by Nyein Chan Ko Ko (Notes) on Saturday, December 17, 2011 at 11:32pm

ကြယ်ကြည့်တာ လွမ်းတတ်တဲ့သူတွေ ရဲ့အလုပ်တဲ့


ဒါဆိုငါအမြဲတမ်းလွမ်းနေတာပေါ့

ဘာလို့လဲဆိုတော့

အနှစ်သက်ဆုံးအချိန်တွေထဲမှာ..

ညအချိ်န်ကြယ်တွေစုံနေတဲ့ကောင်းကင်ကြီးကို ငေးပြီးတွေးရတာလည်းပါတယ်.

မြို့ပြပုံစံနဲ့အကျဉ်းကျနေတဲ့စိတ်တွေကို ထွက်ပေါက်ပေးနိုင်တာ

အဆုံးမရှိတဲ့အာကသထဲကို

စိတ်ကူးနဲ့ပျံသန်းခြင်းပါ…

ငယ်ငယ်တုန်းကတော.နယ်က ခြံထဲမှာ…မီးမရှိတဲ့ညတွေ……မြို့ပတ်ခဲ့ာတကလေးတွေစုပြီးဆော့ခဲ့တာတွေ…ကောင်းကင်ကြီးကိုကြည့်ပြီး…အဘွားပြောတဲ့ပုံပြင်တွေနားထောင်ရတာ….တွေပြန်သတိရမိတယ်…

၁၀တန်းညတွေလဲပါ၀င်မှာပါ…သူငယ်ချင်းတွေအများကြီး. ဆိုင်ကယ်တွေအများကြီးနဲ့မွေးနေ့ပွဲတွေသွားခဲ့တာ…….

အဲဒီ2005ခုနှစ်က တော.ငါတို့မြို့က အစည်းလုံးဆုံးနဲ့အကြီးဆုံးလို့ပြောရမယ့်အဖွဲ့ပေါ.့

တက္ကသိုလ်ဝင်တန်းအောင်တော.လည်း..တစ်ဖွဲ့လုံးဂုဏ်ထူးကိုယ်စီနဲ့တန်းလုံးကျွတ်အောင်ခဲ့တယ်…

အမြဲတမး်အမှတ်ရမိနေအောင်.. ၁၀တန်းDဆိုပြီး…သီချင်းတစ်ပုဒ်လုပ်ခဲ့ဖူးတယ်…

အခုတော့အားလုံးက ..အဝေးမှာပါ…….

အဲဒီလိုညတွေကျော်လွန်ပြီးတဲ့နောက်

လူတွေရဲ့စရိုက်လို့ပဲပြောမလား..

မီးတွေအမြဲတမ်းမှန်နေတဲ့ညတွေဆက်တိုက်ကြုံရပြန်တော့…မီးစက်သံတွေ.ကားသံတွေမရှိတဲ့…..ကြယ်တွေစုံတဲ့ညကို …တမ်းတမိပြန်တယ်.

ရုပ်ဝတ္ထုပစ္စည်းတွေပေါများတိုးတက်လာတဲ့ခေတ်မှာ………ပျော်ရွှင်မှု..အေးချမ်းမှူ…ရောင့်ရဲတင်းတိမ်မှုကို ပေးနိုင်တဲ့အရာကို ရှာဖွေဖို့ခက်ခဲလာကြတယ်

အရင်က ရိုးရိုးလေးနဲ့..အေးဆေးငြိမ်သက်ပြီးချစ်ဖို့ကောင်းတဲ့မြို.လေးက

….တစ်ခါမှ..စိတ်မကူးဖူးခဲ့တဲ့…နိုင်ငံတစ်နိုုင်ငံရဲ့မြို.တော်ကြီးဖြစ်လာတဲ့အခါ..

ဘီယာနဲ့ထွေတဲ့ညတွေ…..သီချင်းသံတွေညံတဲ့ညတွေနဲ့..

သူမရဲ့မြို.ကသားသမီးတွေကို လုံခြံုမှုမပေးနိုင်တော.ဘူး…………..

ငါကိုယ်တိုင်တောင်ပြောင်းလဲခဲ့သေးတာ…..

တည်မြဲလိမ့်မယ်လို့ထင်ခဲ့တာအရာတွေ..ရွေ.လျားကုန်တာ အခုတော.လည်းမဆန်းသလိုပါပဲလား………..

လွမ်းမောရတဲ့……

အမှတ်တရညတွေထဲမှာရန်ကုန်မြို့ china town က နှစ်သစ်ကူးညလေးတစ်ခုလည်းပါတယ်..

ပြန်တွေးရင်ပီတိဖြစ်ရမယ့်အချိန်လေးတစ်ခုပေါ့……….

ကို်ယ်ချစ်ရတဲ့သူအတွက်အမှတ်တရတွေလုပ်ပေးရတဲ့..ပျော်ရွှင်မှုက………ပို်က်ဆံတွေအများကြီးပေးပြီးဝယ်ရတဲ့လက်ဆောင်ထက်ပိုမြတ်နိုးဖို့ကောင်းပါတယ်.

လပြည့််ညတွေရောက်ရင်..အဲဒီညလေးကို်ပြန်သတိရမိနေတုန်းပဲ..

အဲဒီတုန်းကအရမ်းပင်ပန်းခဲ့တာတွေလည်း…အဝေးကို ပျောက်လွင့်လို့………

နောက်ပိုင်း..ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့…အဲဒီအချိန်တွေက..ပျော်ရွှင်အောင်လုပ်ပေးနိုင်ခဲ့တဲ့အတွက်..ကျေနပ်ပါတယ်……….

ချစ်ရတဲ့သူတစ်ယောက်ကို ..မေ့ရတာဟာ…. တစ်ခါမှမသိတဲ့လူတစ်ယောက်ကို မေ့ရသလိုပါ

ချစ်ခြင်းရဲ့အနုူးညံ.ဆုံးအချိန်တွေက…လူကို လည်းပျော့ညံ.သွားစေတယ်..။

ခဏလေးအတွင်းမှာ…အရည်ပျော်ကျခဲ့တဲ့စိတ်တွေကို ..ပြန်ခိုင်မာလာအောင်ကျတော့အချိန်အများကြီးပေးရတယ်………..

ကျင်လည်ရတဲ့ပတ်ဝန်းကျင်နဲ့…ထမ်းဆောင်ရတဲ့တာဝန်က…………….အမြန်ပျောက်ကင်းစေတဲ့အနာကျက်ဆေးလိုပါပဲ

မထင်မှတ်ပဲ..စတင်မိခဲ့တဲ့အကြောင်းအရာရယ်..

ထင်မှတ်ထားသလိုမပြီးခဲ့တဲ့ဇာတ်လမ်းရယ်က……..ဘဝအတွက်နောက်ထက်သင်ခန်းစာတွေပေးသွားခဲ့ပါတယ်…

တစ်ခါတစ်လေ..တွေးမိတာရှိတယ်….

ငါ…….ကောင်းကင်ပေါ်ကကြယ်လေးတစ်လုံးဖြစ်ချင်တယ်..

အဝေးကြီးရောက်နေကြတဲ့

ငါ ချစ်ခင်.တန်ဖိုးထားတဲ့သူတွေဘယ်လိုရှင်သန်နေကြတယ်ဆိုတာ……….ငါအမြဲမြင်နေချင်မိလို့

ကြယ်တွေကို မြင်နေရသရွေ.ငါဘယ်တော့မှအထီးမကျန်ပါဘူး……

ကြယ်တွေစုံတဲ့ညမှာဖြစ်ပေါ်ခဲ့တဲ့ပျော်ရွှင်မှုတွေကို………..သူတို့တွေက မိုးပေါ်ကနေမြင်ပြီးသိရှိနေကြမှာပါ….

ငါဘယ်နေရာကိုရောက်ရောက်..

ဘယ်လိုပဲကြီးသွားသွား.

သူတို့ကတော့

ငါငယ်ငယ်က..

အကြောင်းလေးတွေကို

ကြံုတိုင်းပြောပြနေဦးမှာပါ………………………………………