Category: Life Page 5 of 7
Developing website is tough.
Today, my hosting account has expired. It happened while I was editing website live .
Both my visa card and paypal account were unable to use. I requested my fri from Ausie to help. Luckily, he helped me immediately and my account was recovered. Nothing was lost .
I spent 7 hours straight in front of computer to edit that website.
The trouble I faced was unable to run wordpress on local server .
I tried to move web from live to local server . Something was wrong . I tried 5 times to upload on local server .All the contents posts and pages were missing everytime I tried.
Since I am not professional in this area, the problem I encountered was huge.
Ahh! My back are strict and neck also. I am still working on it.
I know I should be rest . But I can’t .
I can not stop until I found the answer.
I have known something ,the reason why i was feeling so tired and stressful although I actually don’t have any regular work to prove.
I was trying to make english myanmar medical dictionary by myself.
Actually, I already have some eng myanmar medical books . What I wanna do is to convert them to electronic dictionary to use in mobile devices.
I literally don’t want to use every words from books , I rather want to define more precisely than in dicitonary book.
That’s why I created a form and spreadsheet in google to start a project. I and my friend will input data into that sheet.
It will take time of course, but we really want to make it happen.
Here is the form to input data into dictionary.
စာရေးချင်စိတ်ပေါ် ပေါ်နေလို့ ရေးလိုက်ပါဦးမယ်။ အခုတလော စာအုပ်တစ်အုပ်ဖတ်ဖြစ်နေတယ်။ စာအုပ်ရဲ့နာမည်က ထက်မြက်သောဓားသွားပေါ်က ချိုမြမြပျားရည်စက်တဲ့။
စာရေးဆရာ ညီပုလေး ရေးတာ။ တကယ်တော့ဆရာ ညီပုလေးရဲ့စာအုပ်တွေကို မဖတ်ဖူးပါဘူး။
ဒါပထမဆုံးပဲ။ ဒါပေမယ့်လက်ကမချချင်လောက်အောင်ကောင်းတယ်။
စာအုပ်ရဲ့အကြောင်းက သူလုပ်ချင်ရာလုပ်တတ်တဲ့ အရမ်းတော်တဲ့ ခွဲစိတ်ဆရာဝန်ကြီးတစ်ယောက်အကြောင်း။
ခွဲစိတ်ဆရာဝန်ကြီးဆိုပေမယ့် မြို့ကြီးပြကြီးမှာနေတဲ့ ခွဲစိတ်ဆရာဝန်ကြီးမဟုတ်ဘူး ။
ဟိုးဝေးလံခေါင်ဖျားတဲ့ ချင်းတောင်ပေါ်မှာ နှစ်ရှည်လများနေပြီး ခွဲစိတ်တာတွေလုပ်ခဲ့ ၊ဒေသဖွံ့ဖြိုးရေးတွေလုပ်၊ ငြိမ်းချမ်းရေးတွေရအောင်လုပ်ခဲ့သူတစ်ဦး။
သူ့နာမည်က ဦးသိန်းလှိုင်တဲ့ ။ နာဂသိန်းလှိုင်လို့နာမည်ကြီးတယ်။ သူက တရုတ်သွေးစပ်တဲ့ ကပြားတစ်ဦး။
ချမ်းသာတဲ့မိသားစုကမွေးလာတယ်။ သူ့အတွက်ဘာမှလိုလေသေးမရှိတဲ့ဘဝ မှာနေလာတယ်။ ဒါပေမယ့် လူကြီးတွေကိုမျက်နှာချိုမသွေးတတ်၊ လူကြီးတွေမျက်စိထဲ မျက်စိစပါးမွှေးဆူးစရာ လူတစ်ဦးဖြစ်တဲ့အခါ သူ့လိုလူမှာလည်း ကံဆိုးခြင်းတွေ ရောက်လာခဲ့တယ်။ သူကံဆိုးတာ က အခြားသူတွေ ကံကောင်းဖို့ဖြစ်လာတယ်။
အထူးသဖြင့်တောင်ပေါ်ဒေသ နဲ့အနီးတဝိုက်ကလူနာတွေပေါ့။
သူကကျောင်းသားဘဝထဲက ခွဲစိတ်ပညာကိုဝါသနာပါတယ်။ အခြားကျောင်းသားတွေထက် လည်းပိုမိုအတွေ့အကြုံရှိခဲ့တယ်။ လူသေတွေကိုခွဲစိတ်လို့ရအောင် အမျိူးမျိုးကြံဖန်ခဲ့တာကိုး။
သူ ဖတ်ခဲ့ဖူးတဲ့စာအုပ်တစ်အုပ်က ဆရာဝန်တွေရဲ့ဘဝမှတ်တမ်းဆိုတဲ့ စာအုပ်ကြီးတစ်အုပ်။ စာကြည့်တိုက်က နေရှာတွေ့ခဲ့တာ။ သူအဲဒီစာအုပ်ကိုဖတ်ပြီးတော့ ဆရာဝန်တွေ ဘယ်လို ဘဝကို ကျော်ဖြတ်လဲဆိုတာကို စိတ်ဝင်စားခဲ့တယ်။ အလုပ်သင်ဆင်းတဲ့အခါ အလုပ်သင်ဆရာဝန်တိုင်း ချီးမြင့်ငွေမရတဲ့အတွက် အစိုးရကို တောင်းဆိုတဲ့ လှုပ်ရှားမှုကိုဦးဆောင်ခဲ့တယ်။
ဦးနုအစိုးရက ချော့တစ်လှည့်ခြောက်တစ်လှည့် သူ့ကို ဖိအားပေးပေမယ့် ဆရာဝန်တွေ သပိတ်မှောက်ပါတယ်ဆိုပြီးဖြစ်အောင် အမျိူးမျိူးကြံစည်ခဲ့တယ်။
နောက်ဆုံးမှာ ဆရာဝန်တိုင်း ချီးမြင့်ငွေရခဲ့ပေမယ့် သူ့ကိုတော့ ကွန်မြူနစ်ပါဆိုပြီး စွပ်စွဲထားတဲ့ စာမှာ အတင်းလက်မှတ်ရေးထိုးခံရတယ်။
ဆရာဝန်တွေအားလုံးချီးမြင့်ငွေရပုံမှန်ရဖို့အတွက် .. နောက်တက်လာတဲ့ဆရာဝန်တိုင်းချီးမြင့်ငွေ ပေးဖို့အတွက် သူအဲဒီစာချုပ်မှာလက်မှတ်ထိုးပေးခဲ့ရတယ်။
အဲ ဒါကြောင့်ပဲ လူကြီးတွေရဲ့အမျက်ရှခံရတယ်။
အလုပ်သင်ဆရာဝန်ဘဝကို ပြီးအောင်မနေခဲ့ရဘူး။
နောက်ဆုံး တာဝန်ချပေးတဲ့နေရာမှာ သူ့ရဲ့နာမည်ပါမလာဘူး။
အဲဒီနောက်သင်္ဘော ဆရာဝန်ဖြစ်တယ်။
တနင်္သာရီဘက်မှာ ဆရာဝန်သွားလုပ်ခဲ့ရတယ်။
နောက်မန္တလေးကိုပြန်ရောက် ပြီး ဆေးရုံကြီးမှာ လုပ်နေတုန်း ရန်ကုန်ကနေစာရောက်လာပြီး .. သူမပါဝင်တဲ့ ကုသမှုတစ်ခုမှာ လူနာသေသွားပါတယ်ဆိုပြီး စွပ်စွဲခံရတယ်။
သူနဲ့သက်ဆိုင်တဲ့ကိစ္စမဟုတ်ပေမယ့် ထုံးစံအတိုင်း လူကြီးကအမျက်ရှပြီး .. အခေါင်ခိုက်ဆုံးနေရာဖြစ်တဲ့ ချင်းတောင် ခန္တီးကိုပို့လိုက်တယ်။
ပစ္စည်းဘာမှ ပြည့်ပြည့်စုံစုံ မရှိ ၊ စားစရာခက်ခဲ၊ သွားလာရေးခက်ခဲ၊ ဆေးဝါးခက်ခဲတဲ့ဒေသမှာ သူ နေပြီး .. ချင်းတောင်တစ်ဝိုက်က အလုံးကြိတ်တွေ လိုက်ခွဲခဲ့တယ်။
စရောက်ခါစက ဆေးရုံမှာ လူနာမရှိပေမယ့် လည်ပင်းကြီးရောဂါသည်တွေများလွန်းတဲ့ဒေသမှာ လည်ပင်းကြီးရောဂါတွေကို ခွဲဖို့လိုက်ဆွယ်ခဲ့တယ်။
သူ့ရဲ့ပထမဆုံးလူနာက စော်ဘွားတစ်ဦးရဲ့တူမ ၊ ထရော်လီပေါ်မှာတင်ပြီး ပစ္စည်းစုံစုံလင်လင်မရှိ၊ ခွဲစိတ်အတွေ့အကြုံမရှိတဲ့ သူနာပြုတွေနဲ့ စတင်ခဲ့ရတယ်။
မေ့ဆေးပေးတဲ့အချိုးအဆမညီလို့ .လူနာသေမလိုဖြစ်ခဲ့ပြီး နောက်မှာတော့ ပထမဆုံး လည်ပင်းကြီးရောဂါသည်ကိုအောင်အောင်မြင်မြင်ခွဲနိုင်ခဲ့တယ်။
အဲဒီနောက်တော့ ဆေးရုံကိုတဖွဲဖွဲလာတဲ့လူနာတွေကိုခွဲပေးတဲ့အပြင် ၊ ရွာတွေကိုပတ်ပြီး ခွဲတာစိတ်တာလည်လုပ်ခဲ့တယ်။
ရွာတွေက ခေတ်နဲ့အဆက်ပြတ်နေပြီးသိပ်ယဉ်ကျေးလှသော ဒေသတွေတော့မဟုတ်ခဲ့ဘူး။
ပြောစမှတ်တွင်ခဲ့တာကတော့ သူသွားခဲ့တဲ့ရွာတွေမှာ လူနာကိုခွဲပေးရင် မလှမ်းမကမ်းမှာ လူနာရဲ့ဆွေမျိုးက ဓားသွေးနေတယ်။
ဆရာဝန်ကုလို့လူနာသေရင် သူ့ခေါင်းကိုဖြတ်မယ်ဆိုတဲ့လူတွေပါ။
လူနာမသေရင်တော့ ဆရာဝန်ကိုနတ်လို့သတ်မှတ်ပြီး
လူနာသေရင် တော့ သာမာန်လူ ဖြစ်လို့ခေါင်းဖြတ်မယ်လို့ယူဆသူတွေပေါ့။ ဒါပေမယ့် တစ်ခါမှအဖိတ်အစင်မရှိခဲ့ဘူး။
လည်ပင်းကအကြိတ်၊ ဗိုက်ကအလုံး၊ရင်ဘတ်အလုံး ၊အူကျတာ စတာတွေအားလုံးကိုခွဲခန်းမရှိပဲတစ်ထိုင်တိုင်း ခွဲပေးတယ်။
တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရတပ်တွေနဲ့တိုက်ပွဲမဖြစ်အောင် ကူညီခဲ့တာတွေလည်းရှိပါသေးတယ်။
နောက် အစိုးရစီမံချက်ထဲ လည်ပင်းကြီးရောဂါပပျောက်ရေးပါလာတာ။
ဆေးရုံတွေမှာ သူနာပြုအကူတွေမွေးထုတ်ရေး စီမံကိန်းတွေဖြစ်လာတာတွေလည်း ဆရာကြီးနာဂသိန်းလှိုင် လက်ချက်တွေပါပါတယ်။
ကျွန်တော်ဖတ်ပြီးတာ ပထမစာအုပ်နဲ့ဒုတိယစာအုပ်ပဲရှိပါသေးတယ်။
တတိယစာအုပ်အစမှာတော့ နိုင်ငံခြားကို ပညာတော်သင်သွားဘွဲ့ယူဖို့ ဖြစ်မလားမဖြစ်ဘူးလားဆိုတာကိုဖတ်ရမှာပါ။
ဖတ်ပြီးမှတ်ချက်ချရရင်တော့ ရှားမှရှားတဲ့ သူလိုလူပါ။ အရမ်းတော်တဲ့လူတွေမှာ ရှိတတ်တဲ့အားနည်းချက်တွေသူ့မှာအပြည့်အဝရှိတယ်။
စိတ်ထင်ရာလုပ်တယ်။ မာနကြီးတယ်။ လူကြီးတွေနဲ့ဆက်ဆံရေးမပြေပြစ်တတ်။ အခြေခံလူတန်းစားတိုင်းနဲ့အဆင်ပြေတယ်။
မိသားစုကိုပြန်လည်မကြည့်နိုင်တာ ( စာအုပ်ထဲမှာ မိသားစုအကြောင်းသိပ်မပါပါဘူး) စတာတွေပေါ့။
လက်ရှိဆရာဝန်လောကကို ဆရာကြီးတော့ဘယ်လိုမှ သဘောမကျနိုင်ဘူးဆိုတာ တွေးကြည့်စရာမလိုအောင်ပါပဲ။
အခုတော့ အသက်၉၀နားနီးနေပြီး ပြင်ဦးလွင်မှာ နေတယ်။
တစ်ခေါက်လောက် ဆရာကြီးကို ဂါရဝသွားပြုချင်မိတယ်။
This is the last essay I’ve ever posted from Zenbook.
I bought this ASUS manufactured Zenbook which is stylish and sexy , one of the top devices in the world. I fall in love with her since my first sight. So, i decided to buy it immediately even though I don’t have enough cash in hand.
Total cost of this device is 750000Kyat (639US$). I ordered it via one of retail stores in Pyinmana. They said the colour is gold but not genuine gold in my eye. I barely see the golden color in its metal body . It has efficient battery ,slim body , HD display and convenient keyboard. The one downside of this product is few hard disk spaces and low RAM. To reduce the noise of device, the firm used solid state hard disks which are more expensive than ordinary hard disks in our former laptops.So, if i want big enough space to store data in zenbook laptop, the price of this device will soar up . 128 GB is very limited choice for people like me .
Another disadvantages of zenbook is 4GB RAM. That is very few . I can not do multitasking as I wish. My pc doesn’t hang but perform slowly when i run browsers and some programs at the same time. That kind of little inconveniences made me upset. That’s why I always wanted to resell it .Today I posted an advertisement about my notebook which I am going to sell. People interested not only the device but also the price I had lowered down.
One of my facebook friends contacted me via messenger and we made some negotiation.
Finally, we had a deal with 6.2 lakh. I had to lose 1.3 lakh for just one month use. Device is almost new and also a good bargain for him. Although I loved this type of notebook, its performance can’t allow me to operate as I wish. SO, GOOD BYE. I have to save money for another device .Perhaps, I would buy another zenbook with higher specs or Macbook air or the eye-catching one . I haven’t decide yet. If I buy a note book again, I have decided to use more than 4 years . So, even the price is a bit high for me, I have decided to pay if I really like.
21.6.2016
Arthur Chan

အဲဒီနေ့က ၈ကြိမ်မြောက် အာရှပစိဖိတ်မျိုးဆက်ပွားကျန်းမာရေးနှင့်အခွင့်ရေးဆိုင်ရာညီလာခံပါ။
နေပြည်တော်မှာ ပထမဆုံးအကြိမ်လုပ်တာပေါ့ ။
ပထမနေ့က လူငယ်ညီလာခံနေ့ပါ။
များသောအားဖြင့်ကျွန်တော့်ရဲ့တာဝန်က ကန့်လန့်ကာနောက်ကွယ်မှာရှိတယ်။
ဒါပေမယ့်မထင်မှတ်ဘဲ ရှေ့ထွက်ခဲ့ရတဲ့တစ်ခေါက်တော့ရှိတယ်။
အစီအစဥ်တွေထဲမှာ လူငယ်တွေရဲ့ APCRSHR theme song လည်းပါတယ်။
ပွဲနားအရမ်းကပ်ပြီးတော့မှထွက်လာခဲ့တဲ့သီချင်းပေါ့။ နီနီခင်ဇော်နဲ့အခြား ရပ်ပါတစ်ဦးဆိုထားတာ။
အလုပ်တွေရှုပ်နေတာနဲ့သေချာကိုနားမထောင်ခဲ့ရသေးဘူး။
အစောပိုင်း ဖွင့်ပွဲအစီအစဥ်တွေမှာ မိန့်ခွန်းပြောတာတွေ အပြီးမှာနီနီခင်ဇော် က သီချင်းဆိုမှာ ။
သူတကယ်ဆိုတာက နောက်ခံဖွင့်ပြီးဆိုတာပါ .ပါးစပ်လှုပ်ရုံလေးတင်လှုပ်တာ.
ဒါပေမယ့် သူက သူနဲ့အတူတူ စင်ပေါ်တက်ဆိုမည့်သူမရှိရင် စင်ပေါ်မတက်ဖူးလုပ်နေတယ်.
ကိုယ်တွေဘက်မှာလည်းဘယ်သူမှစီစဥ်ထားတာမရှိဘူး။ အရင်တုန်းကအန်တီတွေေပြာထားတာ တစ်ဖွဲ့လုံးပဲ စင်ပေါ်တက်ပြီးပါးစပ်လှုပ်ရမှာလိုလိုဘာလိုလို။ ဒါပေမယ့် ရပ်ပ်က တစ်ယောက်တည်းဆိုရမှာလေ။မန်ဘာအားလုံးကလည်း သူ့ဘာသာသူ အလုပ်ရှုပ်နေကြပြီ။ ဒီအချိန်မှာဘယ်မှ ရှာမရတော့ဘူး၊ ဒါနဲ့ ကိုယ်တိုင်တက်မယ်ဆိုပြီးတော့ နီနီခင်ဇော်ကိုစင်ပေါ် တူတူတက်မယ့်သူရှိတယ်ဆိုပြီးအကြောင်းပြန်ခိုင်းလိုက်တယ်.
နောက်ပြီးတော့ စတိတ်နောက်မှာ သီချင်းခိုးကျက်နေရတာ ကျွန်တော်ပေါ့လေ။
ဒါပေမယ့် သူ့ဟာ ရပ်ပ်အပိုက်တွေဖြစ်တဲ့အပြင် သီချင်းလည်းကြိုမရထားတော့ ။ဘယ်လိုဆိုရမှန်းမသိ
ဘယ်လိုဝါးချရမှန်းတောင်မသိဖြစ်နေတယ်။
ဒါနဲ့ပဲ ပထမတစ်ပိုဒ်ပဲ ရလိုက်တယ်။နောက်ဟာတွေဘယ်လိုအဝင်အထွက်လဲတောင်ကောင်းကောင်းမသိဘူး။
မီးစင်ကြည့်ကတော့ပေါ့ဆိုတာ အဲဒါမှတကယ်ပါ။
နီနီခင်ဇော်အလှည့်ရောက်လို့ စင်ပေါ်တက်ဖို့ခေါ်နေတာတောင် သူမက စင်ပေါ်မရောက်လာသေးဘဲ ၃မိနစ်လောက်နောက်ကျသွားတယ်.
နောက်တော့ လူတွေထောင်နဲ့ချီကြည့်နေတဲ့ ကင်မရာတွေစီတန်းနေတဲ့ ရှေ့မှာ ကျွန်တော်ရဲ့ အကြိုက်ဆုံး အဆိုတော် နီနီခင်ဇော် နဲ့ အတူတူ သီချင်းတွဲဆိုဖို့ ဖြစ်လာပါတော့တယ်.
နေ့စဥ်ရက်စက် အလုပ်တွေရှုပ်နေတာကြောင့်အိပ်ရေးမဝတာရော။ ကြိုတင်ပြင်ဆင်ထားတာမဟုတ်တဲ့အတွက် စိတ်လှုပ်ရှားတာတွေရောနဲ့ ။ ကျွန်တော်ပုဆိုးနဲ့တိုက်ပုံဝတ်ပြီး စင်ပေါ်မှာတက်ပြီး Rapping ရွတ်ပါတော့တယ်
အောက်က တစ်ချို့လူတွေလည်းကျွန်တော်တကယ်ဆိုတာမဟုတ်မှန်းသိကြတယ်.
အချို့လည်း ကျွန်တော်တကယ်ဆိုတယ်ထင်ပြီးဝမ်းသာအားရအားပေးကြ။
သူငယ်ချင်းတွေကော မန်ဘာတွေကော လုံးဝကြိုမသိထားတဲ့အတွက်အကုန် ကြောင်သွားကြတယ်
MCလုပ်နေတဲ့ ကျွန်တော်တို့မန်ဘာဝင်တွေတောင်မသိကြပါဘူး။
ဆိုပြီးတဲ့နောက် ကျွန်တော့်ကိုတစ် ယောက်ပြီးတစ်ယောက်လာနှုတ်ဆက်ကြ။
ကျွန်တော် ရှက်လွန်းလို့ဘာပြန်ပြောရမှန်းမသိ။ သွားဖြဲပြီး ဟီးဟီးပဲလုပ်နိုင်တယ်။
ကိုယ့်အကြောင်းကိုယ်ပဲသိတာကိုး
စိတ်ထဲမှာလည်း ကြိုပြီးသာ အစီအစဥ်ကိုသိပြီး ပြင်ဆင်နိုင်ရင် ငါတကယ် အပီအပြင်ဆိုပြနိုင်မှာ ဆိုပြီး ကြိတ်မနိုင်ခဲမရဖြစ်နေတယ်.
အခုအဲဒီ ဗီဒီယို Youtube မှာရှိပါသေးတယ်. ။
ကျွန်တော့်အတွက် တော့တကယ့်အမှတ်တရပါပဲ။
အခြားသူနဲ့ သီချင်းဆိုရင် ဒီလောက် ရင်ခုန်ရမယ်မထင်ပါ.
နီနီခင်ဇော်ဖြစ်တာကော ကျွန်တော်ကြိုတင်မပြင်ဆင်နိုင်တဲ့အတွက် သူ့ရှေ့မှာ Impression ကျတာကော ကြောင့်တော့ မကျေမနပ်ဖြစ်ခဲ့ရပါတယ်.
ဇွန်လ၂ ရက်နေ့
အိပ်ရာက နိုးတည်းက ကောင်းကင်ကကြည်လင်မှုမရှိလှဘူး။ အဖေနဲ့အမေတို့ကတော့ မနက်စောစောတည်းက လယ်ထဲဆင်းသွားပြီထင်တယ်။ ဒီအရွယ်ရောက် အသက်ကြီးတော့မှလယ်အလုပ်ပြန်လုပ်နေတာ။ ပြောလို့လဲမရဘူးလေ.?
အိပ်ချင်မူးတူးအိပ်ရာထ မနက်စာစားပြီးတာလည်း ဆက်အိပ်ချင်နေတုန်းပဲ ။
နေမပွင့်တာရယ် ကော်ဖီမသောက်ရသေးတာရယ်ကြောင့်လဲဖြစ်မယ်ထင်တယ်၊
ဒါနဲ့ကော်ဖီတစ်ခွက် ကောက်ဖျော်ပြီးအလင်းရောင်ရတဲ့နေရာမှာ ထိုင်နေမိတယ်။
သံဃာ့ဆေးရုံမှာ အကူဆင်းပေးနေတာ မေလတစ်လတည်းဆိုတော့ ဒီလမသွားတော့ဘူးလေ။
တကယ်တန်း ထင်ခဲ့တာက လစာနဲ့လုပ်ရမယ်ထင်ခဲ့တာ။ ကျောက်ကပ်ဆေးဖို့လည်း ပြင်ဆင်နေပြီ။ စဖွင့်ဖို့အတွက်ဆရာဝန်နဲ့ ကျောက်ကပ်ဆေးတဲ့သူနာပြုကမရှိသေးဘူးလေ။
စောစာစီးစီးတည်းက ကျောက်ကပ်ဆေးတာကိုမမြင်ဖူးသလို ဆရာဝန်အဖြစ် ဆေးရုံမှာ သွားနေဖို့လည်းစိတ်မဝင်စားခဲ့ပါဘူး။ ဒါပေမယ့် နောက်ဆုံးဆရာဝန်မရှိခင်တစ်လတော့ သွားလုပ်ပေးမယ်ဆိုပြီး လုပ်ဖြစ်ခဲ့တယ် ။
ဆရာကတော့ ငါ့ကိုပျဥ်းမနားမှာပဲထင်ပြီးတော့ ခေါ်တာဖြစ်ပေမယ့် တကယ်တန်းနေ့စဥ် ငါလာရတာက နာရီဝက်လောက်မောင်း ၁၅မိုင်လောက်ဝေးတဲ့ဥတ္တရသီရိက နေ့စဥ်လာရတာပါ။
စလုပ်ပေးခဲ့တည်းက ကူညီတယ်ဆိုပေမယ့် အခမဲ့လို့တော့မထင်ခဲ့ဘူး။
ခဏတဖြုတ်သွားလုပ်ပေးရတာမှမဟုတ်တာပေကိုး။ နေ့စဥ် သွားရတဲ့အတွက် အချိန်၊ ကားဆီဖိုးစတာတွေရှိတယ်လေ။
ဘယ်လောက်ပေးရမယ်လို့လည်းမပြောခဲ့ပါဘူး။ ဒါပေမယ့်မူလသတ်မှတ်ထားတဲ့ လစာက နည်းလွန်းနေတဲ့အတွက် အပြင်ဆရာဝန်တွေ ခေါ်လို့မရမှန်းသိလို့ တိုးပေးဖို့တော့ပြောခဲ့တယ်။
တကယ်တန်းတိုးသွားတဲ့လစာက အဲဒီနေရာမှာ သက်သက်သာသာလုပ်ရတာတွေ၊ လုပ်စရာသိပ်မရှိတာတွေနဲ့ယှဥ်လိုက်တော့ လောလောဆယ်မှာ ဝင်ငွေမရှိတဲ့ ကိုယ်လိုလူကို ပြန်လည်ဆွဲဆောင်နေတာလည်းမဆန်းပါဘူး။ ဒါပေမယ့်ကိုယ်လစာတိုးလိုချင်လို့ မလုပ်ချင်ယောင်ဆောင်တယ်ဖြစ်မှာစိုးလို့ လုံးဝမလုပ်ဖူးလို့ဆုံးဖြတ်ထားလိုက်တယ်။
ကိုယ်မလုပ်ရင် ကိုယ့်ထက် ကျွမ်းကျင် စိတ်ဝင်စား စေတနာထားသူကို ဒီလစာနဲ့ ဒေါင်ဒေါင် မြည် ရွေးနိုင်မယ်လို့ထင်ခဲ့မိတာကိုး။
ဒါပေမယ့်အထင်နဲ့အမြင်လွဲခဲ့တယ်။ ကျန်ခဲ့တဲ့လူနာတွေအတွက် စိတ်သိပ်မချပေမယ့် ကိုယ်မတတ်နိုင်ဘူးလေ။သံယောဇဥ်ဖြတ်ရမှာပေါ့။
အခုတော့ ကျောက်ကပ်ဆေးဌာနလည်း ဖေ့စ်ဘွတ်ကောင်းကျိုး နေရာပေါင်းစုံ ကလူတွေကောင်းကျိူးနဲ့ တော်တော်တော့ အလှူငွေတွေ ရနေပါပြီ။
တစ်ခုပဲစိတ်မကောင်းဖြစ်ခဲ့မိတယ်။ မိမိ အိပ်ကပ်ထဲတစ်ပြားမှမရှိချိန်မှာ မျော်လင့်ချက်သေးသေးလေးနဲ့ ကိုယ်လုပ်မိတဲ့ကိစ္စလေးတွေ က ကိုယ့်အတွက် တပြားမှ မရတဲ့အခါ
ကိုယ် မျှော်လင့်တစ်ကြီးလုပ်ခဲ့တာတွေကို လှောင်ရယ်နေသလိုခံစားရတယ်။
ကိုယ်ရသင့်ရထိုက်တာတွေအများကြီးရှိပါတယ်.
ဝက်ဘ်ဆိုဒ်အလုပ်အပ်ပြီးတော့ လုပ်ငန်းအပြီးသတ်ခါနီးကျမှ အကြောင်းမပြန်တာ။ ကိုယ်စိုက်ထားတဲ့အချိန် ၊လုပ်အားအပြင် ငွေကြေးတွေပါပြန်မရခဲ့။
စောစာစီးစီးအလုပ်ကို အလုပ်နဲ့တူအောင်စာချုပ်စာတန်းနဲ့မလုပ်ခဲ့မိတဲ့ကိုယ့်အမှားလို့ပြောရမယ်။
အားနာလွန်းတတ်တာကိုး။ တောင်းရမှာလည်းအားနာတတ်တယ်.။ ငွေစကားပြောလွန်းတယ်လို့အထင်ခံရမှာလည်းစိုးတယ်။ ဒါတွေကြောင့်ငါခံခဲ့ရတာအများကြီးပဲ။
သူများဆီအပ်ထားတဲ့ငွေကြေး ကိုယ်တကယ်ပြန်ထုတ်မယ်ဆိုတဲ့အချိန် မှာ ထုတ်မရဖြစ်ပြီး စီစဥ်ထားတဲ့အစီအစဥ်တွေကမောက်ကမဖြစ်ကုန်တာလည်းကြုံဖူးတယ်။
ကိုယ်ထင်ထားတာက ကိုယ့်ရဲ့အပ်ထားတဲ့ငွေတွေအားလုံးပြန်ထုတ်နိုင်ရင် ဘဏ်ထဲထည့်ထားပြီးအတိုးနဲ့ ပွားအောင်လုပ်ထားမယ်စဥ်းစားတာကိုး။ ဒါပေမယ့် ထင်ထားတာထက် ၁နှစ်ကျော်နောက်ကျမှ ရတဲ့အပြင် အဲဒီနောက်ကျမှုအတွက်လည်းဘာအတိုးမှ ရခြင်းမရှိပါဘူး။
သူ့အတွက် တော့ ကိုယ့်ငွေဒီလောက်ကဒီလောက်ပဲဖြစ်ပေမယ့် ကိုယ့်အတွက် တော့ ငွေပမာဏများများစားစား ကို ဘာအတိုးမှမရပဲ သူများဆီရောက်နေတာ ရင်နာစရာ ဇာတ်လမ်းတစ်ပုဒ်ဖြစ်နေရတာပေ့ါ ။
ဒါတွေအိမ်ကလည်းမသိဘူး။ ဘယ်သူမှလည်းမသိဘူး။
ဖြစ်ခဲ့သမျှ အကြောင်းကိုယ့်ရဲ့စီမံခန့်ခွဲမှု ညံ့လို့လို့ပဲသုံးသပ်တယ်.။ ဒီလို စိတ်မျိုးနဲ့ ဘယ်လိုစီးပွားရေးလုပ်မလဲလို့တွေးမိပြီးအားငယ်စိတ်ကလည်းမကြာမကြာဝင်တတ်တယ်။
ရသင့်ရထိုက်တာကိုသူ့အလိုလိုမတောင်းပဲရပြီးကိုယ်ပျော်ရာကိုလုပ်နေချင်တာလေ၊
ကိုယ့်အတွက်လည်းကျန်အောင်လုပ်ချင်တယ်. လူတွေအကျိုးရှိတာလည်းဖြစ်စေချင်တယ်။
မင်းဘာတွေဆက်ဖြစ်ဦးမလဲအာသာရယ်.
Which kind of music do you like to listen?
When I was feeling down and bored, I used to listen some inspired music .Sometimes classical tunes and sometimes club beat :D.
Yeah, I like to go to club but I’m not a party animal. The first time I went to club was in 2006 with my best friend. We both were just 16 years old at that time. He just lived in an apartment next to the hotel. And there was a club in hotel. My very first club experience was really awkward. I was hesitated to dance with other people . Techanically we both were under age and weren’t supposed to drink. But as usual, there were no strict rule . So, we shared a mug of beer . Every one dancing under spot lights seemed to be older than us.
College student life in mandalay was not like in Hollywood movies. We didn’t have home parties or other places to celebrate events. Yes, no club either. Local authorities didn’t allow clubs in mandalay. Sometimes, we had chance to go to clubs which were not legally opened.
But, most of the time, we faced with fights in the club. Some young men didn’t like to enjoy peacefully. That was a problem.
Therefore, I had very few club experiences .
When I had chance to stay longer in Yangon, I went to some clubs. Of course , there were friends to celebrate together. I understood the culture of clubbing when I have visited to most clubs in yangon. I used to enjoy to dance under lights and with DJ music. My favorite DJ was Avicii. A memorable time in a club and the music I heard was “Waiting for love -by Avicii”. Everytime I hear that song , I was like in the club.
The moto I always hold is “Work hard, Play hard” . I was a conservative man before .Though I always wanted to be happy like other young people, I used to control myself very strictly. When I realized that I didn’t have much time to celebrate my youthful life, I always let myself free . I allow to myself to explore everything what I haven’t found yet. I decided to live happily while I was torturing myself with suffocating thoughts .
I believe everybody should have a night life to relax, to reborn strength for another day..We should pass our daily lives energetically ,actively with fresh ideas.
Arthur
June 1 2016.
Today I want to tell you how did I learn English .
My former English skill was terrible . When I was in high school, English is one of the essential subjects in curriculum.
But even about 10 years of studying English in school can’t help me to be a fluent speaker. So, what was wrong with that?
Most of the time, our English teacher instructed us to memorize vocabulary by heart and to learn English grammar structure. There in exams, they gave us sentences to convert one grammar to another style. So, we had to remember formula to be able to convert such kind of sentences. Memorizing vocabularies were the most difficult part for me. English is one of the subject in matriculation examination. In exam, there were closed up type questions to fill up the blanks with proposition ,conjunction and so on. But all the paragraphs were from text book . So, if I can memorize all the essay in text book, I could pass that test. There was an letter and essay writing in exam , but I could not write with my own style either. Seems like my English foundation was a bit weak.
When I was in medical school, all the subjects were learned in English . 2nd Year was my most difficult time because I confronted with many strange terminologies and reading and writing were still weak. But, some how I did pass all university years .
When I was young ,opportunity to watch English movies and English speaking programs were so rare in my hometown . My home didn’t have satellite TV and there was no English speaking television programs either. Therefore, my listening skill was also zero. During my first year of college, the country became more open up and English speaking movies were easily accessible.
At the time, I could not even read English novel and watch English movies without Burmese subtitle. I was starting to use Internet . I watched many movies and series during my student life. I tried to watch with English subtitle whereas Burmese translations were unreliable. Since then, I always watched and listened only in English and totally neglect Burmese subtitles.
I practice my English writing in facebook .In that way ,I possessed a satisfactory level.
I didn’t have a partner to practice English .Therefore, I used tools like internet, e-dictionary,ebooks,music,movies and grammar check software to improve my engish.
It doesn’t actually reach a certain level I really hoped for .But, I have reached a certain distance and I am keep walking .
One day, I must be the one who can fluently speak and write as a native English speaker.