ကျွန်တော်စာကို ကောင်းကောင်းမရေးတာ ကြာပြီ။
ဟိုးအရင်တုန်းက နဲ့အခု တော်တော်ကွာခြားသွားသလိုပဲ။
အရင်က တက်ကြွသေးတယ်။ အခုသိပ်မတက်ကြွတော့ဘူး.။
မှိုင်တွေထိုင်ငေးပြီးဘာမှမလုပ်ဖြစ်တာကများနေတယ်။
ရေးချင်စိတ်တွေပေါ်မိပေမယ့်ဝေဖန်တဲ့ဒဏ်ကို မခံနိုင်တဲ့အတွက် ကိုယ့်အမြင်ကို မထုတ်ပြဝံ့ဘူး။
FACEBOOK ပေါ်လာတာလည်းပါတယ်လေ။ သူပေါ်လာတော့ စိတ်ကူးပေါက်ရင် NOTE လေးနဲ့ရေးတဲ့စာတွေက
အခုကျတော့STATUS အဖြစ် အပိုင်းအစတွေနဲ့ပဲပျောက်ကွယ်သွားတယ်။
တကယ်က လောကကြီးထဲမှာ အထူးသဖြင့် ကျွန်တော်တို့နိုင်ငံ မှာ ကို ဘဝင်မကျချက်တွေက အများကြီး။
ပြောနေတဲ့သူတွေလည်းပြောမနိုင်။ ဆိုမနိုင်။
လူတန်းစားအကြီးကြီးကွာဟနေတာတွေ။
FACEBOOK မှာတက်ပြောရင် .. အရသာပေါ့သွားမှာ။
ဘာလို့လဲဆိုတော့ ရှိနေတဲ့သူငယ်ချင်းအများစုက လူငယ်တွေ.. ပြီးတော့.ကျွန်တော် တစ်ခုခုကိုရေးလိုက်မိရင် ..FRIEND ထဲ က တစ်မျိုးမျိုးနဲ့သွားညိနေတတ်တယ်။
်FRIEND တွေက နယ်ပယ်ပေါင်းစုံ ကစုံတော့.သူတို့ဆီက မျိုးစုံ အတွေးရတယ်။
သူတို့ရဲ့အတွေးတွေနဲ့ တစ်ခါတစ်လေ ကျွန်တော့်ရဲ့ကိုယ်ပိုင်အတွေးတောင် ပျောက်ပျောက်သွားတတ်တယ်။
အစွန်းရောက်တွေလည်းပါတယ်။
ဘာမှစိတ်မဝင်စားသူတွေလည်းပါတယ်။
နေ့စဉ်လုပ်နေကျကိစ္စတွေကို ပဲရေးကြီးခွင်ကျယ်လုပ်ကြသူတွေလည်းပါတယ်။
တကယ့် အတွေးအခေါ်ကောင်းကောင်းတွေထွက်ကျလာတတ်သူတွေလည်းပါတယ်။
ကျွန်တော်စိတ်ထဲမှာ ရှိတဲ့အတွေးမျိုးကလူကြိုက်များမှာတော့မဟုတ်ဘူး။
ကိစ္စတစ်ခုခုဖြစ်ရင်. . လူအများစုနဲ့မတူတဲ့ဘက်က အရင်စကြည့်တာ အကျင့်လိုဖြစ်နေတာကိုး။
လူတွေအားလုံးဝိုင်းပြီး ကောင်းတယ် လို့ချိီးမွမ်းထောပနာပြုနေတဲ့သူကို .. ကျွန်တော် အရာအားလုံးကောင်းတယ်လို့မြင်ချင်မှမြင်တယ်။
သူ့ရဲ့အားနည်းချက်တွေကို လိုက်ကြည့်တတ်တယ်။
ဒီလိုပဲ.. လူတွေက ပြစ်ပြစ်ခါခါ ပြောနေတဲ့လူတစ်ယောက်ကိုလည်း.. ဘာလို့ဒီလိုအပြောခံရလဲ.. သူပြောချင်တဲ့အရာကို နားလည်အောင် စဉ်းစားကြည့်တတ်တယ်။သူ့ရဲ့ကောင်းကွက်လေးတွေကိုဖြည့်တွေးပေးတတ်တယ်။
တစ်ခါတစ်လေ တော့အဲဒီလိုလုပ်ရတာ ခက်ခဲတယ်။ အထူးသဖြင့်.. ကိုယ်ဖြည့်တွေးပေးပေမယ့်..
အခြေအနေက ပိုဆိုးလာတာမျိုးမှာပေါ့လေ။
နားလည်ပေးနိုင်တဲ့အခါ ဖြေရှင်းချင်တယ်။
ဒါပေမယ့် မဖြေရှငး်တတ်ဘူး..
နောက်တစ်ခုက.. သင်္ကြန် အမြှောက်တွေပေါလွန်းတယ်။
အသံကြောင့်သေတဲ့ဖားတွေလည်းအများကြီးပဲ။ No action,talk only.ဆိုတာများတယ်။
ကိုယ်တိုင်လည်း လုပ်မယ်ဆိုတဲ့စိတ်ပြင်းပြင်းပြပြ ရှိခဲ့ပေမယ့်.. ကိုယ်တစ်ယောက်တည်းမလုပ်နိုင်.၊ လူတွေကိုမစည်းရုံးနိုင်တဲ့အခါ.
စိတ်ဓာတ်တွေကျခဲ့တယ်။
လုပ်ပိုင်ခွင့်ရခဲ့ရင်တောင်..မလုပ်နိုင်တော့ဘူးဆိုတဲ့စိတ်ဝင်တယ်။
ကိုယ့်အယူအဆနဲ့တူသူ ဘယ်လောက်များရှိမလဲမသိပေမယ့်..
လက်ရှိမှာတော့.. မတူတာများနေတယ်။
ပြောချင်တာကိုကျစ်လစ်တဲ့စကားလုံးနဲ့သဘောပေါက်အောင် မရှင်းပြတတ်ဘူး။
ပြင်ပလောက မှာ. အတွေးအခေါ်မတူတဲ့ သူငယ်ချင်းတွေများတဲ့အခါ..
ကိုယ်ပိုင် အယူအဆ ကို အယုံအကြည်မဲ့လာတဲ့အခါ
ကျွန်တော့်ရဲ့ အတွေးတွေလည်းတစ်စတစ်စတုံးလျက်..
ကျွန်တော့်ရဲ့အိမ်မက် တွေလည်းမီးသေလျက်..
ပြီးတော့ကျွန်တော်ကိုယ်တိုင် ကဘာမှမဟုတ်တော့ဘူး.
ဘာမှလုပ်လို့ရမယ်လူမဟုတ်ဘူးလို့… ထင်မြင်လျက်နဲ့……….
……………………….
Leave a Reply