ဘယ်သူက…ကျွန်တော့်ကို ထိရှစေသလဲ..
ဘယ်သူ့အကြောင်းတွေးရင်အလွမ်းသီချင်းတွေနားထောင်မိသလဲ….
အမြဲတမ်းပြောင်းလဲနေတာပါပဲ.
အလွမ်းသီချင်းတွေကို နှစ်သက်လို့..ကိုယ့်ကိုယ်ကိုလွမ်းအောင်လုပ်တတ်တာလား.
ရင်ထဲမပြောဖြစ်တာတွေကို …သီချင်းတွေနဲ့မျှောချုလိုက်တာလား.
ဒါပေမယ့်………….ကျွန်တော်ကွန်ပျူတာscreen ပုံက သူ့ပုံလေးတွေနဲ့ရုးသွပ်နေတတ်တယ်..
မျက်လုံးထဲမှာ…..မြင်နေတတ်တဲ့ကလေးဆန်ဆန်အပြုံးလေးကို.
ကင်မရာထဲမှာပြူးကြောင်ကြောင်နဲ့ကြည့်တတ်တဲ့ ပုံလေးကို သဘောကျနေတတ်တယ်.
ကျွန်တော်စိတ်ကူးယဉ်ခွင့်ရှိပါတယ်နော်.
ကျွန်တော်စိတ်ကူးယဉ်တာ..သူ့ကိုမထိခိုက်ပါဘူး.
ကျွန်တော့်ကြောင့်ထိခိုက်မယ့်သူလည်းမရှိပါဘူး.
ကျွန်တေ်ာလည်းလွတ်လပ်သောသူတစ်ယောက်ပဲလေ………….
ကျန်တာတွေဘာမှမတွေးပဲ…………ဒီလိုလေးပဲစိတ်ကူးနေတာပါ……………….
ဒီ post က ကလေးဆန်ဆန်..လူငယ်ဆန်ဆန်ပဲတွေးထားတာပါ..
ဘာပူပင်စရာမှလည်းမတွေးထားဘူး.
့ဖြစ်ချင်တာကိုပဲ………………………..အိမ်မက်ထဲလမ်းလျှောက်နေတာပါ…..