Resharing from a fb post
ကို Ei Maung ပြောတာလေး မှတ်သားစရာပါ..
…
Website ရေးတဲ့ ဝန်ဆောင်မှု ပေးတဲ့အခါ (ခပ်ရှင်းရှင်း ပြောရရင်၊ Website ရေးစားတဲ့အခါ) ရေးခကို ဘယ်လောက် ယူသင့်သလဲ ဆွေးနွေးနေကြတာ တွေ့မိပါတယ်။
ပေးနိုင်တဲ့ ဝန်ဆောင်မှု အနေအထား၊ ပေးပုံပေးနည်းနဲ့ နာမည် ဂုဏ်သတင်း (reputation) တို့ပေါ် မူတည်ပြီး တစ်ယောက်နဲ့ တစ်ယောက် ယူတဲ့နှုံးတွေ တူကြမှာ မဟုတ်ပါဘူး။ ဘယ်လိုပဲ ယူယူ၊ ဘယ်လောက်ပဲ ယူယူ၊ အောက်ပါ အချက်တွေ ထည့်တွက် ပြီးပြီးလား စဉ်းစားသင့် ပါတယ်။
၁.) အလုပ်မအပ်မီ၊ အပြန်အလှန် ညှိနှိုင်း ဆွေးနွေးကြရတဲ့ အချိန်တွေ၊ လမ်းစရိတ်တွေ ရှိပါတယ်။ အဲ့ဒါတွေ ထည့်တွက်ပြီးပြီလား။
၂.) အလုပ်မအပ်မီ၊ ပရိုပိုဆယ်၊ နမူနာ၊ စသဖြင့် ကိုယ့်ဘက်က အချိန်ယူပြင်ဆင် တင်ပြရတာတွေ ရှိပါတယ်။ အဲ့ဒီလို အချိန်ယူ ပြင်ဆင် ပေမယ့် အလုပ်မရတာတွေလည်း ရှိတက်ပါတယ်။ အဲ့ဒီလို အခြေအနေ တွေကို ထည့်သွင်း တွက်ချက် ပြီးပြီလား။
၃.) အလုပ်ရပြီးနောက်၊ Client ဘက်က ပံ့ပိုးမှု ပျက်ကွက်လို့ လိုအပ်တာထက် အချိန် ပိုကြာတာဟာ ဖြစ်နေကြပါ။ အဲ့ဒီအချိန် တွေအတွက် ထည့်သွင်း တွက်ချက် ပြီးပြီလား။
၄.) အလုပ်အပ်ပြီးနောက်၊ သင်တန်းပေးရတာတွေ၊ လမ်းညွှန် စာရွက်စာတမ်း စီစဉ်ပေးရတာတွေ ရှိပါတယ်။ အဲ့ဒါတွေအတွက် ထည့်တွက် ပြီးပြီလား။
၅.) အလုပ်အပ်ပြီးနောက်၊ ပြင်ဆင်မှုတွေ ရှိလာနိုင်ပါတယ်။ စာချုပ်က ဘယ်လိုပဲ ပြောထားထား၊ နာမည် မပျက်စေဖို့အတွက် အချို့ကိစ္စတွေက မလုပ်ပေးလို့ မရပါဘူး။ အဲ့ဒီအတွက် ထည့်တွက် ပြီးပြီလား။
၆.) လုံခြုံရေးကိစ္စလို ကိစ္စတွေအတွက်၊ အရေးပေါ်တုန့်ပြန်မှုတွေ ပေးရပါမယ်။ အခြား အထွေထွေ နည်းပညာ ပံ့ပိုးမှုတွေလည်း မလုပ်မဖြစ် လုပ်ပေးရပါမယ်။ အဲ့ဒီအတွက် ထည့်တွက် ပြီးပြီလား။
ဒါတွေအားလုံးကို အသေအချာ ထည့်တွက်ပြီးပါပြီ ဆိုရင်တော့၊ ဘယ်လောက်ပဲ ယူယူ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ပဲမို့ ကောင်းပါတယ်လို့ ပြောရမှာပါ။ မလိုဘူးထင်လို့ ထည့်မတွက်ရသေးဘူး ဆိုရင်တော့ “Good luck” လို့ပဲ ပြောချင်ပါတယ်… smile emoticon