Many Lives, Many Memories.

Category: Blog Page 10 of 14

ရင်ခုန်စရာမကောင်းတဲ့ဧပရယ်

ဧပြီလထဲလည်းရောက်လာပြီ။

ရာသီဥတုက သိသိသာသာပူလာတယ်။ အဲကွန်းခန်းထဲ နေတာတောင် မသက်သာဘူး။

သင်္ကြန်နားလည်းနီးပြီဆိုတော့ပျော်မယ့်သူတွေကလည်းပျော်နေကြလ⁣ောက်ပြီ။

ငါတော့ စိတ်ထဲမှာအီလည်လည်ဖြစ်လို့နေတယ်။

နိုင်ငံခြားကိုကျောင်းသွားတက်မယ်လို့ဆုံးဖြတ်ပြီးပြီလားမသေချာပေမယ့် ပညာသင်ဆု လျှောက်ဖို့ တော့အစီအစဉ်ရှိတယ်။

သင်မယ့်ဘာသာရပ်က Public health နဲ့သက်ဆိုင်တာတစ်ခုပဲ။ အဲဒါသင်ပြီးရင်ကော ဒီနိုင်ငံမှာလုပ်စရာရှိပါ့မလားလို့လဲတွေးတောမိနေပြန်တယ်။

အဲဒါနဲ့ပဲစိတ်တွေကမပြတ်မသားဖြစ်နေ

သွားသင်ပြီးတော့ပြန်လာမှ အလုပ်လက်မဲ့ဖြစ်မယ့်ဘဝကြီးကိုလည်း စိုးရိမ်တယ်။

သြစတေးလျက စကော်လာလည်းလိုချင်ပါတယ်။ ဘာတက်ရမလဲမသိတာက အဓိက ပြဿနာ။

ထုံးစံအတိုင်းပဲစိတ်တွေကတက်လိုက်ကျလိုက်ပေါ့ ။

ကိုယ်တစ်ယောက်တည်းလဲမဟုတ်ပါဘူး။အခြားသူတွေလည်းတူတူပဲ။

အားလုံးလမ်းတစ်ခုပေါ်သက်သက်မှတ်မှတ်ရောက်ချင်နေကြတယ်။

⁣ရောက်တတ်ရာရာ

သင်္ကြန်နားတောင်နားလာပြီ

မန⁣ေ့ကနေပြည်တော် MICCမှာ Myanmar Software Showcase ပြပွဲလုပ်တယ်။

သွားလည်လိုက်သေးတယ်။တော်တော်များများ Softwareကုမ္ပဏီတွေလာမပြကြဘူး။

ငါလည်း Appတွေဖန်တီးဖူးတာပဲ။ မတန်မရာ ဖိတ်စာများရောက်လာဦးမလားမျှော်မိသေးတယ်။ခုတော့အပြင်လူအနေနဲ့ပဲသွားတာပေါ့။

Scholarshipရအောင်လုပ်ရင်ကောင်းမလား။

မြန်မာနိုင်ငံမှာမနေချင်တာလည်းသိနေတော့ Scholarshipယူပြီး နိုင်ငံခြားထွက်သွားရင်ကောင်းမလားလို့ပဲ။

ဒီဘက်က နည်းပညာနဲ့App တွေကိုတော့ဝါသနာပါတယ်။

ဒါပေမယ့် ဘယ်လို အကျိုးရှိရှိအသုံးချရမလဲမသိသေးဘူး။

တတ်ထားတာကလည်း ဆေးပညာဆိုတော့ ဆေးပညာနဲ့ထွက်မှ ပဲ Master တက်လို့ရမှာ ။ ကျန်တာနဲ့ဆိုရင် ရမှာမဟုတ်ဘူး။

Undergraduate ပြန်ဖြစ်သွားမှာပဲ။ ပြီးတော့လည်း Software နဲ့ပတ်သက်ပြီးတော့ Scholar ပေးတာလည်းရှိမှမရှိတာ/။

ဘယ်လိုပဲဖြစ်ဖြစ် လမ်းတစ်ခုခုတော့တွေ့မှာပဲလို့မျှေ်ာလင့်မိတယ်။

ဆေးပညာကိုလည်းဆက်မသင်ချင်ဘူး ။အခြားသူနဲ့ဆက်စပ်တာတွေ Cross cutting scheme ဆိုတာတွေကိုသင်လိုက်ရရင်လည်းကောင်းမလားပဲ ။ငါကလည်း ဟိုစပ်စပ်ဒီစပ်စပ်ဆိုတော့လေ။

သူငယ်ချင်းတစ်ချို့တောင်သွားကုန်ကြပြီ။

ငါလည်းပဲထွက်ချင်တယ်။

မထွက်နိုင်ခင် ငါ ဖန်တီးထားတဲ့ appတွေအခြေခိုင်မာအောင်လည်းလုပ်ရဦးမယ်။

ဒါမှ ငါ လှည့်မကြည့်နိုင်တဲ့အချိန် သူ့ဘာသာ ဆက်လည်ပတ်နေနိုင်မှာ။

ပူးတွဲပါတနာရှိရင်တော့ပိုကောင်းတာပေါ့။

လွှဲခဲ့ဖို့ကောင်းတယ်။

အဖွဲ့ရှိရင်လည်းကောင်းတယ်။ အဖွဲ့ကလည်းမရှိ။

လုံးဝတစ်ကောင်တည်း

မနေ့က 2ရက်နေ့က ဆုတောင်း App ကို အသစ်ထပ်ထုတ်တယ်။ နည်းနည်းတော့ပိုလန်းသွားတယ်ထင်တာပဲ

အောက်မှာပုံနဲ့တွဲပြထားတယ်။

အင်း။။။

Screenshot_၂၀၁၅-၀၄-၀၂-၁၁-၄၅-၀၀_xqznexus5၂၀၁၅၀၄၀၂_၁၈၀၆၃၄ Screenshot_၂၀၁၅-၀၄-၀၂-၁၈-၀၇-၃၆_auinexus5၂၀၁၅၀၄၀၂_၁၈၀၇၅၁ Screenshot_၂၀၁၅-၀၄-၀၂-၁၁-၄၄-၅၁_paxnexus5၂၀၁၅၀၄၀၂_၁၈၀၆၅၂

တစ်ခုခုတော့ဖြစ်လာမှာပါလေ

အခုတော့ CV မရေးတတ်လို့ ဒုက္ခရောက်နေတယ်

ဟားဟား 🙂

အီလည်လည်ဖီလင်

Aww…
ငါသိတာနည်းနည်းလေးပဲကို ဘာကြောင့်များ အထင်တွေ ကြီးကြပါလိမ့်  🙁
App ရေးတတ်ချင်လို့ဆိုပြီးခဏခဏ လာမေးကြတယ်

ငါလုပ်တာက သူများရေးပေးတဲ့ coding နဲ့ design ထုတ် app လုပ်တာ
ကိုယ်တိုင် မှ code မရေးနိုင်တာ
သူတို့တွေ ရေးချင်တယ်ပြောလာရင် ငါက ဘယ်လို အကြံပေးရပါ့

ခက်တော့လည်းခက်ပြီ
ဟိုဟာမဖြစ် ဒီဟာ မဖြစ်

ဟင်း…….

April Fool’s Day သမိုင်းကြောင်း..

April fool’s day ကို အချို့ က All fool’s day လို့လည်းခေါ်ပါတယ်.
အမြဲတမ်း တည်တည်တ့ံတံ့နေနေရတဲ့ သူတွေ ..အရူးထကြတဲ့နေ့ပေါ့..
ဒီနေ့မှာပြောတာဆိုတာတွေ က အတည်ဖြစ်ခဲပါတယ်.
နိုင်ငံတကာကုမ္ပဏီကြီးတွေတောင်မှာဒီလိုနေ့မျိုးမှာသူ့ဖောက်သည်တွေကိ ုစတတ်နောက်တတ်ကြပါသေးတယ်.
အချို့က calendar အကူးအပြောင်းကဖြစ်လာတယ်ဆိုတယ်.
အချို့ကတော့ ရာသီအကူးအပြောင်းကနေဖြစ်လာတယ်ပြောတယ်
အဲဒီရာဇဝင်တွေထဲက တစ်ခုကတော့..
ွှRomans နဲ့ Hindus တွေက သူတို့ရဲ့ နှစ်သစ်ကူးနေ့ကို April လတစ်ရက်နေ့မှာလုပ်လေ့ရှိကြတယ်.
အလယ်ခေတ်မှာတော့ ဥရောပ သားတွေက မတ်လ 25 ရက်နေ့ကို နှစ်သစ်ရဲ့ နေ့သစ်အဖြစ်ကြေငြာလေ့ရှိတယ်
1582မှာ Pope Gregory XIII က ပြက္ကဒိန်အသစ် Gregorian Calendar ကို အရင် Julian calendar နေရာမှာအစားထိုးလိုက်ပြီးတော့ နှစ်သစ်အစကို Jan 1 နေ့လို့သတ်မှတ်တယ်
ပြင်သစ်တွေက အသစ်ပြင်လိုက်တဲ့ Gregorian calendar ကို လက်ခံပြီးတော့ Jan1 နေ့ကို နှစ်သစ်အဖြစ်ပြောင်းရွှေ့ကျင်းပတယ်.
ဒါပေမယ့် တေ်ာတော်များများကကျတော့ အရင် ပြက္ကဒိန်အဟောင်းကိုပဲလက်ခံကြတယ်.
ဒါနဲ့ပဲ တခြားသူတွေက .. ပြက္ကဒိန်အဟောင်းလက်ခံတဲ့သူတွေကို စနောက်ဖို့ ကြံစည်ပြီး
April လ ၁ရက်နေ့တိုင်း ယုံလောက်တဲ့သတင်းအတုတွေ.. နဲ့ အခြားပုံစံမျိုးစုံကို ပို့ပေးတာ မျိုးစတင်လာခဲ့တာကနေ
နောက်ပိုင်း ဥရောပတစ်ခွင်ပျံ့နှံ့လာခဲ့တယ်လို့ ယူဆကြပါတယ်
ဒါပေမယ့် အဲဒီ ရှင်းပြချက်ကလည်း ..April fool’s လုပ်တာပဲလို့ထောက်ပြစရာဖြစ်လာပါတယ်
1752 အထိ ဥရောပ မှာ Gregorian calendar ကို မသုံးကြသေးပါဘူး
ဒါပေမယ့် April fool day ကတော့စပေါ်နေပါပြီတဲ့
ပြီးတော့တိကျတဲ့သမိုင်းလည်းမရှိလို့ပါ.
နောက်တစ်ခုက
Boston University ကသမိုင်း Professor Joseph Boskin ရဲ့ ရှင်းပြချက်ပါ။
သူက Roman emperor Constantine အုပ်ချုပ်တဲ့ ကာလမှာ စခဲ့တဲ့ အလေ့အကျင့်လို့ ဆိုပါတယ်။
လူပြက်တွေက Constantine ကို သူတို့က ဘုရင်ထက်ပိုသာအောင် အုပ်ချုပ်နိုင်တယ်ဆိုပြီး ပြောခဲ့တာပါ။
Constantine ကဒါဆို ကောင်းပြီ။
တစ်ရက်လောက် လုပ်ကြည့်ပါ ဆိုပြီး လူပြက်တွေထဲက Kugel ဆိုတဲ့သူကို ဘုရင်တစ်ရက် လုပ်ခိုင်းခဲ့ ပါတယ်။
Kugel ကတစ်နေ့လုံးပေါက်ကရအမိန့်တွေထုတ်ပြန်ပြီးကုန်ဆုံးခဲ့ပါတယ်။
အဲဒီဓလေ့ကနေနောက်တော့ နှစ်စဉ် ကျင်းပတဲ့ အခမ်းအနား တစ်ခု ဖြစ်လာပါတယ်။
Professor Joseph Boskin က အဲဒီတုန်းကတော့ တကယ်အရူးဖြစ်ခဲ့တာဘုရင့်ရဲ့ ပ ညာရှိတွေပါတဲ့
ဒီရှင်းပြချက်က 1983 သတင်းစာတွေမှာတော်တော်လေးပါခဲ့ပါတယ်
တော်တော်လေးကြာတော့မှ
ဒီသတင်းတစ်ခုလုံးက Professor Joseph Boskin ရဲ့ ထွင်လုံးမှန်းသိပြီး သူတို့ ကို်ယ်တိုင်
April fool’s အလုပ်ခံရမှန်း သိကြရတာပါ။
ဒါတွေက သူတို့ ဆီမှာ ရှိတဲ့ april fools နဲ့ပတ်သတ်တဲ့ သမိုင်းတစ်ချို့ပါ။
ဒါပေမယ့်ထူးခြားတာတစ်ခုလည်းရှိခဲ့ပါတယ် မြန်မာနို်င်ငံကိို ကောဘယ်အချိန် က စပြီး April fools ရောက်နေခဲ့တာလည်းဆိုတာကို ပါတွေ့ခဲ့ပါတယ်။
တော်တော်လေးတော့ထူးဆန်းပါတယ်..
ကုန်းဘောင်ခေတ်1824 ခုနှစ် မတ်လ ၅ ရက်နေ့မှာ မြန်မာနိ်ုင်ငံကို ဗြိတိသျှတို့က စစ်ပြုကြောင်းကြေငြာလိုက်ပါတယ် ။
အဲဒီမှာပဲ.. မေလထဲမှာ အင်္ဂလိပ်သဘောင်္တွေဆိုက်ရောက်လာမယ်ဆိုပြီး. သတင်းတွေထွက်ပါတယ်
ပြီးတော့ April လတစ်ရက်နေ့မှာ ပြင်သစ်တွေက မြန်မာနို်င်ငံဘက်ကကူတိုက်ပေးဖို့ဆိုပြီး. စစ်ကူတွေ လက်နက်တွေအများကြီးသဘောင်္တွေနဲ့ရောက်နေပြီဆိုပြီးတော့လည်း.ပြင်သစ်ကုန်သည်တွေဆီက
သတင်း ထွက်လာပါတယ်.
တကယ်လည်း. ပြင်သစ်သဘောင်္တွေရာက်လာပါတယ်။
ဒါပေမယ့် ဘာလက်နက်မှမပါပါဘူး..
မြန်မာနိုင်ငံမှာပထမဆုံးအကြိမ်ပြင်သစ်တွေက April fool လုပ်ကြခြင်းဖြစ်ပါတယ်.
ဒါကတော့မြန်မာနိုင်ငံကို ပထမဆုံး ရောက်လာတဲ့ April fools သမိုင်းပါ.
အခုဆိုရင် တစ်ကမ္ဘာလုံးမှာအထူးသဖြင့် အနောက်နိုင်ငံတွေမှာ April fool’s day ကိုတရားဝင်မဟုတ်ပေမယ့်အမျိုးမျိုးကျင်းပနေကြပါပြီ.
တကယ်မရှိတာတွေကို ရှိတယ်ဆိုပြီးတော့ပြောတာ.
မယုံနိုင်စရာတွေကို ယုံကြည်အောင်ပြောတာ..
အမျိုးမျိုးပါပဲ…
ပြင်သစ် နိုင်ငံမှာ ဆိုရင် ဧပြီ၁ရက်နေ့ကို Poisson d’Avril ဒါမှမဟုတ် “April Fish” နေ့လို ခေါ်ပြီး ကျောင်းသားတွေက အချင်းချင်း နောက်ကျောမှာ ငါးပုံတွေ ကပ်ပြီး စနောက်တတ် ပါတယ်။
England မှာဆိုရင် မနက်ပိုင်းမှာပဲ စနောက်တတ် ကြပြီး နေ့လည်ပိုင်း နောက်ပိုင်းမှာ စတာခံ ရရင် ကံမကောင်းဘူးလို့ ယူဆ ကြပါတယ်။
Rome မှာ Festival of Hilaria လို့ခေါ်ပြီး မတ်လ ၂၅ရက်မှာ ကျင်းပ ကြပါတယ်။ “Roman Laughing Day” လို့လည်း ခေါ်ပါတယ်။
Portugal မှာဆိုရင် Lent (Easter မတိုင်ခင် ရက်လေးဆယ် ကာလ) မလာခင် တနင်္ဂနွေနေ့နဲ့ တနလာင်္နေ့မှာ ကျင်းပ ကြပါတယ်။
သူငယ်ချင်း အချင်းချင်း ဂျုံမှုန့်တွေနဲ့ ပစ်ပေါက် ကျီစယ် ကြတာပါ။ India မှာဆိုရင် မတ်လ ၃၁ရက်နေ့မှာ Huli Festival ကိုကျင်းပ ပါတယ်။
အချင်းချင်းနောက်ကြ..ပြောင်ကြ ရင် းနဲ့ ပျော်စရာနွေဦးကိုကြိုဆိုကြပါတယ်။
ကဲ ဒီနေ့ April လတစ်ရက်နေ့မှာ.. ဘယ်သူတွေဘာပြောပြော အကုန်မယုံလိုက်ပါနဲ့
Facebook မှာလည်း.သူငယ်ချင်းအချင်းချင်းတွေ ယုံလောက်အောင်ပြောပြီးစနောက်နေကြမှာပါ။
ကျွန်တော်လည်းဒီနှစ် ဘယ်သူတွေကိုApril fool လုပ်ရင်ကောင်းမလဲမသိဘူး..
နှစ်တိုင်းကိုယ်ကြည့်ခံနေရတာတော့မဟုတ်သေးဘူးဗျာ.
အိုကေ.. April fool အမြည်းလေးကို ဒီမှာတင်ပဲရပ်လိုက်ပါရစေဗျာ.
မူရင်းလင့်ကို ဖတ်ချင်ရင်တော့ ဒီမှာဖတ်ပါ။
http://pageeasy.com/57982123/
http://www.infoplease.com/spot/aprilfools1.html
http://www.factmonster.com/spot/aprilfools1.html

When government salaries are increased?

Today…. a day before Armed Forces Day in Myanmar.

Basic salary for government servants has increased. An assistant surgeon in hospital who was previously granted 170000kyat(about 170US$) per month can now receive 280000kyats (280US$).

And other servants in government sectors are able to receive this benefits .

That’s a good new for us.

But, there is something we need to worry.

Every time, government salaries were increased, commodity prices for all people had growth in relation.

Employees in private sectors also hope to be increased their payment. When every salaries are increased, the commodity price became higher than previously.

So, although people get high paid, their salaries can not catch the price of goods.

The economic of country became more corrupted.

I am afraid this correlation.Now, the price of goods are appear to be increased.

Micro business men will suffer.

Government salaries increased

The answers we can not see

ကျွန်တော်တို့နိုင်ငံမှာ ဘာလို့အစစအရာရာ ခက်ခဲနေသလဲ
နောက်ကျကန်နေသလဲစဉ်းစားလို့မရဘူးဗျာ။
ငယ်ဘဝတွေပဲကောင်းတယ်။
ဘာမှသိပ်ပူပန်စရာမလိုဘူး ။ကိုယ်လုပ်ချင်ရာလုပ်တယ်။ကိုယ်ဖန်တီးချင်ရာဖန်တီးတယ်။
တက္ကသိုလ်ဝင်တန်းအောင်ပြီးကျောင်းကောင်းကောင်းတက်ရပြီးရင် ဘဝ အတွက်ပူပန်စရာမလိုဘူးလို့ထင်ခဲ့တာက လည်းမှားတာပါပဲ။
တကယ့်လက်တွေ့မှာ ပညာပိုတတ်လေ ပိုအနှိမ်ခံရလေပဲ။
ဆေးတက္ကသိုလ်မှာ ၆နှစ်လောက်ပညာသွားသင်ရတယ်။
အခြားရွယ်တူသူငယ်ချင်းတွေ ၃နှစ်လောက်ပဲပညာသင်ပြီးအလုပ်လုပ်နေကြတဲ့အချိန်မှာပေါ့။
သူတို့တွေကအလုပ်တွေ နဲ့အခြေကျသွားပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ကြပြီ။
ကျွန်တော်တို့က မိဘရဲ့ငွေကိုတောင်းရတုန်း။
ဆရာဝန်ဖြစ်ရင်ရင် အေးရလောက်ပါပြီ။
ဆရာဝန်ဖြစ်ခဲ့ရင် အေအေးဆေးဆေးဆေးကုနေရုံ ပဲပေါ့
ဘာများပူပန်စရာရှိလို့လဲ။ လက်ဖျားကငွေသီးတဲ့သူများဖြစ်လို့
လူတိုင်းက အားကျကြမယ်ဆိုတာပဲ။

တကယ့်လက်တွေ့မှာ ကျတော့ ကျွန်တော်တို့နိုင်ငံလောက်ဆရာဝန်တွေကို ဒဏ်ခတ်ထားတဲ့နိုင်ငံရှိပါဦးမလားလို့စဉ်းစားမိတယ်။
ကျွန်တော်အရင်က လူတွေကိုကူညီတဲ့ဆရာဝန်တစ်ဦးဖြစ်ချင်ခဲ့တယ်။

လူတွေကိုကူညီရင်းနဲ့စားဝတ်နေရေးလည်းပြေနိုင်မှာပဲထင်ခဲ့တာ။
တကယ်တော့ ကျွန်တော်တို့ရဲ့အိမ်မက်တွေ ကိုတစ် တိတိနဲ့ချိုးခံနေခဲ့ရတယ်။

ပျံသန်းကြမယ့်ကြိုးကြာငှက်လေးတွေဆိုပြီး ရင်ခုန်ခဲ့ရပေမယ့်
ကျွန်တော်တို့ရဲ့ခြေထောက်တွေမှာသံကြိုးတွေဆွဲထားတယ်။
အစိုးရအလုပ်မဝင်တဲ့အပြင်ဆရာဝန်နဲ့ ဝင်တဲ့အစိုးရဆရာဝန်ဆိုပြီးရှိကြတယ်။
တစ်နှစ်တစ်နှစ် အလုပ်ဝင်ဖို့ကို စောင့်နေတဲ့သူတွေအများကြီးရှိတယ်။

သူတို့ဘာလို့ဝင်ကြတာလဲ။
အလုပ်ဝင်ရင်ပျော်ပျော်ရွှင်ရွှင်နဲ့ လူနာတွေကိုစောင့်ရှောက်နိုင်မယ်ထင်ကြတယ်။
နိုင်ငံတော်က ပေးတဲ့လစာက လမ်းပေါ်မှာ တောင်းစားတဲ့သူတောင်းစားထက်တောင်နည်းပါသေးတယ်။
အခြား နိုင်ငံ့ဝန်ထမ်းတွေလည်း ဒီထက်ပိုမရဘူးလို့ပြောချင်ပြောကြပါလိမ့်မယ်။
သို့သော် အခြားနိုင်ငံဝန်ထမ်းတွေမှာ ကော သူတို့ နိုင်ငံတော်ကပေးတဲ့လစာနဲ့ဖူလုံလောက်ငှစွာစားသောက်နိုင်သလား။
သူတို့မှာအပိုဝင်ငွေတွေရှိပါသေးတယ်။
ဒါပေမယ့်ဆရာဝန်တွေမှာ အပြင်ဆေးခန်းထိုင်ဖို့ကလွဲပြီး ဝင်ငွေရှာစရာရှိပါသလား။

သူတို့ဘဝတွေကို မိမိ ရဲ့ကိုယ်ပိုင်ဆေးခန်းလေးနဲ့ရပ်တည်ကြရပါတယ်။
အခါကြီးရက်ကြီးများဖြစ်လို့ ဂျူတီနားရပြီး လုပ်သူများလည်း ငွေကြေးပိုမိုရရှိတယ်ဆိုတာမျိုးမရှိပါ။
နေ့စဉ်ရက်စက်ဂျူတီတွေဆင်းလို့လည်း ဘယ်သူမှမသနားပါ။
သူတို့ရဲ့ပျော်ရွှင်မှုကို တိုင်းတာကြည့်လျှင် အားလုံးရဲ့ပျော်ရွှင်မှုကလုံးဝပျောက်ဆုံးနေကြပါတယ်။
ဝင်ငွေမလောက်ငှမှုများအပြင် ဆေးရုံတွင်း အကြီးနဲ့အငယ်ဆက်ဆံရေးပြဿနာများလည်းရှိနေပါသေးသည်။

အပြင်တွင်ကျန်ရှိနေသော အလုပ်မဝင်ဆရာဝန်များမှာလည်း
မိဘ ကချမ်းသာလျှင်အရင်းအနှီးထုတ်၍ စီးပွားရေးလုပ်လျှင်လုပ်။
ဆေးကုမ္ပဏီ, NGOအဖွဲ့အစည်း၊ တို့တွင်ဝင်လုပ်လျှင်ဝင်လုပ်
မည်သူရဲ့အမိန့်ကိုမှ နားမထောင်လိုသူများကတော့ ကိုယ်ပိုင်ဆေးခန်းဖွင့်လိုဖွင့်
အချို့ကတော့နိုင်ငံခြားထွက်သွားပြီး ဘယ်တော့မှပြန်မလာတော့သည်များလည်းရှိသည်။

မိမိ သင်ထားသည့်ပညာကလည်း ဆေးကုတာတစ်ခုတည်း
အရောင်းအဝယ်လည်းမလုပ်တတ်။
လူသဘောကျအောင်လည်းစကားမပြောတတ်။
မလိုအပ်သည့်ဆေးများကို မပေးပါဟုဆိုသည့် ဆရာဝန်ကျင့်ဝတ်များကိုဖောက်ဖျက်ဖို့ မဝံ့မရဲဖြစ်တတ်။

ထိုသို့သောသူများကားဘယ်ကိုမှမရောက်ပဲကြားမှာလစ်လပ်နေကြသူများဖြစ်ပေသည်။
သူတို့လိုချင်သည်ကား အဓိပ္ပါယ်ရှိသောဘဝ။
အ ဓိပ္ပါယ်ရှိသော ကုသမှု။
မိမိ တန်ဖိုးထား ကြိုးစားသလောက်ပြန်လည်ရရှိသော ထိုက်သင့်သည့်ချီးမြှင့်ငွေ။
အလုပ်ဝင်ဖို့ ဝိုင်းဝန်းကြိုးစားကြသည့်အထဲမှာ
မတရားမှုပေါင်းများစွာက အဆင်သင့်စောင့်ကြိုနေတာကိုလည်းခံစားရ။

အစိုးရအလုပ်အရမ်းဝင်ချင်ပြီး ဘွဲ့လွန်ဆက်တက်ချင်တဲ့ကျောင်းတုန်းက စာတော်တဲ့သူငယ်ချင်းတွေ သူတို့မကျွမ်းကျင်တဲ့ အရာတွေနဲ့စာမေးပွဲစစ်ပြီး အရွေးချယ်မခံရတဲ့အခါ
သူတို့လောက်မှ ဆေးပညာအကြောင်းကို မသိခဲ့သူတွေအရွေးချယ်ခံရတဲ့အခါ
စာမေးပွဲကိုမဖြေပဲနဲ့အရွေးချယ်ခံရတဲ့အခါ

ဘာမှမက်မောစရာမရှိတဲ့ မစင်တွင်းကြီး ထဲကို ခုန်ချဖို့ အ လုအယက် စာရင်းပေးခုန်ခွင့်ကြိုးစားကြတဲ့အထဲ အရွေးချယ်မခံရလို့ အပြင်မှာသောင်တင်နေကြတဲ့သူတွေလိုပါပဲ

သူတို့အတွက်ဘဝကတက်လမ်းဘယ်မှာ
ရေရာတဲ့လမ်းကဘယ်မှာ
လူတော်တွေပါ
ဒါပေမယ့် စိတ် ဆင်းရဲခြင်းမျိုးစုံနဲ့ အနှိပ်စက်ခံရတဲ့သူတွေ

ဝဋ်ကြွေးများရှိခဲ့ရင်ပြေပါစေတော့လို့ ဆုတောင်းပါတယ်ဗျာ။

The road we walk.

I haven’t learned formal things too much.
The subjects I formally learned are from medical field.
But, I have practiced to many things from internet.
As a person from third world , not all everything is too easy to access.
I have experienced of blackout nights ,the slowest interent connection,the worsen traffic  and the pages showing “access denied” everytime.
Technology in Myanmar started to rise in later 2005 ,I think.
May be that time was a moment when I introduced internet.
When our neighbor countries can access high speed internet and can learn everything online with their own language,
we burmese were still using our own language transforming in english alphabets to communicate on internet.
Later,technicians invented a method to see our own alphabets on internet. It was an improvement but, only pc which has been installed with our local font can see what we chat.So, there was a joke between Myanmar students who are studying in oversea and their foreigner friends.
“You burmese guyz are genius, you can read this little square boxes !”
Because, all devices manufactured in this world forgot to put Myanmar language into them.There is no word to see if there is no font.
I used to ask myself why?
Why the world always neglected us.
Why people don’t know where Myanmar is?
Why we can not see our own alphabets in this modern devices.
I didn’t know why.
I didn’t know is there anybody who is trying to add our own alphabets in machines.
After years, technology influenced into our daily lives more and more.
I can say our nation also had some kind of changes.
Many people are spending their times on facebook although they don’t know how to open a browser.
People who have never used a computer are able to touch mobile phones to access facebook and messenger apps.
But, there has a problem still existed in background and needed to be solved.
We are only at the entrance of technology era. There are many advanced technology still far to come.
We don’t have good libraries which can maintain historical records,valuable ancient books and academic books.
I have never seen a student who goes the library to find reference articles for his research or thesis.
Of course , library here is no more than for show ,not reliable all the time.
So, the easiest way to find records is googling.
Even Google and other giant companies are paying no attention on us, we still are struggling ourselves to see a webpage , to open banned websites and to communicate with the world.
Internet was not so much popular before 2003 .
Only elite could use it somehow.
There was no records in Myanmar language in google.
But, there are many articles,blogs ,news and historical records written in Myanmar language now.
So, what is the problem?
I am afraid although everybody was uploading contents on internet, to search that contents later became a trouble.
There are many variations in saving method.
Unlike english, the structure of a Myanmar word can have many possibilities.
We used consonants combined with vowels and other alphabets to form a word.
No matter how you typed it, the output word would be the same in our eye.
But for a computer, it will see it as different words.

Therefore, when we search words on google,we will see different results in a same word.
But
Now we had a solution.
We all have to type uniformly .
We all have to use same method in every devices PC,Mac and  every os.
the current method we use has flaws which can not be corrected.
Over 10 millions of Myanmar are using old method.
We will see our local languages not only Burmese but also  our brothers ethnic languages at the same time  in same device,same page and same platform.
This is UNICODE…..
I support it for my future country.

Me and Dad

_MG_1119

This is 23.2.2015

I with my Dad on the way to Yangon.

It was near 11/7mile.

It is my first time driving high way and travelling with my Dad.

I remember Avicii song (The nights)

He said, “One day you’ll leave this world behind
So live a life you will remember.”
My father told me when I was just a child
These are the nights that never die

He said, “One day you’ll leave this world behind
So live a life you will remember.”
My father told me when I was just a child
These are the nights that never die.

နိုင်ငံရေး၊ ဝါသနာ၊ အလုပ်

ယနေ့က ၂၀၁၅ ခုနှစ် ဇန်နဝါရီလများထဲကတစ်ရက်.

လတ်တလောမြန်မာနိုင်ငံတွင် ဟော့ ဖြစ်နေသော အကြောင်းအရာကား တက္ကသိုလ်ကျောင်းသားများ၏ သပိတ်ပေတည်း။
မန္တလေးအိမ်တော်ရာဘုရားဝင်းမှစခဲ့သော သပိတ်စစ်ကြောင်းသည် .အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်သော ဆန္ဒပြပွဲပင်ဖြစ်သည်။
ယခုမှုထောက်ခံသူအများအပြားနှင့်ရှေ့ဆက်လျက်ရှိသည်။
မနေ့က မြင်းခြံမှအထွက်တောင်သာသို့အသွားတွင် လမ်း၌
လုံခြုံရေးများ၏ အတားအဆီးများကိုကြုံခဲ့ရသည်။
ယနေ့တွင်ကား ကျောင်းသားခေါင်းဆောင်များနှင့် တာဝန်ရှိသူတို့နေပြည်တော်တွင် ဆွေးနွေးနေကြပြီဖြစ်၏။
မည်သို့လာမည်ကားမသိသေး။
ကျွန်တော်ယနေ့တော့ . ဆရာ သိန်းဖေမြင့်၏ သပိတ်မှောက်ကျောင်းသား စာအုပ်ကိုဖတ်နေသည်။
တစ်ခေတ်တစ်ခါကလည်း. ပညာရေးစနစ်ကိုတော်လှန်မှုမျိုးဖြစ်ခဲ့ဖူးသည်ပဲ။
သူတို့လုပ်သည်ကားမှန်သည်။
လုပ်သင်လုပ်ထိုက်သော အချိန်တွင်ကား လုပ်သင့်သည်။
ပညာရေး ဥပဒေပုံစံကို ပြုပြင်ရန်လွယ်ကူသေးချိန်တွင်ကား
မိမိလိုအပ်ချက်များကိုတောင်းဆိုရန်ကောင်းသည်။
လူအားလုံးက လက်ရှိအခြေအနေပေါ်တွင်အာရုံစိုက်လျက်ရှိသည်။
ဖေ့စ်ဘွတ်ပေါ်တွင် #mmstudentsဟူသော စာဖြင့်ရေးသားမှုများခေတ်စားနေပြီ။
ကျွန်တော်လည်း. သူတို့နှင့်နီးစပ်သောနေရာတွင်ဖြစ်ပါက..
ထိုသပိတ်ထဲတွင်ပါဝင်ကောင်းပါဝင် နိုင်လိမ့်မည်။
ယခုတွင်ကားအခြားနေရာတစ်နေရာတွင်.. အခြားသော အရာတစ်ခုအတွက် ကြိုးပမ်းနေပါသည်။.
ထိုအရာကားမြန်မာယူနီကုတ်စနစ်။
ယနေ့. ထူးခြားသော အကြောင်းအရာထဲတွင်. makemedroid လည်းပါသည်။
ထိုအရာသည် ကျွန်တော်အသုံးပြုနေသော application ဖန်တီးသည့်နေရာတစ်ခုဖြစ်ပါသည်။
ယမန်နေ့က သူတို့ forumထဲတွင်တောင်းဆိုထားသော
custom rss readerကို offlineရအောင်ဖန်တီးပေးဖို့ဆိုသော အချက်ကို .ယနေ့သူတို့ပြုလုပ်ပေးလိုက်ပြီဖြစ်သည်။
ထိုအရာကား မနှစ်တည်းက ကျွန်တော်အလိုရှိနေသော အရာပင်တည်း။
ထို အရာသာရခဲ့လျှင် ကျွန်တော်သတင်းapplication များစွာကို ပြုလုပ်ဖန်တီးနိုင်လိမ့်မည်ဖြစ်သည်။
ကျွန်တော်ပြုလုပ်သော အရာများသည်.. ရှေရှည်အတွက်တော့ခိုင်မာခိုင်မြဲလိမ့်မည်မဟုတ်ပါ။
ရေရှည်အတွက် ဆိုလျှင် သေချာဖွဲ့စည်းထားသော code များဖြင့်ရေးသားသင့်သည်။
ကျွန်တော်ကား အလွယ်လမ်းလိုက်ခဲ့သော သူ..
စေတီတည်ခိုင်းသည်ကို အလွယ်တကူ သဲပုံစေတီတည်ခဲ့သော မင်းသားလိုဖြစ်နေပေသည်။
တစ်နေ့နေ့တော့ကျွန်တော်ရဲ့ လုပ်နိုင်စွမ်းရပ်တန့်သွားလိမ့်မည်။
ကျွန်တော် စနစ်တကျသင်ခဲ့သောသူဖြစ်လိုပါသည်။

ကျွန်တော်နှင့် မြန်မာစာ

ကျွန်တော်နားလည်သော ယူနီကုတ်

ကျွန်တော်ကွန်ပျူတာ စသုံးတဲ့အချိန် က 2006 ခုနှစ် ၁၀တန်းပြီးစအချိန်.
ငယ်ငယ်တည်းက ကွန်ပျူတာကို အရမ်းရူးသွပ်တယ်။
ဒါပေမယ့် အိမ်က မဝယ်ပေးခဲ့ဘူး.
နယ်မြို့ဖြစ်တာလည်း ပါတာကြောင့်မို့ ကွန်ပျူတာဆိုတာ သိပ်ခေတ်မစားလှဘူး.

တက္ကသိုလ်စမတက်ခင်ရန်ကုန်ရောက်
အင်တာနက်ဆိုင်တွေမှာစကျင်လည်တာပေါ့။
Mirc ခေတ်ကောင်းတဲ့အချိန်ဆိုတော့ သူလည်း myanglish လိုပြော ကိုယ်လည်း myanglish လိုပြော။
နောက်တော့ နည်းနည်းသိလာတော့ Gtalk ဆိုတာသုံးနေပြီ။
အဲဒီတုန််းလောက်မှ မြန်မာ လို ရေးထားတဲ့ website နည်းနည်းပါးပါးစတွေ့တယ်
planet.com.mmကစသိတာပေါ့
ကွန်ပျူတာမှ မြန်မာ အသံထွက်နဲ့ပေါင်းလာတဲ့အင်္ဂလိပ်စာလုံးတွေခေတ်စားပြီးနောက်ပိုင်း.
အင်တာနက်ထဲမှာ မြန်မာလို မြင်ဖို့ရိုက်ဖို့သုံးတဲ့ software လေးတွေကြိုကြား ကြိုကြားပေါ်လာတယ်။.
အဲဒီထဲတုန်းက သိခဲ့တာက ကွန်ပျူတာထဲမှာ မြန်မာလိုမြင်ရဖို့ alpha zawgyi ဆိုတဲ့ software လေးသွင်းရမယ်ဆိုတာသိခဲ့တယ်။
ရန်ကုန်ကနေ မန္တလေးမှာကျောင်းစတက် အင်တာနက်ဆိုင်တွေပတ်သွားပြီး
မြန်မာလို မမြင်ရတဲ့ ကွန်ပျူတာထဲ မှာ ကိုယ့်ဘာသာ alpha zawgyi လေးသွင်းပြီး ဖတ်တယ်
thumbdrive လေးထဲမှာ မြန်မာ dictionary တွေ . နဲ့ အဲဒီ myanmar စာ software လေးတော့အမြဲဆောင်ထားတယ်
အဆင်ပြေတာကိုး.

အဲဒီ alpha zawgyi နဲ့အမြဲချီတက်နေတုန်း. ယူနီကုတ်ဆိုတာတွေ ကြားဖူးတယ်
ကြားဖူးပေမယ့် .ဘယ်လိုသုံးရမှန်းလဲမသိဘူး.
ဒီတိုင်းလည်းမြင်နေရတာပဲဆိုတော့. ဇော်ဂျီကိုပဲဆက်သုံးနေဖြစ်တယ်။
ကြားဖူးနားဝရှိတာတွေက ပိတောက်တို့ ဧရာတို့.. မြန်မာ၃ တို့
မြစေတီတို့…
အများကြီးပဲ
စံပြဆိုတဲ့မြန်မာစာ စနစ်ထွက်လာလို့ကွန်ပျူတာထဲသွင်းကြည့်သေးတယ်
သူက ဇော်ဂျီလိုရို်က်ရတာမဟုတ်ဘူး.
တရုတ်စာရိုက်သလို.. မျိုး.အသံထွက်နဲ့လည်းရတယ်. ။ တစ်ခုရိုက်ရင် အသံထွက်တူ စကားလုံးတွေထဲက တစ်ခုကို ပြန်ရွေးရတာမျိုး.။
၂၀၁၀ခုနှစ်လောက်… မိုဘိုင်းတွေ အရင်ထက်ခေတ်စားလာပြီ
၂၀၀၇ ကနေ၂၀၁၀ နှစ်စလောက်အထိ nokia keypad ဖုန်းလေးပဲကိုင်တာ ဆိုတော့.
မြန်မာလိုမြင်ဖို့ဆိုတာအဝေးကြီး
အင်တာနက်ဂျာနယ် နည်းပညာဂျာနယ်ဖတ်ကြည့်ရင် ဘယ်သူကတော့ ဘယ်ဖုန်းအတွက် မြန်မာစာစနစ်ကိုတီထွင်လိုက်ပြီဆိုတာမျိုးတွေမြင်ရင်..
အဝေးကနေသွားရေကျရုံပဲကျနိုင်တယ်
ဝယ်သုံးရမယ်လို့ဆိုတာကိုး.
trial ရတာလေးတွေ စမ်းသုံးကြည့်ရင်း ကီးပတ်ဖုနး်လေးထဲမှာ မြန်မာလိုတစ်လုံးစနှစ်လုံးစ လေးမြင်ရတာကို ပျော်နေတာ။
နောက်တော့ nokia symbian ဖုန်းတွေခေတ်စားတယ်.
Touch screen တွေပေါ့ .အဲဒီမှာတင် အို်င်ဖုန်းလည်း ထွက်လာတစ်နှစ်လောက်ရှိလို့
သူတို့ဖုန်းတွေထဲမှာ မြန်မာစာတွေ .မြန်မာလို message ပို့တာတွေရနေတာမြင်တော့.
တော်တော် အားကျမိတယ်။

Symbian ဖုန်းမှာကော မရဘူးလားဆိုပြီးတော့လျှောက်စမး်ကြတာ. .သူငယ်ချင်းက nokia site ကနေ ဖုန်းအတွက် certificate တော်ငးပေးတယ်။
အဲဒါက အခုခေတ် root လုပ်သလို jail brake လုပ်သလိုပဲ။

ပြီးတော့ ဇော်ဂျီဖောင့်ထည့်ကြည့်ကြတယ်
အရင်က မြန်မာလို လုံးဝမရတဲ့ ဖိုင်တွေ က ပေါ်တော့ပေါ်လာတယ်
ဒါပေမယ့် စာလုံးတွေကမမှန်ဘူး။
ဒါပေမယ့် မြင်ရတယ်ဆိုပြီးပျော်ကြတာပဲ
အခု new anycall က စိုင်းညီက .. myanmar keyboard ကိုnokiaအတွက်လုပ်လို့ရတယ်ပြောလို့.
သူ့ကိုပေးပြီးစမ်းကြည့်ပေမယ့်. ကိုယ့်ဖုန်းနဲ့ကျတော့ သုံးမရပြန်ဘူး။
တစ်ခုတော့ရှိတာ အဲဒီအချိန်ကပေါ်ခဲ့တဲ့ စံပြဆိုတဲ့မြန်မာစာစနစ်နဲ့ရိုက်ထားတဲ့မြန်မာစာလုံးတွေကျတော့ symbian ဖုန်းထဲမှာ မှန်မှန်ကန်ကန်ပေါ်တယ်။
သူက ကျွန်တော်လို့ရိုက် ရင် . က+ ျ + ွ + န+ ်  အဲဒီလို မဟုတ်ပဲ ကျွန်တော် ဆိုတဲ့ စကားစုက သတ်သတ်ရှိ်ပြီးသား.. စာလုံးအတွဲလိုက်ဆိုတော့.. ရှေ့နောက်မလွဲပဲ ဖုန်းထဲမှာပေါ်တာပေါ့.
ကျွန်တော်တောင်ထင်မိသေးတယ်။ အဲဒီတုန်းက နောက်ဆိုရင် စံပြများ ဖုန်းတွေ ကွန်ပျူတာတွေကို လွှမ်းမိုးတော့လေမလားပေါ့ (ယခုHTC ဖုန်းတွေမှာသုံးနေသော ဖောင့်ဖြစ်ပါတယ်)

အဲဒီခေတ်တွေကျော်လွန်ပြီးတော့ 2011.
၅သိန်းတန်တွေလည်းပေါ်လာလို့ android စခေတ်စားလာပြီ
Android ဖုန်းထဲမှာ မြန်မာလိုမြင်ရ .. message ပို့လို့ရ ရိုက်လို့ရတာ တွေမြင်. .ဖုန်းနဲ့ အင်တာနက်ဖွင့်သုံးလို့ရတာတွေမြင်တော့. ခေတ်အသစ်ကို ပြောင်းချင်ပြီပေါ့ ။
ဒါပေမယ့် ။ အခြေအနေအရ Nokia Symbianဖုန်းကို ပဲ 2011 နှစ်ကုန်အထိ ကို်င်ခဲ့ရတယ်

2011 ဒီဇင်ဘာမှ ပထမဆုံး Android Galaxy s2 ကို ၀ယ်ခဲ့တယ်။
ကို်င်ခဲ့သမျှဖုန်းတွေထဲမှာ အကြိုက်ဆုံး၊ သဘောအကျဆုံးပေါ့။
သူနဲ့တွဲပြီး နည်းပညာနယ်ပယ်အစုံလျှောက် သွားဖူးတယ်။
အဲဒီအချိန်အထိ ယူနီကုတ် က ပျောက်လက်စရှိသေး..
GSM ,WCDMA,CDMA ဖုန်းတွေ တော်တော်များများ အင်တာနက်ရကြလို့.. ကိုယ့်ဖုန်းနဲ့ကိုယ် အင်တာနက်ကြည့်ကြပြီ။
ဖေ့စ်ဘုတ်ကြီးလည်း. .အရှိန်ရနေပြီ။Fb ကို
ပီပီပြင်ပြင်စသုံးခဲ့တာ ၂၀၁၀ လောက်တည်းက။
၂၀၁၂ မှာ Myanmar Mobile Users Club ဆိုတဲ့ ပထမဆုံးသော မိုဘိုင်းနည်းပညာအဖွဲ့ facebook မှာပေါ်လာတယ်။
အဲဒီထဲမှာ ကိုယ်နဲ့ခင်နဲ့ သူငယ်ချင်းတွေရှိတာနဲ့ ရောက်သွားခဲ့တာ ကနေ. နောက်ပို်င်းမြန်မာစာ မရတဲ့ဖုန်းတွေကို ရအောင် ကူညီဖြေရှင်းပေးရင်းနဲ့ တော်တော်အရှိန်ရခဲ့တယ။်
ကိုယ့်ပိုက်ဆံကိုယ်စို်က်ပြီး အင်တာနက်ဖိုးအကုန်ခံပြီး .. ကူညီခဲ့ကြတယ်။
ကျွန်တေ်ာတို့ထည့်ခဲ့တဲ့ဖောင့် က ဇော်ဂျီတွေပေါ့
ဖုန်းထဲမှာ ယူနီကုတ် ဆိုတာ ကြားတောင်မကြားဖူးခဲ့ဘူး
ဘယ်သူမှလည်း မပြောခဲ့ကြဘူး။

အဲဒီနောက် နည်းပညာ Group တွေ တစ်ခုပြီးတစ်ခုပေါ်ထွန်းလာတယ်။
MMUC က အရှိန်လျော့သွားတယ်။
အရင်ကရှိခဲ့တဲ့လူဟောင်းတွေ ပျောက်ကုန်တယ်။
ကူညီမယ့်သူမကျန်ခဲ့တော့ဘူး။
ကျွန်တော်လည်း. ကျော်ငးပြီးလို့အလုပ်သင်ဆင်းနေချိန် ၊ ဆေးရုံမှာ လူနာအားတဲ့အချိန် ဖုန်းနဲ့
အင်တာနက်သုံးရင်း Group ထဲမှာ မေးတဲ့ သူတွေကိုကူဖြေပေးတဲ့အချိန် တွေ ကုန်သွားခဲ့တယ်။
၂၀၁၃ ခုနှစ် ဘွဲ့ရလို့.. ကိုယ်နေထိုင်ရာမွေးရပ်မြေမြို့လေးကို ပြန်လာခဲ့တယ်။
အိမ်မှာ အလုပ် ကမရှိတော့ တစ်နေ့တစ်နေ့ အင်တာနက်ထဲမှာ ပဲ ကူညီ ရင်း၊
လေ့လာရင်းနဲ့တွေ့ကြုံခဲ့တာတွေက တော့ ယူနီကုတ် အကြောင်း
စတင်အသုံးပြုကြည့်ဖို့ကြိုးစားပေမယ့် . စာရိုက်ရခက်ခဲတာ
ကောင်းကောင်းနားမလည်ရှင်းပြမယ့်သူမရှိတာ
စတာတွေကြောင့်သိပ်စိတ်မဝင်စားခဲ့ဘူး။
ဒါပေမယ့် Facebook ကနေ မြန်မာလို ဘာသာပြန်နေပြီဆိုတာသိခဲ့ရချိန်မှာတော့ စိတ်ဝင်စားလို့သွားလေ့လာတဲ့အခါ
သူတို့က ယူနီကုတ် စနစ်ကိုပဲအသုံးပြုတယ်ဆိုလို့ ။
ယူနီကုတ် နဲ့ Facebook ကို ဘာသာပြန်ပေးခဲ့ဖူးတယ်။
သူူငယ်ချင်းအချို့ကတော့ ဇော်ဂျီနဲ့ဘာသာပြန်ကြတယ်။
သူတို့မြင်ရတာနဲ့ ပြန်မှာပေါ့တဲ့..။
အဲဒီအချိန်က နိုင်ငံတကာကဘာသာစကားတွေ ဖုန်းထဲမြင်ရသုံးရချိန် ဘာလို့ ငါတို့က မရတာလည်း လို့တွေးမိတယ်။
Android version 4.1.2 မှာယူနိီကုတ်ရပြီဆိုလို့ စမ်းကြည့်တယ်။

၂၀၁၂ ကတည်းက သိခဲ့တဲ့ android application လုပ်တဲ့website တွေကို အသုံးပြုပြီး android application လေးတွေလည်း စဖန်တီးနေပြီ။
အဲဒီထဲက တစ်ခုက အခုဆိုရင် ပိုအဆင့်မြင့်လို့ font ပါ embed လုပ်လို့ရတယ်ဆိုတော့.
ယူနီကုတ် စာလုံးကို application ထဲ embed လုပ်ပြီး. galaxy s2 4.1.2 မှာဖတ်ကြည့်တယ်
သေသေချာချာမမြင်ရဘူး
ရှိသမျှ ယူနီကုတ်ဖောင့်တွေအားလုံးစမ်းပေမယ့်အဆင်မပြေကြဘူး။
ဒါနဲ့ပဲ ဇော်ဂျီပဲဆက်သုံးရတာပေါ့
ဒါပေမယ့်ဇော်ဂျီက မူရင်းကွန်ပျူတာမှာသုံးတဲ့စာလုံးမဟုတ်တော့ဘူး
အဆင့်ဆင့် ပြန်ပြီးMODIFY လုပ်ရင်းကနေ ပုံပြောင်းလာပြီ
ANDROID VERSION 4.0  ICE CREAM SANDWICH မှာ တုန်းက စာလုံးနည်းနည်းလွဲတာကနေ
အခု 4.1.X JELLY BEAN မှာ တော်တော်လွဲသွားတယ်။
ဒါပေမယ့် ..၂၀၁၃ နှစ်ကုန်လောက်မှာ အဲဒီလိုလွဲတာတွေကို ပြင်ပေးမယ့် DEVELOPER တွေပေါ်လာတယ်

APPLICATIONတစ်ခုဖုန်းထဲ သွင်းလို်က်တာနဲဲ့ မြန်မာစာအားလုံးပြန်မှန်သွားတယ်
ဘာကြော်င့လဲဆိုတာကိုမစဉ်းစားမိဘူး
မူလ အကောင်းကြီးကနေ အဆင့်မြှင့်လိုက် တဲ့အချိန်မှာ ဘာလို့မြန်မာစာ မမှန်တော့လဲမတွေးမိဘူး။

အဲဒီနောက်တော့ HUAWEI ဖြစ်သွားတယ်။ HUAWEI JELLY BEAN အတွက် သီးသန့်ထုတ်တဲ့ ဖောင့် CHANGER သွင်းပြီး. မြန်မာလိုဖတ်လို့ရအောင်လုပ်ရတယ်
ဒါတောင်တစ်ခါတစ်လေ .. ဘာမှန်းမသိတဲ့စာလုံးတွေပေါ်လာသေးတယ်
တစ်ခါတစ်လေ ရှိတဲ့ နိုင်ငံခြားဖောင့်တွေပျောက်သွားတယ်။

ဘာကြောင့်လဲမသိခဲ့ဘူး။

အဲဒီလို အဆင့်ဆင်နဲ့ပြောင်းလဲလာခဲ့ချိန်မှာပဲ.. samsung ကနေ ယူနီကုတ်ကိုစမ်းသပ်နေသလို..
နောက်လာမယ့်ဖုန်းတွေမှာ ယူနီကုတ် ကို အမှန်မြင်ရပြီဆိုတဲ့သတင်းလေးတွေကြားနေရတယ်
ကျွန်တော်လည်း ယူနီကုတ်ကို ဖုန်းထဲမှာ အမှန်ဖတ်လို့ရတာမြင်မှမမြင်ဘူးသေးတာ
စိတ်ဝင်စားတာပေါ့.။
မိတ်ဆွေတစ်ယောက်က သူတို့ရဲ့အသစ်ထွက်တဲ့ဖုန်း samsung s4 မှာ မြန်မာယူနီကုတ် အမှန်ဖတ်လို့ရတာကိုပြတယ်

နောက်တော့.. samsung,HTC ,HUAWEI စတာတွေ မြန်မာစျေးကွက်ထဲ ဝင်လာပြီး showroom တွေဖွင့်ကြတယ်။
HTC ကလည်းမြန်မာစာတစ်ခါတည်းပါအောင်လုပ်ပေးတယ်
Samsung ကလည်း မြန်မာစာ တစ်ခါတည်းပါတယ်
Huawei တစ်ချို့ဖုန်းတွေလည်းပါတယ်
JAS ဆိုတဲ့ဖုန်းကလည်း Myanamar UI နဲ့လာတယ်
Android version kitkat 4.4 ထွက်လာပြီ။
ဒါပေမယ့် သိခဲ့ရတာက 4.2x Jelly bean version မှာတည်းက မြန်မာယူနီကုတ်က ဖုန်းတွေထဲမှာ အလုပ်စလုပ်ပြီဆိုတာပဲ။

ဒါပေမယ့် လက်ရှိသုံးနေတဲ့ဖုန်းတွေ အကုန် ဇော်ဂျီကိုပဲ သုံးကြတယ်
ကျွန်တော်ကိုယ်တို်င် ယူနီကုတ် ကို ဖုန်းထဲမှာစမြင်ခဲ့ရတာက
4.4 kitkat ထည့်ထားတဲ့ mi4 ရောက်မှ။…
Android ထဲမှာ မြန်မာစာပိတောက်ဆိုတဲ့ ဖောင့်ပါလာပြီ။
ဒါပေမယ့် အဲဒီဖောင့်ကိုဖျက်ပြီးဇော်ဂျီပြောင်းထည့်ရတုနး်ပဲ
ဖောင့်ကတော့မြင်ရပြီ။ လက်ကွက်က ဘယ်လိုရို်က်ရမှန်းမသိသေးဘူး
၂၀၁၂ လောက်ကမြင်ခဲ့ဖူးတဲ့ multiling ဆိုတဲ့ကီးဘုတ်ကတော့ မြန်မာယူနီကုတ်လက်ကွက်နဲ့
ရှုပ်ရှက်ခက်နေတာ။
ယူနီကုတ် ကို ထည့်ပြီး သုံးကြည့်တယ်။ bagan,frozen pro တွေကိုယူနီကုတ် ပြောင်းသုံးပြီး ရိုက်ကြည့်တယ်
မရိုက်တတ်သေးဘူး
ယူနီကုတ် ရဲ့သဘောကို နားမလည်သေးတာပါမှာပေါ့လေ

microsoft ရဲ့ window 8 မှာလည်း မြန်မာစာပါပြီကြားသလို
Apple ရဲ့ mac မှာလည်းရပြီကြားတယ်
Android မှာလည်း မြန်မာစာစပါလာပြီဆိုတော့
မကြာခင် မြန်မာစာ ထည့်ရတဲ့ဒုက္ခ လွတ်တော့မယ်ဆိုတာတော့သိလိုက်တယ်။

Lollipop ဆိုတဲ့ Android version 5.0ရောက်တော့ မြန်မာစာစနစ်နဲ့ ဖုန်းတစ်ခုလုံံးကိုအသုံးပြုလို့ရသွားပြီ။

Google translate ကလည်း ယူနီကုတ်နဲ့ပဲ မြန်မာစာဘာသာပြန်လို့ရပြီဆိုတယ်။

ကျွန်တော်ကိုယ်တိုင်လည်း ယူနီကုတ် အသုံးပြုတဲ့ Groupထဲရောက်သွားတယ်

ဘာတွေက ဇော်ဂျီရဲ့အားနည်းချက်လည်း
ဘာတွေကြောင့်ယူနီကုတ်သုံးကြလည်းဖြည်းဖြည်းချင်းသိလာတယ်

ဒီတိုင်းဆက်သွားနေရင်. ကွန်ပျူ တာ ၊ ဖုန်းတွေထဲမှာသုံးတဲ့ မြန်မာစာ က တစ်ခုနဲ့တစ်ခု အဆင်မပြေတာ. ယူနီဖောင်းမဖြစ်တာတွေကြံုရဦးမှာပဲဆိုတာ သိလိုက်တယ်

လူတော်တော်များများအတွက် ကတော့ ဘာပဲသုံးရသုံးရ မြန်မာလိုဖတ်လို့ရဖို့ပဲ အရေးကြီးပေမယ့်
သူတို့ရိုက်ခဲ့တဲ့စာတွေ သူတို့တင်ခဲ့တဲ့မှတ်တမ်းတွေ၊ သူတို့ရဲ့ အတွေးတွေ ဖန်တီးချက်တွေ
နှစ်ပေါင်းများစွာတည်နေအောင် ဆိုတာကြတော့.. ယခုလက်ရှိရိ်ုက်နေတဲ့ ဇော်ဂျီစနစ်နဲ့က
အင်တာနက်ထဲမှာသိမ်းဆည်းရာမှ မတိကျမှု စကားလုံး တစ်ခု အတူတူပဲကို ပုံစံအမျိုးမျိုးနဲ့ ရိုက်သွင်းမှုတွေက .. နောင်ပြန်ရှာဖို့ အခက်အခဲဖြစ်မှာပဲ

မြန်မာစာ ဆိုရင် မြန်မာအက္ခရာပဲလို့ထင်တဲ့ကျွန်တော်က ..တိုင်းရင်းသား အက္ခရာတွေလည်း ကွန်ပျူတာပေါ်မှာ ရှိသင့်တာကိုမေ့နေတယ်
ကျွန်တော်တို့.. မြန်မာစာတောင် အင်တာနက်ထဲမှာ ဖတ်ချင်ရင်..သူတို့တိုင်းရင်းသားစာတွေကောဘယ်လိုဖတ်မှာလဲလို့တွေးမိတယ်
အခုယူနီကုတ် ဆိုတဲ့စနစ်မှာ တိုင်းရင်းသားစကားလုံးတွေကိုပဲ တစ်ခါတည်း တွဲဖတ်ရှူလို့ရမယ်ဆိုတော့မှ သဘောပေါက်ခဲ့တာ .. တိုင်းရင်းသားစာလုံးကလဲ မြန်မာ စာ အုပ်စုထဲမှာတစ်ခါတည်းပါသင့်တယ်လို့ပါ။

နောက်ထပ်တစ်နှစ်လောက်နေရင်.. ဖုန်းတွေအားလုံး ပို်အဆင့်မြင့်တဲ့စနစ်ကိုရောက်ရင်
ကျွန်တော်တို့အားလုံးယူနီကုတ် ပြောင်းသုံးရပါလိမ့်မယ်
အခုကျွန်တော်ယူနီကုတ်နဲ့ရေးရင်မမြင်ရဘူးဆိုတာ.. ဇော်ဂျီဖောင့််ကိုသွင်းထားလို့ပါ။
နိုင်ငံခြားမှာ နောက်ဆုံး Android version နဲ့ဖုန်းတစ်လုံး ဒါမှမဟုတ် window 8 တင်ထားတဲ့ကွန်ပျူတာမှာဖတ်ရင် ဘာဖောင့်ဘာကီးဘုတ်မှသွင်းစရာမလိုပဲ ကျွန်တော် အောက်ကယူနီကုတ်နဲ့ရေးထားတာကို မြင်ရပါလိမ့်မယ်။
နောက်ဘယ်ဖုန်းဝယ်ဝယ် မြန်မာစာထည့်ပေးပါဦးလို့ ပြောဖို့မလိုတဲ့အချိန် ရောက်ပါလိမ့်မယ်
ကျွန်တော်တို့ဖုန်းတွေထဲမှာ မြန်မာ စာပါပြီးသားပါ။
ဒါပေမယ့် လူအများစုသုံးနေတဲ့မြန်မာစာကို အချင်းချင်းဆက်သွယ်လို့ရဖို့ပြောင်းလဲအသုံးပြုနေရတယ်။

ဖောင့်ပြဿနာနဲ့ပဲရှေ့မတက်နိုင်တဲ့ ကျွန်တော်တို့က သတ်သတ်မှတ်အတည်ပြုလို်က်တဲ့ မြန်မာစာ စနစ်ရှိပြီဆိုရင်.. ကျွန်တော်တို့ဒီထက်ပိုပြီး အများကြီးလုပ်ဆောင်နိုင်ကြပါလိမ့်မယ်

ဖုန်းတိုင်း နိုင်ငံတကာအသိအမှတ်ပြုစနစ်တစ်ခုနဲ့ပဲ အသုံးပြုကြပါလိမ့်မယ်

ကွန်ပျူတာနဲ့ပတ်သတ်ပြီးမြန်မာလိုရို်က်ရတဲ့အခါတို်င်း မြန်မာစာသိမ်းဆည်းတဲ့ပုံသေစနစ်တစ်ခုနဲ့
ဖောင့်အလှများစွာရိုက်နိုင်ပါလိ်မ့်မယ်။ powerpoint လို စက်တစ်ခုကတစ်ခု ကူးပြောင်းပြသဖို့လိုတဲ့ အခါတို်င်း .ဖောင့်မပါလို့ မပေါ်တာမဖြစ်ရတော့ပါဘူး။

အင်တာနက်ထဲမှာယူနီကုတ် နည်းလမ်းသုံးထားတဲ့ မြန်မာစာဖောင့်အလှများစွာကို နှစ်သက်သလိုပြောင်းလဲဖတ်ရှုနိင်ပါလိမ့်မယ်

နောက်ဆုံး. .. အင်္ဂလိပ်လိုပဲအမြဲသုံးနေရတဲ့ အီလက်ထရောနစ်ပစ္စည်းတွေကို မြန်မာလို ဖတ်ရှုရမယ့်လမ်းညွှန်တွေ ပေါ်ပြီး.. လူတန်းစားအားလုံး.. အသုံးပြုနိုင်ပါလိမ့်မယ်။

ဝီကီပီဒီယာ ၊ Google translate စတာတွေမှာ ယူနီကုတ် အသုးံပြုပြီးစာတွေဝိုင်းရေးကြ ၊ဘာသာကူပြန်ကြလို့.. ပိုမိုပြည့်စုံတိကျတဲ့ အဖြေတွေထွက်ရှိလာပါလိမ့်မယ်.။
မသိသမျှအရာအားလုံး မြန်မာ စာတစ်ခုတည်းနဲ့ ချက်ချင်းရှာဖွေပြီး တိကျတဲ့ ရလာဘ်ထုတ်ပြပါလိမ့်မယ်။

ဒါတွေက ကျွန်တော့်ရဲ့ နည်းပညာနဲ့ပတ်သတ်ပြီးဖြတ်သန်းခဲ့ပုံနဲ့
ဘာလို့ယူနီကုတ် သုံးသင့်ကြလည်းဆိုတာကို ကျွန်တော့်ရဲ့အမြင်နဲ့ရှင်းပြခြင်းဖြစ်ပါတယ်။
အားလုံး နားလည်နိုင်မယ်လို့မျှော်လင့်ပါတယ်

mouse (1 of 1)

Page 10 of 14

Powered by WordPress & Theme by Anders Norén