Many Lives, Many Memories.

Author: Arthur Chan Page 26 of 32

ပထမရင်ခုန်သံ

5.2.2007(monday)
xxxxxx
”ပထမနှစ်ကျောင်းသားဘဝ..က အူလည်လည်နဲ.တော်တော် တော. ပျော်ဖို.ကောင်းတယ်..
ဒီ နေ. လည်းကျောင်းသွားရဥိးမယ်…ကျောင်းမှာက ဘာစာမှမလိုက်နိုင်ဘူး။
၁၀တန်.တုန်းကလို.. ဘေးကနေ ကြပ်နေတဲ.သူတွေမရှိတော.ပိုဆိုးတာပေါ.
အင်း….pratical Chemistry Labဝင်ရဦးမယ်။။။။”‘
မောင်Arthurတစ်ယောက်… တစ်နေ. ကမှ.. ပြောင်း.လာသည်. အဆောင် အသစ် ရဲ. ကုတင်သေးသေးလေးပေါ်မှာ.. မှိန်းရင်းစဉ်းစားနေသည်… ။
ဆေးကျောင်းစတက်စဉ်က..သူငယ်ချင်းတစ် ယောက်နှင်. ပေါင်း၍..အိမ်တစ်လုံးငှားထားသည်..နောက်တွင်တော. သူငယ်ချင်းက.. အဆောင်သက်သက်ငှားနေသွားသောအခါ… တစ်ယောက်တည်းလည်း… အိမ်ငှားခပေးဖို.မတတ် နိုင်သဖြင်… နောက်ဆုံး…ငယ်သူငယ်ချင်းများနှင်.အတူ… 75လမ်း..မန္တလေးပြည်.သူ့ဆေးရုံကြီး…အလယ်ဝင်ပေါက်နားတွင်ရှိသည်.. အဆောင်တစ် ခုတွင်နေရာ ရရှိခဲ.ခြင်းဖြစ်သည်။
နံနက်စာကိုကျောင်းနားတွင်ရှိသည်. အချစ်ရွာ.. ကဖေးတွင်စားပြီး… 74လမ်းကျောင်းဝင်ပေါက်မှ… ဝင်ခဲ.သည်။.
ထို.နောက်ဆိုင်ကယ်stand မှ..ပေးလိုက်သည်.. တံဆိပ်လေးကို သေသေချာချာ လွယ်အိပ်တွင်ထည်.ကာ… Chemistry lab 1 ဆီသို. ရင်ကော.၍ချီတက်ခဲ.တော.သည်။
“ဘုန်း”
လွယ်အိတ် ကို. စင်ပေါ်တွင်ပစ်တင် ပြီး..စာအုပ်ကိုထုတ် ကာသတ် မှတ် ထားသည်. ခုံဆီသို.လျှောက်လာခဲ့သည်။ ကျောင်းဖွင်.သည်မှာသိပ်မကြာသေး၍…ခုံနံပါတ် များ… နာမည်နှင်. ပြန် မ စီ ရသေး..
ထိုနှစ် က … မိန်းကလေး အမှတ်မှာ… 496 နှင်.ဖြတ် ၍..400ကျော်နံပါတ် များဖြစ်သည်. ကျွန်တော် တို.အခန်းတွင်သာ.မိန်းကလေးများပါသည်…
ကျန်သည်. အဖွဲ.အားလုံးယောက်ကျားလေးများသာဖြစ်သည်။။
ခုံနံပါတ် ဆီ သို.ရောက်သောအခါ.. ကျွန်တော်.. ဝင်မည်.နေရာတွင်.. ကောင်မလေးတစ် ယောက် ပိတ် ထိုင်ထားသည်ကိုတွေ.၇သည်…
. သူက ခုံနံပါတ် …….
ငယ် စဉ်တည်းက မိန်းကလေးများနှင်.စကားပြောလေ.မရှိသဖြင်…/ရုတ် တရက်.. မပြောရဲ..
……………. ထိုအခါ.. သူက….သူငယ်ချင်းနှင်. စကားပြောနေရာမှ..ခေါင်းမော.ကြည်.သည်။။……………………………………………
. ကျွန်တော် စကားမပြောနိုင်သေးပဲ… သူ.ကို သေချာငေးကြည်နေမိသည်.
စက္ကန်.အတန် ငယ်ကြာသည်အထိ..ဘာမှမပြောသောကြောင်. သူက”ဘာလဲ”ဟူသောပုံစံဖြင်.မေးဆတ် ပြသည်။။
ထိုအခါမှ… အထစ်ထစ်အငေါ.ငေါ.ဖြင်..ငါအထဲဝင်ဦးမယ်ဟုပြောလိုက်သည်။။
သူက “အော် ..အေးအေး “ဆို၍နေရာဖယ်ပေးသည်.။
. .နေရာတွင်ထိုင်ပြီးသည်.နောက်..ကျွန်တော.မှာရင်ခုန်သံမပျောက်သေး…. အအေးဓာတ် မကုန် သေးသည်. ဖေဖော်ဝါရီ လ……. ဂျူတီ ကုတ် ပါးပါးလေးထဲမှာကျွန်တော်တစ်ယောက်တည်း……ချွေးတွေရွှဲနေသည်။ လက်တွေလည်းအေးစက်လို့……….. ….
မကြာမီ ပင်ဆရာမက Titration အကြောင်းသင်သည်.။..
သင်ပုန်းက ကျွန်တော် ထိုင်သည်. အခြမ်းဘက်မှရှိ၍ကျွန်တော်ထိုင်သည်. ဘက် ကို ခေါင်း များစောင်းကြည်.မှသာမြင်နီုင်သည်.။ မကြာမှီ …. စာသင်ပြီး၍လက်တွေ.စလုပ်ရသည်။ ပစ္စည်းများချပေးထား၍..နှစ်ယောက်တစ်တွဲစီ လုပ်ရခြင်းဖြစ်သည်.။
ကျွန်တော်က .စောစော က……..မှကောင်မလေးနှင်.တွဲလုပ်ရခြင်းဖြစ်သည်။
သူက.စာရေး၍ပြီးသွားပြီ .. ကျွန်တော်က မပြီးသေး…
“‘ငါရေးထားလိုက်မယ်.. နင်ဘီကာတွေဆေးထားလိုက်”
တဲ. သူ က ရုတ်တရက်ပြောလာ၍.. ကျွန်တော်က ခေါင်းတစ်ချက်ငြိမ်.ကာ . ဘေစင် ဆီသို. ခွက်သွားဆေးသည်။
ထို.နောက် ..solution များကို. ရောစပ်၍titration လုပ်သည်။ သူလည်း စာရေးတာ ပြီးသွား၍ ကျွန်တော်.ကို.. ဝိုင်းကူသည်.
ကျွန်တော်က အပူပေးနေချိန် မှာသူက နောက် တစ် ခုလုပ်နေသည်။
။ ထိုနေ.က ကျွန်တော်တို.နှစ်ယောက်အရင်ဆုံးပြီးသည်။ သူနှင်. စကား သိပ် မပြောခဲ.ပေမည်…. အတန် ငယ် ရင်းနှီးမှုရရှိခဲ.သည်။
အဆောင်ကိုပြန်ရောက်ချိန်တွင်..Chemistry စာအုပ်ထဲမှသူ.လက်ရေးလေးတွေကို ကြည်.ကာ…. အူမြူးနေခဲ.သည်။
ညဘက်သူငယ်ချင်းများစုံ၍… လက်ဖက်ရည်ဆိုင်ထိုင်တော..
. အရင် က စကားနည်းသည်. ကျွန်တော် က.. စကားတွေအများကြီးပြောလို့နေသည်။
ထို.နောက် အဆောင် ကို အိမ် က ဖုန်းလာ၍ခဏမျှပြောပြီးစောစော အိပ် ရာဝင်ခဲ.သည်.. ။
တစ်ယောက်တည်း ပြုံးကာ.. ခေါင်းအုံးလေးပိုက်၍အိပ်သွားသည်။ 🙂
တစ်ဖက်အခန်းက .. ဟိုကောင်တွေ က.R ဇာနည် ရဲ.လမင်းလေးသီ ချင်းကို ဂစ်တာနှင်.တီ းနေသည်။။
” လမင်းလေး…..ငါလွမ်းနေသည်……….မသိဘူးလား…ခံစားချက်လေးတစ်ခု…………..အနား… မင်း မရှိရင် …….ရုး…ခဲ.ရပြီ ………””
ဒုန်း
အဆောင်မှအန် တီ ကြီး ရဲ. ခြေဆောင့်သံ………………တစ် ဖက် ခန်းမှအသံများတိတ်သွားသည်။။
Wah!!!!!!!မနက် ကျောင်းစောစောသွားရဦးမယ်.ကွာ.. အိပ် ပြီ …………………..
To be continued…………………………………………………………………..
Dr. Pioneer

outdoor to pyinoolwin

အဓိဋ္ဌာန်ပြု ကတိသစ္စာ

မြန်မာနိုင်ငံဆရာဝန်များ ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်၌ ရွတ်ဆိုကြရသည့် အဓိဋ္ဌာန်ပြု ကတိသစ္စာ ကမ္ဘာတစ်လွှား ကျော်ကြားထင်ရှားခဲ့သော သမားဟူးရားကြီးများအား သက်သေထား၍ ကျွနု်ပ်သည် ဤ အဓိဋ္ဌာန်ပြု ကတိသစ္စာကို ရွတ်ဆို သစ္စာပြုပါအံ့။

၁။ ကျွနု်ပ်သည် လူသားအားလုံးတို့၏ ကိုယ်၏ကျန်းမာရေး၊ စိတ်၏ချမ်းသာရေးကို အကျွနု်ပ်၏ အရေး ကဲ့သို့ယူဆပါအံ့။

၂။ ကျွနု်ပ်အား ဆေးပညာသင်ကြားပေးခဲ့သော ဆရာသမားများအား မိဘသဖွယ် ရိုသေလေးစား ပါအံ့။

၃။ ကျွနု်ပ်သည် လုပ်ဖော်ကိုင်ဖက် ဆေးပညာရှင်များကို ညီရင်းအစ်ကို မောင်ရင်း နှမကဲ့သို့ လေးစားစွာ ဆက်ဆံပါအ့ံ။

၄။ ကျွနု်ပ်သည် သမားကောင်းတစ်ဦး၏ ကိုယ်ကျင့်တရားနှင့် မွန်မြတ်သည့်ဂုဏ်သိက္ခာ အစဉ်အလာကို ထိန်းသိမ်းပါအံ့။

၅။ ကျွန်ုပ်သည် ဆည်းပူးတတ်မြောက်ထားသော ဆေးပညာဖြင့် ဂီလာနပုဂ္ဂိုလ်များ၏ကျန်းမာရေးကို စေတနာမေတ္တာ ရှေ့ထား၍ လူမျိုး ဘာသာ ဆင်းရဲချမ်းသာမရွေး စွမ်းစွမ်းတမံ စောင့်ရှောက် ကုသပါအံ့။

၆။ ကျွနု်ပ်သည် ဂီလာနပုဂ္ဂိုလ်များအား ကုသနေစဉ် တွေ့မြင်ကြားသိရသည့် လျှို့ဝှက်အပ်သော အတွင်းရေးကိစ္စများကို ဖွင့်ဆိုအပ်သည် တို့မှလွဲ၍ မည်သည့်အခါတွင်မဆို ဖွင့်ဟခြင်းမှ ရှောင်ကြဉ် ပါအံ့။

၇။ ကျွနု်ပ်သည် လူသားတို့အား ဘေးဥပါဒ်ဖြစ်စေတတ်သောဆေး၊ သေစေတတ်သည့် ဆေးများကို ကိုယ်တိုင်ပေးခြင်းမှ သော်လည်း ကောင်း၊ သူတစ်ပါးအား ပေးစေခြင်းမှသော်လည်းကောင်း အခါခပ်သိမ်း ရှောင်ကြဉ်ပါအံ့။

၈။ ကျွနု်ပ်သည် တရားမဝင်သော ကုသခြင်းတို့မှ အမြဲတစေ ရှောင်ကြဉ်ပါအံ့။

၉။ ကျွနု်ပ်သည် ဆည်းပူးတတ်မြောက်ထားသောဆေးပညာဖြင့် လူသားတို့၏ ဘဝနှင့်အသက်ကို တန်ဖိုးထား လေးစားစွာကာကွယ်စောင့် ရှောက်ပါအံ့။

ယခု ကတိသစ္စာပြုသည့်အတိုင်းဆောင်ရွက်ပါသော် အကျွနု်ပ်သည် ကောင်းကျိုးမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံပါစေသား။

Desert

 

author Nyan paw htet

Nyan paw Htet (landscape)

 

 

This photo galleries is the creations of my friend Nyanpawhtet..

 

He is a good photographer …

UM Mandalay

Mediafire Download link   UM mandalay
4shared Download link     Um mandalay

2011ခုနှစ် .နောက်ဆုံးနှစ် အပို်င်းခ ကျောင်းသားတွေ ဆိုထားတဲ.Um mandalay ဆိုတဲ.. သီချင်းပါ …
အားလုံးအတွက်အမှတ် တရ..ဖြစ်မယ်.သီချင်းလေးပါ

အမှတ်တရလက်ရာများ

ကျွန်တော် ..လက်ဆော.ထားသောပုံများ..
တစ်ပုံကတော..သူငယ်ချင်းရို်က်ထားတာပါ

တစ်ခါတုန်းက နေ.ရက်များ

တစ်ခါတုန်းက နေ.ရက်များ

နောက်ဆုံး OG clinic

ဒီနေ့ OG unit 2 အနေနဲ့ clinical presentation တင်ရတယ်

Professor Dr. ဆရာဦးစောကလခူနဲ.တင်ရတာ..
ကိုယ့်ward ထဲက သူငယ်ချင်းတွေတောင် role call ယူပြီးချိန်မှာထပြန် ကုန်ကြတယ်… အော်…

ကိုယ့်အလှည့်တုန်းကလဲဒီလိုပဲလုပ်ထားတာဆိုတော့…အားပေးမယ့်သူကနည်းနည်းလေးပဲရှိတယ်.

မနေ့က ..စောသီရိဟန်ရယ် …စုမွန်နိုင်ရယ် ..ငါရယ် ..ward ထဲသွားပြီး.case ယူထားတာ..သူတို.ယူတယ် case ကို .ငါကတော.ထိုင်နားထောင်တာပေါ.လေ

မနက်စာကမနေ.ကကော.ဒီနေ.ကောလွတ်တယ်.. အိပ်ရာထနောက်ကျတာလည်းပါတာပေါ.လေ.

clinical presentation အတွက်. ငါတို. လုပ်ရမယ်.သူက 10ယောက်လောက်ရှိပေမယ်..3ယောက်ပဲလုပ်သွားတယ်..
ငါက အစက power point လုပ်ပေးမလို့..တစ်ခြားတစ်ယောက်ပြောဆိုတော..ပြောမယ်.သူက မရှိဘူး..ငါ့ကိုပဲနှစ်ခုလုံးလုပ်ခို်င်းတယ်..
သိပ်အပန်းကြီးတာလည်းမဟုတ်တော.ငါပဲရို်က်တာကော။။ ပြောတာကောလုပ်လို်က်တယ် .

စံထွန်းအောင်က တော. ပြောပါ တယ် သူpower point လုပ်ပေးမယ်ဆိုတာကို…သူ့ကို မပြောတော.ပါဘူး

မနေ.ကငါတစ်နေကုန်စိတ် တိုနေတာ.။။။
ညဘက်အေးအေးဆေးဆေးကျမှ… laptop ရှေ.ထိုင် ပြီးအ.လုပ်လုပ်တယ်။
သီချင်လေးအေးအေးနဲ့ … ကော်ဖီတစ်ခွက်ဘေးချ…. များပြားစွာသော power point template တွေထဲက … OG နဲ.ဆိုင်တဲ့ ..လှလှ လေးတစ်ခုယူသုံးပြီးနောက်.

စိတ် တိုနေတာတွေလည်း.တစ်ဖြည်းဖြည်းပျောက်ပြီး.. အလုပ်ထဲစျာန် ၀င် လာတ်ယ ပဲပြောရမလား…
အလုပ်လု်ပရတာပျော်နေတယ် …

တစ်နာရီကျော်လောက်… အလုပ်လုပ်ပြီးတော.. ပြီးလုနီးပါးဖြစ်သွားတယ်….စောသီီရီဟန်ဆီဖုန်းဆက်ပြိီး.သူတို.ရေးပေးထားတဲ.. စာထဲက မရှင်းတာတွေဝိုင်းထားပြီးပြန် မေးတယ် …..အဲဒီနောက် တော.11pmကျော်နေပြီ…. ကြက်ဥတစ်လုံးကြော်စား..ဇာတ်လမ်းတစ်ခွေ ကြည့်ပြီး.အိ်ပ်လို်က်တော။တယ် ။

ဒီနေ.တင်ရတာအဆင်ပြေပါတယ်… အားလုံးရှေမှာထွက်စမ်းရတုန်း..ချွေးအရမး်ထွက်တာကတော… automatic nervous system တွေအလုပ်လုပ်တာပဲလားမသိ.
ဆရာကတောင်ပြောတယ်.. တစ်ယောက်ယောက် တစ်သျှူးပေးလို်က်ပါဦးတဲ.
🙂 ငါ စမး်ခဲ့ရတာအမြတ်ပေါ.ကွာ

တစ်ယောက်တည်းနေရတဲ့ဘဝကကောင်းပါတယ် ..

ဒါပေမယ့်ှုတစ်ခါတစ်လေ… အရမး်ဝမ်းနည်းတယ်။…
ဗိုက်အရမ်းဆာချိန် ….. တစ်ယော်ကတည်းလည်းထမင်းမစားချင်….သူငယ်ချင်းတွေလည်း..ခေါ်မရတဲ့အချိန် …….ငါ အခန်းထဲမှာတစ်ယောက်တည်းပဲ….၀မ်းနည်းလို…….

စဉ်းစားဆင်ခြင်မှု မရှိဘဲ သင်ယူခြင်းဟာ လုပ်အားဆုံးရှုံးခြင်းပါပဲ

‘ဘာဆီဂျင်လဲ”
”အောက်ဆီဂျင်ပါ”
”ဘာတိုးပါသလဲ”
”ဓာတ်တိုးပါတယ်”
”ဘာဒိုင်အောက်ဆိုဒ်ပါလဲ”
”ကာဗွန်ဒိုင်အောက်ဆိုဒ်ပါပဲ”
”ဘာလိုချင်ပါလဲ”
”ဟေလိုချင် ပါပဲ”
ကျူရှင်တွေရဲ့ အသံပါ။

ကျူရှင်တွေ အများကြီးရှိသည့် ‘ကျူရှင်တန်း’ဟု ခေါ်သော ဆိပ်ကမ်းသာလမ်း အလယ်ဘလောက် နှစ်ခုကို လျှောက်သွားလျှင် ဒီအသံတွေကို ကြားကြရမှာပါ။ ကျောင်းသားတွေ အင်မတန် သဘောကျပြီး ရှေ့ကအမေးကို နောက်က လိုက်အော်ကြသည့် စနစ်ပါပဲ။

”ဘာလိုချင်လဲ” ဟု ဆရာမက မေးလိုက်လျှင် အတန်းထဲက ကျောင်းသားအားလုံးသည် ”ဟေလိုချင် (Halogen)ပါပဲ”ဟု ဖြေကြပါသည်။ (Halogen)သည် ဓာတုဗေဒ ပစ္စည်းအစု ဖြစ်သည်။ ထိုနည်းကို ”ဘာ Method”ဟု ခေါ်ပါသည်။

ကျူရှင်ကို လာစောင့်သော မိဘများသည် သားသမီးများ စာဆိုနေသံကို ကြားသောကြောင့် ကျေနပ်ကြသည်။
ထိုနည်းကို ဆရာတစ်ယောက်က အောက်ပါအတိုင်း သုံးသပ်ပြထားသည်။
”ဆရာတွေကလည်း သဘောကျတယ်။ ကျောင်းသားတွေကလည်း သဘောကျတယ်။ မိဘတွေကလည်း သဘောကျတယ်”
”ဟုတ်ကဲ့ဆရာ”
”ဒါကြောင့် သုံးဦးသုံးဖလှယ် သဘောကျတဲ့ ဒီနည်းကို သားရွှေအိုး ထမ်းလာတဲ့နည်းလို့ ကျွန်တော်တို့ ကျူရှင်လောကက နာမည်တပ်ထားတယ်”
”ကောင်းပါတယ်”
စာသင်နည်းတွေ အများကြီး ရှိသည်။ ဆရာများသည် မိမိသန်ရာကို မိမိ ကျင့်သုံးကြပါသည်။

သာမန်အားဖြင့် စာသင်ရာတွင် ဆရာတွေက စာတွေကို ရှင်းပြသည်။ ကျောင်းသားတွေက နားထောင်သည်။ နားမလည်ရင် မေးကြသည်။ တစ်ခါတစ်ခါ ဆရာခွင့်ပြုထားလျှင် ကြားဖြတ်မေးသည်။ မြန်မာပြည်မှာတော့ ရှင်းပြပြီးမှ မေးသည်။ သို့သော် မမေးသည်များသည်။ ဆရာက သင်ကြားမှုကို နားလည်၊ မလည် စစ်သည်။ အချိန်ရလျှင် ချက်ချင်းစစ်သည်။ သို့မဟုတ် နောက်သင်ခန်းစာ မတိုင်မီ မေးသည်။ သို့မဟုတ် စာမေးပွဲတွင် မေးသည်။

ကျောင်းသားအများက စာမေးပွဲကို မေးခွန်းအဖြေအတွက်သာ လိုသည်ဟု ယူဆသည်။ ဖြေတတ်ဖို့ လိုသည်ဟု သဘောထားကြသည်။ ဘယ်မေး ဘယ်လိုဖြေ ဟူသော အဖြေစုံ များစွာ ထွက်လာသည်။ ထိုအဖြေစုံများကို
ကြိုးစားပမ်းစား ကျက်ကြသည်။ မေးခွန်းထုတ်သူများကလည်း ကျောင်းသားများ နားလည် သဘောပေါက်မှုကို အသိအမှတ် ပြုနိုင်ရန် အတွက် ထောင့်စုံ၊ ပုံစံ အမျိုးမျိုးဖြင့် မေးခွန်းထုတ်သည်။
မြန်မာတို့ ဆင်းရဲတွင်းမှ လွတ်မြောက်ရာလမ်းသည် ကျောင်းများက တစ်ဆင့် ဖြစ်မည်ဟု မျှော်လင့်ပါသည်။ သို့သော် . . .

ဒီလိုမေးလျှင် ဒီလိုဖြေ ဆိုသည့် မှတ်စုများလည်း ထွက်ပါသည်။
ကျွန်တော်က မှတ်စုများ ထွက်သည်ကို ဆန့်ကျင်သည် မဟုတ်ပါ။
နမူနာပြ မေးခွန်းများ ဖြေကြသည်က ကောင်းပါသည်။ သို့သော် ရည်ရွယ်ချက်က အဆိုပါ ဘာသာရပ်ကို တတ်မြောက်နားလည် သဘောပေါက်ရန် ဖြစ်သည်။
အများစုက ရည်ရွယ်ချက်ကို သဘောမပေါက်ကြပါ။
ရှင်းလင်းလိုပါသေးသည်။
ဒီနေရာတွင် အချက်နှစ်ချက်ကို တင်ပြလိုပါသည်။
ပညာရေး ရည်ရွယ်ချက်သည် ဘာသာရပ်တစ်ခုကို နားလည် သဘောပေါက်စေရန် ဖြစ်သည်။
သို့သော် တစ်ဖက်က စာမေးပွဲ အောင်မြင်ရေးကို အဓိကအနေနဲ့ မြင်နေသည်။
ကျွန်တော် ဆိုလိုသည်က ပညာရေးဌာနမှ တာဝန်ရှိသူ လူများပင်လျှင် စာမေးပွဲအောင်ချက်သည် သူတို့၏ ရည်မှန်းချက် ဖြစ်နေတော့သည်။

ရန်ကုန် အနီးတစ်ဝိုက်နှင့် မြို့ကြီး ကျောင်းတော်တော်များများတွင် နှစ်ဝက်ရောက်လျှင် ကျောင်းတွင် ကျောင်းသား မရှိတော့ပါ။ ၁၀ တန်း ကျောင်းသားများသည် အနီးကပ် ကျူရှင် တက်ကြတော့သည်။ ထိုကျောင်းသားများ ကျူရှင်တက်ကာ အောင်ချက်ကောင်းသည်မှာ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ ဂုဏ်ယူဖွယ်ရာ ဖြစ်လာသည်ကို မုဒိတာ ထားပါသည်။

သို့သော် တောတွင် ရောက်နေပြီး ကျူရှင်ကောင်းတွေ မရရှိ။ တော်သော ကျောင်းသားတွေ မြို့ကိုပြောင်းသောကြောင့် အောင်ချက် ညံ့ဖျင်းသော ကျောင်းကိုတော့ ဘာကြောင့် နှိမ်ချရသနည်း။
ဒါတွေကို စကားအဖြစ် ပြောတာပါပဲ။

ကျွန်တော်တို့ ချောင်းဆုံ အထက တွင် ၁၉၆၀ က ကျွန်တော်တို့ နှစ်ယောက်သာ ၁၀ တန်းအောင်သူ ရှိခဲ့ပါသည်။ အရေးပါတာက ထိုကျောင်းတွင် ပညာကို ထိရောက်စွာ သင်ပေးလား။
လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စသော လူတို့ သိအပ်သောအတတ် လူတို့ထားအပ်သော စိတ်ကောင်း၊ စေတနာကောင်း တို့ကို ထိရောက်စွာ သင်ပေးပါသလား။
ထိုကျောင်း ရှိသောကြောင့် ရပ်ရွာ၊ ရပ်ကွက်လူထု စိတ်ထားတွေပြောင်း စေတနာတွေ ကောင်းလာသလား။
ထိုကျောင်းမှ အောင်သူ အများစုသည် သူတို့ရပ်ရွာကို ပြန်လည်လာရောက် တာဝန်ထမ်းလား။
ကျွန်တော့်မိတ်ဆွေ ကောင်းသန့်က သူ့အကြောင်း သူပြောပြသည်။ သူ အမျိုးသားစာပေဆု ရသော ငွေတစ်သိန်းဖြင့် မတည်ကာ သူ၏ဇာတိ ဥက္ကံမြို့တွင် စာကြည့်တိုက်တစ်ခု တည်ဆောက်သည်။
ထိုစာကြည့်တိုက် ရပ်တည်နိုင်ဖို့ လစဉ် ငါးသောင်းနှင့်တစ်သိန်းကြား အကုန်ခံသည်။
ငါးနှစ်ခန့် ကြာသည့်အခါ ရလဒ်က ဘာထင်လဲ။

သူ၏ စာကြည့်တိုက်သည် မြို့လယ်ကားဂိတ်၊ ဆိုက်ကားဂိတ် အနီးတွင် ရှိသောကြောင့် ဆိုက်ကားသမားများ၊ အလုပ်သမားများ နားခိုရာ ဖြစ်ခဲ့သည်။သူတို့ စာဖတ်ကာ ယဉ်ကျေးလာကြသည်။ ထိုအရပ်တွင် အရက်မူး ရန်ဖြစ်သူတွေ တဖြည်းဖြည်း လျော့နည်းလာသည်။ နှစ်စဉ် ဆွမ်းကြီးလောင်းတွင် ဆိုက်ကားသမားများ ပူးတွဲ ပါ၀င်လာသည်။ မြို့တွင်ရှိသော ကျောင်းတွေ၏ အောင်ချက်တွေ တက်လာသည်။ ရွာအကျိုးပြု လုပ်ငန်းတွေကို ပိုလုပ်လာသည်ကို တွေ့ရသည်။

အထက်တန်းကျောင်းများ ရှိသော မြို့တွေရွာတွေတွင် ပိုမို အသိရှိအောင် ကျောင်းအုပ်ကြီးများ၊ ရပ်ရေးရွာရေးနှင့် ပတ်သက်လာအောင် စည်းရုံး ဆောင်ရွက်သင့်သည်။
ရပ်ရွာတွေမှာ လူမှုရေးလုပ်ငန်းတွေ ရှိပါသည်။ ထိုလှုပ်ရှားမှုများသည် ရုံးပိတ်ရက်နှင့် ညနေခင်းတို့တွင် ဖြစ်တတ်သည်။
ထိုကာလများတွင် ကျောင်းဆရာ၊ ဆရာမများ၊ ကျောင်းအုပ်ကြီး တို့သည် အိမ်ပြန်ကြသည်။ (အချို့လည်း ကျူရှင်သင်ကြသည်။) ရပ်ရေးရွာရေးနှင့် သူတို့ ပတ်သက်လေ့ မရှိပါ။
ပညာသင်သည့် ရည်ရွယ်ချက်မှာ လိမ္မာယဉ်ကျေးဖို့ ဖြစ်သည်။

ကျွန်တော်တို့ လယ်သမားကြီးများ အလုပ်ကို ကြိုးစားနားလည် သဘောပေါက် ချမ်းသာ ပျော်ရွှင်ဖို့ ဖြစ်သည်။
သူတို့က ကျောင်းသည် စရိတ်ပိသော နေရာဟု ထင်လာသည်။
မြန်မာတို့ မူလ ရှေးကာလထဲက ကျောင်းဆိုသည်မှာ ဘုန်းတော်ကြီးကျောင်းကို ဆိုလိုခြင်း ဖြစ်သည်။
ဘုန်းတော်ကြီး ကျောင်းများတွင် ရပ်ရေးရွာရေး၊ လူမှုရေးကို သင်ပေးခဲ့သည်။
အောင်မြင်သည်လည်း ရှိသည်။ အဆင်မပြေသည်လည်း ရှိပါ၏။
မြန်မာတို့ ဆင်းရဲတွင်းမှ လွတ်မြောက်ရာလမ်းသည် ကျောင်းများက တစ်ဆင့် ဖြစ်မည်ဟု မျှော်လင့်ပါသည်။
သို့သော် . . . ။

Page 26 of 32

Powered by WordPress & Theme by Anders Norén