Category: Blog Page 13 of 14
ဒဏ်ရာ များ မသက် သာပါ။
Facebook ပေါ် တင် ချင် ပေမယ့် လည်း မတင် တော့ပါ။
ဖေ့စ် ဘုတ် သုံးမိတာ ကြာ လျှင် ရူး လိမ့်မယ်။
ကိုယ် တစ်ဖက် သတ် ချစ် ခင် သူ အားလုံး friend အဖြစ် ရှိ လေ တယ်။
မျက် နှာ လွှဲ ပေမယ့်
စိတ် ဓာတ် က အဆုံးထိ လည်း မပြတ် သားပါ။
ရင် ထဲ ရှိ တာ သိမ်း ရင်း သိမ်း ရင်းနဲ့ပဲ
ဘယ် သူ မှ လည်း နား မလည် ပဲ နဲ့တစ် ယောက် တည်း ရူး။
တစ်ဖက်သက် က ပူ လောင်တတ်သည်
တစ်သက်မှာတစ်ပွင့်တည်းပွင့်ရမယ်လို့သတ်မှတ်မထားပေမယ့်
မျှော်လင့်ထားတဲ့ပန်းလေးအဖူးအငုံလေးဖြစ်လာရင်တောင်ပျော်နေမှာပါ
တစ်ခါတစ်လေမှာပျော်လို့ကျတဲ့မျက်ရည်….
၀မ်းနည်းလို့ငိုမိတဲ့မျက်ရည်…
ခဏခဏကျဖန်များရင်..
.နောက်ကိုဘာကြောင့်ကျရတယ်ဆိုတာတောင်ခံစားမိမှာမဟုတ်တော.ဘူး
sad island in the happy sea
၀မ်းနည်းခြင်းကျွန်းငယ်ပေါ်မှာ…အခုထိတစ်ကျွန်းကျခံနေရဆဲ.
ပတ်ပတ်လည်မှာတော့ပျော်ရွှင်စရာတွေအပြည့်…..
ဒါပေမယ့်…အမြဲတမ်းပင်လယ်ထဲမှာနေနိုင်မှာလား….
အချိန်တန်ရင်တော့ ကျွန်းပေါ်ပြန်နားရမှာပဲလေ..
အဲဒီကျွန်းကတော့…ပျော်ရွှင်မှူမရှိဘူး…..
တစ်ကျွန်းလုံးမှာတစ်ယောက်တည်းနေနေရချိန်……
အနားကဖြတ်သန်းသွားတဲ့အချစ်သဘောင်္တွေကို..လက်ပြနှူတ်ဆက်လို့…
သူတို့က.ငါ့ကိုမလိုက်ဘူးလားလို့မေးကြတယ်…..
အဆင့်သင့်လုပ်ထားတဲ့…အပြုံးမျက်နှာဖုံးကိုတပ်ပြီး..
ငါပြန်ဖြေလိုက်ပါတယ်….
(ငါလိုက်ခဲ့မှာပါ..
ဒါပေမယ့်…ငါပျိုးထားတဲ့..ပန်းလေးပွင့်အောင်..ငါစောင့်ရဦးမယ်)လို့………………….
Arthur
by Nyein Chan Ko Ko (Notes) on Saturday, December 17, 2011 at 11:32pm
ကြယ်ကြည့်တာ လွမ်းတတ်တဲ့သူတွေ ရဲ့အလုပ်တဲ့

ဒါဆိုငါအမြဲတမ်းလွမ်းနေတာပေါ့
ဘာလို့လဲဆိုတော့
အနှစ်သက်ဆုံးအချိန်တွေထဲမှာ..
ညအချိ်န်ကြယ်တွေစုံနေတဲ့ကောင်းကင်ကြီးကို ငေးပြီးတွေးရတာလည်းပါတယ်.
မြို့ပြပုံစံနဲ့အကျဉ်းကျနေတဲ့စိတ်တွေကို ထွက်ပေါက်ပေးနိုင်တာ
အဆုံးမရှိတဲ့အာကသထဲကို
စိတ်ကူးနဲ့ပျံသန်းခြင်းပါ…
ငယ်ငယ်တုန်းကတော.နယ်က ခြံထဲမှာ…မီးမရှိတဲ့ညတွေ……မြို့ပတ်ခဲ့ာတကလေးတွေစုပြီးဆော့ခဲ့တာတွေ…ကောင်းကင်ကြီးကိုကြည့်ပြီး…အဘွားပြောတဲ့ပုံပြင်တွေနားထောင်ရတာ….တွေပြန်သတိရမိတယ်…
၁၀တန်းညတွေလဲပါ၀င်မှာပါ…သူငယ်ချင်းတွေအများကြီး. ဆိုင်ကယ်တွေအများကြီးနဲ့မွေးနေ့ပွဲတွေသွားခဲ့တာ…….
အဲဒီ2005ခုနှစ်က တော.ငါတို့မြို့က အစည်းလုံးဆုံးနဲ့အကြီးဆုံးလို့ပြောရမယ့်အဖွဲ့ပေါ.့
တက္ကသိုလ်ဝင်တန်းအောင်တော.လည်း..တစ်ဖွဲ့လုံးဂုဏ်ထူးကိုယ်စီနဲ့တန်းလုံးကျွတ်အောင်ခဲ့တယ်…
အမြဲတမး်အမှတ်ရမိနေအောင်.. ၁၀တန်းDဆိုပြီး…သီချင်းတစ်ပုဒ်လုပ်ခဲ့ဖူးတယ်…
အခုတော့အားလုံးက ..အဝေးမှာပါ…….
အဲဒီလိုညတွေကျော်လွန်ပြီးတဲ့နောက်
လူတွေရဲ့စရိုက်လို့ပဲပြောမလား..
မီးတွေအမြဲတမ်းမှန်နေတဲ့ညတွေဆက်တိုက်ကြုံရပြန်တော့…မီးစက်သံတွေ.ကားသံတွေမရှိတဲ့…..ကြယ်တွေစုံတဲ့ညကို …တမ်းတမိပြန်တယ်.
ရုပ်ဝတ္ထုပစ္စည်းတွေပေါများတိုးတက်လာတဲ့ခေတ်မှာ………ပျော်ရွှင်မှု..အေးချမ်းမှူ…ရောင့်ရဲတင်းတိမ်မှုကို ပေးနိုင်တဲ့အရာကို ရှာဖွေဖို့ခက်ခဲလာကြတယ်
အရင်က ရိုးရိုးလေးနဲ့..အေးဆေးငြိမ်သက်ပြီးချစ်ဖို့ကောင်းတဲ့မြို.လေးက
….တစ်ခါမှ..စိတ်မကူးဖူးခဲ့တဲ့…နိုင်ငံတစ်နိုုင်ငံရဲ့မြို.တော်ကြီးဖြစ်လာတဲ့အခါ..
ဘီယာနဲ့ထွေတဲ့ညတွေ…..သီချင်းသံတွေညံတဲ့ညတွေနဲ့..
သူမရဲ့မြို.ကသားသမီးတွေကို လုံခြံုမှုမပေးနိုင်တော.ဘူး…………..
ငါကိုယ်တိုင်တောင်ပြောင်းလဲခဲ့သေးတာ…..
တည်မြဲလိမ့်မယ်လို့ထင်ခဲ့တာအရာတွေ..ရွေ.လျားကုန်တာ အခုတော.လည်းမဆန်းသလိုပါပဲလား………..
လွမ်းမောရတဲ့……
အမှတ်တရညတွေထဲမှာရန်ကုန်မြို့ china town က နှစ်သစ်ကူးညလေးတစ်ခုလည်းပါတယ်..
ပြန်တွေးရင်ပီတိဖြစ်ရမယ့်အချိန်လေးတစ်ခုပေါ့……….
ကို်ယ်ချစ်ရတဲ့သူအတွက်အမှတ်တရတွေလုပ်ပေးရတဲ့..ပျော်ရွှင်မှုက………ပို်က်ဆံတွေအများကြီးပေးပြီးဝယ်ရတဲ့လက်ဆောင်ထက်ပိုမြတ်နိုးဖို့ကောင်းပါတယ်.
လပြည့််ညတွေရောက်ရင်..အဲဒီညလေးကို်ပြန်သတိရမိနေတုန်းပဲ..
အဲဒီတုန်းကအရမ်းပင်ပန်းခဲ့တာတွေလည်း…အဝေးကို ပျောက်လွင့်လို့………
နောက်ပိုင်း..ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့…အဲဒီအချိန်တွေက..ပျော်ရွှင်အောင်လုပ်ပေးနိုင်ခဲ့တဲ့အတွက်..ကျေနပ်ပါတယ်……….
ချစ်ရတဲ့သူတစ်ယောက်ကို ..မေ့ရတာဟာ…. တစ်ခါမှမသိတဲ့လူတစ်ယောက်ကို မေ့ရသလိုပါ
ချစ်ခြင်းရဲ့အနုူးညံ.ဆုံးအချိန်တွေက…လူကို လည်းပျော့ညံ.သွားစေတယ်..။
ခဏလေးအတွင်းမှာ…အရည်ပျော်ကျခဲ့တဲ့စိတ်တွေကို ..ပြန်ခိုင်မာလာအောင်ကျတော့အချိန်အများကြီးပေးရတယ်………..
ကျင်လည်ရတဲ့ပတ်ဝန်းကျင်နဲ့…ထမ်းဆောင်ရတဲ့တာဝန်က…………….အမြန်ပျောက်ကင်းစေတဲ့အနာကျက်ဆေးလိုပါပဲ
မထင်မှတ်ပဲ..စတင်မိခဲ့တဲ့အကြောင်းအရာရယ်..
ထင်မှတ်ထားသလိုမပြီးခဲ့တဲ့ဇာတ်လမ်းရယ်က……..ဘဝအတွက်နောက်ထက်သင်ခန်းစာတွေပေးသွားခဲ့ပါတယ်…
တစ်ခါတစ်လေ..တွေးမိတာရှိတယ်….
ငါ…….ကောင်းကင်ပေါ်ကကြယ်လေးတစ်လုံးဖြစ်ချင်တယ်..
အဝေးကြီးရောက်နေကြတဲ့
ငါ ချစ်ခင်.တန်ဖိုးထားတဲ့သူတွေဘယ်လိုရှင်သန်နေကြတယ်ဆိုတာ……….ငါအမြဲမြင်နေချင်မိလို့
ကြယ်တွေကို မြင်နေရသရွေ.ငါဘယ်တော့မှအထီးမကျန်ပါဘူး……
ကြယ်တွေစုံတဲ့ညမှာဖြစ်ပေါ်ခဲ့တဲ့ပျော်ရွှင်မှုတွေကို………..သူတို့တွေက မိုးပေါ်ကနေမြင်ပြီးသိရှိနေကြမှာပါ….
ငါဘယ်နေရာကိုရောက်ရောက်..
ဘယ်လိုပဲကြီးသွားသွား.
သူတို့ကတော့
ငါငယ်ငယ်က..
အကြောင်းလေးတွေကို
ကြံုတိုင်းပြောပြနေဦးမှာပါ………………………………………
လူတစ်ယောက်သူ.ဘဝမှာရွေးချယ်လျှောက်လှမ်းရတဲ.လမ်းဆိုတာ..ငယ်ငယ်တည်းက..အစတည်ခဲ.တာလား
ခင်ဗျားတို.ငယ်ငယ်က စွဲလမ်းခဲ့ဖူးတဲ.အရာတွေကို.. အခုအချိန်မှာကော…နှစ်သက်ဆဲပဲလားး။

ငယ်ငယ်တုန်းက ကြီးလာရင်ဘာလုပ်မလဲလို.မေးတဲ.အခါ ကျရင် ဘယ်လိုပြန်ဖြေခဲ့ကြသလဲ။
ကျွန်တော်ကတော..
ကြီးလာရင်လူကြီးလုပ်မှာပေါ.လို.ပြန်ဖြေခဲ့တယ် 🙂
ငယ်ငယ်တုန်းက…..
ကျွန်တော်ရဲ့အပြုအမူ…နှစ်သက်ခဲ့တဲ့ကစားနည်းတွေကိ ုကြည်.ပြီးတော…ပတ်ဝန်းကျင်က ထင်မြင်ချက်အမျိုးမျိုးပေးခဲ့တယ်.
ကျွန်တော်တစ်ခါမှဆရာဝန်လုပ်တန်းမဆော.ခဲ့ဖူးဘူး
များသောအားဖြင်..ပန်းချီဆွဲခဲ့တယ်….ကာတွန်းဆွဲတယ်.အိမ်ဆောက်တမ်းဆော.တယ်။အိမ်မှာရှိတဲ့လျှပ်စစ်ပစ္စည်းတွေလို်က်ဖျက်တယ်….
ရွှံ.တွေနဲ့ …ပုံသွင်းပြီးဆော.တယ်…စက္ကူတွေကို ဓါးနဲ.ဖြတ်ပြီး.. ပို က်ဆံလုပ်တန်းဆော.တယ်.
ကစားစရာတွေကို ၀က်အူလှည်.တစ်ချောင်းနဲ့.. လိုက်ဖွင်.တယ်.
ဒါနဲ့ပဲ ကျွန်တော.်ကို ကြီးလာရင်.. အင်ဂျင်နီယာ ..မဟုတ်ရင်. ..အနုပညာသမားတစ်ယောက်ဖြစ်မှာပဲလို.ထင်ခဲ့ကြတယ်..
ဒါပေမယ်.
တက္ကသိုလ်ဝင်တန်းအောင်စာရင်းထွက်ပြီးတဲ့နောက်ဆေးတက္ကသိုလ်ရောက်သွားခဲ့တယ်.
အဲဒီ.နောက််ကျွန်တော်လုပ်ချင်တာတွေနဲ့ဝေးသွားခဲ့တယ်.
ဆေးနံ.တွေ.ရောဂါနာမည်တွေ..လူနာတွေ.လူသေကောင်တွေနဲ့….ပြည်.နှက်နေတဲ့ပတ်ဝန်းကျင်မှာ
ငယ်ငယ်တုန််းက တိမ်မြုပ်နေတဲ့ဗီဇ အကောင်အထည်ဖေါ်ဖို.အခွင်.အရေးပေးလာတဲ.အခါ.
လူကြီးဆော.စရာခေတ်သစ်နည်းပညာပစ္စည်းတွေကြားမှာ…ပျော်မွေ.ခဲတယ်..
ကျောငး်ဒုတိယနှစ်ရောက်မှကွန်ပျူတာကိုယ်ပို င်စကိုင်ခဲ့ရတယ်.
အဲဒီကွန်ပျူတာနဲ့ပဲ…
အရမ်းလုပ်ချင်နေခဲ့တဲ့..ဂီတဖန်တီးတာကို ..လိုက်စားဖြစ်ခဲ့တယ်.
တစ်ဖက်က ကျောင်းစာကို လည်းမလစ်ဟင်းရဲဘူး..
ကျွန်တော် pro အဆင်.ထိတော.မရောက်ခဲ့ပါဘူူး..ဘာတူရိယာကို မှလည်းကောင်းကောင်းမတီးတတ်ခဲ့ဘုူူ။
ဒါပေမယ့်…သီချင်းတစ်ပုဒ်လုံး…ကို အစအဆုံး….ဖြစ်တဲ့အထိ..ရှိတဲ့ပစ္စည်းနဲ့ဖြစ်အောင်လုပ်ခဲ့ဖုးတယ်..
recording ..mixing လုပ်တဲ့အခါ …studio မှာသွင်းတဲ့အသံမျိုူးရအောင်..software နဲ့..
2500 တန် computer mic တစ်ခုနဲ့လည်း ကြိုးစားခဲ့ဖူးတယ်.
အဲဒီအချိန်တွေကတွက်ကြည့်ရင်သီချင်းအပုဒ် 20 နှှီးပါး..ဖန်တီးခဲ့တယ်
ကျောင်းစာ..ကွန်ပျူတာနဲ..
စိတ်တွေ..ညစ်ညူးလို့…အပန်းဖြေချင်တဲ့အခါ
ပန်းချီမဆွဲဖြစ်တော့.. ဓာတ်ပုံဘက်ကို ..ဦးစားပေးဖြစ်တယ်..
အဲဒီ..ဘက်မှာလည်းcrazy တစ်ယောက်အတိုင်းပဲ..
ဒါပေမယ့်ဘာကို မှ..ထိထိ မိမိ မရှိခဲ့ဘူး..
စာမေးပွဲတွေပြီး……လုပ်စရာတာဝန်မရှိတော. ကို ယ့်ကို ယ်ကို …ဟိုမရောက်ဒီမရောက်တစ်ယောက်လို .ထင်မြင်လာတယ်
ကျွန်တော်ရောက်နေတဲ့လမ်းက… ဆေးထိုးအပ်ကိုင်ပြီး..လူနာတွေကို …စောင်.ရှောက်ရမယ်.လမ်း.
ကျွန်တော်လုပ်နေတာတွေက… idea သုံးပြီး..ဖန်တီးမှုတွေ..
5နှစ်လုံး…ကြိုးစားခဲ့တဲ့.လမ်းက..အဆင်သင်.လျှောက်လှမ်းခဲ့ရတဲ့ကတ္ကရာလမ်းဆိုရင်….ကိုယ်တိုင်လုပ်ထားတဲ့မြေနီလမ်းလေးကို လည်းမပစ်ပယ်နိုင်ဘုးဖြစ်နေတယ်.
မြေနီလမ်းလေးကို ..ကတ္တရာခင်းနိုင်လောက်တဲ့အထိ ..လည်း.မစွမ်းဆောင်နိုင်သေးဘူး.
လျှောက်လှမ်းလို. တေ်ာတော်ဝေးအောင်ရောက်နေပြီဖြစ်တဲ့ကတ္တရာလမ်းပေါ်မှာကြည့်ပဲလည်း.ကျွန်တော်မပျော်နိုင်ဘူး.
အဲဒီလမ်းနှစ်ခုကို ဘယ်လိုပေါင်းစပ်ရမလဲဆိုတာကို ..ခဏခဏတွေးဖြစ်တယ်.
ဆရာဝန်လောကက..မြန်မာနိုင်ငံမှာလူတန်းစားတစ်ရပ်လို.ပြောကြတယ်.
အဲဒီလောကထဲကို .ခြေလှမ်းစတင်မိတဲ့အတွက်…
လွတ်လပ်စွာတွေးတောမှုတွေ…လွပ်လွပ်လပ်လပ်နေထိုင်မှူတွေရယ်…..နောက်ထက်idea အသစ်တွေပါရခဲ့တယ်..
ပိုပြီးတော.ပြောရဲဆိုရဲလည်းရှိလာခဲ့တယ်.
သာမာန်နယ်မြို.သာမာန်မိသားစု..မှာနေထိ်ုင်ခဲ့ရတဲ့သူအဖို့… မျက်စိပွင့်နားပွင်.ဖြစ်ဖို့က…သိပ်မလွယ်ပါဘူး.
စာသင်နှစ်တွေကုန်သွားလို..
အလုပ်သင်ဘဝရောက်တော.မယ်အချိန်မှာ..
စိတ်တွေက.နောက်လာမယ်.တစ်နှစ်အတွက်.ကြိုစဉ်းစားမိပြန်တယ်..
သူငယ်ချင်းတွေကတော.ဘွဲ့ရပြီးရင်နိုင်ငံခြားသွားကြမယ်တဲ့..
ငါကကောာ…
ငါလည်း.ဒီထက်ပို .အမြင်ကျယ်ချင်သေးတယ်…
နိုင်ငံခြားကို .ငါက ပညာတော်သင်အနေနဲ့သွားရမှာပေါ..
အချိန်တွေငွေတွေထက်ကုန်ဦးမယ်
ဒါပေမယ်…..ငါ ဆေးပညာကို ပဲသင်မှာလား…
နောက်ဆုံးဘွဲ့တွေရလာလို….MBBS နောက်မှာအမြိှးတွေတစ်သီတစ်တန်းကြီးနဲ.ဖြစ်ပြီဆိုပါတော..
ငါ ဘာလုပ်ရမှာလဲ.?
သြော်…ဆေးကုရမှာ……အမြီးှရှည်ရင်.လူနာပို တိုးလောက်မှာပေါ….
ဒါပေမယ်အချိန်ပေးနိုင်မှူတော.ကျဆင်းသွားမှာပဲ.
အဲဒီအချိန်ဆို်ရင် ..30ကျော် 40နားပေါ့
ငါတို့နိုင်ငံကြီးလည်း..ဖွံ.ဖြိုးတို်းတက်လို့..အာရှကျားတစ်ကောင်အဖြစ်မှန်းလို့ရခဲ့ရင်…..
ငါ က
လူနာတွေ..အများကြီး.လက်ခံပြီးပတ်ဝန်းကျင်ကို မျက်ခြေပြတ်လောက်တဲ့ဘဝနဲ့နေသွားမှာလား..
အဲဒီအချိန်ထိ… လူနာနဲ.ဆရာဝန်အချိုးမမျှတမှုူက ရှိနေဦးမှာလား…
နိုင်ငံမှာ…. ပညာရှင်တွေအမျာကြီးလိုအပ်မှာ.
ဆရာဝန်ဆိုတာ.
ဆေးကုတာတစ်ခုတည်းလို.တော.ငါလက်မခံနို််င်ဘူူးး.
ဆေးပညာဒီလောက်ကျယ်ပြန်.တာ..ဒီနိုင်ငံမှာ
နောင်လာမယ်.ခေတ်အတွက်..
ဆေးပဲကုတတ်တဲ.ဆရာဝန်တွေများနေမှာတော.မဖြစ်စေချင်ပါဘူး.
ဗီဇနဲ့အလုပ်ထပ်တူကျရင်….
မိမိကိုယ်ကို ပြောင်းလဲနိုင်သလို..
မိမိပတ်ဝန်းကျင်ကို လည်းပြောင်းလဲပေးနိုင်တယ်တဲ့
နောက်ဆုံး….
စိတ်ကူးထဲမှာတောင်မလုပ်ဖူးတဲ့အလုပ်ကို…..ကြိုးစားရင်..
စိုက်ထုတ်ရတဲ့ခွန်အား..အချိန်တွေနဲ့…. ပြန်ရမယ်..ရလဒ်တွေက…ထိုု်က်တန်ပါ.မလား..
ကို်ယ့်ကို ယ်ကို မေးခွန်းတွေထုတ်မိတာက အကြိမ်ကြိမ်…
နောက်ဆုံးတစ်ခုပဲတောင့်တတယ်
ပေါင်းစည်းနိုင်မယ်.လမ်းတစ်ခုကို လိုချင်တယ်လို.
မြေနီလမ်းနဲ..ကတ္တရာလမ်းနဲ့ပေါင်းပြီး…..ပန်းတိုင်တစ်ခုတည်း့ဖြစ်မယ်.လမ်းမျိုးပေါ.
အဲဒီလိုလမ်းမျိုးက..
မချောမွေ့ပဲကျောက်စရစ်လမ်းဖြစ်နေရင်တောင်….
ကျွန်တော်ပျော်ရွှင်နေမယ့်အရာမျိုး ဆို်လျှောက်လှမ်းချင်မိပါတယ်
Arthur
(Dec .19 .2011)

၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့….မနက်(၆)နာရီ
ပျဉ်းမနားမြို့……..
တစ်ဂျွီဂျွီမြည်နေသံနဲ့……စကားပြောသံ..သတင်းကြေညာသံတွေကြားနေရတယ်..
သေချာတယ်…အဖေ့ရေဒီယိုကနေမှာပဲ။
ဒီနေ့မန္တလေးသွားရမယ်။
ပျဉ်းမနားမြို့လေးကတော့..ဆောင်းတွင်းမြူတွေကြားမှာအိ်ပ်ရေးမဝတဝနဲ့။
လွတ်လပ်ရေးနေ့အခမ်းအနားကိ်ု TV မှာတိုက်ရိုက်လာနေတယ်။
ဒီနေ့က နေပြည်တော်မြို့တော်ခန်းမဖွင့်ပွဲလေ။
အမေကတော့..အလုပ်တွေရှူပ်နေတယ်။
နေပြည်တော်ဖွင့်ပွဲသွားတက်ရမှာမိုလို့။
ငါကတော့ဒီနေ့နေ့လည်ကို်မြန်မြန်ရောက်စေချင်နေမိတယ်.
ငါတက်ရမယ့်တက္ကသိုလ်ကြီးရှိတဲ့.မန္တလေးဆိုတဲ့ရွှေမြို့တော်ကြီးကို်မြန်မြန်ရောက်ချင်နေပြီ။
မနေ့က မှအမေဝယ်ပေးထားတဲ့..အစိမ်းရောင်လက်ဆွဲသေတ္တာကြီးကိုကြည့်ပြီးသဘောတွေကျနေတယ်။
လိုအပ်တာတွေအားလုံးလည်းထည့်ပြီးပြီ။
အကြာကြီးထိတွေ့ကိုင်တွယ်..အဖေါ်ဖြစ်ခဲ့တဲ့.
စာအုပ်တွေ.ကစားစရာတွေ
…ငါရဲ့့ပန်းချီဆွဲတဲ့ပစ္စည်း.
ငါ့ရဲ့ CDကက်ဆက်လေး
အားလုံးကိုနောက်ဆုံးအကြိမ်…ပြန်ကြည့်နေမိတယ်။
မှန်ဘီရိုထဲကဆုတံဆိပ်တွေနဲ့………..မွေးနေ့လက်ဆောင်အရုပ်တွေ…
ဗီရိုတစ်လုံးအပြည့်ရှိတဲ့..ငါ ရဲ့စာအုပ်တွေဂျာနယ်တွေ
ဒါတွေအားလုံးက..ငါ့ကို….သခင်သွားတော့မှာလားဆိုပြီးနှုတ်ဆက်နေသလိုပဲ………………
(နေ့လည်.၁နာရီ.)
ပျဉ်းမနားဘူတာကိုရောက်နေပြီ။
ရထားကတော့မလာသေးဘူး.
အဖေနဲ့ကိုကြီးက လိုက်ပို့တယ်။
အမေကတော့မန္တလေးအထိလိုက်ခဲ့ဦးမှာ.
ဘူတာမှာသူငယ်ချင်းရဲ့အဖေနဲ့အမေတွေ့တယ်.။
ရန်ကုန်ကပြန်လာမယ့်သူငယ်ချင်းကိုလာကြိုတာလို့ပြောတယ်။
မကြာခင်ရန်ကုန်ဘက်ကရထားဝင်လာတယ်။
ငါလည်းရထားပေါ်တက်ခဲ့ပြီး…တဲ့နောက်…ရန်ကုန်ကလာတဲ့သူငယ်ချင်းနှစ်ယောက်ကလာနှုတ်ဆက်တယ်.
သူတို့က..ပျဉ်းမနားပြန်လာပေမယ့်ငါက တော့မန္တလေးကိုရက်အရှည်ကြီူးသွားရတော့မယ်လေ။
ရထားဘီးကစလိမ့်နေပြီ။
ပြူတင်းပေါက်ကမှန်တွေနဲ့မိုလို့…ဘာတွေပြောနေလည်းကောင်းကောင်းမကြားရဘူး.
ဖေဖေကတော့ပြုံးပြီးလက်ပြနေတယ်.
ကိုကြီးက..တော့သူ့ပုံစံအတိုင်း…ပဲ…ရယ်လည်းမရယ်ဘူး.
အဲဒီအချိန်သူတို့ရင်ထဲဘယ်လိုနေမလဲဆိုတာမသိဘူး.။
ဟိုးအရင်တုန်းကတော့.ကိုကြီး..မန္တလေးမှာကျောင်းသွားတက်တာကို..ဒီလိုမျိုးဘူတာမှာလိုက်ပို့ခဲ့ဖူးတယ်
အဲဒီတုန်း.က..ကိုကြီးနဲ့မေမေရထားထဲပါသွားရင်..အရမ်းဝမ်းနည်းပြီးလိုက်ချင်တာ.။
ဥသြရှည်ကြီးဆွဲသံ…………………..
တလိမ်လိမ့့်ဥသြဆွဲသံနဲ့အတူ…ငါချစ်တဲ့မြို့လေးကအဝေးမှာကျန်ခဲ့တယ်။
လမ်းမှာ..အန်ပြီးမူးနေတယ်.
မွေးနေ့လက်ဆောင်ရထားတဲ့ 256 MBပါတဲ့အနက်ရောင် sony mp4 လေးနဲ့ သီချင်းတွေက
နွေးထွေးတဲ့မိသားစုနဲ့ဝေးတဲ့.နေရာမှာ…အားပေးဖော်ဖြစ်မယ်ဆိုတာကောင်းကောင်းမသိတတ်သေးဘူး
အဲဒီတုန်းက နားထောင်နေခဲ့တဲဲဲ့သီချင်းက you were my everything နဲ့ where ‘d u go.
ဘယ်သူဆိုမှန်းမသိပေမယ့်အရမ်းကြိုက်တယ်။
ရထားပေါ်မှာကျောင်းသားတွေအများကြီးပဲ
Harry porter ထဲက ဟော့ဝက်ဒ်ကို ကျောင်းသားတက်ရသလိုမျိိုးပဲ.
ဒီအချိန်ကတက္ကသိိုုုလ်တွေဖွင့်ချိန်လေ.
ညနေ ၆နာရီခွဲ။
မန္တလေးဘူတာကိုဝင်လာခဲ့ပြီ။
အပြင်မှာအေးစိမ့်နေတယ်။
အိမ်မှာတုန်းက…….ညတိုင်းအိ်မ်မက်မက်ခဲ့တဲ့..နယ်မြေ..
တစ်ခါမှမရောက်ဖူးတဲ့.ဆေးတက္ကသိုလ်ကြိးထဲမှာအိမ်မက်ထဲမှာတော့အခေါက်ခေါက်အခါခါလျှောက်သွားနေခဲ့ပါတယ်.
အိမ်မက်တွေ..အပြ်ငရောက်လာခဲ့ပြီ။
မြို့ကြီးက အကြီးကြီးပဲနော်…… …
ဘူတာကြီးရှေ့က လမ်းအတိုင်းလာခဲ့တယ်.
တစ်နေရာရောက်တော့ဝင်းအကျယ်ကြီးနဲ့ရှုပ်ရှက်ခက်နေတဲ့လူတွေတွေ့တယ်။
မန္တလေးပြည်သူ့ဆေးရုံတဲ့..ဆိုင်းဘုတ်အကြီးကြီးတွေ့တယ်
နည်းနည်းဆက်လျှောက်လာတော့….ဆေးတက္ကသိုလ်မန္တလေးတဲ့………အဆောက်အဦးအကြီးကြီး.
သြော်.ငါနေရမယ့်တက္ကသိုလ်ကြီးပါလား………………………………………….
.ဟိုကြည့်ဒီကြည့်နဲ့ 68 လမ်းက ငှားထားတဲ့အိမ်ကိုရောက်ခဲ့ပြီ။
တစ်နေကုန်လညး်ပင်ပန်းနေခဲ့ပြီ။
ကျောင်းက ၈ရက်နေ့စတက်ရမယ်တဲ့ ဒီနေ့က ၅ ရက်နေ့ဆိုတော့ပြင်ဆင်စရာတွေပြင်ဆင်လို့ရပါသေးတယ်။
အားပါးးပါး…ညကတော်တော် အေးတာပဲ..
လာမယ့်ရက်တွေရင်ခုန်ရင်းအိပ်ပျော်သွားခဲ့တယ်။……………….
သြော်…………………………
ဒီမြို့ကြီးက မန္တလေး တဲ့လား။
Arthur (18.5.2012)
by Nyein Chan Ko Ko (Notes) on Tuesday, October 23, 2012 at 6:23pm

နေလုံးကြီးကတော့ဝင်သွားခဲ့ပြီ။
ကောင်းကင်မှာသူရဲ့ခြွေရံတွေက.. လိမ္မော်ရောင်ခြုံပဝါကိုခေါက်သိမ်းလို့မပြီးသေး…
တစ်ဆက်တည်းမှာပဲ…နက်ပြာရောင်ခြံုလွှာကိုပါတစ်ပါတည်း…ဖြန့်ကျဲချသွားတယ်။
ဆောင်းလေ.အေးအေးက..ပြူတင်းပေါက်မှာလက်ထောက်ပြီး..အပြင်ကိုငေးမောကြည့်နေတဲ့ကျွန်တော့်ရဲ့ပါးပြင်တစ်ဖက်ကိုတိုးဝှေ့ဖြတ်တိုက်သွားတယ်။
အပြင်ရှု့ခင်းကဘယ်လောက်တောင်များလှပပါလိမ့်။
ရင်ခွင်ထဲမှာက ..တော့အပြင်ကညနေနေဝင်ချိန်လေးလောက်မလှပတော့ပါဘူး……
တစ်ကြိမ်တစ်ခါကြံုလိုိက်ဖူးတဲ့..ညနေ..နေဝင်ချိန်လှလှလေးတစ်ခုကိုပြန်ပြောင်း..သတိရမိပါသေးတယ်။
ခံစားချက်ကတစ်ထပ်တည်းမတူညီပေမယ့်……..အဲဒီအချိန်ကလိုခပ်ဆင်ဆင်မျိုးပါပဲ.
အရာအားလုံးရှံုးနိမ့်သူတစ်ယောက်လိုခံစားနေရချိန်…ကောက်ရိုးတစ်မျှင်လိုဆွဲမိတဲ့တစ်ခဏတာဟာ…အဖြေမဟုတ်မှန်းသိပေမယ့်..
ရူးရုးမိုက်မိုက်လုပ်ခဲ့ဖူးတာပဲ..
လှပတဲ့ညနေ………
ပင်ပန်းပေမယ့်ပျော်ရွှင်ခဲ့တယ်.။
ဘယ်တော့မှရှံုးနိမ့်ရတဲ့သူနောက်ထပ်မဖြစ်ချင်တော့ဖို့..ဘုရားမှာ..တိုင်တည်ခဲ့တယ်။
ဘယ်တော့မှနောက်ထပ်..အောက်ကျမခံရတော့အောင်…
ဒါပေမယ့်..ဘဝအစစ်အမှန်ဆိုတာ..ကြာကြာဖုံးကွယ်လို့မှမရတာပဲ။
ကိုယ်ကိုယ်တိုင်ကဘယ်လိုဘဝပဲရောက်နေနေ..သိမ်ငယ်မှုက..အတွင်းစိတ်ထဲ.မှာကျန်ရှိနေတုန်းပဲ။
မယှဉ်နိုင်သေးတဲ့ပညာတွေ..
မယှဉ်နိုင်သေးတဲ့.ဥစ္စာတွေ…
မယှဉ်နိုင်သေးတဲ့အသိုင်းအဝိုင်းတွေ..
အားလုံးကိုမေ့ပစ်ပြီး….ရင်ထဲကဒဏ်ရာကို…….အောင်မြင်မှုအသေးစားတွေနဲ့.ကုစားဖို့ကြိုးစားဖူးတယ်။
တကယ်ကုသဖို့..မပြင်ဆင်ပဲ..ရောဂါလက္ခဏာတွေကိုပဲ…လိုက်ကုနေမှတော့..ကြာလေဆိုးလေဖြစ်တာ..ဘာထူးလဲ။
ငါဆက်ပြီးပြေးနေတယ်။
အားလုံးကိုလှည့်မကြည့်ပဲ.
အားလုံးကို…ချန်ခဲ့ပြီး..
အားလုံးကတော့ထင်တယ်………
ငါ့ကိုတော်တော်…ပြေးနိုင်တဲ့လူ..လို့..
ငါရပ်လိုက်ရင်..ဆက်မပြေးနိုင်တော့မှာကြောက်တယ်..
ကုလို့မရသေးတဲ့ဒဏ်ရာတွေကိုသယ်ဆောင်ပြီးငါ..ဆက်ပြေးနေရဦးမှာပဲ…….
ငါဘာတွေပဲလုပ်နိုင်လုပ်နိုင်….ရပ်လိုက်တဲ့ခဏတာအတွင်းမှာ..လည်နေတဲ့ဘီးတစ်လုံးလိုပဲ..ပြိုလဲသွားမယ်ဆိုတာသိနေတယ်.
အမေက..ဖြစ်စေချင်တာ
အဖေက ဖြစ်စေချင်တာ.
ငါဖြစ်ချင်တာက သူတို့မှန်းတာထက်ပိုတယ်….
စိတ်တူတဲ့သူငယ်ချင်း
အားပေးတဲ့သူငယ်ချင်းတွေရှားရှားလာတယ်……..
အံကိုကြိတ်ပြီး..ငါရှေ့ဆက်နေတယ်
ဒါပေမယ့်လည်း…………….ငါတကယ်.ကို……….ပင်ပန်းနေပါပြီ…..
Tuesday, December 11, 2012 at 7:56pm

ဒုတိယပိုင်း
ကျွန်တော်တို့အလုပ်သင်အဖြစ်တာဝန်မထမ်းဆောင်မီက. . ဆေးတက္ကသိုလ်မန္တလေးတွင်.. ပါမောက္ခချုပ်နှင့်တွေ့ဆုံပွဲမှ…စကားလုံးများကိုပြန်လည်အမှတ်ရမိနေသည်။
ထိုပွဲမှာ..ကျွန်တော်တို့ကို..ဆရာဟု. ပါချုပ်က သုံးနှုံးခေါ်ဝေါ်သွားသည်။
ထိုစဉ်က ရင်ထဲမှာမဖေါ်ပြတတ်သောပီတိလှိုင်းတစ်ခု ဖြတ်သန်းသွားခဲ့ဖူးတယ်
ကျွန်တော်တို့နှင့်ဆက်ဆံရမည့် သူများအပေါ်အတတ်နိုင်ဆုံးစိတ်ရှည်ရန်.. သည်းခံနားလည်ပေးရန်..မှာကြားခဲ့တယ်
ထိုသူများထဲတွင်.ဆရာဝန် အကြီးများ,.သူနာပြုများ, ဆေးရုံမှ ၀န်ထမ်းများ, နောက်ဆုံးအဓိက အကျဆုံးဖြစ်သည့်လူနာများနှင့်ဆက်ဆံရာတွင်.. သဘောထားကြီးကြီးထားရန်..ကိုအဓိက ပြောသွားခဲ့တာကိုကျွန်တော်မမေ့သေး.။
ပထမဆုံးနေ့ ပထမဆုံးအလုပ်ခွင်မှာပင်.. …အခက်အခဲကိုစတင်တွေ့နေရပြီ
ကျွန်တော်ထိုးရမည့်ဆေးထိုးအပ် အကြီး၃ချောင်းနှင့်
ထိုးစရာအကြောရှာမရသော လူနာကြီး….
ဆေးထိုးအပ်ကိုအကြောရှာတွေ့သည်ဆိုဦးတော့.. ဆေးတစ်မျိုးက. ဖြေးဖြေးချင်းထိုးရမည့်ဆေးဖြစ်သည်.။
တစ်ချောင်းချင်းကို.. နေရာမလွဲပဲထိုးရန်ကမဖြစ်နိုင်.။
ဒါနှင့်
လက်ထောက်ဆရာဝန်အစ်မကိုအကူအညီတောင်းကြည့်တော့.. သူကိုယ်တိုင်အပ်လာစိုက်ပေးသည်။
သူလည်းစိုက်လို့မရ… ကျွန်တော်တို့ချွေးဒီးဒီးကျနေချိန်မှာ.. သူနာပြုဆရာမက butterfly ဟုခေါ်သော ယာယီထိုးသည့်အပ်အသေးစားလေးတစ်ခုနှင့်အကြောရှာဖွေပေးသည်။
ထိုအပ်အသေးလေးမှတဆင့် ကျွန်တော်ဆေးထိုးလို့ရခဲ့သည်။
ဂျူတီစဝင်ပြီး.. ၃နာရီပင်မပြည့်သေးခင်. ကျွန်တော်. ခေါင်းတွေပူနေလေပြီ။
လည်ပင်းမှာဆွဲထားသည့်နားကြပ်က.. အလွန်တရာလေးလံသည်ဟုခံစားနေမိသည်။
ဂျူတီခန်းထဲက ကွန်ပျူတာရှေ့တွင်.. ထိုင်ကာ . ကျွန်တော်တွေးငေးနေမိသည်။
အခန်းထဲက white board ပေါ်မှာ ကျွန်တော်နားမလည်သည့်အသုံးအနှုန်းနှင့်.. စာတွေရေးထားတာတွေရှိသည်.
ကျွန်တော့်ရှေ့မှာ. . အင်တာနက်ချိတ်ထားသည့်ကွန်ပျူတာတစ်လုံးရှိသည်။
ဘေးက စားပွဲရှည်ပေါ်မှာ.. စာရွက်စာတမ်းတွေက ပွစိလန်ကျဲနေသည်။
Ecg စက်တွေ.. ဘာမှန်းမသိသေးသည့်.. အောက်ဆီဂျင် မျက်နှာဖုံးပါသည့်စက်လေးတွေ. . .သွေးပေါင်တိုင်းကိရိယာတွေက.. စင်တွေပေါ်မှာ ဖြစ်သလို..စံမြန်းနေသည်။
အခန်းထဲမှာကုတင်က တစ်လုံးတည်းရှိသည်..
ထိုကုတင်တစ်လုံးထဲပေါ်မှာ ကျွန်တော်တို့ HOUSE SURGEON တွေရဲ့ အိတ်တွေ.. ..အသုံးအဆောင်တွေ .နဲ့ပြည့်နေတာ
ညဆိုဘယ်လိုအိပ်ရမလဲလို့ကျွန်တော်စဉ်းစားနေမိတယ်။
senior ၂ယောက်က. ဘေးကခုံပေါ်မှာစကားပြောပြီးရယ်နေကြတယ်။
ကျွန်တော်ကတော့..ပထမဆုံး ညမှာမပျော်နိုင်ပဲ စိတ်ညစ်နေခဲ့တယ်။
“House တွေ CPR လုပ်မယ်!!!!!!!!!!!!”
Senior နောက်တစ်ယောက်
အခန်းဝက နေအော်ပြီး.. ECG စက်တင်ထားတဲ့တွန်းလှည်းကိုတစ်ဂျောင်းဂျောင်းမြည်အောင်..တွန်းသွားသည်။
CPR ဆိုတဲ့အသံကြားတော့.စောစောကဘေးနားမှာစကားပြောပြီးရယ်နေတဲ့အစ်ကိုနှစ်ယောက် ၀ုန်းကနဲထပြီး..အပြေးထွက်သွားကြတယ်။
တစ်ယောက်က ဘေးနားမှာတွေ့တဲ့ ပလပ်စတစ် သေတ္တာလေး (Emergency Box)ကို ကောက်ယူသွားတယ်။
ကျွန်တော်က ..တော့ယောင်နနနဲ့နောက်ကပါသွားခဲ့တယ်.
mu3 ကို အဝင်..ဓာတ်လှေကားနားမှာ… လူနာတင်တွန်းလှည်းတစ်ခုရှိနေတယ်။
ယခုမှ အရေးပေါ်လူနာဌာနကလွှတ်လိုက်ခြင်းဖြစ်ဟန်တူသည်။
အဲဒီပေါ်မှာ.. လူကြီးတစ်ယောက်ကမလှုပ်မယှက်
ဘေးနားမှာ.. လူနာအစောင့်တစ်ချို့တစ်လေကိုတွေ့တယ်။စောင်ထုပ်လေးတွေ..
ခြင်းတောင်းလေးတွေဆွဲကိုင်လို့.
သူတို့မျက်နှာတွေကတော့မကောင်းကြ..
Senior တစ်ယောက်က ကုတင်ပေါ်က လူကြီးရဲ့ရင်ဘတ်ပေါ်က ..နေလက်နှစ်ဖက် ကိုဆန့်ပြီး အားနဲ့ပုံမှန်ဖိပေးနေတယ်.
AS (လက်ထောက်ဆရာဝန်)အစ်မက.. ခေါင်းရင်းဘက်ကနေ. ပြီး..ခေါင်းကိုနောက်ကိုလန်အောင်. လှန်ပြီးလက်နှစ်ဖက်နဲ့ထိန်းပြီးဆွဲပေးထားတယ်။
နောက် တစ်ယောက်က.လူနာရဲ့.ခြေလက်နှစ်ဖက်မှာ ECG က electrode တွေတပ်ပြီးပေါ်လာတဲ့ wave တွေကိုကြည့်နေတယ်။
Oncall လို့ခေါ်တဲ့ ဒီနေ့ညဂျူတီကျတဲ့. အကြီးဆုံးဆရာဝန်အစ်မရောက်လာတယ်။
“မောင်လေးတို့ … Atropine, Adrenaline, Amirodarone တွေစုပ်ထားလိုက်တော့…”
ကျွန်တော်က ထိုဆေးများကိုစာအုပ်ထဲတွင်သာကြားဖူုးသည်။
အပြင်မှာဘယ်လိုပုံစံရှိသည်ဆိုတာကိုတစ်ခါမှမမြင်ဖူးသေး..
Ebox ထဲက ဆေးမျိုးစုံထဲမှာမွှေနှောက်ရှာဖွေရင်း..ရှာမတွေ့ဖြစ်နေသည်။
ဘေးမှာဂျူတီတူသူငယ်ချင်းများကလည်းကူရှာပေးနေသည်။
မကြာမီပင်လိုအပ်သောဆေးများရှာတွေ့သည့်အတွက်.. ဆေးထိုးအပ်နှင့်လိုအပ်သည့်အခါသုံးရန်အဆင်သင့်စုတ်ထားလိုက်ကြသည်။
ဘေးမှက.ရင်ဘတ်ကို… တစ်ယောက်တစ်လှည့်စီဖိပြီး အသက်ကယ် မှုပြုလုပ်နေကြသည်။
ကျွန်တော်စကြည့်မိသည့်အချိန်တည်းက.. ECG မှာ က wave တွေမပေါ်တော့.. flat ပြနေသည်။
ရကောရနိုင်ပါ့မလားလို့တွေးနေမိသည်။
သို့ရာတွင်.. CPR လုပ်နေခြင်းကိုတော့… မရပ်ကြသေးပေ။
ကျွန်တော့်မျက်စိထဲတွင်မြင်မိသည်က..တွန်းလှည်းပေါ်မှလူနာသည်..ကျွန်တော်တို့CPR မလုပ်မီ အစောတည်းကပင်ဆုံးပါးနေခဲ့လေပြီဖြစ်သည်။
သူတို့ဘာကြောင့်ဆက်လုပ်နေကြသည်ကိုကျွန်တော်နားမလည်နိုင်ခဲ့ပါ။
လူနာရှင်မိသားစုကိုတစ်ချက်ကြည့်မိလိုက်သည်။
အမျိုးသမီးတစ်ယောက်ကတိုင်ကိုမှီပြီးငိုနေသည်။
သားဖြစ်ဟန်တူသည့်အမျိုးသားကြီးများကတော့..ဆရာဝန်များ. . အလုပ်လုပ်နေသည်ကိုရီဝေစွာငေးကြည့်နေသည်။
သူတို့မျက်နှာတွင်.. မျှော်လင့်ချက် အနည်းငယ်ကိုမြင်ရသော်လည်း.. စိတ်လျှော့ထားပြီးသားဖြစ်မှန်းသိသာသည်။
တာဝန်ကျဆရာဝန်အစ်မက… လူနာရှင်တွေကိုအကျိုးအကြောင်းရှင်းပြနေသည်။
တုန်ရီသော အသံများဖြင့်. .” ကျွန်တော်တို့ပြန်ခေါ်သွားချင်ပါတယ်ဒေါက်တာ”
ကျွန်တော်က ဘေးမှပြဇာတ်တစ်ပုဒ်ကိုကြည့်နေရသူလိုဖြစ်နေပါသည်။
လူနာ၏မျက်နှာကိုအသေအချာကြည့်မိသည်.။
သူ၏ ဘဝတွင်လည်း.အမှတ်ရစရာများစွာရှိလိမ့်မည်.။
နောက်ဆုံးမျှော်လင့်ချက်အထိ..ကျွန်တော်တို့ကြိုးစားခွင့်ရှိသော်လည်း..သူရဲ့.လောကကြီးထဲမှာ နေချိန်ကားစေ့သွားပြီဖြစ်သည်။
ဇာတ်ကားထဲတွင်တော့.. လူနာဆုံးပါးသွားခဲ့လျှင်. .ပိတ်ဖြူလေးတစ်စ.. မျက်နှာပေါ်အုပ်ကာသွားလေ့ရှိသည်.
ထိုပိတ်ဖြူကား. အပြင်တွင်..မရှိပါ။
ကျွန်တော်တွေ့ရသောလူနာကိုကား.. စောင်ပါးလေးတစ်ထည်ဖြင့်. မျက်နှာကိုဖုံးအုပ်ထားလိုက်လေပြီ။
“ငါရဲ့တာဝန်တွေပြီးဆုံးပြီ. … ငါ့ကိုလွတ်လပ်စွာနေခွင့်ပေးပါတော့လို့ဆိုနေသလိုပင်..”
လို်အပ်သော ကိစ္စရပ်များကို.. ရှင်းပြနေစဉ်.
ကျွန်တော်က .. ECGစက်ကိုဖြုတ်သိမ်းပြီး..အခန်းထဲသို့တွန်းလာခဲ့သည်။
လူနာများကအပြည့်…
ညည်းညူသံတစ်ချို့ကိုကြားနေရသည်။
ကျွန်တော်နားချင်နေပြီ.။ဒါပေမယ့်.နားစရာကုလားထိုင်တစ်လုံးသာရှိသည်။
ကွန်ပျူတာစားပွဲပေါ်မှာ.. မှောက်ကာ အိပ်ချင်နေသည်။
ယမန်နေ့ညက..ပျော်ရွှင်ခဲ့သောအဖြစ်အပျက်များ နှင့်လက်တလောကြံုတွေ့ခဲ့ရသောကိစ္စများသည်..
အဓိပါ္ပယ်ချင်း.ကွာခြားလှပါသည်။
ကျွန်တော်တစ်ညအတွင်းမှာပင်..အသက်အတော်ကြီးသွားသလိုခံစားနေရသည်။
မနေ့ညကအထိ.. ကျွန်တော်ပျော်ပါးနေခဲ့သောလူငယ်တစ်ဦးပဲဖြစ်နေတုန်းရှိသေးသည်။
ယနေ့ည… သေခြင်းတရားကို..မျက်စိရှေ့မှာမြင်နေရပြီ။
ကွန်ပျူတာရှေ့မှာလက်နှစ်ဖက်ကိုခေါင်းအုံုးအဖြစ်ထားပြီးမှောက်ကာအိပ်ဖို့ကြိုးစားသည်။
ကျွန်တော်အိပ်လို့မရပါ။
မနက်၃နာရီကျော်တော့မည်။
ကျွန်တော့်စိတ်တွေကဟိုရောက်လိုက်ဒီရောက်လိုက်.
ဟိုးငယ်ငယ်က.. ကျန်းမာရေးခဏခဏချူချာသော… Arthur ပေါက်စလေးဘဝကိုပြန်ရောက်သွားခဲ့တယ်။
ဆေးထိုးရမှာကို..အသေကြောက်တတ်တဲ့ကောင်လေး.
ထို့ကြောင့်ပင်တော်ရုံတန်ရုံနှင့်ဆေးမထိုးခဲ့ရ။
လည်ချောင်းနာပြီးခဏခဏဖျားတတ်သည်။
ထိုကဲ့သိုု့အချိန်မျိုးရောက်တိုင်း…နယ်မှာရှိသည့်.ဆေးခန်းတစ်ခုဆီသို့ပြေးရစမြဲဖြစ်သည်။
ကလေးဆရာဝန်က သက်သက်မရှိ.။
လူကြီးကုသောဆရာဝန်ကြီးဆီမှာပင်ကျွန်တော်ကုသမှုခံယူခဲ့ရသည်။
ကျွန်တော့်မျက်စိထဲမှာ.. လူခန္ဒာကိုယ်ပုံ ကားချိတ်များချိတ်ထားပြီး အဝါရောင်ဆေးများသုတ်ထားတဲ့အခန်းလေးတစ်ခန်းပုံပေါ်လာတယ်။
ီမီးချောင်းတစ်ချောင်းက.. မျက်နှာကျက်မှာတွဲလွဲချိတ်လျက်သား..
ပန်ကာ အိုကြီးက လည်းဖြေးဖြေးချင်းလည်နေသည်.
ကျွန်တော်က ကုတင်ပေါ်မှာပက်လက်ကလေး.
ဆရာဝန်ကြီးကအမေနှင့်စကားပြောနေသည်..
အခန်းထဲမှာဆရာဝန်ကြီးကိုကူညီပေးသည့်ဆံပင်တိုတိုနှင့်မိန်းကလေးတစ်ယောက်က..ကြွေ ငြုတ်ဆုံထဲဆေးပြားလေးတွေထည့်ထောင်းနေသည်..
ပြီးနောက် ထိုဆေးမှုန့်လေးများကိုဖျော်ပြီးပုလင်းသေးသေးလေးများနှင့်ထည့်ပေးသည်။
အခန်းထောင့်တစ်နေရာမှာရေနွေးအိုးကြီးက ပွက်ပွက်ဆူနေသည်..
ကျွန်တော်အသေကြောက်သော ဆေးထိုးအပ်ကြီးများကို ထို ရေနွေးအိုးကြီးနားတွင်တွေ့ရသည်..
ဆေးခန်းထဲမျက်လုံးကစားနေရင်း ဆရာဝန်ကြီးကိုလည်းမျက်ခြေမပျက်ရဲ
ဘယ်အချိန် ..ထိုဆေးထိုးအပ်ကြီးများသွားယူပြီးထိုးမလဲဟု.. စိုးရိမ်စိတ်ဖြင့်ကြည့်နေမိသည်။
ကျွန်တော်စိတ်ဝင်စားသော အရာများက ငှက်ပျောဖူးပုလင်းသေးသေးလေးများ ထည့်ထားသည့်.စက္ကူကတ်ဖာသေးသေးလေးများ။..
အမေ့ကိုတိုးတိုးလေးကပ်ပြောမိသည်။
“မေမေသား.. အဲဒီဘူးလေးလိုချင်တယ်…”
“သားကဘာလုပ်မလိုု့လဲ…”
“ကစားချင်လို့”
ဆရာဝန်ကြီးကကျွန်တော်ပူဆာနေတာကိုကြားသွားဟန်တူသည်..။
“သားသားလိုချင်ရင်ယူသွားလို််က်ပါအမေရယ်… ဒီမှာဘူးခွံတွေအများကြီးရှိတာပဲ..”
Arthur ပေါက်စလေးသည်.. ဆေးပုလင်းလေးများထည့်သည့်.. ကတ်ဘူးလေးများကို ရင်ဘတ်ထဲ ..ပွေ့့ပိုက်ရင်း..ဆေးခန်းထဲမှာ.. ပြံုးရွှင်စွာထွက်လာသည်..
မေမေကို့တော့သောက်ရမည့်ဆေးတွေအကြောင်းကို… ဆရာကြီး၏အကူမိန်းကလေးမှ.. မှာနေသည်…
သူ့လေသံနားထောင်ရသည်မှာ.သတင်းဖတ်နေသူတစ်ယောက်လိုမျိုးဖြစ်သည်…
အတက်အကျမရှိ..တစ်သမှတ်တည်း..ကြီး.
အဝါရောင်အခန်းသည်တစ်ဖြည်းဖြည်းနှင့်. အစိမ်းရောင်အခန်းအဖြစ်ပြောင်းလဲသွားသည်
အခန်းထဲမှာမီးက လင်းထိန်နေသည်
ကျွန်တော့်ရှေ့မှာ.ငယ်ငယ်က အရမ်းလိုချင်ခဲ့သည့် .. ဆေးပုလင်းထည့်သည့်ကတ်လေးများရှိသည်.
အရမ်းကြောက်ခဲ့သည့်ဆေးထိုးအပ်များလည်းရှိသည်.
သို့သော်… ရေနွေးအိုးကြီးတော့ရှိတော့မှာမဟုတ်..
အားလုံးကတစ်ခါသုံး.. ပလတ်စတစ်များနှင့်ဖြစ်ကုန်ပြီ။
ကျွန်တော့်မြို့မှာကျန်ခဲ့သည့်ဆရာဝန်ကြီးကော… အခုဆိုအသက်ဘယ်လောက်ရှိသွားပြီလဲမသိ..
သူရဲ့ဆေးစပ်တဲ့ကောင်မလေးကော..ဘယ်တွေရောက်သွားပြီလဲမသိ…
ဆရာဝန်ဖြစ်ချင်တယ်လို့တစ်ခါမှလည်းဆုမတောင်းခဲ့မိပါဘူး.
ကျွန်တော်ငယ်ငယ်က ကြံုခဲ့တဲ့. ဆရာဝန်ကြီးတွေကိုလည်း..သူရဲကောင်းကြီးတွေအဖြစ်မထင်ခဲ့မိပါဘူး.
သို့သော်ကံကြမ္မာက ဆန်းကြယ်သည်.။
ကျွန်တော့်ကိုကုသပေးခဲ့သော ဆရာဝန်ကြီးနှင့်တစ်နေရာရာတွင်ပြန်တွေ့လျှင်ပင်..သူပဲ..အံသြလေမလား.
၀မ်းသာလေမလား။
သာမာန်လူဘဝတုန်းက.ဆရာဝန်ဆိုသည်ကိုမြင်ခဲ့သည့်အမြင်နှင့်
ပထမဆုံးဆရာဝန်တစ်ယောက်အဖြစ်သတ်မှတ်ခံရသည့်ညမှာ..ခံစားမိသော.. အမြင်
အပြင်လူများထင်မြင်ကြသည့်..လက်ဖျားငွေသီးသော ဆရာဝန်ကြီးတွေအကြောင်း.
ကျွန်တော်မြင်ရသည့်ဆရာဝန်ရဲ့အလုပ်တွေအကြောင်း.
ဆရာဝန်ဆိုသည်မှာကောင်းကောင်းနေကောင်းကောင်းစား…နားနားနေနေအလုပ်လုပ်ရတဲ့လူတွေလို့ထင်မြင်ခဲ့တဲ့… ငယ်ဘဝအတွေး.. အပြင်လူအတွေး.
ပထမဆုံးမြင်ခဲ့တဲ့.. ဆရာဝန်ပေါက်စလေးတွေ.ရဲ့….ညတိုက်ပွဲ.တွေ
ခန္ဒာကိုယ်ကနုံးချိနေပြီ.။
သူငယ်ချင်းမိန်းကလေးတွေကတော့အိပ်နေကြပြီ။
senior အစ်ကိုများလည်းအိပ်နေကြပြီ။
ကျွန်တော်တစ်ယောက်တည်းကွန်ပျူတာရှေ့မှာလေ..
စိတ်ကအိပ်တစ်ဝက်နိုးတစ်ဝက်..မှေးခနဲအိပ်ပျော်မယ်ကြံရင်ပြန်ပြန်နိုးသွားတတ်တယ်။
ညဂျူတီဆင်းရတယ်ဆိုတာဒီလိုမျိုးလား.။
ငါတစ်နှစ်လုံ.း.. မှလုပ်နိုင်ပါ့မလား။
အခန်းထဲမှာအဲယားကွန်းနှစ်လုံးရှိတယ်…
ကျွန်တော်ကချွေးစေးတွေပြန်နေတယ်…
အတွေးများနဲ့.အိပ်ပျော်ခါနီးမှာ..
“ဒေါက်ဒေါက်….ဒေါက်…. ဆရာ…ဆရာ…..”
အခန်းအပြင်မှတံခါးခေါက်သံကြားရသည်.
အခန်းတံခါးကိုထဖွင့်ပြီး
“ဟုတ်ကဲ့.ဘာဖြစ်လို့လဲခင်ဗျာ”
“ဆရာ.လူနာကခြေတွေလက်တွေအေးစက်နေလို့လာကြည့်ပေးပါဦး ”
နားကြပ်ကိုဆွဲပြီးကျွန်တော်လူနာကုတင်ရှိရာကိုလိုက်သွားခဲ့သည်။
လူနာကအဘိုးအိုတစ်ယောက်.
ကျွန်တော်လာတာမြင်သည့်အခါလူနာစောင့်များက.. ကုတင်ဘေးမှာရှိသည့်ခုံကိုဖယ်ပေးပြီးဝင်လို့ရအောင်လုပ်ပေးသည်။
ခြေထောက်တွေ.လက်တွေကိုင်ကြည့်လိုက်တော့အမှန်ပင်အေးစက်နေသည်။
လူနာသည်ငြိမ်သက်လွန်းသည်ဟုကျွန်တော်ထင်သည်…
သွေးခုန်နှုန်းကိုကိုင်ကြည့်သည်…..ဒါပေမယ့်မရ.
နှလုံးခုန်သံကိုနားထောင်ကြည့်သည်
သေချာအောင်အာရုံစူးစိုက်ပြီး..နားထောင်ကြည့်သည်။
ဒါပေမယ့်. နှလုံးခုန်သံမကြားရ..
အသက်ရှုသံလည်းမကြားရ…..
ကျွန်တော် torch light လေးနှင့် သူငယ်အိမ်ထဲကိုကြည့်ချင်သည်.
ဒါပေမယ့်ကျွန်တော့်ဆီမှာပါမလာခဲ့။
“လူနာအခြေအနေဘယ်လိုရှိလဲ….ဆရာ”
“ခဏလေးဗျာ..ကျွန်တော့်ထက်အကြီးကိုပြောပေးပါမယ်.”
AS အစ်မရှိသည့်အခန်းကိုတံခါးသွားခေါက်သည်…
ခဏအကြာအစ်မထွက်လာသည်..
ကျွန်တော်ကစောစောကလူနာအကြောင်းပြောပြသည်.
ချက်ချင်းပင်..သူလိုက်လာခဲ့သည်..
ကျွန်တော့်ကိုလည်း ECGစက်ယူခဲ့ဖို့ပြောပြီး
ကျန်တဲ့ House တွေကိုလည်း…နှိုးခိုင်းလိုက်သည်.
ကုတင်နားရောက်တော့..အစ်မက Torch light နှင့်မျက်လုံးကိုထိုးကြည့်နေသည်။
“အစ်မ.. ECG တပ်ရဦးမလား”
အစ်မကကခေါင်းရမ်းပြတယ်။
ဒုတိယအကြိမ်… သေခြင်းတရားနှင့်ကြံုခြင်းပင်.
လူနာရှင်များကတည်ငြိမ်သည်။
အော်ဟစ်ငိုယိုသံတွေမကြားရ
တိတ်ဆိတ်စွာဝမ်းနည်းခြင်းက.. ထွက်ခွာသွားသူကို…အကောင်းဆုံးလက်ဆောင်ပေးခြင်းဖြစ်နိုင်ပါတယ်။
အစ်မကတော့ လူနာရှင်တွေကို ..လူနာဆုံးသွားသည့်အကြောင်းပြောပြနေသည်။
မနက်၅နာရီထိုးခါနီးပါပေါ့လား
အချို့စပ်စုတတ်သည့်လူနာစောင့်တွေကဘေးကလာကြည့်နေကြသည်။
သူတို့ကိုကျွန်တော်ရှောင်ရင်းဖြင့်အခန်းထဲပြန်လာခဲ့သည်။
ကျန်သော အလုပ်သင်သူငယ်ချင်းများကနို်းနေပြီ။
“၆နာရီထိုးလျှင် လူနာတွေအားလုံးသွေးပေါင်တိုင်းရမယ်။
ဆေးလိုက်ထိုးရမယ်။”
အခန်းထဲမှာရှိတဲ့ဘေစင်ဆီကိုသွားပြီး…မျက်နှာသစ်လိုက်တယ်..
ဆောင်းတွင်းဆိုတော့ရေက အေးစက်နေသည်..
နည်းနည်းတော့လန်းသွားသလိုရှိသား.
ဒါပေမယ့်မျက်လုံးတွေကျိန်းစပ်နေတာကိုတော့… ဖျောက်ဖျက်လို့မရနိုင်.
တစ်ညလုံးလည်းကောင်းကောင်းမအိပ်ခဲ့ရတော့… အခုဗိုက်က ဆာပြီးအောင့်နေတယ်။
ကျွန်တော့်ဆီမှာဘာဆေးမှလည်းမပါ.. သူငယ်ချင်းတွေကလည်းမယူခဲ့ကြ..
အခန်းထဲမှာရှိလိုရှိငြား..
kermil S လိုက်ရှာကြည့်သည်…..
စားပွဲတစ်နေရာမှာ..sample ပေးထားတဲ့ kermil s တစ်ကတ်တွေ့တယ်.
နှစ်လုံးပဲပါတယ်..
“နင်တို့စားဦးမလား Kremil S ”
“ရတယ်ငါတို့မစားတော့ဘူး.
ကော်ဖီသောက်ဦး………… ရော့”
“အေး..ကျေးဇူး..”
သူနာပြုအခန်းထဲက ရသည့်ရေနွေးနှင့်… တစ်ယောက်တစ်ခွက်ဖျော်နေကြသည်.
ညတည်းက ကော်ဖီထုတ်တွေကိုသယ်လာသည်ပဲကို.
မိန်းကလေးများပီသကြပါသည်…
သူတို့ အတွက် night duty က တကယ့်ကိုပစ္စည်းအစုံအလင်ဖြစ်သည်..
ခေါင်းအုံးပါတယ်.စောင်ပါတယ်..လင်းနွေဆိုရင် မျက်စိမစူးအောင်ကာတဲ့မျက်လုံးဖုံးလေးတောင်ပါသေးတယ်.။
ကော်ဖီနဲ့ဆရာဝန်က…ခွဲမရတဲ့..ညီအစ်ကိုတွေလိုဖြစ်တယ်ဆိုတာ…ကျွန်တော်သဘောပေါက်ခဲ့တယ်.
ကော်ဖီသောက်ပြီးချိန်မှတော်တော်တော့လန်းသွားပြီ။
ဗိုက်ဆာတာပဲသိပ်မပျောက်တတ်သေး..
ဆေးထိုးဖို့ BPတိုင်းဖို့အတွက်.. အကန့်တွေခွဲကြသည်..
အမျိုးသား ဘက်က အကန့်၃ကန့်..အမျိုးသမီးဘက်က ၃ကန့်ရှိသည်.။
တစ်ကန့်ကို် ဘယ်ညာ..၂တန်းရှိသည်..
တစ်တန်းကုုိ ၆ယောက်ဆိုတော့ . ဆေးထိုးရမယ့်သူ.. ၁၂ယောက်အနည်းဆုံးရှိသည်.
ဒါအပိုခုံတွေမပါသေး.
တစ်ရုံလုံး..အပိုတန်းတွေကောဆိုတော့လူနာ ၈၀ ၀န်းကျင်လောက်တော့ရှိတယ်..
ကျွန်တော်တို့…သွေးပေါင်ချိန်တိုင်းကြပြီ။
လူနာတွေအတွက်.ဆေးစထိုးကြပြီ.
(ဇန်နဝါရီလ၂ရက်နေ့)…..
ပြူတင်းပေါက်ကို ဖြတ်သန်းပြီးကျလာသည့်..နေရောင်ခြည်…နုနုလေး..
အိမ်မက်ရှည်ကြီးတစ်ခုမက်နေသလိုကျွန်တော်ခံစားရသည်။
ကျွန်တော်ဆေးရုံကို..အရမ်းကြောက်ခဲ့ဖူးတယ်။
သို့သော်. ကျွန်တော့်ဘဝရဲ့တစ်စိတ်တစ်ပိုုင်းက..ဆေးရုံဖြစ်သွားခဲ့ပြီ.။
မပြင်ဆင်ပဲနဲ့.ဖြတ်သန်းခဲ့ရတဲ့..အလုပ်သင်ဆရာဝန်ဘဝ..ရဲ့ပထမဆုံးညကို..ဘယ်တော့မှမမေ့နိုင်ပါဘူး.
မနက်ဖြန်တွေအတွက်.ပြင်ဆင်ရတော့မယ်။
ရွှေဘုံပေါ်မှာ မာနတွေနဲ့စံမြန်းခဲ့ဖူးတဲ့ပညာတတ်လူငယ်တွေက
လူနာတွေရဲ့… ဝေဒနာနဲ့ယှဉ်တဲ့အခါ.အရှုံးပေးခဲ့ကြရပါတယ်.
ကျွန်တော်တို့ကြောက်တတ်တဲ့စိတ်တွေက.
သူတို့ရဲ့ ရှင်သန်ဖို့အတွက်.ရဲရင့်လာရတယ်။
ကျွန်တော်တို့အင်မတန် ကြောက်ခဲ့တဲ့ရောဂါတွေဟာလည်း
ငါတို့အတွက်မကူးနိုင်လောက်ပါဘူးဆိုတဲ့အသိ…စွဲကပ်သွားတဲ့အထိ..
ပေတေနေခဲ့ကြတယ်.
တကယ်တော့
ကျွန်တော်တို့ဆီမှာ
ဆရာဝန် ဆိုတဲ့နာမည်ရှိနေသရွေ့တော့..မနက်ဖြန်တို်င်းဟာပြင်ဆင်စရာတွေအတိနဲ့ပါပဲဗျာ……………………………….
အာသာ

Tuesday, December 11, 2012 at 7:33pm
၁.၁.၂၀၁၂ ခုနှစ်
မနက် ရနာရီ
နှစ်သစ်တစ်ခု၏ပထမဆုံးမနက်ခင်းသည်.. အခြားသောနေ့များနှင့်ဘာများကွာခြားပါသနည်း.။
အေးမြသောဆောင်းမနက်ခင်းတစ်ခု..
ဟိုး…အရှေ့ဘက်တောင်တန်းများဆီမှ…ခပ်ရေးရေးသန်းလာနေသော. အာရုံဦးနေရောင်ခြည်.
တိမ်စိုင်တိမ်ခဲတို့ကိုမတွေ့ရဘဲ..အထပ်လိုက်အထပ်လိုက်နှင့်.. သာယာလှသော…နှစ်သစ်တစ်ခု၏အဖွင့်စာမျက်နှာ.
မန္တလေးမြို့တွင်းပိုင်းနေရာတစ်ခုရဲ့မနက်ခင်းအလှက ယခုကဲ့သို့သာယာတယ်ဆိုတာ..ပထမဆုံးကျွန်တော်မှတ်သားခဲ့ရခြင်းဖြစ်ပါတယ်။
Happy New Year လို့အော်ပြီးတော့လည်း.. မနေ့ညကသောင်းကျန်းခဲ့ပြီးပြီ.။
ယခင်နှစ်တွေကလိုဆိုလျှင်တော့.. အခုအချိန် ကျွန်တော်အိပ်ရာထဲမှာပဲရှိနေခဲ့မှာသေချာသည်။
သို့ရာတွင် ယခုနှစ်က တော့.. မတူတော့…..တာဝန်ဆိုတဲ့စကားလုံးတစ်ခု က ကျွန်တော့်ရဲ့ အိပ်ချိန်တွေကို အစားယူသွားခဲ့တယ်။
မန္တလေးပြည်သူ့ဆေးရုံကြီး
ဖျားနာကုသဆောင်(၃)
“အလုပ်သင်တွေအားလုံးရောက်ပြီလား..”
ပိန်ပိန်ပါးပါး ..အရပ်သိပ်မရှည်သော. အေးအေးဆေးဆေးနေတတ်မည့်ပုံစံနှင့်ဆရာတစ်ယောက်အခန်းထဲဝင်လာသည်။
၀င်လာလာခြင်းပင်ကျွန်တော်မှတ်မိလိုက်သည်.။
နောက်ဆုံးနှစ်အပိုင်း(ခ) စာမေးပွဲ final လက်တွေ့စမ်းသပ်မှု ဖြေဆိုခဲ့ရစဉ်က. ကျွန်တော့်ကို စာစစ်ခဲ့သော ဆရာဖြစ်သည်။
ကျောင်းသားဘဝကပင် ထိုဆရာကိုကျွန်တော်တော်တော်လန့်သည်.။ မရယ်မပြုံးနှင့် သူစာမေးတိုင်း… ကျွန်တော်ဘာဖြေရမည်မှန်း မသိဖြစ်ခဲ့ရသည်။
ဒါပေမယ့်.. ကျွန်တော်တွေးမိသောအဖြေတစ်ခုခုကိုတော့.ပေးခဲ့တာကြည့်ပဲလေ
ထိုအဖြေမှားလားမှန်လားဆိုတာကိုကျွန်တော်လည်းမသိခဲ့ရပါ။ မှားကြောင်းမှန်ကြောင်းအမူအရာကို ထိုဆရာ၏ မျက်နှာတွင် ..ခန့်မှန်းလို့မရသောကြောင့်ဖြစ်ပါသည်။
ယခုသိခဲ့ရသည်က. အဆိုပါဆရာက ကျွန်တော်တိို့အလုပ်သင်ဆရာဝန်တွေကို အဓိက အုပ်ချုပ်မည့် FA ဖြစ်ပါသည်။
ကျွန်တော်တို့ ကို ဆင်းရမည့် ဂျူတီ အချိန်များအကြောင်း. လုပ်ရမည့်အလုပ်တွေအကြောင်း ကို အကျဉ်းချုပ်ရှင်းပြသည်။
ကျွန်တော်တို့လုပ်ရမည့်တာဝန်တွေက များပြားလှသည်။ ကျွန်တော်နားထောင်နေရင်းဖြင့်..ဆက်မမှတ်နိုင်တော့. မနက်က ဘာမှမစားပဲ .. လာခဲ့သဖြင့်.. ခေါင်းကမူးလာသည်။
ထို့နောက်.. ဂျူတီအချိန်ဇယားများခွဲရာမှ. .. ကျွန်တော်အပါအဝင် သူငယ်ချင်း၆ယောက်ပါသည့်အဖွဲ့က night duty စဆင်းရမည်။
ထို့ကြောင့် လောလောဆယ်.. အိမ်ပြန်နားလို့ရပြီဖြစ်သည်။
” မင်းတို့ကို ဒီ senior အစ်ကို တွေက ပစ္စည်းတွေ ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာပြောပြလိမ့်မယ်။
အခု ECG ဆွဲတာရယ်.. RBS ဘယ်လိုဖောက်ရတယ်ဆိုတာတွေ.. ပြပေးလိမ့်မည်.. ကြည့်ထားလိုုက်ကြ”
င်္FA ထွက်သွားပြီးနောက်.. ခပ်ပျော်ပျော်နေတတ်မည့်ပုံစံရှိသော ဂျူတီကုတ်ဝတ်ထားသည့်အစ်ကိုနှစ်ယောက်ရောက်လာသည်။
” ECG ဆွဲတာဘာမှခက်ပါဘူးကွာ.. ငါတို့ပြမယ်.. ဟို၀၀နဲ့ညီလေး မင်းကEC ဆိုတော့. volunteer လုပ်ပေးမလား…”
EC အားလုံးရဲ့ အဖွဲ့ခေါင်းဆောင်အဖြစ်ရွေးချယ်ခံထားရသော ကျွန်တော့်သူငယ်ချင်း…. လူနာစမ်းသပ်ကုတင်လေးပေါ်တက်ပြီး.. အကျင်္ီ လေး ရင်ဘတ်ဖွင့်ပေးရတော့သည်။
“ညာနီညာနက်.ဘယ်ဝါဘယ်စိ်မ်း”
“အနီရောင် အပတ်လေးကို ညာဘက်လက်မှာတပ်တယ်. ..အနက်ကို ညာဘက်ခြေထောက်မှာတပ်တယ်။
ဘယ်ဘက်လက်က အဝါ.. ဘယ်ဘက်ခြေထောက်က အစိမ်း”
“ရင်ဘတ်မှာ ချိတ်တဲ့electrode လေးတွေကတော့.. နေရာသေချာမှတ်ထားလိုက်ကြကွာ ။ဒါက manual ဆွဲရတဲ့စက်ဆိုတော့.. တစ်ခုဆွဲပြီးတိုင်းတစ်ခါ အမှတ်ခြစ်ရတယ်.
auto ရတဲ့စက်ဆိုရင်တော့ ခလုပ်တစ်ချက်နှိပ်ပြီးရင် ပြီးပြီ။”
ကျွန်တော့်သူငယ်ချင်းများရှေ့မှာတိုးဝှေ့ပြီး.. ကြည့်နေကြသည်။ အချို့က မှတ်စုစာအုပ်လေးတွေကိုင်လို့.
ကျွန်တော်ကတော့ နောက်ဆုံံးမှ ကျော်ကြည့်ကြည့်သည်။ ကောင်းကောင်းမမြင်ရ..
နောက်မှ သူငယ်ချင်းတွေပြန်မေးတော့ပါမယ်လေဆိုပြီး… တနေရာသွားထိုင်နေလိုက်တယ်။
ပြီးတော့… RBS သွေးအတွင်းသကြားဓာတ်စစ်တာကို… ဆက်လုပ်ပြနေသည်။
လက်ထိပ်ကုုိအပ်သေးသေးလေးနဲ့ဆက်ခနဲ ဖောက်ပြီး.. အသင့်ရှိသောစက်၏ ထိပ်မှဘုလုံးလေးနဲ့တို့ပေးလိုက်ခြင်းဖြစ်ပါသည်.
ခဏအကြာ စက်လေးပေါ်မှအဖြေပေါ်လာတာကိုဖတ်လိုက်ရုံပဲ
သူငယ်ချင်းတွေက ..အဆိုပါsenior အစ်ကိုများကိုမေးနေသည်။ လုပ်ပုံလုပ်နည်းတွေကို..
စိတ်ဝင်စားမှုနည်းတာပဲလားမသိ..လောလောဆယ်သိချင်စိတ်..မေးချင်စိတ်မရှိ..
ဒါကြောင့် ပြန်လို့ရပြီဆိုတာနှင့်ပြန်လာခဲ့တော့တယ်။
ယနေ့က special sunday တဲ့..
ဘာပြောတာလဲတော့မသိ..ဘူး. မနက်ခင်းဂျူတီစဆင်းရမည့်သူငယ်ချင်းများကတော့.. ဂျူတီအခန်းထဲရောက်နေလေပြီ။
မနက်စာဝင််စားပြီ.း.. အိမ်ပြန်ရောက်သည်နှင့်. အိပ်ရာပေါ်ပစ်လှဲလိုက်တော့သည်။
“Night duty အင်း…
ဘာတွေလုပ်ရမှာလဲမသိဘူး”
ဒီလိုနဲ့ပဲ ည၈နာရီဆိုတဲ့ အချိန်ကိုရောက်ရှိလာပါတော့တယ်.
ဘာတွေယူသင့်မှန်းလည်းမသိခဲ့ဘူး.
အပေါ်လောင်းကုတ်တစ်ထည်အပေါ်ကထပ်ဝတ် stetho နဲ့ duty coat ကို ကိုင်ဆွဲပြီး ဖျားနာဆောင်၃ ကို ထွက်လာခဲ့တယ်.။
စဝင်ဝင်ချင်.း.. ပျားပန်းခပ်မျှ. . လှုပ်ရှားနေတဲ့လူတွေကိုကြည့်ပြီးနည်းနည်းလန့်သွားတယ်.။
ကျွန်တော့်သူငယ်ချင်းတွေလည်း. ဟိုပြေးဒီပြေးနဲ့ပေါ့။
လွယ်အိတ်လေးလွယ်ပြီးကုတ်ချောင်းချောင်းနဲ့ ..duty ခန်းကိုသွားတော့.. သူငယ်ချင်းတစ်ယောက်က.. စိတ်ပျက်လက်ပျက်နဲ့ထိုင်နေပြီး..ပြောတယ်။
” ဟိုဘက်မှာ round နေတယ်.. နင်လိုက်လိုက် ဦး”
“အေးအေး” လို့ပြောပြီး.. ထွက်သာထွက်လာခဲ့တယ်.. ဘာလုပ်ရမယ်မှန်းမသိဘူး..
ဟိုယောင်ယောင်ဒီယောင်ယောင်ဖြစ်နေတုန်း.. အရပ်ရှည်ရှည်နဲ့အစ်မ တစ်ယောက်က .”နင်ကဟောက်စ်အသစ်လား” လို့မေးတယ်။
“ဟုတ်ကဲ့”
“ဒါဆိုငါအပေါ်ထပ်round မလို့လိုက်ခဲ့”
သူကပြောပြောဆိုဆိုနဲ့ထွက်သွားတယ်။ ကျွန်တော်က နောက်က အမှီလိုက်ရတယ်.။
ဆရာဝန်မတွေများ.. ပြောလည်းပြောလုပ်လည်းလုပ်နဲ့..တော်တော်စိတ်မြန်လက်မြန်ရှိကြတာပဲလို့စိတ်ထဲတွေးနေမိတယ်။
အပေါ်ထပ်က Private အခန်းတွေလေ.. ပိုက်ဆံပေးပြီး..နေရတဲ့အခန်းမျိုးတွေပေါ့.
အဲဒီ အတွက် လိုအပ်တဲ့ကုသမှုတွေကို.. အဓိက ကျွန်တော််တို့ ward က ပဲ round ပေးရတယ်။
speciality ပြဖို့လိုတဲ့လူနာတွေကိုတော့အပေါ်ထပ်မှာရှိတဲ့ အသည်းဌာန နဲ့ ရင်ခေါင်းကုသဌာနကလည်းကြည့်ပေးတယ်။
အမှီလိုက်နေတဲ့ ကြားထဲ.. အပေါ်ထပ်အရောက်မှာ.. အဲဒီ အစ်မက ပျောက်သွားတယ်။
ဟိုကြည့်ဒီကြည့်နဲ့ဘယ်သွားရမှန်းမမသိသေးခင်မှာပဲအခန်းတစ်ခန်းထဲက လူနာမှတ်တမ်း Chart တွေတစ်ထပ်ကြီးကိုင်ပြီးထွက်လာပြီးတော့..
“ရော့ဒါတွေကိုင်ခဲ့ ”
ကျွန်တော့်ဆီိ ကို လူနာမှတ်တမ်းChart တွေတစ်ပုံကြီးရောက်လာတော့တယ်။
“ကိုင်ဆိုလဲကိုင်ရုံပေါ့.လေ “ကိုယ့်ဘာသာ တိုးတိုးလေးပြောနေမိတယ်
အခန်းတွေတစ်ခန်းဝင်တစ်ခန်းထွက်… လှည့်ပြီးလူနာကိုစမ်းသပ်နေတယ်..
” ဟို..ဟောက်စ်လေး..နင် chart ဒေါင်းတတ်လား.. ”
“ခင်ဗျာ.. ဘာပြောတာလဲအစ်မ”
“မဒေါင်းတတ်ဘူးနဲ့တူတယ်.
ပေး..ပေး..ငါ့ဘာသာပဲဒေါင်းတော့မယ်”
Chart down တယ်ဆိုတာဘာကိုပြောလဲ ကျွန်တော်တစ်ကယ်မသိပါဘူး.
သူဘာလုပ်နေလည်းကြည့်လိုက်တော့.. .. အခု လက်ရှိစမ်းသပ်လို့ရတဲ့.. တွေ့ရှိချက်တွေကို ..နောက်ဆုံးစာမျက်နှာတစ်နေရာမှာ.. ချရေးနေတာတွေ့တယ်.
သူကတော့ သူ့အလုပ်သူလုပ်နေတယ်…
ကျွန်တော်ကတော့.. သူကို့ Mu3 က ကျွန်တော်တို့ထက် ကြီးတဲ့သူတစ်ယောက်လို့ပဲ.သိတယ်.. ဘာဆိုတာမသိသေးဘူး.
နောက်မှသိတာက … သူတို့က MSC တက်နေတဲ့ ..ဘွဲ့လွန်ကျောင်းသူတွေတဲ့
ပထမနှစ်တွေပေါ့.
အဲဒါကျွန်တော်နည်းနည်း. ..နပ်လာမှသိခဲ့ရတာပါ။
အဲဒီအစ်မက
အလုပ်သင်ဆရာဝန်ဘဝမှာ ပထမဆုံးround လိုက်ခဲ့ရတဲ့ ..Senior တစ်ယောက်ပေါ့။
အပေါ်ထပ်မှာက အခန်းတွေ ..၃၀လောက်ရှိမလားပဲ..
အခန်းတိုင်းက လူနာတွေနဲ့ပြည့်နေတယ်။ .တစ်နာရီနီးပါးလောက်သူ round ပြီးတော့ပြီးသွားတယ်..
“ရပြီ.နင်လုပ်စရာရှိတာဆက်လုပ်တော့”
ကျွန်တော်လည်းအောက်ထပ်ကိုဆင်းလာတော့. သူငယ်ချင်းတွေကပြောတယ်.
‘နင်ဘယ်ရောက်နေတာလဲ… ”
“ERC က နင့်ကိုလှမ်းခေါ်နေတယ်”
“ERC ဆိုတာဘာလဲ..ဘယ်နားကလဲ”
“နင်ကလဲ ERCတောင်မသိဘုူးလား ..အရေးပေါ်လူနာဆောင်လေ
night duty ကျတဲ့သူနှစ်ယောက်လာခိုင်းနေတာ.. အခုတော့.. ရှိတဲ့ သာဂဒိုးနဲ့ စံကြီးလွှတ်လိုက်ပြီ။
အခု ward ထဲမှာ ငါတို့ ကောင်မလေး (၄)ယောက်ရယ်. နင်ရယ် ပဲရှိတာ”
အဖွဲ့ထဲမှာ… စွာတေးလန်ဖြစ်သည့် ဂေါက်သီး ခေါ် လင်းနွေက ပြောသည်.
“အိီး.ငါတော့..သေပါပြီဟာ…နင်တို့ငါ့ကိုယောကျင်္ားလေးဆိုပြီးစွတ်မခိုင်းနဲ့နော်..”
“မရဘူး… ညဆို complaint နင်ပဲရှင်းရမယ် …
ငါတို့က ညကျရင် အိပ်မှာ ..ဟီဟီ ”
သူ့ဟာသူပြောပြီးသဘောကျနေသည့်ဂေါက်သီး ကိုပြန်မပြောတော့..
တကယ်က ကျွန်တော်တို့အဖွဲ့ထဲတွင် ငါးယောက်တည်းမဟုတ်..
လောလောဆယ်တော့
medical ward တွင် extension ဆင်းရသည့်.. House surgeon senior အစ်ကိုများရှိသေးသည်။
ယခုမှကျွန်တော်သိတာက ..မနေ့ကစနေနေ့ .Admission day ခေါ်ကျွန်တော်တို့ရုံမှ လူနာတင်ရက် ကျသည့်နေ့
ယနေ့တနင်္ဂနွေ ကလည်း special sunday ဟုခေါ်သည့်.. ၂ပတ်တစ်ခါ ကျသည့် admission day
ထို့ကြောင့် Admission day နှစ်ရက် ကျသည့်အခေါက်ဖြစ်သောကြောင့် ward ထဲမှာ ..ကုတင်အပို များနှင့်ပါ လူနာများပြည့်လျှံနေသောအချိန်ဖြစ်သည်။
“ညီလေးတို့ FA round နေတာမပြီးသေးဘူးနော်..”
senior အစ်က်ုိတစ်ယောက်က ..တံခါးဝမှလာပြောသည်.
ကျွန်တော် ထပြီး.လိုက်သွားခဲ့သည်။
ထိုRound သည့်နေရာတွင်လိုက်နေသောအစ်ကိုတစ်ယောက်က ကျွန်တော်မြင်ဖူးသလိုရှိသည်။
ကျွန်တော် part2 ဖြစ်စဉ်က
Facebook တွင် …အလွန်တရာမှ နာမည်ကြီးခဲ့သော ဆေးပညာနှင့်မီဒီယာတိုက်ပွဲများတွင် ရှေ့တန်းက တိုက်ပွဲဝင်နေသော ကိုရဲဟုကျွန်တော်သိထားသော. အစ်ကိုကြီး..
သူကလည်း့ကျွန်တော့်ကို မှုန်တေတေနှင့်ကြည့်ပြီး. …”ညီလေး.မင်း က Arthur မဟုတ်လား”
]
“ဟုတ်တယ်အစ်ကို … ကိုရဲမဟုတ်လား… ဒီ မှာ extension ဆင်းနေတာလား ”
“အေး.ကွ medicine မှာ ၃ရက်ဆင်းရဦးမှာ ”
” ဒီနေ့ Jail ရှိတယ်မဟုတ်လား.. Jail ထဲတစ်ယောက်လိုက်ခဲ့ဦးကွာ.. ကျန်တဲ့ House လေးတွေလုပ်စရာရှိတာလုပ်ကြတော့. ”
FA ကပြောပြီးထွက် သွားသည်. Senior အစ်ကိုတစ်ယောက်က လိုက်သွားသည်။
ကိုရဲက .. ကျွန်တော့်ကို
“ညီလေး. မင်းJail ဘယ်နားလဲသိလား.. ”
“Jail က ဘာကြီးလဲအစ်ကို. ..”
“ဟေ. .. jail ပါဆိုကွာ .. လာလိုက်ခဲ့. ၁၀နာရီထိုးသောအခါ လူနာများ အား ဆေးလိုက်ထိုးကြရသည်။
ကျန်သောဂျူတီတူတူကျသူများက မိန်းကလေးများသာဖြစ်သည့်အတွက်ကြောင့်.. Jailထဲသွားရသော..သူရဲကောင်းမှာ..ကျွန်တော်သာဖြစ်ခဲ့ရသည်။
ပထမဆုံးအကြိမ်အချုပ်ထဲရောက်ဖူးခြင်း
Jail ဟုခေါ်သော.. အချုပ်သားများအားကုသမှုပေးသည့်နေရာကား.. mu3 ၏ နောက်ကျောတွင်ရှိသည်.
အပြင်မှာ.. ယူနီဖောင်း ရဲသားတစ်ယောက်ကစောင့်နေသည်.
ကျွန်တော်တို့လာတာမြင်သောအခါ အချုပ်တံခါးကိုဖွင့်ပေးသည်။
အခန်းက.မီးလုံးတစ်လုံးတည်းရှိပြီး.. သံကုတင်၃လုံးကိုတွေ့ရသည်။
တစ်ဖက်ကုတင်မှာလူနာတစ်ယောက်ကထိုင်နေတာကိုတွေ့ရတယ်။
ဆေးထိုးရန်ရှိသည့်လူနာက.. အိပ်ရာပေါ်မှာ
လူကဝဝနှင့်.. အောက်ဆီဂျင်ပိုက်များ..တန်းလန်း…. ဟောဟဲလိုက်နေသည်။
သူ့ဘေးမှာက..အစောင့်တစ်ဦးရှိသည်.။
ကိုရဲက… chart ကိုတစ်ချက်ကြည့်ပြီး.. “သူက lasix ရယ် calcium gluconate ရယ်. glucose ရယ်.. အခုထိုးရမှာကွ..
case ကတော့.. စုံနေတာပဲ.. Renal လည်းမကောင်းဘူး DMက လည်းရှိတယ်..”
“ဦးလေးကြီးဆေးတွေရှိသေးလား… ”
အစောင့်ဦးလေးကြီးဘက်တစ်ချက်လှည့်ကြည့်ရင်းပြောလိုက်သည်။
“ဆေးတွေကတော့ဒီထဲမှာဆရာ ”
“ထိုးဖိုု့ဆေးတွေကျန်သေးတယ်.. နောက်ထပ်မရှိတော့ဘူးလား”
“ကျွန်တော်ကလည်း.အခုမှလာစောင့်ပေးတာဆိုတော့မသိဘူး.ဆရာ”
ကျွန်တော်ကဘေးမှရပ်ကြည့်နေသည်.
ချမ်းအေးသည့်ဇန်နဝါရီလ.. ဆောင်းလေများကြားမှာ..ဂျူတီကုတ်ဖြူဖြူကို၀တ်ပြီးချွေးတွေပြန်နေသည်။
ဘေးကုတင်မှ.. လူနာက..၀င်ပြောသည်.
“ဆေးတွေက…ဟိုအောက်မှာရှိသေးတယ်ဗျာ.. အဲဒါမဟုတ်ဘူး. .အရင်နေ့ကသူတို့အဲဒီထဲကယူတာ..”
ဘေးကုတင်မှ..တပလင်ခွေထိုင်က လူနာစောင့်ကိုဆရာ ၀င်လုပ်နေသည့်.လူနာကို.. ကြည့်ပြီးကျွန်တော်အံသြနေမိသည်။
“ကဲ.. မရှိတော့ရင်လဲဒီဆေးလေးတွေသွားဝယ်လိုက်ပါဗျာ..ကျွန်တော်ရေးပေးလိုက်မယ်
အဲ…ခင်ဗျားလူနာက အပ်တပ်ထားတာလည်းမရှိတော့ပါလား..ဘယ်လိုဖြစ်တာလဲ.”
“အရမ်းနာတယ်ဆိုပြီးဆွဲဖြုတ်ပစ်တာဆရာ… ”
“အင်း..ဒီလိုဆိုနောက်တစ်ခေါက်နာတော့မှာပေါ့ဗျာ..”
“ကဲ အပ်ကတော့ကျွန်တော်တို့ဆီမှာရှိမယ်ထင်တယ်.. လုပ်ပေးလိုက်မယ်.:”
ဂျူတီအခန်းထဲပြန်ပြီး.. CANULA လိုက်ရှာရသည်..
ဲJail ထဲဝင်တော့ .”အား..နာလိုက်တာဆရာရယ်… အား…..”
လူနာ၏လက်တစ်ဖက်စမ်းကြည့်ရင်း
“သူကOedema အရမ်းဆိုးတယ်ကွ.. veinတွေကို ကောင်းကောင်းရှာမရတော့ဘူး..
ပြီးတော့ Tatoo တွေကလည်းရှိသေးတယ်..
စမ်းတော့စမ်းကြည့်ရမှာပဲကွာ.”
ပန်းရောင်Canula လေးကို .ဖောက်ပြီး….အပ်ထိုးမည့်နေရာကိုအရက်ပြန်လေးနှင့်ဆွတ်သည်.
ခြောက်သွားသည့်အချိန်တွင်.. Canula က .လေးကိုစတင်ထိုးတော့သည်.
ကျွန်တော်က သေချာမြင်ရအောင်ဖုန်းထဲမှာပါသည့့်.. Flash light လေးနှင့်ပြထားရသည်။
ညည်းညူနေသည့်..လူနာ၏အသံကိုနားထောင်ရင်း..စိတ်ထဲမှာ.. အပ်ထိုးလို့ရပါစေ.ရပါစေဟုဆုတောင်းနေခဲ့သည်.
ကျွန်တော့်ဘဝတွင်ပထမဆုံးသောလူနာက..အချုပ်ခန်းထဲမှာ Terminal illness နှင့်လူဆိုးကြီးတစ်ဦးဖြစ်နေခဲ့သည်.
နေရာအမျိုးမျိုးပြောင်းစိုက်ပါသော်လည်း.. လူနာကဝခြင်း.. oedema ဟုခေါ်သည့်..သွေးကြောထဲမှာအရည််များ.cells များအပြင်ရောက်နေသည့်အတွက်ကြောင့်…အကြောသေးသေးလေးများကိုမည်ကဲ့သို့မှရှာလို့မရနိုင်အောင်ဖြစ်နေသည်။
လူနာက သူ့အသားကိုအကိုင်မခံနိုင်အောင်ပင်.. sensitive ဖြစ်လွန်းလှသည်။
“ငါတို့စိုက်လို့ကတော့မရဘူး…သူနာပြုဆရာမစိုက်ခိုင်းမှပဲရမယ်ထင်တယ်.
မင်းသူနာပြုကိုသွားပြောလိုက်ကွာ..ဒီဆေးတွေက မနက်မှထိုးလို့မရဘူး… သူ့အခြေအနေနဲ့က အရေးကြီးတယ်ကွ..ချက်ခြင်းထိုးရမယ့်ဆေးတွေ”
ကျွန်တော်သူနာပြုအခန်းဆီရောက်သွားတော့..သူနာပြုဆရာမတစ်ယောက်တွေ့သည်။
“ဆရာမ…. ဂျေးထဲက patient က Canula -စို်က်လို့မရလို့..ကူညီပါဦး.”
“ကျွန်မမအားဘူ:”
“Jail ထဲက ..အဲဒီ.. လူကြိးက..နေ့ခင်းတွေဘက်တောင်စိုက်ရခက်တာ.တစ်ကိုယ်လုံးကလဲယောင်နေသေးတယ်. ညဘက်ဆိုဘယ်လိုစိိုက်ရမလဲတောင်မသိဘူး
စိတ်ညစ်လိုက်တာ
မနက်မှစို်က်ပေးမယ် ”
မာဆတ်ဆတ်နှင့်ပြောလိုက်သော ..လေသံကြောင့် ကျွန်တော်စိတ်ထဲမှာအစာမကြေဖြစ်သွားခဲ့ရသည်။
ဒါပေမယ့်ဘာမှပြန်မပြောဖြစ်ခဲ့တော့..
ဒုတိယပိုင်းဆက်ရန်
စာရွက်သားဖြူဖြူ…………..အညိုရောင်သားရေဖုံးစာအုပ်တစ်အုပ်.
uni အမှတ်တံဆိပ်အနက်ရောင်…မှင်စိုဘောပင်တစ်ချောင်း
ဇွန်လကိုရောက်လာခဲ့ပြီ….
မိုးတိမ်တွေက.တစ်စတစ်စနဲ့…ပြူတင်းပေါက်ပန်းချိီကားထဲမှာရွေ့နေကြတယ်
ရေးလက်စစာတစ်ပိုဒ်………….
နားထောင်ပေးမယ့်သူကို…သိမ်ငယ်စွာနဲ့မျှော်လင့်နေတဲ့…..စကားလုံးလေးတွေရယ်
စိ်တ်ညစ်တိုင်းနားထောင်တတ်တာက…. romantic မဖြစ်တဲ့ ဂျောက်ဂျက်ရဲ့သီချင်းတစ်ပုဒ်..
facebook စာမျက်နှာအပြည့်…….activity တွေရှိနေပါစေဦး.
မင်းရဲ့ post တစ်ခုကိုမြင်ခဲ့ရရင်
ပျော်ရွှင်မှုတွေဖြစ်ပေါ်လာတတ်တယ်ဆိုတာ…….
24 နာရီ online မှာရှိနေပေမယ့်……………မင်းရဲ့ account က မီးစိမ်းလေးလင်းဖို့ကိုမြင်ရဖို့ဆိုတာ.
ကြိတ်ပြီးသတိ်ရပေမယ့်……….ဟန်ဆောင်ကောင်းတတ်တဲ့ငါ.
ဂုဏ်ဒြပ်တွေ.အဆင့်အတန်းတွေ…လူမျိုး…ဘာသာတွေ……..အားလုံး.ဟာဘာမှတန်ဖိုးမရှိတော့တဲ့အချိန်…..
ငါ နှလုံးသားက..မင်းကိုချစ်တယ်ဆိုတာဝန်ခံပါလိမ့်မယ်.
arthur 13.6.2012