတ်မှတ်ရောက်ချင်နေကြတယ်။

⁣ရောက်တတ်ရာရာ

သင်္ကြန်နားတောင်နားလာပြီ

မန⁣ေ့ကနေပြည်တော် MICCမှာ Myanmar Software Showcase ပြပွဲလုပ်တယ်။

သွားလည်လိုက်သေးတယ်။တော်တော်များများ Softwareကုမ္ပဏီတွေလာမပြကြဘူး။

ငါလည်း Appတွေဖန်တီးဖူးတာပဲ။ မတန်မရာ ဖိတ်စာများရောက်လာဦးမလားမျှော်မိသေးတယ်။ခုတော့အပြင်လူအနေနဲ့ပဲသွားတာပေါ့။

Scholarshipရအောင်လုပ်ရင်ကောင်းမလား။

မြန်မာနိုင်ငံမှာမနေချင်တာလည်းသိနေတော့ Scholarshipယူပြီး နိုင်ငံခြားထွက်သွားရင်ကောင်းမလားလို့ပဲ။

ဒီဘက်က နည်းပညာနဲ့App တွေကိုတော့ဝါသနာပါတယ်။

ဒါပေမယ့် ဘယ်လို အကျိုးရှိရှိအသုံးချရမလဲမသိသေးဘူး။

တတ်ထားတာကလည်း ဆေးပညာဆိုတော့ ဆေးပညာနဲ့ထွက်မှ ပဲ Master တက်လို့ရမှာ ။ ကျန်တာနဲ့ဆိုရင် ရမှာမဟုတ်ဘူး။

Undergraduate ပြန်ဖြစ်သွားမှာပဲ။ ပြီးတော့လည်း Software နဲ့ပတ်သက်ပြီးတော့ Scholar ပေးတာလည်းရှိမှမရှိတာ/။

ဘယ်လိုပဲဖြစ်ဖြစ် လမ်းတစ်ခုခုတော့တွေ့မှာပဲလို့မျှေ်ာလင့်မိတယ်။

ဆေးပညာကိုလည်းဆက်မသင်ချင်ဘူး ။အခြားသူနဲ့ဆက်စပ်တာတွေ Cross cutting scheme ဆိုတာတွေကိုသင်လိုက်ရရင်လည်းကောင်းမလားပဲ ။ငါကလည်း ဟိုစပ်စပ်ဒီစပ်စပ်ဆိုတော့လေ။

သူငယ်ချင်းတစ်ချို့တောင်သွားကုန်ကြပြီ။

ငါလည်းပဲထွက်ချင်တယ်။

မထွက်နိုင်ခင် ငါ ဖန်တီးထားတဲ့ appတွေအခြေခိုင်မာအောင်လည်းလုပ်ရဦးမယ်။

ဒါမှ ငါ လှည့်မကြည့်နိုင်တဲ့အချိန် သူ့ဘာသာ ဆက်လည်ပတ်နေနိုင်မှာ။

ပူးတွဲပါတနာရှိရင်တော့ပိုကောင်းတာပေါ့။

လွှဲခဲ့ဖို့ကောင်းတယ်။

အဖွဲ့ရှိရင်လည်းကောင်းတယ်။ အဖွဲ့ကလည်းမရှိ။

လုံးဝတစ်ကောင်တည်း

မနေ့က 2ရက်နေ့က ဆုတောင်း App ကို အသစ်ထပ်ထုတ်တယ်။ နည်းနည်းတော့ပိုလန်းသွားတယ်ထင်တာပဲ

အောက်မှာပုံနဲ့တွဲပြထားတယ်။

အင်း။။။

Screenshot_၂၀၁၅-၀၄-၀၂-၁၁-၄၅-၀၀_xqznexus5၂၀၁၅၀၄၀၂_၁၈၀၆၃၄ Screenshot_၂၀၁၅-၀၄-၀၂-၁၈-၀၇-၃၆_auinexus5၂၀၁၅၀၄၀၂_၁၈၀၇၅၁ Screenshot_၂၀၁၅-၀၄-၀၂-၁၁-၄၄-၅၁_paxnexus5၂၀၁၅၀၄၀၂_၁၈၀၆၅၂

တစ်ခုခုတော့ဖြစ်လာမှာပါလေ

အခုတော့ CV မရေးတတ်လို့ ဒုက္ခရောက်နေတယ်

ဟားဟား 🙂

အီလည်လည်ဖီလင်

Aww…
ငါသိတာနည်းနည်းလေးပဲကို ဘာကြောင့်များ အထင်တွေ ကြီးကြပါလိမ့်  🙁
App ရေးတတ်ချင်လို့ဆိုပြီးခဏခဏ လာမေးကြတယ်

ငါလုပ်တာက သူများရေးပေးတဲ့ coding နဲ့ design ထုတ် app လုပ်တာ
ကိုယ်တိုင် မှ code မရေးနိုင်တာ
သူတို့တွေ ရေးချင်တယ်ပြောလာရင် ငါက ဘယ်လို အကြံပေးရပါ့

ခက်တော့လည်းခက်ပြီ
ဟိုဟာမဖြစ် ဒီဟာ မဖြစ်

ဟင်း…….

April Fool’s Day သမိုင်းကြောင်း..

April fool’s day ကို အချို့ က All fool’s day လို့လည်းခေါ်ပါတယ်.
အမြဲတမ်း တည်တည်တ့ံတံ့နေနေရတဲ့ သူတွေ ..အရူးထကြတဲ့နေ့ပေါ့..
ဒီနေ့မှာပြောတာဆိုတာတွေ က အတည်ဖြစ်ခဲပါတယ်.
နိုင်ငံတကာကုမ္ပဏီကြီးတွေတောင်မှာဒီလိုနေ့မျိုးမှာသူ့ဖောက်သည်တွေကိ ုစတတ်နောက်တတ်ကြပါသေးတယ်.
အချို့က calendar အကူးအပြောင်းကဖြစ်လာတယ်ဆိုတယ်.
အချို့ကတော့ ရာသီအကူးအပြောင်းကနေဖြစ်လာတယ်ပြောတယ်
အဲဒီရာဇဝင်တွေထဲက တစ်ခုကတော့..
ွှRomans နဲ့ Hindus တွေက သူတို့ရဲ့ နှစ်သစ်ကူးနေ့ကို April လတစ်ရက်နေ့မှာလုပ်လေ့ရှိကြတယ်.
အလယ်ခေတ်မှာတော့ ဥရောပ သားတွေက မတ်လ 25 ရက်နေ့ကို နှစ်သစ်ရဲ့ နေ့သစ်အဖြစ်ကြေငြာလေ့ရှိတယ်
1582မှာ Pope Gregory XIII က ပြက္ကဒိန်အသစ် Gregorian Calendar ကို အရင် Julian calendar နေရာမှာအစားထိုးလိုက်ပြီးတော့ နှစ်သစ်အစကို Jan 1 နေ့လို့သတ်မှတ်တယ်
ပြင်သစ်တွေက အသစ်ပြင်လိုက်တဲ့ Gregorian calendar ကို လက်ခံပြီးတော့ Jan1 နေ့ကို နှစ်သစ်အဖြစ်ပြောင်းရွှေ့ကျင်းပတယ်.
ဒါပေမယ့် တေ်ာတော်များများကကျတော့ အရင် ပြက္ကဒိန်အဟောင်းကိုပဲလက်ခံကြတယ်.
ဒါနဲ့ပဲ တခြားသူတွေက .. ပြက္ကဒိန်အဟောင်းလက်ခံတဲ့သူတွေကို စနောက်ဖို့ ကြံစည်ပြီး
April လ ၁ရက်နေ့တိုင်း ယုံလောက်တဲ့သတင်းအတုတွေ.. နဲ့ အခြားပုံစံမျိုးစုံကို ပို့ပေးတာ မျိုးစတင်လာခဲ့တာကနေ
နောက်ပိုင်း ဥရောပတစ်ခွင်ပျံ့နှံ့လာခဲ့တယ်လို့ ယူဆကြပါတယ်
ဒါပေမယ့် အဲဒီ ရှင်းပြချက်ကလည်း ..April fool’s လုပ်တာပဲလို့ထောက်ပြစရာဖြစ်လာပါတယ်
1752 အထိ ဥရောပ မှာ Gregorian calendar ကို မသုံးကြသေးပါဘူး
ဒါပေမယ့် April fool day ကတော့စပေါ်နေပါပြီတဲ့
ပြီးတော့တိကျတဲ့သမိုင်းလည်းမရှိလို့ပါ.
နောက်တစ်ခုက
Boston University ကသမိုင်း Professor Joseph Boskin ရဲ့ ရှင်းပြချက်ပါ။
သူက Roman emperor Constantine အုပ်ချုပ်တဲ့ ကာလမှာ စခဲ့တဲ့ အလေ့အကျင့်လို့ ဆိုပါတယ်။
လူပြက်တွေက Constantine ကို သူတို့က ဘုရင်ထက်ပိုသာအောင် အုပ်ချုပ်နိုင်တယ်ဆိုပြီး ပြောခဲ့တာပါ။
Constantine ကဒါဆို ကောင်းပြီ။
တစ်ရက်လောက် လုပ်ကြည့်ပါ ဆိုပြီး လူပြက်တွေထဲက Kugel ဆိုတဲ့သူကို ဘုရင်တစ်ရက် လုပ်ခိုင်းခဲ့ ပါတယ်။
Kugel ကတစ်နေ့လုံးပေါက်ကရအမိန့်တွေထုတ်ပြန်ပြီးကုန်ဆုံးခဲ့ပါတယ်။
အဲဒီဓလေ့ကနေနောက်တော့ နှစ်စဉ် ကျင်းပတဲ့ အခမ်းအနား တစ်ခု ဖြစ်လာပါတယ်။
Professor Joseph Boskin က အဲဒီတုန်းကတော့ တကယ်အရူးဖြစ်ခဲ့တာဘုရင့်ရဲ့ ပ ညာရှိတွေပါတဲ့
ဒီရှင်းပြချက်က 1983 သတင်းစာတွေမှာတော်တော်လေးပါခဲ့ပါတယ်
တော်တော်လေးကြာတော့မှ
ဒီသတင်းတစ်ခုလုံးက Professor Joseph Boskin ရဲ့ ထွင်လုံးမှန်းသိပြီး သူတို့ ကို်ယ်တိုင်
April fool’s အလုပ်ခံရမှန်း သိကြရတာပါ။
ဒါတွေက သူတို့ ဆီမှာ ရှိတဲ့ april fools နဲ့ပတ်သတ်တဲ့ သမိုင်းတစ်ချို့ပါ။
ဒါပေမယ့်ထူးခြားတာတစ်ခုလည်းရှိခဲ့ပါတယ် မြန်မာနို်င်ငံကိို ကောဘယ်အချိန် က စပြီး April fools ရောက်နေခဲ့တာလည်းဆိုတာကို ပါတွေ့ခဲ့ပါတယ်။
တော်တော်လေးတော့ထူးဆန်းပါတယ်..
ကုန်းဘောင်ခေတ်1824 ခုနှစ် မတ်လ ၅ ရက်နေ့မှာ မြန်မာနိ်ုင်ငံကို ဗြိတိသျှတို့က စစ်ပြုကြောင်းကြေငြာလိုက်ပါတယ် ။
အဲဒီမှာပဲ.. မေလထဲမှာ အင်္ဂလိပ်သဘောင်္တွေဆိုက်ရောက်လာမယ်ဆိုပြီး. သတင်းတွေထွက်ပါတယ်
ပြီးတော့ April လတစ်ရက်နေ့မှာ ပြင်သစ်တွေက မြန်မာနို်င်ငံဘက်ကကူတိုက်ပေးဖို့ဆိုပြီး. စစ်ကူတွေ လက်နက်တွေအများကြီးသဘောင်္တွေနဲ့ရောက်နေပြီဆိုပြီးတော့လည်း.ပြင်သစ်ကုန်သည်တွေဆီက
သတင်း ထွက်လာပါတယ်.
တကယ်လည်း. ပြင်သစ်သဘောင်္တွေရာက်လာပါတယ်။
ဒါပေမယ့် ဘာလက်နက်မှမပါပါဘူး..
မြန်မာနိုင်ငံမှာပထမဆုံးအကြိမ်ပြင်သစ်တွေက April fool လုပ်ကြခြင်းဖြစ်ပါတယ်.
ဒါကတော့မြန်မာနိုင်ငံကို ပထမဆုံး ရောက်လာတဲ့ April fools သမိုင်းပါ.
အခုဆိုရင် တစ်ကမ္ဘာလုံးမှာအထူးသဖြင့် အနောက်နိုင်ငံတွေမှာ April fool’s day ကိုတရားဝင်မဟုတ်ပေမယ့်အမျိုးမျိုးကျင်းပနေကြပါပြီ.
တကယ်မရှိတာတွေကို ရှိတယ်ဆိုပြီးတော့ပြောတာ.
မယုံနိုင်စရာတွေကို ယုံကြည်အောင်ပြောတာ..
အမျိုးမျိုးပါပဲ…
ပြင်သစ် နိုင်ငံမှာ ဆိုရင် ဧပြီ၁ရက်နေ့ကို Poisson d’Avril ဒါမှမဟုတ် “April Fish” နေ့လို ခေါ်ပြီး ကျောင်းသားတွေက အချင်းချင်း နောက်ကျောမှာ ငါးပုံတွေ ကပ်ပြီး စနောက်တတ် ပါတယ်။
England မှာဆိုရင် မနက်ပိုင်းမှာပဲ စနောက်တတ် ကြပြီး နေ့လည်ပိုင်း နောက်ပိုင်းမှာ စတာခံ ရရင် ကံမကောင်းဘူးလို့ ယူဆ ကြပါတယ်။
Rome မှာ Festival of Hilaria လို့ခေါ်ပြီး မတ်လ ၂၅ရက်မှာ ကျင်းပ ကြပါတယ်။ “Roman Laughing Day” လို့လည်း ခေါ်ပါတယ်။
Portugal မှာဆိုရင် Lent (Easter မတိုင်ခင် ရက်လေးဆယ် ကာလ) မလာခင် တနင်္ဂနွေနေ့နဲ့ တနလာင်္နေ့မှာ ကျင်းပ ကြပါတယ်။
သူငယ်ချင်း အချင်းချင်း ဂျုံမှုန့်တွေနဲ့ ပစ်ပေါက် ကျီစယ် ကြတာပါ။ India မှာဆိုရင် မတ်လ ၃၁ရက်နေ့မှာ Huli Festival ကိုကျင်းပ ပါတယ်။
အချင်းချင်းနောက်ကြ..ပြောင်ကြ ရင် းနဲ့ ပျော်စရာနွေဦးကိုကြိုဆိုကြပါတယ်။
ကဲ ဒီနေ့ April လတစ်ရက်နေ့မှာ.. ဘယ်သူတွေဘာပြောပြော အကုန်မယုံလိုက်ပါနဲ့
Facebook မှာလည်း.သူငယ်ချင်းအချင်းချင်းတွေ ယုံလောက်အောင်ပြောပြီးစနောက်နေကြမှာပါ။
ကျွန်တော်လည်းဒီနှစ် ဘယ်သူတွေကိုApril fool လုပ်ရင်ကောင်းမလဲမသိဘူး..
နှစ်တိုင်းကိုယ်ကြည့်ခံနေရတာတော့မဟုတ်သေးဘူးဗျာ.
အိုကေ.. April fool အမြည်းလေးကို ဒီမှာတင်ပဲရပ်လိုက်ပါရစေဗျာ.
မူရင်းလင့်ကို ဖတ်ချင်ရင်တော့ ဒီမှာဖတ်ပါ။
http://pageeasy.com/57982123/
http://www.infoplease.com/spot/aprilfools1.html
http://www.factmonster.com/spot/aprilfools1.html

IELTS 7.0 ရအောင်ဘယ်လိုဖြေကြမလဲ။

IELTS 7.0 ရအောင်ဘယ်လိုဖြေကြမလဲ။

ကျွန်တော့် အနေနဲ့ သိပ်သိသိပ်တတ်လွန်းနေလို့ ဒီပို့စ်ကိုရေးတာမဟုတ်ပါ။ကျွန်တော် ဖြေခဲ့တဲ့ အတွေ့အကြုံတွေနဲ့ Success သင်တန်းကျောင်းမှာတက်ခဲ့တုန်းက ဆရာ Arthur သင်ကြားပို့ချပေးခဲ့တာတွေနဲ့ IELTS TEST PLUS 1&2 ဆိုတဲ့စာအုပ်ကို မှီးငြမ်းပြီး ဖြေဖို့ကြိုးစားနေကြတဲ့ အစ်ကို၊အစ်မ၊ညီ၊ညီမများကို အထောက်အကူနဲနဲပဲ ဖြစ်ဖြစ် ရစေချင်လို့ဒီပို့စ်ကို ရေးသားလိုက်ပါတယ်။

နိုင်ငံရပ်ခြားတက္ကသိုလ်တွေကို တက်တော့မယ် ဆိုရင် အင်္ဂလိပ်စာအရည်အချင်းစစ်စာမေးပွဲကို English စာ Mother Tongue မဟုတ်တဲ့၊ စာသင်ကြားတဲ့နေရာမှာ major medium အဖြစ် မိခင်ဘာသာစကားနဲ့သာသင်ကြားပေးတဲ့ ကျောင်းတွေက ထွက်တဲ့သူတွေကို compulsory အနေနဲ့ ဖြေခိုင်းလေ့ရှိပါတယ်။

ကျွန်တော် လေ့လာမိသလောက် IELTS,TOEFL,SAT,GRE,GMAT စသဖြင့် test တွေအများကြီးရှိပါတယ်။အင်္ဂလိပ်စာတစ်ခုတည်းစစ်တာရှိသလို၊သချင်္ာနဲ့ အခြားဆိုင်ရာဘာသာရပ်တွေဖြေခိုင်းတာတွေလဲရှိပါတယ်။Engineering students တွေအတွက် အမေရိက ကလွဲလို့ ကျန်နိုင်ငံတွေမှာ IELTS နဲ့တက်ရင်ရပါတယ်။ အမေရိက မှာတက်ချင်ရင်တော့ TOEFL(Testing of English as foreign language) နဲ့ GRE(Graduate Record Exam) ၂ ခုကို မဖြစ်မနေဖြေဆိုဖို့ လိုအပ်ပါတယ်။ IELTS ကိုလက်ခံတာတော့ ကျွန်တော်ကြည့်မိတဲ့ ကျောင်းတွေမှာ မတွေ့မိပါဘူး။ Harvard,MIT,Yale,Caltech,Standford,Princeton စတဲ့ ထိပ်သီးကျောင်းတွေပါ။တခြားတက္ကသိုလ်တွေ Canada, England,Netherland,Australia,German,Japan,France စတဲ့ နိုင်ငံတွေကတော့ IELTS ရှိရုံနဲ့ တက်လို့ရပါတယ်။ GRE တောင်မလိုပါဘူး။သတ်မှတ်တဲ့ အမှတ်ကတော့ ကျောင်းနဲ့ သက်ဆိုင်ရာ ဌာနပေါ်မူတည်ပြီး ၆ ကနေ ရ ထိရှိတတ်ပါတယ်။

IELTS အကြောင်းမပြောခင်မှာ TOEFLနဲ့ပတ်သတ်ပြီးသိထားသင့်တာလေးတွေပြောပြချင်ပါတယ်။ ဖြေတဲ့ ပုံစံက ၃ မျိုးရှိပါတယ်။အဲဒါတွေက PBT(Paper Base Test),CBT( Computer Base Test), IBT (Internet Base Test)။အဲဒီထဲက ဘယ် ပုံစံနဲ့ ဖြေရမလဲဆိုတာ ကိုယ်လျှောက်ချင်တဲ့ကျောင်းရဲ့ ဌာနဆိုင်ရာ ဝက်ဘ်ဆိုက်မှာ ဝင်ကြည့်ဖို့လိုပါတယ်။ ဌာန တစ်ခုနဲ့ တစ်ခု မတူသလို၊အထူးပြုဘာသာ ကွဲရင်လဲ မတူပြန်ပါဘူး။အဲဒါမသိပဲ ပြောသံကြားတာနားထောင်ပြီး ဖြေလို်က်မိလို့ ကိုဖြေထားတာက သူတို့ သတ်မှတ်ချက်နဲ့ မကိုက်ရင် အချိန်ကုန်၊ငွေကုန်၊လူပန်းဖြစ်မှာ စိုးရပါတယ်။

IELTS ဆိုတာက International English Language Testing System ကိုပြောတာပါ။ 4 skills ဖြေဖို့ လိုအပ်ပါတယ်။အဲဒါတွေက
(၁) နားထောင်မှုစွမ်းရည်(Listening Skill)
(၂) စာဖတ်စွမ်းရည် (Reading skill)
(၃) စာရေးသားမှု စွမ်းရည် (Writing Skill)
(၄) စကားပြောစွမ်းရည် (Speaking Skill)ဆိုပြီး ၄ ခုရှိပါတယ်။အရေးကြီးဆုံးမှတ်ရမှာက တစ်ခါဖြေထားရင် ၂ နှစ်ပဲအက ျံုးဝင်ပါတယ်။

Listening Skill
x x x x x x x x x

နားလည်ဖို့အတွက်တော့ အစမှာ ခက်ပါလိမ့်မယ်။ကျွန်တော်တို့ စဖြေတုနး်ကလဲ အမှတ် ၄၀ မှာ ၄ မှတ်လောက်ပဲရပါတယ်။အဲဒီနောက် ထပ်ခါတလဲလဲ လေ့ကျင့်ရာကနေ တဖြည်းဖြည်းတက်လာပါတယ်။ နောက် အမှတ် ၃၀ ကျော် ရတဲ့ထိ ဖြစ်လာပါတယ်။အဲဒါကြောင့် အစမှာ စိတ်မပျက်ပဲ ဇွဲကောင်းကောင်းနဲ့ ကြိုးစားပါလို့ တိုက်တွန်းချင်ပါတယ်။ အခက်အခဲက တော့ လေယူလေသိမ်းပါပဲ။ လေ့ကျင့်ခန်းတွေပေးတဲ့နေရာမှာ နိုင်ငံတကာက လေယူလေသိမ်းတွေဖြစ်တာကြောင့် နားလည်ရခက်တတ်ပါတယ်။ အင်္ဂလိပ်စာက တကမ္ဘာလုံး သုံးတာဆိုတော့ ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ် လို်က်ဖက်အောင် ပြောကြမှာပါ။ ဂရုတစိုက်နဲ့ နားထောင်ရင်ရပါတယ်။ Pronunciation, Intonation, correct accent ရဖို့ အတွက် စာအုပ်တချို့ကိုညွှန်းချင်ပါတယ်။ ပုံနဲ့လဲ တွဲပြထားပါတယ်။ စာအုပ်ဆိုင်တွေမှာ အလွယ်တကူရှာပြီး လေ့လာနိုင်ပါတယ်။
1. Lose Your Accent in 28 days by Judy Ravin with VCD (Recommended)
2.TREE or THREE by Ann Baker with CD
3.SHIP or SHEEP by Ann Baker with CD
4.English Pronunciation in Use (cambridge) by Mark Hancock ဒီစာအုပ်ကတော့ စီဒီခွေမပါပါဘူး။အင်တာနက်မှာရှာပြီး ဒေါင်းရင်တော့ ရပါလိမ့်မယ်။အဲဒီစာအုပ်တွေကို လေ့ကျင့်ပေးမယ်ဆိုရင်ဖြင့် ၃၊၄ လ အကြာမှာ တော်တော်ကို ကျွမ်းကျင်လာပါလိမ့်မယ်။

Reading Skill
x x x x x x x x
စာဖတ်စွမ်းရည်က ပေးထားတဲ့ အချိန်အတွင်းမှာ စာပိုဒ်တွေဖတ်ပြီး မေးခွန်းတွေဖြေပေးရတာပါ။မေးခွန်းတွေက အစုံပါပဲ။ Multiple choice,YES/NO/NOT GIVEN or TRUE/FALSE/NOT GIVEN, summary, headings စသဖြင့်ပါ။ဒါပေမယ့် မေးခွန်းကို ၂ မျိုးခွဲရင်ရပါတယ်။တစ်ခုက စာပိုဒ်အစဉ်လိုက် အဖြေရှာရတဲ့ မေးခွန်းမျိုး (P.O-Paragraph order) နဲ့ (ဥပမာအားဖြင့် YES/NO/NOT GIVEN) စာပိုဒ်အစဉ်အတိုင်းမဟုတ်ပဲ အဖြေကို သင့်တော်ရာ စာပိုဒ်မှာရှာရတဲ့ မေးခွန်းမျိုးပါ (Non P.O-non Paragraph order) ။ဥပမာအားဖြင့် summary လိုမေးခွန်းပါ။အဲဒါက ၉၅ ရာခို်င်နှုန်းလောက် အဲဒီအတိုင်းမေးပါတယ်။အဲဒါက မေးခွန်းအနေအထားပါ။အဲဒီမှာ ပေးထားတဲ့စာပိုဒ်က main idea နဲ့ supporting idea ကိုခွဲခြားတတ်မှ heading(ခေါင်းစဉ်ရွေး) တဲ့အ ခါမှန်မှန်ရွေးတတ်မှာပါ။
စာဖတ်တော့မယ်ဆိုရင် အရင် ဆုံး Skimming and Scanning လုပ်ဖို့လိုပါတယ်။Skimming က ပေးထားတဲ့ စာပိုဒ်ကိုအပေါ်ဆုံးတစ်ကြောင်း၊အလယ်တစ်ကြောင်းနဲ့ နောက်ဆုံးတစ်ကြောင်းဖတ်ပြီး ခြံုငုံဖတ်လိုက်တာပါ။ Scanning က ကိန်းဂဏန်းတွေ(ဥပမာ ခုနှစ်တွေ) နဲ့ လူနာမည်တွေ အကြီးစာလုံးနဲ့ ရေးထားတဲ့ စကားလုံးတွေနဲ့ သိသာထင်ရှားတဲ့ စကားလုံးတွေကို ရှာဖတ်တာပါ။Scanning လုပ်တဲ့အချိန်မှာ မျဉ်းတားထားဖို့မမေ့ပါနဲ့။ အဲဒါနှစ်ခုလုပ်ပြီးမှ မေးခွန်းကိုဖတ်ပါ။ပြီးရင် မေးခွန်းက P.O လား non P.O လား ခွဲခြားပြီး ဖတ်ခဲ့ပြီးတဲ့ စာပိုဒ်တွေမှာလိုက်ရှာရုံပါပဲ။ Reading နဲ့ပတ်သတ်လို့ Vocabulary ကြွယ်ဝအောင် စာများများဖတ်ဖို့လိုပါတယ်။မနိုင်ရင်ကာ ဝေါဟာရတွေ ကျက်မှတ်နေဖို့မလိုအပ်ပါဘူး။ ၁၀ တန်းကလေးတွေလဲ အဲဒါကိုဖြေကြတာမို့ ခဲရာခဲဆစ်ပညာရှင်ဆန်တဲ့ဝေါဟာရတွေကို ထည့်ပေးလေ့မရှိသလောက်ပါပဲ။တကယ်လို့ မသိရင် လဲ ရှေ့နဲ့ နောက် စာကြောင်းတွေကနေတဆင့် အဓိပါယ်ဖော်ကြည့်ပါ။အဲဒါက ပျော်ဖို့လဲကောင်းပြီး၊အသုးံလဲဝင်ပါတယ်။
ဝေါဟာရတွေနဲ့ပတ်သတ်လို့ စာအုပ်အချို့ကိုညွှန်းချင်ပါတယ်။
၁။ မသိမဖြစ် စကားလုံး ၂၀၀၀
၂။ဝေါဟာရပဒေသာ (ဆရာဦးသိန်းလွင်)
၃။မြန်မာ၊အင်္ဂလိပ် ၂ဘာသာ ပုံပြင်စာအုပ်များ(ဦးသိန်းလွင်၊ဆရာမိုး၊ကောင်းသန့်………)
၄။ Synonyms and Antonyms (Cambridge or Oxford)
၅။ Longman/Oxford/Cambridge Dictionary English to English dictionary ကိုကြည့်ဖို့ မကြောက်ကြပါနဲ့လို့ မှာချင်ပါတယ်။အဲဒါမှာ တကယ်တတ်မှာပါ။ကိုသိတဲ့ စကားလုံးတစ်ခုကို အင်္ဂလိပ်လို အဓိပါယ်ဖွင့်ကြည့်ပါ။ပြီးရင် Dictionary နဲ့တို်က်ကြည့်ပါ။အဲဒီလိုလုပ်ရင် အင်္ဂလိပ်စာကို အချိန်တိုအတွင်း ကျွမ်းကျင်လာပါလိမ့်မယ်။

Writing Skill
x x x x x x x
Writing နဲ့ပတ်သတ်လို့Task 1 and Task 2 ဆိုပြီး၂ မ ျိုးရှိပါတယ်။ Task 1 က process writing and report writing ဆိုပြီး ၂ ခုရှိပါတယ်။ Process writing ကမေးခဲပါတယ်။ပုံလေးတွေပေးထားပြီး အဆင့်လိုက် ရေးပေးရတာပါ။မ ျားသောအားဖြင့် လူသုံးကုန်ပစ္စည်းတစ်ခုခု ထုတ်လုပ်ပုံထုတ်လုပ်နည်းပါ။ report writing မှာ pie,bar chartနဲ့ graph တွေကို ကြည့်ပြီး အထက်လူကြီးကိုဖြစ်ဖြစ်၊ရှယ်ယာရှင်တွေကိုဖြစ်ဖြစ် ရှင်းပြတဲ့ ပုံစံမ ျိုးနဲ့ ရေးရတာပါ။အဲဒါက အားလုံးအတွက် အရမး်အသုံးဝင်တဲ့ အရေးအသားပါ။ အမှတ်ကတော့ Task 2 လောက်မရပါဘူး။Task 2 မှာ မေးခွန်း ၃ မျိုးရှိပါတယ်။အဲဒါတွေက Argument-type,thesis-type and Problem solution type ဆိုပြီး သုံးမျိုးရှိပါတယ်။ Argument typeမှာ ပေးထားတဲ့ခေါငး်စဉ်ကို အကောင်းဖက်က တလှည့်၊အဆိုးဖက်ကတလှည့် ရေးပေးပြီးနောက်ဆုံ နိဂုံးချုပ်ရင် ကို့အမြင်ကို ထည့်ရေးပေးရတာပါ။ Thesis type က အကောင်း မဟုတ်ရင် အဆိုးဖက်ကပဲ တဘက်သတ်ရေးပေးဖို့ပါ။Problem solution ကရှင်းပါတယ်။ပြသနာတစ်ခုပေးထားပြီး အဖြေကိုအကြံပြုပေးရတာပါ။အဲဒါတွေနဲ့ ပတ်သတ်လို့ ပုံတွေနဲ့ တွဲပေးထားပါတယ်။ Success က ယူထားတဲ့ နည်းတွေဖြစ်လို့ self-study သာလုပ်ကြပါ။စီးပွားဖြစ်သင်ချင်လျှင် ဆရာ Arthur ကိုသွားတွေ့ပြီး ခွင့်တောင်းပါလို့ အနူးအညွတ်တောင်းပန်ပါတယ်ခင်ဗျာ။ကျွန်တော်က သိစေချင်လို့ တမင် ပုံတွေပါထည့်ပေးလိုက်တာပါ။စာရေးရင် အနဲဆုံး ၄ ပိုဒ်တော့ရေးပါ။ရေးတိုင်း main idea ကိုအရင်ရေးပြီး နောက်က supporting idea အနေနဲ့ ဥပမာလေးတွေထည့်ရေးရင် ပြည့်စုံလုံလောက်ပါပြီ။IELTS စာအုပ်များမှာလဲ နောက်မှာ အဖြေတွေရေးပေးထားပါတယ်။လေ့လာကြည့်ပါလို့။ Main idea စဉ်းစားပုံနဲ့ ပတ်သတ်လို့ al နည်းဆိုတာရှိပါတယ်။အဲဒါက social/economical/educational/political viewpoint တွေကနေ main idea ကိုရှာရတာပါ။ဒီထက်သိချင်သေးရင်တော့ မြတ်ငြိမ်းဘာသာပြန်တဲ့ ဦးထုပ်ခြောက်လုံးတွေးခေါ်နည်းတို့၊ဖြန့်ထွက်တွေးခေါ်နည်းတို့ စတဲ့ တွေးနည်းစနစ်တွေကိုဖတ်ကြည့်နိုင်ပါတယ်။
ညွှန်းချင်တဲ့ စာအုပ်တွေက
၁။ GCE ‘O’ Level essays
၂။Upper Secondary Essay library
၃။ ကောင်းလိုက်တဲ့အတွေး၊လှလိုက်တဲ့အရေး(ဆရာချမ်းဇော်ထက်)
၄။ အခြားသော ပြည်တွငး်၊ပြည်ပ ဆရာများရေးတဲ့ အက်ဆေး၊သုတ၊၇သ ဆောင်းပါးများ
၅။ Phrasal Verbs/Collocations,Synonyms and Antonyms
၆။Longman Language Activator
၇။ Practical English Usage by Michael Swan
၈။English Grammar in Use (Cambridge)
၉။ Stylistic Sentence Construction by U Aye Chit(EEAC)

Speaking Skill
x x x x x x x x x
Speaking နဲ့ပတ်သတ်လို့ ကျွန်တော်တို့ မြန်မာတွေ ရေလိုက်လွဲနေတာက အင်္ဂလိပ်စစ်စစ်တွေကိုတုပပြောနိုင်မှကောင်းတယ်ထင်တာပါ။အဲဒါက မလိုအပ်ပါဘူး။မြန်မာစကားတောင် ဗမာတွေကတသံ၊ကချင်၊ကယား၊ကရင်စတဲ့ တိုင်းရင်းသားတွေလဲ အသံအမျိုးမျိုးထွက်ကြတာပါပဲ။အရေးကြီးတာက ကိုပြောတာကို သူနားလည်ပြီး၊သူပြောတာကို ကိုက နားလည်ဖို့ပါပဲ။ တရုတ်အင်္ဂလိပ်စကားပြောရင်လဲ တရုတ်သံနဲ့ပြောမှာပါ။အဲဒီလိုပဲ ဂျပန်၊ကိုရီးယား၊ပြင်သစ်၊ဂျာမန် စတာတွေကလဲ သူတို့ accent နဲ့ပြောမှာပါပဲ။အဲဒါကြောင့် တတ်နိုင်သမျှ အနီးစပ်ဆုံးတူအောင်ပြောနိုင်ရင်ရပါပြီ။မဖြစ်မနေ အဲဒီအသံမျိုးထွက်မှပြောတော့မယ်ဆိုရင် နောက်ဘဝ အင်္ဂလိပ်ဝမ်းမှာသာ ဝင်စားဖို့ ဆုတောင်းလိုက်ပါတော့။ Speaking test မှာ ၃ ပို်င်းမေးပါတယ်။ပထမပိုင်းက ကိုယ့်အကြောင်းပါ။ဘယ်မှာနေတယ်။ဘာလုပ်တယ်။မောင်နှမဘယ်နှယောက်ရှိတယ်စသဖြင့်ပါ။ဒုတိယပို်င်းက သူတို့ပေးတဲ့ ခေါင်းစဉ်ကို တစ်မိနစ်လောက်ပြောခိုင်းတာပါ။မပြောခင်စာရွက်ကလေးပေးပါတယ်။အဲဒီစာရွက်မှာ ကိုပြောမယ့်အချက်တွေ မြန်မြန်ချရေးလိုက်ပါ။ပြီးရင် အားမနာတမ်းသာပြောပါတော့။နောက်ဆုံးမေးခွန်းက အဆင့်မြင့်ပါတယ်။ ကမ္ဘာကြီးပူနွေးလာတဲ့အကြောင်းတွေ၊ကားလမး်ပိတ်တာတွေကို ဘယ်လိုဖြေရှင်းသင့်တယ်။သဘာဝဘေးတွေကို ဘယ်လိုပြင်ဆင်သင့်တယ်စတာတွေကို ၂ မိနစ်လောက်မေးပြီးရင်တော့ ပြီးပါပြီ။ Speaking အတွက် ညွှန်းချင်တဲ့ စာအုပ်တွေက
၁။ English 900 အနီရောင် (သို့) ၂ ရောင်စပ်ထားတဲ့ထူတဲ့စာအုပ်ကိုဝယ်ပါ။အခွေပါဝယ်ပါ။
၂။ Say it better in English or အဲဒီစာအုပ်ကိုပဲဆရာ ချမ်းဇော်ထက်က Speak it,Speak up ဆိုပြီးစာအုပ်ထုတ်ထားပါသေးတယ်။
၃။Spoken English Patterns by Daw than than Nu
၄။ အခြားသော စကားပြောစာအုပ်များ (Light,Best စသည့် အင်္ဂလိပ်မဂဇင်းများ)

အပေါ်မှာပြောထားတဲ့အတိုင်းလေ့ကျင့်ရင် IELTS တစ်ခုထဲ ဖြေဖို့မဟုတ်ပဲ အင်္ဂလိပ်စာကို အချိန် တစ်နှစ်အတွင်းမှာ ကျွမး်ကျင်တတ်မြောက်လာပါလိမ့်မယ်။ရှေ့လျှောက်လဲ အလွန်အသုံးဝင်မယ့်ဘာသာရပ်တစ်ခုဖြစ်တာကြောင့် အသက်ကြီးသည်၊ငယ်သည် သဘောမထားပဲ ကြိုးစားဖို့ကိုတိုက်တွန်းလိုပါတယ်။အလကားနေလဲ တစ်နှစ်ပြီးတစ်နှစ်အချိန်ဆိုတာကုန်ဆုံးသွားမှာမို့ မိမိအတွက်လဲ အကျိုးရှိ၊မိမိမျိုးဆက်နဲ့ ရင်းနှီးရာပတ်သတ်ရာ လူငယ်လူကြီးတွေအတွက် အတုယူအားကျစရာအဖြစ်သူတို့တွေလဲ လိုက်ပါကြိုးစားနိုင်အောင်လို့ ကို်ကိုယ်တိုင်က စံပြအဖြစ်နဲ့ ကြိုးစားပြိး တိုင်းပြည်အတွက် အုတ်တချပ်၊သဲတပွင့် ဖြစ်နိုင်ပါကြပါစေ။

အောက်မှာ IELTS ဖြေမယ့်သူတွေအတွက် စာအုပ်တွေကို ရေးထားပေးပါတယ်။
1.Cambridge IELTS series 5,6,7,8 (1 to 4 က အရမ်း လွယ်ပါတယ်။အချိန်ကုန်ခံပြီး ကြည့်မနေပါနဲ့။)

2.IELTS TEST PLUS 1&2

အမိမြန်မာနိုင်ငံတော်အတွက် အကျိုးပြုနိုုင်သော လူ့စွမ်းအားအရင်းအမြစ်များ စဉ်ဆက်မပြတ်ပေါ်ထွန်းပါစေ။
ခင်မင်လ ျက်
သူရ
၂ ဇန်နဝါရီ ၂၀၁၅
(၁၀ နာရီ ၁၀ မိနစ် (ညနေ) )

Myanmar Water Festival (Thingyan)

၂၅ ရက်နေ့က မုန်တိုင်းရှိတယ် ဆိုတော့ မြန်မာတစ်နိုင်ငံလုံး မိုးတွေရွာနေတယ်။

ပြင်ဦးလွင် ဘက်မှာတောင် မိုးသီးတွေ⁣ေကြွေတယ်ပြောတယ်။

ပူအိုက်နေတဲ့အချိန် မိုးလေးရွာတော့ နေလို့တော့ ကောင်းတာပေါ့ ။

ညနေက မိုးတိတ်တုန်း အိမ်ရှေ့ဝရံတာ မှာထွက်ပြီး ထိုင်နေမိတယ်။ အနောက်ဖက်မှာ ဝင်နေတဲ့ နေရောင်နဲ့တိမ်တွေကိုကြည့်ရင်း မန္တလေးသင်္ကြန်ကို သတိရမိတယ်။

အဲဒီမှာ ကုန်ခဲ့တဲ့နှစ်တွေမှ မနည်းတာ ။

နောက်ဆုံးမန္တလေးသင်္ကြန်မှာနေခဲ့တာက ၂၀၁၃ ခုနှစ် ။

သူငယ်ချင်းတွေလည်းသိပ်မရှိတော့ လည်ရတာလည်းမကောင်းဘူး။

သင်္ကြန်တွင်းမှာ ရေစိုစိုထဲ ဓာတ်ပုံနဲ့ ဗီဒီယို ထွက်ရိုက်နေခဲ့တယ်။

သင်္ကြန်အလွမ်းပြေ အမှတ်တရ တစ်ခုခုလုပ်ဦးမယ်လို့ စဉ်းစားမိပြီးတော့ ကွန်ပျူတာရှေ့မှာထိုင်ပြီး အလုပ်စတယ်။

ရိုက်ခဲ့တဲ့သင်္ကြန် ဗီဒီယိုတွေနဲ့ ဓာတ်ပုံတွေ ပေါင်းစပ်ပြီး ၃ မိနစ်စာ ဗီဒီယိုကလစ်တစ်ခုရသွားတယ်။

စုစုပေါင်းပြုလုပ်ချိန် ၆နာရီနီးပါးကြာတယ်။

အဲဒီ ဗီဒီယိုလေးကို Youtube မှာတင်ထားတယ်။

နာမည်ကို Myanmar Water Game လို့ပေးလိုက်တယ်။

Page 12 of 32

Powered by WordPress & Theme by Anders Norén