ကျွန်တော်တို့နိုင်ငံမှာ ဘာလို့အစစအရာရာ ခက်ခဲနေသလဲ
နောက်ကျကန်နေသလဲစဉ်းစားလို့မရဘူးဗျာ။
ငယ်ဘဝတွေပဲကောင်းတယ်။
ဘာမှသိပ်ပူပန်စရာမလိုဘူး ။ကိုယ်လုပ်ချင်ရာလုပ်တယ်။ကိုယ်ဖန်တီးချင်ရာဖန်တီးတယ်။
တက္ကသိုလ်ဝင်တန်းအောင်ပြီးကျောင်းကောင်းကောင်းတက်ရပြီးရင် ဘဝ အတွက်ပူပန်စရာမလိုဘူးလို့ထင်ခဲ့တာက လည်းမှားတာပါပဲ။
တကယ့်လက်တွေ့မှာ ပညာပိုတတ်လေ ပိုအနှိမ်ခံရလေပဲ။
ဆေးတက္ကသိုလ်မှာ ၆နှစ်လောက်ပညာသွားသင်ရတယ်။
အခြားရွယ်တူသူငယ်ချင်းတွေ ၃နှစ်လောက်ပဲပညာသင်ပြီးအလုပ်လုပ်နေကြတဲ့အချိန်မှာပေါ့။
သူတို့တွေကအလုပ်တွေ နဲ့အခြေကျသွားပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ကြပြီ။
ကျွန်တော်တို့က မိဘရဲ့ငွေကိုတောင်းရတုန်း။
ဆရာဝန်ဖြစ်ရင်ရင် အေးရလောက်ပါပြီ။
ဆရာဝန်ဖြစ်ခဲ့ရင် အေအေးဆေးဆေးဆေးကုနေရုံ ပဲပေါ့
ဘာများပူပန်စရာရှိလို့လဲ။ လက်ဖျားကငွေသီးတဲ့သူများဖြစ်လို့
လူတိုင်းက အားကျကြမယ်ဆိုတာပဲ။

တကယ့်လက်တွေ့မှာ ကျတော့ ကျွန်တော်တို့နိုင်ငံလောက်ဆရာဝန်တွေကို ဒဏ်ခတ်ထားတဲ့နိုင်ငံရှိပါဦးမလားလို့စဉ်းစားမိတယ်။
ကျွန်တော်အရင်က လူတွေကိုကူညီတဲ့ဆရာဝန်တစ်ဦးဖြစ်ချင်ခဲ့တယ်။

လူတွေကိုကူညီရင်းနဲ့စားဝတ်နေရေးလည်းပြေနိုင်မှာပဲထင်ခဲ့တာ။
တကယ်တော့ ကျွန်တော်တို့ရဲ့အိမ်မက်တွေ ကိုတစ် တိတိနဲ့ချိုးခံနေခဲ့ရတယ်။

ပျံသန်းကြမယ့်ကြိုးကြာငှက်လေးတွေဆိုပြီး ရင်ခုန်ခဲ့ရပေမယ့်
ကျွန်တော်တို့ရဲ့ခြေထောက်တွေမှာသံကြိုးတွေဆွဲထားတယ်။
အစိုးရအလုပ်မဝင်တဲ့အပြင်ဆရာဝန်နဲ့ ဝင်တဲ့အစိုးရဆရာဝန်ဆိုပြီးရှိကြတယ်။
တစ်နှစ်တစ်နှစ် အလုပ်ဝင်ဖို့ကို စောင့်နေတဲ့သူတွေအများကြီးရှိတယ်။

သူတို့ဘာလို့ဝင်ကြတာလဲ။
အလုပ်ဝင်ရင်ပျော်ပျော်ရွှင်ရွှင်နဲ့ လူနာတွေကိုစောင့်ရှောက်နိုင်မယ်ထင်ကြတယ်။
နိုင်ငံတော်က ပေးတဲ့လစာက လမ်းပေါ်မှာ တောင်းစားတဲ့သူတောင်းစားထက်တောင်နည်းပါသေးတယ်။
အခြား နိုင်ငံ့ဝန်ထမ်းတွေလည်း ဒီထက်ပိုမရဘူးလို့ပြောချင်ပြောကြပါလိမ့်မယ်။
သို့သော် အခြားနိုင်ငံဝန်ထမ်းတွေမှာ ကော သူတို့ နိုင်ငံတော်ကပေးတဲ့လစာနဲ့ဖူလုံလောက်ငှစွာစားသောက်နိုင်သလား။
သူတို့မှာအပိုဝင်ငွေတွေရှိပါသေးတယ်။
ဒါပေမယ့်ဆရာဝန်တွေမှာ အပြင်ဆေးခန်းထိုင်ဖို့ကလွဲပြီး ဝင်ငွေရှာစရာရှိပါသလား။

သူတို့ဘဝတွေကို မိမိ ရဲ့ကိုယ်ပိုင်ဆေးခန်းလေးနဲ့ရပ်တည်ကြရပါတယ်။
အခါကြီးရက်ကြီးများဖြစ်လို့ ဂျူတီနားရပြီး လုပ်သူများလည်း ငွေကြေးပိုမိုရရှိတယ်ဆိုတာမျိုးမရှိပါ။
နေ့စဉ်ရက်စက်ဂျူတီတွေဆင်းလို့လည်း ဘယ်သူမှမသနားပါ။
သူတို့ရဲ့ပျော်ရွှင်မှုကို တိုင်းတာကြည့်လျှင် အားလုံးရဲ့ပျော်ရွှင်မှုကလုံးဝပျောက်ဆုံးနေကြပါတယ်။
ဝင်ငွေမလောက်ငှမှုများအပြင် ဆေးရုံတွင်း အကြီးနဲ့အငယ်ဆက်ဆံရေးပြဿနာများလည်းရှိနေပါသေးသည်။

အပြင်တွင်ကျန်ရှိနေသော အလုပ်မဝင်ဆရာဝန်များမှာလည်း
မိဘ ကချမ်းသာလျှင်အရင်းအနှီးထုတ်၍ စီးပွားရေးလုပ်လျှင်လုပ်။
ဆေးကုမ္ပဏီ, NGOအဖွဲ့အစည်း၊ တို့တွင်ဝင်လုပ်လျှင်ဝင်လုပ်
မည်သူရဲ့အမိန့်ကိုမှ နားမထောင်လိုသူများကတော့ ကိုယ်ပိုင်ဆေးခန်းဖွင့်လိုဖွင့်
အချို့ကတော့နိုင်ငံခြားထွက်သွားပြီး ဘယ်တော့မှပြန်မလာတော့သည်များလည်းရှိသည်။

မိမိ သင်ထားသည့်ပညာကလည်း ဆေးကုတာတစ်ခုတည်း
အရောင်းအဝယ်လည်းမလုပ်တတ်။
လူသဘောကျအောင်လည်းစကားမပြောတတ်။
မလိုအပ်သည့်ဆေးများကို မပေးပါဟုဆိုသည့် ဆရာဝန်ကျင့်ဝတ်များကိုဖောက်ဖျက်ဖို့ မဝံ့မရဲဖြစ်တတ်။

ထိုသို့သောသူများကားဘယ်ကိုမှမရောက်ပဲကြားမှာလစ်လပ်နေကြသူများဖြစ်ပေသည်။
သူတို့လိုချင်သည်ကား အဓိပ္ပါယ်ရှိသောဘဝ။
အ ဓိပ္ပါယ်ရှိသော ကုသမှု။
မိမိ တန်ဖိုးထား ကြိုးစားသလောက်ပြန်လည်ရရှိသော ထိုက်သင့်သည့်ချီးမြှင့်ငွေ။
အလုပ်ဝင်ဖို့ ဝိုင်းဝန်းကြိုးစားကြသည့်အထဲမှာ
မတရားမှုပေါင်းများစွာက အဆင်သင့်စောင့်ကြိုနေတာကိုလည်းခံစားရ။

အစိုးရအလုပ်အရမ်းဝင်ချင်ပြီး ဘွဲ့လွန်ဆက်တက်ချင်တဲ့ကျောင်းတုန်းက စာတော်တဲ့သူငယ်ချင်းတွေ သူတို့မကျွမ်းကျင်တဲ့ အရာတွေနဲ့စာမေးပွဲစစ်ပြီး အရွေးချယ်မခံရတဲ့အခါ
သူတို့လောက်မှ ဆေးပညာအကြောင်းကို မသိခဲ့သူတွေအရွေးချယ်ခံရတဲ့အခါ
စာမေးပွဲကိုမဖြေပဲနဲ့အရွေးချယ်ခံရတဲ့အခါ

ဘာမှမက်မောစရာမရှိတဲ့ မစင်တွင်းကြီး ထဲကို ခုန်ချဖို့ အ လုအယက် စာရင်းပေးခုန်ခွင့်ကြိုးစားကြတဲ့အထဲ အရွေးချယ်မခံရလို့ အပြင်မှာသောင်တင်နေကြတဲ့သူတွေလိုပါပဲ

သူတို့အတွက်ဘဝကတက်လမ်းဘယ်မှာ
ရေရာတဲ့လမ်းကဘယ်မှာ
လူတော်တွေပါ
ဒါပေမယ့် စိတ် ဆင်းရဲခြင်းမျိုးစုံနဲ့ အနှိပ်စက်ခံရတဲ့သူတွေ

ဝဋ်ကြွေးများရှိခဲ့ရင်ပြေပါစေတော့လို့ ဆုတောင်းပါတယ်ဗျာ။