Many Lives, Many Memories.
Category: Uncategorized Page 1 of 4
“Love! Are you there? “
“Love! Are you there? ”
သက္ကရာဇ်တွေ ကို တာ လီ ချိုးခဲ့တယ်
ငါတို့မှာ အချစ် မလိုပါ ဘူး လို့ဆိုတဲ့သူငယ်ချင်းတွေ
အမြဲတမ်းမ မှန် နိုင် မှန်း သိ ရက်နဲ့
သူငယ်ချင်းအားကိုး
အချစ် ကို လှောင်ပြောင် ခဲ့တာ တွေ လေ
ဆယ်စု နှစ်တစ်ခု ၀င်တော့ မယ့် အချိန် မှာ
ထိုက်သင့် သလောက် အောင် မြင် မှုနဲ့
ထောင် လွှား နေတဲ့ မာန် လေးတွေ
“ငါတို့အတွက် အချစ် မလိုပါ ဘူး”
ကြွေးကြော် ဖို့ပြင် တယ်
ယခင်လောက် အသံ မစုံ လင် ပါလား။
ဟိုတစ်ယောက်တော့ ငါတို့ထဲ မရှိတော့လေဘူး
သစ္စာ ဖောက်ဆိုတဲ့ စကားလုံးတွေ ဝေဝေ ဆာခဲ့ ပြီး
နောက်ထပ် ဆယ်စု နှစ်တစ်ခု
မာန်လေးက အရှိန် မကျသေး
သံသယ တော့ရှိ လာပြီ။
ငါ့ သူငယ်ချင်းတွေ ကို လု ယူ သွားခဲ့တဲ့ အချစ် ဆိုတာ တွေ ရယ်လေ
ဆယ်စုနှစ် လေး ငါး ခု ကျော် ပြီး
ထိပ်သီးအောင်မြင်သူတစ်ယောက်
လိုတိုင်းတ ရ နေ ပေ မယ့်
ဘဝအစစ် က ဘာ လဲ။
ထည်ဝါ တဲ့ ဘဝထဲ ဆည်းလည်း သံတစ်ခုတော့ လို နေ သလို.
မှန်ရှေ့မှာ မြင် ရတဲ့ ဇရာနဲ့ မျက် နှာ တစ်ခု
တုန်ချိချိ အသံ နဲ့ရေ ရွတ် မိတယ်
“အချစ်ဆိုတာရယ်
မင်း ရှိ သေး ရဲ့လား” လို့
တိတ် ဆိတ် နေတဲ့နှလုံးသား က
ပထမဆုံး စကားစ ပြောတယ်
“ကျွန်တော် ဘယ် ကို မှ မသွားခဲ့ပါဘူး
သခင် “တဲ့
20.3.2013့
Current essential of medicine
image
ကျွန်တော်သုံးကြည့် တာ တော့ တော် တော် သဘော ကျ ပါတယ်။
ကျောင်းသား ဘဝတုနိးက
ဒါ မျိုး application လေး တွေ ရှိ ခဲ့ ရမှာ လို့အမြဲ တွေး မိတယ်။
ကျောင်း မှာ သင် တဲ့ hand out အတိုင်း ပါ ပဲ။
စာ အုပ် အလေး ကြီး တွေ လည်း
မကိုင် ချင်
ကျစ် ကျစ် လစ် လစ် နဲ့ စာ မျိုး သိ ချင် သူ တွေ ရဲ့ ကောင်းတဲ့ guide line လေး တွေ ပါ။
Download current essential of medicine
ဘွဲ့ရပြီးစဘဝ
ပျော်ရွှင် ခဲ့တဲ့ ကာလ တွေ လွန်လေပြီ။
လက်ရှိမှာ စိတ်ဓာတ်တွေ ကညတက် ကြွမှု မရှိတော့ ဘူး။
အရာရာ ဟာ အဓိပါ္ပယိ မဲ့ လို။
facebook တွေ နေ့စဉ်ရက်စက် သုံးတာ မှာ လည်း
အနှစ်သာရ ရှာ မတွေ့ ပါ ဘူး
အလုပ်သင် ဆရာဝန် ဘဝမှာ စာ လေးတစ်ပုဒ် ရေးသေးတယ်။
အခု ပြီးသွားချိန် မှာ ရေးချင်တဲ့ အကြောင်းတွေဘအများကြီးရှိပေမယ့်
မပီပြင် မှာ ကို စိုးရွံ့ နေမိတယ်။
တစ်နေ့တာအလုပ်ပိုအဆင်ပြေရန်
သင့်တစ်နေ့တာကို အခုထက် ပိုမို အဆင်ပြေစေချင်သလား။ ငါးမိနစ်ပဲအချိန်ပေးဖို့ လိုပါတယ်။ အလုပ်များလှတဲ့ နေ့ရက်တွေအတွင်း တစ်နေ့တာ ပိုမို အဆင်ပြေလာစေဖို့ လုပ်သင့်တဲ့ အလွယ်နည်းတွေကို ရေးသားလိုက်ရပါတယ်။
(၁) အိပ်ခန်းကို သာယာအောင် ပြင်ဆင်ပါ
နံနက် မိုးလင်းလာချိန်မှာ စိတ်ကြည်လင် လန်းဆန်းစေဖို့ အိပ်ခန်းက ရှင်းလင်းနေသင့်ပါတယ်။ တစ်နေ့မှာ အချိန် ငါးမိနစ်လောက် ပေးပြီး အိပ်ခန်းကို ရှင်းလင်းလိုက်ရင် နံနက်အချိန်က စပြီး တစ်နေကုန် စိတ်ဖိစီးမှု လျော့ကျကာစိတ်ခံစားမှုနဲ့ စွမ်းအင်အဆင့် မြင့်တက်နေပါလိမ့်မယ်။
(၂) သရေစာ သိမ်းထားပါ
နံနက်ခင်း အိမ်ပြင် မထွက်ခင်မှာ မီးဖိုချောင်ထဲဝင်ကာ သစ်သီးတစ်မျိုး(ငှက်ပျောသီး၊ ပန်းသီး၊ စပျစ်သီး) ဒါမှမဟုတ် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သရေစာ (ဆားမပါတဲ့ အခွံမာ အစေ့အဆန်) တွေကို ထုပ်ပိုးယူဆောင်သွားပါ။ ဒီလိုထုပ်ပိုးတာက အချိန်အနည်းငယ်ပဲ ပေးရပေမယ့် ကျန်းမာရေးနဲ့ မညီညွတ်တဲ့သရေစာတွေ ဝယ်စားဖြစ်တာကို လျော့ကျစေကာ ရေရှည်မှာ ကျန်းမာရေးကောင်းမွန်စေပါတယ်။
(၃) အလုပ်စားပွဲကို ရှင်းလင်းပါ
အလုပ်ကို ရောက်တဲ့အခါ စားပွဲခုံကို ရှင်းလင်းဖို့ အချိန် အနည်းငယ်ပေးပါ။ပြန့်ကျဲနေတဲ့ စာရွက်တွေကို စီတာ၊ ကော်ဖီခွက်ကို ဆေးကြောတာ၊ ဒီနေ့ လုပ်စရာရှိတဲ့ အရာတွေကို စာရင်းချရေးတာ ..ဒီနည်းတွေက သင့်ကိုအာရုံစူးစိုက်အား ကောင်းစေပြီး အလုပ်တွင်ကျယ်စေတဲ့ နည်းတွေပါ။
(၄) တေးသီချင်း နားဆင်ပါ
သီချင်းနားထောင်တာက သွေးဖိအား ကျစေတာ၊ စိတ်ဖိစီးမှု လျော့ကျတာနဲ့စိတ်ခံစားချက်ကို မြှင့်တင်ပေးတာ စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေတယ်လို့ လေ့လာမှုများစွာက ဆိုထားပါတယ်။ ငါးမိနစ်လောက် အချိန်ပေးပြီး သင်အကြိုက်ဆုံးတေးသီချင်း နားဆင်ရင် ပြုံးပျော် ကြည်နူးမှုကို ရရှိစေပါတယ်။
(၅) သံပရာရနံ့ရှူပါ
စိတ်ဖိစီးမှု အမြန်လျော့ကျစေတဲ့ လှည့်ကွက်တစ်ရပ် အနေနဲ့ အနံ့ခံအာရုံကိုအလုပ်ပေးလိုက်ပါ။ သံပုရာသီးမှာပါတဲ့ ဓာတ်တွေက ရောင်ရမ်းမှု လျော့ကျစေတဲ့ အာနိသင်တွေရှိပြီး စိတ်ဖိစီးမှု ဖြစ်ပေါ်တဲ့အခါ ခန္ဓာကိုယ်ရဲ့တုန့်ပြန်မှုတွေကို လျော့ကျစေတယ်လို့ …..ဂျပန်သုတေသီတွေက ဆိုပါတယ်။ ပင်စိမ်း၊ လာဗန်ဒါ စတဲ့ ရနံ့တွေကလည်း စိတ်ဖိစီးမှုကို လျော့ကျစေတာကိုတွေ့ရပါတယ်။
(၆) အကြောဆန့်ပါ
ခန္ဓာကိုယ်ကို ညင်ညင်သာသာ အကြောဆန့်ပေးတဲ့ လေ့ကျင့်ခန်းကို လုပ်ပေးပါ။အလုပ်စားပွဲမှာပဲ လုပ်လို့ရပါတယ်။ လက်တွေကို ခေါင်းပေါ်မှာ မြှောက်ပြီး မြှင့်ထားလိုက်ပါ။ ပိုကောင်းတဲ့ အာနိသင်ရချင်ရင် အပြင်ထွက် လမ်းလျှောက်ပြီးခြေထောက်တွေကိုပါ ဆွဲဆန့်ပေးပါ။ အကြောဆန့်ပေးတာက သွေးလှည့်ပတ်မှုကို ကောင်းစေပြီး တင်းမာနေတဲ့ ကြွက်သားတွေကို ပြေလျော့စေကာ ဖိစီးမှုကင်းဝေးစေပါတယ်။
(၇) တရားထိုင်ပါ
တရားထိုင်တာနဲ့ အသက်ပြင်းပြင်း ရှူရှိုက်တဲ့ နည်းဟာစိတ်အပန်းပြေစေပါတယ်။တရားထိုင်ဖို့အတွက် ဘာအသုံးအဆောင်မှ မလိုအပ်ပါဘူး။ ကြမ်းပြင်ပေါ်မှာ သက်သောင့်သက်သာ အနေအထားမျိုးနဲ့ ထိုင်ပြီး ငါးမိနစ်လောက်တရားမှတ်ပေးရင် စိတ်ဓာတ်ကျတာကို ကင်းဝေးစေပြီး စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။
(၈) ကျေးဇူးတင်ထိုက်သော အရာများကို ချရေးပါ
တစ်မိနစ်လောက် အချိန်ပေးပြီး ကျေးဇူးတင်ထိုက်တဲ့အရာ ကြီးငယ်မှန်သမျှချရေးလိုက်ပါ။ ဒီလိုလုပ်တာက ဘဝမှာ အကောင်းမြင်စိတ် တိုးလာစေပါတယ်။
(၉) လျှပ်စစ်ပစ္စည်းများကို ပိတ်ထားပါ
တစ်နေ့လုံး ကွန်ပျူတာ စကရင်ကို ကြည့်တာ၊ ဖုန်းပြောတာ စတဲ့ နည်းတွေကစွမ်းအင်ကို ထိခိုက်စေပြီး လှုပ်ရှားမှု လုပ်ဆောင်နိုင်စွမ်းကို လျော့ကျစေပါတယ်။ အီးမေး၊ ဖုန်း၊ အင်တာနက် စတဲ့ လျှပ်စစ် အသုံးအဆောင်တွေကိုခဏတာ အနားပေးတာက စိတ်အပန်းပြေစေတဲ့ နည်းလမ်းကောင်း တစ်ရပ် ဖြစ်ပါတယ်။
(၁၀) ဦးစားပေး လုပ်ဆောင်ပါ
လုပ်စရာ အလုပ်ကိစ္စတွေ အများကြီး ရှိနေရင် စိတ်ပင်ပန်း ရတတ်ပါတယ်။ဒါကြောင့် ဦးစားပေးရမယ့် အလုပ်တွေကို စာရင်းချရေးပြီး ပြီးဆုံးအောင် လုပ်သင့်ပါတယ်။ တစ်နေ့တာ ပြီးဆုံးသွားတဲ့ အခါမှာလည်းပြီးဆုံးအောင်မြင်အောင် လုပ်နိုင်ခဲ့တဲ့ အရာတွေကို စာရင်း ချရေးကြည့်လိုက်ပါ။ သင် ဘယ်လောက် အလုပ်တွင်ခဲ့တယ်ဆိုတာ သိပြီးကြည်နူးရပါလိမ့်မယ်။
ကေအမ် Ref: Good Health Source: http://news.yatanarpon.com.mm/news/news-58708
SOPHIA
ဆိုဖီယာ.
ဒီသီချင်းနာမည်က..နည်းနည်းတော့ဆန်းတယ်နော်.
လွန်ခဲ့တဲ့.2008 ခုနှစ်က ရေးခဲ့တဲ့သီချင်းပါ.
ကျွန်တော်ဒီဇင်ဘာကျောင်းပိတ်ရက်…နယ်ကအိမ်ကို်ပြန်နားတုန်းမှာ…သူငယ်ချင်းတစ်ယောက်အတွက်ဆိုပြီးရေးပေးခဲ့တာပါ.
သံစဉ်ပိုင်းက… သူငယ်ချင်းပြည့်ဖြို့းဟန်ကတီးထားတာပါ.
တကယ်က ဒါသူ့သီချင်းပါ…
ကျွန်တော်က..ခွင့်မတောင်းပဲစာသားယူထည့်လိုက်မိတာပါ.
အိမ်ပြန်တုန်း….အခန်းထဲမှာသီချင်းတွေလုုပ်တယ်…
RECORDING ပိုင်းက အခုမှစစမး်သပ်တုန်း..ပြပေးမယ့်သူလည်းမရှိဘူး…တစ်နေ့တစ်နေ့အခန်းထဲမှာပဲအချိန်ကုန်နေတာ..
fRUITY LOOP လေးနဲ့ပေါ့..
အဲဒီမှာသူငယ်ချင်းဉာဏ်ပေါ်က သူ့ကောင်မလေးအတွက် ဆိုပြီး..ကျွန်တော့်ကိုသီချင်းလုပ်ခို်င်းတယ်..
သူက ရန်ကုန်ရောက်နေတာ..
ဖုန်းထဲကနေပဲ..ခဏခဏဂျီတိုုက်နေတာ..လုပ်ပြီးပြီလားဆိုပြီး.
တီးထားကမရှိဘူး.ဒါကြောင့်အဆင်သင့်ရှိနေတဲ့ ကိုပြည့်သံစဉ်ထဲပဲထည့်လိုက်တယ်..
ဉာဏ်ပေါ့်ကို်လည်း..ကိုပြည့်ဆီ ကခွင့်တောင်းလိုက်ပါဦးလို့ပြောလိုက်တယ်
အဲဒီလိုနဲ့…သူပါစေချင်တဲ့…မကိုချစ်တဲ့အကြောင်း.
အသက်၄နှစ်ကြီးတဲ့အကြောင်း..
အိမ်ကိုလိုက်ပို့ချိန်..ညနေလေးအကြောင်း.
ပြီးတောာာ့လူမျိုူးမတူလို့ခက်ခဲတဲ့အကြောင်းတွေ.ကို ထည့်ရေးပေးရင်းက..ဒီဆိုဖီယာဆိုတဲ့သီချင်းလေးဖြစ်လာပါတယ်..
ကျွန်တော်ကို်ယ်တိုင်သူ့နေရာက ခံစားပြီးရေးသားသီဆိုထားတာပါ..
အသံဖမး်တဲ့နေရာက ..နည်းနည်းညံ့ပါတယ်..
ကျွန်တော်မကျွမး်ကျင်သေးတဲ့အပိုင်းပါ.
သီချင်း DOWNNLOAD(ဆိုဖီယာ)
စာသားဖတ်ရှူ့ရန်
VERSION 2
VERSION 2 SOPHIA က ကျွန်တော်နဲ့ ပြည့်ဖြိုးဟန်အတူတူဆိုထားတာပါ..သိပ်ပြီးမရှင်းပြတော့ပါဘူး..နောက်ထပ်ပုံစံတစ်မျိုးလေးနဲ့နားထောင်ကြည်ဦးပေါ့
ဒီမှာ DOWNLOAD ပါ
အချစ်ဘဝနှင့်ငွေကြေးဆိုင်ရာနည်းဗျူဟာများ
29.4.2012
ပျော်ချင်ရင်အရမး်ပျော်နေတတ်ပြီး. စိတ်မပါချိန်….အခြားသူတွေကို ပါစိတ်အနှောက့်အယှက်ဖြစ်စေတတ်တယ်. ဒီလိုလူကို.. တကယ်ပေါင်းသင်းဆက်ဆံရေးကောင်းသူလို့မခေါ်နိုင်ပါဘူး. ဘာမဟုတ်တဲ့ကိစ္စတွေကို အခုအချိန်ဘာလို့ sensitive ဖြစ်နေသလဲ.. သူငယ်ချင်ေးတကို အားနာတယ်. I am sorry. But I am not feeling well. I don’t want to behave like this.
ငါ ဒိလို အားမငယ်တာတောင်ကြာပြိ အခု အချိန် မှာ စဉ်းစားဆင်ခြင်နိုင်တာတွေလည်း ဘာမှ မရှိတော့ဘူး ငယ်ငယိက တဇွတ်ထိုးလုပ်တတ်တဲ့စိတ်တွေပြန်ပေါ်လာတယ် အဲဒီစိတ်တွေကိုအရမ်းမုန်းတယ် ဒီအချိန် ဘယ်သူနဲ့ မှ စကားမပြောချင်ဘူး ငါပြောတာတွေ က တစ်ဖက်သတ် ရင့်သီးတာတွေ ပါလိမ့်မယ် သူများအပေါ်နားလည်နိုင်တဲ့စိတ်မရှိတာကိုငါ၀မ်းနည်းရပါတယ်
my virtual friend
Dear,Friend.
ဒီနေ့က ဖေဖော်ဝါရီလ ၁၃ ရက်နေ့…
ငါတို့နိုင်ငံအတွက်.. အဖိုးတန်သားကောင်းရတနာတစ်ဦးမွေးဖွားခဲ့ဖူးတဲ့နေ့ပေါ့
ငါတို့ရဲ့ခေါင်းဆောင်ကြီးတစ်ဦးလေ..
နှစ်ပေါင်းကိုးဆယ်ကျော်သွားခဲ့ပြီ..
အဲဒီအချိန်တုန်းက…..နွေဦးမနက်ခင်းဟာဘယ်လိုနေမလဲမသိပေမယ့်…..
ဒီကနေ့နွေနံနက်ခင်းကတော့….လွမ်းစရကောင်းတယ်ကွာ..
မင်းနေတဲ့နေရာမှကောဘယ်လိုရှိနေမလဲငါသိချင်ပါတယ်..
အိမ်ရှေ့မှာ.ရှိတဲ့…ဗံဒါပင်လေးက.အရွက်တွေမရှိတော့ဘူး..ရိုးတံတွေနဲ့………
အညာပုံစံ….က..ငါနေတဲ့မြို့လေးကို သတိ ရမိတယ်.
မကြာခင်..အစိုးရကျောင်းတွေလည်းပိတ်တော့မယ်လေ..
တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေလည်းဖြေတော.မယ်မို့လား..
အရင်တုန်းက..ဒီလိုအချိန်တွေဆိုအရမ်းရင်ခုန်တာပေါ့…
နွေကျောင်းပိတ်ချိန်ဆိုတာ..ငါတို့အရမ်းပျော်တဲ့….ကာလတွေလေ…
အခုကလေးတွေအတွက်တော့ငါလည်းသေချာမသိပါဘူး…
သူတို့တွေအတွက်နွေဆိုတာငါတို့တုန်းကလို အဓိပ္ပါယ်ရှိပါ့မလား..စိုးရိမ်မိတယ်ကွာ..
အဲဒီတစ်နှစ်နွေက…..
မင်း…ကြိုက်တဲ့ကောင်မလေးကို…..ကျုရှင်က..အပြန်လိုုက်စကားပြောတော..ငါအမြဲပါခဲ့တာလေ..
အဲဒီတုန်းကတော့မင်းက အရုးအမူးပဲ….နော်..
နောက်မင်းသာပြောင်းသွားခဲ့တာ……ကောင်မလေးကတော့မင်းကို ပြန်မကြိုက်ခဲ့ဖူး..
အခုတော့အခြေအနေတွေကွာခြားလောက်ပါပြီကွာ…
မင်းလိုက်စရာမလိုလောက်အောင်မင်းဘေးမှာကောင်မလေးတွေဝိုင်းနေမှာငါမြင်ယောင်ပါတယ်….
အတည်တွဲတဲ့ရည််းစားတွေဘာတွေရနေပြီလား..
ဖေဖော်ဝါရီ ၁၄ အတွက်ကောရင်ခုန်စရာတွေရှိနေပြီလား..။
မင်းက romantic တော့တော်တော်ဆန်တတ် တဲ့ကောင်ဆိုတော့ကောင်မလေးက…သဘောကျမှာပါ…
ငါတို့နယ်မြို.မှာတုန်းကတော့ဘာမှမသိခဲ့ပါဘူူး..
အခုဒီမြို့မှာတော့…တစ်နှစ်ထက်တစ်နှစ်အဲဒီနေ့ကြီးကို အရမ်းဦးစားပေးလာတယ်..
ငါနဲ့ကတော့ဘာမှမဆိုင်ပါဘူးကွာ..
သိပ်တော့လည်းအဓိပ္ပါယ်မရှိသလိုပါပဲ…
ငါတို့ character တွေနဲ့….ဒီက လူနေမှုပုံစံနဲ့က…အရမ်းကြီးတော့သဟဇာတမဖြစ်ဖူးကွ…
ဒီမှာနေလို့အဆင်ပြေတာတွေရှိသလို……..
စိတ်ကျဉ်းကျပ်ရတာ…စိတ်ဓာတ်ကျရတာတွေ…ကလည်း.ခဏခဏပါပဲ့….
မင်းစိတ်ကူးတွေကော..အကောင်အထည်ပေါ်နေပြီလား..
အင်း.
မင်းကစိတ်ကူးသိပ်ယဉ်တတ်သူတော့မဟုတ်ပါဘူး..ငါ့ထက်ကို ပို လက်တွေ့ကျတဲ့သူပဲ…..
ငါလည်းမင်းလိုဖြစ်အောင်တော့ကြိုးစားနေပါတယ်.
ငါ့စိတ်ကမင်းထက်စာရင်အရမ်းပျော့တယ်ကွာ……..
အလုပ်တစ်ခုတော့ရနေပါပြီ…
ဒါပေမယ့်တစ်နှစ်ပဲခံမယ့်အလုပ်ပါကွာ……
အဲဒီနောက်ဘယ်ပေါက်လို့ဘယ်ရောက်မယ်ငါလည်းမသိသေးပါဘူး…………
ရောက်ရာအရပ်မှာပျော်နေချင်တယ်ကွာ.
သူငယ်ချင်းတွေတော့အများကြီးရှိပါတယ်….
မင်းလိုသူငယ်ချင်းမျိုးတော့..မရှိဘူးကွာ………………….
မင်းက..ငါ့ရဲ့ motivator…လေ..
ငါ့စိတ်ကို ငါ့ထက်မင်းကပိုသိတယ်…
မင်းလိုမျိိုးသူများတွေရဲ့ motivator ဖြစ်နိုင်အောင်…ငါကြိုးစားနေပါတယ်…………..
မင်းလည်းငါ့ကိုသာအားပေးတာ…
မင်းစိတ် ဓာတ် ကျပြီးဘာလုပ်ရမှန်းမသိရင်…ဘယ်ဟာက မင်းရဲ့ motivator လည်းဆိုတာ..ငါ့ကို ပြောဦးလေ..
ငါ့စိတ်ကိုငါမနီုင်သေးဘူးကွ..
အသက်ကသာ20ကျော်လာတာ………..
အဆုံးအဖြတ် ပေးရတဲ့ ကိစ္စတွေမှာ..ငါ့မရင့်ကျက်နိုင်ဘူး..
မင်းဆီစာမရေးဖြစ်တာကြာပြီ…………..
အပြောင်းအလဲသိပ်မရှိတဲ့ပတ်ဝန်းကျင်မှာ…..
အတွေ့အကြုံသစ်…ထူးထူးဆန်းဆန်း….အကြောင်းအရာသစ်အဖြစ်အပျက်သစ်တွေ နဲ့ငါ့စိတ်တွေပြန်လန်းဆန်းလာချင်တယ်ကွာ……
မဟုတ်ရင်..ရှင်သန်ရတာ..အဓိပ္ပါယ်မရှိသလိုပဲ…
ငါတို့ငယ်ငယ်က…ဆရာကြီးတစ်ယောက်မေးခဲ့ဖူးတဲ့အမေးပုစ္စာကို ဖြေခဲ့တာမှတ်မိသေးလား….
လေယာဉ်နဲ့.ကားမောင်းရမယ်ဆိုဘယ်တစ်ခုကိုရွေးမလဲတဲ့..
မင်းက…ကားကိုရွေးတယ်…
ငါကလေယာဉ်ကိုရွေးတယ်…
လေယာဉ်ရွေးတဲ့သူက..adventure ကို ကြိုက်တယ်..
ကားရွေးတဲ့သူကအေးအေးဆေးဆေးသမားတဲ့..
ဒါပေမယ့်..ဖြစ်လာတာကပြောင်းပြန်ပဲကွ…
မင်းကဘာလို့လေယာဉ်မရွေးတာလဲမေးတော့…..
လေယာဉ်ကငါမှမမော င်းဖူးတာတဲ့.မစားဖူးတဲ့အသီးနဲ့စားဖူးတဲ့အသီးဘယ်တစ်ခုပိုချိုလဲမေးတာငါဘယ်လိုဖြေရမှာလဲတဲ့..
မင်းအဖြေက ..ပိုအဓိပ္ပါယ်ရှိတယ်ကွ..
ငါကမင်းလောက်မတွေးတတ်ဘူး…
မင်းနဲ့မတူချင်လို့ကျန်တဲ့တစ်ခုကိုရွေးလိုက်တာလေ…..
နေ့လည်တစ်နာရီတောင်ခွဲပြီကွာ……………
ငါအလုပ်ပြန်သွားရဦးမယ်.
ထမင်းမစားရသေးဘူးကွ..
တစ်ယောက်တည်းဆိုတော့
ကြံုတဲ့နေရာစားရတာ.တစ်ခါတစ်လေအလုပ်ကအပြန်နောက်ကျလို့ထမင်းငတ်တဲ့ညတွေကရှိသေးတယ်..
မင်းကပြောဦးမယ်….ငါ့ကို ရည်းစားလေးဘာလေးရှာဆိုပြီးတော့..
အေးကွာ.
အဲဒီကောင်မလေးအမေကအခုနေမွေးခန်းထဲဗိိုက်တော့နာနေလောက်ပါပြီ…:)
ငါလည်းဒီလိုနေရတာငြီးငွေ့ပေမယ့်….
ငါလုပ်တဲ့ကိစ္စတွေတိုင်း…နောက်ဆုံးငါပဲ..ကြေကွဲခဲ့ရတာဆိုတော့…ထက်စဉ်းစားဖို့ကိုငါလက်တွန့်နေပြီ…
အေး…..
ငါ ့စာကို အဆုံးသတ်လို်က်တော့မယ်ကွာ………………………..
ငါ့ဆီစာပြန်ရင်….ရှည်ရှည်ပြန်ရေးပေါ့…
Good Bye …..Fri.
13.2.2012(1.40pm)
ဒီစာက…ကျွန်တော်ခင်မင်တဲ့သူငယ်ချင်းတွေရဲ့ character တွေကို ပေါင်းစပ်ပြီးဖန်တီးထားတာပါ..
ဒီစာထဲကသူငယ်ချင်းလိုမျိုး…..အတိ အကျ တော့မဟုတ် ပေမယ့်အပြင်မှာလည်းရှိပါတယ်..
ကျွန်တော့်ရင်ထဲကစကားတွေကို ……အခင်ဆုံးသူငယ်ချင်းတွေကို ပြောပြချင်ပါတယ်…
ဒါပေမယ့်သူတို့တွေကို အနှောင့်အယှက်မေပေးချင်တော့တဲ့အတွက်……virtual friend တစ်ယောက်ကို ..စိတ်ကူးထဲမှာပုံဖော်ပြီး..ရေးသားလိုက်ရခြင်းဖြစ်ပါတယ်………..
ကျွန်တော်ပြောချင်တာတွေကို ..အမြဲနားထောင်ပေးနိုင်မယ့်……………virtual friend ပါ.
နှလုံးရည်တိုက်ပွဲ (DASSA)
War of the heart
Page 1 of 4
Powered by WordPress & Theme by Anders Norén