နောက်ထပ်မေနေ့ရက်တစ်ခု.
လေနုအေးအေးတွေတိုက်…မိုးစက်ဖွဲဖွဲတွေရွာ.
လွမ်းစမ်းကွယ်.
အသွားပဲရှိပြီး အပြန်မရှိတဲ့အလွမ်းတွေ.
လူလတ်ပိုင်းထဲဝင်လာလည်း. ရင်ခုန်နေတတ်ဆဲ ဆယ်ကျော်သက် စိ်တ်တွေ.
သေချာတာပေါ့.. တစ်ခုခုလိုအပ်နေတာ.
ချစ်ခင်ရမယ့်သူ.မြတ်နိုးရမယ့်သူ..
ကိုယ်ကသူ့ကို အလိုရှိပြီး သူကကိုယ့်ကို အလိုရှိမယ့်သူ။
ကိုယ်က သူ့အနားရှိပြီး သူက ကိုယ့်အနားနေပေးနိုင်သူ။
မျှော်လင့်ချက်ဆိုတဲ့အလင်းရောင်လေးရှိနေစဉ်တုန်းကတော့…ငါ ပျော်နေခဲ့တာသေချာမှတ်မိလိုက်သေးတယ်။
အဲဒီနေ့မနက်က အရာရာဟာလှပလို့…
တက်ကြွတဲ့စိတ်..ရွှင် ပျတဲ့အပြုံးများနဲ့..
ကိုယ်ဟန်မဆောင်နိုင်ဘူး။
ဘယ်ရောက်သွားခဲ့ပြီလဲအချိန်တွေရယ်.။
သေသေချာချာသတိထားမိတဲ့ ကာလလေးကို ..လက်မလွှတ်ချင်ပဲလွှတ်ခဲ့ရတယ်။
လောကကြီးက ပျော်စရာကြီးပါဆိုတာ.သိလို်က်ရတဲ့အချိန်ပေါ့..
ဒါပေမယ့်နောက်နေ့တွေက စလို့ ပုံမှန်ပြန်ဖြစ်သွားခဲ့ရတယ်။
ရိုးရိုးရှင်းရှင်း နိစ္စဒူဝ ကိစ္စတွေ..
စကားပြောဆိုဆက်ဆံမှုတွေ.
ကိုယ်ဟာ ဟန် ဆောင်ကောင်းသူတစ်ယောက်.
အထီးကျန်တတ်သူတစ်ယောက်.
သူများကို အားပေးတတ်ပေမယ့်.
ကိုယ့်ကိုယ်ကို အားမပေးနိုင်သူတစ်ယောက်.
စိတ်အထွေထွေအကြောင်းသိပေမယ့်ကိုယ်တိုင် အောင်မြင်အောင် မကျင့်ကြံနိုင်သူတစ်ယောက်.
ကိုယ်လိုအပ်တာကလေ.
ကိုယ့်ရဲ့ ယုံကြည်ချက်တွေကို နားလည်ပေးပြီး မသေဆုံးအောင် ကူညီပေးမယ့်ချစ်သူ.
ကိုယ် မှားနေတာကို .. ပြုပြင်ပေးရဲတဲ့ချစ်သူ.
ကိုယ်မလုပ်နိုင်တာတွေကို ရှံု့ချမယ့်သူမလိုပါဘူး.
ကိုယ့်ကိုလုပ်ရဲအောင် အားပေးမယ့်သူကိုလိုတာပါ။
လောကကြီးရယ်.
ငါလမ်းပျောက်တဲ့နေ့တွေကို …အလင်းရောင်ပေးမယ့် နတ်သမီးလေးဘယ်တော့များမှ ရောက်လာမှာလဲ..
Leave a Reply