Many Lives, Many Memories.

Category: Blog Page 6 of 14

30+ ရောဂါ

သိပ်မကြာခင် ကိုယ်လည်း ဒီအရွယ် ရောက်တော့မှာ ဆိုတော့ ကြိုတင် မျှော်လင့်ထားနိုင်ဖို့

=======
ထုံပေပေ၊ ပေတေတေနဲ့ တက်ကြွလာအောင် ကိုယ့်ကိုယ်ကို မနဲတွန်းအားပေးနေရတာမျိုးတွေ  အသက်ကြီးလာရင် ဒီလိုပဲဖြစ်လာတယ် ထင်တယ်။ နေ့တိုင်းတစ်နေ့တစ်နေ့ ရိုးလာတယ်။ လုပ်စရာအလုပ်မရှိတာလည်းမဟုတ်ပဲ မအားတဲ့ကြားထဲကကို ငြီးငွေ့နေတာမျိုး ဖြစ်လာတယ်။ ဖြစ်ပျက်တွေဆက်လာလို့ ဘင်္ဂဉာဏ်နဲ့ ရင့်ကျက်လာတာမျိုးမဟုတ်ပဲ ငြီးငွေ့ရုံသက်သက် တက်ကြွမှု နည်းလာတာမျိုး –
အဲဒါကို အသက်သုံးဆယ်ကျော်တွေမှာ တွေ့ရတယ်။
ရွယ်တူတွေထဲမှာ အားလုံးလိုလို ငွေရေးကြေးရေးအားဖြင့်လည်း အတန်အသင့် အဆင်ပြေလာကြတယ်။ ဘဝမှာ သက်သက်သာသာနေလာရတဲ့ အခြေအနေမျိုးရတဲ့သူ ရလာတယ်။ ဘဝရဲ့အဆင်ပြေတဲ့အပိုင်းထဲရောက်လာကြတယ်။ တစ်ချိန်တုန်းက စိတ်ကူးကြံစည်ထားတဲ့ ဘဝမျိုးဖြစ်ကောင်းဖြစ်မယ်။ ဒါပေမယ့် အခုလက်ရှိမှာတော့ အဲဒီဘဝကြီးကို ထုံပေပေဖြစ်နေတတ်တယ်။
.
တက်ကြွမှုနည်းလာတယ်။ တစ်ချို့လည်း အဲဒါကို midlife crisis ဆိုပြီး တစ်ယောက်တည်းသမားက အိမ်ထောင်ပြု၊ အိမ်ထောင်ပြုပြီးသားလူတွေက ကလေးယူ၊ ကလေးရှိပြီးသားဆိုရင် နောက်တစ်ယောက်ထပ်ယူ၊ နှစ်အတော်ကြာတော့ စိတ်က ထုံပေပေ ပြန်ဖြစ်ပြန်ရော။ အကုန်လုံးကိုတော့မဆိုလိုပါဘူး။ အများအားဖြင့် အဲဒီအသက်အပိုင်းအခြားက တော်တော်ခက်တယ်။
.
အသက်သုံးဆယ်ကျော်လာရင် တော်တော်သတိထားရတယ်။ ကောင်းမယ်ထင်တာတွေ ဆက်တိုက်လုပ်လာပြီး နည်းနည်းအရှိန်ကုန်သွားတဲ့သဘောထင်တယ်။  ငယ်တုန်းက ရိုးရိုးအေးအေးတွေတောင် အဲဒီအချိန်လောက်ရောက်ရင် ဂျစ်ကန်ကန်တွေဖြစ်လာတယ်။ နည်းနည်း ပလပ်ကျွတ်တဲ့အရွယ် ရောက်လာတဲ့သဘော။ အရင်ကကြိုက်တဲ့အစားအစာတွေ သိပ်မကြိုက်ချင်တော့ဘူး။ အပြောင်းအလဲဖြစ်လာတယ်။ အဲဒါတွေကို သတိထားမိဖို့လိုတယ်။ မဟုတ်ရင် ကိုယ့်ကိုယ်ကို နားမလည်နိုင်ဘူး။ ငါဘာဖြစ်နေတာလဲဆိုပြီး အံ့သြနေလိမ့်မယ်။
.
လောဘနဲ့လုပ်ခဲ့တာတွေလည်း သိပ်အဓိပ္ပာယ်မရှိသလို ဖြစ်လာတယ်။ တစ်သက်လုံးတန်ဖိုးထားလာတွေကိုလည်း ဟုတ်ရောဟုတ်ရဲ့လား ဖြစ်လာတယ်။ အေးအေးချမ်းချမ်းရှိတဲ့ နေရာမှာ ပြောင်းနေရင်ကောင်းမလား တွေးလာတယ်။ ဘာဆက်လုပ်ရင်ကောင်းမလဲ၊ ဘာအပြောင်းအလဲလုပ်ရင်ကောင်းမလဲ၊ အလုပ်ပြောင်းလိုက်ရင်ကောင်းမလား။ မြန်မာပြည်ပြန်ပြီး လက်ဖက်ရည်ဆိုင်ဖွင့်ရင် ကောင်းမလား။ စီးပွားရေးပြန်လုပ်ရင်ကောင်းမလား ဖြစ်လာတယ်။ အဲဒီလိုအတွေးတွေ တစ်ချက်တစ်ချက်ပေါ်လာမယ်။ လွှမ်းမိုးမယ်။ ပြန်ပျောက်သွားမယ်။ လူက အူတူတူ ကျန်ခဲ့မယ်။
.
အားလုံးတစ်ယောက်တစ်မျိုးကြုံနေရတယ်။ မိဘရှိသေးတဲ့သူတွေက မိဘ ဆုံးရှုံးတာကြုံရဦးမယ်။ ဒါတွေက အရင်လည်း ဒီလိုသဘာဝတွေရှိနေတာပဲ။ သုံးဆယ်ကျော်လာမှ အဲဒီကိစ္စတွေက မှန်ဘီလူးနဲ့ချဲ့မြင်လာသလို ပိုစဉ်းစားမိလာတယ်။ အသက်အရွယ်ကြောင့် ဇရာကိုရော၊ ဗျာဓိကိုရော၊ မရဏကိုပါ စဉ်းစားလာတယ်။
.
အဲဒါတွေက အရင်တုန်းက အနှောက်အယှက်သိပ်မပေးဘူး။ သုံးဆယ်ကျော်လာတော့ ဒါတွေက နည်းနည်း overwhelm ဖြစ်လာတယ်။ ၂၅ တုန်းက တော်ရုံတန်ရုံနဲ့ မပင်ပန်းတာမျိုး၊ ၃၀-၃၁ မှာ မဖြစ်နိုင်တော့ဘူး။ သွေးလှူပြီးရင် အရင်လို လတ်လျားလတ်လျားလျှောက်သွားနေလို့ မရတော့ဘူး။ ရေသောက်ပြီးနားနေမှ။ နှစ်ညလောက်အိပ်ရေးပျက်ပြီဆိုရင် အသားအရေက သိသိသာသာမှောင်သွားပြီ။ လူက အကျပိုင်းကို စရောက်လာပြီဆိုတာကို လက်ခံလိုက်ရပြီ။ လူ့သက်တမ်းဟာ ခဲလုံးတစ်လုံးကို မြှောက်တဲ့ဖြစ်စဉ်နဲ့တူရင် လေထဲကနေ ပြန်ကျဖို့ အသင့်ဖြစ်နေတဲ့ခဲလုံးရဲ့ အနေအထားနဲ့တူလာပြီ။ ဆက်တက်ဖို့ တစ်ချို့လည်းရုန်းကန်တယ်။ တစ်ချို့လည်း ထုံပေပေဖြစ်လာတယ်။
.
အသက် ၃၀ မှာ Master ၊ Ph.D ဆက်မတက်ရင် ကျောင်းသားဘဝကလို ကျောင်းစာလုပ်ရတာမျိုး မရှိတော့။ မိဘတွေရဲ့အဆူခံဘဝကလည်းလွတ်ပြီ။ ဆွေမျိုးဆိုတာတွေကိုလည်း ခပ်တည်တည် မသိချင်ယောင်ဆောင်ထားတတ်လာပြီ။ ကိုယ့်ကိုယ်ကို အချစ်ဆုံးပဲဆိုတာကို ကောင်းကောင်းသဘောပေါက်လာပြီ။ ကိုယ်နေကောင်းအောင်၊ ကိုယ်စိတ်ချမ်းသာအောင်  ်ပိုထားတတ်လာပြီ။
.
လက်လွယ်တယ်လို့ မကြာမကြာပြောခံနေရတာက လက်ခက်တဲ့သူ ဖြစ်လာပြီ။ ငွေများများလေးများ လာချေးလို့ကတော့ ချေးဖို့မရှိဘူးပဲ။ ချေးဖို့မရှိဘူးလို့ပြောတာက သေချာစဉ်းစားရွေးချယ်ထားတဲ့ စကားလုံး။ ပိုက်ဆံမရှိဘူးဆိုရင် မုသာဝါဒဖြစ်မယ်။ ချေးဖို့မရှိဘူးဆိုတာကတော့ ချေးဖို့ သတ်မှတ်ထားတဲ့ ပမာဏထက်များနေတယ်လို့ ဆိုလိုတယ်။ မုသာဝါဒလည်းမဖြစ်ဘူး။ စိတ်ကောင်းလည်း နည်းသထက်နည်းလာတယ်။ ဒေါက်တာသန်းထွန်းပြောတဲ့ ကြီးလေဆိုးလေ၊ စိတ်ပုတ်လေဆိုတဲ့ အမျိုးအစားထဲပါလာတယ်။ တစ်ယောက်တည်း ခပ်အေးအေးနေရတာကို ပိုကြိုက်လာတယ်။ စကားတောင် တစ်ခွန်းကနေနှစ်ခွန်းဖြစ်လာရင် အပေါက်အလမ်းမတည့်တဲ့သူများ လာတယ်။ ပြောတာဆိုတာ နည်းလမ်းမကျတဲ့သူတွေကို အမြင်ကတ်လာတယ်။
.
ကလေးတွေကိုလည်း ဆုံးမချင်စိတ် သွန်သင်ချင်စိတ်နည်းလာတယ်။ အခုခေတ်ကလေးတွေကို တော်တော်ညံ့တယ်ထင်မိတယ်။ ဉာဏ်ရည်အရာမှာတော့ တော်တယ်။ လူ့တန်ဖိုးတွေ၊ အခြေခံယဉ်ကျေးမှုတွေမှာ အင်မတန်ညံံ့တယ်ထင်နေတတ်တယ်။ ကလေးတွေကိုတော့ ယဉ်ကျေးတဲ့သူတွေ ွဖြစ်စေချင်တယ်။ မိဘစကား နားမထောင်တာ/ နားထောင်တာတွေထက်၊ စကားကိုဒေါသနဲ့ မပြောတဲ့သူတွေပဲဖြစ်စေချင်တယ်။ ကိုယ်ထင်နေတာ၊ ကိုယ်မှန်တယ်ထင်တာကို အကျိုးသင့်အကြောင်းသင့် ပြောတတ်တဲ့ကလေးတွေ ဖြစ်စေချင်တယ်။ ဒေါသထွက်တဲ့သူတွေဟာ တိရစ္ဆာန်စိတ်များတဲ့ သဘောရှိတယ်လို့ ထင်တယ်။ အရင်ဆို ဒါမျိုး ကလေးတွေတွေ့ရင် သိပ်ပြင်ပေးချင်တယ်။ အခုတော့ သူ့ကံနဲ့သူ သွားတာ ကိုယ်နဲ့မဆိုင်ဘူးထင်လာပြီ။
.
နောက်တစ်ခုက အလုပ်မလုပ်နိုင်တော့တဲ့အရွယ်နောက်ပိုင်း ဘယ်လိုနေထိုင်ပြုမူသွားမလဲ စဉ်းစားလာတယ်။ သာယာအေးချမ်းတဲ့ဘဝကိုပဲ ပိုရွေးချယ်ချင်လာတယ်။ ၄၅ လောက်မှာ အခြေမကျရင်တော့ ၆၀ မှာလည်း ကျွဲလို၊နွားလို ရုန်းကန်ရဦးမယ်ဆိုတာ ပိုသိလာတယ်။ .
စားနေတဲ့အစားအစာပေါ်မူတည်ပြီး အသက်ကြီးရင်ဖြစ်မယ့် ရောဂါတွေကိုလည်း  စ,တွေးလာပြီ။ မကောင်းတဲ့အကျင့်၊ ကျန်းမာရေးနဲ့ မညီညွတ်တာတွေကို နည်းနည်းချင်း စ,ပြင်မိတယ်။ ကိုယ့်ဘဝကြီးသာယာဖို့ ကိုယ့်ကိုယ်ကို ဂရုစိုက်ရင်စိုက်၊ မစိုက်ရင် ဘယ်သူမှ လာမစိုက်နိုင်ဘူးလို့ တွေးလာပြီ။
.
၃၀ မပြည့်ခင် ၁ ရက်အလိုလောက်အထိ ငွေရေးကြေးရေးကို အရေးကြီးတယ်သိပ်မထင်ဘူး။ ရှိတာတွေကုန်သွားမယ်။ ပြန်ရှာမယ်။ ပြန်ကုန်သွားမယ်။ ဒီလိုနဲ့ပဲ လည်နေတာ။ ငွေဆိုတာ များများရှိရင်ပျက်စီးတာပဲ၊ မြန်မြန်ဖြုန်းပစ်မှလို့ တွေးတယ်။ နောက်တော့ အတွေးအခေါ်ပြောင်းစပြုလာတယ်။ မောင်လေးနဲ့အဘွားဆုံးပြီးတော့ သေခြင်းတရားမှာတောင် ပိုက်ဆံလေးရှိမှ အသေသက်သာတယ်ဆိုတာ ပိုသိလာတယ်။ လှူဖို့တန်းဖို့လည်း ငွေလိုတယ်။
.
အဲဒီလို ၃၀ နောက်ပိုင်း စိတ်အပြောင်းအလဲတွေ ကြုံလာတယ်ဆိုရင် ကိုယ့်စိတ်ကို ပစ္စုပ္ပန်တည့်တည့်မှာ ထားပါ။ ကိုယ့်စိတ်အပြောင်းအလဲကို သတိထားကြည့်ပါ။ အတွေးတွေဟာ စိတ်ကိုပင်ပန်းစေတယ်။ အတွေးနည်းလေ စိတ်တည်ငြိမ်လေပါပဲ။
.
တာဝန်သိစိတ်ကို ပိုတန်ဖိုးထားရမယ်။ လူဟာ လူ့တာဝန်ရှိတယ်။ သားသမီးဟာ သားသမီးတာဝန်ရှိတယ်။ ဇနီး/ခင်ပွန်းမှာလည်း  ဇနီး/ခင်ပွန်းတာဝန်ရှိတယ်။ တာဝန်ကျေတဲ့သူဟာ နောင်တ တဖန်ပူပန်ခြင်းကင်းတယ်။ ကိုယ်မလုပ်ဖြစ်လိုက်လို့၊ ကိုယ်တာဝန်မကျေလိုက်လို့ဆိုတာမျိုး ဘယ်တော့မှ မခံစားရဘူး။ မိဘတွေရှိတုန်း သားသမီးတာဝန်ကျေအောင် နေကြပါ။ မဟုတ်ရင် မိဘဆုံးရင် နှစ်ဆ ပိုခံစားရမယ်။ အဲဒါမကောင်းဘူး။ ညီအကို မောင်နှမတွေလည်း အသက်ရှင်နေတုန်း တည့်အောင်နေ။ ခင်ခင်မင်မင်နေ၊ သေရင်လည်း ငိုမနေနဲ့။ သူ့ကံနဲ့ သူသေမယ်။ သူ့ကံနဲ့ သူဆက်သွားမယ်။ သူ့ကံနဲ့ သူပဲ။ တစ်ခြားလူတစ်ယောက်ရဲ့ဘဝထဲ ဝင်ပြီး မချယ်လှယ်ချင်နဲ့။ ဇနီး၊ခင်ပွန်းပင်ဖြစ်သော်လည်း သီးခြားလူနှစ်ယောက်။ တစ်ယောက်ကို တစ်ယောက် ဂရုစိုက်တာ၊ ကူညီတာ၊ နားလည်တာကောင်းပေမယ့် ကိုယ်ဖြစ်စေချင်တာကို အတင်းအကြပ်မလုပ်စေချင်တာက ပိုပြီးကောင်းတယ် ထင်မိတယ်။ ကိုယ်ချစ်တဲ့သူတွေကို အချိန်များများပေး။ မဟုတ်ရင် တစ်ချိန်ကျ ခံစားရလိမ့်မယ်။ လူတော်တော်များများဟာ လိုချင်လို့ကြိုးစားပြီး ရလာရင် တန်ဖိုးမထားတော့ဘူး။ အဲဒီစိတ်ဟာ အင်မတန် သိမ်ဖျင်းတဲ့စိတ်ဆိုတာကို သတိထားရမယ်။ ကိုယ်ချစ်တဲ့ခင်တဲ့သူ၊ တန်ဖိုးထားတဲ့သူကို လေးစားပါ။ ဂရုစိုက်ပါ။ မပြောဘဲနဲ့ သိနေတဲ့သူဖြစ်အောင်ကြိုးစားပါ။ စာတိုလေးတစ်ကြောင်း၊ message လေးတစ်ခု၊ phone လေးပြောဖို့ အချိန်ရှိကြပါ။ ကိုယ့်စိတ်မှာရှိတဲ့ အထီးကျန်မှုကို နားလည်လာရင် တစ်ခြားသူတွေရဲ့စိတ်ကိုလည်း နားလည်လာတာပါပဲ။ ကိုယ့်စိတ်ကနေပဲစပါ။ ကိုယ့်စိတ်မှာ သိလာမှ ကိုယ်ချင်းစာနိုင်လာမယ်။ ကိုယ့်စိတ်ကိုနားလည်မှ တခြားသူကိုလည်း တကယ်နားလည်လာနိုင်မယ်လို့ ထင်ပါတယ်။
.
ငြိမ်းချမ်းတဲ့သူဖြစ်ဖို့ မကြိုးစားပါနဲ့ ။
စိတ်ရဲ့ပင်ကိုယ်သဘောက ငြိမ်းချမ်းပြီးသားပါ။ အဲဒီ ပင်ကိုယ်သဘောကို ပြန်ရောက်ဖို့ သတိထားပြီး ပြုပြင်သွားပါ။ တစ်ချိန်မှာ စိတ်ရဲ့ပင်ကိုယ်သဘာဝအတိုင်း ကြည်လင် ငြိမ်းချမ်းနေတဲ့ သဘာဝကို ပြန်ရောက်သွားမှ ဒီ ထုံပေပေ ငြီးငွေ့တဲ့ရောဂါလည်း ပျောက်သွားမှာပါ။
.

Credit Thura Wai Hnin

8th APCRSHR Myanmar အမှတ်တရ

12778999_10201336546252870_4363975673742832867_o.jpg

 

 
အဲဒီနေ့က ၈ကြိမ်မြောက် အာရှပစိဖိတ်မျိုးဆက်ပွားကျန်းမာရေးနှင့်အခွင့်ရေးဆိုင်ရာညီလာခံပါ။

နေပြည်တော်မှာ ပထမဆုံးအကြိမ်လုပ်တာပေါ့ ။

ပထမနေ့က လူငယ်ညီလာခံနေ့ပါ။

များသောအားဖြင့်ကျွန်တော့်ရဲ့တာဝန်က ကန့်လန့်ကာနောက်ကွယ်မှာရှိတယ်။

ဒါပေမယ့်မထင်မှတ်ဘဲ ရှေ့ထွက်ခဲ့ရတဲ့တစ်ခေါက်တော့ရှိတယ်။

အစီအစဥ်တွေထဲမှာ လူငယ်တွေရဲ့ APCRSHR theme song လည်းပါတယ်။

ပွဲနားအရမ်းကပ်ပြီးတော့မှထွက်လာခဲ့တဲ့သီချင်းပေါ့။ နီနီခင်ဇော်နဲ့အခြား ရပ်ပါတစ်ဦးဆိုထားတာ။

အလုပ်တွေရှုပ်နေတာနဲ့သေချာကိုနားမထောင်ခဲ့ရသေးဘူး။

အစောပိုင်း ဖွင့်ပွဲအစီအစဥ်တွေမှာ မိန့်ခွန်းပြောတာတွေ အပြီးမှာနီနီခင်ဇော် က သီချင်းဆိုမှာ ။

သူတကယ်ဆိုတာက နောက်ခံဖွင့်ပြီးဆိုတာပါ .ပါးစပ်လှုပ်ရုံလေးတင်လှုပ်တာ.

ဒါပေမယ့် သူက သူနဲ့အတူတူ စင်ပေါ်တက်ဆိုမည့်သူမရှိရင် စင်ပေါ်မတက်ဖူးလုပ်နေတယ်.

ကိုယ်တွေဘက်မှာလည်းဘယ်သူမှစီစဥ်ထားတာမရှိဘူး။ အရင်တုန်းကအန်တီတွေေပြာထားတာ တစ်ဖွဲ့လုံးပဲ စင်ပေါ်တက်ပြီးပါးစပ်လှုပ်ရမှာလိုလိုဘာလိုလို။ ဒါပေမယ့် ရပ်ပ်က တစ်ယောက်တည်းဆိုရမှာလေ။မန်ဘာအားလုံးကလည်း သူ့ဘာသာသူ အလုပ်ရှုပ်နေကြပြီ။ ဒီအချိန်မှာဘယ်မှ ရှာမရတော့ဘူး၊ ဒါနဲ့ ကိုယ်တိုင်တက်မယ်ဆိုပြီးတော့ နီနီခင်ဇော်ကိုစင်ပေါ် တူတူတက်မယ့်သူရှိတယ်ဆိုပြီးအကြောင်းပြန်ခိုင်းလိုက်တယ်.

နောက်ပြီးတော့ စတိတ်နောက်မှာ သီချင်းခိုးကျက်နေရတာ ကျွန်တော်ပေါ့လေ။

ဒါပေမယ့် သူ့ဟာ ရပ်ပ်အပိုက်တွေဖြစ်တဲ့အပြင် သီချင်းလည်းကြိုမရထားတော့ ။ဘယ်လိုဆိုရမှန်းမသိ

ဘယ်လိုဝါးချရမှန်းတောင်မသိဖြစ်နေတယ်။

ဒါနဲ့ပဲ ပထမတစ်ပိုဒ်ပဲ ရလိုက်တယ်။နောက်ဟာတွေဘယ်လိုအဝင်အထွက်လဲတောင်ကောင်းကောင်းမသိဘူး။

မီးစင်ကြည့်ကတော့ပေါ့ဆိုတာ အဲဒါမှတကယ်ပါ။

နီနီခင်ဇော်အလှည့်ရောက်လို့ စင်ပေါ်တက်ဖို့ခေါ်နေတာတောင် သူမက စင်ပေါ်မရောက်လာသေးဘဲ ၃မိနစ်လောက်နောက်ကျသွားတယ်.

နောက်တော့ လူတွေထောင်နဲ့ချီကြည့်နေတဲ့ ကင်မရာတွေစီတန်းနေတဲ့ ရှေ့မှာ ကျွန်တော်ရဲ့ အကြိုက်ဆုံး အဆိုတော် နီနီခင်ဇော် နဲ့ အတူတူ သီချင်းတွဲဆိုဖို့ ဖြစ်လာပါတော့တယ်.

နေ့စဥ်ရက်စက် အလုပ်တွေရှုပ်နေတာကြောင့်အိပ်ရေးမဝတာရော။ ကြိုတင်ပြင်ဆင်ထားတာမဟုတ်တဲ့အတွက် စိတ်လှုပ်ရှားတာတွေရောနဲ့ ။ ကျွန်တော်ပုဆိုးနဲ့တိုက်ပုံဝတ်ပြီး စင်ပေါ်မှာတက်ပြီး Rapping ရွတ်ပါတော့တယ်

အောက်က တစ်ချို့လူတွေလည်းကျွန်တော်တကယ်ဆိုတာမဟုတ်မှန်းသိကြတယ်.

အချို့လည်း ကျွန်တော်တကယ်ဆိုတယ်ထင်ပြီးဝမ်းသာအားရအားပေးကြ။

သူငယ်ချင်းတွေကော မန်ဘာတွေကော လုံးဝကြိုမသိထားတဲ့အတွက်အကုန် ကြောင်သွားကြတယ်

MCလုပ်နေတဲ့ ကျွန်တော်တို့မန်ဘာဝင်တွေတောင်မသိကြပါဘူး။

ဆိုပြီးတဲ့နောက် ကျွန်တော့်ကိုတစ် ယောက်ပြီးတစ်ယောက်လာနှုတ်ဆက်ကြ။

ကျွန်တော် ရှက်လွန်းလို့ဘာပြန်ပြောရမှန်းမသိ။ သွားဖြဲပြီး ဟီးဟီးပဲလုပ်နိုင်တယ်။

ကိုယ့်အကြောင်းကိုယ်ပဲသိတာကိုး

စိတ်ထဲမှာလည်း ကြိုပြီးသာ အစီအစဥ်ကိုသိပြီး ပြင်ဆင်နိုင်ရင် ငါတကယ် အပီအပြင်ဆိုပြနိုင်မှာ ဆိုပြီး ကြိတ်မနိုင်ခဲမရဖြစ်နေတယ်.

 

အခုအဲဒီ ဗီဒီယို Youtube မှာရှိပါသေးတယ်. ။

ကျွန်တော့်အတွက် တော့တကယ့်အမှတ်တရပါပဲ။

အခြားသူနဲ့ သီချင်းဆိုရင် ဒီလောက် ရင်ခုန်ရမယ်မထင်ပါ.

နီနီခင်ဇော်ဖြစ်တာကော ကျွန်တော်ကြိုတင်မပြင်ဆင်နိုင်တဲ့အတွက် သူ့ရှေ့မှာ Impression ကျတာကော ကြောင့်တော့ မကျေမနပ်ဖြစ်ခဲ့ရပါတယ်.

ဖြစ်ကြောင်းကုန်စင်

ဇွန်လ၂ ရက်နေ့
အိပ်ရာက နိုးတည်းက ကောင်းကင်ကကြည်လင်မှုမရှိလှဘူး။ အဖေနဲ့အမေတို့ကတော့ မနက်စောစောတည်းက လယ်ထဲဆင်းသွားပြီထင်တယ်။ ဒီအရွယ်ရောက် အသက်ကြီးတော့မှလယ်အလုပ်ပြန်လုပ်နေတာ။ ပြောလို့လဲမရဘူးလေ.?
အိပ်ချင်မူးတူးအိပ်ရာထ မနက်စာစားပြီးတာလည်း ဆက်အိပ်ချင်နေတုန်းပဲ ။
နေမပွင့်တာရယ် ကော်ဖီမသောက်ရသေးတာရယ်ကြောင့်လဲဖြစ်မယ်ထင်တယ်၊
ဒါနဲ့ကော်ဖီတစ်ခွက် ကောက်ဖျော်ပြီးအလင်းရောင်ရတဲ့နေရာမှာ ထိုင်နေမိတယ်။
သံဃာ့ဆေးရုံမှာ အကူဆင်းပေးနေတာ မေလတစ်လတည်းဆိုတော့ ဒီလမသွားတော့ဘူးလေ။
တကယ်တန်း ထင်ခဲ့တာက လစာနဲ့လုပ်ရမယ်ထင်ခဲ့တာ။ ကျောက်ကပ်ဆေးဖို့လည်း ပြင်ဆင်နေပြီ။ စဖွင့်ဖို့အတွက်ဆရာဝန်နဲ့ ကျောက်ကပ်ဆေးတဲ့သူနာပြုကမရှိသေးဘူးလေ။
စောစာစီးစီးတည်းက ကျောက်ကပ်ဆေးတာကိုမမြင်ဖူးသလို ဆရာဝန်အဖြစ် ဆေးရုံမှာ သွားနေဖို့လည်းစိတ်မဝင်စားခဲ့ပါဘူး။ ဒါပေမယ့် နောက်ဆုံးဆရာဝန်မရှိခင်တစ်လတော့ သွားလုပ်ပေးမယ်ဆိုပြီး လုပ်ဖြစ်ခဲ့တယ် ။
ဆရာကတော့ ငါ့ကိုပျဥ်းမနားမှာပဲထင်ပြီးတော့ ခေါ်တာဖြစ်ပေမယ့် တကယ်တန်းနေ့စဥ် ငါလာရတာက နာရီဝက်လောက်မောင်း ၁၅မိုင်လောက်ဝေးတဲ့ဥတ္တရသီရိက နေ့စဥ်လာရတာပါ။
စလုပ်ပေးခဲ့တည်းက ကူညီတယ်ဆိုပေမယ့် အခမဲ့လို့တော့မထင်ခဲ့ဘူး။
ခဏတဖြုတ်သွားလုပ်ပေးရတာမှမဟုတ်တာပေကိုး။ နေ့စဥ် သွားရတဲ့အတွက် အချိန်၊ ကားဆီဖိုးစတာတွေရှိတယ်လေ။
ဘယ်လောက်ပေးရမယ်လို့လည်းမပြောခဲ့ပါဘူး။ ဒါပေမယ့်မူလသတ်မှတ်ထားတဲ့ လစာက နည်းလွန်းနေတဲ့အတွက် အပြင်ဆရာဝန်တွေ ခေါ်လို့မရမှန်းသိလို့ တိုးပေးဖို့တော့ပြောခဲ့တယ်။
တကယ်တန်းတိုးသွားတဲ့လစာက အဲဒီနေရာမှာ သက်သက်သာသာလုပ်ရတာတွေ၊ လုပ်စရာသိပ်မရှိတာတွေနဲ့ယှဥ်လိုက်တော့ လောလောဆယ်မှာ ဝင်ငွေမရှိတဲ့ ကိုယ်လိုလူကို ပြန်လည်ဆွဲဆောင်နေတာလည်းမဆန်းပါဘူး။ ဒါပေမယ့်ကိုယ်လစာတိုးလိုချင်လို့ မလုပ်ချင်ယောင်ဆောင်တယ်ဖြစ်မှာစိုးလို့ လုံးဝမလုပ်ဖူးလို့ဆုံးဖြတ်ထားလိုက်တယ်။
ကိုယ်မလုပ်ရင် ကိုယ့်ထက် ကျွမ်းကျင် စိတ်ဝင်စား စေတနာထားသူကို ဒီလစာနဲ့ ဒေါင်ဒေါင် မြည် ရွေးနိုင်မယ်လို့ထင်ခဲ့မိတာကိုး။
ဒါပေမယ့်အထင်နဲ့အမြင်လွဲခဲ့တယ်။ ကျန်ခဲ့တဲ့လူနာတွေအတွက် စိတ်သိပ်မချပေမယ့် ကိုယ်မတတ်နိုင်ဘူးလေ။သံယောဇဥ်ဖြတ်ရမှာပေါ့။
အခုတော့ ကျောက်ကပ်ဆေးဌာနလည်း ဖေ့စ်ဘွတ်ကောင်းကျိုး နေရာပေါင်းစုံ ကလူတွေကောင်းကျိူးနဲ့ တော်တော်တော့ အလှူငွေတွေ ရနေပါပြီ။
တစ်ခုပဲစိတ်မကောင်းဖြစ်ခဲ့မိတယ်။ မိမိ အိပ်ကပ်ထဲတစ်ပြားမှမရှိချိန်မှာ မျော်လင့်ချက်သေးသေးလေးနဲ့ ကိုယ်လုပ်မိတဲ့ကိစ္စလေးတွေ က ကိုယ့်အတွက် တပြားမှ မရတဲ့အခါ
ကိုယ် မျှော်လင့်တစ်ကြီးလုပ်ခဲ့တာတွေကို လှောင်ရယ်နေသလိုခံစားရတယ်။
ကိုယ်ရသင့်ရထိုက်တာတွေအများကြီးရှိပါတယ်.
ဝက်ဘ်ဆိုဒ်အလုပ်အပ်ပြီးတော့ လုပ်ငန်းအပြီးသတ်ခါနီးကျမှ အကြောင်းမပြန်တာ။ ကိုယ်စိုက်ထားတဲ့အချိန် ၊လုပ်အားအပြင် ငွေကြေးတွေပါပြန်မရခဲ့။
စောစာစီးစီးအလုပ်ကို အလုပ်နဲ့တူအောင်စာချုပ်စာတန်းနဲ့မလုပ်ခဲ့မိတဲ့ကိုယ့်အမှားလို့ပြောရမယ်။
အားနာလွန်းတတ်တာကိုး။ တောင်းရမှာလည်းအားနာတတ်တယ်.။ ငွေစကားပြောလွန်းတယ်လို့အထင်ခံရမှာလည်းစိုးတယ်။ ဒါတွေကြောင့်ငါခံခဲ့ရတာအများကြီးပဲ။
သူများဆီအပ်ထားတဲ့ငွေကြေး ကိုယ်တကယ်ပြန်ထုတ်မယ်ဆိုတဲ့အချိန် မှာ ထုတ်မရဖြစ်ပြီး စီစဥ်ထားတဲ့အစီအစဥ်တွေကမောက်ကမဖြစ်ကုန်တာလည်းကြုံဖူးတယ်။
ကိုယ်ထင်ထားတာက ကိုယ့်ရဲ့အပ်ထားတဲ့ငွေတွေအားလုံးပြန်ထုတ်နိုင်ရင် ဘဏ်ထဲထည့်ထားပြီးအတိုးနဲ့ ပွားအောင်လုပ်ထားမယ်စဥ်းစားတာကိုး။ ဒါပေမယ့် ထင်ထားတာထက် ၁နှစ်ကျော်နောက်ကျမှ ရတဲ့အပြင် အဲဒီနောက်ကျမှုအတွက်လည်းဘာအတိုးမှ ရခြင်းမရှိပါဘူး။
သူ့အတွက် တော့ ကိုယ့်ငွေဒီလောက်ကဒီလောက်ပဲဖြစ်ပေမယ့် ကိုယ့်အတွက် တော့ ငွေပမာဏများများစားစား ကို ဘာအတိုးမှမရပဲ သူများဆီရောက်နေတာ ရင်နာစရာ ဇာတ်လမ်းတစ်ပုဒ်ဖြစ်နေရတာပေ့ါ ။
ဒါတွေအိမ်ကလည်းမသိဘူး။ ဘယ်သူမှလည်းမသိဘူး။
ဖြစ်ခဲ့သမျှ အကြောင်းကိုယ့်ရဲ့စီမံခန့်ခွဲမှု ညံ့လို့လို့ပဲသုံးသပ်တယ်.။ ဒီလို စိတ်မျိုးနဲ့ ဘယ်လိုစီးပွားရေးလုပ်မလဲလို့တွေးမိပြီးအားငယ်စိတ်ကလည်းမကြာမကြာဝင်တတ်တယ်။
ရသင့်ရထိုက်တာကိုသူ့အလိုလိုမတောင်းပဲရပြီးကိုယ်ပျော်ရာကိုလုပ်နေချင်တာလေ၊
ကိုယ့်အတွက်လည်းကျန်အောင်လုပ်ချင်တယ်. လူတွေအကျိုးရှိတာလည်းဖြစ်စေချင်တယ်။
မင်းဘာတွေဆက်ဖြစ်ဦးမလဲအာသာရယ်.

Clubbing

Which kind of music do you like to listen?

When I was feeling down and bored, I used to listen some inspired music .Sometimes classical tunes and sometimes club beat :D.

Yeah, I like to go to club but I’m not a party animal. The first time I went to club was  in 2006 with my best friend. We both were just 16 years old at that time. He just lived in an apartment next to the hotel. And there was a club in hotel. My very first club experience was really awkward. I was hesitated to dance with other people . Techanically we both were under age and weren’t supposed to drink. But as usual, there were no strict rule . So, we shared a mug of beer . Every one dancing under spot lights seemed to be older than us.

College student life in mandalay was not like in Hollywood movies. We didn’t have home parties or other places to celebrate events. Yes, no club either. Local authorities didn’t allow clubs in mandalay. Sometimes, we had chance to go to clubs which were not legally opened.

But, most of the time, we faced with fights in the club. Some young men didn’t like to enjoy peacefully. That was a problem.

Therefore, I had very few club experiences .

When I had chance to stay longer in Yangon, I went to some clubs. Of course , there were friends to celebrate together. I understood the culture of clubbing when I have visited to most clubs in yangon. I used to enjoy to dance under lights and with DJ music. My favorite DJ was Avicii. A memorable time in a club and the music I heard was “Waiting for love -by Avicii”. Everytime I hear that song , I was like in the club.

The moto I always hold is “Work hard, Play hard” . I was a conservative man before .Though  I always wanted to be happy like other young people, I used to control myself very strictly. When I realized that I didn’t have much time to celebrate my youthful life, I always let myself free . I allow to myself to explore everything what I haven’t found yet. I decided to live happily while I was torturing myself with suffocating thoughts .

I believe everybody should have a night life to relax, to  reborn strength for another day..We should pass our daily lives energetically ,actively with fresh ideas.

 

 

Arthur

June 1 2016.

 

How did i learn english?

Today I want to tell you how did I learn English .

My former English skill was terrible . When I was in high school, English is one of the essential subjects in curriculum.

But even about 10 years of studying English in school can’t help me to be a fluent speaker. So, what was wrong with that?

Most of the time, our English teacher instructed us to memorize vocabulary by heart and to learn English grammar structure. There in exams, they gave us sentences to convert one grammar to another style. So, we had to remember formula to be able to convert such kind of sentences. Memorizing vocabularies were the most difficult part for me. English is one of the subject in matriculation examination. In exam, there were closed up type questions to fill up the blanks with proposition ,conjunction and so on. But all the paragraphs were from text book . So, if I can memorize all the essay in text book, I could pass that test. There was an letter and essay writing in exam , but I could not write with my own style either. Seems like my English foundation was a bit weak.

When I was in medical school, all the subjects were learned in English . 2nd Year was my most difficult time because I confronted with many strange terminologies and reading and writing were still weak. But, some how I did pass all university years .

When I was young ,opportunity to watch English movies and English speaking programs were so rare in my hometown . My home didn’t have satellite TV and there was no English speaking television programs either. Therefore, my listening skill was also zero. During my first year of college, the country became more open up and English speaking movies were easily accessible.

At the time, I could not even read English novel and watch English movies without Burmese subtitle. I was starting to use Internet . I watched many movies and series during my student life. I tried to watch with English subtitle whereas Burmese translations were unreliable. Since then, I always watched and listened only in English and totally neglect Burmese subtitles.

I practice my English writing in facebook .In that way ,I possessed a satisfactory level.

I didn’t have a partner to practice English .Therefore, I used tools like internet, e-dictionary,ebooks,music,movies and grammar check software to improve my engish.

It doesn’t actually reach a certain level I really hoped for .But, I have reached a certain distance and I am keep walking .

One day, I must be the one who can fluently speak  and write as a native English speaker.

 

 

How much should we charge for website development?

Resharing from a fb post

ကို Ei Maung ပြောတာလေး မှတ်သားစရာပါ..

Website ရေးတဲ့ ဝန်ဆောင်မှု ပေးတဲ့အခါ (ခပ်ရှင်းရှင်း ပြောရရင်၊ Website ရေးစားတဲ့အခါ) ရေးခကို ဘယ်လောက် ယူသင့်သလဲ ဆွေးနွေးနေကြတာ တွေ့မိပါတယ်။

ပေးနိုင်တဲ့ ဝန်ဆောင်မှု အနေအထား၊ ပေးပုံပေးနည်းနဲ့ နာမည် ဂုဏ်သတင်း (reputation) တို့ပေါ် မူတည်ပြီး တစ်ယောက်နဲ့ တစ်ယောက် ယူတဲ့နှုံးတွေ တူကြမှာ မဟုတ်ပါဘူး။ ဘယ်လိုပဲ ယူယူ၊ ဘယ်လောက်ပဲ ယူယူ၊ အောက်ပါ အချက်တွေ ထည့်တွက် ပြီးပြီးလား စဉ်းစားသင့် ပါတယ်။

၁.) အလုပ်မအပ်မီ၊ အပြန်အလှန် ညှိနှိုင်း ဆွေးနွေးကြရတဲ့ အချိန်တွေ၊ လမ်းစရိတ်တွေ ရှိပါတယ်။ အဲ့ဒါတွေ ထည့်တွက်ပြီးပြီလား။

၂.) အလုပ်မအပ်မီ၊ ပရိုပိုဆယ်၊ နမူနာ၊ စသဖြင့် ကိုယ့်ဘက်က အချိန်ယူပြင်ဆင် တင်ပြရတာတွေ ရှိပါတယ်။ အဲ့ဒီလို အချိန်ယူ ပြင်ဆင် ပေမယ့် အလုပ်မရတာတွေလည်း ရှိတက်ပါတယ်။ အဲ့ဒီလို အခြေအနေ တွေကို ထည့်သွင်း တွက်ချက် ပြီးပြီလား။

၃.) အလုပ်ရပြီးနောက်၊ Client ဘက်က ပံ့ပိုးမှု ပျက်ကွက်လို့ လိုအပ်တာထက် အချိန် ပိုကြာတာဟာ ဖြစ်နေကြပါ။ အဲ့ဒီအချိန် တွေအတွက် ထည့်သွင်း တွက်ချက် ပြီးပြီလား။

၄.) အလုပ်အပ်ပြီးနောက်၊ သင်တန်းပေးရတာတွေ၊ လမ်းညွှန် စာရွက်စာတမ်း စီစဉ်ပေးရတာတွေ ရှိပါတယ်။ အဲ့ဒါတွေအတွက် ထည့်တွက် ပြီးပြီလား။

၅.) အလုပ်အပ်ပြီးနောက်၊ ပြင်ဆင်မှုတွေ ရှိလာနိုင်ပါတယ်။ စာချုပ်က ဘယ်လိုပဲ ပြောထားထား၊ နာမည် မပျက်စေဖို့အတွက် အချို့ကိစ္စတွေက မလုပ်ပေးလို့ မရပါဘူး။ အဲ့ဒီအတွက် ထည့်တွက် ပြီးပြီလား။

၆.) လုံခြုံရေးကိစ္စလို ကိစ္စတွေအတွက်၊ အရေးပေါ်တုန့်ပြန်မှုတွေ ပေးရပါမယ်။ အခြား အထွေထွေ နည်းပညာ ပံ့ပိုးမှုတွေလည်း မလုပ်မဖြစ် လုပ်ပေးရပါမယ်။ အဲ့ဒီအတွက် ထည့်တွက် ပြီးပြီလား။

ဒါတွေအားလုံးကို အသေအချာ ထည့်တွက်ပြီးပါပြီ ဆိုရင်တော့၊ ဘယ်လောက်ပဲ ယူယူ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ပဲမို့ ကောင်းပါတယ်လို့ ပြောရမှာပါ။ မလိုဘူးထင်လို့ ထည့်မတွက်ရသေးဘူး ဆိုရင်တော့ “Good luck” လို့ပဲ ပြောချင်ပါတယ်… smile emoticon

Let me tell a story

When I was a little boy, I read a story in comic book for children.
It goes like this..

“Long ago, there was a professor and his students. He taught to his students according to their intelligence.
Therefore, some students had chance to learn more than one subjects so they possessed  many skills.
There was a least intelligent one among outstanding students. Meanwhile, his friends were discovering more than one skill, his capacity was limited and only able to learn one learning.
So, the professor taught the easiest one to raise it as his career. That was pottery.
After all school years passed and professor believed his students were ready to go into realy life .
And then each and every one returned to their nations and applied knowledge they acquired in university.
But, the students who had learned more than one skill were not quite successful as they anticipated.
But, for the stupidest student who learned only pottery.
He didn’t learn other things, he only did pottery everyday and eventually he became a professional and getting rich by making pots.

When other students heard about him, they complained to their professor that why he didn’t teach them the way to rich,why the stupidest one became more successful than any of us.

The professor didn’t give an answer immediately, but asked his smartest student to climb along a bamboo tree in his backyard.
When he was on the tree, the professor asked other students to shake the tree hardly so that he could fall off.
The guy on the top of tree jump out to another one when the branch he hold was shaking.
When he reached on another , his friends  on the ground did the same way to tree he was holding.
He was moving from one tree to another whenever he almost fell off until he realized to hold a strong and bigger tree to keep stay on top.

Finally, the professor told his students that you will never be stable and rich if you are switching your career one to another..”

That story always remind me of the work what i am doing.
I am not smart , but .. still doing many things. And no profession anywhere.

The song in the drizzling rain

 

Sometimes you have fought the whole day and you are feeling weak ,looking for a comfortable place ,kind of paradise. If you ever need that kind of moment in your life, music are the best companion to make you relax.

The rain is falling outside. Drizzling rain ,smell of ground and the chilling breeze slip through on my cheek. I was sitting in front of my notebook . My sub consciousness is thirsty for a music.

The rain usually make us feeling miss to someone in our past memories. The song I have chosen was

“Finding Hope “ (You & Me) .

Nothing would be perfect than a song, quiet place except the sound of rain drops on the roof and the breeze.

I was angry , sad and feeling miserable when I came back from work. I felt like I was totally lost and I am worthless, useless . There is nothing I can do .

But , the bad vibes influencing me has gone away since I hear this music.

I have regained my strength from music.

That’s why I am being a music crazy.
I still want to reach the horizon I can barely see. I totally want to escape from my environment .Even it won’t be forever , I still wanna try .

I want to rewrite my history starting from a new chapter.

Bless me GOD.

I know I am weak and fragile, easy to persuade, not have strong decision. But I want to achieve something in my lifetime.

 

 

Arthur Chan

10:00 pm

21.5.2016

Kason Fullmoon Day

Why you don’t want to be a doctor?

Everybody thinks being a doctor is a miracle and he can make big money and assume as noble career.

But, for me although I finished my study in medicine, I don’t want to be a doc anymore in Myanmar.

Seriously? Why?

I have some reasons that I don’t wanna do. Check out the following to know life of a doc in Myanmar.

Low Salary.

The official salary of a doc is about 2.5 lakh per month which is equivalent to 250 USD . If you open GP clinic by your own, maximum amount you can charge per a person is 2.5USD .I am saying about ordinary medical doctor not specialist level. Sometimes patients think 2.5 USD is too much for them and they want treatment with cheaper prices. Because of very low treatment fees, most of doctors who are not descendent from wealthy family choose other high salary jobs such as product specialists in pharmaceutical companies, project officer in NGO, medical doctor in private hospitals and so on. Although they still want to study more and want to be a consultant , there are many bars limiting them to be so. Government salaries is the lowest but it can give you an opportunity to obtain a master degree. Therefore, young doctors always want to be government servants regardless of low payment and high workload. But, they can not survive with their salary alone , their families need to support them or find an alternative incomes by opening GP clinic and some other works. In some countries , though monthly salary is not very high, other social welfare services are still supporting to ease the life of government stuffs.

 

High Workload

Shortage of medical professionals are countrywide crisis in current Myanmar. Former government produced large amount of doctors and nurses in previous decades. But , the government can not hire all those produced medical professions to assign in their vacant positions. Therefore, unemployed doctors nurses and doctors are queuing to answer civil service exam while few number of doctors and nurses are running the hospitals with their uttermost efforts. In a recent years, government conducted  free healthcare services in hospitals . As a consequence, the more patients went to hospitals . Free services hospital can provide and quantity of patients needed to care always imbalance. As far as I know , hospitals should take responsibilities for every patients they are able to care. But now, primary and secondary centers are always referring patients to tertiary centers. Some of the patients are not even need to admit in tertiary hospitals. That’s why, hospitals in cities are always a crowded place. No matter what the government is developing more and more building , hospitals can not offer satisfactory care to that patients. So , in Myanmar to get a tender loving care from a doctor is like a miracle of a patient . That’s because of high workload of doctors ,they  can not give sufficient amount of time to look after patients.

 

Competitive

 

The world is a competitive place .Yes, I understand. Doctors also want to get promotion which can make them breathable in daily struggling . There is two way to choose for doctors if you have been graduated from college. First , will you join civil service or will you answer oversea medical exams and work independently in foreign countries ?

Yes, to answer civil service exam, you need to have generage knowledge about current governments .

In my own opinion, the exam held for doctors are not quite fair. Most of the questions asked in civil service entrance exam are nonsense and nothing related to the doctor career like which bridge in Myanmar is longest ? answer the speech delivered by president in which events ? list the name of leaders in which countries? And so on. So, doctors have to attend tutions to know all these kind of questions. In my personal experience, the smartest student in medical school can even fail in that exam while the dumbest one can pass easily.  That’s why I am saying the exam is not fair.

You have to pass through if you want to be a government doctor. Another step is 4 month training in central government servant training school. They have to do exercise , carry guns and practice to shoot and listen boring lectures which are just propaganda. It’s more like a soft military training.

If you successfully overcome these steps ,you officially became government doctor , that’s why you have to go to place you are being assigned.  You still have to wait another year to sit entrance test of master class. Most of the doctors failed in first time because few candidates are selected from many doctors . It also depends on the subjects you choose. Some peripheral subjects are less popular and you are easy to win while popular subjects like medicine and OG have less chance to pass.

Another way apart from government staff is answering oversea medical exams like MRCP, MRCS etc.

It is also not an easy way also. You need to have sufficient amount of money to have a chance to answer these exams. Tution and exam fees are very expensive of an ordinary doctor descendent from middle class family. Total cost might even reach 5000 USD for one attempt. If you failed in that exam, all the money lost. That’s why you need to be qualified before you answer that examinations. That’s why these oversea exams are like for doctors with rich family background . Meanwhile ordinary doctors who needed to support families are opening GP or work in high salary NGOs and pharmaceutical companies .

 

I will continue to write this article…

Let me stop here.

 

Arthur Chan

 

In a dialysis center and a lone ranger.

Hello.

This is Arthur.

I am writing this note in my bed via zenbook.

You know , today is May 20 and the rain was fallen around the city.

It can cooled down the city which has been heated for a month.

I was working temporarily in Sangh Hospital ,dialysis unit.

Actually I could not really work in dialysis center . Because , I have never been assigned in renal ward when I internship in hospitals and I am currently not practicing medicine either.

All I interested to do is working computer related work. But ,my father is also in board members of Sangha Hospital and they are needing doctor to start running dialysis unit. So, I involved as a medical doctor. Most of the dialysis work are done by senior nurses who are working in Singapore hospitals. And there is a nephrologist who has worked in UK for many years.

Therefore, their procedures and methods are really standardized and even hard to follow for local trained ones. I have seen patient relying on our dialysis unit for their daily living .

A patient even sold his house in mandalay and eventually moved to pyinmana and decided to stay here. So, it is really getting important to sustain the dialysis center for these patients.

We have a staff shortage . Well trained nurses are involved in major roles dialysis process. Because caring patient , operating dialysis machines, and sterilizing are processed by them. Doctors are not included in that process. Doctor role is only in case of giving emergency management to patient.

Sadly , I can not give that management.  Since after 2013, my brain was only trained for IT things.

I could not think about patient management and even forgot what I have learned.

According to the decision of board members, salaries for doctors and nurses are even increased.

We are recruiting staffs to sustain dialysis center. But , it is more difficult than we have imagined.

Most of the people don’t want to work in our town . I am afraid of failing this very startup dialysis unit .

It was the kind of the first non-profit dialysis center in Myanmar and we are offering dialysis with very affordable prices. I am seeing happy faces of patients. I don’t want to lose their hopes.

But , I don’t know how to help. Our dialysis center is like a pilot project and if the first step was successful , they have plan to spread out dialysis centers across the country.

I have nothing to give except my time .

I am not rich, I have no money , no job.

But, still thinking to help as I can.

Most of the people my age are working for money and so what they are richer than me.

Everybody says working for money is not good and meanwhile they are working for that money.

And for me , I am not fitted in anywhere. I always feel like I am lost or may be I haven’t found something I belongs.

But I don’t understand why people are thinking I have incomes and so I am not worried for anything.

Actually it was not .I practiced myself to live without money. I always wanted to do I love.

I have big dreams like other guyz who want to change this world. Still not impossible…

I want to live not worrying about money by doing works I love.

Sorry for the last paragraph. My fingers are obeying what my mind says and so they are typing to catch the words inside my head.

There is no filter between my head and my typing.

Thanks for reading this note. If this writing included grammar and spelling errors ,plz forgive me that I am not native English speaker nor very good at it.

I will keep writing on this blog every time I have thoughts to say.

And I bought a new notebook which is very good to write essays. Hopefully I will be using this to write more and more.

Thank you and Good Night.

It is 11:46Pm here.

Nyein Chan Ko Ko( Arthur Chan)

Naypyidaw

Myanmar.

Page 6 of 14

Powered by WordPress & Theme by Anders Norén