စင်ကာပူ ၀န်ကြီးချုပ် လီကွမ်ယု ရဲ့ နားဝင်မချိုတဲ့အမှန်တရားများ ဆိုတဲ့စာအုပ်ကိုဖတ်နေမိတယ်။

ဖတ်ရင်းနဲ့ ပွင့်သွားတဲ့အတွေးတွေက တော့အများကြီးပါပဲ။
စင်ကာပူကိုမှီအောင်လိုက်မယ်ဆိုပြီး ကြွေးကြော်သူတွေ အတွက်..
မဖြစ်နိုင်သေးပါဘူး၊ လုံးဝမဖြစ်နိုင်သေးပါ။

ကျွန်တော်တို့ပြင်ဆင်ထားတာလည်းဘာမှမရှိသေးဘူး။
အခုအထိလည်းမပြင်ဆင်သေးဘူး။
လီကွမ်ယုလျှောက်တဲ့ လမ်းမှာ တစ်လှမ်းတောင်စမလှမ်းရသေးဘူး။
ဘယ်လိုမျိုးမှီအောင်လိုက်မလဲ။
နှစ်တွေအများကြီး အိပ်မောကျနေခဲ့ရတာ။ တံခါးပိတ်ဝါဒနဲ့.။
မျက်လုံးတွေပိတ် ၊ ပြီး. အရာရာမသိဖြစ်ခဲ့ရတာတွေက .. အခု မျိုးဆက်မှာပြန်လည်ခံစားနေရပြီ။

အသိပညာတွေ ပိတ်ဆို့ထားခဲ့၊တွေးခေါ်မှုတွေ ပိတ်ဆို့ထားခဲ့တော့.
အရာရာမှာ.. ရှေးရိုးစွဲ တွေ နဲ့ပြည့်နှက်နေတယ်။
ကျွန်တော်ကို်ယ်တိုင်လည်း တော်တော် ရှေးရိုးစွဲသေးတယ်လို့ပြောရမယ်။
ပွင့်လင်းတယ်ဆိုတဲ့အရာကလည်း. .တစ်မျိုးအဓိပ္ပါယ်ထွက်သွားတယ်။
သူများနိုင်ငံတွေမှာ.. စည်းကမ်းနဲ့ပြန်လည် ထိန်းချုပ်နေရတဲ့အရာတွေက ဒီမှာစည်းလွတ်ဝါးလွတ်ဖြစ်ကုန်တယ်။

အနောက်နိုင်ငံတွေက လည်း တောသားမြို့ရောက် မြန်မာနို်င်ငံသား လေးကို ကူညီသလိုလိုနဲ့
သူတို့ရဲ့ သြဇာအောက်သွင်းဖို့နည်းအမျိုးမျိုးကြိုးစားကြတယ်။
ဒါတွေကို ကျွန်တော်တို့တွေက မမြင်ပါ။

ကျွန်တော်တို့ ရဲ့မိဘ အစိုးရက လည်း အားလုံးကို ကြောက်နေစိုးရိမ်နေရတဲ့အချိန်။
အိမ်နီးနားချင်းတွေက အနို်င်ကျင့်.
အဝေးက နိုင်ငံတွေက အနိုင်ကျင့်နဲ့..
ဒေသတွင်းထဲမှာ အကြီးဆုံးပေမယ့်.. ကြီးပေါကြီး ကိုဖြစ်နေတယ်။

Development တွေအတွက် လုပ်ငန်းစ ဖို့အတွက် .. ရှေးရိုးစွဲ အစဉ်အလာ တွေကြားမှာ
လူထုကို ရှေ့တိုးအောင်လုပ်ဖို့ခက်ခဲနေတယ်။
RND (Research and development ) ကဘယ်လောက်အရေးကြီးတယ်ဆိုတာလီကွမ်ယု ကပြောသွားတယ်။
ဘယ်လောက်ပဲအောင်မြင်နေနေ RND မလိုက်နိုင်ရင်. ကြာရင်ဒုက္ခရောက်လိမ့်မယ်.

လူကြိုက်များတဲ့ အရာတွေကို ပဲအစိုးရက လိုက်ဖြေရှင်းနေတဲ့ အခြေအနေ။
တကယ်ထိထိမိမိ ဘာ Poicy မှ မချနိုင်သေးတဲ့ အခြေအနေ..

ကျွန်တော့်မှာ တစ်ယောက်တည်း အပူမီးတွေတောက်လောင်နေတယ်။
နိုင်ငံတစ်နို်င်ငံကို ပြောင်းလဲဖို့.. ဦးဆောင်ဖို့ ဘယ်လောက် တောင် အင်အားတွေလိုမလဲမပြောတတ်ဖူး။
ကျွန်တော်ဆရာဝန် တစ်ယောက်
ဆေးပညာကို အေးအေးဆေးဆေးသင်ယူ၊
လူနာတွေကိုစိတ်ချမ်းချမ်းသာသာကု၊
လုပ်ရတဲ့အလုပ်နဲ့ လုံလောက်မျှတတဲ့ ၀င်ငွေ ကိုလိုချင်မိတယ်။
သို့ပေမယ့် အခြားနိုင်ငံကို ထွက် သွား မှဖြစ်နိုင်မယ့်အခြေအနေကို မလိုချင်ဘူး။

ကျွန်တော်တို့တွေမကျေနပ်ပေမယ့်ကြိတ်မှိတ်နေရတယ်။
ပြောင်းလဲဖို့ကို မစဉ်းစားကြသေး။
ကိုယ်နဲ့မဆိုင်သလိုပဲ တွေးကြသေးတယ်။

လီကွမ်ယုလို လည်းစိတ်အင်အားမပြင်းထန်ခဲ့ဖူး၊
စင်ကာပူလို ဘာမှ မရှိတဲ့နိုင်ငံကို အခြားနိုင်ငံတွေကြားထဲရပ်တည်ဖို့က
ကမ္ဘာ့အတော်ဆုံးအစိုးရအဖွဲ့ကို လိုအပ်တယ်တဲ့.

သူပြောတာ အားရှိလိုက်တာ။
ကျွန်တော်တို့ နိုင်ငံ မှာကော. . .အဲဒီလိုအစိုးရဘာလို့မရနိုင်တာလဲ.

သူတို့ထက် အားလုံးသာတယ်.
ဒါပေမယ့်
လူ့စွမ်းအားအရင်းအမြစ်မရှိဘူး။
အစိုးရကောင်းကောင်းမရှိဘူး။
ပညာရေးစနစ်ကောင်းကောင်းမရှိဘူး။

ကျွန်တော် အားလုံးကိုပြောင်းလဲပစ်စေချင်ပေမယ့် ပြောင်းလဲပစ်နိုင်သောစွမ်းအင်မရှိဘူး။

ခေါင်းဆောင်မှုစွမ်းရည်မရှိဘူး။
့ပြသနာကိုဖြေရှင်းနိုင်သော စွမ်းရည်မရှိဘူး။

ဒါပေမယ့် …အဲဒါတွေကိုသင်ယူလို့မရနိုင်ဘူးလား။
ကျန်တဲ့ စီးပွားရေးတွေ၊ ငွေကြေးအခက်အခဲဖြစ်မှာတွေအားလုံးကိုမေ့ထားပြီး..
နိုင်ငံသစ်တစ်ခုတည်ဆောက်ရေးမှာပါ၀င်ချင်တဲ့စိတ်..
ဖြစ်မိတယ်။

ဒါပေမယ့် လက်ရှိမှာတော့.. အလုပ်လက်မဲ့ဆရာဝန်.
ကမ္ဘာ့စျေးအပေါဆုုံးဆရာဝန် ဘဝကိုခံယူလျက်ရှိတုန်း.

ဗုဒ္ဓဘာသာထွန်းကား သောနိုင်ငံမှာ လူဖြစ်ခဲ့ရတဲ့အတွက်. . ကျေနပ်မိပေမယ့်.
တရားမျှတမှု မရှိ… အနိမ့်ကျဆုံးသော နိုင်ငံ ဖြစ်နေတဲ့အတွက် ကျတော့..
ဘယ်ဘဝ က ရေစက်တွေပါလဲလို့.. တစ်ခါတစ်လေတွေးမိပါတယ်.