ခဏလေး…ခဏလေးနေကြပါဦးဗျာ…
အမေ့ကိုနှုတ်ဆက်ပါရစေဦး……အမေကျွန်တော့်ကိုလွမ်းနေတော့မှာဗျ…
မေမေ…………..မေမေ………..
ကျွန်တော်လိုက်ပါလာသည့်..အကောင်စာ.ဆီဒင်ကားကြီးနောက်မှာ..အမေက..လက်ပြလို့ကျန်ခဲ့သည်။
မေမေလို့…ဆိုရင်း..ကျွန်တော််မျက်ရည်တွေကျလာသည်။… ကျွန်တော်မြတ်နိုးတဲ့မြန်မာပြည်ကိုထာဝရထားခဲ့ရတော့မယ်..
မျက်ရည်တွေက .ပူတယ်
ကားထဲက aircon ကလည်းပူလိုက်တာ……
ချွေးတွေအများကြီးနဲ့ပါလား.။
ရုတ်တရက်..နှုတ်ခမ်းမှအသံတစ်ခုထွက်သွားခဲ့သည်………..
ကျွန်တော်မျက်လုံးဖွင့်ကြည့်ုလို်က်ချိန်..အားလုံးကမှောင်မဲနေသည်။
ကောင်းကင်ကလရောင်လေးတောင်မမြင်ရ.
ပြူတင်းပေါက်ဘေးက..dream bed လေးပေါ်မှာကျွန်တော်အိပ်ပျော်နေခဲ့တာာပဲ…
ကျွန်တော်ခေါင်းတင်ထားသည့်DREAM BED လေးမှာ..ချွေးများစိုရွှဲနေသည်..။
ခေါင်းတွေလည်းကိုက်နေတယ်။
မန္တလေး..နွေ..မှာ..မက်မက်တဲ့အိမ်မက်ဆိုးတစ်ခုပါ။
ဖုန်းနာရီကြည့်လိုက်တော့မနက် ၃ နာရီလောက်တော့ရှိပြီ……..
အခုရက်ပိုင်း…စိတ်ဓာတ်များအရမ်းကျနေခဲ့သည်။
ရာသီဥတုကအရမ်းပူသည်…………..40’c 41’C လောက်မှ..မဆင်း
မီးကတစ်နေကုန်6နာရီပြည့်အောင်မလာ
မနေ့က နေ့ကောညကော..ဆက်တိုက်ဆိုသလို..ပင်ပန်းခဲ့တာရယ်.အစားအသောက်မဝင်တာ
ရာသီဥတုပူတာတွေနဲ့က……………
မနှစ်ကနွေက တော့.ကျွန်တော်တို့ကံကောင်းခဲ့သည်..ပြောရမည်.
နောက်ဆုံးနှစ်အပိုင်း(ခ)..တက်နေရချိန်…..ပင်ပန်းသည်ဟုမထင်ရ.
မီးကအချိန်ပြည့်လာသည်.။
စာလေ့လာရာတွင်လည်း..အာရုံအပြည့်စိုက်နိုင်တယ်…………..
Leave a Reply