Arthur's Home

Many Lives, Many Memories.

How to solve zawgyi and unicode mess in a spreadsheet column?

Google sheet ကိုစွဲစွဲ မြဲမြဲ သုံးတဲ့ ကျနော့်လို လူတွေရှိမယ်ဆိုရင် ဘယ်လိုဒေတာမျိုးကို မဆို Google sheet ထဲမှာ ပဲ ကိုင်တွယ်ရှင်းလင်းချင်ကြမှာပါ။ Google sheet ဆိုတာ excel နဲ့အလားသဏ္ဍာန်တူတဲ့  Software တစ်မျိုးပါပဲ။ ဒါပေမယ့်သူ့ကိုတော့ အင်တာနက်မရှိပဲ သုံးလို့မရပါဘူး။ Google ရဲ့ Cloud base office ဖြစ်တဲ့အတွက် အင်တာနက်နဲ့ပဲ အလုပ်လုပ်ပါတယ်။

သူ့ဆီမှာ Formula တွေအများကြီးရှိသလို Google script ဆိုတာတွေလည်းရှိပါတယ်။ အချို့အရာတွေဆိုရင် Google က အလကားပေးထားတဲ့ အခြားသော service တွေနဲ့ပါ ချိတ်ဆက်ပြီးသုံးစွဲလို့ရပါတယ်။


ထားပါစို့၊ ကျနော် လေရှည်တာများသွားပြီ။. ယခု ဒီနေရာမှာ လုပ်ပြချင်တာကတော့ table တစ်ခုထဲမှာ ဇော်ဂျီတွေကော ယူနီကုဒ်တွေကော ရောနေရင် ဘယ်လိုရှင်းမလဲဆိုတာပါ။ 
ဒါတွေအားလုံးက နည်းနည်းပါးပါး ရာဂဏန်း ဆိုကိစ္စမရှိပါဘူး။ ဒါပေမယ့် အရမ်းများလာရင် ထောင် သောင်းချီလာရင်တော့ ပြဿနာရှိလာပါ ပြီ။လက်ရှိမှာ spreadsheet ထဲကို ဝင်ပြီး အော်တို ဇော်ဂျီတွေကို ယူနီကုဒ် ပြောင်းပေးတဲ့ script မရှိသေးပါဘူး။တစ်ယောက်ယောက်က ဒါမျိုးကို ထွင်ခဲ့မယ်ဆိုရင်တော့ အရမ်းကောင်းမှာပါ။ အဲဒီလိုမရှိသေးတဲ့အချိန်မှာတော့ Google မှာပါတဲ့ function တစ်ခုကို သုံးရတာပေါ့။ သူ့ကိုတော့ Regxmatch လို့ခေါ်ပါတယ်။ အဓိပ္ပါယ်ကတော့ ကိုယ်ရှာချင်တဲ့စာလုံးတွေ ဒီ column ထဲမှာပါလာရင် TRUE လို့ပေြာပါလို့ ဆိုချင်တာပါ၊ အဲဒါလေးကိုနည်းနည်း လေးပြင်လိုက်ရင် ဇော်ဂျီနဲ့ရေးတာတွေကိုပါ Filter လုပ်ပြဖို့ သုံးစွဲလို့ရပါတယ်.အောက်က Gif လေးမှာတစ်ချက်ကြည့်ကြည့်ပါ။

REGEXMATCH Function အလုပ်လုပ်ပုံကတော့ ဒီလိုပါ။
ပထမဆုံး Formula တစ်ခုဖြစ်တဲ့အတွက် =REGEXMATCH ဆိုပြီးစရေးလိုက်ပါတယ်။ အဲဒီနောက်မှာ ကိုယ်ဘယ်မှာ ရှာချင်လဲဆိုတာကို ရွေးရမယ်။ ကိုယ့်ဆီမှာ ဇော်ဂျီကော ယူနီကုဒ်ကော ရောထွေးနေတဲ့ Column တစ်ခုပေါ့။ Cell တစ်ခုဆိုရင်လည်းရပါတယ်။ နောက်တော့ Comma ခံတယ်။ 
အဲဒီနောက်မှာတော့ ကိုယ်ရှာချင်တဲ့စာလုံးတွေကို Array list လိုမျိုးထည့်လိုက်လို့ရတယ်။  “ “ ထဲမှာ *()* ကိုထည့်တယ်။အဲဒီထဲမှာမှ ကိုယ်ထည့်ချင်တဲ့စာလုံးအားလုံးကို | ခံပြီးရေးရတယ်။
ကျနော်ရှာတဲ့ ပုံစံကတော့ ဇော်ဂျီနဲ့ ယူနီ ရေးသားပုံကွာတဲ့ စာလုံးတွေကို လိုက်ရှာတယ်။ အောက်မှာပါတဲ့ စာလုံးတွေကတော့ ယူနီနဲ့ ဇော်ဂျီ ခွဲတဲ့နေရာမှာသုံးလို့ရတယ်ထင်ပါတယ် ။ 

=REGEXMATCH($A2, " *(စော|ချမ်း|ငြိမ်း|နော်|မွန်|မြတ်|ကျော်|ခင်|ည်|င်|မော်|ချစ်|ဖော|ဟိန်း|ယွန်း|န်း|ယ်|က်|ဇော်|မျိုး၊ဇွန်|ဖြူ|ခြူး၊ခန့်|သန္တာ|န်း|ဖြေ|ခန့်).*")


ဒါပေမယ့် ဒါကို perfect ဖြစ်တဲ့လို့တော့ မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ချွင်းချက်အနေနဲ့ ဖြစ်လာနိုင်တဲ့အရာတွေရှိနေသေးတယ်။
ဒီသဘောတရားကိုနားလည်တယ်ဆိုရင်တော့ ပေးထားတဲ့ စာလုံး List ကို မိမိစိတ်ကြိုက် ပြင်ပြီး ပိုကောင်းအောင် လုပ်လို့ရပါတယ်။တကယ်လို့ ဘာကို ပြောတာလည်း သေချာနားမလည်ဘူး။ ချက်ချင်းသုံးဖို့ပဲ စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်မှာ ပြထားတဲ့ Gif ကိုကြည့်ပြီး တဆင့်ချင်း လုပ်ကြည့်လို့ရပါတယ်.
အဆင့်တွေကို ပြောရရင်တော့ 

  1. ပထမဆုံး ဇော်ဂျီကော ယူနီကုဒ်ကော ရောနေတဲ့ column တစ်ခုကိုရှာတယ်။
  2. ပြီးတော့ Formula ကိုကူးတယ်
  3. နောက်တော့ စောစောက Column ရဲ့ Filter လုပ်တဲ့နေရာကိုသွားတယ်။
  4. ပြီးတော့ Filter By Condition ထဲက Custom formula ကိုရွေးတယ်။
  5. အဲဒီနေရာမှာ စောစောကကူးထားတဲ့ Formula ကိုထည့်တယ်။ 
  6. Ok နှိပ်တယ်။
  7. ဒါဆိုရင် ဇော်ဂျီနဲ့ရေးထားတဲ့စာတွေကြည့် ထွက်လာ ပြီပေါ့။
  8. အဲဒါကို Zawgyi to Unicode Converter တစ်ခုခုနဲ့ သွားပြောင်းတယ်။
  9. ပြောင်းထားတဲ့စာတွေကို ကော်ပီကူး မူရင်း Column နေရာမှာ Paste လုပ်တယ်။
  10. ပြီးတော့မှ Filter လုပ်ထားတဲ့ ဟာကိုပြန်ဖြုတ်ကြည့်လိုက်တယ်။

အဆင့်ကတော့ ဒါပါပဲ။ တစ်ခုသတိထားရမှာကတော့ စာလုံး list ထဲမှာ ယူနီကုဒ်နဲ့ ဇော်ဂျီ သိသိသာသာ ခွဲလို့ရမယ့် မည်သည့် စာလုံးကိုမဆို ထည့်လို့ရပါတယ်။ ကျနော်က တော့ နာမည်နဲ့ လုပ်ပြတာပါ။ တကယ်လို့ နာမည်မဟုတ်တဲ့အခြေအနေတွေမှာဆိုရင်လည်း ကိုယ့်ရဲ့ဒေတာ ပေါ်မူတည်ပြီး ပြုပြင် ပြောင်းလဲလို့ရပါတယ်။ကျေးဇူးတင်ပါတယ်။

ရေးသားသူငြိမ်းချမ်းကိုကို

မတ်လ ၂၆ ၊ ၂၀၁၉

Pyidaungsu Font

Myanmar 3 Vs Pyidaungsu

ဖေဖော်ဝါရီ ၂၇ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ တတိယအကြိမ် E-Government လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတဲ့ မိန့်ခွန်းထဲမှာ “ယခုအသုံးပြုနေသည့် Myanmar-3 Font ကိုမသုံးဘဲ International Standard Organization 10646 နှင့်ပိုမိုကိုက်ညီသည့် PyiDaungSu Font စနစ်နှင့် Keyboard ကိုအသုံးပြုရန် ဦးတည်ရမည်ဖြစ်ပါ ကြောင်း၊ အစိုးရ၏ Electronic ဝန်ဆောင်မှုများကို ပြည်သူအားလုံးသိရှိနားလည်ရေးအတွက် မြန်မာဘာသာစကားဖြင့် ဝန်ဆောင်မှုပေးနိုင်ရန် ကွန်ပျူတာသုံး မြန်မာဘာသာစကားစနစ်ကို ပြုပြင်ရန် လိုအပ်ပါကြောင်း “ လို့ ပြောသွားခဲ့ပါတယ်။

လူအတော်များများက ယူနီကုတ်၊ဇော်ဂျီ ၊ မြန်မာ၃ တွေနဲ့ ရင်းနှီးနေကြပေမယ့် ပြည်ထောင်စု ဆိုတဲ့နာမည်ကိုတော့ အခုမှစပြီး ရင်းနှီးကြတာမျိုး ဖြစ်ပါလိမ့်မယ်။ ဒီ Post ကနေပြီးတော့ ပြည်ထောင်စုဖောင့်စနစ်နဲ့ Myanmar3 , ဇော်ဂျီတွေ ဘာကွာလဲဆိုတာကို နှိုင်းယှဉ် ဖော်ပြပေးသွားပါမယ်။

၁. Pyidaungsu Font ဆိုတာ ဇော်ဂျီမဟုတ်၊ ယူနီကုဒ်မဟုတ်တဲ့စနစ် အသစ်လား?မဟုတ်ပါဘူး။ Pyidaugsu Font က ယူနီကုဒ် စနစ်ကို အခြေခံထားတဲ့ ဖောင့်ဖြစ်ပါတယ်။ Myanmar3 ကို အဆင့်မြှင့်ထားတဲ့ ဖောင့်ဆိုရင် ပိုမှန်ကန်ပါလိမ့်မယ်။ ဒါပေမယ့် Pyidaungsu font ရဲ့မူရင်းဖောင့်ကတော့ Myanmar Census ဆိုတဲ့ဖောင့်ဖြစ်ပါတယ်။ နောက်ပိုင်း 2014 ခုနှစ်မှာ Pyidaungsu ဆိုပြီး အမည်ပြောင်းလဲသွားခဲ့တာပါ။

၂. Myanmar3 နဲ့ဘာတွေကွာခြားသွားပါသလဲ?Myanmar 3 ဖောင့်ကို တီထွင်ခဲ့တာ အတော် ကိုကြာမြင့်ခဲ့ပါပြီ။ဆက်လက် ထိန်းသိမ်းဖို့ရာ အကြောင်းအမျိုးမျိုးရှိလို့. Pyidaungsu Font ကို ဖန်တီးပြီး အဆင့်မြှင့်တင်ထားတာပါ။ Myanmar3 နဲ့ မကိုက်ညီတဲ့ စက်တွေ၊ ကွန်ပျူတာစနစ်တွေအတွက် Pyidaungsuနဲ့ ပိုမို အဆင်ပြေအောင် ပြုလုပ်ထားပါတယ်။အရေးအကြီးဆုံးတစ်ခုကတော့ Myanamar 3 မှမပါဝင်တဲ့ တိုင်းရင်းသား ဘာသာစကား၁၆ မျိူးပါဝင်ပါတယ်။အောက်မှာအသေးစိတ်ဖော်ပြပေးထားပါတယ်။ဗမာ, သက္ကတ/ပါဠိ, မွန်, ရှမ်း, စကောကရင်, ပိုးကရင်(အနောက်ပိုင်း), ပိုးကရင် (အရှေ့ပိုင်း), ပအိုဝ်း, ကယား, အရှိုချင်း, ပလေးပလောင်, ရူမာည်းတအောင်း,ခန္တီးရှမ်း, Aiton & Phake, တိုင်းလျမ်ခေါ်ရှမ်းနီ, ရွှေပလောင်

၃.Pyidaungsu font ကိုရိုက်ဖို့လက်ကွက်အသစ်တွေြဖစ်သွားမှာလား?လုံးဝမဖြစ်ပါဘူး ။ ယခင် Myanmar3 ကိုရိုက်တဲ့ နည်းစနစ်အတိုင်းပဲ ဆက်လက်ရိုက်လို့ရပါတယ်။ ယခင် Myanmar3 နဲ့ရိုက်ခဲ့တဲ့စာတွေကိုလည်း ဖောင့်ကို Pyidaungsu အဖြစ်ပြောင်းလဲလိုက်ရင် စာလုံးပုံစံအနည်းငယ် ပြောင်းလဲသွားတာကလွဲလို့ အခြားဘာမှ အမှားအယွင်းမဖြစ်ပေါ်နိုင်ပါဘူး။

၄.Window XP တို့ 7 တို့ 10 တို့ ပေါ်မှာကောင်းကောင်းအလုပ်လုပ်ပါသလား?Pyidaungsu font က တစ်မျိုးတည်းရှိတာမဟုတ်ပါဘူး။ ၂မျိုးလောက်ရှိပါတယ် ။Window OS အနိမ့်တွေ၊ (ဥပမာ- Window 7 or xp ) နဲ့ Window office အနိမ့်( MS word 2007, 2010) စာတာတွေအတွက် Pyidaungsu font 1.8 ဗားရှင်းကိုအသုံးပြုရပါတယ်။Pyidaungsu font version 2.5 နဲ့စတာတွေကို MS office 2016 နှင့်အထက် ဗားရှင်းများမှာ ကောင်းကောင်းအသုံးပြုနိုင်ပါတယ်။တကယ်လို့ကိုယ်ကခေါင်းအရှုပ်မခံချင်ရင်တော့ ဒီ Link လေးကိုသွားကြည့်ပြီး ဘယ်စက်အတွက် ဘာရွေးရမယ်ဆိုတာကို ရွေးချယ်လို့ရပါတယ်။https://www.unicode.today/fonts-download/

၅.Microsoft Office ဖြစ်တဲ့ MS word, powerpoint စတာတွေမှာတော့ဟုတ်ပါပြီ။ အခြား Adobe photoshop တို့ဘာတို့မှာကောသုံးလို့ရသလား?Adobe ရဲ့ နောက်ဆုံး Update ထွက်တဲ့ ကုန်ပစ္စည်းတွေမှာဆိုရင်တော့ မည်သည့်ယူနီကုဒ် ဖောင့်ကိုမဆိုထည့်သုံးလို့ရပါတယ်။ ဒါပေမယ့် ဗားရှင်းအဟောင်းတွေမှာဆိုရင်တော့ Pyidaungsu Book ဆိုတဲ့ ဗားရှင်းကို သုံးရတယ်လို့ဆိုထားပါတယ်။

၆.Pyidaungsu Zawdecode Font ဆိုတာကကောဘာလဲ?စနစ်ကူးပြောင်းရေးကာလတွင် သုံးစွဲသူများကို အဆင်ပြေစေရန် ရည်ရွယ်၍ ယူနီကုဒ်စနစ် အပြည့်အဝမှန်ကန်ပြီး ဇော်ဂျီ စာသားများပါ တတ်နိုင်သလောက် ဖတ်ရှုနိုင်သော အဆင့် ဖြစ်စေရန်အတွက် 30/8/2015 ရက်နေ့တွင် ထုတ်လုပ်ဖြန်ချိခဲ့ပါသည်။ ပြည်ထောင်စုဖောင့် လိုင်စင်အတိုင်း ဖြစ်ပါသည်။(ref : mcf.org.mm)

ဒါပေမယ့် ယခုအချိန်မှာတော့ ဒီအမျိုးအစားဖောင့်ကို မထည့်သွင်းမိဖို့အရေးကြီးပါတယ်။ သုံးစွဲဖူးသော အတွေ့အကြုံများအရ မလိုလားအပ်သော ထပ်မံရှုပ်ထွေးမှုများ ဖြစ်ပေါ်လာတတ်လို့ ဖြစ်ပါတယ်။

၇. ဒါဆိုစက်ထဲကို ဘယ်တစ်ခုကိုသွင်းရမလဲ။ ?မိမိစက်အမျိုးအစားအလိုက် ဖောင့်ကိုရွေးသွင်းပေးရပါတယ်။ Chrome Browser တို့ Mozilla Firefox တို့မှာလည်းဖောင့် ဆက်တင်ကို Pyidaungsu လို့ရွေးလိုက်တာနဲ့ တန်းမြင်နိုင်ပါတယ်။

ရေးသားသူ

Nyein Chan Ko Ko

(Tech for Change, Phandeeyar)

myanmar chatbot

How did I create a chatbot?

I started a chatbot in Chatfuel which is connected with Myanmar First aid FB page. (m.me/myanmarfirstaid).

But it would probably be migrated to My opd page which is more relevant.

I’m going to explain how I created this chatbot

The services  I used.

  1. Chatfuel
  2. Integromat
  3. Google Custom Search
  4. Google Sheets.

  • Basically, Chatfuel serves as a front end to display information to users.
  • Google sheet is the database.
  • Integormat is the medium between chatfuel and Google sheet to transfer data.
  • Google custom search is a separate service which is useful when the information does not exist in the Google sheet. It uses the same user attribute (aka user’s input) and searches in the custom search engine. The Google CSE needs to be prepared by advanced. Not very difficult though, I’m gonna explain details in next session.

Chatfuel

It has blocks and cards. I used automate session to give the users the options.

The bot has different functions.

  1. Depression test (calculation, if statements and showing results)
  2. Blood pressure ( same as depression test, collect user input and show answers with if statements )
  3. Blood glucose ( same as Blood pressure, collect user inputs and show answers with if statements )
  4. Searching for the drug. if the users click on drug search. It will reach to “collect “ block. In which, I set up user attributes card, to store the input users typed in as a variable. Then I called the JSON plugin. So, another work is to go to integromat or other automation services to search data in Google sheet. See more details in Integromat. The search result would be shown inside integromat. So, I don’t specifically need to customize in Chatfuel.
  5. Dictionary. It’s similar to searching drug. But, I used different service ( flowxo). It’s more complicated than integromat. Besides, it stops functioning. So, I’m not gonna explain here.
  6. In order to use Google custom search, I set up a plugin called Google search. I could also use another search engine, such as Bing or swift type search. But, I haven’t tested them yet. After adding Google custom search, I need to add API key and custom search engine ID. There is a link to that services,  you have to follow the guidance and you will get an API key and CSE id. Then, chatfuel will do the next steps.

2. Integromat

Create an account. Then start creating a new scenario. Even though they use different terminology. It’s similar to projects. From the scenarios, you can set up a new workflow. Don’t need to worry too much, check this reference. Because I have to explain very long if want to deep into integromat.

Steps.

  1. Create a webhook, put the link in chatfuel’s JSON plugin as post method. Don’t forget to add user attributes under the address.
  2. Then, you might want to type something from chatbot( don’t forget to show the card you are actually working on, I mean drug search card). Webhook from integromat will recognize the input and start working.
  3. After that, link to google drive account, and select the google sheet you store data.
  4. Choose file, then choose workbook. You need to select which column you wanna find the data. That is the filter section working.
  5. Then, array aggregator comes in, which is to rearrange data from sheet to a new format. You can select which columns you wanna show in the results page. So, can rule out unnecessary columns.
  6. Then, the next step is routing. Which is useful when you want to create results for all possible outcomes. Such as, if there is no data, go to this place and do that. If there is data, show this and do that. Something like that.
  7. From the routing, you can create chatfuel cards, There are messages, user-attributes and redirect to blocks. From the message, you can create text, image, sound etc. To understand the data structure, you need to learn a bit in this link.
  8. If there is no data, I created an option 2 from routing and shows error text then redirect to a new chatfuel block ( which is google custom search). So that, users will be able to see results in google.

3.Google custom search

It is very easy to use. Search from the google custom search and it will give you a link to the website. You need a google account. You can put as many web address as you wish. In my case, I added Myanmar healthcare websites. So, the query will be searched only inside those websites. You can edit site ranking and other options.

https://cse.google.com/cse/all

You will get a search engine id and put it in the chatfuel plugin. Then its’ done.

Time loop

September..2. 2012

Last night, I was working till 4 am.
I was upgrading my phone os to the latest version.
Playing with the gadgets is my hobby. Maybe I have nothing else to do. Since I don’t have any strings to be attached, I don’t need to hang out with my girlfriend.
Sometimes, I wonder how it would be like having a girlfriend. But, I know It can’t happen that easily.
So, the 23-year-old young life is still enjoyable with modern tech things.
Well, I have successfully upgraded the to latest OS version.
The feeling that I solved something and getting a new experience on mobile tech is pretty good.

In this early morning, one of my friend from the hospital came to me and requested help for his phone.
I haven’t washed the face yet when I was testing on his device. It took me an hour to solve. Then, his phone was ok.
On the last weekend of August, I was assigned for the night shift at the central woman hospital.
They were really tough days.
Although I was free the whole day, it’s hard to say that I was being free. Because of sleep deprivation, I was drowsy and never wanted to leave the bed.No matter what I tried to sleep, I couldn’t. That day sleeping made the whole body fatigue and physically tired.
So, I didn’ like it.
I was unhappy. Days were alone .and nights were alone…
No one to care about me………..No one to care about my appetite.Damn! I miss my home. And want to have a girl who can take me out of this lonely life.

But now, I have to spend my boring days on the mobile, and surfing net.
It is a virtual life.
There are many friends in my account…
They look friendly and kind but, virtual friends can’t be like a real one. Sigh.!!

Reading for my blog would be a good habit for me.

Good night. Friends.
Oh. sorry, It’s the” good morning”.
I will treat you all if I have a real girlfriend who cares me in real life.

 

Arthur..

Juvenile Idiopathic Arthritis

ယနေ့က မေလ ၂ရက်နေ့။
ကျွန်တော်ကတော့ ခုထိ နေပြည်တော်မှာပဲရှိနေသေးတယ်။ နာဂစ်ဖြစ်ခဲ့တာ ၁၀နှစ်မြောက်တဲ့နေ့ပေါ့။
မနေ့က သူငယ်ချင်းတွေနဲ့ Peacock မှာ အေးအေးဆေးဆေး တွေ့ပြီးစကားပြောဖြစ်ကြတယ်။
ထွေရာလေးပါးပြောရင်း ရဲမွန်ကို ဝမ်းကွဲညီမလေးတစ်ဦးမှာဖြစ်နေတဲ့ ရောဂါအကြောင်းမေးလိုက်မိတယ်။
ရဲမွန်က လက်ရှိ နေပြည်တော်ကလေး ဆေးရုံမှာဆိုတော့ သူကအဲဒီ case ကို ကြည့်ခဲ့ရသူလေ။

အဲဒီညီမလေးက အသက်၁၀နှစ်ဝန်းကျင်ပဲရှိဦးမယ်။ အမျိုးတွေများလွန်းတဲ့အတွက် အမေကပြောမှ ညီမတော်မှန်းသိတယ်။ မနှစ်က အဖိုးမဆုံးခင် အိမ်ကို လူနာလာကြည့်ရင်းနဲ့ အဲဒီကလေးကိုတွေ့မိတာ။
စသိသိချင်းမှာတော့ သူက ခြေထောက် ကို ဒူးကနေဆန့်လို့မရဘူး။ Lock Knee ဖြစ်နေတယ်။
ဘာကြောင့်လဲဆိုတာကို တော့ မသိခဲ့ဘူး ။ အရိုးဆေးရုံမှာရှိတဲ့သူငယ်ချင်းတွေကို မေးပြီး ဘယ်နေ့ OPD လာပြလို့ရမလဲ စုံစမ်းခဲ့တယ်။ ကလေးအဖေကို လည်း သေချာသွားဖို့မှာခဲ့တယ်။ ဒါပေမယ့်သူတို့မသွားခဲ့ဘူး။
အခု တစ်နှစ်လောက်ကြာတဲ့အခါ ကျမှ သူတို့ဆေးရုံသွားပြတယ်လို့ပြောတယ်။ အရိုးနဲ့ပတ်သက်ပြီးသွားတာဖြစ်ပေမယ့် ဆေးရုံက ကလေးဆေးရုံကိုပြန်လွှဲလိုက်တယ်။ သူ့ဆီမှာ နှလုံးပါကြီးနေတယ်တဲ့။

ဘာဖြစ်မှန်းသေချာသူတို့ကသိပ်မသိကြဘူး။
ရဲမွန်ကိုမေးကြည့်လိုက်တော့ လူကြီးမှာဆိုရင် Rheumatic arthritis , ကလေးမှာဆိုရင် Juvenile idiopathic arthritis လို့ခေါ်တယ်တဲ့ .Immune disease တစ်မျိုးဖြစ်နေတဲ့အတွက် system ပေါင်းစုံကို ထိဖို့များတယ်လို့သူတို့ကပြောတယ်။ ဒူးကပြဿနာကတော့ စဖြစ်ဖြစ်ခြင်းမှာ သိခဲ့ရင် ပြန်ပြင်လို့ရသေးတယ်။အခုအချိန်မှတော့ ပြင်လို့မရတော့ဘူးလို့ဆိုတယ်။

သူတို့က တောင်သူလယ်သမားတွေ၊ ငွေများများစားစားရှိတာလည်းမဟုတ်ဘူး။
ဒီလို Immune ရောဂါကဘာလို့ သူတို့ဆီမှာလာဖြစ်ရလဲလို့ တွေးရင်း စိတ်မကောင်းဖြစ်နေမိတယ်။
ပျောက်ကင်းအောင် ကုသနိုင်တဲ့အရာလည်းမဟုတ်ဘူး။
ထိရောက်တဲ့အကြံဉာဏ်လေး မပေးနိုင်ဘူး။

သူတို့တွေဆီမှာ psychosocial support အများကြီးလိုနေမှာပဲလို့ထင်တယ်။
ဘယ်လိုဝဋ်ကြွေးများလဲ။ ကိုယ့်ကိုယ်ကို အပြစ်မတင်သင့်ဘူးလို့ထင်ပေမယ့် ဘာမှမလုပ်ပေးနိုင်တာကိုတော့ မကျေနပ်ဘူးဖြစ်နေတယ်

 

အာသာ

နာဂစ် ၁၀နှစ်ပြည့်

၂၀၀၈ ခုနှစ်

မေလ ၂ရက်နေ့

အဲဒီနေ့ဟာ မန္တလေးမြို့မှာ မိုးတွေရွာနေတယ်။

နွေရာသီ ပူအိုက်လေ့ရှိလွန်းတဲ့ မေလမို့ မိုးရွာတော့ပျော်တဲ့သူတွေထဲကိုယ်လည်းပါတယ်။

အဆောင်မှာ သူငယ်ချင်းတွေရှိတုန်း ရုတ်တရက်ဆိုသလို ဖုန်းတွေထဲ message တချို့ဝင်လာတယ်။

အဲဒီအချိန်က message ဝင်တာဆိုရင် သူငယ်ချင်းတွေ မိသားစုတွေဆီကပဲ လာလေ့ရှိတာလေ။ခုလို operator တွေဆီက နားညည်းလောက်အောင်လာတာမျိုး မကြုံဖူးသေးဘူး။

အတိအကျတော့ မမှတ်မိပေမယ့်. ဆိုလိုတာကတော့
ဧရာဝတီတိုင်းနဲ့ ရန်ကုန်မြို့တို့မှာ မုန်တိုင်း ဝင်မှာ ဖြစ်တဲ့အတွက် သတိနဲ့နေကြဖို့ အင်္ဂလိပ်လိုရေးသားထားတဲ့ message လေးပါ။
အဲဒီအချိန်က ရန်ကုန် ဖုန်းလို့ခေါ်တဲ့ 5နဲ့စတဲ့ ဖုန်းနံပါတ်တွေမှာ msg ဝင်တယ်။

ဒါပေမယ့် 20နဲ့စတဲ့ ကျနော့် ဖုန်းမှာတော့ မရောက်ဘူး။

ဒါနဲ့ပဲ ခပ်ပေါ့ပေါ့ပဲ။ မုန်တိုင်းဝင်တာများ အထူးအဆန်းလုပ် ပို့နေသေးတယ်ဆိုပြီး ဟာသလုပ်နေကြသေးတယ်။
ဒါပေမယ့် သတင်းတစ်ခု စသယ်လာခဲ့တာ ဘယ်သူလည်းတော့မမှတ်မိတော့ဘူး။

ဧရာဝတီတိုင်းမှာ နာဂစ်ဆိုတဲ့ မုန်တိုင်း ဝင်သွားလို့ လူတွေအများကြီးရေထဲပါကုန်တယ်။
အိမ်တွေ မြုပ်ကုန်တယ်ဆိုတဲ့သတင်းကြားတယ်။
ဆူနာမီဆိုတာလည်း နားထဲ ကြားဖူးနေကြပဲ။
အုန်းပင်ထက်မြင့်တဲ့ လှိုင်းတွေ ဝင်ခဲ့တယ်ဆိုတော့ာ်တော်တော့ စိတ်ပူသွားမိတာပေါ့လေ။

အဲဒီအချိန်ခါက သတင်းကခုခေတ်လို တန်းသိရတာမှမဟုတ်တာ။

တီဗီကကြေညာဖို့ဆိုတာကလည်းဝေး၊ ဂျာနယ်တွေလည်း ဆင်ဆာထိတုန်းရှိသေးတယ်။
အားကိုးရတာက တဆင့်စကားတဆင့်နားနဲ့ကြားတာတွေရယ်။Radio၊ ဂြိုဟ်တုကလာတဲ့သတင်းတွေရယ်ပေါ့။
မိုးတွေရွာနေတာကတော့ မဆဲသေးပါဘူး။

မိုးကာအကျီနဲ့ အနီးဆုံး 78: 33 လမ်းနားလောက်မှာရှိတဲ့ အင်တာနက် ကဖေးကို ဆိုင်ကယ်နဲ့ မောင်းသွားပြီး ဘာတွေဖြစ်နေလဲသိဖို့ကြိုးစားတော့တယ်။

Facebook မပေါ်သေးတဲ့ခေတ်လို့ပဲပြောလို့ရတယ်။
တနာရီ ၄၀၀လောက်ပေးရတဲ့ အင်တာနက်ကို ကြိုးစားဖွင့်ရင်း မီဒီယာ စာမျက်နှာတချို့က english လိုရေးထားတဲ့ သတင်းတွေတက်လာတယ်။
ဒါတောင် ayeyarwaddy နဲ့ irrawaddyဘာ ကွဲမှန်း နားမလည်သေးဘူး။

မြန်မာသတင်းတွေကို ရေးတဲ့ အချို့. မီဒီယာတွေကိုတော့ အစိုးရက ပိတ်ထားလို့ polysolve လို့ခေါ်တဲ့ proxy ကျော်တဲ့ website ကနေတဆင့် သွားကြည့်ရတယ်။

သတင်းတွေအရ သိန်းနဲ့ချီတဲ့လူတွေသေကြတယ်တဲ့။

အင်တာနက်လိုင်း နှေးနှေးကို စိတ်ရှည်ရှည်နဲ့ သုံးလို့ မြင်ရတာတွေက တော့ ရေထဲ ပေါ်လောပေါ်နေတဲ့ အလောင်းတွေ၊ မြင်မြင်သမျှရေတွေ၊ ရန်ကုန်မြို့ကြီး သစ်ပင်တွေကျိုးကျေ ပြီး စုတ်ပြတ်သတ်နေတဲ့ပုံတွေ

အချို့ webpage လေးတွေကို download ဆွဲmemory stick ထဲထည့်။ ပုံတချို့ကို သိမ်းဆည်းနဲ့
အဆောင်ပြန်ရောက်တဲ့အခါ အခန်းထဲက ကွန်ပျူတာမှာ ဘာတွေ ဖြစ်နေလဲဆိုတာပြန် ပြောပြဖို့ ကြိုးစားခဲ့တယ်။

နောက်ရက်တွေရောက်ရင်ကိုပဲ ကျောင်းထဲမှာကော၊ လက်ဖက်ရည်ဆိုင်တွေမှာကော နာဂစ်ဆိုတဲ့ စကားလုံး တွင်တွင်ကျယ်ကျယ် ပြောနေကြ ပြီ။

ကျောင်းက လူမှု ကူညီရေးအဖွဲ့အချို့ကတော့ ဧရာဝတီကို ကယ်ဆယ်ရေးသွားမယ်ဆိုပြီးပြောနေကြတယ်။
ဒါပေမယ့် ကျောင်းက မလွှတ်ဖူးတဲ့။
ဟိုမှာ ဒုက္ခ ရောက်နေကြတယ်။ စားစရာ၊ နေစရာ၊ ကျန်တာအားလုံးခက်ခဲနေတယ်။

ဒီကကျောင်းသားတွေလိုက်သွားရင် အကူ အညီ မဖြစ်တဲ့အပြင် အန္တရာယ်များတယ်။တာဝန်ကြီးတယ်ဆိုတဲ့ အကြောင်းနဲ့ပေါ့။

ဖုန်း Message တွေကနေ နာဂစ်အတွက် တတ်နိုင်သလောက် ကူညီ လှုဒါန်းဖို့ ဆော် သြော တဲ့စာတွေ ဖြန့်ကြတယ်။ကျွန်တော်တောင် ၁၀စောင်လား။ ၁၅ စောင်လား ဖြန့်ခဲ့ဖူး။

အဖြစ်အပျက်က အဲဒီ တစ်ရက်နှစ်ရက်တည်းနဲ့ ပြီးခဲ့တာမဟုတ်ပါဘူး။
အင်တာနက် ဆိုင်ပုံမှန်ရောက်နေခဲ့တဲ့ ကျနော်က အလျင်းသင့်သလို နာဂစ် သတင်းစောင့်ဖတ် နေခဲ့တယ်။သေတဲ့ လူတွေ တဖြည်းဖြည်းများလာနေတယ်။

အကူအညီအတွက် နိုင်ငံတကာက လာမယ်ဆိုတာတွေကြားရတယ်။အမေရိကန်က အကူအညီပေးဖို့ ကယ်ဆယ်ရေးသင်းဘောတွေရောက်နေတယ်။
ပင်လယ်ဝမှာ စောင့်နေတယ်ဆိုတာမျိုးတွေသိရတယ်။ နိုင်ငံတကာက ဟိုဟာတွေလှူ၊ ဒီဟာတွေလှူ ဆိုတာတွေ မြင်ရကြားရတယ်။

အင်တာနက်ဆိုင်တွေ မှာ နိုင်ငံရေးနဲ့မလွတ်ကင်းတာတွေ မလုပ်ရဆိုပြီးစာကြီးကြီးကပ်ထားပေမယ့်
ကိုယ်လိုချင်တာအားလုံး ဆိုင်ရဲ့ local network ထဲမှာ ရှာလို့ရတယ်။

အင်တာနက်ဆိုင်လာ သုံးတဲ့သူတွေက ဆိုင်က ဒေတာတွေ stick နဲ့သယ်သွားသလို
သူတို့ သိစေချင်တဲ့ ဒေတာတွေလည်း ချန်ထားခဲ့တတ်ကြတာလေ။

ဒါကြောင့် video, music, photo, books, အကုန် စက်တွေထဲမှာရှိတယ်။
အင်တာနက်လိုင်းတက်အောင်စောင့်နေရင်း local network ထဲ မွှေ ရင်းကနေ. ဧရာဝတီတိုင်းက video တွေ ပေါ်လာတယ်။

ကင်မရာနဲ့ တယောက်ယောက် ပတ်ရိုက်ထားတာ။
တော်တော်ကို ရှည်တဲ့အဲဒီ video ထဲမှာ ရန်ကုန်မြို့မှာ သွပ်ပြားတွေ၊ စလောင်းဖုန်းတွေ ပလူပျံနေတာလည်းပါတယ်။
ဧရာဝတီတိုင်းမှာ ရေထဲပက်လက်မျောနေတဲ့ လူသေတွေ၊ တိရစ်ဆာန် တွေ လည်းပါတယ်။

ဒီလောက်ထိ ကို ဆိုးဝါးခဲ့တာလား။

သိပ်မကြာခင်မှာ ဂျာနယ် တွေမှာ ရေးလာကြတာကိုတွေ့တယ်။ ဒါပေမယ့် သူတို့ ထဲမှာ ကျနော်တို့ ဖန်သားပြင်ပေါ်က မြင်ရတာမျိုးတွေမပါကြဘူး။

သတင်းအမှောင်ချထားတဲ့ ခေတ်ထဲမှာ….

နာဂစ်ဟာ ကြိုတင်သတိပေးခြင်း၊ အရေးပေါ်ကယ်ဆယ်ခြင်း၊ ဘာမှ မရရှိပဲ လူတွေအမြောက်အများသေကြေ၊ ဘဝတွေ အများကြီးပျက်ခဲ့ရတယ်။

ယနေ့ နေပြည်တော်..

အပြင်မှာမိုး တွေသည်းသည်းမဲမဲရွာနေတယ်။

မုန်တိုင်းခပ်ပြင်းပြင်းတစ်ခုတော့ဝင်နေတယ်ထင်တယ်။

နာဂစ်ဖြစ်တာ ၁၀နှစ်မြောက် တဲ့နေ့မှာ.

ပြောင်းလဲမှုတွေအများကြီးမြင်နေရပြီ။

နာဂစ်က အစပြုခဲ့တဲ့ INGO,NGO,CSO တွေလည်း နိုင်ငံအနှံ့အပြား အများကြီး ဖြစ်နေပြီ။

သတင်းတွေလွတ်လပ်လို့ ဘယ်နားဘာဖြစ်နေလဲ ချက်ချင်းသိရပြီ။

ပြည်သူ့အစိုးရ တစ်ခုလည်း ရှိပြီ။

ဒါ ပေမယ့် ဘာဖြစ်မှန်းတောင်မသိပဲ သေဆုံးခဲ့ရ မိသားစု တွေ ပြိုကွဲ ခဲဲ့ရတာကိုတော့ ကိုယ်တွေ့ကြုံခဲ့ရသူတွေ ဘယ်မေ့နိုင်ပါ့မလဲ။

၁၀နှစ်ပြည့်ပြီဆိုတဲ့ အတွက်.အဲဒီအချိန်က အဖြစ်အပျက်တချို့ကို ပြန်ချရေးလိုက်ပါတယ်။

အာသာ
2.5.2018

သင်္ကြန်နဲ့ ကမ်းခြေ

ကမ်းခြေရောက်နေတုန်း ဒီစာလေးတော့ရေးသင့်တယ်ထင်တယ်။
ရန်ကုန်မှာ ၉လလောက်ကြာပြီးတဲ့နောက် ရခဲ့တာက ပင်ပန်းနွမ်းနယ်မှု စိတ်ရှုပ်ထွေးမှုတွေပဲ။
သင်္ကြန်တွင်းက ရက်ပိုင်းလေးပဲ ပိတ်တယ်ဆိုပေမယ့် တစ်ခုခုတော့လုပ်မယ်လို့ ဆုံးဖြတ်ထားခဲ့တယ်။
ဒါပေမယ့် ဘာအစီအစဉ်မှ မရှိခဲ့ဘူး။
အရှင်းက လွန်ခဲ့တဲ့လလောက်တည်းက သင်္ကြန်ချောင်းသာသွားမယ်ဆိုပြီး ကြိုဟော်တယ်ခတောင်းထားတယ်။
အဲဒါနဲ့ပဲသူ့ကိုငွေပေးလိုက်တယ်။
ဒါကြောင့် နောက်ဆုံး အဲဒီဘက်သွားဖို့အစီအစဉ်ကပဲ တကယ်ဖြစ်လာတော့တယ်။
သင်္ကြန် အကြိုနေ့ညကျ မှသူတို့ကစထွက်လာမှာလေ။
ဒါကြောင့် အဲဒီနေ့တစ်ရက်လုံးက ဘာမှလုပ်စရာမရှိဘူး။
အစကတော့ အိမ်ထဲအောင်းနေတာပဲ။
ဒါပေမယ့် ရန်ကုန် သင်္ကြန်ကို ကြုံဖူးတယ်ရှိအောင်တော့လျှောက်လည်မယ်စိတ်ကူးခဲ့မိတယ်။
တစ်နေ့လုံး အိမ်တွင်းအောင်းနေပေမယ့်. ညနေကျတော့ လမ်းလျှောက်ပြီး ပန်းခြံဘက်သွားကြည့်မယ်လို့စဉ်းစားတယ်။
အိမ်ရှေ့ဝရံတာကကြည့်လိုက်တဲ့အခါ လူတွေကော၊ သင်္ကြန်ကားတွေကော အဲဒီဘက်ကို ဦးတည်ပြီးသွားနေတာတွေ့ရတယ်။
ရေလုံအိတ်လေးထဲ မနေ့တနေ့ကမှ ဝယ်ထားတဲ့ xiaomi note 3 အသစ်လေးကိုထည့်.. လမ်းလျှောက်ထွက်ခဲ့တော့တယ်။
ညနေခင်းနေကလည်းအေးပြီ။. ပထမဆုံးသင်္ကြန်ရေ စဆိုသွားတဲ့အချိန်ကျတော့ လူကပျော်ရွှင်စိတ်လေးတွေနည်းနည်းဝင်လာတယ်။
တစ်ယောက်တည်းတော့မသွားချင်လို့. အလုပ်ထဲက အစ်ကိုတစ်ယောက်ကို လှမ်းခေါ်လိုက်တယ်။
သူက အဲဒီနားမှာပဲနေတာလေ။
ဆူးလေဘုရားနား၊ မြို့တော်ခန်းမရှေ့ရောက်တဲ့အခါကျတော့…လူအုပ်ကြီးတွေ့တယ်။
ဓာတ်ပုံလည်းရိုက် ၊ရေလည်းအစိုခံရင်းနဲ့… ပထမဆုံးရန်ကုန် သင်္ကြန်ကို စလေ့လာမိတော့တယ်။
ပုံမှန်ဆို ကားတွေနဲ့ပြည့်ညှပ်နေတဲ့ နေရာတွေက အခုတော့ လူတွေနဲ့ ပြည့်နေတယ်လေ။

Mahabandula Park Thingyan 2018

2018 Yangon Thingyan, Mahabandula Park Thingyan

လမ်းလျှောက်သင်္ကြန်ဆိုတာကိုလည်း ပန်းခြံလမ်းထဲမှာလုပ်ထားတယ်။
အဲဒီ မုဒ်ဉ်ိးရှေ့မှာ ဓာတ်ပုံရိုက်ခဲ့တယ်။
ပျော်နေကြတဲ့ လူတွေ၊ ဓာတ်ပုံလည်းရိုက်၊ ဟိုကြည့်ဒီကြည့်နဲ့.. ကုန်သည်လမ်းပေါ်ရောက်လာတော့တယ်။
အဲဒီနားမှာလည်း ဂျစ်ကားနဲ့ လည်နေကြသူတစ်ချို့တွေ့တယ်၊
နောက်တော့ပန်းဆိုးတန်းဘက်ကနေ.. ခန်းမရှေ့ ပြန်လျှောက်လာခဲ့တယ်။
အခုတော့ ညနေ ၆နာရီထိုးပြီဖြစ်လို့ ရေကပိတ်သွားပြီ။

2018_yangon_thingyan_photoby_Nyein_Chan_Ko_KO

2018 Thingyan in Yangon , pansodan

ခဏလေးလည်လိုက်ရပေမယ့် ကျေနပ်ပြီးပျော်တယ်။
ချောင်းသာကိုစထွက်မယ့်နေပြည်တော်ကသူငယ်ချင်းတွေက မနက်၃နာရီလောက်မှရောက်မှာ။
မနက်ခင်းအစောကြီးထပြီး. သမိုင်းလမ်းဆုံမှာသွားစောင့်နေရတယ်။
မနက်ခင်းစောစောစီးစီးကားမောင်းရတဲ့အရသာအရမ်းမိုက်တယ်။
နေထွက်ခါစအချိန်မှာကိုယ်က ကားလေးမောင်းရင်းမြူတွေနဲ့ လမ်းလေးကို ဖြတ်နေတယ်။
ဖွင့်ထားတဲ့သီချင်းတွေကလည်း. လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က သီချင်းတွေ၊
မသိရင် time machine နဲ့. ၂၀၀၇ခုနှစ် ပထမဆုံးချောင်းသာသွားတဲ့အချိန်ကို ပြန်ရောက်သွားသလိုပဲ။
ပုသိမ်စရောက်တယ်ဆိုရင်ပဲ ကားတွေက ရှုပ်လာပြီ။
သင်္ကြန်လည်တဲ့ကားတွေကော၊ခရီးသွားတဲ့သူတွေကော။
ချောင်းသာကို ၁၁နာရီလောက်မှာရောက်တယ်။
ဒါပေမယ့် ချောင်းသာမှာနေတာတော့မဟုတ်ဘူး။
သင်္ကြန်တွင်းအဲဒီမှာနေဖို့လည်းမဖြစ်နိုင်ဘူးလေ။
လူတွေကြိတ်ကြိတ်တိုးပွဲတော်ကြီးဖြစ်နေတာ။
နေမယ့်နေရာက သူနဲ့ကပ်လျက် ဖိုးကုလားကျွန်းပေါ်က coral view resort ဆိုတဲ့ ဟော်တယ်။
စရောက်ရောက်ချင်းကတော့ စိတ်ညစ်သွားတယ်။
ဘုတ်နဲ့ လာကြိုတဲ့နေရာကလည်း အမှိုက်ပုံမှာ။
ရောက်တော့လည်း ပေးရတာနဲ့ မတန်ဘူးလို့ခံစားမိနေတယ်။
ဟိုတယ်က အကောင်းစားကြိ်းမဟုတ်။
ဝန်ထမ်းတွေက သေချာtrainထားတာမဟုတ်။
ကမ်းခြေက သေးသေးလေး။
အမှိုက်တွေနဲ့ပွနေတာ။
စရောက်ရောက်ချင်းတနေ့လုံးနေကလည်းမပွင့်တော့.. ပင်လယ်က မလှဘူး။
ဒါပေမယ့် စိတ်ထဲမှာတော့ အရမ်းကြီး တော့ ပြဿနာမဖြစ်မိဘူး။
ဘယ်လိုပဲ ဖြစ်ဖြစ် အသေးအဖွား ပြဿနာလေးတွေနဲ့ စိတ်ကို ရှုပ်အောင်မလုပ်တော့ဘူးလို့ဆုံးဖြတ်ထားတယ်။
ဒါကြောင့် ဘာတွေကကောင်းလဲလိုက်ကြည့်တယ်။
ပင်လယ်ဘက်အခြမး်ကိုမျက်နှာမူပြီး ဆောက်ထားတာကြောင့် တစ်ချိန်လုံးပငိလယ်ကြီးကိုအပေါ်စီးက မြင်နေရတယ်။
Tony stack ရဲ့ ကမ်းပါးပေါ်က အိမ်အတိုင်းပဲ။
ဘန်ဂလိုလေးတွေက သစ်လုံးအိမ်လေးတွေ။
ညနေ ကျတော့ ရေထဲဆင်းကြတယ်။
မနက်ကတက်နေတဲ့ရေတွေပြန်ကျသွားတာကိုမြင်ရတယ်။
ကျောက်ဆောင်တွေပေါ်လာတယ်။
ဘောလုံးကန်ကြ၊ ရေထဲဆင်းကြ၊ ကျောက်ဆောင်တွေကြားသွားကြည့်ကြနဲ့ပေါ့။
ဒါပေမယ့် နေကတော့ မမြင်ရသေးဘူး။
နေဝင်ချိန်လေးမှာ တော့ တစွန်းတစမြင်လိုက်ရတာလေးရှိတယ်။
စားလိုက်၊ရေထဲဆင်းလိုက်၊အိပ်လိုက်နဲ့ပဲ ကောင်းကောင်းအနားယူထားတယ်။
ပြီးရင် ရန်ကုန်ပြန် အလုပ်လုပ်ရမှာဆိုတော့လေ။
အခုခရီးမှာတော့ ဘာဖြစ်ဖြစ်
ကိုယ်လုပ်ချင်မှလုပ်တယ်
မလုပ်ချင်ရင်မလုပ်ဘူး။
Vacation လာတယ်ဆိုတာ.ကိုယ့်ကိုယ်ကိုစိတ်ချမ်းသာအောင်ထားရတာလေ။
နောက်တစ်ရက်ကျတော့.ပိုအခြေအနေကောင်းလာပြီ။
နေကတော့ပြင်းတယ်။
ဒါပေမယ့် ပင်လယ်က အရမ်းလှတယ်။
ချောင်းသာဘက်မှာလိုလူတွေ အုံနေတာမရှိဘူး။
လုံးဝသီးသန့် နေရာလေးတစ်ခုလိုပဲ။

IMG_20180415_104338

Coral View Resort,Chaungthar

နောက်တစ်ခုသဘောကျတာကတော့ ဟိုတ
်က ခွေးလေးပဲ။
ဒေါက်တိုလို့ခေါ်တယ်။
သူက ကိုယ်တွေဘောလုံးဆော့နေတုန်းကလည်းလိုက်ဆော့တယ်။
ဘောလုံးရေထဲ ကျသွားတာကို ရေကူးပြီးမရမက လိုက်ဆယ်တယ်။
လူတွေနဲ့ ကောင်းကောင်းရင်းနှီးပြီး ကစားတတ်တယ်။
လူချစ်လူခင်အရမ်းများမယ့်ကောင်လေး.
Google ကတော့ austrian terera ဆိုပြီးပြောတယ်။
နောက်တစ်ခုကတော့အိပ်ရာကနိုးနိုးချင်း ပင်လယ်ကြီးကို မြငိနေရတာကိုသဘောကျတာ။
ရေကူးကန်လည်းမဆိုးပါဘူး။
အဝတ်မချွတ်ပဲရေထဲဆင်းတဲ့သူတွေသာမရှိရင်တော်တော်ကောင်းမှာ။
ရေကူးကန်နဲ့ ပင်လယ်နဲ့တဆက်တည်းလိုဖြစ်အောင်ဆောက်ထားတယ်။
ရေကူးနေရတာပင်လယ်ထဲကူးနေရသလိုခံစားရစေတယ်။
ဒီနေ့ဆိုအတက်နေ့ရောက်ပြီ။
သင်္ကြန်ရေကောင်းကောင်းမစိုပေမယ့်.သဘောကျတယ်။
ကျေနပ်တယ်။.
လူတွေနဲ့ဝေးတဲ့ဒီနေရာမှာလာနေရတာ တော်တော် အပန်းပြေပါတယ်။

ဆယ်လမွန်

ရန်ကုန်ဟာ ထိန်ပင် အမှိုက်ပုံက မီးခိုးငွေ့တွေကြားထဲ မှာ ရှင်သန်နေတယ်။ ပူအိုက်ပြီး အမြဲတမ်းထွက်နေတဲ့ ချွေးတွေနဲ့ နေပူထဲသွားရတာဟာ ပင်ပန်းလွန်းတယ်။ ညဘက်တွေ aircon ကြောင့်အအေးမိ၊ နေ့လည်ကျတော့ ချွေးကြောင့်ပြန်ပူ၊ ဒီလိုနဲ့ ကျန်းမာရေးယိုယွင်းလာတာကြောင့် အိမ်ပြန်မယ်လို့ဆုံးဖြတ်လိုက်တယ်။
သောကြနေ့မနက် ၈နာရီကားနဲ့နေပြည်တော်ကိုပြန်လာတယ်။
ပိတ်ရက်တွေဆက်တဲ့အတွက် ၄ရက်လောက်တော့ နားလို့ရမယ်ထင်တယ်။
မနက်စောစောစီးစီးရန်ကုန်မြို့ကခွာလာရတာလည်း တစ်မျိုးကောင်းတယ်။ လမ်းပေါ်မှာကားတွေသိပ်မရှိဘူး။ လတ်ဆတ်တဲ့လေနဲ့ လေးကို ဖွင့်ထားတဲ့ ကားပြုတင်းတံခါးကနေရတယ်။
မနက်၈နာရီမထိုးခင်မှာပဲ JJ ကားဂိတ်ကိုရောက်သွားခဲ့တယ်။
ကားကတော့အချိန်မှန်ပဲကွက်တိထွက်ပါတယ်။ မနက်ခင်းကားဖြစ်တဲ့အတွက်ကြောင့် ကောင်းကောင်းအိပ်လို့မရဘူး။ တဖြည်းဖြည်းနဲ့အလင်းရောင်ကပိုစူးလာတယ်။
ပတ်ဝန်းကျင်တစ်ခုလုံးကိုမေ့ပစ်ပြီး စိတ်ချလက်ချအနားယူတော့တယ်။
တစ်ရေးမှမအိပ်လို့ပဲလားမသိဘူး။
ရန်ကုန်နဲ့ ဖြူး ကိုတောင် တော်တော်ကြာတယ်ထင်နေမိတယ်။
ယာဉ်ရပ်နားစခန်းရောက်တော့ ထုံးစံအတိုင်း Feel ကိုပဲဝင်ဖြစ်တာပေါ့။
အဲဒီမှာ ပုံမှန်ဆို ဗမာထမင်းကြော်လေးပဲစားနေကြ၊ အလွန်ဆုံးကျ ၁၅၀၀ပေါ့၊
ဒီတစ်ခါတော့ အဲဒါမရှိတော့ဘူးဆိုတာနဲ့ အခြားတစ်မျိုးမှာလိုက်ရတယ်။
ငွေရှင်းတဲ့အခါကျတော့ မှ ၃၅၀၀ ဆိုတော့ ၊ စိတ်ထဲမှာ ဘုရားဘုရားဆိုပြီးတမိသွားတယ်။
ကိုယ်ရှာထားတဲ့ငွေလေးတွေ အလဟာသ ကုန်သွားတာကိုနှမြောတာလေ။
နေပြည်တော်ကိုဆက်မောင်းလာခဲ့တယ်. ။ ဝင်ခါနီးမှာတော့ မုန်တိုင်းနဲ့တိုးတယ်။
လေကလည်းကြမ်း၊ မိုးကလည်းသည်းချက်ပဲ၊
ပတ်ဝန်းကျင်ကိုတောင် ကောင်းကောင်းမမြင်ရဘူး။

ဒါပေမယ့် တကယ်နေပြည်တော်ရောက်တော့ မိုးအုံ့ရုံလေးပဲရှိတော့တယ်။
နေပြည်တော်အဝင်လမ်းက ပန်းတွေနဲ့ကြိုနေတယ်။
မြို့စတည်ကတည်းက စိုက်ခဲ့တဲ့ပန်းတွေက အခုဆိုကောင်းကောင်းပွင့်နေပြီလေ။
ပိတောက်တွေပွင့်နေတာလည်းတွေ့တယ်၊ ပြီးတော့ ငုဝါ၊ စိန်ပန်း၊
ချယ်ရီနဲ့တူတဲ့ ငုစပ်တွေလည်းတွေ့တယ်။
တကယ့်ချယ်ရီအစစ်တွေလည်းရှိတယ်။ ဂျပန်မြန်မာ ချစ်ကြည်ရေးအနေနဲ့ Genetic enginerring လုပ်ထားတဲ့ ချယ်ရီတွေကို နေပြည်တော်ပို့ထားတာတဲ့။
ကြာပန်းအဝိုင်းနားမှာ လောလောဆယ်အပင် တစ်ထောင်လောက်ရှိတယ်ပြောကြတယ်။

အရင်ကဆို မြို့မဈေးမှာဆင်းနေကြလေ၊
အခုတော့ ဘောဂသီရီကားဝင်းမှာအဖေက စောင့်နေတယ်။
သူကားပြင်နေတာမိုလို့တဲ့ ၊ တစ်ခါတည်း ကားဝင်းမှာပဲစောင့်နေတော့မယ်ပြောတယ်။
ဘောဂသီရီကားဝင်းက အဝေးပြေးယာဉ်ရပ်နားစခန်းလဲဟုတ်တယ်။
တော်ဝင်ကားတွေ နားတဲ့နေရာလည်းဟုတ်တယ်။
နောက်ပြီး ဝပ်ရှော့တွေအားလုံး စုထားတဲ့ နေရာလည်းဟုတ်တယ်။
ယခင် ကျောင်းတက်တုန်းကတော့ အဲဒီကားဝင်းမှာပဲ စားသောက်ဆိုင်ခန်းတစ်ခု ရခဲ့သေးတယ်။
တစ်နှစ်ကျော်လောက်လုပ်ပြီး ပြန်ရောင်းလိုက်ပြီ။
အခုတော့မရှိတော့ဘူးလေ၊

နောက်တော့ ကားဝင်းကနေ ပျဉ်းမနားအိမ်ကိုသွားတယ်။
ပျဉ်းမနားမှာ အမေကစောင့်နေတယ်။
မနက်ဖြန် အဖိုးဆုံးတာတစ်နှစ်ပြည့်တဲ့အနေနဲ့ နှစ်လည်ဆွမ်းကပ်မလို့အလုပ်နည်းနည်းရှုပ်နေကြတာ၊
မြန်မာထုံးတမ်းက တော့ထူးဆန်းတယ်။ အုတ်ဂူတွေဘာတွေဆီသွားပြီးကန်တော့တာမျိုးမလုပ်ကြဘူး။
အိမ်မှာပဲ ဆုံးသွားတဲ့သူအတွက်ရည်စူးပြီး ကုသိုလ်ကောင်းမှုပြုကြတယ်။
ဝမ်းကွဲအစ်မရဲ့သမီးလေးတောင် စကားပြောတတ်တဲ့အရွယ်ရောက်နေပြီ၊
သူက ငါ့ကို ကောင်းကောင်းမမှတ်မိဘူး။ ဦးဦးဆိုပြီးတော့တခွန်းတော့ပြောတတ်တယ်။

 

အဲဒီနောက်တော့ ပျဉ်းမနားကနေ ဥတ္တရသီရိမြို့ကိုပြန်လာခဲ့တယ်။ ဒီမှာလည်း လေတိုက်မိုးရွာထားပုံရတယ်။ နေပြည်တော်မှာတော့အရင်လိုပဲလမ်းတွေက ရှင်းဆဲပါ။
ရှုပ်ရှက်ခက်နေတဲ့ရန်ကုန်နဲ့ ယှဉ်ရင်တော့ အရမ်းသာယာနေသလိုပဲ။

မိုးရွာ,မီးပျက်တာကလည်း ဒီမှာလည်းဖြစ်တယ်။
ဒါပေမယ့်ဖြစ်တောင့်ဖြစ်ခဲပါ။ သစ်ပင်တွေကျိုးကျလို့ဆိုလား။ မီးခဏဖြတ်ထားတယ်။

 

စနေနေ့

မနက်ခင်း၆နာရီလောက် အဖိုးနေခဲ့တဲ့ လယ်ထဲကအိမ်ကိုသွားမယ်ပြောတဲ့အတွက် စောစောနိုးနေတယ်။
ရင်ထဲမှာတစ်မျိုးပဲ၊လွန်ခဲ့တဲ့ နှစ်က အဖြစ်အပျက်တွေပြန်တွေးမိပြီးစိတ်မကောင်းဖြစ်နေရတယ်။
လက်ထဲမှာ ဆုံးခဲ့တဲ့ အဖိုးကိုသနားနေမိတယ်။ မနက်စောစော မြို့အရေှ့ဘက်မှာရှိတဲ့ရွာကိုသွားတယ်။
အဖိုးနေတဲ့နေရာကို အလွယ်တကူသိနိုင်တာကတော့ တောင်တွေပဲ၊
မြို့ရဲ့အရေှ့ဘက်ကိုကြည့်လိုက်ရင် မြင်နေရတဲ့တောင်တန်းတွေအောက်မှာ အဖိုးရဲ့လယ်တွေရှိတယ်။
ငယ်ငယ်ကတော့ အဲဒီတောင်တွေဆီကို သွားချင်တယ်ဆိုတဲ့စိတ်ကူးမကြာမကြာဖြစ်ဖူးတယ်။
ဒါပေမယ့် အဲဒီနေရာက အဖိုးတို့နေတဲ့နေရာဆိုတာမသိခဲ့ဘူး။
ကားလေးကနည်းနည်းနိမ့်တဲ့အတွက် လမ်းကြမ်းကိုဖြေးဖြေးမောင်းရတယ်။
လမ်းကခင်ထားတာမကြာသေးပေမယ့် စံနှုန်းမပြည့်တာကော ဖြတ်သွားဖြတ်လာယာဉ်တွေမှာ သံဘီးတပ်ယာဉ်တွေပါတာကောကြောင့် မြန်မြန်ဆန်ဆန်ပဲ ပျက်သွားတယ်။

ရွာမရောက်ခင် တစ်နေရာမှာ နှမ်းတောဆိုပြီး ရှိသေးတယ်။ အဲဒါ အဖေ့ကို မွေးခဲ့တဲ့နေရာတဲ့။
အဲဒီနားက လမ်းမကြီးပေါ်မှာ အမွေရထားတယ်ဆိုတဲ့ လယ်လေးတစ်ကွက်ရှိသေးတယ်။ အဲဒီလမ်းစည်ကားလာရင်ကောင်းမှာပဲလို့စဉ်းစားနေမိတယ်။
သွားနေစဉ်စ စ်တောင်းမြစ်ကို ဖြတ်ရတယ်။ မြစ်က အရမ်းမကျယ်ပေမယ့် ရေရှိတယ်။ စီးဆင်းနေလို့ တော်တော်လှတယ်။
အဲဒီရေတွေကို အဝေရာဆည်ထဲကိုပို့ ပြီးတော့မှာ အနီးအနားကလယ်တွေဆီကိုပြန်ဖြန့်တယ်။
မြောင်းတွေထဲမှာ စီးနေတဲ့ရေက ကြည်လင်နေပြီး အေးမယ့်ပုံပေါ်တယ်။

စိုက်ပျိုးရေးအကြောင်းဘာမှမသိလို့ မပြောတတ်ပေမယ့် နေရာကတော့ တော်တော်သာယာတယ်။

နောက်ဆုံးတစ်ခေါက်ရောက်တာ အဖိုးမဆုံးခင်ကပေါ့၊ အခုတော့သူမရှိတော့ဘူး။
ညီမအငယ်ဆုံးတစ်ယောက်ကိုအဖိုးကထားခဲ့တယ်။ ကျွန်တော်တို့ရဲ့ဖွားလေးပေါ့။ ဖွားပုလို့ခေါ်တယ်.။
သူကမြွေအရမ်းကြောက်တယ်။ ငယ်ငယ်ကဆို ကျွန်တော်ကဆိုးတယ်။ သူ့ကိုစဖို့အတွက်
မြွေရုပ်တွဝယ်ပြီး လိုက်တို့တာ။
အခုတော့ မြွေကြောက်တာက ကျွန်တော်ကိုယ်တိုင်ဖြစ်နေပြီ။

 

ဘုန်းကြီးတွေပင့် ဆွမ်းကပ် တရားနာပြီးတော့ နေ့လည်ကျတော့ပြန်လာခဲ့ကြတယ်။

အပြန်မှာ နှမ်းတော့က အဖေ့ရဲ့ ကြီးတော် ဆိုဝင်သေးတယ်။ သူက ကျွန်တော့်နောက်ထပ်အဖွားပေါ့။
နားကလုံးဝမကြားတော့ဘူး။ ဒါပေမယ့် ခုထိသွားနိုင်လာနိုင်တယ်။ မြေးတွေလာရင် ပျော်တုန်းပဲ။
အိမ်မှာသူ မြေးပုံတွေကပ်ထားတယ်။ ကျွန်တော် ဘွဲ့ရတုန်းကပုံတွေရောပဲ။
သူ့ဆီသွားလည်တော့ တဟေးဟေးနဲ့ ပျော်နေတာ။ ရှိတာတွေချကျွေးတယ် ။
ကိုယ်ကတော့ မစားနိုင်တော့ဘူး။
ဓာတ်ပုံတေွရိုက်ခဲ့သေးတယ်။ တနည်းနည်းနဲ့တော့ print ထုတ်ပေးရမယ်။

နေပြည်တော်မှာနေတုန်း အိမ်ကချက်ကျွေးတာတွေစားတယ်။
Facebookမတက်ဘူး။ အဲဒီစိတ်ညစ်စရာ တွေ ကြွားဝါတာတွေလိုက်မဖတ်မိအောင်နေတယ်။
အပြင်မှာပဲစာအုပ်ဖတ်တယ်. စကားပြောတယ်။
သူငယ်ချင်းတွေနဲ့တွေ့တယ်။
တကယ်ဆို ဒီလိုပဲနေချင်တယ်။ ဟန်ဆောင်ပြီးမနေချင်ဘူး။
အပိုမသုံးမဖြုန်းချင်ဘူး။ စကားမပြောချင်ဘူး
ကိုယ်ကောင်းမယ်ထင်တာတွေလုပ်နေချင်တယ်။

ကိုယ့်ရဲ့type က ရန်ကုန်နဲ့မအပ်စပ်ဖြစ်နေတယ်။ ရန်ကုန်က introvert လူမျိုးတွေအတွက် နေရာသိပ်မရှိဘူးလေ။

 

ဧပြီလ ၃၀ ရက် ၂၀၁၈ ခုနှစ်

 

ရန်ကုန် ပိတောက်

မနက် ခင်း ၉နာရီထိုးပြီဖြစ်ပေမယ့် နေမမြင်ရဘူး။
မိုးသားမိုးရိပ်တွေ ကောင်းကင်မှာ လွှမ်းမိုးနေတယ်။
သင်္ကြန်မိုးလေးများရွာဦးမလား။
မနက်ခင်းနိုးပြီး အိမ်ရှေ့ ဝါးရံတာ မှာ ကော်ဖီတစ်ခွက်နဲ့ထိုင်နေမိတယ်။
စိတ်တွေက ဟိုးမန္တလေးက အိမ်လေးကိုသတိရမိတယ်။
အဲဒီအိမ်မှာလည်း ခုလိုပဲ အိမ်ရှေ့မှာ ပိတောက်ပင်ရှိတယ်လေ။
ကျွန်တော်သစ်ပင်တွေကို ချစ်တယ်။
အိမ်နားမှာ သစ်ပင်ရှိနေမှ ကျေနပ်တယ်။

ပိတောက်ပင်မှာ အဖူးလေးတွေဖူးနေပြီ။ ပိတောက်ပွင့်တဲ့အခါကျရင် ဝရံတာကနေ လှမ်းခူးရင်တောင်ရတယ်။
ဘယ်သူ့ပေးရပါ့မလဲတောင်မသိ။
😀
ကျွန်တော်လည်း settle ကျချင်ပြီ

 

ဧပြီလ ၃ရက် ၂၀၁၈

Padauk at night ,Photo By Nyein_Chan_Ko_Ko

First Padauk Blossoming at Night in Yangon, 2018 April

2018 January

တစ်နေ့ တစ်နေ့ လုပ်တော့လုပ်နေတာပဲ.
ဒါပေမယ့်.. အလုပ်ပြီးတယ်လို့မခံစားရဘူး။အဓိက လုပ်ရမည့်အလုပ်တေွဟာ မပြီးစီးနိုင်ဘဲ ဗာရီဟ အလုပ်တေွနဲ့ပြည့်နေတယ်။
အစားအသောက် ဘာစားရမလဲစဉ်းစားရတာမျိုး။​အိမ်မှာ လုပ်စားတော့လည်း ပန်းကန်ခွက်ယောက်ဆေးရတာမျိုးကော။ ပြီးရင် ဝတ်ထားတဲ့အဝတ်တေွ လျှော်ဖွတ်နေလှမ်း မီးပူတိုက်ဖို့ တေွကော။
တကယ်တော့ မီးပူတောင် မတိုက်ပါဘူး။ ဒီတိုင်းပဲ ပြန်ဝတ်တာများနေတာ။
ခဏခဏ ဖုန်တက်တဲ့ အခန်းလေးကို ဖုန်ခဏခဏ သုတ်ရတာလည်းရှိသေးတယ်။
ဒီလိုမျိုးတေွပါပဲ။

ဒီ လထဲမှာတော့ မနှစ်ကနဲ့မတူတဲ့ပုံစံတစ်မျိုးနဲ့ နေနိုင်အောင် ကြိုးစားကြည့်တယ်။
ကျန်းမာရေးအတွက်ကော body fitness အတွက် gym သွားတာ ၁၃ ရက်ရှိပြီ။​
အစပိုင်းကတော့ ကိုယ်လက်တေွနာတာပေါ့ ။
အောက်ပိုင်းထိုင်တဲ့နေ့ကဆိုရင် ခြေတောင် ကောင်းကောင်းမလှမ်းနိုင်ဘူး။
နှစ်ရက် ၃ရက်လောက်လည်း နေရော အဆင်ပြေသွားပါတယ်၊
ကောင်းတာကတော့ လူက လန်းဆန်းလာတယ်။ စကားပြောရာမှာ အရင်ကထက် ပိုသွက်လာသလိုပဲ လို့ခံစားမိတယ်၊
endophin တွေရိုက်ခတ်တာလည်း ဖြစ်မှာပေါ့။
စုဆောင်းထားတာလေးတွေ အကြောင်းအမျိုးမျိုးနဲ့ တဖြည်းဖြည်းပါးလာတာကို မြင်ရတာ မပျော်ဘူး။
ရန်ကုန်ရောက်တည်းက အကုန်အကျအရမ်းများတယ်။ ဒါကြောင့် အစားအသောက်ကိုလည်းချွေတာနေပြီ။ ညဘက်တွေလည်းမထွက်တော့ဘူး။
ဒါကြောင့်အရင်က တစ်ရက်တစ်သောင်းထက်မနည်းကုန်တဲ့ငွေကို ၅၀၀၀အောက် ရောက်အောင် ထိန်းချုပ်လိုက်နိုင်တယ်။ တက္ကစီကို မစီးတော့ဘူး။ လိုင်းကားပဲအဓိကထားစီးတယ်။
ဈေးကြီးတဲ့ဆိုင်တွေမစားဘူး။ အိမ်မှာ အပြည့်အစုံဝယ်ထားလိုက်တယ်။ တစ်ခါတစ်လေအိမ်မှာပဲ ခေါက်ဆွဲပြုတ််ကိုအသီးအရွက်တွေထည့်ပြီး ပြုတ်စားလိုက်တယ်။
အလုပ်ကပြန်လာရင် လမ်းမှာဟင်းရောင်းတဲ့ ဆိုင်တွေရှိတယ်။ အဲဒီက ထမင်းနဲ့ ဟင်းတစ်မျိုးဝယ်လိုက်ရင် ၁၀၀၀ လောက်ပဲကျမယ်။
အိမ်ရောက်မှ ဖွယ်ဖွယ်ရာရာဖြစ်အောင် အခြားဟာတွေထည့်စားတော့မယ်။

 

အိမ်ကိုလည််းဖုန်းမဆက်ဖြစ်တာကြာပြီ။
နေကောင်းကြရဲ့လားမသိဘူး။
FACEBOOK ပေါမှာတော့ ဘယ်လိုသတင်းတွေမှန်းလည်းမသိဘူး။
စိတ်ညစ်စရာတွေပဲမြင်နေရသလိုပဲ၊
လမ်းပေါ်မှာ ဖရဲသီးဗန်းမှောက်မှောက်ပြီး လူတွေသနားအောင်လုပ်ပြီး ပိုက်ဆံယူတတ်တဲ့ ကောင်လေးတစ်ယောက် သူ့အိမ်မှာ သတ်သေသွားတယ်ဆိုတာကို ကြားရတယ်။
လူတွေက အဲဒီအပေါ်မှာ လူလိမ်ဆိုပြီး ရှုပ်ချတဲ့အဖွဲ့က တစ်ဖွဲ့.. သေသွားတဲ့ကောင်လေးကို သနားတဲ့ သူတွေကတစ်ဖွဲ့၊
FDA မှာ အလုပ်လုပ်တဲ့အမျိုးသမီးတစ်ဦး သူ့မိဘရှိတဲ့ရန်ကုန်ကို ပြန်လာခိုက်မှာ တက္ကစီသမားက သတ် ၊ မုဒိန်းကျင့်ပြီး မြောင်းထဲပစ်ထားခဲ့တဲ့အကြောင်းကတစ်ခု။
ဘယ်လိုလူတွေများရက်ရက်စက်စက်လုပ်ရက်လဲဆိုတာကို မစဉ်းစားနိုင်ဘူး။
လူတွေက အမျိုးမျိုးထင်မြင်ချက်တွေပေးကြတယ်။ အမျိုးသမီးများ တစ်ယောက်တည်းကားစီးရင် ဘယ်လိုအန္တရာယ်တွေရှောင်ရမယ် ဆိုပြီးရေးကြ ဖြန့်ဝေကြတယ်။
အဲဒါတွေ မြင်တိုင်းကြားတိုင်း အဖြစ်ဆိုးနဲ့ကြုံခဲ့တဲ့အဲဒီ အမျိုးသမီးငယ်ရယ်။
သူ့သမီးအကြောင်းကို ပြောပြီး ကျန်ရစ်ခဲ့မယ့် သူ့မိဘ အသိုင်းအဝိုင်းရယ်ကို သွားမြင်တယ်။
သူတို့ ဘယ်လိုနား ၊ ဘယ်လိုမျက်စိနဲ့ ဒီအကြောင်းတွေကို ဖတ်နိုင် နားထောင် နိုင်ကြပါ့မလဲ။
ခဏခဏ အသည်းကို ဓားနဲ့ဆွသလိုဖြစ်နေမှာပေါ့။

နိုင်ငံရေး အနေနဲ့ လည်း မကောင်းလှ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အဝါတွေက နိုင်ငံတကာမှာကျနေတယ်။ အဓိကကတော့ ရခိုင်ကိစ္စကြောင့်ပေါ့။
ကျွန်တော်ကိုယ်တိုင်လည်း ဘာဖြစ်ချင်နေမှန်းမသိတော့ဘူး။
ကိုယ်လုပ်ကိုလုပ်ရမှာတွေကို မထိ မကိုင်နိုင်ပြန်ဘူး။
အလုပ်stress များလှတယ်လို့တော့မဟုတ်ပေမယ့် .. နည်းတော့လည်းမနည်းဘူး။
ဒါပေမယ့် အခြားဝင်ငွေမရှိ၊ လောက်ငှရုံလေးရှိတဲ့ အခြေအနေကို စိတ်ညစ်နေတယ်။
လုပ်မယ်ကြံရွယ်ထားတဲ့ project တွေ ဖြစ်မလာတော့ဘူး။
လုပ်ပြီးသွားတဲ့ project တွေကလည်း ဒီလိုကြီးပဲ မအောင်မမြင်ဖြစ်နေတယ်။
ပေးဆပ်လိုက်ရတဲ့ အချိန်တွေ ခွန်အားတွေက ဒီလိုပဲ အချည်းနှီးဖြစ်သွားမှာလားလို့ တွေးနေမိတယ်။

အချစ်ရေးလားစမ်းတဝါးဝါးမသေချာ…
မပြောင်းမလဲ အရင်အတိုင်းပါပဲ..
FA တွေအများကြီးရှိတဲ့ Group ထဲမှာတောင် နောက်ဆုံးလက်ကျန် ဆိုလို့ ကိုယ်ရယ်ကိုယ့်ထက် ၅နှစ်လောက်ကြီးတဲ့ FA ဘိုးအေးကြီးတစ်ယောက်ရယ်ပဲရှိတော့မယ်။
ဒါပေမယ့် သူက အလုပ်အကိုင်၊ စီးပွားရေး အားလုံးပြည့်စုံနေပြီလေ။
ကိုယ်ပဲ အရာအားလုံး အစမှာပဲရှိသေးတာ..

စိတ်ဓာတ်ခဏခဏ မကျပါဘူးလို့ ကိုယ့်ကိုယ်ကို သတိပေးထားတယ်။
အကောင်းတွေတွေးပြီး ဖြစ်ချင်တဲ့နေရာရောက်အောင် သွားပါ့မယ်လို့သတိပေးထားတယ်။
ခန္ဓာကိုယ်ထဲမှာ ပုန်းအောင်းနေတဲ့ demon တွေကိုလည်း နိုင်အောင် ထိန်းပါ့မယ်လို ကတိပေးထားတယ်။

 

သာယာချမ်းမြေ့တဲ့ ၂၀၁၈ ဖြစ်ပါရစေ..

 

 

 

 

Page 3 of 32

Powered by WordPress & Theme by Anders Norén