I am a sensitive and aggressive person.
After hitting the wall,
I am sorry Dad.
I just want to live alone.
I will hurt you if i stay with you all.
Let me be alone..
I am sorry..
I am a sensitive and aggressive person.
After hitting the wall,
I am sorry Dad.
I just want to live alone.
I will hurt you if i stay with you all.
Let me be alone..
I am sorry..
March 5 2014
မတ်လ…
တပေါင်းတကူး မိုးသားကူး..ဆိုသလိုပဲ..
မိုးတွေ အပြင်မှာ အုံ့နေတယ်။
အိမ်မှာ ဒက်ဒီနဲ့ ငါပဲရှိတယ်။
အမေနဲ့ အစ်ကို နဲ့ အိမ်အကူ ကြီးတော်က တစ်ခြားအိမ်မှာ
ဖေဖော်ဝါရီ လကိုလည်းမကြိုက်ဘူး..
စိတ်ဓာတ်တွေ ကျမိတာ လည်း မရေမတွက်နိုင်.
ဖြစ်ချင်တာ မဖြစ်ရတဲ့ အခါ.
ရလာဘ်မကောင်းတဲ့ product တစ်ခု လို အားလုံးစွန့်လွှတ်ပစ် လိုက်ချင််တယ်။
ဆေးကုမယ်ဆိုပြီး ပြန်တွေးနေတယ်။
အလုပ်မရှိခြင်းကလည်း.. တစ်ခုသော ထိုးနှက်ချက်ပဲ။
တစ်အိမ်လုံးဆိုင်ရာ ဆိုင်ရာ အလုပ်တွေ လုပ်နေချိန် မှာ ကိုယ်တစ်ကိုယ်တည်း လူပို လို ဖြစ်နေတယ်။
မနေ့က ၄ရက်နေ့..
ကတော့ ဖြေသာ စရာ နေ့တစ်ခု ဖြစ်ခဲ့တယ်။
app တွေလုပ်ရင်းတစ်နေကုန် ခဲ့တယ်။
နောက်ထပ် အသစ်အဆန်းတွေ လည်း တွေ့ခဲ့တယ်။
အရမ်းပင်ပန်းလို့လားပဲ.
ကွန်ပျူတာ တစ်ချိန်လုံးကိုင်ထားပေမယ့် ချက် ချင်းအိပ်ပျော်သွားတယ်။
ကိုယ့်ဘဝက ဘယ်လို ပုံစံမျိုး ဖြစ်မလဲဆိုတာ ကို .. ခုထိ မစဉ်းစားနိုင်ဘူး..
ဒီလို တွေ အပင်ပန်းခံနိုင်ပေမယ့်..
ဘာလို့ဆေးပညာကိုဒီလောက်ဝါသနာ မပါရလဲဆိုတာ..
လက်ရှိ မှာ အလုပ်မရှိပေမယ့် တစ်လ 300$လောက်အောက်ခြေ ရနေတယ်။
နောက်ပြီိးတော့ ငါလို ချင်တဲ့ပုံစံမျိုး..
ဒီပိုက်ဆံကို ကိုယ့်နိုင်ငံထဲက မဟုတ်ပဲ.
အခြား နိုင်ငံကနေရတာ ဆိုတော့
ဘယ်သူ့ကို မှ အနှောက့်အယှက် မဖြစ်ပဲ..
ငါရှာ နိုင်တာ လို့ ထင်မိတယ်။
Developer အစစ်တစ်ယောက်လည်း ဘယ်တော့မှ ဖြစ်မလဲ..
တကယ်တမ်း ကိုယ်ကိုယ်တိုုိင်က coding ကို၀ါသနာမပါ။
လောက ကြီးက လွယ်မလိုလို နဲ့ ရှုပ်တဲ့ လုပ်ငန်းတွေ များလွန်းတယ်။
image
ဖေဖော်ဝါရီ .၂၀၁၄ ခုနှစ်.
ချောင်းသာ ကို ဖေဖော်ဝါရီ လဆန်းထဲမှာသွားဖြစ်ခဲ့တယ်.
ပထမဆုံးသွားတဲ့အ ချိန်က ၂၀၀၇ ခုနှစ်.. အခုသွားတော့လည်းတော်တော်ပျော်ခဲ့ရတာပါပဲ။
ပြန်လာပြီးတော့. ဗာလင်တိုင်းဒေးလည်း.. ထူးထူးခြားခြားမရှိပဲကုန်ဆုံးသွားတယ်။
ငါ့ကိုမွေးခဲ့တဲ့.. ငယ်ငယ်လေးတည်းက ကြီးပြင်းခဲ့တဲ့ .အိမ်လေးကို ခွဲခွာရလေတော့မယ်။
လက်ရှိ အိမ်နဲ့ခြံကိုရောင်းပြီး. ကပ်လျက်နေရာလေးမှာ.နောက်ထပ် အဆောက်အဦးတစ်ခုထပ်ဆောက်နေတယ်။
အဲဒီနေရာလေးကအရင်ကတော့. ငါတို့ဆော့နေတဲ့ . ဇွန်ပန်းရုံ၊ ပြီးတော့. ရှောက်ပင်ကြီးတွေ၊ မာကလာပင်ကြီးတွေရှိဖူးတယ်။
ပြီးတော့. ရှောက်ပင်နဲ့မာကလာပင်ကြားမှာဒန်းလေးတစ်ခုရှိတယ်။ နွေရာသီကျောင်းပိတ်ရက်တွေဆို. ငါတို့ကစားကွင်းနေရာလေးတွေပေါ့.
အရင်က ရှိဖူးတဲ့. ရဲယိုပင်လေးလည်းမရှိတော့တာကြာပြီ။ .ခဏခဏဓါးပေါက် ကစားလေ့ရှိတဲ့ အုန်းပင်လေးရော။
အချိန်တွေဆိုတာဒီလိုပဲ ..ရွေ့လျားပြီး..ခြေရာလေးတွေချန်ထားခဲ့တာလေပဲ။
အရင်က ကစားကွင်းဖြစ်ခဲ့တဲ့နေရာလေးတွေမှာ. ၃လအတွင် းအဆောက်အဦးအသစ်လေးတစ်ခုပေါ်နေပြီ။
ဒီရက်ပိုင်းတွေမှာ စိတ်ရှုပ်တာတွေ. အလိုမကျဖြစ်တာတွေ. အတော်များနေတယ်။
အပြောင်းအရွှေ့တွေ ကြောင့်ရယ်။ ဆောက်တဲ့အိမ်ကို .. စိတ်တိုင်းမကျတာတွေရယ်နဲ့ပေါ့.
တကယ်တော့. အဖေထက် အမေက ပိုပင်ပန်းလိမ့်မယ်။
အိမ်ဆောက်ဖို့ လိုအပ်သမျှအားလုံးက အမေ့ဆီ ရောက်လာတာလေ။
နောက်ပြီးတော့.. အင်တာနက်လိုင်းလည်း ကလည်းဖုန်းလိုင်း က မငြိမ်တော့ပျက်တောင်းပျက်တောင်းဖြစ်နေတယ်။
ငါဖန်တီးနေကျ Application တွေ playstore ပေါ်ရောက်ဖို့တာဝန်က ရှိသေးတယ်။
၂၀၁၄ ဗေဒင် APP ကို တင်ပေးမယ်ဆိုပြီး. တော့ ဖေဖော်ဝါရီလထဲရောက်လာပြီ။
ကြားမှာ လိုုအပ်တဲ့စာစီတွေက မပြီးလို့ဒီလောက်အထိ ကြာသွားတာ.
တကယ်တမ်းအားလုံးအဆင်သင့်ဖြစ်လို့ ဆက်ပြုလုပ်မယ်ဆိုကာမှ အင်တာနက်လိုင်းက မမှန်ဘူး။
ခုနေလိုင်းကောင်းပေမယ့်ခဏနေကျရင် ကျသွားတာ။
ဒီတော့ဟိုးအရင်က လို ဖုန်း ကအင်တာနက်ကိုပဲအားကိုးရတော့တယ်။
သူက လည်း. လိုင်းက ကောင်းလှတယ်မဟုတ်ဘူး.တော်တော်နှေးနေတယ်။
အလုပ်ကမြန်မြန်ပြီးချင်. လိုင်းက နှေးနှေးနဲ့တစ်ယောက်တည်းပေါက်ကွဲနေရတာပေါ့။
အဲဒီတစ်ရက်ကဆို. တော်တော် စိတ်ဓာတ်ကျသွားတယ်။
လက်တော့နဲ့အလုပ်လုပ်နေရင်းကနေ ညစာလည်း စားရင်းလုပ်နေတာ။
ခေါင်းတွေအရမ်းရှုပ်နေခဲ့တယ်။
မောက်စ် ဘေးနားမှာ ရေနွေးခွက်ထားထားတာကို လိုက်နဲ့တိုက်ချမိပြီး ကီးဘုတ်တစ်ခုလုးံရေတွေစိုလို့..
ငါ စိတ်ဓာတ်အကြီးအကျယ်ကျသွားဖူးတယ်။
လက်တော့ကိုပလပ်အမြန်ဖြုတ်ပြီး .မှောက်ခုံ V ဇော်ထိုးပုံမှောက်ထားလိုက်တယ်။
ပြီးတော့စိတ်ပျက်လက်ပျက်နဲ့အပြင်ထွက်လာတယ်။
အမေက ဘာဖြစ်တာလည်းမေးတော့မှ စိတ်ပျက်ပျက်နဲ့ပြောလိုက်တယ်။
အမေက သွားပြီးတော့အဝတ်တွေနဲ့သုတ်ပေးတယ်။
၅မိနစ်လောက်ထိုင်မှိုင်နေခဲ့တယ်။
ပြီးတော့မှ အမေ့ဆီက Hair Dryer တောင်းပြီး.. လက်တော့ကို ဘက်ထရီဖြုတ်ပြီးထိုင်မှုတ်တော့တာ.
ရေတွေတော့ခြောက်သွားပေမယ့်.ပါ၀ါက မလာတော့ဘူး
Screen က လည်းမလင်းတော့ဘူး.
ဒါနဲ့ အဲဒီလက်တော့ကို ဒီတိုင်းထားပြီး.. အိပ်ရာဝင်တော့တယ်. .. အိပ်ရာထဲမှာလည်း အိပ်မပျော်ဘူး။
Candy crush ဆော့လိုက် Farm hero ဆော့လိုက်နဲ့..
ညတော်တော်ညည့်နက်သွားခဲ့တယ်။
ကံကောင်းပါတယ်.
နောက်နေ့မနက်မှာ လက်တော့ပြန်ကောင်းသွားလို့.. လိုတဲ့update တွေဆက်လုပ်နိုင်တယ်။
အင်တာနက်လိုင်းကတော့မကောင်းသေးဘူးပေါ့.
စိတ်မကြည်တဲ့အရာတွေထဲမှာ.. ဘာလုပ်ရမှန်းမသိတာ.
၀င်ငွေမရှိတာ.
ရှိနေတဲ့ app ကဝင်ငွေတွေက .ဒီရက်ပိုင်း အရမ်းကျလာတာ.
စိတ်ထင်တိုင်းမဖြစ်တာ..
အဲဒီနေ့ကပဲ.. ရာထူးဝင်စာမေးပွဲဖြေတဲ့သူတွေအောင်စာရင်းထွက်တယ်.
ငါတို့သူငယ်ချင်းအဖွဲ့ကဘယ်သူမှမအောင်ဘူး။
ဆေးကုချင်စိတ်တစ်ဖက်.. ကြီးပွားအောင်မြင်ချင်စိတ်တစ်ဖက်.
ပြုုပြင်ပြောင်းလဲလိုစိတ်တစ်ဖက်..
အာရုံတွေများနေတယ်။
ဆေးကုမယ်စဉ်းစားတိုင်း.
fbက တက်လာတဲ့. ဘယ်နေရာမှာတော့ဘယ်လိုဆေးထိုးမှားလို့ဘယ်လိုဖြစ်သွားပြီတဲ့.
ဘယ်သူကတော့ဘယ်လို ဖြစ်ပြန်ပြီတဲ့..ဆိုတဲ့အသံတွေ..
သတ္တိတွေနောက်တွန့်တွန့်သွားတယ်
ဘယ်တော့များမှ.. မျှော်လင့်ချက်ရောင်ခြည်က အားလုံးအပေါ် ဖြာသန်းမလဲ မျှော်နေရတာ.
ကိုယ့်ကိုယ်တိုင် အားမရတဲ့အချက်တွေအများကြီးနဲ့လေ..။
ဖြစ်ချင်မှုက မြင့်လွန်းလို့ကိုယ်တိုင်တောင်အဆုံးကိုမမြင်ရဘူး.
ဖြစ်အောင်လုပ်ရင်ဖြစ်မှာပဲ..
ဒါပေမယ့်..အားပေးသူထက်..အားမပေးပဲ.. ဖျက်လိုသူက ပိုများလေတယ်.
ဖြစ်ျင်မှုများလွန်းပြီး. ဖြစ်ခွင့်မရရင်.
ဒီ လောကမှ ဆက်နေချင်စိတ်တောင်တစ်ခါတ်စလေကုန်ခမ်းလာတယ်..
Myanmar Zodiac ဆိုတဲ့ Android app လေးကို Android ဖုန်းသူများ ကြားဖူးရင်းနှီးဖူးကြလိမ့်မယ်ထင်ပါတယ်။
ကျွန်တော်ကတော့ အဲဒီ Applicationလေးကို ဖန်တီးပြုလုပ်သူ ငြိမ်းချမ်းကိုကိုဖြစ်ပါတယ်။
စပြုလုပ်ခါစက. . background လှအောင်ဆိုပြီး. wallpaper တွေစွတ်ထည့်တယ်။
တစ်ခုတစ်ခုဖွင့်ဖို့ကိုလေးပြီး။ စာဖတ်ရတာလည်း တော်တော် ဒုက္ခရောက်တယ်။
ကွယ်နေတာ ကောင်းကောင်းမမြင်ရတာနဲ့.
နောက်ပြီး. စာတွေက screen ကို ကျော်ထွက်နေတာတွေက လည်းရှိသေးတယ်။
အဲဒါတွေကို screen ထဲကွက်တိ၀င်အောင် တစ်ကြောင်းချင်း စိတ်ရှည်လက်ရှည်ထိုင်ပြင်ရတယ်။
မှတ််မိပါသေးတယ်။
အဲဒီ app ကို ပြီးအောင်လုပ်ဖို့ရုန်းကန်တဲ့ညက . မနက် ၅ နာရီလောက်မှ အိပ်ပျော်တယ်။
ဖုန်းဘေလ် က လည်း. data internet သုံးတာနဲ့၄ ရက်လောက်ကို တစ်ကတ်ကုန်နေတာ။
app ကို အချောသတ်ပြီးတော့. MMUC group ထဲမှာဖြန့်တယ်။
သုံးတဲ့သူသိပ်မရှိဘူး။
ကျွန်တော့်ရဲ့ appက တစ်သက်တာဟောစာတမ်းတွေပဲပါတာလေ။
ကျန်တာဘာမှမပါဘူး။
လက်ရှိထုတ်ထားတဲ့ version ကို အားမရသေးဘူး။
နောက်ထပ် ထပ်ထည့်ဖို့စဉ်းစားတော့ ကွန်ပျူတာဗေဒသုခမက numerology ဟောကိန်းတွေသတိရတယ်။
ဒါတွေကလည်း fb မှာအရမ်း hot တဲ့အရာ။
အိုကေ..ဒါလည်းထည့်မယ်ပေါ့.
အဲဒီမှာ ပြဿနက စပြီ။
ကျွန်တော့် appက data တွေ ပုံတွေ များပြီး crashed ဖြစ်ချင်နေပြီ။
ဒါနဲ့ပဲ ထုတ်ထားပြီးသားကိုထပ်မပြင်တော့ပဲ။
ဒုတိယ တစ်ခုအသစ် ရေးတယ်။
background တွေဖြုတ်တယ်။ icon တွေစိတ်ကြိုက်ရွေးတယ်။
အရင်တစ်ခေါက်သုံးတဲ့ app icon က အင်တာနက်က ဒေါင်းလုတ်ဆွဲထားတဲ့ဟာ.
ဒီတစ်ခေါက်ကျတော့ကိုယ်ပိုင် icon လေးလိုချင်တယ်။
အဲဒါနဲ့ MMUC က ကိုချီလီချမ်းကို အပူကပ်ပြီး Icon လုပ်ခိုင်းတယ်။
ဧပြီလ ထဲမှာ version 1.1 ထွက်လာတယ်။
သုံးတဲ့သူ ရာဂဏန်းလောက်ရှိတာပေါ့..
version 1.2နဲ့ 1.2.1 ကို မေလထဲမှာထပ်ထုတ်တယ်။
ဒီထဲမှာတေ်ာတော်စုံနေပြီ။
အဲဒီအချိန်တည်းက ကျွန်တော့်ရဲ့ app ကို Playstore မှာ တင်ချင်နေပြီ။
Playstore မတင်နိုင်မချင်း..အပြင်က နေရှယ်တာနဲ့ .. ဘယ်လိုမှမပေါက်နိုင်ဘူးလို့ကျွန်တေ်ာထင်တယ်။
ဒါပေမယ့် Google က မြန်မာနိုင်ငံကို Playstore မရအောင်ဘန်းထားတာတောင် ဖျက်အောင်
မလုပ်နိုင်သေးတာဆိုတော့.
လုပ်လည်း ဒေါင်းလုတ်ဆွဲမယ့်သူရှိမှာမဟုတ်ဘူးလို့တွေးပြီ း အသာငြိမ်နေလို်က်တယ်။
ဒီကြားထဲမှာ ခရီးထွက်တာတွေ.. နဲ့အခြားလုပ်စရာရှိတာတွေနဲ့.. APPဘက်ကိုမလှည့်နိုင်ဘူး။
Myanmar Zodiac ဆိုပြီး .နာမည်တစ်ခုထွက်လာအောင် ပေါက်ခဲ့တဲ့အချိန်က ၂၀၁၃ စက်တင်ဘာလ.
Playstore လည်း. Google ဥက္ကဌ မြန်မာနိုင်ငံလာပြီးတဲ့နောက်မှာ ပွင့်သွားပြီ။
user တွေလည်း Playstore ကို စသုံးတတ်သလို.. Myanmar appတွေလည်း ကြိုကြားကြိုကြားပေါ်လာပြီ။
ကျွန်တော်ရဲ့ မိတ်ဆွေတစ်ယောက်ရဲ့ Google wallet ကို အသုံးပြုပြီး
Developer fee ပေးရမယ့် 25$ ကိုချေပြီး .အကောင့်လုပ်လိုက်တယ်။
သူ့မေးလ်နဲ့အကောင့်လုပ်ပြီး။
ကျွန်တော့်ရဲ့ personal mail ကို developer team member အနေနဲ့ invite email ပို့လိုက်တယ်။
ပထမဆုံး app Myanmar Zodiac version 1.6 ကို ကိုအောင်မြင့်ဟိန်းကနေပြီး.
Playstore မှာတင်ပေးတယ်။
အဲဒီ app တင်ထားတုန်းမှာ Myanmar firstaid ဆိုတဲ့ အရေးပေါ်အသက်ကယ်နည်းတွေအကြောင်းရေးထားတဲ့ apk တစ်ခုကို ဆက်လုပ်နေတယ်။
သူ့ကိုလုပ်လတာ၂ပတ်လောက်ကြာတယ်။
သူ့ကို ထုတ်ဝေခဲ့တာ Google playstore အကောင့်ရပြီးသိပ်မကြာခင်မှာပဲ။
နောက်ပြီးတော့. ကျွန်တော့်ရဲ့ app ကို Mobile group တွေမှာတင်တယ်
MMUC,MMAS,MMSD. နဲ့အခြားသော blog တွေ.
လင့်ကို Playstore လင့်ပဲအဓိက ပေးတယ်
ရှယ်ပေါင်းရာကျော်ခဲ့တယ်။ ဖုန်းလောက ကမိတ်ဆွေတွေကို tag လုပ်တယ်။
ကျွန်တော် ဘယ်သူ့ကိုမှ tag လုပ် ပြီး ကြေငြာလေ့မရှိပါဘူး။
အဲဒီနောက်Facebook page ကို အောက်တိုဘာ ၄ရက်နေ့မှာ ထောင်တယ်။
အောက်တိုဘာ ၅ရက်နေ့မှာ
vesion 1.7 ကို ထုတ်ဝေတယ်။ ဒီတစ်ခေါက် appထဲမှာ features တွေတော်တော်စုံစုံလင်လင်ထည့်ထားတယ်။ တစ်ပတ်တစ်ခါ update လုပ်ပေးနေတဲ့
အပတ်စဉ်ဟောစာတမ်း. ။
မိမိရဲ့ဟောစာတမ်းကို facebook ကို ရှယ်တဲ့ function.
ပြီးတော့ app နဲ့ google play နဲ့update လို့ရအောင် တိုက်ရိုက်ချိတ်လိုက်တယ်
အဲဒီ 1.7 အထွက်မှာ Myanmar ZOdiac app အကြောင်းဂျာနယ်တွေထဲမှာပါလာတယ်။
Myanmar firstaid အကြောင်းကောပဲ။
Google playstore က Download count တွေကလည်း တက်လာတယ်။
1.7 မှာ wallpaper တစ်ချို့သုံးလို်က်မိတဲ့အတွက် ..Appက လေးသွားတယ်.
ဒါကြောင့် wallpaper တွေပြန်ဖြုတ်ပြီး.1.11 .ထုတ်တယ်
၁၁.၁၂.၁၃ မှာ 1.12 ကိုထုတ်တယ်။အဓိက အဲဒီ version မှာက မြန်မာစာတွေလွဲနေတာကိုလုံးဝ
၁၀၀% မှန်သွားအောင်ပြင်လိုက်တာပါ။
အစတည်းက Myanmar zodiac app မှာမြန်မာစာ built in ထည့်ထားလို့. မြန်မာဖောင့်မပါတဲ့ဖုန်းတွေမှာလည်းဖတ်လို့ရပါတယ်။
Developer ကို ကျော်စွာသွင်ရဲ့ smart zawgyi pro ဖော်င့ကို သုံးပြီးနောက်လုံးဝမှန်ကန်သွားတယ်။
အဲဒီနောက်တော့ ထူးထူးခြားခြားပြောင်းလဲမှုတွေမပါပဲ..
ပိုမို access လုပ်ရလွယ်ကူအောင်ပဲ version အသစ်တွေပြုလုပ်ခဲ့တယ်။
အခုဆိုရင် Google play store က ဒေါင်းလုတ်ကောင့် ၁၀၀၀၀ ကနေ ၅၀၀၀၀ ၀န်းကျင်.
အွန်လိုင်းချိတ်ဆက်ထားတဲ့ အသုံးပြုသူပေါင်းက ၅၀၀၀ ခန့်ပုံမှန်ရှိနေပြီ။
တစ်နေ့ကို အကြိမ်ရေ ၅၀၀၀ခန့် ဖွင့် ၍ ဖတ်သူ ရှိနေပါတယ်။
Facebook က Data အနေနဲ့လည်း. အပတ်စဉ်ဟောစာတမ်းကိုရှယ်သူဦးရေ.
ဒေါင်းလုတ်ပြုလုပ်သူဦးရေ..တွေပုံမှန်ရှိနေတယ်။
ဟိုးအရင်က လည်းပြောဖူးတယ်
အမြဲလည်းကျွန်တော်ပြောတယ်။ ကျွန်တော်က Code ရေးတဲ့ Developer မဟုတ်ပါ။
Codeကို တစ်ကြောင်းမှ မရေးတတ်သူတစ်ဦးဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီ Code ရေးလို့မရတဲ့အဆင့်ကိုကျော်ပြီး App ရအောင်ပြုလုပ်ရာက.နေ
မထင်မှတ်ဘဲဒီလောက် အားပေးသူရခဲ့တယ်။
ကျွန်တော့်ရဲ့ အခြား Appတစ်ခုဖြစ်တဲ့ Myanmar first aid ကတော့ အရမ်းမပေါက်ခဲ့ဖူး။
ဒီထက်ပိုကောင်းတဲ့ Appတွေထပ်ပြီးဖန်တီးချင်သေးတယ်။
ဒါပေမယ့်.. ကျွန်တော့်မှာက Language barrier ရှိနေတယ်.
ဘာ Language မှမတတ်တဲ့ သူ..ပြီးတော့ code တွေရေးရတာလည်းပျော်သူမဟုတ်ဘူး.။
ဖန်တီးရတာကိုပဲပျော်တာ.
အခြားသော ကျွန်တော်နဲ့သက်ဆိုင်တဲ့အလုပ်တွေလုပ်ရဦးမယ်.
ဒါပေမယ့် ဒါလေးကတော့ .. ၀ါသနာနဲ့အောင်မြင်တဲ့ အလုပ်လေးတစ်ခုပဲ..
၂၀၁၄ ခုနှစ်ထဲကို ရောက်လာ ပြီ။
မနှစ် က အခြေအနေကို ပြန် ကြည့်လိုက်ရင်တော့ အလုပ်သင်ဆရာဝန်ဘဝ ပြီးဆုံးတယ်။
ဘွဲ့ရတယ်။
ထင်မှတ်မထားတဲ့ ပြည်တွင်းခရီးတွေ၊ နိုင်ငံခြား ခရီးတွေထွက်ခဲ့ရတယ်။
ပခုက္ကူ ၊ သံဖြူဇရပ်။ဘားအံ၊ စက်စဲ၊ မော်လမြိုင်၊ ရန်ကုန်၊ မန္တလေး၊ အလောင်းတော်ကသဖ္ဖ
နိုင်ငံခြားခရီးစဉ်တွေဆိုရင် ထိုုိင်း၊ အင်ဒိုနီးရှား၊ မလေးရှား
စတာတွေရောက်ခဲ့တယ်။
မထင်ထားပဲ သွားခဲ့ရတဲ့ ခရီးတွေလေ။
ဘာတွေဆုတောင်းမခဲ့လဲဆိုတာတောင် ပြန်စဥိးစားမိနေတယ်။
နောက်တစ်ခုက မိုဘိုင်းလောကထဲမှာ တော်တော် ကိုထဲထဲဝင်ဝင် ပါ၀င်ခဲ့တယ်။
Applicationတွေထုတ်ခဲ့တယ်။
အရမ်းပေါက်ခဲ့တယ်။
၂၀၁၄ ဘယ်လိုလာမလဲမသိသေးဘူး။
ဒီနှစ်ထဲမှာ IELTS ကို 6.5 to 7လောက်နဲ့အောင်ချင်တယ်။
ဆေးခန်းလေးဖွင့်ပြီးတတ်နိုု်သလောက် လူတွေကို ကြည့်ပေးမယ်။
Management subject ကိုတက်ချင်တယ်။
စီးပွားရေး အနေ နဲ့ mobile app တွေ ကနေ စီးပွားရေး ပြု လုပ်ချင်တယ်။
အင်္ဂလိပ်စာအုပ်တွေ များများ ဖတ် နိုင်ချင်တယ်။
စင်ကာပူ ၀န်ကြီးချုပ် လီကွမ်ယု ရဲ့ နားဝင်မချိုတဲ့အမှန်တရားများ ဆိုတဲ့စာအုပ်ကိုဖတ်နေမိတယ်။
ဖတ်ရင်းနဲ့ ပွင့်သွားတဲ့အတွေးတွေက တော့အများကြီးပါပဲ။
စင်ကာပူကိုမှီအောင်လိုက်မယ်ဆိုပြီး ကြွေးကြော်သူတွေ အတွက်..
မဖြစ်နိုင်သေးပါဘူး၊ လုံးဝမဖြစ်နိုင်သေးပါ။
ကျွန်တော်တို့ပြင်ဆင်ထားတာလည်းဘာမှမရှိသေးဘူး။
အခုအထိလည်းမပြင်ဆင်သေးဘူး။
လီကွမ်ယုလျှောက်တဲ့ လမ်းမှာ တစ်လှမ်းတောင်စမလှမ်းရသေးဘူး။
ဘယ်လိုမျိုးမှီအောင်လိုက်မလဲ။
နှစ်တွေအများကြီး အိပ်မောကျနေခဲ့ရတာ။ တံခါးပိတ်ဝါဒနဲ့.။
မျက်လုံးတွေပိတ် ၊ ပြီး. အရာရာမသိဖြစ်ခဲ့ရတာတွေက .. အခု မျိုးဆက်မှာပြန်လည်ခံစားနေရပြီ။
အသိပညာတွေ ပိတ်ဆို့ထားခဲ့၊တွေးခေါ်မှုတွေ ပိတ်ဆို့ထားခဲ့တော့.
အရာရာမှာ.. ရှေးရိုးစွဲ တွေ နဲ့ပြည့်နှက်နေတယ်။
ကျွန်တော်ကို်ယ်တိုင်လည်း တော်တော် ရှေးရိုးစွဲသေးတယ်လို့ပြောရမယ်။
ပွင့်လင်းတယ်ဆိုတဲ့အရာကလည်း. .တစ်မျိုးအဓိပ္ပါယ်ထွက်သွားတယ်။
သူများနိုင်ငံတွေမှာ.. စည်းကမ်းနဲ့ပြန်လည် ထိန်းချုပ်နေရတဲ့အရာတွေက ဒီမှာစည်းလွတ်ဝါးလွတ်ဖြစ်ကုန်တယ်။
အနောက်နိုင်ငံတွေက လည်း တောသားမြို့ရောက် မြန်မာနို်င်ငံသား လေးကို ကူညီသလိုလိုနဲ့
သူတို့ရဲ့ သြဇာအောက်သွင်းဖို့နည်းအမျိုးမျိုးကြိုးစားကြတယ်။
ဒါတွေကို ကျွန်တော်တို့တွေက မမြင်ပါ။
ကျွန်တော်တို့ ရဲ့မိဘ အစိုးရက လည်း အားလုံးကို ကြောက်နေစိုးရိမ်နေရတဲ့အချိန်။
အိမ်နီးနားချင်းတွေက အနို်င်ကျင့်.
အဝေးက နိုင်ငံတွေက အနိုင်ကျင့်နဲ့..
ဒေသတွင်းထဲမှာ အကြီးဆုံးပေမယ့်.. ကြီးပေါကြီး ကိုဖြစ်နေတယ်။
Development တွေအတွက် လုပ်ငန်းစ ဖို့အတွက် .. ရှေးရိုးစွဲ အစဉ်အလာ တွေကြားမှာ
လူထုကို ရှေ့တိုးအောင်လုပ်ဖို့ခက်ခဲနေတယ်။
RND (Research and development ) ကဘယ်လောက်အရေးကြီးတယ်ဆိုတာလီကွမ်ယု ကပြောသွားတယ်။
ဘယ်လောက်ပဲအောင်မြင်နေနေ RND မလိုက်နိုင်ရင်. ကြာရင်ဒုက္ခရောက်လိမ့်မယ်.
လူကြိုက်များတဲ့ အရာတွေကို ပဲအစိုးရက လိုက်ဖြေရှင်းနေတဲ့ အခြေအနေ။
တကယ်ထိထိမိမိ ဘာ Poicy မှ မချနိုင်သေးတဲ့ အခြေအနေ..
ကျွန်တော့်မှာ တစ်ယောက်တည်း အပူမီးတွေတောက်လောင်နေတယ်။
နိုင်ငံတစ်နို်င်ငံကို ပြောင်းလဲဖို့.. ဦးဆောင်ဖို့ ဘယ်လောက် တောင် အင်အားတွေလိုမလဲမပြောတတ်ဖူး။
ကျွန်တော်ဆရာဝန် တစ်ယောက်
ဆေးပညာကို အေးအေးဆေးဆေးသင်ယူ၊
လူနာတွေကိုစိတ်ချမ်းချမ်းသာသာကု၊
လုပ်ရတဲ့အလုပ်နဲ့ လုံလောက်မျှတတဲ့ ၀င်ငွေ ကိုလိုချင်မိတယ်။
သို့ပေမယ့် အခြားနိုင်ငံကို ထွက် သွား မှဖြစ်နိုင်မယ့်အခြေအနေကို မလိုချင်ဘူး။
ကျွန်တော်တို့တွေမကျေနပ်ပေမယ့်ကြိတ်မှိတ်နေရတယ်။
ပြောင်းလဲဖို့ကို မစဉ်းစားကြသေး။
ကိုယ်နဲ့မဆိုင်သလိုပဲ တွေးကြသေးတယ်။
လီကွမ်ယုလို လည်းစိတ်အင်အားမပြင်းထန်ခဲ့ဖူး၊
စင်ကာပူလို ဘာမှ မရှိတဲ့နိုင်ငံကို အခြားနိုင်ငံတွေကြားထဲရပ်တည်ဖို့က
ကမ္ဘာ့အတော်ဆုံးအစိုးရအဖွဲ့ကို လိုအပ်တယ်တဲ့.
သူပြောတာ အားရှိလိုက်တာ။
ကျွန်တော်တို့ နိုင်ငံ မှာကော. . .အဲဒီလိုအစိုးရဘာလို့မရနိုင်တာလဲ.
သူတို့ထက် အားလုံးသာတယ်.
ဒါပေမယ့်
လူ့စွမ်းအားအရင်းအမြစ်မရှိဘူး။
အစိုးရကောင်းကောင်းမရှိဘူး။
ပညာရေးစနစ်ကောင်းကောင်းမရှိဘူး။
ကျွန်တော် အားလုံးကိုပြောင်းလဲပစ်စေချင်ပေမယ့် ပြောင်းလဲပစ်နိုင်သောစွမ်းအင်မရှိဘူး။
ခေါင်းဆောင်မှုစွမ်းရည်မရှိဘူး။
့ပြသနာကိုဖြေရှင်းနိုင်သော စွမ်းရည်မရှိဘူး။
ဒါပေမယ့် …အဲဒါတွေကိုသင်ယူလို့မရနိုင်ဘူးလား။
ကျန်တဲ့ စီးပွားရေးတွေ၊ ငွေကြေးအခက်အခဲဖြစ်မှာတွေအားလုံးကိုမေ့ထားပြီး..
နိုင်ငံသစ်တစ်ခုတည်ဆောက်ရေးမှာပါ၀င်ချင်တဲ့စိတ်..
ဖြစ်မိတယ်။
ဒါပေမယ့် လက်ရှိမှာတော့.. အလုပ်လက်မဲ့ဆရာဝန်.
ကမ္ဘာ့စျေးအပေါဆုုံးဆရာဝန် ဘဝကိုခံယူလျက်ရှိတုန်း.
ဗုဒ္ဓဘာသာထွန်းကား သောနိုင်ငံမှာ လူဖြစ်ခဲ့ရတဲ့အတွက်. . ကျေနပ်မိပေမယ့်.
တရားမျှတမှု မရှိ… အနိမ့်ကျဆုံးသော နိုင်ငံ ဖြစ်နေတဲ့အတွက် ကျတော့..
ဘယ်ဘဝ က ရေစက်တွေပါလဲလို့.. တစ်ခါတစ်လေတွေးမိပါတယ်.
We have been worried to face tomorrow .
Tomorrow is gold for some people.
Tomorrow is nightmares for some.
Everybody want to possess a successful life.
This is no doubt, right.?
Sometimes , people asked you , what do you want to be?
“What is your destiny. ”
Is this a difficult answer for you?
Yes, it does for me.
I’ve studied 6 years in medical school.
Everything was bright,shine and hopeful during school life.
Your goal is to pads exams regularly and to grab a degree at the end.
I thought that we will a boss after graduation.
Everything will be ok and every opportunities will be waiting for us.
I have never thought that was a stupid idea, you know?
I have even dreamed to develop a hospital with my friends.
This’s a candle in the wind.
I can dream too much but I can’t do too much.
You can’t search a piece of money in reality.
Your family can’t provide money for you.
And, you don’t want any supportive anymore.
I’m still childish and I can’t accept it yet.
The university gave as many academic theories, knowledges and skills.
But. They can’t offer how to make money.
As a result, I can’t make money when my friends do it like a boss.
“Doctor”
Have you ever thought of yourself as a doctor?
I have forgotten my character in this story.
I have forgotten my strength,my stethoscope, my duty coat and my skills.
I knew I am not that stupid guy in medicine.
I don’t have courage and energy to drive my life as a savior to lives.
It’s the end.
I’m still in darkness.
Don’t be depressed. Whenever your dreams are fallen, cry openly on my shoulder as a pillow.
Forgot every trouble time, leave it away.
From now on, till next life, be away from sorrow and sadness.
Everybody would have their partners who can encourage them.
I don’t know why?
I haven’t gotten like this girl.
A girl can make a boy to be a real man.
Otherwise he won’t be mature even he get older.
I will be 23 in coming August. I can’t accept myself as a mature person.
I am still childish.
To stand bravely in front of his girl would be a dream of every boy.
I am one of them.
Sometimes, solitary moments are very depressive.
No one to encourage you. And your parents couldn’t understand completely who you are .
Condition of the country is also transforming very fast. The government produced many educated people within 20 years.
Almost all smart guys are doctors except if they didn’t abroad from Myanmar to study overseas.
Whether we interest or not , we became doctors.
After matriculation examination, we got high marks and then we didn’t want to apply low marks universities and colleges.
Because, if we applied to low grade universities, we won’t get guarantee for our life.
Even though I attended to Medical university, life can’t be guaranteed to be beautiful.
I am very glad when I hear that the government is calling for high marks students to apply to the subjects as Physics, Chemistry, Botany, Zoology, Geology, Law, Social Science, Computer, English .
It is a great change. I was sure I would have applied to that subjects if we had that chance before.
I am interested in computer.
Their entrance marks are over medical schools .
A new generation has a dawn to shine brighter. We missed it .
We are graduated but useless.
They will have a chance to grab their dreams , have chance to study on their passions.
We have depression as a consequence of continuity transforming in policy.
It is a life without passion, but we have to be valued over that.
We gave times for that.
My life will be great if I were a scientist.
I enjoy in invention, creation, ideology.
Research are not well developed here.
The main factor is insufficient funds.
How could I achieve success.
Student days are over.
The era of unopportunity is coming.
I ‘m working as a volunteer in NGO.
Although this is said to be NGO,the organization was founded by goverment.
To be honest, I never thought to work in such organization.
I never thought that kind of organization is functional.
This is a fate.
I got some allowance from organization.
And have to attend the forum, workshop and meeting.
Sometimes, treating the patient in mobile clinic.
My first oversea trip was provided by that NGO.
I have never dreamed to travel to Bali.
But, this was happened.
I got some friendships with foreigners that are same age with me.
It was a very wonderful experience.
I am wondering that is this suitable for me.
Although we made some decisions during meeting at bali.
I can’t grantee to fullfil the goals, objectives.
I can’t change that all.
I was just a porn be ordered to go where they send.
I want to create things with my barehand.
Months after graduation are depressive time .
I need
English skill, social skill,more knowledge and more experience to decide , to choose what is my life.
11.10.2012
ဒီနေ့ night duty ဆိုတော့တစ်နေကုန်..အိမ်မှာနားခွင့်ရခဲ့တယ်။
မနေ့ကတော့..အလုပ်တော်တော်ရှုပ်ခဲ့တယ်။
ထုံးစံအတိုင်းပဲ
Pu1 မှာ ပေါ့.
Long day duty ကိုု အီစိမ့်နေအောင်ဆင်းခဲ့ရတယ်။
စုမြတ်နဲ့ လည်း presentation တစ်ခုလုပ်ခဲ့ရတယ်
Diarrhea အကြောင်း.
ငါကတော့ health education section ကျတယ်လေ.
ခဏခဏ လူရှေ့ထွက်ပြောနေကျဆိုတော့.သိပ်ပြီး.. တုန်လှုပ်တာကြောက်တာတွေမရှိခဲ့ပါဘူး.
9ရက်နေ့ညက ညပိုင်း power point ထိုင်ပြင်တယ်
၁၀ရက်နေ့မနက်နို်းတော့.. HE ဘယ်လိုပေးမလဲဆိုတာ.. နည်းနည်း outline လေးတွေအကြမ်းရေးကြည့်တယ်။
ဒီလောက်ဆိုအဆင်ပြေပါပြီ
ward ထဲရောက်တော့.. ထုံးစံအတိုင်းဂျူမီ ကမရောက်ပြန်ဘူး..
တော်တော်လည်းစိတ်တိုမိတယ်…………..
အစ်မတွေကိုဖွင့်ပြောလိုက်ရတော့တယ်
ကျွန်တော်တို့မနိုင်ကြောင်း..လူလဲပေးဖို့အကြောင်း….
ဟုတ်တယ်.
ward ထဲမှာက လူကနည်းနည်းလေးပဲရှိတာ.
လုပ်နိုင်တဲ့ power က အပြည့်အဝမရတော့အခက်အခဲအရမ်းဖြစ်တယ်..
presentation မှာ HE section က အောင်မြင်တယ်လို့ပြောရမယ်..
ငါ ပညာပေးစကားပြောနေတုန်းမှာအမေတွေရဲ့မျက်လုံးတွေက… စိတ်ပါ၀င်စားမှုတွေတွေ့ရတယ်..
ပြောရတာလည်းအားရှိတယ်..
ငါသိထားသမျှတွေအားလုံးရောမွှေပြောပြလိုက်တယ်..
သိသ်င့တယ်ထင်တဲ့အချက်လေးတွေပါထည့်ပြောတယ်..
မေးခွန်းထမေးတဲ့အမေတွေကိုဆေးတွေလက်ဆောင်ပေးတယ်.
အဲဒါပြီးသွားတော့… emergency room ထဲမှာရှိတဲ့ ကလေးတွေ. monitoring လုပ်ရဦးမယ်.
အပေါ် ထပ် oncology ကိုနှစ်ယောက်တက်သွားတော့.. အောက်ထပ်မှာ ၃ယောက်ပဲကျန်ခဲ့တယ်.
လူနာကောတ်တေ်ာများနေတယ်.
ကလေးတွေကလည်းငြိမ်ငြိမ်မနေတော့.. တော်တော် ဒုက္ခရောက်ရတယ်.
injection နဲ့ ဆေးရှုတာတွေလုပ်ပြီးတော့… ၂နာရီထိုးခါနီးပြီ..
house အခန်းထဲဝင်ပြီးခြေပစ်လက်ပစ် လှဲချမိလိုက်တယ်…….
ညောင်းကိုက်နေပြီလေ။
ခဏနေကျတော့.. FA က ထမင်းထွက်စားရင်စားကြ.လို့ပြောတယ်..
Nk က တော့.လစာထုတ်မလို့ဆိုပြီး… ထွက်သွားတယ်..
ဟုတ်တယ်..လေ
မနက်ဖြန်ဆိုရင်ပဲ လစာထုတ်တာ..နောက်ဆုံးရက်…
အချိန်မီမထုတ်နိုင်ရင်.. နေပြည်တော်ကိုစာပို့ဦးမှာ..
မတတ်နိုင်ဘူး…ငါလည်းထမင်းပြန်စားဦးမှ…
နာရီဝက်လောက်တော့အပြင်ခဏထွက်လို့ရခဲ့တယ်.။
ပြန်လာတာနဲ့ injection ၂နာရီပါတာတွေဆက်..လိုက်တယ်.
ကလေးတွေကိုventolin နဲ့ ipravent ရှုပေးမလို့လုပ်တော့.ဆေးတွေက ကုန်နေပြီ..
ဘယ်တုန်းတည်းကုန်နေခဲ့လဲမသိဘူး…
ARI လေးတွေတော့ဒီဆေးတွေနဲ့ effective ဖြစ်မှာမဟုတ်ဘူး..
2 နာရီ injection ပြီးတော့ ward round ထပ်လိုက်ရတယ်..
DC တွေထပ်ထွက်လာတယ်..
အဲဒီ DC တွေထိုင်ရေးပြီး…. ၆နာရီအထိခဏတော့နားခွင့်ရလိုက်တယ်………..
၆နာရီမှာ NA တွေရောက်လာနေတယ်..
၅၅၀ ကလေးဆေးရုံကို ward တစ်ခုခွဲပို့လိုက်ပေမယ်..
ကျန်ခဲ့တဲ့နောက်ဆုံးခံတပ် pu 1 နဲ့ pu2 မှာတော့ဝင်လာမစဲတသဲသဲဖြစ်နေတုန်းပဲ.
ဟိုဘက် ဆေးရုံကို ရုံသစ်ခွဲရတယ်ဆိုပြီး.. 25 ယောက်ထည့်ပေးလိုက်ရတယ်.
ဒီ ward မှာ တစ်ရုံကို အလုပ်သင်20
မွေးကင်းစကလေးရုံကို၂ယောက်တက်ရတော့ ၁၈ယောက်ပဲရှိတယ်.
၅၅၀ ဆေးရုံ မှာလိုအလုပ်သင်လူများများမရှိတော့ ဂျူတီ ၄ချိန်ခွဲလို့အဆင်မပြေ.။
၁၂ နာရီ ဆက်တိုက် ဂျူတီတွေဆင်းကြရတယ်။
တစ်လကိုတွက်ကြည့်ရင်.. ကျွန်တော်တို့ဆေးရုံဟောင်းမှာကျန်ခဲ့တဲ့လူတွေက ဂျူတီချိန်ပိုများကြပါတယ်။
ကျွန်တော်စဉ်းစားကြည့်တယ်…
ခုတောင်ဒီလက်ရှိလူနဲ့မနိုင်ဝန်ထမ်းရရင်..
နောက်ပိုင်း community ထွက်တဲ့အခါ… ကျန်ခဲ့တဲ့လူနဲ့ဘယ်လို..ဆက် ပြီးလည်ပတ်ကြမလဲဆိုတာပဲ.
ကျွန်တော့်စိတ်ထဲမှတော့..လူနာဆောင်နောက်တစ်ခုသာထပ်တိုးလာတယ်..
ကျွန်တော်တို့ဆေးရုံအဟောင်းမှာလည်း..လူနာမပြတ်သလိုပဲ။
ကျွန်တော်တို့ကို ..senior အစ်မတွေကပြောတယ်.. ထိုင်ပဲမနေနဲ့တဲ့..လူနာနားမှာနေပြီး.. စမ်းသပ်.ပညာတိုးအောင်လုပ်တဲ့။.
ကျွန်တော်တို့တော့ထိုင်နေချိန်မရပါဘူး……………
ကျရောက်လာတဲ့ order တွေကိုအလျှင်မှီအောင် လစ်ဟာမှုမရှိအောင်လုပ်နေပါတယ်…….
လူအင်အားမရှိလို့.အလုပ်မတွင်ရဘူးဆိုတာမဖြစ်ရအောင်………………………
ကျွန်တော်တို့လစ်ဟာလို့………သူတို့တွေဆေးရုံမှာပိုမနေရလေအောင်..
ဘယ်လိုပဲဖြစ်ဖြစ်နှစ်လတော့ပြီးအောင်…ရုန်းကန်ရဦးမယ်…
ward ထဲကတစ်ခြားဝန်ထမ်းတွေနဲ့အဆင်မပြေတာ……လည်းရှိတာပဲ.
ဒါပေမယ့်….ဒါပေမယ့်လည်း.
Powered by WordPress & Theme by Anders Norén